Wednesday, June 3, 2015

လှလှလေး စက်ချုပ်ဆိုင် အပိုင်း ( ၄ )

လှလှလေး စက်ချုပ်ဆိုင် အပိုင်း ( ၄ )

ဇာတ်သိမ်းပိုင်း

မော်ဇော်ဦး ရေးသည်။

(၁၇) ဖေါ်မြူလာ။

ဖြစ်တတ်သည်မှာ ဖေါ်မြူလာပင်ဖြစ်လေသည်။ မတင်မြလည်း ပထမဆုံးအကြိမ် အချစ်၏ အရသာကို သိသွားပြီးသည့် နောက်ပိုင်းတွင် လှလှလေးထံ မကြာခနရောက်လာကာ အချစ်၏ နက်နဲသောအပိုင်းကို ရှာဖွေတော့သည်။ ထို့နောက်တွင်ကား မတင်မြလည်းအခြားအမျိုးသမီးများကဲ့သို့ပင် အချစ်တုဖြင့် မတင်းတိမ်တော့ချေ။

လှလှလေး ချစ်ဘူးသောအမျိုးသမီးများသည် လှလှလေးအား သူတို့၏ အချစ်တု အဖြစ်သတ်မှတ်ထားကြသည်ဟု လှလှလေး ထင်လေသည်။ အဘယ်ကြောင့်ဆိုတော့ မည်သည့်အမျိုးသမီးမှ လှလှလေးအား ရည်ရှည် မချစ်ကြ၍ ဖြစ်လေသည်။ ဤသို့ဖြစ်ခြင်းကိုလှလှလေးကိုယ်တိုင်လည်း သဘောကျပေသည်။ 

ဤအချက်သည် အမျိုးသမီးထုနှင့် လှလှလေးအကြားတွင် မကြေညာဘဲ အမြဲဖြစ်နေသည့် ဖေါ်မြူလာ တမျိုးပင်ဖြစ်နေသည်။ ထို့ကြောင့်ပင် မတင်မြသည် မကြာခင်အချိန်အတွင်းမှာပင် စံချိန်ဝင်ကိုလေးအောင်အားဆက်၍ မမျှော်လင့်တော့ဘဲ သူ့အား တန်းတန်းစွဲဖြစ်နေသည့် သောင်းထွန်း ဆိုသူအား ဇွဲဆုပေးလိုက်လေတော့သည်။

ဤတွင် စကားကြုံ၍ လှလှလေးသုံးတတ်သည့် ဖေါ်မြူလာကို အနည်းငယ် တင်ပြလိုပေသည်။ လှလှလေးသည် မုန့်လက်ကောက်ကွင်းများကို စားလိုသောအခါ အဓိကအားဖြင့်နည်းလမ်း၂ သွယ်ဖြင့် ကြိုးစားလေသည်။ လှလှလေး၏ဖေါ်မြူလာကား ရိုးရိုးလေးပင်ဖြစ်သည်။ပထမနည်းကား ရိုးသားကာ သနားတတ်သည့် အမျိုးသမီးများအတွက်ဖြစ်ပေသည်။ ထိုအမျိုးသမီးများအား သူသည်မိန်းခလေးအစစ်မဟုတ်သည့်အတွက် အလွန်အားငယ်ကြောင်း၊ မိန်းမအလွန်ဖြစ်ချင်ကြောင်း၊နင်တို့ကို ကြည့်၍ အလွန်အားကျကြောင်း၊

နင်တို့ပစ္စည်းများသည် အလွန်လှပကြောင်း၊ သူ့တွင် ထိုကဲ့သို လှပသော ပစ္စည်းများမရှိကြောင်း ပြောကာ ဝမ်းနည်းတကြီး ငိုယိုပြလေသည်။ ထိုအခါ သနားတတ်သော အမျိုးသမီးများသည် လှလှလေးအား ချော့မော့ကာဖြင့် အားမငယ်ရန် အားပေးရလေတော့သည်။ 

ဤတွင် လှလှလေးသည် တဆင့်တက်၍ သူ့တွင်မရှိသည့် ထိုလှပသောပစ္စည်းများကို ထိတွေ့ကိုင်တွယ်ချင်သည်ဟု တောင်းဆိုလေသည်။ ထိုအခါလှလှလေးကို ချစ်၍ အလိုလိုက်ကြကုန်သောထိုသနားတတ်သည့် အမျိုးသမီးများသည် လှလှလေး၏ စားသုံးခြင်းကို ခံလိုက်ကြရလေတော့သည်။

ဒုတိယနည်းလမ်းကား ခပ်ရွရွ အမျိုးသမီးများ အတွက်ပင်တည်း။ ထိုအမျိုးသမီးများအား သူ့တွင် ဒီဟာကြီးရှိနေသောကြောင့်အလွန်ဒုက္ခရောက်ကြောင်း၊ ဒီဟာကြီးသည် နင်တို့နှင့် တွေ့သောအခါတွင် ပြဿနာ အလွန်ရှာကြောင်း၊ ထိုပြဿနာသည် အလွန်ဖြေရှင်းရခက်ကြောင်း။ ညီးညူပြလေသေည်။ ထို့နောက် ပြဿနာကြီးကို ထုတ်ပြလေတော့သည်။ ထိုအမျိုးသမီးသည်ပထမတွင် ပြဿနာကြီးအား ကြည့်ကာမျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားလေသည်။ သို့သော် မကြာခင်အချိန်အတွင်းမှာပင် ပြဿနာကြီးအား အလွန်သဘောကျကာဖြင့် ငြိမ်းချမ်းအောင် ဆောင်ရွက်ပေးလေတော့သည်။

မည်သို့ပင်ဖြစ်စေ အချစ်၏အရသာကား တခါတည်းနှင့် မည်သည့်အခါမျှ မလုံလောက်ချေ။ လှလှလေးကြုံခဲ့သော အမျိုးသမီးများ၏အဆိုအရဆိုလျှင် ပထမဆုံးအကြိမ်သည် ဘာမှန်းမသိသောအချိန်ပင်ဖြစ်လေသည်။ ထို့ကြောင့်ပင် တခါတည်းနှင့် မလုံလောက်ခြင်းပင်ဖြစ်သည်။ ပထမဆုံးအကြိမ်သည် လောကကြီးကိုမေ့ကာရင်အခုန်ဆုံးဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ အမွှန်ဆုံး အချိန်ဟုလည်းပြော၍ ရပေသည်။ သူတို့ကောင်းစွာမှတ်မိသည်မှာ တခုတည်းပင်ဖြစ်လေသည်။ ထိုအရာမှာ နာကျင်ခြင်းပင်တည်း။

သို့သော် သူတို့သည် ထိုနာကျင်ခြင်းပင်ဖြစ်လင့်ကစား အချစ်၏အရသာကို စွဲမက်ကြကုန်၏။ ထိုအချက်ကြောင့် အချစ်ကို မုန်းတီးသွားသောသူလှလှလေး ယခုတိုင် မမြင်ဘူးသေးချေ။

ထို့နောက်တွင် ထိုဘာမှန်းမသိလိုက်သော အရသာကြီးအား ဘာကြောင့်မှန်းမသိစွဲမက်ကာ ဘာမှန်းသိအောင် ထပ်တလဲလဲလုပ်ချင်လာကြလေတော့သည်။ ထိုအခါ လှလှလေးထံ ခပ်စိတ်စိတ်ရောက်လာတတ်သည်။ တဖြေးဖြေး ကြာလာသောအခါတွင် လှလှလေးထံအလာကျဲသွားလေသည်။ မုန်း၍ကားမဟုတ်။ အချစ်စစ် ရှာတွေ့သွားသောကြောင့်ပင်ဖြစ်လေသည်။

နောက်တချက်ကား မည်သည့် အမျိုးသမီးမှ လှလှလေးအား အချစ်စစ်အရာတွင်ထားကာ လက်တွဲဖေါ်မလုပ်ချင်ကြသောကြောင့်လည်းဖြစ်ပေသည်။

.............................................................................................................

