Thursday, May 10, 2012

ဒုတိယအရွယ်၏ ဒုတိယဝေဒနာ (စ/ဆုံး)

ဒုတိယအရွယ်၏ ဒုတိယဝေဒနာ (စ/ဆုံး)

မောင်ဇော်ဦး ရေးသည်။

အခန်း ( ၁ )

တိုက်တိုက်ဆိုင်ဆိုင် ပြန်ရောက်တာနဲ့ ကြုံနေတာမို့ ကျနော်တက်ခဲ့သည့် မေဂျာ ဆရာကန်တော့ပွဲကို တက်မိသည်။ မတွေ့ရသည်မှာ ဆယ်စုနှစ် ၃ စုကျော်လောက်ရှိမည့် သူငယ်ချင်းတွေနှင့် ပြန်ဆုံသည်မို့ ဟေးဟေးဟားဟား နှင့် မှတ်မိသမျှ သူငယ်ချင်းတွေ ကို နှုတ်ဆက်စကားပြောနေတုန်း ကျောင်းတုန်းက အသေအလဲ ကြွေခဲ့သည့် ရီ ကို ရုတ်တရက်တွေ့လိုက်သည်။ အင်းလေ၊ ကိုယ်ကလဲ သူနဲ့များ ပြန်ဆုံမလားဆိုသည့် ရည်ရွယ်ချက်ကလဲ ရှိသည်မို့ ကျောင်းဝင်းထဲရောက်က တည်း က သူ့ကို ရှာမိသည်၊ တွေ့သည်နှင့် ချက်ခြင်းမှတ်မိလိုက်သည်၊ သူက ငယ်ရုပ်မပြောင်း၊ နဲနဲလေး ဝ လာ သည်မှ လွဲ၍ အရင်အတိုင်းပင်။ သူကလဲ ကိုယ့်ကို မြင်မြင် ချင်းမှတ်မိတယ်ထင့်။ ကျနော့်ကို မြင်သည်နှင့် အံ့သြသလို မျက်ဝန်းအစုံ ဝိုင်းစက်သွားပုံလေးက အရင်လို ချစ်စရာပင်ကောင်းသေး။ 

ဘေးနားပါလာသည့် ငယ်သူငယ်ချင်း က ဟေ့ရောင် အဲဒါ မင့်ရဲ့ ရီ လေ၊ မှတ်မိလား ဆိုသည်ကို ပြန်မဖြေမိ၊ ကျောင်းတုန်းက ရီ့ နားကပ်ဘို့ ကြောက်ဒူးတုန် တတ်သည့် ကျနော်က ရီ့ကို ပြုံးပြရင်း အနားသို့ လျှေက်သွားကာ ကျနော့်ကို မှတ်မိလား လို့ ရဲရဲဝံ့ဝံ့ပင် မေးမိသွားသည်၊ ရီ့ အနားမှာ ရှိနေသည့် အကြောင်းသိ ငယ်သူငယ်ချင်းက ကျနော့်ကို ကြည့်ရင်း သူ့ပါးစပ်ကို လက်ဖြင့်ပိတ်ကာ ရယ်သည်ကိုပင် ဂရုမစိုက်မိ။ ရီ ကလဲ ရဲရဲတင်းတင်းပင် ကျနော့်ကို ပြုံးကြည့်ရင်း ဟွန့် မှတ်မိပါ့တော်တဲ့။ ကျောင်းတုန်းက ကျနော့်ကို မြင်လျှင် ရှက်ကိုးရှက်ကမ်းဖြင့် ခြေလှမ်းကျဲ ကြီးနှင့် ပြေးတတ်သူက ကျနော့်လိုပင် ရဲရဲဝံ့ဝံ့ ပြန်ဖြေသည်။ သြော် အသက်တွေလဲ အတော်ကြီးလို့ အခြေနေ တွေလဲ ပြောင်းကုန်ပြီဘဲ၊ ခုမှတော့ အရင်လို နေလို့ မရတော့။

တယောက်ကို တယောက်ကို ပြုံးကြည့်ရင်း နေကောင်းလား ဆိုသည့် စကားကို ပြိုင်တူ မေးမိလို့ အတူရယ်ဖြစ် သွားသည်။ အနားက အကြောင်းသိ ရီ့ နှင့်တွဲနေကျ သူငယ်ချင်းက လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီနော် ဟု နောက်သည်ကို ရီက နင်လဲ ဟိုတယောက်ကို သွားရှာလေ ဟု ပြန်နောက်သည်။ ကျနော်နှင့် ပါလာသည့် သူငယ်ချင်းက တင်မောင်ဝင်းကို ပြောတာလား၊ သူ့ကို တော့ မတွေ့သေးဘူး၊ ဒါပေမဲ့ သူ့ သူငယ်ချင်းကိုတော့ ဟိုနားမှာ တွေ့လိုက်တယ်၊ လာ ကျနော်တို့ ဟိုဘက်မှာ တခြား သူငယ်ချင်းတွေ သွားနှုတ်ဆက်ရအောင် သူတို့ကို ခန ထားခဲ့ ဆိုပြီး အလိုက်တသိ ရီ့ သူငယ်ချင်းကို ခေါ်ထုတ်သွားတော့ ကျနော်နှင့် ရီ နှစ်ယောက်ထဲ ကျန်ခဲ့သည်။

 ကျနော့်က ရီ့ကို ကြည့်ရင်း ရီ က ငယ်ရုပ်မပျောက်ဘူးနော်၊ ပိုပြီးတောင် လှလာသလိုဘဲ ဟု ကျနော်က ပြုံးရင်း ပြောတော့ ရီ က အမယ် ယူကလဲ ငယ်ရုပ်မပျောက်ပါဘူး၊ ခုမှ ပိုခန့်လာတာ၊ ဆိုပြီး ကျနော့ကို အာကျမခံ ပြန်မြှောက်တယ်။ ကျနော်က သူ့ရဲ့ တို့တို့ ယူတို့ အပြောကြောင့် နောက်ချင်လာတာနဲ့ ဒါပေမဲ့ နာမည်တော့ မေ့နေပြီ မမှုတ်လား ဟု ပြုံးပြီး ပြောလိုက်တော့ ဟွန်း ကိုဇော် နော် တဲ့ ဆိုပြီး ရဲရဲတင်းတင်းပင် လက်မောင်းကို ရိုက်သလို လာပုတ်ရင်း ရယ်တယ်။ အော် အသက်တွေတောင် ကြီးလာပြီဘဲ ငယ်ငယ်တုန်းက အုံ့ပုန်းခုတ် ခဲ့သမျှ ခုတော့ ရဲရဲဝံ့ဝံ့။ နောက်တော့ ဝေးခဲ့သမျှ တယောက်အကြောင်း တယောက် စကားစ ဖြစ်တယ်၊

" ကျောင်းပြီးတာနဲ့ ယူအက်စ် ထွက်သွားတယ်ဆို"

" အင်းလေ ချစ်ရတဲ့ သူက နောက်ဆုံးနှစ်မှာ အိမ်ထောင်ပြုသွားတာကိုး၊ ကိုလဲ အသဲကွဲပြီး အဝေးလွင့်တာပေ့ါ"

ကျနော်က ခပ်တည်တည်နှင့် ငယ်ငယ်ကအကြောင်း ရင်ဖွင့်သလို ပြောလိုက်တော့ ရီက သူ့ကို ရည်ရွယ်ပြောမှန်း သိသည်ထင့် သူအိမ်ထောင်ကျ ရသည့် အကြောင်းအတိုချုပ် ပြောသည်။

" အဲဒီတုန်းက မေမေတို့က အတင်းဘဲ စီစဉ်တာနဲ့ . ."

" အင်း၊ ဒါတွေထားပါ၊ ဖြစ်ပြီးခဲ့တဲ့ ကိစ္စတွေ၊ ကိုယ်လဲ အဲဒီတုန်းက ဘာမှ မတတ်နိုင်ဘူးလေ၊ ရီကလဲ ကိုယ့်ကိုမြင်ရင် ထွက်ပြေးနေတာ"

ကျနော်က ပြုံးရင်း ရီ့စကားကို ဖြတ်ကာ အရင်က အဖြစ်ကို သတိရသလို ပြန်ပြောတော့

" အင်းနော် ဘာလို့လဲ မသိဘူး၊ အဲ့ဒီတုန်းက ကို့ဇော့်ကို ကြောက်လိုက်တာ၊ ပြေးဘို့ဘဲ သိတယ် ခစ် ခစ် ခစ် ခစ်၊ အမယ် ကိုဇော်လဲ အတူတူပါဘဲနော်၊ ရီ့ကို ဘာမှ လာမပြောရဲဘဲနဲ့များ အဝေးကဘဲ လာလာချောင်းနေပြီး"

မျက်ဝန်းလေးဒေါင့်ကပ်ကာ မျက်စောင်းထိုးသလို ရီ ပြန်ပြောသည်ကို သဘောကျစွာရယ်မိတော့ ရီကလဲ ပါးစပ်ကို လက်နှင့် အုပ်ကာ ရယ်သည်။

" ဟား ဟား ဟား ဟား"

" ခစ် ခစ် ခစ် ခစ်"

ဘာကြောင့်မှန်း မသိ ရီ့ကို မြင်လျှင် စကားမပြောရဲတဲ့ ကျနော်ကလဲ ခု စကားကို သွက်လို့၊ ကျနော့်ကို မြင်လျှင် ထွက်ပြေးတတ်တဲ့ ရီကလဲ ခုမပြေးတော့။ စကားကောင်းနေတုန်း အဝေးက ဘော်ဒါ တစုက ဟေ့ရောင် ဇော်ဦး ဟု လှမ်းအော်ရင် လက်လှမ်းပြတာကြောင့် ရီ နဲ့ စကားဆက်ပြောဘို့ မလွယ်မှန်း သိလိုက်သည်မို့ ကမန်းကတမ်း

" ရီ နက်ဖြန်အားလား"

" အင်း အားတယ်လေ"

" ဒါဆို ကိုယ်တို့ နက်ဖြန်မှ အေးအေးဆေးဆေးတွေ့ပြီး စကာားပြောရအောင်၊ မနက်စာ စားရင်းပေါ့၊ ပြီးတော့ ရီနဲ့လဲ တွေ့ချင်သေးတယ်၊ ခု သူငယ်ချင်းတွေနဲ့ အေးဆေးပြောလို့ ရမှာမဟုတ်ဘူး"

" အင်း ကောင်းသားဘဲ၊ ဒါဆို မနက်ဖြန်ဆုံမယ်လေ၊ ရီ ဆိပ်ကမ်းသာ ဟိုတယ်မှာ တည်းတယ်၊ အခန်း နံပါတ် ၁၈ မှာ၊ လာခေါ်ချေ"

" အင်း၊ ကောင်းတယ်၊ ကောင်းတယ်၊ ကိုယ်လာခဲ့မယ်၊ မနက် နိုးတာနဲ့ လာခဲ့မယ်"

" အစောကြီး မလာနဲ့လေ၊ ၁၁ နာရီလောက်ပေါ့၊ မနက်စာ စားမယ်ဆို"

" ကို ပြောတာ ဘရိတ်ဖတ်စ် လေ"

" အော် ရီက လန့်ချ် မှတ်လို့"

" ဒါဆို ဘရိတ်ဖတ်စ် ရော၊ လန့်ချ်ရော၊ ဒင်းနားရောဆို မကောင်းဘူးလား"

ကျနော့ရဲ့ စ သလိုလို စကားကို "ဟော့တော့" ဟု အသံထွက်ရင်း ကျနော့်ကို အံ့သြသလိုကြည့်တော့ ကျနော်က ပြုံးပြီး

" စောစောဘဲ လာခဲ့မယ်၊ ၇ နာရီလောက်၊ ရီ နိုးပါ့မလား"

ရီက ကျနော့် စကားကို ချက်ခြင်းဘဲ

" အင်း ရီကတော့ နိုးပါတယ်၊ ကိုဇော်သာ မနိုးမှာ၊ ဒီည သူငယ်ချင်းတွေနဲ့ ပျော်အုံးမှာ မို့လား"

ကျနော်က ရီ အပြောကြောင့်

" အင်း ဟုတ်သားဘဲ၊ ဒီည ပွဲဆက်မယ် ပြောနေကြတယ်၊ ဒါဆို ၈ နာရီလောက် လာမယ်လေ၊ ဖုံးဆက်လိုက်မယ်လေ၊ ရီ့နံပါတ်ပေး"

" အင်း ၉၉၅၂ . . .  ."

ကျနော်က လက်ကိုင်ဖုံးကို ထုတ်ကာ ရီပြောသည့် နံပါတ်ကို တခါထဲ နှိပ်လိုက်သည်၊ ချက်ခြင်းဆိုသလိုဘဲ ရီ လက်ကိုင်အိပ်ထဲမှ ဖုံးမြည်သံ ကြားလိုက်ရေတာ့ ဖုံးကို ပြန်ပိတ်ရင်း

" အဲဒါ ကိုယ့်နံပါတ်ဘဲ၊ အခုမှ ဒီကကဒ်ထည့်ထားတာဆိုတော့ နံပါတ်ကို အလွတ်မရဘူး"

ဟု ရီ့ကို ပြန်ပြောရင်း ဟေ့ ကျော်ထွန်း ဟု လှမ်းခေါ်ရင်း လက်ပြန်ပြလိုက်သည်၊ အတော်ဘဲ စောစောက ရီ့ သူငယ်ချင်းကလဲ သူ့သူငယ်ချင်း များနှင့် ရီ့ဆီ ပြန်လာသည်မို့

" အင်း ၈ နာရီကောင်းတယ်၊ ရီလဲ သွားတော့မယ်နော် ဟိုမှာ အသန်းတို့လဲပြန်လာပြီ" ဟု ကျနော့ကို နှုတ်ဆက်ရင်း  သူ့သူငယ်ချင်းဆီ အပြေးကလေး ထွက်သွားတော့သည်။

..................................................................................

