ရေးသူ - အမြင့်ကြောက်သော ငှက်
စကားပြောပုံဆိုပုံနှင့်
စတိုင်တွေက ခပ်ရင့်ရင့်ပင်။ နတ်ပေစိက မိုးစက်ဝေကို
ရဲရင့်သူနောက်အသာပြောင်းပို့ပြီး ရှေ့သို့ ထွက်သွားလေသည်။
မိုးစက်ဝေခမြာမှာတော့ ကြောက်လွန်းသဖြင့် တဆတ်ဆတ်တုန်သောလက်အစုံဖြင့်
ရင့်ရင့်သူ၏ လက်မောင်းတစ်ဖက်အား ဆုပ်ကိုင်ထားရှာလေ၏။
" ကိုတော်တို့.
.. ဒါ ကျတော့်ဆီမှာ ခဏမှီခိုနေတဲ့ ဧည့်သည်ကလေးမလေးပါ။ မကြာခင်
လွတ်ရာကျွတ်ရာကိုလည်း သွားတော့မှာပါ။ ဒါ ဒါ့ ကြောင့် အလွတ်ပေးဖို့
တောင်ပန်ချင်ပါတယ်ခဗျာ "
နတ်ပေစိက ရိုရိုကျိုးကျိုးပြောဆိုတောင်းပန်နေသော်လည် ငနှဲနှစ်ကောင်က အရေးစိုက်ဟန်မရှိ။
"
ဟား ဟား ဟား ဟား. .. တို့ မိတ်ဆွေ
နတ်ကြီးသိုက်ထွန်းပြောတာတော့မှန်နေပြီပေါ့။ ချော့တော်မျက်ပြေမှာ
ပြိတ္တာမတစ်ကောင် လမ်းသွားလမ်းလာတွေကို နှောက်ယှက်နေတယ်၊
ရွာစောင့်နတ်ပေစိကလည်း ခွင့်ပြုထားတယ်၊ နောက်ဆုံး ရွာသူရွာသားတွေက
ကြောက်လန်တကြားဖြစ်လာရပြီး ပြိတ္တာမအတွက် နတ်ကွန်းတောင်ဆောက်ပေးထားရတယ်. .
လို့ တို့ကို သတင်းပေးထားတယ်။
ကဲ. .ခုတော့ ဘာငြင်းဦးမလည်း နတ်ပေစိ။
လူတွေကို ဒုက္ခပေးပြီး လူပါးဝနေတဲ့ အဲ့ပြိတ္တာမကို ကျုပ်တို့လက်ထဲအပ်။
ကောင်းကောင်းအပြစ်ပေးရမယ်၊ ကျုပ်တို့နယ်မှာ ဒီလိုအချိုးတွေ
လာချိုးလို့မရဘူး။ ပြီးတော့ ခဗျားလည်း ကောင်းကောင်း ပြစ်ဒဏ်ထိဖို့ပြင်ထား။
မနက်ဖြန်မနက် မယ်တော်ကြီး နတ်သဘင်တက်တာနဲ့ ကုဝေရနတ်မင်းကြီးဆီမှာ
ခဗျားအကြောင်းကို တိုင်ခိုင်းရမယ် "
ဘင်္ဂလီ နတ်နှစ်ကောင်၏ စကားကြောင့် နတ်ပေသီးမှာ အတော်ပင် ညှိုးခြုံးသွားသည့်ဟန်ရှိပြီး ပြာပြာသလဲ တောင်းပန်ရှာလေ၏။
"
အဲ့ အဲ့ လိုတော့မလုပ်ပါနဲ့ ကိုယ်တော်တို့ရယ်။ ကျတော်ကိုယ်တိုင် နောက်မှ
နတ်မင်းကြီးကို သေခြာလျှောက်ထားပါ့မယ်။ ပြီးတော့ကလေးမလေးကိုလည်း
ကျတော့်ဆီမှာပဲ. . . ."
သို့သော် ဘင်္ဂလီနှစ်ကောင်မှာ
တောင်းပန်နေခြင်းကို ဂရုမစိုက်ဘဲ နတ်ပေစိ စကားမဆုံးခင်မှာပင်
ရဲရင့်သူနောက်ရှိ မိုးစက်ဝေကို ဝင်ဆွဲရန် ပြင်လေတော့သည်။ ပါးစပ်မှလည်း
" ရွှေဥလေးကို ဘယ်လိုချစ်၊ ကိုကိုချစ် ကိုကိုချစ်
ရွှေဥကလေးကို ဘယ်လိုဖမ်း၊ ကျားနဲ့ဖမ်း ကျားနဲ့ဖမ်း "
ဟု အမြီးအမောက်တည့်သော သံချပ်လိုလို ကဗျာလိုလို စာသားများ သီဆိုအော်ဟစ်ကြလေ၏။
" အို. .မလုပ်ပါနဲ့ရှင်၊. .နတ် နတ် ကြီး ပေစိရေ. .ကယ်ပါဦး၊ အို. . မဆွဲနဲ့လေ. ."
မိုးစက်ဝေမှာလည်း
ရဲရင့်သူကို ပါတ်ကာ ငနှဲသားနှစ်ကောင်၏လက်မှ လွတ်မြောက်အောင် ရှောင်ရှားနေရ
ရှာလေတော့သည်။ သို့သော် အချိန်ခဏအတွင်းမှာပင် မိုးစက်ဝေကို မိသွားကြလေ၏။
ထို့နောက် ၎င်းတို့နှင့် ခေါ်သွားကြရန် အတင်းဆွဲလေတော့သည်။
" အို
မလိုက်ဘူး၊ မလိုက်ဘူး. . လွှတ်ပါ ၊ ကျမတောင်းပန်ပါတယ်ရှင်၊ ကျမကိုလွှတ်ပါ၊
ကို ကို ရဲရင့်ရေ ကျ ကျမကို မကယ်နိုင်တော့ဘူးလား. . "
ကိုယ်တော်ကြီး
ကိုယ်တော်လေး ဟူသည်ကို လူ့ဘဝမှာကတည်းက ရဲရင့်သူကြားဖူးထားလေ၏။
အမှန်ပြောရလျှင်မူ ယခုလို ဝိဉာဉ်ဘဝ၌ နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ရစဉ်တွင်
၎င်းတို့အဆင့် ၎င်းတို့အစွမ်း ဘာမှန်းမသိ၍ ရဲရင့်သူ ပြသနာမဖြစ်လို။
သို့သော် ၎င်းတို့လုပ်နေပုံမှာ ရုပ်ပေါက်လှလေသည်။
ထိုအပြင်
မိုးစက်ဝေအား မိမိရှေ့တွင် ယခုလို ကိုယ်ထိလက်ရောက် ပြုမူနေသည်ကိုလည်း
ရဲရင့်သူ လုံးဝလက်မခံနိုင်။ မိမိနှင့် ဝေးရာသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး
အပစ်ပေးမည် ဆိုသည်ကတော့ အတော်ပင် လွန်သွားပေပြီ။ မိုစက်ဝေကလည်း မိမိကို တ
ကာ အားကိုးတကြီးအကူအညီတောင်းနေ ရှာလေပြီ။
ရဲရင့်သူ စိတ်လွတ်သွားလေ၏။
" ရွှေဥတော့မရဘူး လဥပဲရမယ်. . သေပေရော့ "
ဟု အော်ဟစ်ကြုံးဝါး၍ နီးရာတစ်ကောင်ကို ကြုံးကန်လိုက်လေတော့သည်။
" ဘုန်း " ခနဲ အသံကြီးနှင့် အကန်ခံရသောကောင် လွင့်ထွက်သွားလေ၏။
" ဟင်. ညီတော် ညီတော်. . "
ကျန်သောတစ်ကောင်လည်း မိုးစက်ဝေလက်ကိုလွှတ်ကာ ၎င်း၏ ညီဖြစ်သူထံပြေးလေသည်။
" ညီလေး ညီလေး.. သတိထားဦးလေ "
" အင်း အင်း. ကို ကို ကြီး "
အကန်ခံရသည့်ကောင်မှာ
အတော်ပင်အထိနားသွားပုံရလေသည်။ အကိုဖြစ်သူ၏လက်ပေါ်တွင် တအီးအီး
ညဉ်းငြူနေရရှာလေ၏။ ညီတော်တွေ အကိုတော်တွေလည်း မလုပ်နိုင်ကြတော့။
အကိုကောင်လည်း ညီဖြစ်သူ၏ အဖြစ်ကိုကြည့်ရင်း ကြိတ်မနိုင်ခဲမရဖြစ်ဟန်ဖြင့်
ညီကိုအသာချပြီး ကျောတွင်လွယ်ထားသည့် ဓားရှည်ကို ဓားအိမ်မှဆွဲထုတ်ကာ
ရဲရင့်သူထံသို့ ရန်ပြုရန် ပြန်လည်ပြေးဝင်လာလေသည်။ ရဲရင့်သူလည်း
မိုးစက်ဝေကို နောက်ပို့ကာ အသင့်အနေအထား ပြင်ဆင်လိုက်လေ၏။
ထိုစဉ် လျှပ်စီးရောင်တစ်ချက် ဝင်းခနဲလက်သွားပြီး မင်းကြီး၏လက်ထဲမှဓား လွတ်ကျသွားလေသည်။
"
မင်းကြီးမင်းလေးတို့. .ဒုက္ခမရောက်ချင်ရင် ဟော့ဒီက သူငယ်လေးကို
ပြသနာမရှာကြနဲ့။ အေးအေးဆေးဆေးပြန်ကြ။ ကလေးမရဲ့ ကိစ္စကိုလည်း မယ်တော်ကော
နတ်မင်းကြီးနဲ့ပါ ကျုပ်နောက်မှရှင်းမယ်။ ကဲ ကဲ. သွားကြသွားကြ "
ဘင်္ဂလားနှစ်ကောင်အား
မောင်းထုတ်နေသည့်အသံ။ အသံက အသံလုံးကြီး၏။ သြဇာသံပါ၏။ အသံလာရာသို့
ရဲရင့်သူလှည့်ကြည့်လိုက်သောအခါ ယောဂီရောင်ဝမ်းဆက်ကို ဆင်မြန်းထားသည့်
ဆံပင်မွှေး ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးဖြူဖြူဖြင့်
တည်ငြိမ်ရင့်ကျက်ဟန်ရှိသော ပုဂ္ဂိုလ်ကြီးတစ်ဦးကို တွေ့လိုက်ရလေတော့သည်။
" ဟာ.. နတ်ကြီးဦးတင်ရှိန်. . "
နတ်ပေစိက
အံအားတသင့်ရေရွတ်လိုက်လေ၏။ ရဲရင့်သူကတော့ နတ်ကြီးတင်ရှိန်
ဆိုသည့်ပုဂ္ဂိုလ်ကြီးကို စူးစမ်းအကြည့်ဖြင့် ကြည့်ရှုနေမိလေသည်။
မင်းကြီးမင်းလေး ဘင်္ဂလီနှစ်ကောင်မှာတော့ ညီဖြစ်သူကို အကိုက
မြင်းပေါ်သို့တင်ပေးကာ လစ်ရန်ပြင်ကြလေတော့၏။
" နတ်ကြီး
သိုက်ထွန်းကိုလည်း ပြောလိုက်ပါ၊ ကုသိုလ်ကံအဟုန်လေးကောင်းပြီး ဒီဘဝမှာ
တန်ခိုးသြဇာရှိနေတာကို အဟုတ်မှတ်မနေပါနဲ့။ မကောင်းမှု အကုသိုလ်တွေများလာရင်
ဆုံးမမယ့်သူ တစ်ယောက်ယောက်တော့ တစ်နေ့ပေါ်လာမှာ မလွဲဘူး. .လို့ "
ဦးတင်ရှိန် က မင်းကြီးမင်းလေးမထွက်ခွာမှီအမှာစကားပါးနေပြန်သေး၏။ ထို့နောက်တွင်မှ ရဲရင့်သူတို့ဘက်ကိုလှည့်ကာ
ဧည့်သည်လေးနဲ့ နတ်ပေစိတို့လည်း ဗိမ္မာန်ကို ပြန်ကြတော့လေ. အချိန်မစောတော့ဘူး၊ ကလေးမလည်း တခါတည်းလိုက်သွား "
ဟု ရဲရင့်သူတို့အား ဗိမ္မာန်သို့ပြန်ကြရန် တိုက်တွန်းလေသည်။
ရဲရင့်သူလည်း ၎င်း၏စကားကို နားထောင်သည့်အနေဖြင့် ခေါင်းငြိမ့်ပြကာ နတ်ပေစိ မိုးစက်ဝေတို့နှင့်အတူ ဗိမ္မာန်သို့ ပြန်ခဲ့ကြလေတော့၏။
.
.
.