(၁၈) သတင်းဆိုး။

အံ့မောင်နှင့် သူ့အပေါင်းအပါများ ဝိုင်းရိုက်မှု့ကြောင့် ကိုလေးအောင်ပြည်သူ့ဆေးရုံကြီးသို့ရောက်နေသည်။ အခြေအနေမှာ စိုးရိမ်ဖွယ်အဆင့်ရှိသည်။ ဆိုသည့် သတင်းသည် ရပ်ကွက်အတွင်းတွင် ခနလေးနှင့် ပြန့်နှံ့သွားလေတော့သည်။ မျက်မြင်သက်သေများ၏အဆိုအရ အံ့မောင်နှင့် သူ၏ အပေါင်းအပါ ၂ ဦးသည် ဒုတ်၊ ဒါး၊ ချိန်းကြိုးများကို ကိုင်ဆောင်ကာ ကိုလေးအောင်အား ဝိုင်းဝန်းရိုက်နှက်ကြလေသည်။

ကိုလေးအောင်ကား ထွက်မပြေးချေ။ ထို ၃ ယောက်အား လက်ချည်းဗလာဖြင့် ပြန်ချသည်ဟု ဆိုလေသည်။ ရန်ပွဲစတင်ကတည်းကထွက်ပြေးလျှင် ကိုလေးအောင်သည် ထိုမျှ ဒဏ်ရာပြင်းထန်စရာအကြောင်းမရှိချေ။ သို့သော် သတ္တိရှိသော ကိုလေးအောင်သည် ထို ၃ ယောက်အားမြေပြင်ပေါ်လဲကျသွားသည်အထိ ခုခံသွားခဲ့သည်ဟုဆိုလေသည်။

နောက်ဆုံးတွင် ရပ်ကွက်အတွင်းမှ မတရားမှု့ကို ကြည့်မနေနိုင်သည့် သူများသည် အံ့မောင်တို့လူစုအား ခဲများဖြင့်ဝိုင်းပေါက်၍ ဒုတ်ဒါးများ ဆွဲကာ ညာသံပေး၍ ဝိုင်းလိုက်မှ အံ့မောင်တို့ လူစုထွက်ပြေးသွားရလေတော့သည်။ ရဲများကလည်း အံ့မောင်တို့ လူစုအားလိုက်လံရှာဖွေလျှက်ရှိလေသည်။ ရဲအရေးပိုင် အမှု့ဖြစ်၍ ဆေးရုံကြီးတွင် ကိုလေးအောင်အား ရဲအစောင့်အရှောက်ဖြင့် ထားရလေသည်။ ကိုလေးအောင်ကား ယခုတိုင်သတိပြန်မလည်လာသေးချေ။

သတင်းစကားအရဆိုလျှင်ကား ကိုလေးအောင်တကိုယ်လုံးတွင် ကောင်းသည့် အပိုင်း မကျန်သလောက်ပင်ဖြစ်နေလေသည်။ ခေါင်းလည်း ၃ နေရာမျှ ကွဲသွားသည်ဟုဆို၏။ မျက်နှာတခုလုံးလည်းဖူးယောင်ကာနေသည်။ လက်တွင်လည်း ဒဏ်ရာပြင်းထန်စွာရသွားသည်။ တကိုယ်လုံးတွင်လည်း ဒါးခုတ်ရာများဖြင့် ပြည့်နှက်နေသည်၊ ခြေထောက်၌လည်း ပြင်းပြင်းထန်ထန် ထိခိုက်မိသည်ဟု ဆိုလေသည်။ 

ထိုစကားအရ လှလှလေး မျက်လုံးထဲတွင် ပြေးမြင်မိသည်မှာ မျက်လုံး ၂ လုံးသာဖေါ်၍ တကိုယ်လုံးအား မံမီများကဲ့သို့ပတ်တီးများအပြည့်စည်းထားကာ ခြေလက်များကို ကြိုးဖြင့် တိုင်တွင်တန်းလန်းဆွဲချည်ထားသည့် လူနာကာတွန်းရုပ်ကိုပင်ဖြစ်လေတော့သည်။

ကိုလေးအောင်အား ထိုကာတွန်းရုပ်ဖြင့် အစားထိုးကြည့်မိသောအခါ လှလှလေးသည် မျက်ရည်ဖြိုင်ဖြိုင်ကျလာလေတော့သည်။ကိုလေးအောင် ထိုသို့ဖြစ်ရသည်မှာ သူ့ကြောင့်ပင်ဖြစ်လေသည်။ သူ့ကြောင့် ကိုလေးအောင်နှင့် အံ့မောင် ပြဿနာတက်ခါ အံ့မောင်သည် အငြိုးထား၍ ကိုလေးအောင်အား အခွင့်ကြုံသည်နှင့် သူအထိုးခံရသည်ကို လက်စားခြေခြင်းဖြစ်လေသည်။

သူသည် ဆေးရုံသို့ပြေးကာ ကိုလေးအောင်အနားတွင် ပြုစုပေးချင်သည်။ သို့သော်ကြားရသော သတင်းအရ ကိုလေးအောင်အားအထူးခန်းတွင် ထားထားရသည်၊ အသက်အန္တရယ်ပင် စိုးရိမ်ရသည်။ လူနာလာကြည့်မည့် မည်သည့် ဧည့်သည်မျှ လက်မခံ၊ ဆိုသည့်အတွက်ကြောင့် လှလှလေးသည် မည်သို့မျှ မတတ်နိုင်ချေ။

လှလှလေးစိုးရိမ်မိသည့် နောက်တချက်မှာ ကိုလေးအောင်အား ပြုစုမည့် သွေးရင်းသားရင်းများ အနားတွင်မရှိသောကြောင့်လည်းဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ကိုလေးအောင်သည် နယ်မှ မြို့သို့တက်၍ တိုးတက်ရာ တိုးတက်ကြောင်းကိုယ့်ဒူးကိုယ်ချွန်စီးပွားလာရှာသူတဦးဖြစ်နေသောကြောင့်ပင်တည်း။

ဆွေမျိုးမရှိသော ကိုလေးအောင်အား ဆေးရုံတွင် မည်သူပြုစုမည်နည်း။ လူနာရှင်မရှိ၍ ကိုလေးအောင်သည် ဆေးရုံတွင် တယောက်တည်းဖြစ်နေလေသည်။ တကိုယ်လုံး လှုတ်၍မရသော ကိုလေးအောင်အား မည်သူက ထမင်းကျွေးမည်နည်း။ မည်သူက သူ့အားဝေရာဝစ္စ ပြုစုပေးမည်နည်း။ ဤကဲ့သို့ တွေးမိသည့်အခါ လှလှလေးသည် သူကိုယ်တိုင်ပင် ကိုလေးအောင်အနားတွင် သွားနေကာ လိုအပ်သမျှ ပြုလုပ်ပေးလိုက်ချင်သည်။ သို့သော် သူသည် လူနာရှင်မဟုတ်ချေ။

...................................................................................................................................

(၁၉) ပိုင်ရှင်။

ထိုသို့ လှလှလေးစိုးရိမ်ပူပန်နေသည့် အချိန်တွင် အဖြစ်မှန်တခုသည် ဘွားကနဲ ပေါ်လာလေတော့သည်။ လှလှသုန်းသည် အပြေးအလွှားလှလှလေးအိမ်သို့ ရောက်လာကာ လှလှလေးအား လက်ညိုးငေါက်ငေါက်ထိုး၍ မျက်ရည်တွင်တွင်ကျကာဖြင့် ရန်တွေ့လေတော့သည်။

“ လှလေး နင့်ကြောင့် ကိုအောင် ခုလိုဖြစ်တာ၊ နင့်ကြောင့်၊ နင့်ကြောင့် ဟီး ဟီး ဟီး ဟီး ”

လှလှလေးသည် ပထမတွင် လှလှသုန်း အဘယ်ကြောင့် ဤကဲ့သို့ သူ့အားပြောသည်ကို နားမလည်ချေ။ သို့သော် ရုတ်ချည်း သဘောပေါက်လိုက်သည်။ လှလှသုန်းသည် ကိုလေးအောင်နှင့် တခုခု ပတ်သက်နေခြင်းကြောင့်သာသူ့အားဤသို့ပြောခြင်းဖြစ်ပေမည်။ထိုပတ်သက်နေသည့် အကြောင်းမှာလည်း တခြားအကြောင်းဖြစ်ရန် အကြောင်းမရှိချေ။ ထို့ကြောင့် လှလှသုန်း၏ ရန်တွေ့မှု့ကိုဂရုမထားဘဲသူသိချင်သည့် အကြောင်းသာမေးလိုက်လေသည်။

“ ဟဲ့ အသုန်း၊ နင်နဲ့ အကိုက ဖြစ်နေကြတာလား ”