အခန်း ( ၂ )

ရီ့ကို ပြန်တွေ့လိုက်ရတော့ ငယ်ငယ်က ဝေဒနာ ပြန်ပေါ်လာသည်လား မသိ၊ အိပ်နေသည့် နှလုံးသားက ပြန်နိုးလာသလို ခံစားလိုက်ရသည်၊ သူရော ကိုယ်ရော လွတ်လွတ်လပ်လပ် မဟုတ်သူတွေမှန်း သိသိကြီးနှင့် ဘာကြောင့်မှန်း မသိ ကိုယ့်ကိုယ်ကိုယ် ဆယ်ကျော်သက်အရွယ် လူပျိုလေး တဦးလို စိတ်မျိုးပြန်ဝင်လာ သလိုလို၊ လက်ရှိ ဘဝကိုပင် မေ့သွားသလိုလို ခံစားလိုက်ရသည်။ 

မတူတာက ခု ရီနှင့် ပြန်တွေ့သည့် ခံစားမှု့က အရင်လို ကြောက်ကြောက်ရွံ့ရွံ့ မဟုတ်ဘဲ အလိုလို ရင်းနှီးသည့် ငယ်ပေါင်းသူငယ်ချင်းလို စိတ်မျိုး ဖြစ်နေသည်က သာထူးဆန်းနေသည်၊ ရီ လဲ သူ့လိုပင် ရဲရဲတင်းတင်းနှင့် သူ နက်ဖြန်တွေ့မည် ပြောတော့ ချက်ခြင်းပင် သဘောတူကာ သူ့ကို လာခေါ်ဘို့ ပြောသွားသေးသည်၊ အကဲခတ်ရသလောက်တော့ ရီ သူ့အပေါ် ဆက်ဆံပုံနှင့် အကြည့်က သူ့လိုပင် သူ့ကို ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်တဦးလို ရင်းရင်းနှီးနှီး ဆက်ဆံနေသလို ဖြစ်နေမှန်း သိသာနေသည်။

သူငယ်ချင်းတွေနဲ့ မတွေ့တာ ကြာပြီမို့ ဆရာကန်တော့ပွဲ ပြီးတောင် သူငယ်ချင်း ဆုံတွေ့ပွဲက မပြီး၊ ဆရာ၊ ဆရာမတွေကို ကန်တော့ပြီးတော့ ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေ အားလုံး စုစုရုံးရုံး ကမ်းနားလမ်းက အကင်ဆိုင် တခုဆီသို့ ချီတက်သွားကာ ဆုံတွေ့ပွဲကို ဆက်ကျင်းပဖြစ်သွားသည်၊ သူငယ်ချင်းများနှင့် ငယ်ငယ်က အကြောင်း စားမြုံပြန် အလိုက်အထိုက် ပြောနေသော်လည်း စိတ်က တချိန်လုံး ရီ့ ဆီသာ ရောက်နေသည်၊ ရီ နှင့် ကျနော် စကားလက်ဆုံ ကျနေသည်ကို မြင်လိုက်သည့် အကြောင်းသိ သူငယ်ချင်း အချို့ကနောက်သည်ကို ရီ က ခုထိ ငယ်ရုပ်မပျောက်ဘူးကွ၊ လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပြီ ဟု ပြန်ပြောမိပေမဲ့ နက်ဖြန် ရီ နှင့် ချိန်းထားသည့် အကြောင်းကိုတော့ ဘယ်သူ့မှ ဖွင့်မပြောဖြစ်လိုက်။ 

အဲဒီညက မတွေ့တာကြာသည့် သူငယ်ချင်းတွေနှင့် စားရင်းသောက်ရင်း တော်တော်မူးသွားသည်။ အိမ်ပြန်ရောက်တော့ တံခါးလာဖွင့်ပေးသည့် ညီမကို သူ့ကို မနက် ၇ နာရီ နှိုးဘို့ နှင့် မနက်ဖြန် နင့်ကား ငါ သုံးမယ် ဟုလည်းတဆက်တည်း ပြောလိုက်သည်။ ငယ်ငယ်ထဲက ကျနော် သူငယ်ချင်းခင်တတ်သည့် အကြောင်းသိနေသည့် ညီမက ကိုကြီးဇော် သွားစရာရှိ သူတို့ကား ယူသုံးဘို့ နှင့် သူ့ယောက်ကျားက ဆိုင်ကယ်ဘဲ သုံးတာ များတာမို့  ကားကို အချိန်မရွေးယူသုံးနိုင်ကြောင်း ပြောထားသည်မို့ အားနာမနေတော့ဘဲ နက်ဖြန် ကားသုံးမယ် ဟု ကြိုပြောကာ အသိပေးလိုက်သည်။

မနက်ကျတော့ ညီမ ကားကို ဆွဲပြီး ရီ တည်းသည့် ဟိုတယ်ကို ထွက်ခဲ့သည်။ ကားပေါ်ရောက်သည်နှင့် ရီ့ ဆီ ဖုံးခေါ်ကာ ထွက်လာပြီဟု အသိပေးလိုက်တော့ ရီက ချက်ခြင်းပင် ဖုံကိုင်ပြီး အင်း အဝကဘဲ စောင့်နေမယ် ဟု ပြန်ပြောသည်။ မွေးကတည်းက နေခဲ့သည့် မြို့ မို့ လမ်းတွေကကောင်းသွားသည်က လွဲပြီး မပြောင်း၊ လမ်းသစ်များသာ တိုးလာသည်၊ ဟိုတယ်ရောက်တော့ ရီ ကိုအပေါက်ဝမှာ စောင့်နေသည်ကို တွေ့လိုက်ရသည်၊  မနေ့ကလိုပင် ရီ့ ပုံစံ ရိုးရိုးယဉ်ယဉ်၊ ရီ့  ဘေးကားထိုရပ်ကာ ဘိုဆန်ဆန် မောနင်း ဟု နှုတ်ဆက်တော့ ရီ ကလဲ မောနင်း ဟု ပြန်နှုတ်ဆက်သည်၊ ကားပေါ်က ဆင်းပြီး တဖက်က တံခါးကို ရီ့အတွက် ဖွင့်ပေးရင်း

"လာလေ၊ ညီမကား ဆွဲလာတာ၊ သွားရလာရ အဆင်ပြေအောင်"

ရီက ကားပေါ်တက်ထိုင်ရင်း "ဘယ်သွားမလို့လဲ" ဟု မေးသည်။ ကျနော်က ချက်ခြင်းပြန်မဖြေသေးဘဲ ရီ့ကို စချင်နေသည်မို့ မျက်နှာ မချိုမချဉ် နှင့် ပြုံးကာ ကားပေါ်ပြန်တက်ပြီး စက်နှိုးလိုက်သည်။ ကားစထွက်တော့ ရီက မေးပြန်သည်

"ဘယ်သွားမလို့လဲ ဆို"

ဟိုတယ်အဝက ထွက်လို့ ကားလမ်းမပေါ်အရောက်မှာ ကျနော်က ရီ့ကို ပြုံးကြည့်ရင်း

"ရီ့ကို ကားတင်ပြေးလာတာ" ဟုပြောလိုက်တော့

"ဟော့တော့်"

ရီ့ အသံကြောင့် ကျနော် အသံထွက်အောင်ရယ်မိတယ်၊ ကျနော့်ရယ်သံက ဗိုလ်အောင်ဒင် အသံမျိုးဖြစ်သွားလို့လားမသိ

"ကိုဇော်နော် ဒါဆို ပြန်ကွေ့ ပြန်ကွေ့ ၊ မပြောမဆိုနဲ့ ရီ့ကို ဒီလိုမလုပ်နဲ့"

ဟု လှမ်းပြောတာမို့ ကျနော်စတာကို ရီက တကယ်များ ထင်နေလား မသိဟုထင်ကာ လှမ်ကြည့်လိုက်တော့

"ရီ အဝတ်အစားတွေ ပြန်ယူရအုံးမယ်လေ" တဲ့ ဟုပြောကာ သူ့ပါးစပ်ကို လက်နှင့်အုပ်ကာ အူလှိုက်သဲလှိုက် တခစ်ခစ်ရယ်တော့သည်။

ဒီတော့မှ ရီပြန်နောက်တာဟု သဘောပေါက်ကာ ကျနော်လဲ တဟားဟား အော်ရယ်မိသည်။ အော် ကျောင်းသားဘဝက တယောက်နှင့် တယောက် စကားမပြောမိခဲ့ သမျှ ခုကျတော့ . . . .

ကားကို လမ်းမကြီးအတိုင်း မောင်လာရင်း

"ဘိုက်ဆာနေပြီလား၊ ဘာစားမလဲ"

"မသိဘူးလေ ကိုဇော့် သဘော၊ ရီလဲ ပြန်မရောက်တာကြာတော့ ဘယ်ဆိုင်ကောင်းလဲ မသိတော့ဘူး"

"ကိုက ပိုဆိုးပေါ့၊ ခု အကုန် အသစ်အဆန်းချည်း ဖြစ်နေတာ၊ ဒါဆို ဒီလိုလုပ်လေ၊ ကမ်းနားလမ်းဘက် သွားမယ်၊ အဲဒီမှာ ဆိုင်တွေပေါတယ်၊ အဲဒီက မုန့်ဟင်းခါးတို့ အုန်းနို့ခေါက်ဆွဲတို့ မနက်စာ တခုခု ရတဲ့ ဆိုင်တဆိုင်ဆိုင် ဝင်စားပြီး စကားပြောတာပေါ့၊ မကောင်းဘူးလား"

"အင်း"

ကားကို ကမ်းနားလမ်း အတိုင်း ခပ်ဖြေးဖြေး မောင်းလာကာ ဆိုင်တွေကို လှမ်းကြည့်ရင်း

"ဟော မုံ့ဟင်းခါး အုန်းနို့ခေါက်ဆွဲ ဆိုပါလား၊ ကော်ဖီ လဘက်ရည်လဲ ရတယ်၊ ဒီမှာ စားမလား"

"အင်း ကောင်းသားဘဲ"

ရီ့ဆီက သဘောတူချက်ရတော့ ကားကို ဆိုင်ရှေ့ရပ်ကာ ဆိုင်ထဲ ဝင်ထိုင်လိုက်ကြသည်။ စားပွဲထိုး ကောင်လေးရောက်လာတော့

"ရီ ဘာစားမလဲ"

"မုံ့ဟင်းခါးဘဲ စားမယ်၊ ရီက မုံ့ဟင်းခါးဆို အသေကြိုက်၊ ကော်ဖီလဲ သောက်မယ်"

"အုန်းနို့ခေါက်ဆွဲရော စားမလား"

"ဟင်အင်း မုံဟင်းခါးဆိုရပြီ၊ ပဲကြော်နဲ့၊ ဘဲဥ နဲ့"

"အင်း၊ ညီလေး သူပြောသလို ၂ ပွဲ၊ ကော်ဖီ ၂ ခွက်၊ ကော်ဖီက အထုတ်နဲ့ဟာ မလုပ်နဲ့၊ နက်စ် ရှိလား၊ အဲဒါလုပ်"

စားပွဲထိုးလေး ထွက်သွားတော့ ရီက

"ခု အလည်ပြန်လာတာလား၊ ဘယ်တော့ပြန်မလဲ"

"အင်း၊ ပြန်မရောက်တာ ကြာပြီဆိုတော့ အမေ့ကို လာတွေ့တာ၊ ဟိုရောက်ပြီးကတည်းက ပြန်လည်ဖြစ်တာ ခုမှ ၃ ခေါက်ဘဲ ရှိသေးတယ်၊ ခုတခါမှဘဲ ရီနဲ့ဆုံတော့တယ်၊ ဒါ ဆရာကန်တော့ပွဲ ကျေးဇူးလေ"

"ခု တယောက်ထဲ ပြန်လာတာလား"

"အင်း၊ တယောက်ထဲလာတာ၊ ရီကရော ခု ဘယ်မှာ နေ နေလဲ၊ ကိုလဲ ထွက်သွားပြီးကတည်းက ရီ့သတင်း ဘာမှ မသိတော့ဘူး"

"ရီ အခု ရန်ကုန် ကမ္ဘာအေးမှာ၊ ခု သူငယ်ချင်းက ဆရာကန်တော့ပွဲ အတင်းခေါ်လို့၊ နက်ဖြန်ညကားနဲ့ ရန်ကုန် ပြန်မယ်"

"ကိုယ်ကတော့ ၂ ပတ်လောက် ကြာအုံးမယ်၊ ဒီမှာ အမေတို့နဲ့ တပတ်လောက်နေ၊ ပြီး နဲနဲပါးပါး လျှောက်လည် မလားလို့"

"ဘယ်တွေလည်မလို့လဲ"

"ရှမ်းပြည်ဘက် ကလောတို့ လားရှိုးတို့ အင်းလေးတို့ မရောက်ဘူးသေးလို့၊ မသိသေးပါဘူး၊ သူငယ်ချင်းတွေနဲ့ ညှိကြည့်ရအုံးမယ်"

စကားပြောနေတုန်း မှာထားသည့် စားစရာ လာချတော့ စကားစ ပြတ်သွားသည်၊ ကျနော်က မုံဟင်းခါး ပန်းကန်ကို ဇွန်းနဲ့ မွှေကာ နဲနဲမြည်းကြည့်လိုက်ပြီး

"ကောင်းသားဘဲ မဆိုးဘူး"

"မော်လမြိုင် မုံ့ဟင်းခါးကတော့ ဘယ်ဆိုင်စားစား ကောင်းပါတယ်၊ မော်လမြိုင် အစားလေ ကိုဇော်မေ့နေပြီလား"

"အင်း ဟုတ်သား၊ ဒါကြောင့် မော်လမြိုင်သူတွေ ဝ တာ၊ ဟား ဟား။ ဒါပေမဲ့ ရီက မဝ ပါဘူး၊ မော်လမြိုင် မနေတော့လို့ ဖြစ်မယ်"

"ရီက ကိုယ့်ကိုယ်ကိုယ် ဝိတ်ထိမ်းနေတာ၊ ဝ လာတယ် ထင်ရင် တရားသွားဝင်လိုက်ရော၊ ခစ် ခစ် ခစ် ခစ်"

"ဟား ဟား ဟား ဟား တယ်ဟုတ်ပါလား၊ တချက်ခုတ် နှစ်ချက်ပြတ်၊ ဒါနဲ့ ရီ့ အိမ်ထောင်ရေးရော"

"ဒီလိုပါဘဲ၊ သူလဲ သူ့စီးပွားရေးနဲ့ သူရှုတ်နေတာ၊ ခုက အပြိုင်အဆိုင် များတော့ ပိုဆိုးပေါ့"

"ရီနဲ့ရော အဆင်ပြေလား"

"ဒီလိုပါဘဲလေ၊ ဒါတွေ မပြောချင်ပါဘူး"

"သားသမီးရော . .."

