Saturday, April 27, 2024

ကြီးချင်နေတဲ့ အမျိုးသားများ ဖတ်ရန်

ကြီးချင်နေတဲ့ အမျိုးသားများ ဖတ်ရန်

(လိင်ပညာပေး စာစု)

 အားလုံးမင်္ဂလာပါ။ Myanmar Cele Versatile မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ 

ဒီတခေါက် ကျွန်တော် တင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ ယာင်္ကျားလေးများ အတွက် အထူးပညာပေး အစီစဉ် ဖြစ်ပါတယ်။  အထူးသဖြင့် လိင်တန်သေးတဲ့ ယောင်္ကျားလေးများ (အမျိုးသားများ) ကြည့်ထားသင့်ပါတယ်။ ဟုတ်ကဲ့။ ချစ်လည်းချစ်၊ စိတ်ဒုက္ခလည်း အရောက်ရဆုံး ပြဿနာ ဆိုလို့ ရှိရင် အဲဒါ လိင်တန် အရွယ်အစားနဲ့ ပတ်သက်တဲ့ ကိစ္စဆိုတာ သေချာပါတယ်။ တစ်ရက်ကို ၂၈၆ ခေါက်လောက် ကြီးအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာပဲ မေးတက်ကြပါတယ်။

ဖြေရမယ်ဆိုရင်တော့ အလွယ်ဆုံး နည်းလမ်းကတော့ သကြားကို ရေပြစ်ပြစ်နဲ့ဖျော်။ ပြီးရင် ထိုသကြားရည်နဲ့ ကိုယ့်ဟာကိုယ် သုတ်။ ပုရွှတ်ဆိတ် (ပုရွတ်နီ) အနီ တွေရှိတဲ့ နေရာကို ခဏထားလိုက်။ နဲနဲတော့ နာမယ်။ ပြီးရင်တော့ သုံးလေးနားရီလောက်ခံတဲ့ လိင်တန်ကြီး ရလာလိမ့်မယ်။ ဘာမှတော့ လုပ်လို့ရမယ် မထင်ဘူး။

ဟုတ်ကဲ့ နောက်တာပါ ခင်ဗျာ။ ခင်ဗျားတို့နှယ် ခက်ပါတယ်။ ခွဲစိတ်စရာမလိုဘဲ ဘေးကင်းပြီး အမှန်တကယ် အလုပ်ဖြစ်တဲ့ လိင်တန်ကြီးစေတဲ့ နည်းတွေ ဆရာဝန်သိနေမှတော့ သူတို့ကိုယ်တိုင် အယ်စတုံကြီးတွေ ဖြစ်နေကြမှာပေါ့။ ြ

ပဿနာက ကိုယ့်ကိုကိုယ် သိမ်ငယ်နေတဲ့ အထန်ကောင်တွေဟာ ဆေးပေါင်းစုံ ဝယ်သောက်တာ ၊ ဆေးလိမ်းတာ ၊ စက်တွေနဲ့ ကျင့်တာတွေကနေ ဆေးထိုးတာ၊ ဂေါ်လီထည့်လိုက်တာ မျိုး အင်မတန် အန္တရာယ်များတဲ့ ခွဲစိတ်မှုတွေအထိ လုပ်နေကြတဲ့နောက် စောက်ရမ်းရုပ်ဆိုး အော်ဂလီဆန်စရာကောင်းတဲ့ ပုံပျက်ပန်းပျက် လပြွတ်ကြီးတွေ ဖြစ်ရင်၊ ဒါမှမဟုတ် ပိုးဝင် အသားတွေပုတ်နဲ့ ခွေးပစ်တဲ့ ဒုတ်လောက်လေးတွေ ဖြစ်ကုန်တာပဲ  ဖြစ်ပါတယ်။ (အဲဒီလို ပုံပျက်ပန်းပျက်ကြီးတွေ ကို ကိုယ့်ပါတနာက ဘယ်လိုမှုတ်ပေးချင်ပါတော့မလဲ)