လှလှလေး နှင့် လှလှသုန်းအား အထက်အောက်ဖြစ်၍ နင် နှင့် ငါ နှင့် သာသုံးလေသည်။ လှလှလေး၏ အမေးစကားကို ကြားရသောအခါ လှလှသုန်းသည် ခြုံးပွဲချ ငိုလေတော့သည်။ ထိုအခါ လှလှလေးသည် ပို၍ အံ့သြသင့်ရလေတော့သည်။ သူ့လောက်သတင်းစုံသည့်သူ ဒီရပ်ကွက်တွင် မရှိချေ။ သို့သော် သူသည် ဒီအကြောင်းကို မသိချေ။ တရပ်ကွက်လုံးလည်း သိဟန်မတူချေ။

လှလှလေးသည် အဖြစ်မှန်ကို သိချင်လာသည်။ ထို့ကြောင့် လှလှသုန်းအား ချော့ကာမော့ကာဖြင့် တဖြေးဖြေးမေးလေတော့သည်။လှလှသုန်းလည်း ခေါင်းညှိမ့်၍ တမျိုး၊ ခေါင်းခါ၍ တဖုံ၊ တရှုံ့ရှုံ့ ငိုရင်းက လှလှလေး မေးသမျှ ဖြေလေသည်။

“ တိတ်ပါ အသုန်းရယ်၊ ငါလဲ စိတ်မကောင်းပါဘူး၊ နင့်သိတဲ့အတိုင်း ငါ့မှာက ယောက်ကျားလေး သူငယ်ချင်းဆိုလို့ အကို တယောက်တည်းရှိတာ။ ငါက ပိုတောင် စိတ်မကောင်းဖြစ်သေးတယ်။ နောက်ပြီး ငါ့ကြောင့် အကိုနဲ့ အံ့မောင်တို့ ရန်ဖြစ်ကြတာမှုတ်လား။ ဟိုကောင် အံ့မောင်က မိန်းမလို မိန်းမရ တယောက်တည်း အကို့ကို မချရဲလို့ အုပ်စုလိုက်ဝင်ချတာ။ သူတို့ကို ရဲကမြန်မြန် ဖမ်းမိပါစေတော်၊ ပြီးတော့ ထောင် တသက်တကျွန်းကျပါစေတော်၊ တိတ် နော် တိတ်၊ မနက်ဖြန် နင်နဲ့ငါ ဆေးရုံကို သွားမယ်လေ၊ နင်လဲ မနက်ဖြန် အလုပ်ပိတ်တာဘဲဟာ၊ သူတို့ ပေးမကြည့်ရင် ငါတို့ အတင်းပြောပြီး ဝင်ကြည့်ကြတာပေါ့။ ခုဟာက လူတွေက အမျိုးမျိုး ချဲ့ကားပြောနေကြတာနေမှာပါ။ အကိုကလဲ တကယ် အဲလောက် အခြေနေဆိုးချင်မှ ဆိုးမှာပါ။ ငါတို့ သွားကြည့်ကြမယ်နော် တိတ် နော် တိတ် ”

လှလှလေးသည် အထက်ပါစကားရှည်ကြီးကို အခေါက်ခေါက်ရွတ်ကာဖြင့် လှလှသုန်းအား ချော့မော့လေသည်။ ထိုအခါ လှလှသုန်းလည်းတဖြေးဖြေးဖြင့် ငိုယိုမှု့နှုန်းကျဆင်းလာကာ ရှိုက်သံသဲ့သဲ့သာ ကျန်လေတော့သည်။ ထို့နောက်တွင် လှလှလေးသည် သူသိချင်သည့် အကြောင်းအား လေအေးအေးဖြင့် မေးလေတော့သည်။

“ အသုန်း နင်နဲ့ အကိုက ဖြစ်နေကြတာလား၊ ဟုတ်လား ”

လှလှသုန်းသည် ခေါင်းခါပြလေသည်။ မဖြစ်ဘူး ဆိုသည့် သဘောပင်ဖြစ်လေသည်။ ထိုအခါ လှလှလေးသည် ပို၍ စိတ်ဝင်စားသွားလေတော့သည်။ မဖြစ်ဘဲနှင့် လှလှသုန်းသည် အဘယ်ကြောင့် ငိုကြီးချက်မ ဖြစ်နေရသနည်း။ တခုခုတော့ တခုခုပင်။ ထို့ကြောင့်သူထင်သည်ကို မေးတော့သည်။

“ ဒါဆို အကိုက နင့်ကို ကြိုက်နေလို့လား ”

လှလှသုန်းသည် ခေါင်းညှိမ့်ပြလေသည်။ လှလှလေး သဘောပေါက်သွားလေသည်။ အော် . . အကိုက သူ့အမကို ကြိုက်နေတာကိုး။သူ့ရင်ထဲတွင် တမျိုးဖြစ်သွားလေသည်။ နှမြောသလိုဖြစ်သွားသော်လည်း သူ့အမနှင့်ဆို၍ သူသံယောဇဉ်ရှိသောအကိုအား သူအလိုလို သဘောတူပြီးသား ဖြစ်သွားလေတော့သည်။

“ အကိုက နင့်ကို ကြိုက်တယ် ပြောလား ”

လှလှသုန်းသည် ခေါင်းညှိမ့်ပြလေသည်။

“ နင်ကရော သူ့ကို ကြိုက်လို့လား ”

လှလှသုန်းသည် ဘာမှ ပြန်မဖြေချေ။

“ ပြောလေဟာ နင်ကလဲ၊ မောင်နှမ ချင်းဘဲဟာ ရှက်မနေပါနဲ့ ”

ထိုအခါ လှလှသုန်းသည် ခေါင်းညှိမ့်ပြလေသည်။ ထိုသို့ ခေါင်းညှိမ့်ပြသည်ကို မြင်ရသောအခါ လှလှလေးသည် ဝမ်းသာသွားလေတော့သည်။ သို့သော် စောစောက လှလှသုန်းပြောသည့် သူတို့ မဖြစ်ကြသေးဘူး ဆိုသည်ကို သတိရသွားသဖြင့်

“ ဟင် ဒါနဲ့ နင်တို့က မဖြစ်သေးဘူးဆို ”

လှလှသုန်းသည် ခေါင်းညှိမ့်ပြလေသည်။ လှလှလေးသည် အနည်းငယ် စဉ်းစားရကြပ်သွားလေသည်။ သို့သော် အတွေ့အကြုံရင့်ကျက်သော လှလှလေးသည် သဘောပေါက်စွာဖြင့်

“ အော် အော် နင်က သူ့ကို အဖြေမပေးရသေးဘူး ဆိုပါတော့၊ ဟုတ်တယ်မဟုတ်လား ”

လှလှသုန်းသည် ခေါင်းညှိမ့်ပြလေသည်။

“ နင်ကလဲဟာ ကြိုက်နေရဲ့သားနဲ့ အဖြေမပေးဘဲ ဘာလုပ်နေတာလဲ ”

ထိုအခါ လှလှသုန်းသည် ရှိုက်သံသဲ့သဲ့ဖြင့် တခွန်းတည်းသော စကားကို ဆိုလေသည်။

“ ကြောက်လို့ ”

ဘုရားရေ။ လှလှလေးသည် စိတ်ထဲက ဘုရားတမိလေတော့သည်။ လှလှသုန်းသည် ဘာကိုကြောက်နေသနည်း။ သူသည် အမျိုးသမီးအများအပြားဖြင့် အတွေ့အကြုံ ရှိခဲ့သူဖြစ်လေသည်။ အမျိုးသမီးတိုင်းလိုလိုပင် အစပထမ တွင် ကြောက်ကြသူချည်းဖြစ်လေသည်။ ထိုအကြောက်ကား ထိတွေ့ဆက်ဆံရသည်ကို ကြောက်ကြခြင်းသာဖြစ်သည်။ ကိုယ်ချစ်သောသူအား အဖြေပေးရန် ကြောက်သောသူ သူမတွေ့ဘူးချေ။ 

လှလှသုန်းသည် အဖြေပေးပြီးပါက အကိုနှင့် ထိတွေ့ဆက်ဆံရမည်ကို ကြောက်၍ အဖြေမပေးဘဲထားသည်ဟု သူထင်လေသည်။ တကယ်ချစ်သည်နှင့် ထိုအကြောက်တရားသည် အလိုလိုပျောက်သွားတတ်သည်ကို သူ့အတွေ့အကြုံအရ သိပြီးသားပင်ဖြစ်လေသည်။ ထို့ကြောင့်