"တယောက်ဘဲ၊ သမီးလေ၊ ဆရာဝန်အောင်ပြီးပြီ၊ ခု ဟောက်စ် ဆင်းနေတယ်၊ ကိုဇော်ရော"

"သား တယောက်ထဲဘဲ၊ ကွန်ပြူတာ အင်ဂျင်နီယာ မနှစ်က အောင်ပြီး အခု အလုပ်လုပ်နေပြီ"

"အိမ်ထောင်ရေး အဆင်ပြေလား မေးတာ"

"ရန်တော့ ခန ခန မဖြစ်ပါဘူး၊ ဒီလိုပါဘဲ လူ့တာဝန်အရလေ၊ ရင်ထဲက ခံစားချက်က သတ်သတ်၊ လက်တွေ့ဘဝက သတ်သတ် ဖြစ်နေတာ၊ ကိုယ်ဘာကိုဆိုလိုလဲ ဆိုတာ ရီသိမှာပါ၊ ခု ရီနဲ့တွေ့တာ ကိုယ်တော်တော်ပျော်သွားတာ၊ ရုတ်တရက်ကြီး ကမ္ဘာသစ်ထဲ ရောက်သွားသလိုဘဲ"

"ခစ် ခစ် ခစ် ခစ် ကိုဇော်က နိုင်ငံခြားမှာ နေပေလို့ဘဲ၊ တခါတည်း နားလည်အောင်ပြောတတ်တယ်၊ ရီ တောင် အဲလို မပြောတတ်ဘူး ခစ် ခစ် ခစ် ခစ်"

"ပြောတတ်တာ မဟုတ်ဘူးလေ၊ ကိုယ်က စိတ်ထဲက ဖြစ်နေတာကို အမှန်ပြောပြတာ၊ ရီ လဲ ကိုယ့်လိုဘဲလား"

"မသိဘူးလား"

"ဟဲ ဟဲ ဟဲ ဟဲ၊ မသိဘူးဆိုရင် ရီက ကိုယ့်ကို ငတုန်း လို့ ပြောမယ်ထင်တာဘဲ"

"ခစ် ခစ် ခစ် ခစ် ကိုဇော်ကတော့လေ၊ အရင်က ကိုဇော်မှ ဟုတ်ရဲ့လား"

စကားသွက်နေတဲ့ ကျနော့်ကို အရင်နဲ့ မတူတဲ့ သဘောမျိုးနဲ့ ပြောတာမို့

"အော် ရီကလဲ၊ အသက်က ကြီးလာတော့၊ သတ္တိလဲရှိလာပြီလေ၊ ရီ တောင်မှ အရင်ကလို ထွက်ပြေးနေတဲ့ ရီ မဟုတ်တော့တဲ့ဟာ၊ သူများချည်း မပြောနဲ့လေ"

"အင်းနော် ထူးဆန်းတယ်၊ ရီ့ စိတ်ထဲ ကိုဇော်နဲ့ တွေ့တော့ အရမ်းပျော်သွားသလိုဘဲ၊ တခါမှ အဲလို စိတ်လွတ်ကိုယ်လွတ် မပျော်ဖူးဘူး"

"ကိုယ်လဲ ဒီလိုဘဲ၊ ကိုယ့်စိတ်ထဲမှာ ရီ့ကို အရမ်းရင်းနှီးနေသလိုဘဲ၊ အလိုလိုပျော်နေတာ"

ရင်ဖွင့်မိသလို ပြောရင်း တယောက်ကို တယောက်ကြည့်မိကြသည်။ ကျောင်းသားဘဝ ကတည်းက ရီနှင့် မျက်လုံးချင်း ဆုံနေကျ၊ တယောက်နှင့် တယောက် စကားမပြောဘူးသော်လည်း အလိုလို အကြည့်တွေကို နားလည်နေသလို ခံစားလိုက်ရသည်။ စကားမဆက်ဖြစ်ကြဘဲ အတွေးကိုယ်စီနှင့် ခနညိမ်သွားကာ မှာထားသည့် ကော်ဖီကို နှစ်ယောက်သား သောက်ရင်း

"ရီ"

ရီက အသံထွက် မထူးဘဲ ကျနော့ကို မျက်လုံးပင့်ကာ ထူးသည့် သဘောနှင့် လှမ်းကြည့်သည်။

"ရီ ဒီနေ့ ဘာလုပ်စရာရှိလဲ"

"ဘာမှတော့ မရှိပါဘူး။ နေ့လည်အားရင် မိသန်းတို့ကို ခေါ်ပြီး ဈေးပတ်မလားလို့"

"ချိန်းထားလို့လား"

"ချိန်းတော့ မချိန်းထားဘူး၊ မနေ့က သူတို့ မေးတော့မေးတယ်၊ ရီက ကိုဇော်နဲ့ ချိန်းထားတယ်လို့၊ ပြီးမှ ဖုံးခေါ်လိုက်မယ်လို့"

"အင်း၊ ကိုယ်စဉ်းစားနေတာ၊ ခု ရီနဲ့ ပြန်ဆုံတုန်း ကိုယ်တို့ ကျိုက္ခမီ ဘုရားဖူး သွားရင် ကောင်းမလားလို့"

"နှစ်ယောက်ထဲလား"

"အင်း ဖြစ်နိုင်ရင် နှစ်ယောက်ထဲဘဲ သွားချင်တာ၊ ကိုယ် ရီ နဲ့ လွတ်လွတ်လပ်လပ်၊ ဒါပေမဲ့ ရီ့ဘက်က မသင့်တော်ဘူးထင်တယ်၊ သူငယ်ချင်းတွေနဲ့ သွားမလား"

ရီက ဘာမှ ပြန်မပြောဘဲ ခန ညိမ်နေပြီးမှ

"နှစ်ယောက်ထဲဘဲ ကောင်းမယ်ထင်တယ်၊ သူငယ်ချင်းတွေခေါ်ရင် သူတို့က စကြ နောက်ကြနဲ့၊ မကောင်းပါဘူး၊ မနေ့ကတောင် ကိုဇော်နဲ့ မနက်စာ စားဘို့ ချိန်းထားတာကို ပြောပြတော့ ရီ့ကို နောက်နေကြတာ၊ ပြီးတော့ ရီ တို့က လူပျိုပေါက်စ၊ အပျိုပေါက်စ လေးတွေမှ မဟုတ်တာ၊ ဘုရားဖူး သွားတာဘဲ၊ ညနေပြန်လာမှာ မို့လား၊ ရီက မနက်ဖြန် ပြန်မှာ"

ကျနော်က ရီ့စကားကို ပြုံးပြီး

"မဟုတ်ဘူး ရီရ၊ ကိုယ်ကို တမျိုးတော့ မထင်နဲ့၊ ကိုယ်စိတ်ကူးနေတာ ဒီလို၊ ကိုယ်တို့ ၂ ယောက် ကျိုက်ခမီ ဘုရားဖူး သွားမယ်၊ ခု ကိုယ့်ညီမ ကားနဲ့ဘဲ၊ ပြီးတော့ စက်စဲမှာ လာအိပ်မယ်၊ နက်ဖြန်မှ ရီ့ ကားဂိတ်ဆင်းချိန် အမှီပြန်လာမယ်လေ"

"ဟော့တော့်"

"တကယ်ပြောတာရီ၊ ကိုယ့်စိတ်ထဲမှာ ခုလို အခွင့်အရေးရတုန်း ရီနဲ့ အေးအေးဆေးဆေး လျှောက်လည်ချင်စိတ် ပေါ် လာလို့၊ ရီ ကိုယ့်ကို ဘယ်လိုမှ မထင်နဲ့နော်၊ ရီ့သဘောပါ၊ ရီက နေ့ချင်းပြန်လာချင်လဲ ပြန်လာတာပေါ့"

"ရီက ဒီမှာ အခန်းက နက်ဖြန်ထိယူထားတာ"

"ပိုက်ဆံကြိုပေးထားလို့လား"

"ဟင်အင်း တနေ့စာ တနေ့ရှင်းတာ"

"ဒါဆိုရပါတယ်၊ မနေတော့ဘူးဆို ပြီးတာဘဲ၊ သွားမယ်ဆို ရီကို အခု ဟိုတယ် ပြန်ပို့ပေးမယ်၊ အခန်းအပ်၊ ပစ္စည်းတွေ အကုန်သိမ်းခဲ့တော့၊ ကိုယ်လဲ နဲနဲပါးပါး လဲဘို့ ပြန်ယူမယ်၊ ပြီးတော့ ရီ့ကို လာပြန်ခေါ်မယ်၊ ပြီးတော့  (ရီ့ကို ပြုံးစစနဲ့ ကြည့်ရင်း) ဟဲ ဟဲ တခါတည်း ကားတင်ပြေးပြီသာမှတ်တော့ ဟား ဟား ဟား ဟား"

ဟိုတယ်က ထွက်ထွက်ချင်း နောက်မိတဲ့ ကားတင်တဲ့ ဇတ်လမ်းက ပြန်စလာတာမို့ ရီလဲ တခစ်ခစ်ရယ်ရင်း

"ခစ် ခစ် ခစ် ခစ် ဒါဆို ရီလဲ အဝတ်အစား ပြန်ယူတော့မယ် ခစ် ခစ် ခစ် ခစ်"

နှစ်ယောက်သား ဖြစ်ချင်တဲ့ ဆန္ဒကို မလွန်ဆန်နိုင်ကြဘဲ မမျှော်လင့်တဲ့ ခရီးစဉ်လေး တခု အစပျိုးမိကြသည်။

.....................................................................................................

အခန်း ( ၃ )

ရီ့ကို ဟိုတယ်မှာ ပြန်လာခေါ်ပြီး ကားပေါ်ရောက်တော့ ရီက

"ရီလဲ ကျိုက္ခမီ ဘုရားမရောက်တာ နှစ် ၃၀ ကျော်ပြီ၊ ဖူးချင်နေတာနဲ့ အတော်ဘဲ"

"သိတယ်လေ သိတယ်၊ ဒါကြောင့် ကိုယ်စီစဉ်လိုက်တာ၊ ရီမှတ်မိလား တတိယနှစ်တုန်းက ကျောင်းကနေ တတန်းလုံး ဘတ်စ်ကားကြီးနဲ့ စုသွားတာလေ"

"အင်း မှတ်မိတာပေါ့၊ အဲဒီတုန်းက ကိုဇော်က ကားခေါင်မိုးပေါ်တက်စီးတာ မို့လား၊ ရီက စိတ်ပူနေတာ"

"တကယ်"

"အင်းပေါ့"

"ဟုတ်လို့လား၊ ကိုယ်က ရီစီးတဲ့ကားစီးချင်လို့ ခေါင်မိုးပေါ်က လိုက်စီးတာ၊ ခုံက ပြည့်နေပြီလေ၊ စိတ်ပူတဲ့ သူကလဲ ကြည့်လိုက်တော့ ခပ်တည်တည်နဲ့၊ လူကို အရေးမစိုက်သလို"

"ခစ် ခစ် ခစ် ခစ် အဲဒါ ဟန်ဆောင်နေတာ၊ စိတ်ကတော့ တကယ်ပူတာ သိလား"

"အမလေးဗျာ၊ အဲဒီစကား နှစ် ၃၀ ကျော်မှ ကြားရတော့တယ်"

"ကိုဇော်"

"အင်း ပြော"

"ထူးဆန်းတယ် သိလား"

"ဘာလဲ"

"ခု ကိုဇော်နဲ့ လိုက်လာတာ ရီ လုံးဝ မကြောက်ဘူး သိလား"

"ရီကလဲ ခုက ကြောက်ရမဲ့ အရွယ်တွေမှ မဟုတ်တော့တာ"

"မဟုတ်ဘူးလေ ကိုဇော်ရ၊ အမှန်က ခုမှ ကြောက်ရမှာ၊ တော်ကြာ တယောက်ယောက်တွေ့ပြီး မဟုတ်သရုပ်တွေ အပြောခံရရင် ပြသနာ"

"ရီကလဲ အပြောခံရအောင် ကိုယ်တို့က လူမြင်ကွင်းကြီးမှာ မဟုတ်မဟပ် လုပ်နေတာလဲ မဟုတ်"

"ကိုဇော်ကလဲ ရီပြောချင်တာက အဲလို အပြောခံရမှာ လဲ မကြောက်ဘူးလို့၊ ပြီးတော့ ကိုဇော့်ကိုလဲ အရင်ကလို မကြောက်ဘူးလို့၊ နောက်ပြီးတော့လေ မကြောက်တာ တခုရှိသေးတယ် သိလား"

ကျနော်က ဘာများလဲ ဟု ကားမောင်းရင်း ရီ့ကို လှမ်းကြည့်လိုက်တော့

"ခု ကိုဇော်နဲ့ လိုက်လာတာကို ကိုဇော်က ရီ့ကို အထင်သေးမှာလဲ မကြောက်ဘူးလို့ သိပလား"

"ဟား ဟား ဟား ဟား ဟား ဟား"

"ဘာရီတာလဲ၊ ရီ တကယ်ပြောတာ"

"အင်းပါ၊ အင်းပါ၊ ရီကလေ ခုမှ စကားတွေလဲတတ်၊ သတ္တိတွေလဲရှိ၊ အရင်က ရီမှ ဟုတ်ရဲ့လား"

"အင်းနော်၊ ရီလဲ ကိုယ့်ကိုယ်ကိုယ် သတ္တိရှိမှန်း အခုမှ သိတာ၊ ကိုဇော့်ကို မြင်လိုက်တာနဲ့ အလိုလို စိတ်ထဲမှာ ပျော်သွားတာ၊ နောက်ပြီး ကိုဇော်က ရီ့ကို စကားလာပြောတော့ ပိုပျော်သွားတယ်၊ ဘာလို့လဲ သိလား"

ကျနော်က ကားလမ်းမဘက်ကြည့်ကာ ကားမောင်းနေရာက ရီ့စကားကြောင့် ရီ့ ဘက်လှည့်ကာ ဘာလဲ ဟု သဘောနှင့် လှမ်းကြည့်လိုက်တော့ ရီက ဆက်ပြီး

"ကိုဇော့်ကို ရီ ရှင်းပြချင်နေတာတွေရှိလို့၊ ရီ လေ ကို့ဇော့်ကို ရီ ဘာကြောင့် အိမ်ထောင်ပြုလိုက်လဲဆိုတာ ရှင်းပြချင်နေတာ"

"မလိုပါဘူးရီရာ၊ အဲဒီတုန်းက ကိုလဲ ရီ့ကို သတ္တိရှိရှိ မှ မပြောရဲခဲ့တာ၊ ရီ့ကို အဝေးကဘဲ ကိုက ငေးပြီး ချစ်နေခဲ့တာ"

"ရီ သိပါတယ်၊ ရီကလဲ ကိုဇော့်ကို မြင်တာနဲ့ ထွက်ပြေးနေတာကိုး၊ ထွက်ပြေးပေမဲ့ ကိုဇော်မသိတာ တခုရှိတယ်"

"ဘာများလဲ ရီ

"ကိုဇော့်ကို မတွေ့ရင် ရီလိုက်ရှာတတ်တာ ကိုဇော်က မသိပါဘူး"

"ဒါဆို ရီလဲ ကိုယ့်ကို"

ကျနော့်စကားမဆုံးလိုက် ရီက သူ့လက်နှင့် ပါးစပ်ကို ပိတ်ကာ အသံမထွက်အောင် ရှက်သလို ရယ်တော့သည်။ ကျနော်က ရီ့ လက်တဖက်ကို လှမ်းကိုင်ရင်း

"ရီ ရာ ကိုယ်တို့ အဖြစ်ကလဲ"

"ဟုတ်တယ်နော်၊ ရီ ထင်တာက ကျောင်းပြီးရင် ကိုဇော်က ရီ့ကို လာတောင်းမှာဘဲလို့၊ အဲဒီတော့မှ ရီက ကိုဇော့်ကို လက်ခံမယ်လို့ စဉ်းစားထားတာ၊ ဒါပေမဲ့ ရီ ထင်တာတွေ လွဲကုန်တယ်"

"အဲဒါတော့ ဟုတ်တယ်၊ ကိုလဲ ကျောင်းပြီးတာနဲ့ ရီ ကိုသွားတောင်းပေးဘို့ အမေတို့ကို ပြောထားပြီးသား၊ ဒါပေမဲ့ ရီက ချက်ခြင်းကြီး  လက်ထပ်သွားတာ၊ ကိုယ်လဲ ရီတို့ မင်္ဂလာဆောင် ဖိတ်စာ ကမ်းမှ သိတယ်၊ သိတာနဲ့ ကိုယ်သူငယ်ချင်းတွေနဲ့ တိုင်ပင်သေးတယ်၊ ဘာလုပ်ရလဲလို့၊ လူကလဲ ထူပူနေတာ သတ္တိကလဲ မရှိ၊ ဘာလုပ်ရမှန်းလဲ မသိ"