" မင်းကြီးမင်းလေးဆိုတာ အရင်က ကြားဖူးတယ်၊ အတော်လည်းကိုးကွယ်သူပေါပုံပဲ၊ သူတို့က ဒီနယ်ပိုင်လား "
"
အင်းး ဘယ်လိုပြောရမလဲ၊ နယ်ပိုင်ဆိုတာထက် နယ်ခံနတ်တွေလို့ပြောရင်
ပိုမှန်တာပေါ့ဆြာသမားရယ်၊ ကျတော့်ကို ရွာပိုင်နတ်ခန့်သလို
နတ်မင်းကြီးတွေခန့်ထားတာခံရတဲ့ နယ်ပိုင်နတ်ကသတ်သတ်ရှိတယ်။ ဥပမာဆိုကြပါဆို့
ကျတော်တို့က မြို့တစ်မြို့ နယ်တစ်နယ်မှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေ၊ သူတို့က
အဲ့ဒီမြို့ အဲ့ဒီနယ်က မြို့ခံနယ်ခံတွေ. .အဲ့လိုပြောရမှာပဲ။
ဒါပေမယ့်
ဒီနယ်မှာက နယ်စောင့်နတ်က သိပ်သြဇာမရှိဘူး၊ နယ်ခံ ပုပ္ပါးမယ်တော်ရဲ့
သြဇာပဲညောင်းတယ်။ မယ်တော်က အထက်နတ်မင်းကြီးတွေ ထွက်ရပေါက်ပုဂ္ဂိုလ်တွေနဲ့
ရင်းနှီးကျွမ်းဝင်တဲ့အပြင် အတော်လည်းတန်ခိုးကြီးတယ်။ မင်းကြီးမင်းလေးက
မယ်တော်ရဲ့သားတွေဆိုတော့ ဒီနယ်တကြောမှာ ထင်တိုင်းကျဲခွင့်ရနေတော့တာ။
မယ်တော်က သူတို့ကိုသိပ်ချစ်တာလေ၊ တော်ရုံဘာမှမပြောဘူး။ နတ်မင်းကြီးတွေကလည်း
မယ်တော့်မျက်နှာရှိနေတော့ အဲ့ညီနှောင်နှစ်ပါးကို မပြစ်မယူသာဘူးပေါ့။ "
" အင်းး ခက်တော့ခက်တော့တာပဲ. .. "
"
ခက်တာတော့ မပြောပါနဲ့တော့ ဆြာသမားရယ်၊ အဲ့ကုလယ်နှစ်ယောက်ကြောင့်
ကျတော်တို့နတ်တွေလည်း ဝက်သားငတ်တော့တာပဲ၊ လူ့ဘဝက ကျတော်ဆို
ဝက်သားသိပ်ကြိုက်တာ၊ ဒါပေမယ့် နတ်ဘဝရောက်တော့မှ
လုံးလုံးကိုဝက်သားမစားရတော့ဘူး "
" ဟင်. .ဘယ်လိုဖြစ်တာလည်း ကိုနတ်ပေစိရဲ့၊ ခဗျားဟာက အဆန်းပါလား၊ ရှင်းအောင်ပြောစမ်းပါဦး. .. "
"
ဒီလို ဆြာသမားရေ. . .ပြောရမယ်ဆိုရင် သူတို့ဖအေ ဇာတ်လမ်းက စပြောရမှာပဲ။
ဘင်္ဂလားပြည်ဆိုတာ ဆြာလေးသိတယ်မဟုတ်လား၊ ဘင်္ဂလားပြည်က နေရာလည်းကျဉ်း
လူဦးရေလည်းများ မုန်တိုင်းလည်း ခဏခဏတိုက်တော့ တချို့ ဘင်္ဂါလီတွေဟာ
သူ့တို့တိုင်းပြည်မှာ မနေချင်ကြတော့ဘူး။ အဲ့ဒီလူတွေဟာ လှေတွေဖောင်တွေနဲ့
ပင်လယ်ထဲကိုထွက် အသက်နဲ့ရင်းပြီး နေစရာထိုင်စရာအသစ်ရှာဖွေခဲ့ကြတယ်။
သူတို့ရဲ့မူလရည်ရွယ်ချက်က
ကျတော်တို့နိုင်ငံ မော်လမြိုင်တို့ သထုံတို့မှ ခရီးတစ်ထောက်နားပြီး
သူတို့နဲ့ ဘာသာတူနိုင်ငံတွေဖြစ်တဲ့ အင်ဒိုတို့၊ မလေးတို့ကို ခရီးဆက်ဖို့ဘဲ။
ဒါပေမယ့် အဲ့နိုင်ငံတွေအထိမရောက်တော့ဘဲ ဒီမှာ သောင်တင်သွားတဲ့လူတွေလည်း
မနည်းဘူး။ အဲ့လိုသောင်တင်တဲ့ထဲကမှ သထုံကထွက်ရပေါက်ဘုန်းးကြီးတစ်ပါးက
ဘင်္ဂလီလေးနှစ်ယောက်ကို ခေါ်မွေးစားလိုက်တယ်။
တိုတိုပြောရရင်
အဲ့ဘင်္ဂလီနှစ်ယောက်ဟာ အသက်ရလာတော့ ဗြတ်ဝိ ဗြတ်တ္တ ဖြစ်လာကြပြီး၊
ဗြတ္တဆိုသူက ပုဂံကိုရောက်လ မယ်တော်နဲ့အကြောင်းပါလို့ မင်းကြီးမင်းလေး
ကိုမွေးတယ်။
အဲ့မှာတင် အစားအသောက် ပြသနာက စတော့တာပဲ။ မယ်တော်ကတော့
အစကတည်းက အသားကြီးငါးကြီးတွေကို မနှစ်သက်လို့ ဘာအသားကိုမှသိပ်မစားဘူး။
မင်းကြီးမင်းလေးကြတော့လည်း သူ့ဖအေ ဘက်လိုက်ပြီး ဝက်သားမစားဘူးပေါ့။
ဖြစ်ချင်တော့
မြန်မာပြည်ကနတ်ကတော်တွေက မင်းကြီးမင်းလေးကို ကျတော်တို့ခုမြင်ရသလို
ကုလားဒိန်နှစ်ယောက်ပုံ မဟုတ်ဘဲ၊ ဘုရင့်မြေး ငယ်ငယ်ချောချောလေးတွေအဖြစ်
ပုံဖော်လိုက်ကြတယ်။ ဒါ့ကြောင့် မြန်မာပြည်က နတ်ဝါသနာအိုး ဒေါ်ဒေါ် မမ
မီးမီး တွေရဲ့ ပါးစပ်ဖျားမှာ မင်းကြီးမင်းလေးဟာ
အတော်ကိုရေပန်းစားလာတော့တာပေါ့။
ကြာလာတော့ မင်းကြီးမင်းလေးက
ဝက်သားမကြိုက်တာနဲ့ ကျန်တဲ့နတ်တွေအားလုံးပါ ဝက်သားမကြိုက်ဘူးလို့
ရောယူလိုက်ကြပြီး ဘယ်နတ်ကိုမှ ဝက်သားမဆက်ကြတော့ဘူး၊ တကယ်တော့
ဘာဆိုင်လည်းဗျာ. . သူတို့က သူတို့ဖအေ ဘင်္ဂလီမို့ ဝက်သားမစားတာ
မြန်မာစစ်စစ်ကဖြစ်တဲ့ ကျတော်တို့လို မြန်မာနတ်တွေကတော့
ဝက်သားစားချင်တာပေါ့။ "
" ဟား ဟား ဟား ဟား ကိုပေသီးရယ်၊ ဖြစ်မှဖြစ်ရလေ။ ခဗျားလည်း တန်ခိုးရှိတာပဲ၊ လူတွေမဆက်တော့လည်း ဖန်ဆင်းစားပေါ့ဗျာ "
"
ဟာ.. ဆြာလေးရယ်၊ ဖန်ဆင်းလို့ရရင်တော့ စားတာကြာကောပေါ့၊
ဖန်ဆင်းမရလို့ခက်နေတာ။ ဆြာလေးက အထက်နတ်ဘုံက အရမ်းတန်ခိုးကြီးတဲ့
နတ်မင်းကြီးလောင်းလျာဆိုတော့ အားလုံးဖန်ဆင်းလို့ရတယ်။ ကျတော်တို့က
အောက်နတ်တွေဆိုတော့ အကန့်အသတ်နဲ့ပဲ ဖန်ဆင်းလို့ရတာ။ အဖြစ်ဆိုးချင်တော့
ကျတော်တို့ဖန်ဆင်းလို့ရတဲ့စာရင်းထဲမှာ ဝက်သားမပါဘူး။ လူတွေဆက်မှပဲ စားရမှာ "
"
ဟား ဟား ဟား ဟား. . ခဗျားအဖြစ်ကလည်းမလွယ်ပါလားဗျာ။ ကဲပါလေ. .
ကျုပ်ညနေကြရင် ကျုပ်ခဗျားတို့လင်မယားကို ဝက်သားဟင်း ဖန်ဆင်းကြွေးပါ့မယ်.
.ဟုတ်ပြီလား. ."
" ဟာ. . ဒါဆိုရင်တော့ အရမ်းကိုကျေးဇူးတင်ပြီပေါ့ ဆြာသမားရယ်၊ တကယ်ပါ။ ဆြာသမားကျေးဇူးမမေ့ပါဘူး "
" ဟုတ်ပါပြီဗျာ. .ဟုတ်ပါပြီ။ ဒါနဲ့ တစ်ခုမေးဦးမယ်၊ နတ်ကြီးသိုက်ထွန်းဆိုတာကော ဘယ်သူလည်းဗျ၊ သူကကော တန်ခိုးကြီးလား. .. "
"
ကြီးတာပေါ့ဗျာ။ အတော်ကိုတန်ခိုးကြီးတာ၊ နတ်ကြီးဦးတင်ရှိန် တို့
ပုပ္ပါးမယ်တော်တို့ထက်တောင် တန်ခိုးသာလိမ့်ဦးမလားပဲ။ ခရီးသွားရင်း
ဒီနယ်အရောက် ရဟန္တာကြီးတစ်ပါးကို ဆွမ်းကပ်မိပြီးမှ
ကားအက်ဆီးဒန့်နဲ့ဆုံးလို့ နတ်ဖြစ်တယ်ဆိုပဲ။ အသောက်သမားဖြစ်တဲ့အတွက်
အထက်နတ်ဘုံတွေကိုတော့မရောက်ဘူး။ ဒါပေမယ် ရဟန္တာကြီးကို ဆွမ်းကပ်ခဲ့တဲ့
ကုသိုလ်ကံအားနဲ့ အောက်နတ်ဘုံမှာတော့ အတော်ကို တန်ခိုးထွားတာ။
ခု
ဟိုဘက် ညောင်ပင်ဆိပ်ရွာမှာ ရွာစောင့်နတ်လုပ်နေလေရဲ့။
အသောက်သမားချင်းချင်းဆိုတော့ မင်းနှစ်ပါးနဲ့လည်း အလွမ်းသင့်ကြတယ်။
မင်းနှစ်ပါး ဒီကိုရောက်လာတာလည်း သူမြှောက်ပေးလိုက်တာပေါ့။ ကျုပ်တို့
အတော်တော့သတိထားမှဖြစ်တော့မယ်။ ဘာလိုလည်းဆိုရင်. . မိုးစက်ဝေကိစ္စကို
သူစိတ်ဝင်စားနေပြီ။ မင်းနှစ်ပါးကို အရင်ဆုံးလွှတ်လိုက်တာက ကျုပ်တို့ကို
အားစမ်းတဲ့သဘောပဲ။ နောက်ပိုင်း သူကိုယ်တိုင် စွက်ဖက်လာတော့မှာ. .
ကျုပ်မှန်းရင် မလွဲဘူး။ ဟူးးး... ခက်တော့တာပဲ "
" ဘာခက်လို့လဲဗျ၊
သူ့ဘာသာသူ ဘာကောင်ကြီးဖြစ်နေနေ မိုးစက်ဝေကို ကွိင်လာရှာလို့ကတော့ မနက်က
ကုလားဒိန်ကောင်ကိုကန်နည်းကား ကြုံးကန်ပြစ်ဖို့ပဲရှိတယ်။ ကျတော်ကတော့
တန်ခိုးတွေဘာတွေ မသိပါဘူး၊ ရှိလည်းမရှိပါဘူး။ သူ့ဦးသူစား
ကိုယ်ဦးကိုယ်စားပဲ။ ဒါပေမယ့် မိုးစက်ဝေကို လာထိလို့ကတော့
အသက်နဲ့လည်းဖို့ကို ဝန်မလေးဘူး "
ရဲရင့်သူ
ခပ်မာမာစကားဆိုလိုက်ပြီးနောက် စကားဝိုင်းမှာ တိတ်ဆိတ်သွားလေသည်။
နတ်ပေစိတို့လင်မယားက ရဲရင့်သူ၏ မျက်နှာအား သြဘနန်းဖြစ်ဟန်ဖြင့်
ကြောင်ငေးငေးလေးတွေ ကြည့်နေကြလေ၏။ ခေတ္တကြာတော့မှ နတ်ပေစိက ပြုံးတုံ့တုံ့
မျက်နှာပေးဖြင့် ခေါင်းကိုခပ်လေးလေးခါကာ
" ကိုယ့်ဆြာကတော့ မိုးစက်ဝေကိုထိရင် မရဘူးနော်... "
ဟု မှတ်ချက်ပြုလေသည်။ ထိုအခါမှ ရဲရင့်သူလည်း ကိုယ့်စကားကိုကိုယ် ပြန်လည်သုံးသပ်မိသွားပြီး ရယ်ကျဲကျဲဖြင့်
"
ကောင်မလေးက သနားဖို့ကောင်းလို့ပါဗျာ၊ ပြီးတော့ ခုဆိုရင်
သူလည်းသူ့အပြစ်တွေသူသိပြီး ဆိုင်ကယ်သမားတွေကို ဒုက္ခမပေးတော့ဘူး မဟုတ်လား..