“ နင်ကလဲဟာ ကြောက်လို့များ အဖြေမပေးဘဲထားရတယ်လို့၊ ကြောက်စရာဘာမှမရှိဘူး၊ နင်ချစ်ရင် သူ့အလိုလို အကြောက်ပြေသွားမှာပေါ့ဟ၊ အလွန်ဆုံး ပထမတခါလောက်ဘဲ နဲနဲပါးပါးကြောက်မှာပေါ့၊ ပီးတော့လဲ ဘာမှမဟုတ်ပါဘူး၊ ကြောက်စရာဘာမှမရှိဘူး၊ တခါထဲ ဒါလေးများ နင်က ငါ့ကိုစောစောကလာမပြောဘူး၊ ခုကြည့်စမ်း နင်အချိန်ဆွဲနေတာ ဘယ်လောက်ကြာပြီလဲမသိဘူး၊ ဟိုက နင်အချိန်ဆွဲနေတာနဲ့ စိတ်ပျက်ပြီး နောက်တယောက်ရှာသွားမှ နင်မောကြောဆိုက်နေမှာ၊ ငါတောင် မသိလို့ အကို့ကို တခြားမိန်းခလေးတွေနဲ့ စပ်ပေးသေးတယ်၊ တော်သေးတယ် သူစိတ်မဝင်စားလို့၊ မနက်ဖြန်ဆေးရုံသွားရင် တခါတည်း အဖြေတန်းပေးလိုက်၊ နင်မပြောရဲရင် နင့်အစား ငါပြောပေးမယ် ”

လှလှလေးသည် သူ့အမကို အားမလိုအားမရဟန်ဖြင့် သူ့သဘာဝအရ မိန်းမချင်း ပြောသလို ပြောတော့သည်။ ထိုအခါ လှလှသုန်းသည် လှလှလေးကို ကြည့်ကာ ပုံမှန်လေသံဖြင့် ပြန်ပြောလေတော့သည်။

“ လှလေး နင်မသိဘဲ အရမ်းမပြောနဲ့၊ ငါ့ ကိုအောင့်ကို မကြောက်ဘူး၊ သူငါ့ကို ဘာလုပ်လုပ် ငါမကြောက်ဘူး၊ ငါသူ့ကိုပြောပြီးသား၊ငါ့ခန္တာကိုယ်ကိုလိုချင်လား၊ ယူလို့၊ ဒါပေမဲ့ ငါ အဖြေမပေးချင်ဘူး၊ လက်မထပ်ချင်ဘူးလို့၊ ဘာလို့လဲသိလား၊ ငါကြောက်တာအဖေက ငါ့ကိုအပြစ်ပြောမှာကိုဘဲ၊ သူ့နာမည်မှာ လှ မှမပါတာ။ တော်ကြာ ငါ့ကြောင့် သူ့ လှ မျိုးရိုးကြီး ပျက်စီးသွားပါပြီဆိုပြီး ငါ့ကိုပြောမှာ၊ နင်စဉ်းစားကြည့်စမ်း ငါတို့ အဖိုး အဖွားလက်ထက်ကတည်းက ထိမ်းသိမ်းလာတဲ့ ဒီ လှမျိုးရိုးကြီး ငါ့ကြောင့် ပျက်စီးတယ်ဖြစ်နေမှာ။ လှဖေသမီးက လေးအောင်နဲ့ ယူသွားတယ်၊ နင်တို့ လှ မျိုးရိုးမဟုတ်တော့ဘူး၊ လူတွေကပြောရင် အဖေကဘာပြန်ပြောမလဲ၊ နင်စဉ်းစားကြည့်စမ်း၊ ငါဒီတသက် ကိုအောင့်ကို လက်မထပ်ဘူး၊ ငါ့ကြောင့်တော့ လှ မျိုးရိုး အပျက်မခံဘူး ”

ထိုသို့လှလှသုန်းသည် သူ့ရင်ထဲရှိနေသည်များကို ပြောပြီးသည့်အခါတွင် ရှိုက်ကြီးတငင် ထပ်ငိုပြန်တော့သည်။ ဤတကြိမ်တွင်မူလှလှလေးသည် လှလှသုန်းအား မချော့တော့ပေ။ လှလှလေးသည် အခြေအနေမှန်ကို သဘောပေါက်သွားကာ သူကိုယ်တိုင်ပင်ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားလေတော့သည်။

................................................................................................................

(၂၀) နောက်ကြောင်း။

ထို့နောက် လှလှလေးသည် လှလှသုန်းနှင့် စကားတော်တော်များများပြောဖြစ်လေသည်။ ထိုမှ လှလှလေးလည်း အကြောင်းစုံကိုသိရတော့သည်။ လှလှသုန်းသည် မြို့ထဲရှိ စတိုးဆိုင်တခုတွင် အရောင်းစာရေးမ လုပ်နေသည်မှာ ကြာပြီဖြစ်လေသည်။ ထိုစတိုးဆိုင်အနီးတွင် နာမည်ကြီး အအေးဆိုင် တခုလည်းရှိလေသည်။ ထိုအအေးဆိုင် အဖျော်ဆရာ၏ အကူမှာ ကိုလေးအောင်ပင်ဖြစ်လေသည်။

ကိုလေးအောင်သည် နယ်မှရောက်လာပြီးနောက် ထိုအအေးဆိုင်တွင် အလုပ်သမားဖြင့် ဝင်လုပ်လေသည်။ ထိုဆိုင်မှာပင်နေ၍ ထိုဆိုင်မှာပင်စားလေသည်။ ကိုလေးအောင်သည် အလုပ်ကြိုးစားသည်၊ ဘာမဆို သင်ယူလိုသူလည်းဖြစ်လေသည်။ ထို့ကြောင့် ကြာလာသောအခါတွင် ဆိုင်အတွက် အရေးပါသော သူတဦးဖြစ်လာကာ အဖျော်ဆရာ၏ လက်ထောက် သို့ပင်ရောက်ရှိလာလေတော့သည်။

ကိုလေးအောင်သည် တခါတရံ စတိုးဆိုင်မှ အအေးမှာသောအခါသွားပို့ရင်းဖြင့် လှလှသုန်းနှင့် တွေ့လေတော့သည်။ ထို့နောက်မေတ္တာသက်ဝင် ချစ်ခင်မိလေသည်။ ထိုအခါ ယောက်ကျားတို့ ထုံးစံအတိုင်း ချစ်ခွင့်ပန်လေတော့သည်။ လှလှသုန်းလည်း ရိုးသား၍ ကြိုးစားသော ကိုလေးအောင်အား လက်ခံလိုပေသည်။ သို့သော် သူ့တွင် ထို မျိုးရိုး အကြောင်းရှိနေသဖြင့် အဖြေပြန်ပေးရန်မဝံ့မရဲဖြစ်နေလေသည်။

ကိုလေးအောင်သည် သူ့အားမည်သည့်အတွက်ကြောင့်အဖြေပြန်မပေးသနည်းဟု အမြဲမေးလေသည်။ လှလှသုန်းသည် ထိုအကြောင်းအား ကိုလေးအောင်အား မပြောရဲချေ။ ရှက်သောကြောင့်ဖြစ်လေသည်။ ထိုအကြောင်းအား တခြားသူအားပြောမိက ဟားတိုက်ရယ်မည်မှာ အမှန်ပင်ဖြစ်လေသည်။ နင်တို့က ဘာမို့လဲ ကြီးကြီးကျယ်ကျယ်ဟု ဆိုချင်ဆိုပေလိမ့်မည်။ လှလှသုန်းကိုယ်တိုင်ပင်လျှင်ထိုမျိုးရိုး ဆိုသည်မှာ အရေးပါသည့်အရာမဟုတ်ဟုထင်လေသည်။ ထိုသို့ပြောရမည်ကိုပင် ရှက်လေသည်။

သို့သော် ဦးလှဖေ အတွက်မှာကား အလွန်အရေးကြီးပေသည်။ သူ့တွင်ကြွားဝါစရာ ပြည့်စုံကြွယ်ဝသော ငွေကြေးချမ်းသာမှု့ မရှိချေ။ ပညာလည်းမရှိချေ။ သူ့တွင် ကြံဖန်ဂုဏ်ယူစရာဟူ၍ ဒီတခုတည်းသာရှိလေသည်။ ထိုကြောင့် ဒီတခုတည်းကိုပင်ဟုတ်ဟုတ် မဟုတ်ဟုတ် ကြံဖန်၍ ကြွားဝါရလေသည်။ 