ရီက ကျနော့်ကို နားလည်သလို လှမ်းကြည့်တယ်၊ ကျနော်ဆုတ်ထားတဲ့ လက်ကို ရီကလဲ တင်းတင်းလေး ပြန်ဆုတ်လိုက်တာ သတိထားမိလိုက်တယ်။

"သူငယ်ချင်းတွေကပြောတယ်၊ မင်းတို့ဟာက ရီးစားလဲ မဟုတ်၊ ဟိုက မင်းကို လက်မခံချင်လို့ ရှောင်ပြေးနေတဲ့ဟာ၊ ဘာလုပ်ရမှာလဲ၊ ဘာမှလုပ်မရဘူး ဘာညာနဲ့ ဝိုင်းပြောကြတော့ ကိုယ်လဲ"

"မဟုတ်ဘူး ကိုဇော် မဟုတ်ဘူး၊ ဒီကိစ္စ ရီလက်ခံတာမဟုတ်ဘူး၊ ရီ အဲ့ဒါကို ရှင်းပြချင်တာ၊ ရှင်းပြချင်နေတာ ကြာပြီ"

"ဖြစ်ပြီးမှ ရှင်းပြလဲ ကိုယ်တို့ ဘာမှ မှ လုပ်လို့မရတော့တဲ့ဟာ ရီရယ်"

"ဒါကို ရီလဲ သိပါတယ်၊ ဘာမှလုပ်မရတော့ပေမဲ့ ရီက ကိုဇော့်ကို အမှန်ကို ပေးသိချင်တာ၊ ကိုဇော် ရီ့ကို စိတ်နာသွားမှာ ကြောက်နေတာ၊ ခု ပြန်တွေ့တော့ ကိုဇော်လာနှုတ်ဆက်တာ ရီ အရမ်းပျော်သွားတာ သိလား"

"ရီ ရာ၊ ကိုယ်တခါမှ ရီ့ကို စိတ်မနာခဲ့ဘူးပါဘူး၊ ရီ လက်ထပ်သွားတာတောင် ကိုယ့်စိတ်ထဲမှာ ကိုယ့်ကို မချစ်လို့ ထားသွားတယ်ဘဲ မှတ်တာပါ၊ စိတ်တခါမှ မနာခဲ့ပါဘူး၊ ရီ့ကို စိတ်ထဲ အမြဲသတိရနေတာ၊ ရှင်းရှင်းပြောရင် ရီ့ကို အခုထိ ချစ်နေတာ သိလား"

"ဟော့တော့်"

..................................................................................................

အခန်း ( ၄ )

"ဟုတ်တယ်ရီ၊ ခု ရီ့နဲ့ပြန်ဆုံလို့ ပြောတာမဟုတ်ဘူး၊ ကိုယ့်ရင်ထဲမှာ ရီက အမြဲရှိနေတာ၊ ခု ဆရာကန်တော့ပွဲ မှာတောင် ရောက်ရောက်ချင်း ရီ့ကိုဘဲ အရင်ရှာတာ၊ ရီလာလား၊ မလာလားလဲ မသိဘူးလေ"

"အမယ်၊ ရီလဲ ကိုဇော့် ကိုရှာပါတယ်၊ ဒါပေမဲ့ ရီက ကိုဇော်လာမယ်လို့ မထင်ထားတာ"

"ဟုတ်တယ်၊ ကိုလဲ ကိုယ့်ကိုယ်ကိုယ် လာဖြစ်မယ် မထင်ထားတာ၊ နောက်မှ ဗြုန်းစားကြီး သွားမယ်ဟာ ဆိုပြီး ကောက်ထွက်လာတာ၊ ဘယ်သူငယ်ချင်းမှ မသိဘူး၊ ဒီရောက်မှ အကုန် အံ့သြကုန်တာ"

"ကဲ ကိုဇော် ရီ့လက်ကိုလွှတ်ပြီး ကားကို သေချာကြည့်မောင်းပါအုံး၊ တော်ကြာ ကျိုက္ခမီ မရောက်ဘဲ နေအုံးမယ်၊ ကိုဇော်က ကားသာမောင်းနေတယ် လမ်းကို ကြည့်တာနဲနဲ၊ ရီ့ကို ကြည့်နေတာ များများ"

ရီပြောတာလဲ ဟုတ်နေတာမို့ ရီ့လက်ကို တချက်မှ ခပ်တင်းတင်းလေး ညှစ်လိုက်ပြီးမှ လွှတ်ကာ ကားကို အာရုံစိုက် ပြန်မောင်းလိုက်သည်။ ကျနော့်စိတ်ထဲမှာတော့ ရီ့ကို ခုထိ ချစ်နေကြောင်း ဖွင့်ပြောလိုက်ရလို့ ကြေနပ်သွားသည်၊ ပြီးတော့ စကားလမ်းကြောင်းပြောင်းကာ ဟိုတစ ဒီတစ အမှတ်တရလေးတွေ ပြောမိကြသည်၊ ကားကို မောင်းလာရင်း မုဒုံအဝင်ကျတော့

"မုဒုံကန်ကြီး ဝင်မလား၊ ကိုယ်တို့တုန်းကတော့ အဲဒီက လဘက်သုတ် တော်တော်ကောင်းတယ်၊ ခု ဝင်ကြည့်မလား"

"အင်း ကောင်းသားဘဲ၊ ခု စောသေးတာဘဲ၊ လမ်းလဲကြုံတယ်"

"အရင်တုန်းကတော့ မုဒုံမှာ ရေတံခွန်လေး တခုရှိသေးတယ်၊ ရီ မှတ်မိလား၊ ခု ရှိသေးလား မသိဘူး"

"အင်း ဂျုံးဂျုံးကျ ရေတံခွန်လေ၊ ရှိအုံးမယ်ထင်တယ်၊ ကိုဇော်သွားချင်လို့လား"

"ဟင်အင်း၊ သတိရလို့ မေးကြည့်တာ၊ မသွားတော့ပါဘူး၊ ကန်ကြီးဘဲ ခန ဝင်တာပေါ့"

ကန်ကြီးရောက်တော့ ကားကို ကားရပ်တဲ့ နေရာမှာ ရပ်ပြီး ကန်ကြီးစေတီကို အရင်ကန်တော့ကာ ရေကန်ကြီးရှိရာသို့ ဆင်းလာခဲ့သည်၊ ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ အရင်ကနဲ့ မတူ ပြောင်းလဲသွားတာတွေ ပြောရင်း အရင်လို ကန်ကြီးနားက စားသောက်တန်း ကို တွေ့တော့ လာ လက်ဘက်သုတ် စားကြည့်အုံးမယ်၊ အရင်လိုကောင်းသေးလားလို့ ဟု ရီ့ကို ပြောကာ စားသောက်တန်းဘက်ဆင်းလာသည်၊ ဆိုင်တွေကို ဟိုဟိုဒီဒီ ကြည့်ရင်း သန့်ရှင်းသတ်ရပ်တဲ့ အသုတ်ဆိုင်တခုထဲ ဝင်ထိုင်လိုက်တော့ စားပွဲထိုး ချာတိတ်မလေး တယောက်က ကမန်းကတမ်း ရေနွေးကြမ်းအိုးနဲ့ ခွက်တွေ ကိုင်ပြီး ပြေးလာသည်၊ ရီက ဘာတွေရလဲ ဟုမေးတော့ လဘက်သုတ်၊ ဂျင်းသုတ်၊ ခရမ်းချဉ်သီးသုတ် အစရှိတဲ့ အသုတ်ပေါင်းစုံ အမည်ကို ရွတ်ပြတယ်၊

ကိုဇော်က လဘက်သုတ် စားချင်တာ မို့လား ဟု ကျနော့်ကို လှမ်းမေးတော့ ကျနော်က အင်း လူကြီးသုတ်လေ လဘက်နဲ့ အကြော်နဲ့ဘဲ သိလား ဟုပြောလိုက်တော့ အင်း ဆိုပြီး လဘက်လူကြီးသုတ်တပွဲ၊ ခရမ်းချဉ်သီး သုတ် တပွဲလုပ် ဟု ရီက လှမ်းမှာကာ ရေနွေးကရားအိုးထဲက ရေနဲ့ ခွက်ကို ရေကျင်းပြီး ရေနွေးပူပူ ထည့်ပေးတယ်၊ ကျနော်က စားပွဲမှာ ထိုင်ကတည်း က ရီ့ကိုဘဲ ကြည့်နေမိတော့ ရီက ကျနော့် ကို

"ကိုဇော်နော် ဘာကြည့်နေတာလဲ"

"အော်၊ ဘာမှ မဟုတ်ပါဘူး၊ ကိုယ့်မျက်စိထဲမှာ ရီက ကြည့်လို့ အရမ်းကောင်းနေလို့"

"ရီ လဲ အဖွားကြီး ဖြစ်နေပါပြီနော်"

"အသက်ကြီးပေမဲ့ မပျက်စီးသေးပါဘူးလေ"

"ဘာပြောတယ် ကိုဇော်နော်၊ စကားကိုက"

"မဟုတ်ဘူးလေ၊ ကိုယ်ဆိုလိုတာက အသက်သာကြီးတယ် ရီက သူများတွေလို တကယ့်ကို အသက်ကြီး သွားတယ်လို့ မထင်ရဘူးလို့ ပြောတာပါ၊ မနေ့က ကျောင်းမှာ မတွေ့ဘူးလား၊ တော်တော်များများက ဘယ်လောက်ဘဲ လှနေအောင် ပြင်ထား ပြင်ထား အသက်ကြီးတာက သိသာနေတယ်၊ ခု ရီ့ကို ကြည့်ရတာ ဟိုးအရင် နှစ် ၃၀ လောက်က အတိုင်းဘဲ၊ အဝတ်အစား ဝတ်တာက အစ၊ အရင်လိုဘဲ ရိုးရိုးလေးနဲ့ လှနေအောင် ဝတ်တတ်တယ်၊ အသက်ကြီးသွားတယ်လို့ကို မထင်ရဘူး"

"ကိုဇော်နော် သွား၊ ဒါ တမင်သက်သက် မြှောက်နေတာ၊ မသိဘူးများ မှတ်နေလား"

"ဟဲ ဟဲ ဟဲ ဟဲ မဟုတ်ပါဘူးရီရ၊ ကိုယ်က အဲလိုဘဲ တကယ်မြင်လို့ ပြောတာ"

ဒီတော့ ရီ လဲ ပြုံးကာ ကျနော့်ကို သေချာပြန်ကြည့်ရင်း

"ကိုဇော်ရော ဘာထူးလဲ၊ တီရှပ်နဲ့ ဂျင်းပင် နဲ့၊ သူ့ကိုယ်သူ လူငယ်လေး ကျနေတာဘဲ၊ ပြီးတော့ ဒီကလူတွေလို ကိုဇော်က ဘိုက်ကရွှဲမနေတော့ လူငယ်စတိုင် ပိုပေါက်တာပေါ့၊ နောက်ပြီး ကိုဇော်က အရင်ကထက်တောင် ခု ပုံစံ က ပိုခန့်လာတယ်၊ နဲနဲ ပိုပြည့်လာလို့လားမသိဘူး"

"ဟဲ ဟဲ ဟဲ ဟဲ ရီကလဲ၊ မြှောက်စရာ မရှိ အချင်ချင်းဘဲ ပြန်မြှောက်နေ၊ ဒါပေမဲ့ ရီ့ကို ခုလို ဆက်ဆံနေတာ ရီ အရင်လို ချောနေ၊ လှနေသေးလို့ တော့ မဟုတ်ဘူးနော်၊ ရီ အဖွားကြီး ပုံစံ ဖြစ်နေလဲ ကိုယ်ကတော့ ဒီ အတိုင်းဘဲ ဆက်ဆံမှာဘဲ၊ အဲဒါက တကယ်ပြောတာ၊ ကိုယ့်ရင်ထဲမှာ ရီက ဘယ်တော့မှ ပြောင်းလဲသွားမှာတော့ မဟုတ်ဘူး"

"အမယ်၊ ရီ လဲ အတူတူပါဘဲနော်၊ ကိုဇော်က ထိပ်ကြီးပြောင်ပြီး ဘိုက်ကြီးရွှဲနေလဲ ရီ့ စိတ်ထဲမှာ ကိုဇော်က ကိုဇော်ပါဘဲ"

တယောက်ကို တယောက်မြှောက်ကာ သဘောကျနေတုန်း မှာထားတဲ့ အသုတ်လာချပေးတာနဲ့ အစာဘက် စကားလမ်းကြောင်းရောက်သွားပြီး အသုတ်တဇွန်းစီ စားလိုက်၊ ရေနွေးကြမ်းသောက်လိုက်၊ အသုတ်အကြောင်း ပြောလိုက်နဲ့ စောစောက စကားခန ပြတ်သွားသည်၊

...................................................................................................

အခန်း ( ၅ )

မုဒုံ ထွက်ပြီး ကျိုက္ခမီ လမ်းမပေါ်ရောက်တော့ ရီ့ကို စကားပြန်စလိုက်သည်၊

"ရီ"

ရီက ထူးသည့် သဘောနှင့် ကျနော့်ကို လှမ်းကြည့်တော့

"ကိုယ် ရီ့ကို အပြောချင်ဆုံး စကားရှိတယ် သိလား"

ရီက သိသည့် သဘောနှင့် ရှက်ကိုးရှက်ကမ်း ပြုံးကာ ဟိုဘက်လှည့်သွားသည်။

"ကိုယ် ကျောင်းတုန်းကဆို ရီ့ကို ပြောချင်တာတွေ ဆို စာရေးစက္ကူ စာရွက်လှလှလေးထဲ ရေး၊ စာအိပ်လှလှလေးထဲ ထည့်ပြီး လွယ်အိပ်ထဲ ဆောင်ထားတာ၊ ရီ့ကိုပေးမယ်ပေါ့၊ တကယ်တန်းကျ မပေးရဲလို့ မပေးဖြစ်ဘူး၊ နောက် ရီ့ကို မပေးဖြစ်ဘဲ ကြာလို့ စာအိပ်က နဲနဲဟောင်း သွားရင် အသစ်တစောင် ထပ်ရေး၊ စာအိပ် အသစ်ထဲ ထပ်ထည့်နဲ့ နောက်ဆုံး ရီလက်ထပ်သွားတော့ ကိုယ့်မှာ စုစုပေါင်း ဘယ်နှစ်စောင် ကျန်လဲသိလား"

ရီက ကျနော့်ဘက် ပြန်လှည့်ကာ ဟုတ်လို့လား သဘောနှင့် ကြည့်တော့ ကျနော်က စကားကို ဆက်လိုက်သည်၊

"မှတ်မှတ်ရရ ၂၄ စောင်ရှိတယ်၊ အရင်ကတော့ မပေးဖြစ်ပေမဲ့လဲ ရီ နဲ့ လက်ထပ်ရင် ရီ့ကို ဘယ်လောက်ချစ်ကြောင်းပြမယ် ဆိုပြီး သိမ်းထားတာ၊ ရီ က လက်ထပ်လိုက်တော့"

ကျနော်က စကားကို မဆက်ဘဲ ရပ်လိုက်တော့ ရီက မေးတယ်။

"ကိုဇော့်မှာ အဲဒီ စာတွေ အခုထိ ရှိသေးလား"