"
ဟူ၍ စကားကိုလျောချလိုက်ရလေ၏။
ထို့နောက် ညစာ အဖြစ်
ဝက်သားဟင်း အမျိုးမျိုးကို ဖန်ဆင်းစားသောက်ဖို့ရာ ပြင်ဆင်ရန်
စကားဝိုင်းသိမ်းလိုက်ကြလေတော့၏။ ၎င်းတို့စကားဝိုင်းအား
အခန်းထောင့်တစ်နေရာမှ ခိုးနားထောင်နေသူ မိုးစက်ဝေကိုတော့ သုံးယောက်စလုံး
သတိမထားမိကြတော့။
နတ်ဘဝ၌ အချိုအရာများက အလွန်လွယ်လှပေသည်။ နတ်ပေစိက
ဧည့်ခန်းအား ထမင်းစားခန်းအဖြစ် ချက်ခြင်းပြုပြင်ဖန်ဆင်းပြစ်လိုက်လေ၏။
ရဲရင့်သူက စားကောင်းသောက်ဖွယ်များကို အမျိုးမျိုးဒိုင်ခံဖန်ဆင်းလေသည်။
ထို့နောက် ပျော်ရွှင်စွာ စားသောက်ကြလေ၏။
အစပိုင်းတွင်
နတ်ပေစိ၏မိန်းမစန်းမြင့်မှာ ဝက်သားစားရမည်ကို ပါးစပ်မရဲဖြစ်နေလေသည်။
မင်းနှစ်ပါးနှင့် ကွိင်တက်မည်ကိုလည်း စိုးရိမ်ပုံရ၏။ ရဲရင့်သူနှင့်
နတ်ပေစိတို့က သူမအားကျအောင် အားပါးတရစားသောက်ပြပြီး
အကြိမ်ကြိမ်တိုက်တွန်းသောအခါမှ အတူတူဝင်ရောက်စားသောက်လေတော့သည်။
မိုးစက်ဝေမှာ
ရဲရင့်သူအပေါ်တွင် အမြင်ပြောင်းလာဟန်ရှိလေသည်။ အရမ်းကြီး
ဟက်ဟက်ပက်ပက်မဟုတ်သော်လည်း တည်တည်အမ်းအမ်းမျက်နှာပေးလေးဖြင့်
စားသောက်ပွဲမှာ ပါဝင်ရှာလေ၏။ သူမ၏ ပါးနှစ်ဖက်မှာလည်း ပန်းရောင်သမ်းနေဟု
ရဲရင့်သူ ထင်မြင်မိလေသည်။ မည်သို့ပင်ဖြစ်စေ ယခုကဲ့သို့ မိုးစက်ဝေ
မိမိနှင့်အတူတကွ တစ်ဝိုင်းတည်းလက်စုံစားလာသည်အထိ
စိတ်သဘောထားပြေလျော့သွားခြင်းအပေါ်၌ ရဲရင့်သူတစ်ယောက်
အကြေနပ်ကြီးကြေနပ်နေမိလေတော့၏။
.
အသီသီး
အိပ်ယာဝင်ခဲ့ကြသော်လည်း ရဲရင့်သူမှာမူ အတော်နှင့်အိပ်မပျော်ခဲ့။
အတွေးများထဲတွင် မိုးစက်ဝေကသာ စိုးမိုးနေလေသည်။ တစ်ခွန်းစနှစ်ခွန်းစ
မိုးစက်ဝေ ပြောဆိုဆက်ဆံလျှင်ပင်ကြေနပ်နေမိ၏၊ သူမနှင့်
တစ်ဝိုင်းတည်းထမင်းစားရသည်ကို ပျော်သည်၊ သူမမျက်နှာလေးကို မြင်တွေ့နေရလျှင်
စိတ်ချမ်းသာ၏။ သူမအတွက်ဆိုလျှင် အားလုံးကိုရင်ဆိုင်ဖို့ ရဲရင့်သူဝန်မလေး။
ထိုအရာကို အချစ်ဟုခေါ်ဆိုပါမူ ရဲရင့်သူ မိုးစက်ဝေကို ချစ်မိနေလေပြီ။
အချိန်တန်လျှင်
ကိုယ့်ဘဝအမှန် ကိုယ်ပြန်သွားရမည်ကို ရရင့်သူသိနှင့်ပြီးသား၊
မိုးစက်ဝေမှာလည်း သူ့ခရီးလမ်းနှင့်သူ။ ယခုလို ဘဝမျိုးများတွင်
ချစ်ခင်တွယ်တာ သံယောဇဉ်ထားဖို့ရာ မသင့်သည်အမှန်ပင်။ သို့သော် ချစ်၏။
အချစ်ဟူသည် အချိန်၊ နေရာ၊ ဒေသ နောက်ဆုံးကုန်ကုန်ပြောရပါမူ ဘဝ
ပင်အကန့်အသတ်မရှိ။ သံသရာအဆက်ဆက် မိုးစက်ဝေကို မိမိချစ်လာမိသင့်ထင့်။
ထို့ကြောင့် ယခုလည်း ချစ်မိပေဦးတော့မည်။
ရဲရင့်သူတစ်ယောက်
ကိုယ့်အတွေးနှင့်ကိုယ် အိပ်မပျော်ဖြစ်နေဆဲတွင် နတ်ပေစိတို့ အခန်းဘက်မှ
အသံတစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက် နောက်ထက်အသံများ ဆက်ကာဆက်ကာ
ကြားရလေတော့၏။ အသံများသည် ပုံမှန်မဟုတ်။ မည်သို့သော အချိန်၌ ထွက်လေ့ရှိသော
အသံများဖြစ်ကြောင်း. .အတွေ့အကြုံရှိသူပီပီ ရဲရင့်သူအတတ်သိလိုက်လေ၏။ နတ်များ
မည်သို့မည်ပုံပြုမူနေထိုင်ကြသည်ကိုလည်း ရဲရင့်သူ တွေ့မြင်လိုလှပေသည်။
ထို့ကြောင့် လှဲနေရာမှ အသာကုန်းထကာ အမြင်အာရုံကိုကော အကြားအာရုံကိုပါ
နံရံဘက်သို့ အားစိုက်လိုက် မိလေတော့၏။
ထူးဆန်းလေသည်။
အခန်းနှစ်ခန်းကိုခြားထားသော နံရံမှာ တဖြေးဖြေးကြည်လင်လာပြီး
အမြင်အာရုံများလည်းပီပြင်လာသလို အသံပလံများလည်း ပိုကျယ်လာလေ၏။
နောက်ဆုံးတွင်နတ်ပေစိနှင့် မစန်းမြင့်တို့လင်မယား ချစ်ရည်လူးနေကြသည်ကို
ထင်ထင်ရှားရှားမြင်ရကြားရလေတော့သည်။
နတ်များ ဖိုမဆက်ဆံကြသည်ကို
ရဲရင့်သူ နဖူးတွေ့ဒူးတွေ့ တွေ့ရလေပြီ။ ၎င်းတို့သည်လည်း လူတို့နှင့်
ဘာမှမကွာခြား။ ကုတင်ထက်၌လင်မယားနှစ်ယောက်စလုံး အဝတ်ဗလာဖြင့် ရှိကြကုန်၏။
မစန်းမြင့်မှာ
သာမာန်အားဖြင့် ရိုးပုံရိုးလက်ဟန်ရှိသည့် နတ်ပြိတ္တာမတစ်ယောက်ဟု
ထင်ရသော်လည်း ယခုလိုအချိန်မျိုး၌ ဖြူဖွေးသောအသားအရည်၊ ပြေပြစ်တောင့်တင်းသော
ခန္ဓာကိုယ်၊ ရှည်လျှားနက်သန်သော ဆံနွယ်တို့ဖြင့်
အတော်ပင်ဆွဲဆောင်အားကောင်းသူတစ်ဦးဖြစ်ကြောင်း ရဲရင့်သူ သိရှိလိုက်ရလေသည်။
နတ်ပေစိမှာလည်း လူကောင်ညှက်သည့်တိုင် စွမ်းဆောင်ရည် မသေးလှ။
၎င်းပြုသမျှတွင်
မစန်းမြင့်တစ်ယောက် ကော့ကာ ပျံကာ လန်ကာဖြင့် အလူးအလည်းဖြစ်နေရရှာလေသည်။
ပါးစပ်မှလည်း မခံချိမခံသာဖြစ်ခြင်းကော. . အသဲခိုက်ခြင်းပါ
နှစ်မျိုးရောယှက်နေသည့် အသံမျိုးစုံတို့ကို တရှီးရှီးတအားအား
အော်ဟစ်ငြီးငြူနေလေ၏။
ရဲရင့်သူလည်း ချစ်တလင်းဝယ်
ချစ်ဖြူဟာနည်းမျိုးစုံဖြင့် ချစ်ပွဲခင်းနေကြသော နတ်ပေစိတို့လင်မယားအား
ကြည့်ကောင်းကောင်းဖြင့် ယောင်ကြည့်နေမိရာမှ ဆယ်မိနစ်ခန့်အကြာတွင်
သတိဝင်လာပြီး. လူများနှင့် ထူးမခြားနားပါပဲလေ. . ဟု မှတ်ချက်ပြု
စိတ်ဒုံးဒုံးချလျှက် အာရုံစူးစိုက်မှုကို လျော့ချကာ အိပ်ယာပြန်ဝင်ခဲ့လိုက်
လေတော့သည်။ တဖက်ခန်းတွင်တော့ ဖိုမ သံဝါသသံများက မြိုင်မြိုင်ဆိုင်ဆိုင်ကြီး
ထွက်ပေါ်ပြန့်လွင့်နေဆဲ။
.
နောက်နေ့မနက်သို့အရောက်
ရဲရင့်သူလည်း နတ်ပေစိတို့လင်မယားကို မျက်နှာချင်းဆိုင်ဖို့ အလိုလို
အားတောင့်အားနာဖြစ် နေမိလေ၏။ မစန်းမြင့်ကတော့ ဘာမှမသိဟန်ဖြင့်
အလုပ်အကိုင်အနေအစားမပျက်။ ထူးခြားသည်မှာ နတ်ပေစိပင်။ ၎င်း၏ပုံမှာ
ရဲရင့်သူကို အတော်ကို ရှက်ကိုးရှက်ကန်းဖြစ်နေဟန်ရှိလေ၏။ ရဲရင့်သူလည်း
" ငါ သူတို့ကိုထိုင်ကြည့်နေတာ နတ်ပေစိမြန်း သိသွားလို့လား "
ဟူ၍ စိုးရိမ်မကင်းဖြစ်နေရလေတော့သည်။
ခေတ္တကြာသော် မစန်းမြင့်တစ်ယောက် ရွာထဲခဏဟူ၍ ထွက်သွားလေ၏။ ထိုအခါမှ နတ်ပေစိက ရဲရင့်သူ အနားကိုကပ်လာကာ
" ညက ကျုပ်တို့လင်မယားနေကြထိုင်ကြတာကို ဆြာလေးမြင်သွားတယ်မဟုတ်လား ".
ဟု တီးတိုးမေးမြန်းလေတော့သည်။ ရဲရင်သူလည်း မညာချင်၍ ဟုတ်မှန်ကြောင်းဝန်ခံလိုက်ရာ နတ်ပေစိက ခေါင်းကိုငြိမ့်လျှက် ရယ်ကျဲကျဲဟန်ဖြင့်
"
ကျတော်ထင်တော့ထင်သား ဆြာလေးမြင်တော့မယ်လို့။ ဒီလိုဗျ ၊ ဆြာလေးနဲ့
ကျုပ်တို့နဲ့က ဘုန်းချင်းမတူဘူး။ ကျုပ်တို့က သာမာန်လူနေအိမ်နံရံတွေ
တံတိုင်းတွေကို ဖြတ်ဖောက်ပြီး မြင်နိုင်သွားနိုင်ပေမယ့်၊ နတ်ဗိမ္မာန်တွေရဲ့
တံတိုင်းတွေ နံရံတွေဆို မြင်လို့သွားလို့ မစွမ်းကြဘူး။ ဆြာလေးမှာ
ဘုန်းဘယ်၍ဘယ်မျှရှိတယ် ကျုပ်သေခြာမသိနိုင်ပေမယ့် အဲ့လိုတွေ တကယ်သာ
မြင်ချင်သွားချင်ကြားချင် ခဲ့ရင် ဖြတ်ဖောက်ပြီး
မြင်နိုင်သွားကြားနိုင်လိမ့်မယ်ဆိုတာကိုတော့ ကျုပ်ရိပ်မိတယ်။
ဒါ့ကြောင့်
ဆြာလေး ကျုပ်တို့ဆီကိုရောက်ကတည်းက ကျုပ် မစန်းမြင့်နဲ့ အတူတူမနေခဲ့တာ။
တော်ကြာ မြင်သွားကြားသွားရင်မကောင်းဘူးလေ၊ အားနာစရာကြီး။ ဒါပေမယ့်
မနေ့ညကတော့ ဆြာလေးဖန်ဆင်းပေးတဲ့ ဝက်သားဟင်းအမယ်စုံတွေစားပြီး
အားအင်တွေအင်မတန်ပြည့်ဖြိုးလာတော့ လင်မယားနှစ်ယောက်စလုံး ဘယ်လိုမှ
မနေနိုင်ကြတော့ဘူး။ အဲ့ဒါနဲ့ ဆြာလေးအိပ်လောက်မယ့်အချိန်ကိုမှန်းပြီး
ခပ်ကြိတ်ကြိတ်လှုပ်ရှားခဲ့ကြတာ။
သို့ပေသိ ဒါမျိုးတွေနဲ့လည်း
အတော်ကိုဝေးကြနေတယ်၊ နှစ်ယောက်စလုံးကလည်း
အားပြည့်အင်ပြည့်ဖြစ်နေကြတယ်ဆိုတော့ ထုံးစံအတိုင်းပေါ့ဆြာလေးရယ်. . အသံတွေ
တဖြေးဖြေးကျယ်လာတော့တာပေါ့။ အဲ့မှာတင် ဆြာလေးလည်းနိုးပြီး
ခုလိုအားနာစရာတွေဖြစ်ကုန်တော့တာပဲ။ အားနာလိုက်တာဆြာလေးရယ်. . "
ဟု ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြရင်း အားနာစကားဆိုလေသည်။
ရဲရင့်သူလည်း ပွင့်ပွင့်လင်းလင်းပြောလာသော နတ်ပေစိ၏စကားကြောင့် မိိမိသိလိုသည်များကို စပ်စုရတော့မည်ဟု စိတ်အကြံဖြစ်လျှက်
"
မဟုတ်တာဗျာ. .ကျတော်က ကိုပေစိတို့ကို အားနာရမှာပါဗျ။
ကိုယ့်ဘာသာကိုယ်အေးဆေးမနေဘဲ သူများလင်မယားအတွင်းရေးတွေကို
လျှောက်ကြည့်နေမိခဲ့တာကို. ."