ရပ်ကွက်အတွင့်ရှိ လူများသည် ထိုကြံဖန် ကြွားဝါမှု့ကို ဂရုပြု အလေးထားကြသည်ကားမဟုတ်ပေ။ စကားရှိ၍ ပြောခြင်းဖြစ်သည်ဟုသာ မှတ်ယူကြလေသည်။ မည်သူမှလည်း ဦးလှဖေအားအရေးမပါတာလာကြွားနေသည်ဟု မရှုံ့ချကြချေ။ ဦးလှဖေ ပြောသည်မှာ မှန်ကြောင်းလည်း မျိုးရိုးက သက်သေခံနေသည် ဖြစ်သောကြောင့်ပင်တည်း။

ထိုကဲ့သို့ ကိုလေးအောင်နှင့် လှလှသုန်းသည် ဟိုမရောက် ဒီမရောက်ဖြစ်နေကြသောအချိန်မှာပင် တဦးတည်းကျန်နေသော နယ်မှမိခင်သည် မကျမ်းမမာဖြစ်လေတော့သည်။ ကိုလေးအောင်လည်း ကမန်းကတန်း နယ်သို့ပြန်ကာ မိခင်အား ပြုစုရလေတော့သည်။

သို့သော် ရောဂါကျွမ်းနေသော ကိုလေးအောင်၏ မိခင်သည် ကြာကြာမခံချေ။ ကိုလေးအောင် လက်ပေါ်မှာပင် ကွယ်လွန်သွားခဲ့လေသည်။ ထိုအခါ ကိုလေးအောင်သည် မြို့မှာပင် အခြေချတော့မည်ဟု ဆုံးဖြတ်ကာ မိခင်ချန်ခဲ့သည့်နယ်မှ အိမ်နှင့် မြေကိုရောင်းချ၍လှလှသုန်း နေထိုင်သို့ရပ်ကွက်တွင် အိမ်တလုံးဝယ်ကာ တဦးတည်းနေထိုင်ရင်း လှလှသုန်း၏ အချစ်ကို ဇွဲကောင်းကောင်းဖြင့်စောင့်နေလေတော့သည်။

ကိုလေးအောင်နှင့် လှလှသုန်းတို့၏ အနေအထိုင်ကား ပိရိလှပေသည်။ လှလှသုန်း၏ တောင်းဆိုမှု့ကြောင့်ပင်ဖြစ်သည်။ လှလှသုန်းသည် ကိုလေးအောင်သူ့အားကြိုက်နေသည်ကို ရပ်ကွက်အတွင်းရှိသူများ မသိအောင် လျို့ဝှက်ထားပေးရန် တောင်းဆိုထားလေသည်။ ကိုလေးအောင်လည်း လှလှသုန်း၏ အလိုကိုလိုက်ကာ ရပ်ကွက်အတွင်းတွင် မသိသလိုပင်နေလေသည်။ လှလှသုန်းကြောင့်လှလှလေးအား ရင်းရင်းနှီးနှီးပေါင်းသင်းလေသည်။

အကြောင်းစုံကို သဘောပေါက်သွားသောအခါ လှလှလေးသည် ဦးနှောက်အတော်စားသွားလေတော့သည်။ ထိုပြဿနာသည်တိမ်မရောင်ဖြင့် နက်လေသည်။ ဘာမဟုတ်တာလေးသည် ဘာမဟုတ်တာကြီး ဖြစ်သွားသောကြောင့်ပင်ဖြစ်တော့သည်။

ဒီ မျိုးရိုးကို အဓိကထားနေသူမှာလည်း ဖခင်ကြီး တဦးတည်းပင်ဖြစ်သည်။ အကြောင်းစုံကို ဖွင့်ပြောကာ ဖခင်ကြီးအား ခွင့်တောင်းပါက မိဘပီပီ ခွင့်လွှတ်မည်မှာ ရာနှုံးပြည့်နီးပါးသေချာပေသည်။ သို့သော် ဖခင်ကြီးတွင် ဂုဏ်ယူကြွားဝါစရာကား ရှိတော့မည်မဟုတ်ပေ။ 

ထိုအခါ ဖခင်ကြီးသည် စိတ်ဓါတ်ကျသွားနိုင်ပေသည်။ အသက်ကြီးမှ သားသမီးမိုက်ကြောင့် စိတ်ဓါတ်ကျသွားသော မိဘတို့၏အဖြစ်အပျက်ကို လှလှလေးသည် ရုပ်ရှင်ထဲတွင် မကြာခနကြည့်ဘူးလေသည်။ ထိုသားသမီးများကား မိဘမရှိသောအခါမှ မှားမှန်းသိကာ နောင်တရကြကုန်လေသည်။ ထိုနောင်တသည် တသက်လုံး သူတို့အား ခြောက်လှန့်သွားပေလိမ့်မည်။

လှလှလေးသည် ထိုသို့ အဖြစ်မခံလိုပေ။ သူ့အမအားလည်း သူချစ်သောသူနှင့် ညားစေချင်လေသည်။ သူသည် ကိုလေးအောင်အား သူ့အမနှင့်သာ သဘောတူလေသည်။ သို့သော် သူသည် ဘာလုပ်ပေးရမှန်း မသိချေ။ နောက်ဆုံးတွင် လှလှလေးသည် သူ့အမအား စိတ်သောကမဖြစ်စေရန်နှင့် ဖူးစာပါက ညားကိုညားပေမည် ဟုချွေးသိပ်ကာ မနက်ဖြန် ဆေးရုံသို့သူတို့ ၂ ယောက်သွား၍ ကိုလေးအောင်အခြေအနေမှန် သွားကြည့်မည်ဟု ဆိုလေသည်။

....................................................................................................................................

(၂၁) ဗေဒင်။

လူနာကြည့်ချိန်အရောက် မှန်းဆကာ ၂ ယောက်သား ဆေးရုံသို့ထွက်လာလေတော့သည်။ လိုလိုမယ်မယ် ဓါတ်ဘူး၊ အိုဗာတင်း၊နို့ဆီ၊ သကြား၊ ခွက်၊ ဇွန်း၊ ပန်းကန်၊ အစရှိသဖြင့် ဆေးရုံတက်လူနာများ လိုအပ်မည်ထင်ရသော ပစ္စည်းများကိုလည်း ယူဆောင်လာလေသည်။ ဆေးရုံတွင် ဟိုမေးသည်မေးဖြင့် ကိုလေးအောင် ထားသော အခန်းသို့ရောက်သောအခါ ရပ်ကွက်အတွင်းမှ လူများပြောသည့်အတိုင်းပင် အခန်းဝတွင် ရဲသားကြီး တဦးစောင့်နေလေသည်။ ထိုရဲသားကြီးမှာ တာဝန်ကျေလှပေသည်။

သူတို့ အား ကိုလေးအောင်နှင့် မပေးတွေ့ချေ။ ဧည့်သည်မတွေ့ရဟု ဆိုလေသည်။ ခပ်လှမ်းလှမ်းမှ ကြည့်သောအခါ ကိုလေးအောင်သည် လှလှလေး တွေးထင်ထားသည့် ကာတွန်းရုပ်ကဲ့သို့ မဟုတ်ချေ။ ခေါင်းတွင်ပတ်တီးအဖွေးသားနှင့်တော့ ရှိသည်။ တိုင်တွင် ဆေးအိပ်တခုချိတ်ဆွဲကာ ပိုက်တန်းလမ်းဖြင့် ဆေးလည်းသွင်းထားသည်။

ဆေးရုံတွင် သုံးတတ်သည့် အင်္ကျီအပြာကြီး ဝတ်ကာ စောင်ခြုံထားသဖြင့် ခန္တာကိုယ်တွင် မည်မျှထိခိုက်သွားသည်ကိုကား သဲသဲကွဲကွဲ မမြင်ရပေ။ ရဲသားကြီးအဆိုအရမူ ဘိုက်တွင် ဒါးဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားသည်ဟုဆိုလေသည်။ ကံကောင်း၍ အသက်မသေ ဟုဆိုလေသည်။ ကိုလေးအောင် အခြေအနေကို အဝေးမှကြည့်ကာ လှလှသုန်းသည် မျက်ရည်တွင်တွင်ကျလေသည်။ ထိုအခါ လှလှလေးသည် ရဲသားကြီးအား ခနမျှ အနီးကပ် ကြည့်ခွင့်ပေးရန် အသနားခံပြောရင်း လက်ထဲတွင် ကိုင်ထားသည့်ငွေစက္ကူအချို့အား ရဲသားကြီး လဖက်ရည် ဝယ်သောက်ရန်ဆိုကာ တောင်းတောင်းပန်ပန်ဖြင့် ပေးလေတော့သည်။