လိင်တန်ကြီးချင်ကြတဲ့ ပြဿနာဟာ စိတ်မလုံခြုံတာကနေ စလာပါတယ်။ ဘယ်လိုလဲ ဆိုတော့ အကြောင်းရင်း သုံးခု ရှိနေပါတယ်။ 

နံပါတ် (၁) ကတော့ ပိုပြောတက်တဲ့ ငနဲသားတွေ။ လိင်တန်ကြီးမားမှုက ယောင်္ကျားပီသမှုနဲ့အချိုးကျတယ်လို့ ထင်ကြတဲ့ နောက်မှာ သကောင့်သားတွေက ကိုယ့်ဆိုဒ်ကို ပိုပြောကြတော့တာပါပဲ။ ယောင်္ကျားလေးတွေနဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ သူတို့ရဲ့ဆိုဒ်ကို အနည်းဆုံး လက်မဝက်ကနေ တစ်လက်မခွဲလောက်တော့ ပိုပြောတက်ကြတယ်တဲ့။ 

ဆိုတော့ သူငယ်ချင်းနှစ်ယောက် တွေ့ကြတယ် ။ ထွေရာလေးပါး ပြောရင်း တစ်ကောင်က သူ့ဟာ ငါးလက်မလောက်ကို ခြောက်လက်မလောက် လို့ ကြွားပြောလိုက်တယ်။ နောက်တစ်ကောင်ကလည်း ငါလဲ  လေးလက်မကို ငါးလက်မကျော် ခြောက်လက်မပဲ လို့ပဲ အရမ်းကြွားလိုက်တယ်။ အိမ်လဲ ပြန်ရောက်ရော နှစ်ယောက်လုံး သိမ်ငယ်ပြီး ဖြစ်ကုန်ရော။ ဟိုကောင်က ကြီးလှချည်လား ဆိုတဲ့ အတွေးနဲ့ ပေါ့။ အမှန်တော့ နှစ်ယောက်လုံးက အတူတူပါပဲ။ ဒါပေမယ့် လိင်ပြောကြလွန်းတော့ ကိုယ့်ဟာက သေးတယ်လို့ အထင်ရောက်လာကြရော။ (ခုခေတ် တော်လှန်ရေး ဂျင်းသတင်းတွေလို နေမှာပေါ့၊ အမှန်မပြောဘူး ဘယ်တော့မှ..) 

တကယ်တမ်းမှာ လိင်တန်ရဲ့ အရွယ်အစား တစ်ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှမှာ ထောင်မတ်နေချိန်မှာ ငါးလက်မကနေ ခုနှစ်လက်မကြားပါပဲ။ လူတစ်ယောက်တည်းမှာတောင် တိုင်းထားတဲ့ အနေအထား ၊အပူချိန်၊ စိတ်ပိုင်းဆိုင်ရာ တွေးတောမှုပေါ် မူတည်ပြီး ထောင်မတ်ချိန် အရွယ်အစားက ကွဲပြားနိုင်ပါသေးတယ်။ 

နံပါတ် (၂) ကြည့်တဲ့မြင်ကွင်း။ ဓါတ်ပုံရိုက်တဲ့ သူတွေဆို သိလိမ့်မယ်။ လူတွေကို ဓါတ်ပုံထဲ အရပ်ရှည်စေချင်ရင် အောက်ဖက်ကနေ ပင့်ရိုက်ရတယ်။ ပုစေချင်ရင် အပေါ်ကနေ မိုးရိုက်ရတယ်။ ဒီသဘောပါပဲ။ ကိုယ်ဟာကိုယ် ကြည့်တဲ့အခါ အပေါ်ကနေ မိုးကြည့်ရတော့ သူ့နဂိုရ်အရွယ်အစားထက် သေးတယ်လို့ ထင်နေရပါတယ်။ ကိုယ့်အဖော်ကို အောက်ကနေ ကြည့်ခိုင်းကြည့်လိုက်၊ ဒါမှ မကျေနပ်သေးရင် အောက်ကနေ ဓါတ်ပုံရိုက်ကြည့်၊ မှန်ထောင်ကြည့်၊ အယ်စတုံကြီး ဖြစ်နေမှာ တွေ့ရပါလိမ့်မယ်။ 