ဟု စကားပုလ္လင်ခံ၍
" ဒါနဲ့. ..
ကျတော်မေးပါဦးမယ်။ ခဗျားတို့ နတ်တွေလည်း ယောကျ်ားမိန်းမ ဆက်ဆံကြတာ
ကျုပ်တို့လူတွေနဲ့ ဘာမှ မကွာကြပါလား။ ကျုပ်မျက်စိထဲတော့ အားလုံးအတူတူပဲရယ်။
အဲ့ဒါ ဘယ်ဟာတွေတူပြီး ဘယ်ဟာတွေကွာတယ်ဆိုတာ ဖြစ်နိုင်ရင်
ကျုပ်သိအောင်ရှင်းပြပါလားဗျာ "
ဟူ၍ မေးမြန်းလိုက်လေတော့၏။
ထိုအခါ နတ်ပေစိက
"
ဒါက ဒီလိုရှိတယ်ဗျ၊ နတ်တွေမှာက အတော်ကိုပြောရခက်တယ်၊
ဘုန်းတန်ခိုးချင်းမှမတူကြတာကိုးး။ အမှန်ဝန်ခံရရင် ကျုပ်လည်း အစုံအစေ့
မှန်မှန်ကန်ကန်မသိဘူး။ ဆြာလေးစိတ်ဝင်စားရင်တော့ ကျုပ် သိသလောက်မှတ်သလောက်
ကြားဖူးနားဝတွေနဲ့ ရှင်းပြမယ်လေ. . "
ဟု စကားခံလျှက် ၎င်းသိရှိထားသည့် နတ်ဖိုမဆက်ဆံရေးအကြောင်းများကို ရဲရင့်သူနှင့် အောက်ပါအတိုင်း ဆွေးနွေးပြောဆိုကြလေတော့သည်။.
.
.
"
တရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် တွေကစပြီး လူ့ဘုံ၊
နတ်ပြည်ခြောက်ထပ်ရဲ့အမြင့်ဆုံး ဝဿဝတီနတ်ပြည်အထိ ကာမဘုံတွေလို့
ခေါ်ကြတယ်ဆြာလေးရဲ့။ ကာမဘုံတွေမှာက သူ့နည်းသူ့ဟန်နဲ့သူ
ကာမသံဝါသအာရုံတွေကိုခံစားကြတာချည်းပဲ။ ကာမဘုံက လွန်မြောက်သွားတဲ့
ဗြဟ္မာဘုံတွေမှာတော့ သံဝါသအမှုမရှိကြတော့ဘူးပေါ့။
အဲ့လိုကာမဂုံ
ခံစားကြတဲ့နေရာမှာ စတုမဟာရာဇ်အောက်နတ်တွေ၊ နတ်ပြိတ္တာတွေ၊
တချို့အသူရကာယ်တွေက လူတွေနဲ့ အတော်ကိုနီးနီးစပ်စပ်တူကြတယ်။ ပဋိသန္ဓေလွယ်ရတာ
သားသမီးမွေးဖွားရတာတွေလည်း အားလုံးအတူတူနည်းပါးပဲ။ နတ်တွေမှာ တစ်ခုသာတာက
ဖိုမအင်္ဂါတွေကို သူတို့ရဲ့တန်းခိုးအစွမ်းနဲ့ လိုသလို အတိုးအလျော့
ချိန်ညှိလို့ရကြတာပဲ။ ပြောရရင် နှစ်ဦးနှစ်ဖက်
အကောင်းဆုံးအရသာကိုခံစားနိုင်မယ့် အနေအထားကိုဖန်ဆင်းပြီး ဆက်ဆံကြတာပေါ့လေ။
နောက်တစ်ခုက
ကြာချိန်ကိုလည်းထိန်းသိမ်းထားနိုင်စွမ်းရှိကြတယ်။ အပေးအယူမျှတဲ့
နတ်စုံတွဲဖြစ်ဖို့တော့လိုတာပေါ့။ ဒါဆိုရင်နှစ်ဦးသဘောတူ တစ်ညလုံး
နေထိုင်ပျော်ပါးလို့ ရကြလေရဲ့ "
" သြော. . ဒါကြောင့်
မစန်းမြင့်ရဲ့အသံတွေက ကျတော်ကြားဖူးသမျှ အသံတွေထဲမှာ အတော်ကို
လှိုက်လှိုက်လှဲလှဲ အရှိဆုံးဖြစ်နေတာကို။ ကိုပေစိတို့က မထိထိအောင်
ချိန်ထားကြတာပေါ့. . ဟုတ်လား။ စတုမဟာရာဇ်ရဲ့အထက်က နတ်ဘုံတွေကကော
ဘယ်လိုတွေခံစားကြလည်း လင်းစမ်းပါဦးဗျာ. . စိတ်ဝင်စားစရာပဲ "
" အင်းး
စတုမဟာရစ်ကနေ အရမ်းဝေးတဲ့ တုဿိတာတို့ ဝဿဝတီတို့တော့ ဘယ်လိုတွေပျော်ပါးကြတယ်
ကျုပ်လည်းမပြောတတ်ဘူး၊ သူတို့က ဘုန်းတန်ခိုးအရမ်းကြီးတော့ လိုက်မမှီဘူးလေ၊
သူတို့နည်း သူတို့ဟန်နဲ့တော့ရှိကြမှာပေါ့။ တာဝတိံသာနဲ့ ယာမာနှစ်ဘုံကတော့
ကာမဂုံခံစားရာမှာ စတုမဟာရစ်ထက် နဲနဲအဆင့်မြင့်သွားကြတယ်။
သူတို့က
လက်ခွဲ ခွဲပြီး ခံစားလို့ရတယ်။ ဥပမာ. . သိကြားမင်းဆိုပါတော့ဗျာ၊ သူ့မှာ
မိဖုရားငါးယောက်ရှိတယ်ပေါ့။ အဲ့ငါးယောက်ကို
တစ်နေ့တစ်ယောက်ပျော်ပါးစရာမလိုဘူးဗျ၊ ငါးကိုယ်ခွဲလိုက်ပြီး တပြိုင်တည်း
ငါးယောက်စလုံးနဲ့ နေလို့ရတယ်။ အဲ့လိုနေနေတဲ့အချိန်မှာ
ခံစားချက်ငါးမျိုးစလုံးကို စုပြီးတော့ တစ်ကိုယ်တည်းကပဲ
ခံစားနေနိုင်ပြန်တယ်။ ကျုပ်ပြောတာနားလည်လားမသိဘူး "
" ဟုတ်ကဲ့ နားလည်ပါတယ်. . ဆက်ပါဦးဗျ "
"
အင်းး ဆက်ရရင်တော့. . ခု လူတွေလျှောက်ပြောနေကြတဲ့ သေးပေါက်ချိန်တောင်မရဘူး
ဘာညာဆိုတာတွေက အမှန်မဟုတ်ဘူးဗျ။ မသိလို့ လျှောက်ပြောနေကြတာ။ တကယ်တမ်းက
ဘုန်းတန်ခိုးကြီးတဲ့နတ်သားဖြစ်လို့ နတ်သမီး တစ်ဖက်ငါးရာနဲ့ စံစားရစေဦး. .
အလှည့်ကျစနစ်နဲ့မသွားဘဲ တစ်ပြိုင်တည်း တစ်ထောင်လုံးနဲ့
ခံစားပြစ်လိုက်လို့ရတယ်။ အဲ့ဒီခံစားချက်တွေကို
တစ်ခုချင်းခွဲခြမ်းစိတ်ဖြာပြီးမှ ပြန်လည်စုပေါင်းခံစားနိုင်တဲ့
အစွမ်းတွေလည်း ရှိကြတယ်။ တန်ခိုးကြီးတဲ့ နတ်သမီးတွေလည်း အဲ့ဒီလိုပဲ။ ကဲ. .
ကျုပ်သိတာတော့ ဒါအကုန်ဘဲ ဆြာလေး ကျန်တာဘာမေးစရာရှိသေးလည်း "
"
အင်းလေ. . ကိုပေစိရှင်းပြလို့ သဘောပေါက်သင့်သလောက်လည်းပေါက်ပါပြီ။
မေးစရာထွေထွေထူးထူးမရှိတော့ပါဘူး။ တစ်ခုပဲ တာဝတိံသာတို့ ယာမာ တို့မှာ
ကိုယ်ဝန်ဆောင်တာ သားသမီးမွေးတာကြတော့ စုမဟာရာဇ်တို့ လူ့ပြည်တို့နဲ့
တူလားဗျ. .အဲ့တာလေးသိချင်တယ် "
" အဲ့တာတော့မတူဘူးဗျ။ အဲ့ဘုံတွေမှာက
ပဋိသန္ဓေလွယ်ရတဲ့ ဒုက္ခမရှိတော့ဘူး။ ကျေးကျွန်၊ တပည့်တပမ်း၊ ဇနီး ခင်ပွန်း၊
သားသမီး စသဖြင့် ဖြစ်လာကြမယ့် နတ်သား နတ်သမီးတွေက ဘွားခနဲပေါ်လာကြတာ။
နတ်ဗိမ္မာန်ဝန်းထဲမှာပေါ်ရင် ကျေးကျွန်၊ ဧည့်ခန်းဆောင်မှာပေါ်ရင်
တပည့်တပမ်း၊ အိပ်ယာထက်မှာပေါ်ရင် ဇနီး သို့မဟုတ် ခင်ပွန်း၊
စုံတွဲနှစ်ယောက်အိပ်နေတဲ့ကြားထဲမှာ လာပေါ်ရင် သားသမီး. . အဲ့လို
ဆိုင်ရာဆိုင်ရာ သတ်မှတ်ချက်တွေတော့ ရှိကြတာပေါ့။ တန်ခိုးတကယ်ကြီးတဲ့
နတ်မင်းကြီးတွေကြတော့လည်း ဘယ်သူ့ဆီမှာမှ မဝင်စားကြပြန်ဘဲ သူ့ဗိမ္မာန်
သူ့အခြံအရံ သူ့ဇနီးမယားဖြစ်မယ့်သူတွေနဲ့အတူတူ တပြိုင်တည်း
ဘွားခနဲပေါ်ကြလေရဲ့။ ဆြာလေးက နောက်ဘဝကြရင် ယာမာနတ်ပြည်မှာ အဲ့လိုပေါ်ရမှာ။
ဆြာလေး ဘာသိချင်သေးလည်း "
" မသိချင်တော့ပါဘူး ကိုပေစိရယ်. .
အတော်လည်းစုံသလောက်ဖြစ်နေပါပြီ။ ခဗျားလည်း ကျတော့်ကိုရှင်းပြရတာမောကောပေါ့။
အဲ့တော့ ခဗျားနဲ့ကျတော် ဖာလူဒါအေးအေးလေး ဖန်ဆင်းပြီး သောက်ကြရအောင်လား.
.လာဗျာ "
သိလိုရာများကို မေးမြန်းစပ်စုပြီးပြီမို့ ရဲ့ရင့်သူလည်း နတ်ပေစိကို ဖာလူဒါသောက်ဖို့ဆော်သြကာ စကားပွဲသိမ်းလိုက်လေတော့သည်။
.
.