ထိုအခါ သဘောအလွန်ကောင်းသော ရဲသားကြီးသည် လှလှလေးတို့အား သနားသွားသဖြင့် ကမ်းပေးသော လဖက်ရည်ဖိုးအားလှမ်းယူကာ သိပ်မကြာစေရန် ပြောရင်း ဝင်တွေ့ခွင့်ပေးလေသည်။ လှလှလေးတို့လည်း ကမန်းကတမ်း ကိုလေးအောင် အနားသို့သွားကာ ကြည့်ရှု့ကြလေသည်။ ကိုလေးအောင်ကား သတိမရသေးချေ။ ထိုအချိန်တွင် ထမီအနီဝတ် ဆရာမတဦးသည် ကိုလေးအောင် အနားသို့ ရောက်လာလေတော့သည်။

ဆရာမသည် လှလှလေးတို့ ကိုမြင်သောအခါ အံ့သြသင့်စွာဖြင့် ဒီလူနာမှာ ရဲအမှု့ဖြစ်၍ ဧည့်သည်ကြည့်၍ မရကြောင်းပြောလေသည်။သို့သော် ပါးနပ်သော လှလှလေးသည် သူသည် ဆွေးမျိုးနီးစပ်တော်သူဖြစ်ကြောင်း၊ ရဲသားကြီးအား ခွင့်တောင်းပြီးပြီဖြစ်ကြောင်း ပြန်လည်ရှင်းပြရင်း လူနာအခြေအနေကို မေးလေတော့သည်။

ထိုအခါ ဆရာမလေးသည် လူနာအခြေအနေကို လှလှလေးတို့အား ရှင်းပြလေသည်။ အရေးအကြီးဆုံး ဒဏ်ရာသည် ဘိုက်မှဒါးဒဏ်ရာပင်ဖြစ်သည်။ ကံကောင်း၍သာ အထဲမှ အူကို မထိမိခြင်းဖြစ်လေသည်။ ဒဏ်ရာသည် အတော်နက်သည်။ စိုးရိမ်ရသည်။

ဆေးရုံအရောက်စော၍သာ လူနာအသက်အန္တရယ်မှ လွတ်သည်ဟုဆိုလေသည်။ ထို့အပြင် တကိုယ်လုံးတွင်လည်း ဒဏ်ရာများရထားသည်ဟုဆိုလေသည်၊ ခေါင်းလည်း ၃ နေရာကွဲကာ ပြန်ချုပ်ထားသည်၊ စုစုပေါင်း ဒဏ်ရာ ၁၅ ချက် ရှိသည်ဟု လူနာကုတင်တွင် ရေးထားသော မှတ်တမ်းကို ကြည့်ကာ ပြောလေသည်။ ယခုအခါ ဒဏ်ရာပြင်းသဖြင့် အိပ်ဆေးထိုးကာ ပေးအိပ်ထားကြောင်းပြောပြလေသည်။ ထို့နောက် စောင်ကို အသာလှပ်ကာ ဒဏ်ရာဒဏ်ချက်များကို ပြလေသည်။

လှလှသုန်းကား မျက်ရည်ကျကာ တချိန်လုံးငိုနေတော့သည်။ လှလှလေးသည် ဆရာမအား အကူအညီတောင်းကာ သူ့တွင် ပါလာသော ပစ္စည်းများအား ကိုလေးအောင် သတိရလျှင် သုံးရန်ပေးလေသည်။ ဆရာမလည်း ကိုလေးအောင် နဘေး စားပွဲပေါ်တွင်ထားခဲ့ရန်ပြောသဖြင့် လှလှလေးသည် စာပွဲပေါ်တွင် စီစီရီရီ တင်ထားပေးလေသည်။ ထို့နောက် သူတို့သည် လူနာစောင့် လုပ်၍မရသောကြောင့် ကိုလေးအောင် အရေးပေါ်လိုအပ်လျှင် သုံးရန် ငွေစက္ကူ တထပ်အား ဆရာမအားအပ်လေသည်။ 

ဆရာမသည်ထိုငွေအား လက်မခံဘဲ ကိုလေးအောင် ခေါင်းအုံးအောက်တွင် ထားခဲ့ရန် နှင့် ကိုလေးအောင် သတိရလာက ပြောပြပေးမည်ဖြစ်ကြောင်းပြောကာ လှလှလေးတို့အမည်နှင့် ငွေကြေးပမာဏ ကိုမှတ်ထားပေးလေသည်။

ဆေးရုံမှ ပြန်လာသောအခါတွင် လှလှသုန်းသည် ကိုလေးအောင်အတွက် ဆုတောင်းပေးချင်သည် ဆိုသဖြင့် တံခိုးကြီးဘုရားသို့ ၂ ယောက်သား သွားကြလေတော့သည်။ ပန်း၊ ဆီမီးများ ဝယ်ကာ ကိုလေးအောင် မွေးသည့် သောကြာဒေါင့်တွင် ကိုလေးအောင်အမြန်ပြန်လည် ကျမ်းမာလာစေရန် ဆုတောင်းကြလေသည်။ ထိုနောက် ဘုရားအား လည့်ပတ်ကြည်ညိုရင်းဖြင့် စောင်းတန်းတနေရာတွင် ဗေဒင်ဆရာတဦးအား လှလှလေး အမှတ်မထင် မြင်မိလေတော့သည်။

ထိုအခါ လှလှလေးသည် ဗေဒင်မေးကြည့်လျှင် ကောင်းမည်ဟု စိတ်ကူးရသဖြင့် လှလှသုန်းနှင့် တိုင်ပင်ရာ လှလှသုန်းလဲ သဘောတူသဖြင့် ၂ ဦးသား ကိုလေးအောင်အတွက် ဗေဒင်မေးကြလေတော့သည်။ ကံအားလျှော်စွာပင် လှလှသုန်းသည် ကိုလေးအောင်၏ မွေးနေ့အတိအကျကို သိနေလေသည်။ အဘယ်ကြောင့်ဆိုသော် များမကြာမှီက ကိုလေးအောင်သည် သူ့မွေးနေ့ ဟုဆိုကာလှလှသုန်းအားဘုရားသို့ ခေါ်၍ကုသိုလ်ကောင်းမှု့ လုပ်ပြီး ထမင်းကျွေးဘူးသောကြောင့် ဖြစ်လေသည်။

ဗေဒင်ဆရာအား ကိုလေးအောင်၏ မွေးနေ့ကိုပေး၍ တွက်ခိုင်းရာ ဗေဒင်ဆရာသည် တဂျောက်ဂျောက်ဖြင့် သူ၏ ကျောက်သင်ပုန်းပေါ်တွင် တွက်ချက်ကာ ဤသို့ဟောလေတော့သည်။ကာယကံရှင်အတွက် ဒီနှစ်သည် အလွန်ကံဆိုးသောအချိန်ဖြစ်သည်။ ရာဟုဂြိုလ်သည် အလုံးလိုက် အရင်းလိုက်ဖြင့် သောကြာသား

အား နည်းမျိုးစုံဖြင့် ဒုက္ခပေးလျှက်ရှိသည်။ အခန့်မသင့်လျှင် အသက်ပင် ဆုံးရှုံးနိုင်သည်ဟု ဆိုလေသည်။ ထိုသို့ဟောလိုက်သည်နှင့် လှလှလေး နှင့် လှလှသုန်းတို့သည် မှန်လိုက်တာ ဆရာရယ်၊ မှန်လိုက်တာ ဆရာရယ် ဟူ၍ ဖြစ်ကုန်ကြလေတော့သည်။

ထို့နောက်မည်သို့လုပ်ရမည်နည်း ဟုမေးကြည့်သောအခါတွင် ဗေဒင်ဆရာတို့၏ ထုံးစံအရ ယတြာ ချေရလေတော့သည်။ယတြာမှာ အလွန်ကံဆိုးနေသော ကိုလေးအောင်အားသေဆုံးစေ၍ နာမည်သစ်ဖြင့်လူသစ် ပြန်မွေးဖွားပေးရန်ပင်ဖြစ်လေသည်။