"ဟင်အင်း၊ မရှိတော့ဘူး"

"ဘာလဲ၊ မီးရှို့လိုက်တာလား"

"ဟင်အင်း၊ ရီ လက်ထပ်လိုက်တဲ့ နေ့မှာ ကို အဲဒီစာတွေကို သတ္တာသေးသေးလေးထဲ ထည့်၊ ပြီးတော့ ကျောက်စရစ် ခဲတွေ အပြည့်ထည့်ပြီး သော့ခတ်လို့ သံလွင်မြစ် ဘောတံတား ကနေ ရေထဲ ပြစ်ချလိုက်တာ"

"ရီ တကယ်ဖတ်ချင်လိုက်တာ"

"ခုချိန် ရီ ဖတ်ရင် ရယ်စရာကြီး ဖြစ်နေမယ် ထင်တယ်၊ အဲဒီတုန်းက ရေးထားတာ ရီ့ကိုမှ မရရင် သေတော့မဲ့ အတိုင်း၊ ဟား ဟား ဟား ဟား၊ တကယ်တန်းကျ မသေဘဲ ခုထိ ကျမ်းကျမ်းမာမာကြီး၊ ဒါပေမဲ့ ရီရာ အဲဒီတုန်းက ကိုယ် ဘယ်လောက်ခံစားလိုက်ရလဲ ဆိုတာ ကိုယ်ဘဲ သိတယ်"

ကျနော်က အရွှန်းဖေါက်ကာ ရယ်ရင်း ပြောပေမဲ့ ရယ်သံက အသက်မပါမှန်း သိသာနေသည်၊ ရီက လိုက်မရယ်၊ မရယ်သည့်အပြင် ကျနော့် ခံစားချက်ကို နားလည်သလို ရီကလည်း သူ့ခံစားချက်ကို ပြောပြသည်။

"ရီ သိပါတယ်၊ ရီ လဲ ကိုဇော့်လိုဘဲ ခံစားရပါတယ်၊ နောက်ပြီး အဲဒီတုန်းက ရီ လက်မထပ်ရင် မဖြစ်လို့ လက်ထပ်လိုက်ရတာ၊ အဲဒီအကြောင်းကို ရီ ကိုဇော့်ကို အရမ်းရှင်းပြချင်တာ၊ ရီ့  သူငယ်ချင်း မိသန်းနဲ့တောင် တိုင်ပင်သေးတယ်၊ ကိုဇော့်ကို အကြောင်းရင်း ပြောပြရင် ကောင်းမယ်လို့၊ မိသန်းက ဘာပြောလဲ သိလား"

ကျနော်က ကားမောင်းရင်း ရီ့ဘက် လှည့်ကြည့်လိုက်တော့ ရီက စကားဆက်တယ်။

"နင်တို့ကလဲ ချစ်သူတွေလဲ မဟုတ်၊ ဟိုက နင့်ကို လိုက်သာလိုက်နေတာ ဘာမှလဲ လာပြောတာ မဟုတ်၊ ကိုယ်က သွားရှင်းပြရင် သိက္ခာတောင် ကျသေးတယ်၊ ပြီးတော့ နင်က အဲဒီလူကိုဘဲ ယူမှ ဖြစ်မှာ၊ နင့် အဖြစ်ကို ကိုဇော်လဲ လာကယ်နိုင်တာ မဟုတ်ဘူး၊ ဘာမှ မရှင်းပြနဲ့ ဒီအတိုင်းထားလိုက်၊ ဆိုပြီး အတင်းပြောတာနဲ့ ရီလဲ ဒီအတိုင်းဘဲ နေလိုက်တာ၊ ဒါပေမဲ့ ရီ့စိတ်ထဲမှာ တကယ်ဘဲ ကိုဇော်ကို ရှင်းပြချင်နေတာ၊ ရီလဲ အဲဒီတုန်းက တော်တော်လေး ခံစားလိုက်ရတယ် ဆိုတာ ရီ့ဖာသာရီဘဲ သိတယ်"

ရီက ပြောရင်း အသံတိုးကာ တိမ်ဝင်သွားသည်၊ ရီပြောမှ ကျနော်လဲ ရီ့ အဖြစ်ကို နားလည်သွားသည်၊ ခံစားချက် ကိုယ်စီကို ရင်ဖွင့်နေတုန်း ရီ့ဖုံးက အသံမြည်လာသည်၊ ဖုံးလာတော့ ရီက ဖုံးကို ကြည့်ရင်း ချောင်းတချက် ဟန့်ကာ ခံစားချက်ကို ထိမ်းရင်း မိသန်းဆီကဖုန်း၊ ကိုဇော် ခန နော် ဆိုပြီး စပီကာ ဖွင့်ကာထူးလိုက်သည်။

"ဟဲလို"

"ဟဲလို၊ ရီ လား၊ နင်အားပြီလား၊ ငါ လာခေါ်ရတော့မလား"

မိသန်း မေးတဲ့ စကားကြောင့် ရီက ကျနော့ကို ဘာပြောလိုက်ရမလဲ ဟု သဘောမျိုးနှင့် လှမ်းကြည့်ကာ ပါးစပ်ကို လှုတ်ရုံ အသံမထွက်ဘဲ မေးသည်။ ကျနော်က သဘော ဟု ပါးစပ်လှုတ်ရုံ အသံမထွက်ဘဲ ပြန်ပြောလိုက်သည်။

"ဆောရီး မိသန်း၊ ငါ ဈေးမပတ်ဖြစ်တော့ဘူး၊ မအားတော့လို့"

"ဘာလဲ၊ နင့် ကိုဇော်က မပေးပြန်တော့ဘူးလား၊ ခု နင် ဘယ်မှာလဲ၊ ငါ့ကို မှန်မှန်ပြော"

"မဟုတ်ပါဘူးဟာ၊ ငါတို့ ကျိုက္ခမီ ဘုရားဖူး ထွက်လာတာ၊ ခု လမ်းမှာ၊ မုဒုံကတောင် ထွက်လာပြီ"

"နင်တို့ နှစ်ယောက်ထဲလား"

"အင်း၊ မနက်စာ စားရင်းနဲ့ စကားစပ်မိပြီး မရောက်တာကြာလို့ သွားဖြစ်တာ"

"အေးပါ၊ အေးပါ၊ ငါ့ကိုတောင် ခေါ်ဘို့ သတိမရဘူး မို့လား၊ သွား သွား နင်တို့ဘဲ သွား၊ ဒါဆိုလဲ နက်ဖြန်မှ ဈေးပတ်တော့မယ်၊ နင်ပြန်လာမှ"

"ငါက နက်ဖြန် ကားတက်ချိန်မှ ပြန်ရောက်တော့မှာ၊ အခန်းတောင် အပ်ခဲ့ပြီ"

"ဘုရားရေ၊ နင်တို့က ကျိုက္ခမီ အပြင် ဘယ်များ သွားအုံးမလို့လဲ"

"ကျိုက္ခမီ ပါဘဲ၊ ပြီးတော့ စက်စဲမှာ တညအိပ်မလို့၊ နက်ဖြန်မှ ပြန်လာမယ်"

"ငါထင်တယ်၊ ငါထင်တယ်၊ မနေ့ထဲက နင်တို့ နှစ်ယောက်ကို ကြည့်ရတာ၊ ဝေဒနာ ဟောင်းတွေ ပြန်ထနေတာ ငါသိတယ်နော်"

"နင်ကလဲ၊ နင်ထင်သလို မဟုတ်ပါဘူးဟ၊ ခုဟာက သူငယ်ချင်း ဘုရားဖူးထွက်တာ၊ နင်တို့ အဲလို နောက်လို့ မခေါ်ချင်တာ သိလား"

"မိရီနော် လူကြားကောင်းအောင် ငါ့ကို လာမပြောနဲ့၊ ငါမသိဘူး မှတ်နေလား၊ နင့်ဖာသာ ရိုးရိုးဘဲသွားသွား၊ ဆန်းဆန်းဘဲ သွားသွား နှစ်ယောက်ထဲ သွားတာ တခြားသူတွေသိရင် မကောင်းဘူး၊ တိုးတိုးတိတ်တိတ်သွား"

"အင်းပါ၊ ဘယ်သူမှ မသိပါဘူး၊ နင့်ကိုဘဲ ပြောပြတာပါ၊ ငါပြန်လာရင် နင့်အတွက် ကျောက်ပွင့် ကောင်းကောင်းဝယ်လာပေးမယ်"

"အေးပါဟာ၊ ငါနားလည်ပါတယ်၊ ခုဆုံတုန်း နင်ပြောချင်တဲ့ စကားတွေလဲ တခါထဲ အကုန်ပြောခဲ့၊ အလွမ်းလဲ တခါထဲ အပြီးသယ်ခဲ့၊ ပြီးတော့ နက်ဖြန် နင်မပြန်ခင် ကျောက်ပွင့်လဲ ငါ့ဆီ ဝင်ပေးဘို့ မမေ့နဲ့"

"အေးပါ၊ အေးပါ၊ လာပေးမယ်၊ စိတ်ချ၊ ဒါဘဲနော်"

"အေး၊ အေး ဒါဘဲ"

ဖုံးချသွားပြီးတော့ ရီ က ကျနော့ကို

"တွေ့လား၊ ဒါကြောင့် သူတို့ကို မခေါ်ချင်တာ၊ စဘို့ဘဲ သိတယ်"

"အင်းလေ၊ ကိုယ်တို့ ကလဲ စချင်စရာ ဖြစ်နေတာကိုး၊ အော် ရီ၊ စောစောက စကားစတောင် ပြတ်သွားတယ်"

"ဘာများလဲ"

"ရီ့ကိုကိုယ် ချစ်တယ်ဆိုတာ ခု ထပ်ပြောမလို့ဟာ"

"အာ ကိုဇော်ကလဲ"

"ဟုတ်တယ် ရီ၊ ကိုယ်လဲ သိပ်ပြီး မစောင့်ထိမ်းချင်တော့ဘူး၊ ကိုယ်တို့နှစ်ယောက်က အရင်ထဲက တယောက်ကို တယောက်ကို ချစ်နေခဲ့ကြတယ်ဆိုတာ အခုသိပြီဘဲ၊ အကြောင်းကြောင့်သာ မပေါင်းရတာ၊ ကိုယ်တော့ လက်ရှိဘဝကို မေ့ထားပြီး ခု ခရီးလေးမှာ ရီ နဲ့ ကိုယ် ချစ်သူတွေလိုဘဲ နေချင်တယ်"

................................................................................

အခန်း ( ၆ )

ရီက ကျနော့်စကားကြောင့် ကျနော့်ကို မျက်စောင်းထိုးသလို မျက်စိကို စွေကြည့်ရင်း ခပ်ထေ့ထေ့ပြောသည်။

"ခု ခရီးလေးတခုဘဲလား၊ ကိုဇော်က ဒီကပြန်ရင် ရီ့ကို မေ့လိုက်တော့မယ်ပေါ့၊ ဟုတ်လား"

ရီပြောမှ ကျနော့် စကားကို ရီ ဘယ်လို အဓိပါယ် ပေါက်သွားလဲဆိုတာ သတိထားမိလိုက်ပြီး

"အာ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကိုပြောတာ အဲလိုမဟုတ်ဘူး၊ မေ့လို့ရမလား ရီရာ၊ ချစ်သူလို့ ပွင့်ပွင့်လင်းလင်း မတော်ရသေးတဲ့ အချိန်ကတောင် မေ့လို့မရခဲ့တာ၊ ချစ်သူလို့ ဖြစ်လာမှတော့ မေ့လို့ရမလား၊ ရီကလဲကွာ၊ ကိုယ်ဘာကိုဆိုလိုတယ်ဆိုတာ သိသိကြီးနဲ့"

"မသိပါဘူး"

"ကဲ မသိရင်"

ကျနော်က ကားကို လမ်းဘေးထိုးရပ်လိုက်ပြီး စက်ပါသပ်လိုက်သည်။ နောက် ရီ့ဘက်လှည့်ကာ လက်ကို လှမ်းဆွဲလို့ ကျနော့ဘက် ကိုင်းကျလာတဲ့ ရီ့ကိုယ်ကို ဖက်လိုက်သည်။

"အို့ အို့ ကိုဇော် ကိုဇော်"

"ရီ့ကို ကိုယ်ချစ်တယ်၊ အရမ်းချစ်တယ်၊ အရင်ကလဲ ချစ်တယ်၊ ခုလဲ ချစ်တယ်၊ နောက်လဲချစ်တယ်၊ ဘာဖြစ်ဖြစ်  ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်၊ အမြဲတမ်း ချစ်တယ်၊ ကဲ သိပလား"

"အဲ့ အဲ့ တော်ပြီ တော်ပြီ၊ လွှတ်၊ လွှတ်၊ ဘာမှန်းလဲ မသိဘူး၊ ကလေးကလားနဲ့၊ မရှက်ဘူးလား"

ရီက ရှက်ကိုးရှက်ကမ်းနှင့် ကျနော်ဖက်ထားတာကို မလွတ်အောင်ရုန်းရင်း ပြောသည်၊ ကျနော်က မလွှတ်ဘဲ အတင်းထပ်ဖက်လိုက်ရင်း

"မရှက်ပါဘူး၊ ချစ်တာ ရှက်စရာမှ မဟုတ်တာ၊ ကိုယ်က အခုမှ ရီ့ကိုချစ်တယ်လို့ ပြောရဲတာ၊ ကိုယ်လဲ ရီ့ဆီက ချစ်တယ်ဆိုတဲ့စကား ကြားချင်တယ်၊ ကိုယ့်ကို ချစ်တယ်လို့ ပြောပါအုံး"

"အာကွာ ကိုဇော်ကလဲ"

"မ အာကွာနဲ့ကွာ၊ ပြောပါ၊ ကိုယ်လဲ ကြားချင်တာပေါ့၊ မပြောရင် ဖက်နမ်းမှာနော်"

ပြောရင်း ရီ့ ခေါင်းက ဆံပင်ကို နမ်းလိုက်သည်၊ ကျနော့် အနမ်းကြောင့် ရီ ကမန်းကတမ်းပြောသည်၊ ရီ လဲ အခုမှ အပျိုပေါက်စလေးလို အရှက်ပိုနေတာလား မပြောတတ်၊

"အို့ အိုး ချစ်တယ် ချစ်တယ်၊ တော်ပြီ တော်ပြီ၊ လွှတ်တော့ လွှတ်တော့"

"အမလေး ဒီစကား ကြားချင်နေတာ၊ ဝမ်းသာလိုက်တာ ရီရာ၊ ကိုယ်လဲ ရီ့ကို အရမ်းချစ်တယ်"

ပြောရင်း ရီ့ အားရပါးရ ဖက်ကာ ပါးကို အကြာကြီး ကပ်နမ်းလိုက်သည်။

"အိုး  . . . ကိုဇော်"

ပြီးမှ ရီ့ကိုယ်ကို လွှတ်ပေးလိုက်ပြီး

"အရမ်းပျော်တာဘဲ ရီ ရာ၊ ကိုယ်တသက်မှာ အပျော်ဆုံးဘဲ၊ ဒီဘဝမျိုး တသက်လုံး မရတော့ဘူး ထင်ထားတာ"

ဝမ်းသာလုံးဆို့နေတဲ့ ကျနော့်မျက်နှာပေါ်မှ အပြုံက ဘယ်လိုမှ ဖုံးဖိမရ။ ရီလဲ ပျော်နေသလို အပြုံးက ကျနော့်နှင့် အပြိုင်၊ ကျနော့်ကို မျက်စောင်းထိုးရင်း

"ပြောလဲ နမ်းခံထိတာဘဲ၊ ဒီလိုမှန်းသိ မပြောပါဘူး"   

"မပြောရင် ပိုနမ်းမှာပေ့ါ"

"ကိုဇော်နော် ခုမှ တော်တော်ကဲနေ၊ ကဲပါ၊ မောင်းပါ"

ရီ့စကားကြောင့် ကားကို စက်နှိုးကာ မောင်းထွက်ခဲ့သည်၊ မထင်မှတ်ထားဘဲ အချိန်တိုလေး အတွင်းမှာ အရင်က အုံ့ပုန်းထိမ်းထားသမျှ ပေါက်ကွဲကုန်သည်၊ ခုမှ စိတ်လွတ်ကိုယ်လွတ် ဟိုတစ ဒီတစ ခေါင်းထဲရောက်လာသည့် အရင်တုန်းက အဖြစ်တွေကို ပြန်ပြောရင်း တယောက်နှင့် တယောက် ပိုနားလည်လာသလို တယောက်အကြောင်း တယောက်ပိုသိလာသည်။

......................................................................................................................