ဖာလူဒါသောက်နေရင်း
ရဲရင့်သူခေါင်းထဲတွင် အကြံတစ်ခုဝင်လာလေ၏။ ထိုအကြံမှာ တစ်ပါတ်တွင်
နှစ်ရက်သုံးရက်ခန့် နတ်ပေစိတို့လင်မယား
လွတ်လွတ်လပ်လပ်နေထိုင်နိုင်ကြရန်အတွက် ညဦးပိုင်းအချိန်များ၌ ရဲရင့်သူက
ဗိမ္မာန်တွင်မနေဘဲ ရှောင်ပေးပြီး ညသန်းခေါင်ယံကျော်မှ
ပြန်လာအိပ်ရန်ဖြစ်လေသည်။
နတ်ပေစိကတော့ လွန်စွာအားနာဟန်ဖြင့်
ထိုအကြံအား အကြောက်အကန်ငြင်းလေ၏။ ရဲရင့်သူက. . ကာမဂုံဘုံသားများဖြစ်၍
သူသူကိုယ်ကိုယ် ထိုကိစ္စဖြင့်မကင်းနိုင်ကြကြောင်း၊ မိမိအတွက်
နတ်ပေစိတို့လင်မယား ယခုကဲ့သို့အနေအထိုင်ကျဉ်းကြပ်နေမည့်ဖြစ်အင်ကိုလည်း
မိမိအနေဖြင့် လုံးဝမလိုလားကြောင်း၊ လူတို့၏သဘောမှာ. . လူသိမခံလိုသော
လုပ်ရပ်များကို ညပိုင်းတွင် လုပ်လေ့လုပ်ထရှိသောကြောင့် ထိုအချိန်များတွင်
မိမိအနေဖြင့် ရွာထဲသို့လှည့်လည်ကာ ကလယ်ကာနောက်ကွယ်မှ လူတို့၏
ဇာတ်လမ်းများအား လေ့လာစပ်စုမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခု အစီအစဉ်မှာ
နတ်ပေစိတို့လင်မယားအတွက်တင်မဟုတ်ဘဲ မိမိအတွက်ပါ အဆင်ပြေကြောင်း. . စသဖြင့်
ပြောသည်ထက်မက တိုက်တွန်းပြောဆိုသောအခါမှပင် ရဲရင့်သူ၏အလိုကိုလိုက်၍
ခေါင်းငြိမ့်ရှာလေသည်။
သို့ဖြစ်၍ ထိုနေညမှ စတင်ကာ
နတ်ပေစိတို့လင်မယားအား ရှောင်ပေးရင်း ရဲရင့်သူတစ်ယောက် ချော့တော်မျက်ဖြေ
ရွာထဲသို့ တိုင်းခန်းလှည့်လည်ဖြစ်ခဲ့လေတော့၏။
.................................................................
ရွာထဲသို့သွားရန် ဗိမ္မာန်မှအထွက်...
" ဒီမှာရှင့်. . .ကျမလည်းရှင်နဲ့လိုက်ချင်တယ် "
အသံလာရာဆီသို့ကြည့်လိုက်ရာ
ပြုံးတုံ့တုံ့မျက်နှာပေးဖြင့် ရပ်နေသော မိုးစက်ဝေကို
ရဲရင့်သူတွေ့လိုက်ရလေသည်။ သူမ မိမိအပေါ်သို့
ဆက်ဆံရေးအတော်ပင်ပြေလည်လာကြောင်း သိရသဖြင့် အကြေနပ်ကြီးကြေနပ်မိသော်လည်း
ယခုလိုညကြီးအချိန်မတော် အပြင်ထွက်မည့်အရေးတွင်တော့ ရဲရင့်သူ
သူမကိုခေါ်မသွားလို။ ထို့ကြောင့် မလိုက်ဖို့ရန်နားချလိုက်လေ၏။
"
ညမှောင်နေပြီ မိုးစက်ဝေရဲ့၊ မလိုက်ပါနဲ့ တော့လား၊ အေးကလည်းအေးနဲ့၊
အကိုကမထွက်မဖြစ် ကိစ္စလေးတွေရှိလို့ ထွက်ရမှာ၊
ဗိမ္မာန်မှာနွေးနွေးထွေးထွေးအိပ်ကျန်ရစ်ခဲ့၊ လိမ္မာတယ်နော် "
ထိုအခါ မိုးစက်ဝေက နှုတ်ခမ်းလေးကို ဆူ၍
"
မသိဘူး. .လိုက်မှာပဲ၊ ရွာကလူတွေရဲ့ အတွင်းရေးတွေ နဂိုလ်ကတည်းက ကျမက
သိချင်နေတာ၊ ကျမစိတ်ထဲ မသင်္ကာတာတွေလည်းအများကြီးရယ်။ ဒါပေမယ့်
ကျမတစ်ယောက်တည်းဆို အိမ်စောင့်နတ်တွေက ပေးဝင် မဝင်မသေခြာလို့
မသွားဖြစ်ခဲ့ဘူး၊ ပြီးတော့ နတ်ကြီးဦးတင်ရှိန်ကလည်း ညဘက်အချိန်မတော်
ကိုယ်အပိုင်စားတဲ့နေရာမဟုတ်ဘဲ လျှောက်သွားရင် မကြိုက်ဘူးလေ။
ခုတော့
ရှင့်မျက်နှာနဲ့ အိမ်စောင့်နတ်တွေကော ဦးတင်ရှိန်ကြီးကိုပါ
အေးဆေးဖြစ်သွားတော့မှာ ဟဲ ဟဲ . .။ ကျမကိုခေါ်သွားပါရှင်၊ ရွာထဲမှာ ဘယ်သူက
ဘယ်လိုဆိုတာ သူတို့ရဲ့နောက်ကွယ်က သရုပ်မှန်ကို သေခြာသိချင်လို့ပါ "
ဟု မျက်နှာချိုသွေးကာ ကလေးတစ်ယောက်နှယ် ပူဆာနေလေတော့သည်။ သူမ၏ ပုံစံမှာ မလိုက်ရလျှင် မဖြစ်ဟူသည့်ဟန်။
သူမပြောပြသည်များမှာလည်း
အကြောင်းတော့ လျှော်လှပေ၏။ မိန်းခလေးပီပီ သူမရွာ၏ ဇာတ်လမ်းများကို သူမ
စပ်စုသိရှိလိုမည်မှာ မလွန်လှ။ ရဲရင့်သူအနေဖြင့်လည်း
ကောင်းမွန်စပြုလာပြီဖြစ်သည့် သူမနှင့်ဆက်ဆံရေးအား ပိုမိုခိုင်မြဲအောင်
တည်ဆောက်လိုပေသည်။ ထို့အပြင် မိမိတစ်ယောက်တည်း ဘာမသိညာအသိ
လျှောက်သွားနေခြင်းထက် သူမကဲ့သို့ ရွာခံတစ်ဦးပါက ပိုမိုအဆင်ပြေမည်ဟု၍
တွေးမိပြန်၏ ။ ထို့ကြောင့် သူမ၏ ဆန္ဒကိုငြင်းဆန်မနေတော့ဘဲ
ရွာထဲသို့ခေါ်သွားရန် ခေါင်းငြိမ့်လိုက်မိလေတော့သည်။
တကယ်တမ်း
သွားရလာရပြီဆိုသောအခါ ရဲရင့်သူဘယ်သွားလို့သွားရမှန်းမသိ။ မိုးစက်ဝေကို
ခေါ်လာမိသည်မှာ အတော်မှန်သွားပေသည်။ ရဲရင့်သူအနေဖြင့် ဘုရားသို့သွားရင်း
မျက်မှန်းတန်းမိကာ လေးစားအားကျနေသူတစ်ဦးရှိ၏။ ထိုသူမှာ ဘုရားလူကြီး
ဦးဉာဏ်တင်ဟု အမည်ရလေသည်။ ဦးဉာဏ်တင်သည် သူ၏ ဇနီးသည်နှင့်အတူ
မနက်တိုင်းလိုလို ဘုရားသို့လာကာ ရင်ပြင်တော်တံမြက်စည်းလှည်းပြီး
ဘုရားဝတ်ပြုလေ့ရှိ၏။ ထို့နောက် ဆြာတော်ကြီးကိုလည်း ဝင်ရောက်ဝတ်ပြုကာ
တရားဓမ္မများလျှောက်ထားနာကြားလေ့ ရှိသည်။
၎င်းတို့လင်မယားကို
မြင်ရသည်မှာ လင်နှင့်မယား အသက်အနည်းငယ်ကွာသည်ကလွဲ၍
ရှေ့သွားနောက်လိုက်ညီလှပေ၏။ အသက်ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်ခန့်ကြီးဟန်ရှိသော
ဦးဉာဏ်တင်က သူ၏ ဇနီးသည်ငယ်ငယ်ကို လွန်စွာ ကြင်နာယုရပုံပေါက်ပြီး၊
ဇနီးသည်ကလည်း ဦးဉာဏ်တင်ကို အတော်ပင်ဖေးဖေးမမဖြင့် တလေးတစားရှိပုံရလေသည်။
၎င်းတို့ဇနီးမောင်နှံကို မမြင် မြင်ရသည့်အချိန်တွင် . .
ချစ်သူ၏သစ္စာဖောက်ခြင်းအား ခံခဲ့ရသော ရဲရင့်သူတစ်ယောက် အဖို့တော့
စိတ်ချမ်းသာခြင်းကော ယူကြုံးမရဖြစ်ခြင်းကိုပါ တပြိုင်တည်းခံစားရလေ၏။
ယခုလို
ညဘက်လှည့်လှည်ဖြစ်သည့်အခါ ရဲရင့်သူအနေဖြင့်. .
ဦးဉာဏ်တင်တို့လင်မယားနှစ်ယောက်၏ အခြေအနေကို အမြင်နှင့် လက်တွေ့ ကိုက်မကိုက်
. . သွားရောက် လေ့လာကြည့်ရှု လိုလှပေသည်။ သို့သော် အိမ်မသိ။ ထိုကြောင့်
၎င်းတို့အိမ်ရှိရာသို့ မိုးစက်ဝေကိုပင် လမ်းညွှန်ခိုင်းရလေတော့၏။
ဦးဉာဏ်တင်အိမ်သို့
ရဲရင့်သူတို့ ရောက်ရှိခဲ့လေပြီ။ ရွာခံသူဌေးတစ်ဦး၏အိမ်
ဖြစ်သည့်အားလျှော်စွာ ခြံဝန်းကျယ်သလောက် အိမ်မှာလည်း အတော်အတန်ပင်
ကြီးမားသည်ဟု ဆိုနိုင်ပေသည်။ အိမ်စောင့် နတ်က
ရဲရင့်သူကိုတွေ့လျှင်တွေ့ခြင်း အမြန်နေရာပေးကာအိမ်ပေါ်မှ ဆင်းပေးလေသည်။
သို့သော်မျက်နှာတော့မကောင်းလှ။ ရဲရင့်သူလည်း အိမ်စောင့်နတ်ကိုကြည့်ကာ
ဦးဉာဏ်တင်တို့၌ အိမ်တွင်းပြသနာ တစုံတရာရှိလိမ့်မည်ဟု ကြိုတင်တွေးထင်လျှက်
မိုးစက်ဝေ၏လက်ကိုဆွဲကာ အိမ်ထဲသို့ ဝင်ခဲ့လိုက်လေတော့၏။
ပထမဦးစွာ. .
နှစ်ယောက်သား မီးရောင်သဲ့သဲ့ရှိသောအခန်းသို့ ဝင်ခဲ့ကြရာ
ဇာခြင်ထောင်တစ်လုံးထောင်ထားသည်ကိုတွေ့ရလေသည်။ ထိုခြင်ထောင်ထဲ၌
ဆံပင်ဖားလျားချထားသော အမျိုးသမီးတစ်ဦးက
ပက်လက်အိပ်နေသည့်အမျိုးသားတစ်ဦးအပေါ်သို့ ခွထိုင်ကာ
ဖြေးညှင်းစွာလှုပ်ရှားနေလေ၏။ အမျိုးသမီးသည် ခါးတွင် လုံချည်မရှိတော့သလို၊
အင်္ကျီမှာလည်း ရင်ဘတ်ဟကွဲဖြစ်၍ ဖြူဖြူဖွေးဖွေးရင်နှစ်မွှာသည်ကား
သူမ၏စည်းချက်ကိုလိုက်ကာ တသိမ့်သိမ့်တုန်လျှက်။
အမျိုးသားက အောက်မှ
မိန်းမောဇိမ်ခံနေသကဲ့သို့၊ အမျိုးသမီးကလည်း အမျိုးသား၏မျက်နှာကို
စူးစိုက်ငုံ့ကြည့်ရင်း သူမ၏တာဝန်ကို အရှိန်မှန်မှန်ဖြင့် ထမ်းဆောင်နေလေသည်။
သက်ပြင်းရှိုက်သံများ၊ ရှီးသပ်သံများ၊ တဟင်းဟင်းငြီးသံများကတော့
အခန်းအတွင်း မတိုးမကျယ်ပြန့်လွင့်လို့နေကြလေ၏။
" ဟယ်. . ဦးဉာဏ်တင်ကြီး မိန်းမ မမြရင်နဲ့၊ သူ့ရဲ့မောင် ကိုစိုးမြင့်ကြီးတော့်. .. ဘယ်လိုတွေတောင်လား . . ."
မိုးစက်ဝေ
နှုတ်ဖျားမှ အာမေဋိတ်သံလေးများထွက်ကြလာလေသည်။ ရဲရင့်သူကတော့ တစ်စုံတစ်ရာ
ပြန်မပြောဘဲ သူမကို ခပ်ပြုံးပြုံးသာ တစ်ချက်ကြည့်လိုက်လေ၏။ ထို့နောက်
" လာ. . ဦးဉာဏ်တင်ကြီး ဘယ်လိုဖြစ်နေလည်း သွားကြည့်ကြမယ်. ."
ဟုဆိုကာ သူမအား ထိုအခန်းထဲမှ ဆွဲခေါ်လိုက်ခဲ့လေတော့သည်။
.
.