နံပါတ် (၃) အပြာကား။ ယောင်္ကျားလေးမှန်ရင် ၉၉ ရာခိုင်နှုန်းက အပြာကား ကြည့်တယ်။ ကျနတဲ့ (၁) ရာခိုင်နှုန်းက မကြည့်ဖူးဆိုပြီး လိင်တဲ့ကောင်တွေ ။ ဆိုတော့ကာ အပြာကားဟာ တကယ့်လက်တွေ့ မဟုတ်ဘူး။ ဖျော်ဖြေရေး အတွက် သက်သက်ပါပဲ။ လူကအစ (သရုပ်ဆောင်ကအစ) ရွေးထားရတာ။ ရုပ်ရှင်ကြည့်တဲ့အခါ ဖြစ်ပျက်နေတာတွေက အပြင်နဲ့ မတူသလိုပေါ့။ ဒါပေမယ့် ယောင်္ကျားလေးတွေက အပြာကားထဲက အယ်စတုံကြီးတွေ မြင်တဲ့အခါ ကိုယ့်ဟာကိုယ် အလိုလို သိမ်ငယ်နေတက်ကြပါတယ်။ 

ဒီအချက် (၃) ချက်ကြောင့် အဓိက အမျိုးသားထုကြီးဟာ သူတို့ဟာ သူတို့ သေးငယ်နေတယ်လို့ ထင်တက်ကြပါတယ်။ 

နောက်ထပ်ပြောချင်တာက နံပါတ် (၁) လိင်တန်အရွယ်အစားက ဘယ်လောက်ထိ အရေးပါနေလဲ ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေက စိတ်တိုင်းကျတယ်။ ခင်ဗျားတို့ဟာ ကိုယ့်ဟာကိုယ် သိမ်ငယ်နေကြတာ။ အမျိုးသမီးတွေရဲ့ (၈၅) ရာခိုင်နှုန်းကတော့ သူတို့အဖော်တွေရဲ့ အရွယ်အားနဲ့ ပတ်သက်လို့ စိတ်ကျေနပ်မှု ရှိကြပါတယ်တဲ့။ 

အံ့သြစရာ ကောင်းလောက်အောင်ပဲ ယောင်္ကျားတွေကတော့ (၅၅) ရာခိုင်နှုန်းကပဲ သူတို့ရဲ့ အရွယ်အစားနဲ့ ပတ်သက်လို့ စိတ်ကျေနပ်မှု ရှိနေကြပါတယ်။ ကျန်တဲ့ (၄၅) ရာခိုင်နှုန်းက ကြီးချင်နေကြတုန်းပါပဲ။ သိပ်စိတ်ပူမနေနဲ့။ မင်းဘယ်လောက်ကြီးကြီး မင်းဟာက ကလေးခေါင်းလောက်တော့ မကြီးတာ သေချာပါတယ်။ မိန်းမတွေရဲ့ မိန်းမကိုယ် ဆန့်နိုင်အားက ကလေးခေါင်းတစ်လုံးစာ ဆန့်ပါတယ်။ သဘောပေါက်တယ်နော်။ ကြီးမှ အဆင်ပြေမယ်လို့ ထင်မနေကြပါနဲ့။ 

နံပါတ် (၂) မှော်နှင်တံ ရဲ့ အရွယ်အစားထက် မှော်ပညာက ပိုအရေးကြီးပါတယ်။ ဟယ်လီပေါ်တာ ကားထဲက အမှောင်သခင်ကြီး ဘရော့ဒီမော့ကိုင်တဲ့ မှော်နှင်တံကိုတွေ့လား။ ပုံမှန်ဆိုဒ်နော်။ အခြားမှော်နှင်တံတွေတောင် သူ့ထက်ကြီးသေးတယ်။ ဒါပေမယ့် အမှောင်သခင်ကြီးက အကုန်လုံးကို ပတ်ကြိမ်းလို့ ရတယ်နော်။ ဘာလို့လဲ ဆိုတော့ သူ့မှော်နှင်တံ အရွယ်အစားထက် သူ့ရဲ့ မှော်ပညာက အရေးကြီးနေတာကိုး။ 