နားမလည်၍ သေချာ ပြန်မေးသောအခါ ကံဆိုးနေသော ကိုလေးအောင်၏ ဆံစ၊ လက်သည်းစ၊ ခြေသည်းစ များကို လူရုပ်တခုတွင်ကပ်၍ သူနေထိုင်ရာအနီး သင်းချိုင်းကုန်းတွင် သူ့မွေးနေ့ဖြစ်သော သောကြာနေ့၌ မြုတ်နှံသဂြိုလ်ကာ ထိုလူအား နာမည်သစ်ဖြင့်ဘဝအသစ် ပြန်စပေးခြင်းပင် ဖြစ်လေသည်။ ဗေဒင်ဆရာ၏ နာမည်သစ်ဖြင့် ဘဝပြန်စသည် ဆိုသည့် စကားကြောင့် လှလှလေးသည် အထူးပင် စိတ်ဝင်စားသွားလေတော့သည်။ မည်သည့်နာမည်ကို ပေးရမည်နည်း ဟုမေးသောအခါတွင် ဗေဒင်ဆရာသည်တဂျောက်ဂျောက်ဖြင့် တွက်ပြန်လေသည်။

ထို့နောက် နာမည်သစ် သိန်းထွန်း ဟု ခေါ်လျှင်ကောင်းမည်ဟုဆိုလေသည်။ ထိုအခါလှလှလေးသည် မဝံ့မရဲဖြင့် ဗေဒင်ဆရာအားလှထွန်း ဟုပေး၍ ရ မရမေးကြည့်ရာ ဗေဒင်ဆရာသည် သူတွက်ထားသည့် ကျောက်သင်ပုန်းအား သေချာပြန်ကြည့်ရင်း အနီးရှိစာအုပ် အား ဟိုလှန် ဒီလှန်ကြည့်လေတော့သည်။ လှလှလေးလည်း ရင်တထိပ်ထိပ်ဖြင့် ဗေဒင်ဆရာ၏ အဖြေကို စောင့်နေလေတော့သည်။

ဗေဒင်ဆရာသည် တအုပ်ဖြင့် အားမရ။ နောက်တအုပ်ကို လှန်ကြည့်ပြန်သည်၊ ထိုနောက် ကျောက်သင်ပုန်းတွင် ဂဏန်းအနည်းငယ်ဖြည့်စွက်ပြန်သည်။ ထို့နောက် အားရကြေနပ်သည့် လေသံဖြင့် လှထွန်း ကပို၍ ကောင်းသည်ဟုဆိုလေသည်။ လှလှလေးတို့လည်းထခုန်မတတ် ဝမ်းသာမိလေသည်။ ထိုနောက် ဗေဒင်ဆရာတောင်းသလောက် ပေးကာဘုရားပေါ်မှ ဝမ်းသာအားရဆင်းလာလေတော့သည်။

...............................................................................................................

(၂၂) ကိုလှထွန်း။

လှလှလေးတို့သည် နောက်တနေ့တွင် ဆေးရုံသို့သွားကာ ကိုလေးအောင်အား သွားကြည့်ပြန်လေသည်။ ဆေးရုံတွင် ရဲအစောင့်အရှောက်ကင်းသွားပြီဖြစ်လေသည်။ မနက်စောစော ကိုလေးအောင် သတိရလာကတည်းက စခန်းမှုးကိုယ်တိုင် လာကာ အသေးစိတ် စစ်ချက်ယူသွားပြီဖြစ်လေသည်။ ရဲအစောင့်အရှောက်ကိုလဲ ရုတ်သိမ်းသွားပြီးဖြစ်လေသည်။ ကိုလေးအောင်ကား အပြစ်ရှိသူမဟုတ်သောကြောင့် ပင်တည်း။

လှလှလေးတို့လာသောအခါ ကိုလေးအောင်သည် ကျေးဇူးတင်စကား အထပ်ထပ်ဆိုလေသည်။ မနေ့က သူတို့လာသွားသည့်ကြောင်းကို ဆရာမပြောပြသဖြင့် သိပြီးဖြစ်နေသောကြောင့်ပင်တည်း။ လှလှလေးကလည်း ကျေးဇူးတင်ရန်မလိုကြောင်း သူ့ကြောင့် ဒီလိုဖြစ်သဖြင့် သူ့တွင် တာဝန်အများကြီးရှိကြောင်း၊ ဒါတင်မက လှလှသုန်းနှင့် အကြောင်းပါ သူသိပြီးဖြစ်ကြောင်း၊ခုချိန်မှစ၍ လှလှသုန်းသည် ခွင့်ယူ၍ ဆေးရုံတွင်နေခါ အကို့အား ပြုစုပေးမည်ဖြစ်ကြောင်း ပြောပြလေသည်။

ကိုလေးအောင်သည် လှလှသုန်း ဆေးရုံတွင်နေ၍ သူ့အားပြုစုမည် ဆိုသည့်အတွက်ကြောင့် ဝမ်းသာလုံးဆို့နေလေသည်။

ထို့နောက် လှလှလေးသည် မနေ့က အကို့အတွက် ဗေဒင်သွားကြည့်ကြကြောင်း၊ ဗေဒင်ဆရာက ဒီအချိန်အလွန်ကံဆိုးနေဖြင့်ယတြာချေရမည် ဟုဟောကြောင်း၊ ခြေရမည့်ယတြာကိုလည်းပြောပြကာ နာမည်ပါ ပြောင်းရမည် အကြောင်း ပြောလေသည်။

ထိုအခါ ကိုလေးအောင်သည် လှလှသုန်း သဘော၊ လုပ်ချင်တာလုပ်ဟုဆိုသဖြင့် လှလှသုန်းသည် အလွန်ဝမ်းသာသွားလေတော့သည်။ ထိုနောက် ယတြာအတွက် လိုအပ်သည့် ဆံစ၊ လက်သည်းစ၊ ခြေသည်းစများကို ပါလာသော ကပ်ကျေးဖြင့် ဖြတ်ကာအသင့်ယူလာသည့် ပလပ်စတစ်အိပ်များအတွင်း ခွဲထည့်လေတော့သည်။ ကိုလေးအောင်သည် ဒဏ်ရာများဖြင့် နာကျင်နေသည့်ကြားမှဝမ်းသာအားရဖြင့်

“ ကံဆိုးနေတာ ဟုတ်မယ်ထင်တယ်၊ ကံဆိုးရင် မိန်းမရတတ်တယ်လို့ လူတွေပြောကြတယ် ”

ဟုဆိုသဖြင့် လှလှသုန်းသည်ရှက်ကာ ကိုလေးအောင်အား အမှတ်တမဲ့ လက်သီးဖြင့် ထုမည်ဟန်ဖြင့် ရွယ်လေသည်။နောက်မှ တကိုယ်လုံးတွင် ကောင်းသည့်အပိုင်း မကျန်သလောက်ဖြစ်နေသည့် ကိုလေးအောင်အား ထုမည့်နေရာ ရှာမတွေ့သဖြင့်လက်သီးသည် လေထဲတွင် တန်းလန်းဖြင့်ရပ်နေလေသည်။ ထိုအခါလှလှလေးသည်

“ ဟဲ့ အသုန်း ငါပြန်မှ နင့်ဟာနင် သူ့ကိုကောင်းတဲ့ အပိုင်းရှာထု၊ ခု နေအုံး၊ ဒဏ်ရာတွေအကြောင်းမေးအုံးမယ် ”

ဟုဆိုကာ ကိုလေးအောင်၏ အခြေအနေကို မေးမြန်းလေသည်။ အခြေအနေကား လွန်စွာတိုးတက်လာလေသည်။

ထို့နောက် လှလှလေးသည် ခတ္တခနမျှ ဆေးရုံတွင် နေပြီးနောက် အိမ်ပြန်လာတော့သည်။ အိမ်သို့ရောက်သောအခါတွင် ထုံးစံအတိုင်းလာရောက်စပ်စုသော အမျိုးသမီးထုအား အခြေအနေမှန်ကို ပြောပြလေတော့သည်။ ထို့နောက် ဗေဒင်အလိုအရကိုလေးအောင်မှာမရှိတော့ဘဲ ကိုလှထွန်း ဖြစ်သွားပြီဟု ကြေငြာလေတော့သည်။

...........................................................................................................................................