အခန်းမှာ
မှောင်နေသော်လည်း ရဲရင့်သူတို့အဖို့တော့ အားလုံးကို
ရှင်းလင်းစွာမြင်ရလေသည်။ ဦးဉာဏ်တင်ကြီးမှာ နှစ်ယောက်အိပ်ကုတင်ကြီး
တစ်လုံးပေါ်တွင် နှစ်နှစ်ခြိုက်ခြုက်အိပ်မောကျနေလျှက်။
သို့သော်
ရဲရင့်သူတို့ အထင်မှားခဲ့လေပြီ။ အခန်းတွင်းသို့ ၎င်းတို့ရောက်လာပြီး
ခေတ္တာအကြာ၌ ဦးဉာဏ်တင်ကြီးမှာ မျက်လုံးပွင့်လာပြီး အခန်းနံရံ ဘက်ဆီသို့
လျှောက်သွားလေတော့၏။ ထို့နောက် ကာရံထားသော ထရံကာမှ အပေါက်တစ်ခုကိုလှပ်ကာ
တစ်ဖက်ခန်းသို့ ခြောင်းကြည့်၍ ပုဆိုးကြားသို့ လက်ထည့်လိုက်လေသည်။
ရဲရင့်သူလည်း.
.မိမိ လေးစားအားကြခဲ့ရသော ပုဂ္ဂိုလ်ကြီးမှာ တကယ်တမ်းတွင်
နွားကြီးလုံးလုံးဖြစ်နေပါပေါ့လား. . ဟုတွေးမိလျှက်
စိတ်မကောင်းခြင်းကြီးစွာဖြစ်ရလေတော့၏။ ထို့အပြင် ဤကဲ့သို့
မြင်ကွင်းမျိုးများအား မိုးစက်ဝေကို ဆက်မမြင်စေလိုတော့။ ထို့ကြောင့်
သူမဘက်သို့လှည့်ကာ
" တွေ့လား. .မိုးစက်ဝေ။ လောကမှ ကိုယ်သိထား
ကိုယ်မြင်ထားတာတွေရဲ့နောက်ကွယ်မှာ၊ ပြောပြလို့မရတဲ့
ဇာတ်လမ်းတွေလည်းရှိနေတတ်ကြတယ်။ အချို့အရာတွေမှာ အဲ့ဇာတ်လမ်းတွေအထိ
သိအောင်လုပ်နိုင်မှ အမှန်တရားနဲ့နီးစပ်မယ်. . "
ဟု စကားဆိုလျှက် . .
ယခင်မမြင်ဖူးခဲ့သည်များကို နဖူးတွေ့ဒူးတွေ့ မြင်တွေ့လိုက်ရ၍
တဆတ်ဆတ်တုန်ယင်နေသည့် သူမ၏လက်ကို ဆွဲကာ အိမ်ထဲမှ ပြန်ထွက်ခဲ့လေတော့၏။
"
ဦးဉာဏ်တင်ကြီးက ဘယ်လိုကြီးလည်းမသိဘူးနော်။
သူ့မိန်းမဖောက်ပြန်နေတာကိုသိသွားရင် ဒေါသူပုန်ထလိမ့်မယ်လို့ ကျမကထင်နေတာ။
ခုတော့ သူက ဒေါသူပုန်ထဖို့နေနေသာသာ ဟွန်းးး မပြောလိုက်ချင်ဘူး. . ။
ပြီးတော့ မမြရင်ကလည်း မောင်အရင်းနဲ့ ပြန်ဖြစ်ရတယ်လို့. .. "
" ဒီမှာ.
.ဆြာမလေးရဲ့ မမြရင်ရဲ့မောင်ကိုစိုးမြင့် ဆိုတာက ဒီရွာသားလား၊ ဒါမှမဟုတ်
အခြားရွာသားလား၊ အခြားရွာသားဆိုရင် ရွာကိုရောက်တာကြာပြီလား. . "
"
အင်းး. . မမြရင်တို့က မြင်းခြံဘက်ကရှင့် ဒီရွာဇာတိတွေမဟုတ်ကြဘူး။
သူ့မောင်ဆိုတာကလည်း ဒီရွာကိုရောက်တာသိပ်မကြာသေးဘူး။ ကျမ မသေခင်
တစ်နှစ်လောက်ကမှရောက်တာ "
" သြော်. ဒါဆိုအဖြေကရှင်းနေတာပဲ။
သူ့မောင်မဟုတ်လို့ ဖောက်ပြန်တာပေါ့။ ဒီလိုကွာ. . ဦးဉာဏ်တင်နဲ့ မမြရင်က
အသက်ကွာကြတယ်။ ဒီကြားထဲ အဖိုးကြီးက ရောဂါရှိလားဘာလားမပြောတတ်ဘူး. .မမြရင်
အလိုကြအောင် မစွမ်းဆောင်နိုင်တော့ဘူး။ အဲ့ဒီမှာတင် မမြင်ရင်က ငယ်ငယ်က
သူနဲ့ဖြစ်ခဲ့ဖူးတဲ့ကောင်ကို သူ့မောင်ဆိုပြီး အိမ်ပေါ်ခေါ်တင်.
.ဖောက်ပြန်တော့တာပဲ။ ဒါကို အဘိုးကြီးက သိလျှက်နဲ့
မိန်းမကိုချစ်တဲ့ဇောကြောင့် မိန်းမဆန္ဒပြည့်ရင် ပြီးကောဆိုပြီး
လွှတ်ပေးထားတယ်။ နောက်ပိုင်း သူကပါ သူ့မိန်းမနဲ့ ကိုစိုးမြင့်
အတူတူနေကြတာကို ကြည့်ပြီး အရသာခံရတာ ဘဝင်တွေ့လာပုံရတယ်။ ဇာတ်လမ်းက ဒါပဲလေ. .
"
" သြော်. .အဲ့လိုကြီးလား. .. ခ် ခ် "
" အဲ့လိုကြီး အဲ့လိုကြီး "
ရဲရင့်သူနှင့်
မိုးစက်ဝေတို့ နှစ်ယောက်သား ရွာလမ်းလမ်းမပေါ်တွင် ဖြေးဖြေးခြင်းလျှောက်ကာ
ဦးဉာဏ်တင်တို့အကြောင်း အထက်ပါအတိုင်း ပြောဆိုဆွေးနွေးလာဖြစ်ခဲ့ကြလေသည်။
ထို့နောက် ရဲရင့်သူက မိုးစက်ဝေသွားလိုသည့်နေရာကိုမေးမြန်းရာ
သူမ၏အိမ်သို့သွားရောက်ကြည့်ရှုလိုကြောင်းပူဆာလေ၏။
သို့သော်
ရဲရင့်သူအနေဖြင့် လောလောလတ်လတ်တွင် နတ်ကြီးဦးတင်ရှိန်ဖြင့်
အတိုက်အခံမလုပ်လို၍. . အချိန်တန်က သူမ၏အိမ်သို့သွားရမည်ဖြစ်ကြောင်း
ပြောဆိုချော့မော့ကာ ယခုအခါတော့ အချိန်မသင့်သေး၍ အခြားနေရာတစ်ခုခု
ပြောင်းလည်းရွေးချယ်ရန် တိုက်တွန်းရလေသည်။ ထိုအခါ မိုးစက်ဝေက သူမ၏
မေးဖျားလေးကို လက်ဖြင့်ကိုင်ကာ အတန်ကြာအောင်စဉ်းစားပြီးမှ
" ဟာ.
.ဒါဆို စာရေးဆြာမထူး ဆီကိုသွားမယ်. . သူက ကျမလေးစားအားကျရတဲ့
စာရေးဆြာမတစ်ယောက်ပဲ။ ကျမတို့မိန်းကလေးတွေအတွက် စံပြပေါ့။ ခုညပိုင်း
သူ့အခြေအနေဘယ်လိုရှိလည်း ကျမသွားကြည့်ချင်တယ် "
ဟု သူမ၏ဆန္ဒကို
ထုတ်ဖော်ပြောကြားလေသည်။ ထို့ကြောင့် ရဲရင့်သူလည်း စာရေးဆြာမထူး ဟူသည့်
ပုဂ္ဂိုလ်၏အိမ်ရှိရာသို့ မိုးစက်ဝေကိုလမ်းပြစေ လိုက်လေတော့၏။
" နေပါဦးမမလေးရဲ့ ခဗျားတို့တောမှာ ဘယ်ကစာရေးဆြာမက ရှိနေတာလည်း. . ကျုပ်နားလည်အောင်ရှင်းပြစမ်းပါဦး "
"
အောင်မယ်. .သူများတို့ရွာကိုအထင်သေးလို့ ဟွန့်။ ဒီမှာရှင့် မသိရင်မှတ်ထား.
.စာရေးဆြာမထူးဆိုတာ မျိုးရိုးစဉ်ဆက်ချမ်းသာလာတာ၊
ဒီရွာမှာအချမ်းသာဆုံးလို့တောင်ပြောလို့ရတယ်။ အဝေးသင်နဲ့လည်း ဘွဲ့ရပြီးသား။
နာမည်ရင်းက ထူးထူးဝေတဲ့။ သူအသက် သုံးဆယ်လောက်မှာ မိဘနှစ်ပါစလုံး
ဘုရားဖူးသွားရင်း ကားမှောက်ဆုံးကြတော့ ကျန်ခဲ့တဲ့အမွေတွေနဲ့
အတိုးရင်းပွားချပြီး ရွာလည်အိမ်ကြီးမှာ သူတစ်ယောက်တည်း
တင့်တောင့်တင်တယ်နေနေနိုင်တာ။
အိမ်ထောင်လည်းမပြုဘူး။ သူ့ဘာသာသူအေးအေးဆေးဆေး စာရေးတယ်၊ ဘုရားသွားကျောင်းတက်လုပ်တယ် "
" သြော်. . ဟုတ်ပါပြီ. . ခု ကိုယ်မေးနေတာက ဘယ်ကနေဘာ်လိုလုပ် စာရေးဆြာမဖြစ်သွားရသလဲဆိုတဲ့အကြောင်း. . "
"
ဒါက ဒီလိုလေ. .ဆြာမထူးက ဂျူးရဲ့ဝတ္ထုတွေကို အများကြီးဖတ်ထားတာ။ ဒါ့ကြောင့်
အမျိုးသမီးတွေ ကိုယ့်အားကိုယ်ကိုးကြဖို့၊
ယောကျ်ားတွေလှည့်တိုင်းမယုံမိဖို့၊ ယောကျ်ားတွေကို အထင်မကြီးဖို့. .
စသဖြင့် ကျမတို့အမျိုးသမီးထုအတွက် အရေးကြီးတဲ့ ဆုံးမစကားလေးတွေ၊
ပညာပေးဇာတ်လမ်းလေးတွေကို ကောင်းကောင်းရေးတတ်တယ်လေ။
သူ့ရဲ့မိဘတွေမျက်ကွယ်ပြုသွားပြီးနောက်ပိုင်း သူလည်းစာတွေရေးဖြစ်လာပြီး
ညောင်ဦးစာတိုက်ကနေတဆင့် မဂ္ဂဇင်းတိုက်တွေ၊ ဂျာနယ်တိုက်တွေကို
စာမူတွေပို့နေတာ ဒီနေ့ထိပဲ။ "
" ဟား ဟား ဟား. .ဖြစ်မှဖြစ်ရလေကွာ.
.လက်စသတ်တော့ မင်းဆြာမကြီးက ဂျူးတစ်လိုင်းကြီးကိုးး။
စောင်ဘဝင်ခေါ်တာပေါ့ကွာ၊ အလကားဟာတွေပါ. .. ။ ကဲလေ. . ရှိစေတော့. . ဒါနဲ့
မင်းဆြာမက ခု အသက်ဘယ်လောက်လောက်ရှိပြီလဲ "
" အင်းး. . ခုဆိုရင်တော့ လေးဆယ် လေးဆယ့်ငါး လောက်တော့ရှိကရောပေါ့ "
" ခုထက်ထိလည်း လင်မရ အပျိုကြီးပေါ့. . .ဟုတ်လား "
" အောင်မယ်. . မရတာမဟုတ်ပါဘူး၊ မယူတာပါနော်၊ ဆြာမထူးကို လိုချင်တဲ့သူတွေမြန်း တန်းစီနေတာပဲ "
" ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ခုမကြာခင် မင်းရဲ့အဖိုးတန်အမျိုးမှန်ကြီး ဘယ်လောက် အိန္ဒြေ ကိုလည်း မြင့်ရတော့မှာပါ၊ စောင့်သာကြည့်လိုက် "
"ကြည့်တယ်လေ. .ကျမရဲ့ဆြာမထူးက အေးဆေးပဲနေမှာ "
" သေခြာတယ်ပေါ့ "
" လုံးဝသေခြာတယ် . . ဟော. . ပြောရင်းဆိုရင်း ဟိုမှာ ဆြာမအိမ်ရောက်ပြီ "
မိုးစက်ဝေနှင့်
အပြန်အလှန် ငြင်းကြခုံကြရင်း ရဲရင့်သူတစ်ယောက် ယောကျ်ားမုန်းဝါဒီ
စာရေးဆြာမထူး၏ ခြံရှေ့သို့ ရောက်ရှိလာခဲ့ရာ . . အနှီ ဘဝင်လေဟတ်
ဗုံမဟုတ်ပါတ်မဟုတ် စာရေးဆြာမ၏ ပိတ်ကားနောက်ကွယ်က ဇာတ်လမ်းများကို
သိရှိလိုစိတ်များ ပြင်းပြလာခဲ့လေသည်။ ထို့ကြောင့် မိုးစက်ဝေ၏လက်ကိုဆွဲကာ
ခပ်မြန်မြန်ပင် ခြံထဲသို့ ဝင်ခဲ့လိုက်လေတော့၏။
ဆြာမထူး၏
အိမ်သို့ရောက်ခဲ့လေပြီ။ အိမ်ကြီးမှာ
ခြေတံပါကျွန်းသားတစ်ထပ်အိမ်ကြီးဖြစ်ပြီး အတော်ကြီး၏။ အိမ်စောင့်နတ်မှာ
ခပ်ငယ်ငယ်သာရှိသေး၍ ရဲရင့်သူတို့ကိုမြင်သောအခါ
ပြုံးဖြီးဖြီးမျက်နှာပေးဖြင့် အိမ်မှဆင်းပေးလေသည်။ ရဲရင့်သူတို့လည်း
အိမ်ထဲသို့ဝင်ခဲ့လေရာ ရှေးဦးစွာ မှောင်မဲနေသည့်
ဧည့်ခန်းဆောင်ကိုရောက်ရှိလေ၏။
" ဖတ် ဖတ်. . အ. . အင့်. .အမေ့. .