အခန်း ( ၇ )

ကျိုက္ခမီ ရောက်တော့ ဘုရားမဖူးခင် မနက်စာ စားကြသည့် အခါကလည်း တယောက်အကြိုက် တယောက်လိုက်ကာ ချစ်စ ခင်စ ကြင်နာစ လင်မယားလို တယောက်နှင့် တယောက် အပြိုင်အဆိုင် အကြင်နာပို နေကြမိသလို၊ ဘုရားဆီ သွားသည့် စင်္ကြန်လမ်း တလျှောက်မှာလည်း တယောက်လက် တယောက်တွဲကာ အပြုံးကိုယ်စီနှင့်၊ အရင်က တယောက်နှင့် တယောက် အုံ့ပုန်း ချစ်ခဲ့သမျှ ခုမှ အားလုံးကို မေ့ကာ ပွင့်ပွင့်လင်းလင်း ချစ်မိကြတော့သည်။

"ရီ"

လက်ဆောင်ပေးဘို့ရော၊ အိမ်အတွက်ရော ဒေသထွက်ပစ္စည်းတွေ လက်မအားအောင် ဆွဲထားရင်းပင်  ရီ့ကို ပုခုံးချင်း ထိရုံတိုက်လိုက်ပြီး ခပ်တိုးတိုး လှမ်းခေါ်လိုက်တော့ ရီက

"အင်၊ ဘာထပ်ဝယ်အုံးမလို့လဲ"

"မဝယ်ပါဘူး၊ ဟို သီချင်းကို သတိရလို့၊ ဘာလဲ၊ စက်စဲရောက်ရင် ရေကူးမယ် ဆိုလား"

"ခစ် ခစ် ခစ် ခစ် ကိုဇော်နော်၊ ရီက ရေမကူးတတ်ဘူး"

"စက်စဲမှာ ရေကူးတတ်စရာမှ မလိုတာ၊ ကားတာယာကျွတ်လို လေဘော်လုံးကြီး ငှားပြီး လှိုင်းစီး၊ ပျော်စရာကြီး၊ ရီ ငယ်ငယ်က မစီးဖူးဘူးလား"

"အင်း၊ စီးတော့ စီးဘူးတယ်၊ ခု ရီ့ မှာ ရေကူးဝတ်စုံလဲ မရှိဘူး"

"မလိုပါဘူး၊ ဒီအတိုင်းဘဲ ထမီနဲ့ အင်္ကျီနဲ့ ကူးလို့ရတာဘဲ၊ ကိုယ်က ရီ နဲ့ အတူရေကူးအုံးမယ်"

"အင်းပါ၊ အင်းပါ"

စက်စဲရောက်တော့ ကမ်းစပ်ကို မျက်နှာမူထားသည် ဘန်ဂလို ဆောင်လေး တခု ငှားလို့ရသည်မို့ ပိုအဆင်ပြေသွားသည်။ ရီက ကျနော်နှင့် တခန်းထဲနေရမှာ ရှက်နေသေးသည်။ အတူသွားငှားတုန်းကတော့ ဘာမှမပြောဘဲ အခန်းသော့ယူကာ အခန်းဆီ လာတော့မှ ရီက ကျနော့ကို တိုးတိုး တိုးတိုး နှင့်

"ကိုဇော်ကလဲကွာ ၂ ခန်းယူလဲ ရရဲ့သားနဲ့ဟာကို"

"ရီကလဲကွာ တခန်းထဲ နေလဲ ရနေတာဘဲ၊ တစိမ်းတွေမှ မဟုတ်တာ"

"တစိမ်းမဟုတ်လို့ပေါ့၊ ချစ်သူတွေ တခန်းထဲနေတော့ ကောင်းမလား"

"ပိုတောင်ကောင်းသေး၊ ရီ ကိုယ့်ကို ယုံတယ်မို့လား"

"အိုး ဘာဆိုင်လို့လဲ၊ ယုံတာနဲ့ တခန်းထဲနေတာနဲ့"

"ယုံတော့ တခန်းထဲ နေလဲ ကောင်းတာပေါ့"

တိုးတိုး တိုးတိုး နှင့် ပြောရင်း အခန်းရှေ့ရောက်တော့ လက်ထဲက သော့နှင့် အခန်းတံခါးကို ဖွင့်လိုက်သည်။

"အဲ့တော့ ကုတင်ကလဲ တလုံးထဲ"

"တလုံးထဲပေမဲ့ အကျယ်ကြီးပါ ရီကလဲ၊ ရီက ဘာတွေ တွေးကြောက်နေတာလဲ၊ မပြုတ်ကျပါဘူး"

"ကိုဇော်နော်"

အခန်းတံခါးကို လှမ်းပိတ်လိုက်ပြီး ရီ့ကို မျက်နှာချင်းဆိုင် ဆွဲဖက်လိုက်သည်။

"အို့"

"ချစ်တယ်ရီရာ"

"ကိုဇော်နော်၊ အဲဒါတွေပေါ့ ကြောက်တာ"

"ရီကလဲကွာ ချစ်သူတွေဘဲ ဒီလောက်တော့ ရှိမှာပေါ့၊ ဘာမှကြောက်စရာ မရှိဘူး။ ကိုယ်တို့က လူပျိုပေါက်၊ အပျိုပေါက်လေးတွေမှ မဟုတ်တာ၊ ပြီးတော့ ဟိုး အရင်ထဲက တယောက်နဲ့ တယောက် ချစ်နေတဲ့ သူတွေ"

ပြောရင်း ခါးကို လက်တဖက်နှင့် တင်းတင်းဆွဲဖက်ကာ လက်တဖက်က ရီ့မေးစေ့ကို ကိုင်ကာ မော့လိုက်ပြီး နဖူးကို နမ်းလိုက်သည်၊

"အရမ်းတော့ မကဲနဲ့ ကိုဇော်ရာ၊ ခုမှ ရီ ကြောက်လာပြီ"

"အင်းပါ၊ ကိုယ့်ကို ယုံ၊ ဟုတ်ပြီလား"

အနမ်းက နဖူးမှ ပါးပြင်သို့၊ နောက် ရီ့နှုတ်ခမ်းကို ကျနော့်နှုတ်ခမ်းနှင့် ထိရုံနမ်းလိုက်ပြီ ချစ်တယ်ရီရာ အရမ်းချစ်တယ်လို့ ပြောရင်း နှုတ်ခမ်းကို ဖွဖွလေး ငုံလိုက်သည်။ ခနလေးကြာတော့ ရီက ကျနော့်ကြောကို ပြန်ဖက်လာသည်။ ခပ်ကြာကြာလေး နမ်းပြီးမှ ရီ့ နှုတ်ခမ်းနဲ့ ခွာလိုက်ကာ

"ချစ်တယ်ရီရာ၊ ရီ ရော ချစ်တယ်မို့လား"

"ချစ်လို့ ရီလဲ ဘာတွေဖြစ်ကုန်ပြီလဲ မသိဘူး၊ မဖြစ်သင့်တာတွေ အကုန်ဖြစ်ကုန်ပြီ ထင်တယ်"

"ကဲပါ ဒါတွေ မစဉ်းစားနဲ့၊ မဖြစ်သင့်တာ ဘာမှ မရှိဘူး၊ ကိုယ်တို့ နှစ်ယောက်က ချစ်သူတွေ၊ ခု ချစ်သူတွေလိုဘဲ နေမယ်၊ လာ ပင်လယ်ထဲ ဆင်းမယ်"

ပြောပြောဆိုဆို ရီ့ကို လွှတ်ကာ ဝတ်ထားတဲ့ တီရှပ်ကို ဆွဲချွတ်လိုက်သည်၊ ပြီးတော့ ဂျင်းဘောင်းဘီကို ထိပ်က ကြယ်သီးဖြုတ်ကာ ဇစ် ဆွဲချလိုက်တော့

"အိုး ကိုဇော်ကလဲ၊ ရေချိုးခန်းထဲ သွားလဲတာမဟုတ်ဘူး"

ရှက်ကိုးရှက်ကမ်းနဲ့ ရီက ပြောရင်း ဟိုဘက်လှည့်လိုက်တော့

"ဟား ဟား ဟား ဟား"

"တော်ပြီ တော်ပြီ ရီ ကတော့ ရေချိုးခန်းထဲဘဲ သွားလဲမယ်" ဟု ဆိုကာ သူ့ အိပ်ကို ဖွင့်ကာ ရေကူးဘို့ အဝတ်အစား ထုတ်ကာ ရေချိုးခန်းထဲ ပြေးတော့သည်၊ ကျနော်လဲ အိပ်ဖွင့်ကာ အသင့်ပါလာသည့် ရေကူးဘောင်းဘီ ခပ်ပွပွ ကိုထုတ်လိုက်ကာ လဲဝတ်လိုက်သည်၊ နောက်မှ သတိရပြီး နေ့လည်နေ့ခင်း ကမ်းခြေမှာ နေကျဲကျဲတောက် ပူနေသည်မို့ ပါလာတဲ့ နေလောင်ဒဏ် ခံနိုင်သည့် လိုးရှင်းဘူးကို ထုတ်ကာ မျက်နှာနှင့် တကိုယ်လုံးကို မှီသလောက် လျောက်လိမ်းနေတုန်း ရီ လဲ ရေချိုးခန်းထဲက ထွက်လာသည်၊ ရီက ခြေတလုံးလောက် ထိဘောင်းဘီနှင့် ဘလောက်စ် အင်္ကျီ ခပ်ပွပွ၊

"တော်သေးတယ် လိုလိုမယ်မယ် ဘောင်းဘီ တထည်ပါလာလို့"

"အင်း ပါလာလို့ တော်သေးတယ်၊ ကိုယ်တောင်စဉ်းစားနေတာ ဘောင်းဘီ တထည် ဒီနားကဆိုင်မှာ ရီ့အတွက် သွားဝယ်မလားလို့၊ ထမီကြီးနဲ့ဆို တော်ကြာ လှိုင်းပုတ်လို့ လန်သွားရင် ကိုယ်မကြည့်ရဲဘူး ဟား ဟား"

"အိုး ကိုဇော်ကလဲ ခစ် ခစ် ခစ် ခစ်"

"လာ အပြင်မှာနေက ကျစ်ကျစ်တောက် ပူနေတာ နေဒဏ်ခံနိုင်အောင် လိုးရှင်းလိမ်းလိုက်၊ နို့မို ရီ့ အသားတွေ နေလောင်ပြီး လန်ကုန်မယ်၊ လာ ကိုယ်လိမ်းပေးမယ်"

"အိုး ကိုဇော်ကလဲ ရီ့ ဖာသာလိမ်းမယ် ရပါတယ်၊ ပေး ပေး"

"မဟုတ်ဘူးလေ ရီ မမှီတဲ့ နောက်ကြောဘက်ကို ကိုယ်လိမ်းပေးမယ်၊ ရီကလဲ ကိုယ့်ကြောကို လိမ်းပေး၊ ဘာလဲ ရှက်နေပြန်ပြီလား"

"အင်း"

"အမလေးဗျာ၊ ခုထိ ရှက်တုန်းဆို မဖြစ်ဘူး၊ ထပ်နမ်းအုံးမှ"

"ခစ် ခစ် ခစ် ခစ် ကိုဇော်နော် ဘာမှလဲ မဆိုင်ဘူး"

နောက်တော့လဲ ရီက သူ့ဆံပင်ကို ကိုင်ပြီး ပင့်ပေးကာ ခေါင်းငုံပေးတော့ ရီ့ ဂုတ်သားလေးနဲ့ အင်္ကျီအောက်က ပေါ်နေသမျှ ပုခုံးနဲ့ ကြောကို သေသေချာချာ လိမ်းပေးမိတယ်၊ ရီက ကျနော့ ကြောပြင်ပြောင်ပြောင်ကြီးကို ပြန်လိမ်းလို့။ ကျနော်တောင် ဒါလေးနဲ့ ဒီလောက်ရင်တုန်နေရင် ရီ တော့ ဘယ်လောက် ရင်တုန်နေမလဲ မသိ။

..............................................................................................................................