( ၂၃ ) လှလှလေး စက်ချုပ်ဆိုင်။

တနေ့နှင့် တနေ့ ခေတ်ကြီးသည် ပြောင်းလဲလာလေသည်။ တရက်နှင့် တရက် တိုးတက်လာလေသည်။ ရပ်ကွက်အတွင်းရှိ လမ်းမကြီးကား ချိုင့်များဖြင့် ထူပေါလာသည်။ သက်တန်းရင့်လာသည့် သဘောပင်တည်း။ လမ်းဘေးတွင် ဈေးဆိုင်ပေါင်းစုံဖြင့် ရှုတ်ရှက်ခတ်လာသည်။ လူဦးရေ ထူထပ်လာသည့် သဘောပင်တည်း။ ဒီရပ်ကွက်တွင်းရှိ တချို့လူများသည် တခြားတနေရာသို့ ပြောင်းသွားကြသည်။ တချို့ကား တခြားတနေရာမှ ရောက်လာကြသည်။

လှလှလေးနှင့် သက်တူရွယ်တူ ချစ်ဘူးသည့် သူများသည်လည်း ပုံစံပြောင်းကုန်ကြလေသည်။ ယခင်က ကျစ်ကျစ်လစ်လစ်နှင့်လှသောမြခင်သည်ပင်ခလေး ၃ ယောက်အမေဖြစ်ကာ ဗိုသီဗတ်သီဖြင့် ပုံပျက်ပန်းပျက်ဖြစ်နေလေပြီ။

သို့သော် လှလှလေး စက်ချုပ်ဆိုင်ကား ဘာမှမပြောင်းလဲချေ။ ဆင်းဂါးတံဆိပ် စက်အိုကြီးလည်း တဂျောက်ဂျောက်ဖြင့် အလုပ်လုပ်နေတုန်းပင်ဖြစ်သည်။ လှလှလေးသည်လည်း အရင်အတိုင်းပင် နုပျိုလှပဆဲပင်ဖြစ်သည်။ အရွယ်ကြီးသွားသည်ဟု မထင်ရပေ၊ ဆိုင်သို့ ရောက်လာသည့် အမျိုးသမီးထု၏ အသက်အရွယ်သည်လည်း မပြောင်းလဲသွားချေ။ လှလှလေး စက်ချုပ်ဆိုင်သည်ငယ်ရွယ် လန်းဆန်း လတ်ဆတ်သည့် အမျိုးသမီးထုနှင့် စည်ကားမြဲ စည်ကားနေလေသည်။

ယခုအခါတွင် လှလှလေးနှင့် အဖွဲ့ကျနေသူများကား ငယ်ရွယ်သည့် အမျိုးသမီးများ ပင်ဖြစ်တော့သည်။ ခေတ်ကြီးပြောင်းလဲလာသည့် နည်းတူ ဝတ်စားဆင်ယင်မှု့သည်လည်း ပြောင်းလဲလာလေသည်။ ယခုအခါ အမျိုးသမီးများသည် ကိုရီးယားစတိုင်ဟုဆိုကာ စကပ် တိုတိုလေးများ ဝတ်ဆင်တတ်လာကြသည်။ ဘောင်းဘီကြပ်ကြပ်များကို ခုံမင်လာတတ်လေသည်။ အမျိုးသမီးများသည် သူတို့ ခန္တာကိုယ်အား အစွမ်းကုန် ဖေါ်ချင်လာတော့သည်။ ထိုအခါလှလှလေးသည်ပိုအလုပ်ဖြစ်လာလေတော့သည်။

“ ဟဲ့ မိစန်း ဘာချုပ်မလိုတုန်း ”

“ အမ ဒီမှာ စကပ်တထည်ရတယ်တယ် နောက်က နဲနဲပွနေလား မသိဘူး၊ ကြည့်ပေးပါအုံး ”

“ အတိုလား အရှည်လား ”

“ အတိုလေး အမ၊ နောက်ကအကွဲလေးနဲ့၊ ရေလည်မိုက်တယ် ”

“ ဟုတ်လား၊ သွား အခန်းထဲဝတ်ကြည့် ငါလာခဲ့မယ် ”

“ ဟုတ်ကဲ့ ”

လှလှလေးသည် ထုံးစံအတိုင်း တံခါးသွားပိတ်ကာ အခန်းထဲ လိုက်ဝင်သွားလေတော့သည်။ မိစန်းကား ဖင်ကြီးကုန်းကာဖြင့်သူ့စကပ်တိုလေးကို စွတ်နေလေသည်။ လှလှလေးသည် ကုန်းနေသော မိစန်းဖင်အား နောက်မှ လက်ဝါးဖြင့်အသာရိုက်ရင်း

“ ကောင်မ ဖင်ကြီးကို လုံးနေတာဘဲ ”

“ ခစ် ခစ် ခစ် လှလား အမ ”

“ လှတာပေါ့ဟဲ့၊ ငါတောင် ကိုက်စားချင်လာတယ်၊ သေချာရပ်စမ်း ငါကြည့်အုံးမယ် ”

လှလှလေး၏ အပြောကြောင့် စကပ်ဆက်မစွပ်တော့တဲ့ မတ်တတ်ရပ်၍ ဖင်ကို နောက်ပြစ်ကာ ရင်ကိုကော့ရင်း ကိုယ်ကိုတပတ်လှည့်ပြလေသည်။

“ တွေ့လား အမ၊ အစစ် နော် အစစ် ဘယ်သူ့အကိုက်မှ မခံရသေးဘူး ခစ် ခစ် ”

“ ယုံပါလိမ့်မယ် အားကြီးကြီး၊ ငါသတင်းကြားပါတယ်နော် နင်နဲ့ တွဲနေတဲ့ ကောင်တွေအကြောင်း ”

“ အလကားပါအမရာ အဲဒါတွေက အီစီကလီတွေ၊ ဖီးလ် မလာဘူး ”

“ အမယ် ဒါဆို ညီးက ဘယ်လိုဟာမျိုးမှ ဖီးလ်လာမှာလဲ ”

“ ခစ် ခစ် အမတို့လို အထာညက်နေတဲ့ သူမျိုးဆို လာချင်လာမှာပေါ့။ သိပါတယ်နော် ဟိုနေ့က မလဲ့ကို ဖီးလ် ပေးလိုက်တဲ့ကိစ္စ ”

“ ဟဲ့ သူက နင့်ကို ပြန်ပြောပြတာလား ”

“ အင်းပေါ့၊ စိတ်မပူပါနဲ့ အမရာ၊ မလဲ့က ကောင်းလွန်းလို့တဲ့ သမီးကို တိုးတိုးတိတ်တိတ် ရင်ဖွင့်သွားတာ၊ ချစ်သူငယ်ချင်းတွေဆိုတော့ ဒီလိုဘဲပေါ့ အမရာ ခစ် ခစ် ခစ် ”

“ ဘာလဲ ညီးလဲ လိုချင်လို့လား ”

“ ခစ် ခစ် ခစ် ခစ် အမကလဲ ”

“ အမယ် အမယ် လာစမ်းကောင်မ၊ တခစ်ခစ်နဲ့ ငါ့ကို အသဲယားအောင် လာလုပ်နေတယ် ”

“ ခစ် ခစ် ခစ် ခစ် . . . အို့ . . .  အမ ”

“ ဝုန်း ”

ဝုန်း ဆိုသည်မှာ လှလှလေး နှင့် မိစန်း ထပ်ရက် အိပ်ယာပေါ် ပြုတ်ကျသွားသည့် အသံပင်ဖြစ်ပေတော့သည်။ ထို့နောက်တွင်ကား

“ အိ . . အိ . . အ . . အ . . အို့ . . . .   ”

ခေတ်ကြီးကား တဖြေးဖြေး ပြောင်းလဲလာသည်မှာ မှန်ပေသည်။ လှလှလေးအတွက် ဒီခေတ်သည် ဖေါ်မြူလာ မလိုတော့ပေ။


  ပြီးပါပြီခင်ဗျား။ 

မောင်ဇော်ဦး

ဧပြီ - ၁ရက်၊ ၂၀၁၁

မြန်မာဆိုက်ဘာ

........................................⭐⭐⭐⭐⭐........................................




Print Friendly and PDF

No comments:

Post a Comment