ဖတ် ဖတ် ဖတ် . . အား . . အမလေး. ..အင်းး "
ည၏တိတ်ဆိတ်မှုကို
ဖောက်ခွင်းကာ အမျိုးသမီးတစ်ယောက်၏ အော်သံ ငြီးများနှင့် တဖတ်ဖတ်အသံများက
အိမ်အတွင်းပိုင်းဆီမှ ရဲရင့်သူတို့နားဝသို့ တိုးဝင်လာလေသည်။ ရဲရင့်သူနှင့်
မိုးစက်ဝေလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြကာ
ဧည့်ခန်းနှင့်ကပ်လျှက် ပထမဆုံးအခန်းသို့ ဝင်ခဲ့လိုက်ကြလေ၏။
အခန်းထဲတွင်
ခြင်ထောင်တစ်ခုထောင်ထားသော ကုတင်တစ်လုံးကိုတွေ့ရကာ ထိုကုတင်ပေါ်၌ အသက် ၁၆
နှစ် ၁၇ နှစ်ခန့်ရှိသော ကောင်မလေးတစ်ယောက် အိပ်နေလေသည်။ သူမသည်
ရုပ်ရည်အတော်အတန်လှပပြီး ဝတ်ပုံစားပုံအရ အိမ်ဖော်ဖြစ်ဟန်ရလေ၏။ တစ်နေ့တာလုံး
အိမ်အလုပ်များဖြင့် ပင်ပမ်းရသည်ထင့်၊ ကောင်မလေးခဗျာ
ပါးစပ်အဟောင်းသားအတော်ပင်အိပ်မောကြကာ ခါးရှိထဘီပင်ပြေလျော့နေလေသည်။
ဧည့်ခန်းထဲ၌
ရဲရင့်သူတို့ကြားခဲ့ရသော အသံများကိုလည်း ယခုအိပ်ခန်းမှနေ၍
ပိုမိုနီးနီးကပ်ကပ်ကြားလာရလေ၏။ ထို့ကြောင့် ရဲရင့်သူတို့လည်း
ကောင်မလေး၏အခန်းမှ အသံလာရာဆီသို့ ကူးခဲ့ကြလေတော့သည်။
အသံများ၏
တရားခံတွေ့လေပြီ။ အိမ်အနောက် ညာဘက်ထောင့်စွန်းအခန်းကျယ်အတွင်းရှိ
အိပ်ယာထက်တွင် ပိန်ညောင်ရိုးလူတစ်ယောက်က ဒေါ်ထူးထူးဝေအား
လေးဘက်ကုန်းခိုင်းကာ အနောက်မှ အသားကုန်ဗြုန်းနေခြင်းဖြစ်လေသည်။
" ဟယ်. . ဆြာမထူးနဲ့ ငမူးဦးဇော်ကြီးတော့်. .. "
မိုးစက်ဝေ
ပါးဖျားမှ အာမိဋိတ်သံ ထွက်လာပြန်လေ၏။ သူမ၏ မျက်လုံးအစုံသည်လည်း
အံ့သြသည့်အရှိန်ဖြင့် ပြူးကျယ်ဝိုင်းစက် သွားနေလေသည်။ ရဲရင့်သူကတော့
မိုးစက်ဝေဖြစ်နေပုံကိုကြည့်ကာ ခွက်ထိုးခွက်လံရယ်မိလေ၏။
" ဟားး ဟား
ဟား ဟား ဟား. .. .. .. ဒီမှာ မမလေးရဲ့ ခမြားပြောတော့ ယောကျ်ားတွေကို
အထင်မကြီးတဲ့ ဆြာမကြီးဆို၊ အမျိုးသမီးတွေရဲ့ စံပြဆို၊ မတရားကို
လေးစားစရာကောင်းတယ်ဆို. . ဟား ဟား ဟား ဟား. .ခု ခု တော့. .. ဖြစ် ဖြစ် မှ
ဖြစ်ရလေဗျာ. . ဟား ဟားး ဟားး ဟားး ဟားး "
ရဲရင့်သူ ရယ်နေဆဲမှာပင်
ငမူးဇော်ကြီးက အရှိန်တင်လိုက်ပြီး လေးငါးဆယ်ချက်ခန့် အားကုန်ဆောင့်ကာ
၎င်းစုံကိုင်ထားသည့် ဒေါ်ထူးထူးဝေ၏ ခါးအား လွှတ်ပေးလိုက်လေသည်။
ဒေါ်ထူးထူးဝေတစ်ယောက်လည်း အသံအတော်ကျယ်သည်အထိ အမလေးချင်းထပ်အောင် အော်ပြီး
မွှေ့ယာထက်သို့ ဟတ်ထိုးပြစ်ကျသွားလေတော့၏။
မိုးစက်ဝေခမြာမှာတော့ အနှီ
အထူးတဆန်း ခပ်ကြမ်းကြမ်း ဖိုမသံဝါသအမှုကိုကြည့်ကာ. . ရင်ခုန်ပြင်းပြခြင်း၊
အံ့သြခြင်း၊ မယုံနိုင်ခြင်း. . စသည့်ခံစားချက်များစွာ
စုဝေးပေါင်းစုံသွားသည့်ဟန်ဖြင့် အသက်ရှုသံများပြင်း၊
အသားများတဆတ်ဆတ်တုန်ယင်လျှက် တုံနှိဘာဝေကြီး ရပ်၍နေရှာ လေတော့သည်။
ရဲရင့်သူ.
. မိုးစက်ဝေအား သည့်ထက်ပိုပြီး အခန်းထဲတွင် ဆက်မထားလိုတော့။ ထို့ကြောင့်
အရယ်ရပ်ကာ သူမ၏ လက်ကို ဆွဲလျှက် အပြင်သို့ ပြန်ထွက်ရန် ပြင်လိုက်လေ၏။
"
.. ငါ့အတွက်အရက်ဖိုးက ထုံးစံအတိုင်း
အိမ်ရှေ့ကြောင်အိမ်ပေါ်မှာပဲမဟုတ်လား... အေးဆေးနားတော့၊ ငါ
ကောင်မလေးအခန်းဘက် ကူးလိုက်ဦးမယ်... "
ငမူးဇော်ကြီးက
အိပ်ယာမှကုန်းထားရင်း ဒေါ်ထူးထူးဝေကို ပြောနေခြင်းဖြစ်သည်။
ဒေါ်ထူးထူးဝေမှာတော့ အိပ်ယာထက်၌ ဖင်အပြောင်သားဖြင့် မှောက်လျှက်ကြီးဖြစ်ကာ
စကားပင်မပြန်နိုင်ရှာပေ။
ရဲရင့်သူလည်း . .
အမျိုးသမီးများရဲရင့်ကြဖို့၊ ယောကျ်ားများအား မယုံကြည်ကြဖို့၊
အထင်မကြီးမိကြဖို့၊ ကိုယ့်အားကိုယ်ကိုးကြဖို့ စသဖြင့်
အပြင်ဗန်းဟောပြောရေးသားပြီး ကုလာကာနောက်ကွယ်တွင် ဗလာနံငမူးတစ်ကောင်နှင့်
ဖြစ်ချင်တိုင်းဖြစ် ကုန်းချင်တိုင်းကုန်းလို့အားမရနိုင်သေးဘဲ
အိမ်ဖော်မလေးကိုပါ ထိုးကြွေးသော ဒေါ်ထူးထူးဝေ၏ အိပ်ယာတွင်းဇာတ်လမ်းများကို
ရွံရှာစက်ဆုပ်လှသဖြင့် မိုးစက်ဝေကိုခေါ်၍ အိမ်တွင်းမှ
အမြန်ပြန်ထွက်လိုက်လေတော့၏။
မထွက်ခင် ငမူးဇော်ကြီး၏ ဖင်အား
ဆောင့်ကန်ပြစ်ခဲ့သေးရာ ငမူးဇော်ကြီးခမြာ ကောင်မလေးအခန်းသို့
ကူးဖို့နေနေသာသာ သရဲခြောက်သည်အထင်ဖြင့် ကြောင်အိမ်ပေါ်ရှိ
အရက်ဖိုးကိုပင်မယူနိုင်တော့ဘဲ ပုဆိုးစွန်တောင်ဆွဲလျှက်
တချိုးတည်းထွက်ပြေးသွားရှာလေတော့သည်။
ရဲရင့်သူသည် နေ့ပိုင်းတွင်
ရွာထဲသို့ပတ်ကာ ဘယ်သူက ဘယ်လိုဆိုသည်ကို လိုက်လံကြည့်ရှုလေသည်။ ညပိုင်း၌
မိုးစက်ဝေနှင့်အတူ ထိုသူများ၏ လူမသိသောအကြောင်းအရာများကို
သွားရောက်စပ်စုလေ၏။ ထိုအခါ တစ်ချို့သောသူများသည် နေ့ဘက်နှင့်ညဘက်
သဘောသဘာဝခြင်းတူညီကြသော်လည်း တချို့မှတော့ နေ့ဘက်နှင့်ညဘက်
ထင်မှတ်မထားလောက်အောင် ကွဲလွဲကြကြောင်း တွေ့မြင်ကြရလေသည်။
နတ်ကတော်စိန်သောင်းသည်
စည်းပွားရေးအရ နေ့ဘက်လူမြင်ကွင်း၌ မိန်းမလျာအခြောက်ကြီး
လုံးလုံးလုပ်နေသော်လည်း ညဘက်လူခြေတိတ်ချိန်တွင်
ယောကျ်ားစင်စစ်ဧကန်ပြန်ဖြစ်ကာ အိမ်ရှိ ၎င်း၏ညီမဝမ်းကွဲဆိုသူနှင့်
အိပ်လေသည်။ လက်မရွံ့ရွာလူမိုက် ကျော်ဦးဆိုသူသည် ညအချိန် လွန်စွာ
သရဲကြောက်တတ်သူဖြစ်၏။ အများလေးစားခန့်ငြားရ၍ တွေ့သမျှသူကို ရိုးသားရန်၊
ကြိုးစားရန်တိုက်တွန်းဆုံးမစကားဆိုလေ့ရှိသော ရွာလူကြီး ဦးဘလှတွင်
ဓမ္မာရုံအတွက်ဟုဆိုကာ ဘုန်းထားသောငွေများ အမြောက်အများရှိသည့်အပြင်
အိမ်ဖော်မလေးကိုလည်း ခြေတော်တင်နေသေးသည်။ ရွာတွင် အတော်ပင်မွဲသော
တနေ့လုပ်တနေ့စား မောင်ငြိမ်းနှင့် ခေါင်းရွက်ဗြက်ထိုးဈေးသည် မသီ
တို့လင်မယားတွင် ချစ်စဖွယ်သမီးလေးတစ်ယောက်ရှိပြီး ညဘက်အလုပ်နားချိန်၌
မိသားစုသိုက်သိုက်ဝန်းဝန်းဖြင့် ကြည်နူးပျော်ရွှင်ဖွယ်ရာ ရှိကြလေ၏။
ရဲရင့်သူလည်း
အထက်ပါအဖြစ်အပျက်များကို ကိုယ်တိုင်လည်း သုံးသပ် သံဝေဂယူမိသကဲ့သို့၊
မိုးစက်ဝေအားလည်း. . လောကတွင် အမှန်တရားဟု သူမထင်မြင်နေသော မျက်နှာစာ၏
အခြားတစ်ဘက်၌. . တကယ်တမ်း သူမ သိမထား ထင်မထားသော အကြောင်းအရာများ
ရှိနေနိုင်သေးကြောင်း လက်တွေ့ပြသနိုင်ခဲ့လေသည်။ ထို့အပြင်
နှစ်ယောက်တူတူလျှောက်သွားကြရင်း သူမနှင့်အတော်အတန်ပင်
ရင်းနှီးကြွမ်းဝင်ခွင့် ရရှိခဲ့လေ၏။
မိုးစက်ဝေသည်
အညာသူအရိုးခံလေးဖြစ်သည့်အတိုင်း ညဘက်လျှောက်သွားရင်း ဖိုမသံဝါသ
ကိစ္စများကို တွေ့မြင်ရသည့်အခါ ရဲရင့်သူအား ခရေစေ့တွင်းကြ
မေးမြန်းစပ်စုလေ့ရှိလေသည်။ ရဲရင့်သူမှာ သိပ်မဖြေချင်သော်လည်း
ကိုယ်စခဲ့သည့်ဇာတ်မို့ သူမကြေနပ်သည်အထိ ရှင်းလင်းဖြေကြားပေးရလေ၏။
ထိုကဲ့သို့ ဆွေးနွေးပြောဆိုကြချိန်များ၌ မိုးစက်ဝေမှာ အသက်ရှုသံများ
အတော်ပင်မြန်နေပြီး ရဲရင့်သူကိုကြည့်သောအကြည့်တို့မှာလည်း
စူးရှရွန်းလဲ့၍နေလေတော့သည်။
.