အခန်း ( ၈ )

တဟေးဟေး တဟားဟား နှင့် ဆယ်ကျော်သက် ကလေးတွေလို ပင်လယ်ထဲမှာ ကားတာရာကျွတ် ဘောကွင်း တလုံး နှင့် အတူလှိုင်းစီး ကြသည်၊ ရေတက်ချိန်နှင့် ကြုံသည်မို့ လှိုင်းက မသေး၊ တချက် တချက် ပုတ်လိုက်တိုင်း လူက ဘောကိုဖက်တွယ်ထားရင်း ယိုင်သွားသည်၊ ကျနော်က ဘောကိုတဖက်၊ ရီ့ ခါးကို တဖက် ဖက်ရင်း လှိုင်းပုတ်ဒဏ်ကြောင့် မလွင့်အောင် ထိမ်းပေးရသည်၊ ရီကလည်း လှိုင်းကြီးလာတိုင်း ဟော ဟော လာပြီ လာပြီ နှင့် ကျနော့်ကို အတင်းဖက်တတ်သည်၊ ပြီးတော့ တခစ်ခစ် တဟားဟား နှင့် တယောက်နှင့် တယောက်ကြည့်ကာ ရယ်မိသည်။ 

ပင်လယ်ကြီးက ရီ့ အရှက်တရားကို ခဝါချလိုက်သလို ကျနော်လဲ ရီ့ကို အကိုင်အတွယ်မှာ အကန့်အသတ်မရှိ ပါမစ်ရသွားသကဲ့သို့ ရဲရဲတင်းတင်းပင် ပွေ့ဖက်ရဲလာသည်၊ တဖြေးဖြေးရဲလာသည်နှင့် မတော်တဆ ထိတွေ့မှု့တွေက များလာသလို ရီက ဘာမှ မကန့်ကွက်၊ ကျနော်တို့ ကူးနေသည့် နေရာက ဟိုတယ်ပိုင် ကမ်းစပ်ဖြစ်၍ လူကရှင်းနေသည်၊ ခပ်လှမ်းလှမ်းမှာတော့ အဖွဲ့လိုက် ရေကူးနေသူတွေ ရှိပေမဲ့ တယေက်ကို တယောက်သေချာမမြင်၊ ဘေးပတ်ဝန်းကျင်က လူရှင်းနေသဖြင့် ပို၍ ရဲတင်းသည်လား မပြောတတ်၊ ပထမ ဘောကွင်းကို ဖက်တွယ်ကာ လှိုင်းစီးရင်း နောက်တဖြေးဖြေးနှင့် ဘောကွင်းပေါ် နှစ်ယောက်သား ပူးပူးကပ်ကပ် အတူ ပက်လက်အိပ်ကာ လှိုင်းစီးသည့် အထိဖြစ်လာသည်။

"ဟော ဟော ကိုဇော် ကိုဇော် ဟိုမှာလာပြီ လာပြီ အိုး အကြီးကြီးဘဲ အကြီးကြီးဘဲ ဒီဘက်ကို ဒီဘက်ကို ယက် ယက်"

ပျော်ရွှင်နေသည့် ကလေးတယောက်လို အသံစာစာ နှင့် တက်လာသည့် လှိုင်းကိုကြည့်ကာ နှင့် ကျနော့်ကို ပြောရင်း သူ့လက်တဖက်ကို ဘောကွင်း လည်သွားအောင် ရေကိုယက်သည်၊ ကျနော်ကလည်း ရီ ပြောသလို လက်တဖက်နှင့် ရီ ယက်ခိုင်းသလို ယက်သည်။ ကျန်လက်နှစ်ဘက်က ဘောကွင်းအတွင်းမှာ တယောက် လည်ပင်း တယောက်ဖက်လို့။ 

လှိုင်းဒဏ်ကို ကြွတက်နေသည့် ဘောကွင်းဘက်က မခံဘဲ ဘောကွင်း မလန် သွားအောင် လေးသည့် ကျနော့်ဘက်က ဆီးခံမှ ဘောကွင်း မမှောက်မှာကို စီးနေရင်း အတွေ့အကြုံအရ သိသည်မို့ လှိုင်းကို ကြည့်ကာ ဘောကွင်းကို လည်သွားအောင် အတူတူ ယက်ကာ ဘောကွင်းမမှောက်ဘဲ ညိမ့်ကနဲ လှိုင်းစီးသလို ဖြစ်အောင် အတူကြိုးစားရသည်က အရသာ လိုဖြစ်လာသည်။ အစကတော့ အထာ မကျဘဲ ခန ခန မှောက်ပေမဲ့ ခနကြာတော့ အကြောင်းသိလာကာ မမှောက်တော့၊ ကမ်းစပ်ရောက်ကာ ဘောကွင်း သောင်ပေါ်တင်သည်အထိ စီးလာလိုက်၊ ပြီးတော့ နှစ်ယောက်သား ဘောကွင်းပြန်ဆွဲကာ ခပ်လှမ်းလှမ်း ရေနက်ပိုင်းဆီ ပြန်သွားလိုက်နှင့် ခေါက်တုန့်ခေါက်ပြန်စီးနေကြသည်။

ဘယ်နှစ်ခေါက်မှန်း မသိ စီးပြီးတဲ့ အခါမှာတော့ လူက ပန်းလာသည်၊ ဘောကွင်းက ကမ်းစပ်သောင်ပြင်ပေါ် လာတင် သော်လည်း ဘောကွင်းပေါ်က လူတွေက မထချင်တော့၊ နှစ်ယောက်သား ဘောကွင်းပေါ်ပက်လက် မှိန်းနေရာက

"တော်ပြီ ကိုဇော်ရာ မောပြီ၊ နားရင်း အုန်းရည်လေး ဘာလေးသောက်ရအောင်"

"အင်း ကောင်းသားဘဲ"

အစောပိုင်းအခေါက်ပေါင်းမြောက်များစွာက ကမ်းစပ်ရောက်သည်နှင့် နှစ်ယောက်သား ဘောကွင်းပေါ်က ဘယ်လို ထလိုက်လဲမသိ၊ ခု နားတော့မယ် ဆိုမှ ထလို့ မရတော့၊ နှစ်ယောက်လုံး ခန္တာကိုယ်အောက်ပိုင်းက ဘောကွင်းမှာ စွပ်ပြီးမကြွ၊ ကျနော်ကလဲ ရုန်းထ၊ ရီ ကလဲ ရုန်းထ ဘို့ကြိုးစားပေမဲ့ ဘောကွင်းမှ ကျွတ်မသွားဘဲ တစ်နေသည်။ နှစ်ယောက်သား ဟိုရုန်း ဒီရုန်းနှင့် ထမရသည်မို့ လေးငါးကြိမ်အရောက်မှာ တယောက်ကို တယောက်ကြည့်ကာ ရယ်မိသည်။ နောက်မှ ကျနော်က ရီ့ကို ရီ ညိမ်ညိမ်နေ၊ ကိုယ် ဒီဘက်က ရုန်းလိုက်မယ် လို့ပြောရင်း ဘေးက ဘောကွင်းကို လက်တဖက်နှင့် အတင်းဖိပြီး အားနှင့် တစောင်းရုန်းထွက်လိုက်မှ ရီဘက်က ကိုယ်ကို ကျုံ့ပေးလိုက်လို့လားမသိ အစကကျွတ်မထွက်သည့် ကိုယ်က ရုတ်တရက် လျှောလျှောလျူလျူ ကျွတ်ထွက်လာတာမို့ အရှိန်နှင့် ဘောကွင်းပေါ်ပက်လက်ဖြစ်နေသည့် ရီ့ ကိုယ်ပေါ်မှောက်ရက် ကျသွားသည်။

"အို့"

ကျနော့်ကိုယ်က သူ့ပေါ်ပိကျလာသည်မို့ ရီ့ ဆီက အို့ ကနဲ အသံထွက်လာသည်။ ကျနော်ကလဲ မမျှော်လင့်ဘဲ ဖြစ်သွားသည့် အခြေအနေက အခွင့်ကောင်းလို ဖြစ်နေတာမို့ ရီ့ကိုယ်ကို ထပ်လျှက် အလိုက်သင့်နေကာ ခေါင်းထောင်ပြီး ရီ့ကို ကြည့်လိုက်သည်၊ အနားမှာလဲ လူသူရှင်းကာ နှစ်ယောက်ထဲ တကမ္ဘာ ဖြစ်နေသည်မို့၊ မပြောကောင်း မဆိုကောင်း ကျနော်တို့ နှစ်ယောက်ကို ပင်လယ်ထဲက ငါးမန်း တက်ဆွဲရင်တောင် အနားမှာ ကူမဲ့သူ မရှိသည့် အခြေအနေ။ 

ရီ ကလဲ သူ့ကိုယ်ပေါ်ပိနေသည့် ကျနော့်ကို ပြန်ကြည့် တော့ တယောက်နှင့် တယောက် ခနမျှ မျက်လုံးချင်းဆုံကာ ကြည့်ရင်း အရမ်းချစ်တာဘဲ ရီ ရာ လို့ အလိုလို ပါးစပ်ကထွက်သွားသလို ပင်လယ်ရေစက်တွေနှင့်သီးနေသည့် ရီ့ ပါးကို ငုံနမ်းလိုက် သည်၊ အစောပိုင်းက နမ်းလျှင် ရှက်တတ်သည့် ရီ က အခုကျ အသံမထွက်ဘဲ သူ့ကိုယ်ပေါ်ပိနေသည့် ကျနော့် ကြောကို ပင်ပြန်ဖက်လာသည်။

 ရီ့ဘက်ကလဲ လိုက်လိုက်လျောလျောရှိလာသည်မို့ အခွင့်ကောင်းယူကာ ပါးကို နမ်းရာက နှုတ်ခမ်းချင်း ဆက်လိုက်သည်၊ ပင်လယ်ရေကြောင့် အစက ငံကျိကျိ အရသာ ခံစားလိုက်ရသော်လည်း ချက်ခြင်း ဆိုသလို ချိုမြသည့် အရသာက ပါးစပ်ထဲ စီးဝင်လာသည်၊ အောက်နှုတ်ခမ်းသားကို အသာငုံထားရင်း ကျနော့်လျှာက ရီ့ပါးစပ်ထဲတိုးဝင်သွားတော့ ရီကလဲ အလိုက်သင့် ကျနော့်လျှာကို စုတ်ဆွဲလိုက်သလို လက်က ကြောပြင်ကို ခပ်တင်းတင်း လာဖက်တာ ခံစားလိုက်ရသည်။

နှစ်ယောက်သား အနမ်းကြောမှာ ဘယ်လောက်ကြာကြာ နစ်မြောသွားသည် မသိ နားထဲမှာ ဟေး ဟေး ဟား ဟား နှင့် ခပ်သဲ့သဲ့ အော်သံကြားလိုက်မှ အသိပြန်ဝင်လာသည်၊ ဒီတော့မှ လန့်ပြီး ခေါင်းထောင်ကာ ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တော့ မနီးမဝေးမှ စောစောက ရေကူးနေသည့် အဖွဲ့က ဆူဆူညံညံ အသံပြုရင်း ကမ်းပေါ်တက် လာကြသည်ကို တွေ့လိုက်သည်၊ ကျနော်တို့ နှစ်ယောက် ဘောပေါ်ထပ်နေကြသည် ကိုဘဲ လှမ်းနောက်သလား မပြောတတ်။ ရီ လဲ အဲဒီတော့မှ သတိဝင်လာသလို ရှက်ကိုးရှက်ကမ်းနှင့်

"ကိုဇော်ကလဲ ဘာမှန်းလဲ မသိဘူး၊ ရှက်စရာကြီး၊ သူများတွေ တွေ့ကုန်ပြီလား မသိဘူး"

"မတွေ့ပါဘူး၊ နဲနဲလှမ်းနေတာဘဲ၊ သူတို့ဖာသာ အော်နေကြတာ နေမှာပါ"

ဟု ပြန်ပြောရင်း ရီ့ကိုယ်ပေါ်မှ ကြွလိုက်ကာ ထရပ်လိုက်သည်။ ရီ့ကို လက်ကမ်းပေးလိုက်တော့ ရီက ကျနော့် လက်ကို အားပြုကာ ထရပ်သည်။ ရီ မတ်တပ်ဖြစ်သွားသည်နှင့် လက်ကို ဆွဲကာ ဘန်ကလိုရှိရာ ပြေးတော့သည်။

"အိုး အိုး ကိုဇော် ကိုဇော်"

ရုတ်တရက် ရီ့ကို လက်ဆွဲပြီး ပြေးတော့ ရီ့ ဆီမှ အသံထွက်လာသည်။ လေး၊ ငါး၊ ဆယ်လှမ်းလောက် ပြေးပြီးမှာတော့ သောင်ပြင်ပေါ်ချထားသည့် အခန်းသော့နှင့် တိုလီမုတ်စ ထည့်ထားသည့် ကျွတ်ကျွတ်အိပ် နေရာကိုရောက်သည်နှင့် ပြေးတာကိုရပ်ကာ အိပ်ကိုကောက်ယူလိုက်သည်နှင့်

"အုန်းရည် သွားသောက်တာဘဲ ဖြေးဖြေးသွားပါ ကိုဇော်ရာ၊ မောတယ်၊ ရီ မပြေးနိုင်ဘူး"

ရီ့ စကားကြောင့်

"အုန်းရည်ကနောက်မှ သောက်တော့မယ်၊ ခုအခန်းဘဲပြန်တော့မလို့၊ ကိုယ် မအောင့်နိုင်တော့ဘူးကွာ"

ရီက ကျနော်ဘာပြောသည်ကို သိသည့်အလား

"အိုး ဒီမှာ တကိုယ်လုံး ဆားရည်တွေနဲ့ စေးကပ်နေတဲ့ဟာကို"

"ရေအရင်ချိုးမယ်လေ ရီကလဲ၊ ရေချိုးပြီးမှ"

"ကိုဇော်နော် ဘာရေချိုးပြီးမှလဲ"

"အာ ရီ ကလဲကွာ သိသိကြီးနဲ့"

"ကိုဇော်က အရမ်းကဲတာဘဲ"

"အရမ်းချစ်တာပါ"

တယောက်နှင့် တယောက် နားလည်နိုင်သည့် စကားကို အပြန်အလှန်ပြောရင်း ရီ့ကိုလက်ဆွဲကာ ခပ်သွက်သွက် ဘန်ဂလို ရှိရာ လှမ်းလာကြသည်။

........................................................................................................................

အခန်း ( ၉ )

ဘန်ဂလို တံခါးဖွင့်ကာ အထဲရောက်သည်နှင့် ရီ့ကို ရေချိုးခန်းထဲ ဆွဲခေါ်လာကာ ရေပန်း ကိုဖွင့်ချလို့ ရီ့ကိုပါ ရေပန်းအောက် ဆွဲသွင်းလိုက်သည်။ နောက်တဆက်ထဲ ရီ ဝတ်ထားသည့် ဘလောက်စ် အင်္ကျီကို ခေါင်းကနေ အတင်းဆွဲချွတ်လိုက်သည်၊ ဆားရည်နှင့် စေးကပ်နေသည်မို့ အင်္ကျီကခပ်ပွပွ ဖြစ်နေ သော်လည်း တကယ်ချွတ် တော့ ကြပ်နေသည်၊ ရီ က အလိုက်သင့် လက်ကိုမြှောက်ပေးရင်း အို့ အို့ အ အ နှင့် အသံထွက် နေသည်၊ ညင်းညင်းဆန်ဆန်မရှိ၊ အင်္ကျီကျွတ်သွားတော့ ရီ့ အပေါ်ပိုင်းမှာ ဘရာစီယာ အသားရောင်လေး သာကျန်တော့သည်၊

"ခေါင်းလျှော်အုံးမယ်ကွာ၊ ဆံပင်တွေလဲ ဆားရည်တွေနဲ့ စေးကပ်နေတာ ခေါင်းလျှော်မှ ရမယ်"

"အင်း၊ အင်း"

လက်ထဲပါလာသည့် အင်္ကျီကို ပြစ်ချလိုက်ပြီး ဟိုတယ်မှ ပေးထားသည့် ခေါင်းလျှော်ရည်ဘူးသေးလေးကို လှမ်းယူပြီး ရီ့ ခေါင်းပေါ် ညှစ်ချပေးလိုက်သည်၊ ရီက သူ့ဆံပင်တွေကို ပွတ်သည်၊ ကျနော်က ဘူးကို ပြန်တင်ရင်း ရီ့ ဘရာစီယာ နောက်ကဂျိတ်ကို ဖြုတ်လိုက်သည်၊ ဘရာကို ကျွတ်သွားအောင် ဆံပင်ပွတ်နေသည့် ရီ့လက်ကနေ အတင်းပင့်ချွတ်တော့