လက်တွေ့ဘဝမှာလဲ ဒီလိုပဲ ဖြစ်ပါတယ် ဆရာသမားတို့။ မှော်နှင်တံ ဘယ်လောက်ကြီးကြီး မှော်ပညာမရှိရင်တော့ အလကားပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ဘာတွေက အရေးပါလဲ ဆိုတော့ နူးညံ့မှု၊ ကြင်နာမှု၊ နှစ်ဦးနှစ်ဖက် အပေးအယူ မျှတမှု၊ အပြန်အလှန်ဆက်သွယ်ပြောဆိုမှု တို့လိုမျိုး စိတ်ပိုင်းဆိုင်ရာ ပတ်သတ်ဆက်နွယ်မှုတို့အပြင် အမောခံနိုင်မှု၊ ကျန်းမာရေးကောင်းမွန်မှု အစရှိတဲ့ ရုပ်ပိုင်းဆိုင်ရာတွေ ကပါ အရေးပါပါတယ်။ 

လိင်မှုကိစ္စဆိုတာက တစ်ခုတည်းနဲ့ ပြီးသွားရတဲ့ အရာမျိုး မဟုတ်ဘူးလေ။ 

နံပါတ် (၃) စိတ်ဖိစီးမှုနဲ့ လိင်တန်ကြီးဆေးတွေရဲ့ အန္တရာယ်။ ကိုယ့်ဟာကိုယ် သေးလွန်းတယ်လို့ အထင်ရောက်တာရယ်၊ အမျိုးသမီးတွေက ကြီးမှကြိုက်တာလို့ ထင်တဲ့အထင်ရယ် ပေါင်းပြီးတော့ ဆရာသမားတို့ဟာ စက်နဲ့ ကျင့်၊ သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေး နဲ့ နောက်ဆုံး ခွဲစိတ်ပြုုပင်မှုတွေပါ လုပ်ကြပါတော့တယ်။ 

ပြဿနာက ဒီလိုတွေ ရှိပါတယ်။ လက်တွေ့မှာ လိင်တန်ကြီးဆေး ဆိုပြီး သတ်မှတ်ထားတဲ့ ဆေးဝါးမရှိပါဘူး။ ဘာရာဂရာ လိုမျိုးဆေးတွေဟာ ထောင်မတ်မှုကိုပဲ အကူအညီပေးနိုင်တာဖြစ်ပြီး ကြီးအောင် မလုပ်နိုင်ပါဘူး။ လိင်တန်ကြီးဆေး ဆိုပြီး ရောင်းနေကြတာတွေ မှန်သမျှဟာ အထောက်အထားမရှိတာတွေ (ဂျင်းတွေ) ဖြစ်နေပါတယ်။

လေစုတ်စက်သုံးပြီး ကျင့်တာ ဟာ အခိုက်အတန့်ကြီးမားသယောင် ဖြစ်နိုင်ပေမယ့် ရေရှည်မရဘူး။ အဲ့ဒါအပြင် အသားတွေနဲ့ အကြောတွေ ထိခိုက်တာ ဖြစ်နိုင်ပါတယ်။ ဆီလီကွန်ထိုးတာ ဂေါ်လီထည့်တာကို ဆရာဝန်တွေ မလုပ်ပေးဘူး။ အပြင်က တက်ယောင်တက်ကားတွေပဲ လုပ်တက်ကြတယ်။ ဖြစ်သွားတဲ့ ရုပ်ကြီးက ကျက်သရေ အဖြာဖြာတုံးတယ်။ ချောချောမွေ့မွေ့ မရှိတော့ဘဲ ငရုပ်ကျဉ်ပွေ့ကြီးလိုလို ပြည်ဖုတွေပေါက်နေတဲ့ ပြောင်းဖူးရိုးကြီးလိုလိုနဲ့ အင်မတန် ရုပ်ဆိုးတက်ပါတယ်။