တစ်ည. .. မြို့မှရောက်လာသော
သူနာပြုဆြာမလေးနှင့် ရွာခံဇိုးသမား ဖိုးသကြားတို့၏ မတန်တရာ
တိတ်တခိုးအချစ်ဇာတ်လမ်းကို မြင်ကြရပြီးနောက် စုပ်တသပ်သပ် ရင်တနာနာဖြင့်
ဆြာမလေး၏အိမ်မှ ရဲရင့်သူတို့ထွက်လာခဲ့ကြရာ. . လမ်းတွင် ရုတ်တရက်
လေပြင်းများကြလာလေသည်။ ညသည် မှောင်သည်ထက်ပိုမိုမှောင်မှိုက်သွားပြီး
တော်လည်းသံကဲ့သို့ တဟူးဟူး တဟောဟော မြည်သံကြီးများလည်း ခြောက်ခြားဖွယ်ရာ
ပေါ်ထွက်လာလေ၏။
ရွာလယ်လမ်းမထက်၌ ရဲရင့်သူနှင့်
မိုးစက်ဝေနှစ်ယောက်တည်း။ အခြားသော တိရိစ္ဆာန် နတ် လူ ပြိတ္တာ သတ္တဝါဟူ၍
ခွေးတစ်ကောင်ကြောင်တမြီးမှ မတွေ့ရတော့။ အဖြစ်အပျက်မှာ လွန်စွာထူးဆန်း၍
မူမှန်မဟုတ်ကြောင်း ရဲရင့်သူ ကောင်းကောင်းသဘောပေါက်မိလေသည်။ ထို့ကြောင့်
ထိတ်လန့်နေဟန်ဖြင့် ၎င်း၏ပုခုံးအား အားကိုးတကြီးစုပ်ကိုင်ထားသော
မိုးစက်ဝေကို အကျိုးအကြောင်းမေးမြန်းလိုက်လေ၏။
" ဘာတွေဖြစ်တာလည်း မိုးစက်ဝေ. . ဘာအန္တရာယ်ရှိလို့လည်း "
" ဟို ဟို. . ကျမလည်း သေ သေခြာမပြောတတ်ဘူး၊ နတ် နတ်ကြီး သိုက် သိုက်ထွန်း လာတာမြန်းလား. .. "
သူမ
ခန့်မှန်းချက်မှန်လေသည်။ ရဲရင့်သူတို့ ပြောဆိုနေကြချိန်၌ပင်
ရွာပြင်ဘက်ဆီမှ မဲမဲသဏ္ဍာန်တစ်ခု ရွာလယ်လမ်းမတစ်လျှောက်
လျှင်မြန်စွာဝင်ရောက်လာပြီး ရဲရင့်သူတို့နှင့် မလှမ်းမကမ်းတွင်
ရပ်တန့်သွားလေ၏။ ထိုအရာသည် အမဲရောင်အခိုးအငွေ့များ တငွေ့ငွေ့ထနေသည့်
ကနုတ်ပန်းခက်ပန်းနွယ်များဖြင့်ပြီးသော ယဉ်ပျံတစ်စီးဖြစ်လေသည်။
အနှီယာဉ်ပေါ်၌ လွန်စွာပြောင်လက်တောက်ပသော အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထား၍
ခေါင်း၌ ပန်းကနုတ် စုလစ်မွန်းချွန် ဦးဆောင်းနက်ကိုကြကြနနဆောင်းထားသည့်
လူသန်သန်ထွားထွား ရုပ်ရည်ခပ်ကြမ်းကြမ်း နတ်ကြီးတစ်ပါးကို
ရဲရင့်သူတွေ့မြင်လိုက်ရလေ၏။
" နတ် နတ်ကြီး သိုက်ထွန်း. . "
မိုးစက်ဝေထံမှ
ကြောက်လန့်တကြား အာမေဋိတ်သံတိုးတိုးလေးထွက်သွားလေသည်။ နတ်ကြီးသိုက်ထွန်းက
ထိုအသံကိုကြားဟန်ဖြင့် အသံကွဲအက်အက်ကြီးဖြင့် တဟားဟားအော်ရယ်ကာ. ..
"
အေး. . ဟုတ်တယ်၊ နတ်ကြီးသိုက်ထွန်းပဲ။ ချော့တော်မျက်ပြေမှာ အဘိုးကြီး
ဦးတင်ရှိန်နဲ့ ငပေစိတို့ လုပ်ချင်တိုင်းလုပ်နေတယ်ကြားလို့ ငါလာကြည့်တာ. .။
ခုတော့ ကြားရတဲ့အတိုင်း တကယ်ဟုတ်နေပါကောလား။ ကြည့်စမ်းပါဦး
စိတ်ကြိုက်သောင်းကျန်းပြီးအားမရသေးလို့ သရဲနှစ်ကောင်ကိုပါ မွေးထားသေးတယ်။
နင်တို့နဲ့ ငါနဲ့တော့ တွေ့ကြပြီပေါ့. . "
ဟု ရဲရင့်သူနှင့် မိုးစက်ဝေတို့အား နှိမ့်ချပြောဆိုလျှက် မောက်မာရိုင်းစိုင်းစွာ ကြုံးဝါးလေ၏။ ထို့နောက်၎င်းကပင်ဆက်လက်၍. .
"
ဒီမှာ သရဲမ. . မင်းက ချော့တော်မျက်ပြေမှာနေပြီး ဆိုင်ကယ်စီးခရီးသွားတွေကို
နှောက်ယှက်နေတယ်ဆို၊ မင်းကိုမင်းဘာမှတ်နေလည်း။ ခုလည်း နောက်အသစ်ရောက်လာတဲ့
သရဲတစ်ကောင်နဲ့ အိမ်တွေလိုက်ချောင်းနေပြန်ပြီ၊ တင်ရှိန်မွေးထားတဲ့
သရဲတွေဆိုတော့ အိမ်စောင့်နတ်တွေကလည်း လွှတ်ထားရတယ်ထင်ပါ့။
အေး.
.တင်ရှိန်က လွှတ်ထားပေမယ့် ငါကတော့လွှတ်မထားနိုင်ဘူး၊ ဒီနယ်မြေမှာ
မင်းတို့စိတ်ထင်တိုင်း လာလုပ်နေလို့မရဘူးကွ။ နတ်ကြီးသိုက်ထွန်းဆိုတာ
ဘယ်လိုကောင်လဲ မင်းတို့သိစေရမယ်။ ကဲ. .ပြောနေကြာတယ် . .သရဲမ
ငါနဲ့လိုက်ခဲ့စမ်း. .. နင် ချက်ခြင်းဘဝကူးချင်စိတ်ပေါ်သွားအောင်
ငါဆုံးမပေးမယ်။ "
ဟု ထပ်မံခြိမ်းခြောက်စကားဆိုကာ မိုးစက်ဝေအား ၎င်း၏လက်မှ ကြာပွတ်ရှည်ဖြင့် လှမ်းပါတ်လေတော့သည်။
သို့သော် မိုးစက်ဝေထံသို့ ကြာပွတ်မရောက်လိုက်။ ရဲရင့်သူက ကြာပွတ်ကိုလမ်းမှ ဖမ်းတားလိုက်လေ၏။
အမှန်
ရဲရင့်သူအနေဖြင့် နတ်ကြီးသိုက်ထွန်းနှင့် ပြသနာမဖြစ်လို၊ စကားဖြင့် မည်မျှ
မိုက်ရိုင်းဆော်ကားပါစေ သည်းခံဖို့ရာအသင့်။ သို့သော် မိုးစက်ဝေအား
ကိုထိလက်ရောက် ကျူးလွန်ခြင်းကိုတော့ မည်သို့မျှ လက်သင့်မခံနိုင်ပေ။
ကြာပွတ်မှာ
အတော်ပူလေလည်။ ချက်ခြင်းဆိုသလို အမဲရောင်မီးခိုးများထွက်လာကာ
ရဲရင့်သူ၏လက်ကို လောင်လေ၏။ သို့သော် ရဲရင့်သူက ကြာပွတ်ကိုမလွှတ်ဘဲ
ဒေါသတကြီးဆွဲဖြတ်လိုက်ရုံသာမက၊ ဆောင့်ပါဆွဲလိုက်လေရာ...
ကြာပွတ်လည်းတွင်တွင်ပြတ်၍ နတ်ကြီးသိုက်ထွန်းလည်း အမလေးတကာ ယာဉ်ပေါ်မှ
အကားသားကျလေတော့သည်။
ရဲရင့်သူ အားပါးတရ အော်ရယ်ပြစ်လိုက်လေသည်။
"
ဟား ဟား ဟား ဟား. . ဘာနတ်ကြီးလည်း၊ လိနတ်ကြီးလား၊ တဏှာရူးအရက်သမား၊
နောက်တစ်ခါ မိုးစက်ဝေကိုထိရင် ဒီ့ထက်နာမယ်။ ငါဘယ်လိုကောင်လည်းဆိုတာ
မင်းဘော်ဒါ ကုလားဒိန်တွေကို မေးလိုက်အူးး "
ရင်ခေါင်းသံဖြင့်
ရဲရင့်သူကြုံးဝါးလိုက်သော အသံကြီးမှာ ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်သွားလေ၏။
နတ်ကြီးသိုက်ထွန်းလည်း ယာဉ်ပါ်သို့ ကတိုက်ကရိုက်ပြန်တက်ကာ. .
"
မင်းဘာကောင်ပဲဖြစ်နေနေ သိကြားမင်းချီးမြှင့်ထားတဲ့
ဘွဲ့ဖြူလက်နက်ရဲ့ဒဏ်ကိုတော့ မခံနိုင်ပါဘူး၊ နောင်အခါ ငါနဲ့တွေ့ရင်
ဘွဲ့ဖြူလက်နက်ကို ရင်ဆိုင်နိုင်အောင်ပြင်ဆင်ထား "
ဟု ကြိတ်မနိုင်ခဲမရ ကြုံးဝါး၍ ပြောပြေးပြေးလေတော့သည်။
" စိတ်လျော့ပါတော့ ကိုရဲရင့်ရယ်. . နတ်ကြီးသိုက်ထွန်းလည်း ပြေးပြီပဲ. .. "
မိုးစက်ဝေ၏ မျက်ဖြေသံချိုချိုကြောင့် ရဲရင့်သူစိတ်လျော့ကာ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်လေ၏။
" မှန်းစမ်းပါဦး. . လက်တွေကြည့်ရအောင်. .. "
မိုးစက်ဝေက ရဲရင့်သူ၏လက်ကိုကိုင်ကာ လက်ဖဝါးများကို ဖြန့်ကြည့်လေသည်။ ကန့်လန့်ကြိုးရာကြီးများမှာ အတော်နက်၍ မီးခိုးများပင်ထွက်နေဆဲ။
" သြော်. . .အကိုရယ်. .. "
မိုးစက်ဝေတစ်ယောက်
မိမိအတွက် အတော်ပင်စိတ်မကောင်းဖြစ်သွားကြောင်း ရဲရင့်သူ
ကောင်းကောင်းသဘောပေါက်လိုက်လေသည်။ သူမ မျက်နှာညိုရသည်ကို ရဲရင့်သူမလိုလား။
ထို့ကြောင့် ဟုတ်သော်ရှိမဟုတ်သော်ရှိ အတတ်နိုင်ဆုံး အစွမ်းထုတ်ကြည့်ဦးမည်ဟု
အကြံဖြစ်မိလေ၏။
" ကိုယ့်ရဲ့ လက်ကဒဏ်ရာတွေကြောင့် မိုးစက်ဝေ
စိတ်မကောင်းဖြစ်နေတာလား။ စိတ်မကောင်းဖြစ်မနေပါနဲ့ မိုးစက်ဝေရယ်။ ဒါတွေက
ပျောက်ချင်ရင် ခုပျောက်ပါတယ် "
အထက်ပါအတိုင်း မိုးစက်ဝေအား နှစ်သိမ့်လိုက်ပြီး လက်ဝါးနှစ်ဖက်ကိုပူး၍
" ကဲ. .ဒီဒဏ်ရာတွေ ပျောက်စမ်း "
ဟု
အမိန့်ပေးကာ လက်ဝါးများပြန်ခွာလိုက်သောအခါ. .. ရဲ့ရင့်သူ
ကိုယ့်ကိုယ်ကိုပင် မယုံနိုင်အောင်ဖြစ်သွားမိလေသည်။ လက်ဝါးနှစ်ဖက်မှာ
အကောင်းပတိအတိုင်း ပြန်လည် ပြည့်ဖြိုးဝင်းမွှတ်လျှက်. . ။
ညှိုးငယ်နေသော
မိုးစက်ဝေ၏ မျက်နှာလှလှလေးသည်လည်း ကုမုဒ္ဒရာကြာဖြူပန်းသကဲ့သို့
ချက်ခြင်းဆိုသလို ရွှင်ပြလန်းဆန်းသွားရှာလေတော့သည်။ အမိုက်မှောင်တို့
ကင်းသွားချေပြီ။ ကောင်းကင်၌ လမင်းကြီးက ထိန်ထိန်သာလျှက်ရှိလေတော့၏။
.
အပိုင်း ( ၃ ) ဆက်ရန် >>>>>>