"အိုး ကိုဇော်ကလဲ ဘာတွေလောနေလဲ မသိပါဘူး၊ ဒီမှာ ခေါင်းတောင်လျှော်လို့ မပြီးသေးတဲ့ဟာ"

"ဆပ်ပြာပါ တခါတည်း တိုက်ပေးမလားလို့"

"ကိုဇော်နော် မသိဘူးများ မှတ်နေလား၊ ကလေးလို ကဲမနေနဲ့"

ဘရာကျွတ်သွားတဲ့ ရီ့ရင်သား အစုံက ခပ်တွဲတွဲလေး ဖြစ်နေပေမဲ့ ရုပ်ဆိုးလောက်အောင် မတွဲ၊ တွဲကျပုံလေးက ချစ်စရာပင်ကောင်းသေး၊ ရေပန်းအောက်မှာ ရီ့ ကိုယ်လုံးက ကြည့်လို့ကောင်းလှသည်၊ အသက်အရွယ်ကြောင့် ဘိုက်သားက ချပ်ချပ်ရပ်ရပ် မရှိသော်လည်း မသိမသာလေး ဖေါင်းနေသည်ကပင် ရီ့ ကို ပိုလှအောင်အထောက် အပံ့ပေးနေသလိုဖြစ်နေသည်။ 

ရီက ခေါင်းလျှော်နေ သည်မို့ မျက်စိမဖွင့်နိုင်၊ အပေါ်ပိုင်း ဘလာဖြစ်သွားသည့် ရီ့ အလှကို ကြည့်ရင်း ဆပ်ပြာရည်ဘူးကို လှမ်းယူကာ လက်ထဲ အနည်းငယ်ထည့်လိုက် ပြီး ရီ့ ပုခုံးမှ စပြီး ပွတ်လိုက်သည်၊ တသက်နှင့် တကိုယ် တခါမှ မကြုံဘူးသည့် အဖြစ်မို့ ကိုယ့်ဖာသာကိုယ်ပင် ဘာဖြစ်နေမှန်း မသိတော့၊ ရင်ဘတ်ထဲမှာတော့ ထကြွသောင်းကျန်းနေသည့် ပိုးပေါင်းသောင်းခြောက်ထောင်လောက်နှင့် ဘလောင်ဆူနေသည်၊ ဆပ်ပြာနှင့် ရီ့ကို ပွတ်ရင်း လက်က မြှောက်ထားသည့် ဂျိုင်းကြားကို ရောက်သွားတော့

"အို့ ယားတယ်"

ရီ့ဆီက အသံထွက်ရင်း မြှောက်ထားသည့် လက်က ချက်ခြင်းကျလာသည်၊ ရီ့ဆီက အသံထွက်လာတော့ လူက  အယောင်ယောင်အမှားမှားနှင့် နို့ ကို လက်နှစ်ဘက်ဖြင့် စုံကိုင်ပြီး ဆပ်ပြာတိုက်ပေးမိပြန်သည်၊ ရီက ဘာမှ မပြောဘဲ

"ဟွန်း" ဟု အသံပြုရင်း ကျနော့် ဘိုက်ကို တချက်မနာအောင် လိမ်ကာ သူ့ခေါင်းကို ရေပန်းအောက်ဝင်ပြီး လျှော်နေသည်။

သူက ဟွန်း ဆိုတော့လဲ ကျနော်လဲ ပွမ်ပွမ်ဟု အသံထွက်မလား ဆိုပြီး ဆပ်ပြာတိုက်ပေးရင်း ညှစ်ကစားကြည့် တော့ ပွမ်ပွမ်လို့ မထွက်ဘဲ ကိုဇော်နော် ဟုအသံထွက်လာသည်၊ ဆပ်ပြာကို တကိုယ်လုံး အနှံ့ပွတ်ပေးရင်း လက်က အလိုလို ဘောင်းဘီကို ကျယ်သီးဖြုတ်ကာ ဇစ်ကို ဆွဲချလို့ အသာတွန်းချွတ်မိသည်၊ တင်ပါးလောက်မှာ ဘောင်းဘီက ဆက်တွန်းချလို့မရ၊ ရေစိုကာကပ်ပြီး ကျပ်နေသည်၊ ကျနော်လဲ ရီ့ရှေ့ငုတ်တုတ်ထိုင်ချလို့ ဘောင်းဘီကို ခြေတလုံးနား အစကနေ ဆွဲချွတ်သည်၊ ဒီတော့မှ ဘောင်းဘီက လျှောကျလာသည်၊ ကျလာသည့်ဘောင်းဘီကို ခြေကျင်းဝတ်ထိ ဆွဲချရင်း အောက်က အနီရောင် အတွင်းခံကိုပါ တဆက်ထဲ ဆွဲချလိုက်သည်။

မြင်လိုက်သည့် မြင်ကွင်းက ကိုယ့်မျက်စိကိုပင် ကိုယ်မယုံ၊ ရှက်ရှက်နှင့် ဝန်ခံရလျှင် ကျနော် ကိုယ်တိုင်ကလည်း မိန်းမအတွေ့အကြုံ များများစားစားမရှိ၊ မရှိဆို ခု ယူထားသည့် မိန်းမ တယောက်နှင့်သာ ကြုံဖူးသည်၊ ယောက်ကျားပီပီ ဗီဒီယို နှင့် စာ အတွေ့အကြုံ အတော်များများ ရှိခဲ့ပေမဲ့ မိန်းမနှင့် ပတ်သက် လာရင်တော့ လက်တွေ့က မူကြိုအဆင့်လောက်ပင်ရှိသည်။

တသွင်သွင်စီးကျနေသည့် ရေက ရီ့ ပေါင်ကြားမှ ခပ်ကျဲကျဲနှင့် ခပ်ရှည်ရှည် ပေါက်နေသည့် အမွေးတွေကို ဖြတ်စီးသွားသလို အမွေးတွေကြားက ရေစက်တွေ တပေါက်ပေါက်ကျနေသည်ကို မမြင်ဘူးသလို ကြည့်နေ မိသည်၊ တခါမှ သက်ရှိမိန်းမတယောက်၏ ပေါင်ကြားကို ခုလို မကြည့်ဖူးသေး၊ အမွေးကြဲကြဲအောက်မှ အကွဲကြောင်းကလဲ ဖြူဖြူဖွေးဖွေး နဲ့ မို့ဖောင်းနေသည်မှာ ထိရက်စရာပင်မရှိ၊ ပေါင်ကြားတင်မက သွယ်ပြီး ဖြောင့်တန်းနေသည့် ပေါင်နှစ်ဘက်ကလည်း အပြစ်အနာအဆာ မရှိဘဲ သွေးကြောလေးများ ပေါ်လောက် အောင်ပင် ဖွေးဖွေးဖြူနေသည်။ လက်ရှိယူထားသည့် မိန်းမ ပေါင်ကြားကို မြင်ဖူးပေမဲ့ ရီ့  ပေါင်ကြားကို မြင်သလောက် တခါမှ ရင်မခုန်မိ၊ ခုမှ ကိုယ်ထဲက ပိုးပေါင်းသောင်း ခြောက်ထောင် တို့က အခုမှ ပိုမိုသောင်းကျန်းလာသလို လူက ကတုန်ကရင် ဖြစ်လာသည်။

ရီက ကျနော် ငေးကြည့်နေတာ မသိထင်။ အောက်ကို ပုံကျလာသည့် သူ့ဘောင်းဘီကို ခြေထောက်ဖြင့်နင်းကာ ချွတ်နေသည်၊ ခေါင်းလျှော်နေသည်မို့ ငုံ့မကြည့်အားတာလဲ ဖြစ်မည်၊ ကျနော်လဲ ခနမျှ မှင်သက်ငေးနေရာမှ ဘာဖြစ်သွားသည်မသိ ထိုင်လျှက်နှင့် ရီ့ တင်ပါးကို လှမ်းဖက်လို့ ဆီးခုံကို မျက်နှာအပ်လိုက်သည်။

"အို့ အိုး  အို့ အို့ ကိုဇော် ကိုဇော်"

ဆိုသည့် အသံနှင့်အတူ ကျနော့်ခေါင်းကို ကိုင်ကာ

"ကိုဇော်၊ ကိုဇော်၊ အို့ အို့၊ မတော်တရော်တွေ လုပ်ပြီ၊ ကိုယ့်ဖာသာချိုးလေ၊ သူဘဲ လောနေပြီး"

"ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်"

"ကိုဇော်ကလဲ ကလေးလိုဘဲ၊ အင်းပါ၊ ချစ်ပါ၊ ချစ်ပါ၊ ရေချိုးပြီး ကြိုက်သလိုချစ်၊ ကိုဇော့် သဘော၊ ခုတော့ ရေပြီးအောင် ချိုးလိုက်အုံးနော် နော် နော်"

ရီက ကျနော့်ကို ချော့မော့ပြောရင်း ဆွဲထူကာ ရေပန်းထဲ ဆွဲသွင်းသည်၊ ကျနော်လဲ ဘာဖြစ်လို့ ဖြစ်မှန်း မသိတော့၊ တသက်နှင့် တကိုယ် တခါမျှ မိန်းမပေါင်ကြားလဲ မျက်နှာမအပ်ဖူး၊ ရေချိုးပြီး ကြိုက်သလိုချစ် ဆိုတာမို့  ထရပ်ပြီး ကမန်းကတမ်း ခေါင်းလျှော်ရည်ကို လှမ်းယူကာ ကိုယ့်ခေါင်းပေါ်ကိုယ်လောင်းချရင်း ချိုးတော့သည်၊ ရီလဲ ဆပ်ပြာရည်ဘူး လှမ်းယူကာ သူ့ဖာသာတိုက်သည်၊ ကျနော်လဲ ဘာမှ မမြင်တော့၊ ရေချိုးနေရင်း ဘောင်းဘီကို ချွတ်ချကာ ရီ့လိုပင် ကိုယ်ဗလာဖြင့် ရေချိုးတော့သည်၊ ရေပန်းအောက်မှာ လူချင်းက ကပ်နေသဖြင့် မာန်ကြွနေသည့် ကျနော့်ဇတ်လိုက်က ရီ့ကို ခန ခန ထိုးမိသည်၊ ကျနော်လဲ မနေနိုင်တော့ဘဲ ရီ့ကို ဆွဲဖက်ကာ

"ဟင်အင်း ဟင်အင်း မအောင့်နိုင်တော့ဘူး၊ မအောင့်နိုင်တော့ဘူးကွာ၊ ချစ်တယ်၊ ချစ်တယ် အရမ်းချစ်တယ်"

"အင်းပါ၊ ချစ်ပါ၊ ချစ်ပါ၊ ဒီနေရာကြီး မကောင်းပါဘူး ကိုဇော်ရာ၊ ရေချိုးပြီးမှ ကိုဇော့်သဘောကျချစ်၊ ခနလေး နော် ခနလေး၊ နော် နော်၊ ကိုဇော်က လိမ္မာပါတယ်၊ နော် နော်"

"ခု ရေချိုးပြီးပြီ၊ လာ၊ လာ၊ ချစ်မယ်"

"အာ ရေတွေစိုနေတဲ့ဟာ၊ အိပ်ယာတွေ အကုန်စို ကုန်တော့မယ်၊ ခန ခန ရေစင်အောင် သုတ်အုံးမယ်"

ဟိုပြောရင်း မျက်နှာသုတ်ပုဝါ တင်ထားသည့် စင်မှ ပုဝါကို လှမ်းယူကာ ရီက သူ့ခေါင်းကို ပတ်သလို ကိုယ်ကိုလဲ ပတ်သည်။ ပြီးတော့

"ခေါင်းကို ခြောက်အောင်သုတ်အုံး၊ တော်ကြာရေစိုကြီးနဲ့ နှာစေးနေမယ်၊ ရီ သုတ်ပေးမယ်"

ရီ ပြောရင်း ကျနော့်ခေါင်းကို ပုဝါဖြင့် သုတ်ပေးသည်။ အခု ကျနော်စေးနေသည့်နှာက ခေါင်းရေစိုလို့မဟုတ်မှန်း ကိုယ့်ဖာသာကိုယ် သိနေသည်။

...............................................................................................................................

အခန်း (၁၀)

မရတော့၊ ရေခြောက်အောင်ပင် မစောင့်နိုင်တော့၊ ရီ့ကို တင်ပါးက ပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲမှ ထွက်လာသည်၊ ရီ့ ဆီမှ တခစ်ခစ် ရယ်သံပင် ကြားမိသလိုလို၊ ရီ လဲ ကျနော့်လိုပင် ရောဂါသဲနေလားမသိ၊ အချစ်ဆိုသည့် စိတ်က တော်တော်ထူးဆန်းမှန်း အခုမှ သိသည်၊ နှစ်ပေါင်းမြောက်များစွာ ငုတ်လျိုးနေသည့် ချစ်စိတ်က အခုမှ အစွမ်းပြ လာသည်လား မပြောတတ်၊ တသက်နှင့် တကိုယ် မလုပ်ဖူးသည့် ချစ်နည်းပေါင်းစုံနှင့် ချစ်မိတော့သည်။

"ကိုဇော် ကိုဇော်၊ အရမ်းမကဲနဲ့နော်"

"အင်းပါ"

"ပြောရင် အင်းပါ အင်းပါ နဲ့၊ နားလဲမထောင်ဘူး"

"နားထောင်ပါတယ်ကွာ"

"အို့ အို့၊ ဖြေးဖြေးနမ်းပါ ကိုဇော်ရာ၊ အရမ်းကြမ်းတာဘဲ၊ ကြောက်လာပြီ"

"အင်းပါ"

"လာပြန်ပြီ"

"ဒီဘက်နဲနဲရွှေ့ ရီ၊ ကိုယ်ပြုတ်ကျတော့မယ်"

"အို့ အဲဒီနေရာကြီး၊ ကိုဇော် ကိုဇော်၊ အို့ အို့ ပြောလို့လဲ မရဘူး၊ အို့ အို့ အိုး"

"ချစ်တယ် ရီရာ"

"အင်း ချစ်ပါ ကိုဇော်ရယ် ချစ်ပါ။ အ အ အင်း အင်း အင်း၊ အို့ လုပ်ပြန်ပြီကွာ"

"ဟင်း ဟင်း ဟင်း ဟင်း"

"အို့ အ အ အို့ အို့"

"မနေနိုင်ဘူးရီရာ"

"အို့ နာတယ်၊ ပေါင်ကို အတင်းမဖိနဲ့လေ"

"ဆောရီး ဆောရီး"

"အား ကျွတ် ကျွတ် ကျွတ် ကျွတ်၊ နဲနဲလျော့ကွာ"

"အို့ အို့ မရဘူးထင်တယ်၊ ဖြေး ဖြေး၊ အို့ အို့၊ ရီက အပျိုပြန်ဖြစ်နေတာ ကြာပြီ ကိုဇော်ရ"

"ရပြီ ရပြီ"

"အ အ အ ခန ခန၊ ခနလေး ကိုဇော် ခနလေး"

"အင်းပါ၊ ရပြီလား"

"အင်း"

"အား ကိုဇော်ရာ ချစ်တယ် ချစ်တယ် အ အ၊ ချစ်လိုက်တာ ကိုဇော်ရာ"


........................................⭐⭐⭐⭐⭐........................................

ပြီးပါပြီ။