နောက်ဆက်တွဲကတော့ ပိုးဝင်ပြီး ပြည်တည်တာနဲ့ အမာရွတ်ကြီးတွေ ဖြစ်ကုန်တာပဲ ဖြစ်ပါတယ်။ ပြန်ခွဲစိတ်ရတဲ့အခါ လိင်တန်က ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတဲ့အပြင် အခန့်မသင့်ရင် ဖြတ်ရလို့ အဲဒီတော့မှ တကယ့်ကို တိုနံ့နံ့လေး ဖြစ်ကျန်ခဲ့နိုင်ပါတယ်။ လိမ်ဆေးဆိုရင်လဲ ဒုံရင်းပါပဲ။ ပြောင်ပြောင်လတ်လတ်နဲ့ ဆိုတော့ ကြီးသယောင် ထင်ရပေမယ့် နောက်ဆုံးမှာတော့ ဒီမောင်က ဒီမောင်ပါပဲ။ ထူးပြီးတော့ မစွမ်းပါဘူး။ 

ဟုတ်ကဲ့။ အမှန်ကတော့ အရေးကြီးတဲ့ အချက်က အမျိုးသမီးတွေက စိတ်တိုင်းကျတယ်။ ခင်ဗျားတို့ကသာ ကိုယ့်ဟာကိုယ် သိမ်ငယ်တက်ကြတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် အမျိုးတွေရဲ့ (၈၅) ရာခိုင်နှုန်း က သူ့အဖော်တွေရဲ့ အရွယ်အစားနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိကြပေမယ့် ယောင်္ကျားလေး (၅၅) ရာခိုင်နှုန်းကပဲ သူတို့ရဲ့အရွယ်အစားနဲ့ ပတ်သက်လို့ စိတ်ကျေနပ်မှု ရှိကြပြီး ကျန်တဲ့ (၄၅) ရာခိုင်နှုန်းက ထပ်ပြီးတော့ ကြီးချင်နေကြပါသေးတယ်။ စိတ်ပူမနေပါနဲ့။  ခင်ဗျားတို့ဟာ ဘယ်လောက်ပဲ ကြီးကြီး ကလေးခေါင်းလောက်တော့ မကြီးနိုင်တာ သေချာပါတယ်။ မိန်းမတွေရဲ့ မိန်းမကိုယ်ဆန့်နိုင်တာက ကလေးခေါင်းတစ်လုံးစာ ဆန့်ပါတယ်။ သဘောပေါက်တယ်နော်။ ကြီးတိုင်း အဆင်ပြေတာ မဟုတ်ပါဘူး။

ပြီးတော့ အရေးကြီးတာက နူးညံ့မှု၊ ကြင်နာမှု၊ နှစ်ဦးနှစ်ဖက် အပေးအယူမျှတမှု အပြန်အလှန်ဆက်သွယ်ပြောဆိုမှုလို  စိတ်ပိုင်းဆိုင်ရာ ပတ်သတ်ဆက်နွယ်မှုတွေအပြင် အမောခံနိုင်မှု ၊ ကျန်းမာရေး ကောင်းမွန်မှုအစရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ ကိစ္စတွေကသာ အရေးပါပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုနဲ့ လိင်တန်ကြီးဆေးတွေရဲ့ အန္တရာယ်ကလည်း ရှိနေပါတယ်။ လက်တွေ့မှာ လိင်တန်ကြီးဆေးဆိုပြီး သတ်မှတ်ထားတဲ့ ဆေးဝါးတွေလည်း မရှိပါဘူး။ ဆီလီကွန်ထိုးတာ ဂေါ်လီထည့်တာတွေက ဆရာဝန်တွေလုပ်မပေးပါဘူး။ အပြင်က တက်ယောင်ကားတွေပဲ လုပ်တက်ကြတယ်။ ဖြစ်သွားတဲ့ ရုပ်င်္ကြီးတွေက အင်မတန်မှ အန္တရာယ်ကြီးလှပါတယ်။ 

ဒီတော့ အချုပ်ပြောရမယ်ဆိုလိုရှိရင် အများစု ယောင်္ကျားတွေက ကိုယ့်ဘာသာ ထင်နေသလောက် မသေးကြပါဘူး။ ကိုယ့်ဘာသာ မသိမ်ငယ်ကြပါနဲ့ ။ တက်ယောင်ကားတွေနဲ့ လျှောက်မလုပ်ကြပါနဲ့ ။ ပိုက်ဆံကုန် ကိုယ့်ညီလေးလဲ ထိခိုက်။ ဘာဆိုဘာမှ မကောင်းပါဘူး။ 


အားလုံးကို ကျေးဇူးတင်ပါတယ်။ (Myanmar Cele Versatile Youtube Channal) 


..........................................................


လိမ်ဆေးနဲ့ ပတ်သတ်တဲ့ ဟာသ အဖြစ်အပျက်လေးပါ။ မလေးရှားက တရုတ်သူဌေးတယောက်ရဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ တရုတ်သူဌေးက ပိုက်ဆံလဲ ရှိတော့ အွန်လိုင်းကနေ လိင်တန်ကြီးတဲ့ လိမ်းဆေးတွေကို မကြာခဏ မှာယူ သုံးစွဲလေ့ရှိသတဲ့။ ဒါပေမယ့် ဆေးတွေသာ အမယ်တွေစုံ၊ အမယ်တွေကုန်သာသွားတယ်။ သူ့ဟာက တယ် မထူးလာပါဘူး တဲ့။ 

နောက်တော့ အဲဒီတရုတ်သူဌေးဟာ ဒေါကန်လာပြီး ဆေးရောင်းတဲ့ ကုမ္ပဏီတွေကို အလိမ်အညာတွေ ဆိုပြီး ပြဿနာ ရှာတော့တယ် ဆိုပဲ။

ဒီတခါ ကုမ္ပဏီဘက်က ဆရာ့အတွက် နောက်ဆုံးပေါ် ဆေးတစ်မျိုးရှိတယ်။ ဈေးတော့ ကြီးလိမ့်မယ်နော်  ဆိုပြီး ခါတိုင်းရောင်းနေကျ ဆေးတွေရဲ့ ဈေးထက် ဆယ်ဆလောက်တင်တောင်းပြီး အထုတ်တစ်ထုတ်ကို ပို့လိုက်သတဲ့။ 

အထုတ်ရောက်လာတော့ တရုတ်သူဌေးက ဝမ်းသားအာရ အထုတ်ကို ဖောက်တာပေါ့။ အရင်ဆုံး ထွက်လာတာက သတိပေးချက်ဆိုတဲ့ စာတန်းလေးပါတဲ့ ကဒ်ပြားလေးတဲ့ ။ ရေးထားတာက သတိ နေရောင်အောက်တွင် မကြည့်ရ တဲ့။ ဒါနဲ့ အထုတ်ထဲ ဆက်လက်ရှာကြည့်တော့ ဘာထပ်တွေ့တယ် မှတ်လဲ...ဟား..ဟား..

တွေ့လိုက်ရတဲ့ဟာက ပါဝါအား အလွန်ကောင်းတဲ့ လက်ကိုင် မှန်ဘီဘူး တစ်ခု တဲ့.........ဟားဟားဟား...။


ကဲ... ကြီးချင်တဲ့ .. ဘဒို့ ဂေါင်းကြီးတို့ သဘောပေါက်ကြတယ်နော်...။






Print Friendly and PDF

No comments:

Post a Comment