Saturday, July 18, 2015

ကိုရွှေဘ၏ စွန့်စားခန်းများ အပိုင်း ( ၁ )

ကိုရွှေဘ၏ စွန့်စားခန်းများ အပိုင်း ( ၁ )

ရေးသားသူ - ချမ်းကို (Chan Ko)

ကိုရွှေဘနှင့် ဥစ္စာစောင့်မလေး

နှင်းတွေက တဖြောက်ဖြောက်နဲ့ မီးကင်းတဲခေါင်မိုးပေါ်ကျသံ ကြားနေရပြီ။ ဒီနှစ်ဆောင်းက တော်တော်လေး အေးတာကိုးဗျ။ ကင်းတဲဘေးက ကြက်ခွပ်ပင်ကြီးအောက်မှာ ထင်းတုံးကြီးကြီးကို မီးဖိုထားပြီး မီးဖိုဘေးပတ်ပတ်လည်မှာ ကျနော်တို့ရပ်ကွက်ထဲက လူငယ်တွေ ဝိုင်းပတ်ထိုင်ရင်း စကားပြောနေကြတာပေါ့။ သာရေးနာရေးမှာသုံးတဲ့ ကြွေရည်သုတ် မတ်ခွက်ကိုယ်စီနဲ့ ရေနွေးကြမ်းခါးခါးပူပူကို သောက်ရင်း စကားဝိုင်းကောင်းနေကြတာ ညဉ့်တောင် တော်တော်နက်စပြုလာပြီ။ စောစောပိုင်းက ဂျပန်ခေတ်အတွေ့အကြုံတွေ ပြောပြနေတဲ့ လူကြီးတွေတောင် ပြန်အိပ်ကုန်ပြီ။ ကျနော်တို့ ချာတိတ်တွေရယ်၊ လူလတ်ပိုင်းတချို့ရယ်ပဲ ကျန်ခဲ့ပြီး စကားဝိုင်းဆက်နေကြတာပေါ့လေ။

ရောက်တတ်ရာရာတွေပြောရင်း တစ္ဆေ၊ သရဲ အတွေ့အကြုံတွေ ဘယ်ကဘယ်လို ရောက်သွားမှန်းမသိပါဘူး။ တစ်ယောက်ပြီးတစ်ယောက် သူ့ထက်ငါ အတွေ့အကြုံတွေ ဖလှယ်နေကြတာ ဇာတ်လမ်းတွေက စုံလာရောဗျ။ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော စုံလာတော့ ဘယ်သူမှ အပေါ့အပါးသွားချင်တာတောင် မထရဲတော့တဲ့အထိ ဖြစ်လာတယ်။ အထက ကျောင်းဝင်းထဲက ကျောမှာအပေါက်ကြီးနဲ့ ကျောပေါက်စစ်သားသရဲတို့၊ ဗောဓိကုန်းအတက်က နှစ်ဆောင်ပြိုင် အိမ်ပျက်ကြီးရှိတဲ့ဝင်းထဲမှာ လပြည့်ညဆို သီချင်းတအေးအေးနဲ့ ထွက်ပြီးကနေတတ်တဲ့ ခြေထော့ကျိုးဖြစ်နေတဲ့ အင်္ဂလိပ်မ ဘိုမခြေကျိုးသရဲတို့၊ ဗြိတိသျှခေတ်ကတည်းကနာမည်ကျော်ခဲ့တဲ့ ကျနော်တို့မြို့က အကျဉ်းထောင်ကြီးရဲ့ အုတ်ရိုးပေါ် လမ်းတက်လျှောက်တာမြင်ရတဲ့ ထောင်ပိုင်ကြီးကတော် သရဲမတို့ အဲ့လိုတွေပြောနေရင်း လူတွေအကုန်လုံးက နောက်ကျောမလုံသလို ဖြစ်ဖြစ်လာရော။ ညကလည်း မှောင်ပိန်းလွန်းပြီး နှင်းတွေကလည်း တဖွဲဖွဲကျနေတာဆိုတော့ အိမ်ပြန်ဖို့တောင် ဘယ်လိုလုပ်ရမလဲတွေးရင်း စိတ်ပူစပြုကုန်ပြီ။

အဲ့ဒီအချိန်မှာပဲ.. တဟဲဟဲ ရယ်သံနဲ့အတူ လူတစ်ယောက် မီးဖိုကိုဝိုင်းဖွဲ့ထားတဲ့ ကျနော်တို့လူစုထဲကို အတင်းတိုးဝင်လာတော့ အားလုံးလန့်ဖြန့်ကုန်တယ်။ နဂိုက သစ်ကိုင်းလေတိုးလို့ ဖျောက်ကနဲ မြည်ရင်တောင် တုန်တဲ့အထိ လန့်နေကြတဲ့ လူစုထဲ ဝုန်းကနဲ ဝင်ထိုင်လိုက်တော့ စဉ်းစားတာကြည့်ကြတော့ဗျာ။ အလန့်ပြေသွားလို့ သေချာကြည့်လိုက်မှ.. ကျနော်တို့ရပ်ကွက်ထဲက ဇာတ်လိုက်ကျော်ကြီး ဖြစ်နေတယ်။ ကတ္တီပါစနဲ့ချုပ်ထားတဲ့ လောင်းကုတ်ရှည်ကြီးကို ဝတ်လို့၊ ဆံပင်က ဂုတ်ထောက်၊ အသားအရည်က တရုတ်စပ်မှန်း သိသာနေတယ်။ မျက်လုံးကမှေးမှေးနဲ့ အဲ့ဒီခေတ်အခါက အရမ်းခေတ်စားနေတဲ့ ကွန်ဖူးမင်းသား ဘရုစ္စလီရုပ်မျိုး။ (သူကလည်း မတူတူအောင် ဂိုက်ဖမ်းနေတာပါ) စကားပြောလိုက်ရင် ပါးစပ်ထဲက ရွှေသွားနှစ်ချောင်းက လက်ကနဲ လက်ကနဲ ဖြစ်သွားသေးတယ်။

“ကိုရွှေဘ!!”

လို့ အားလုံးပါးစပ်က အသံထွက်သွားကြတယ်။ သူ တဟဲဟဲ ထပ်ရယ်လိုက်ပြီး …

“ငါရောက်နေတာ ကြာပြီဟ..။ မင်းတို့ပြောနေတာတွေအကုန် ရပ်ပြီးနားထောင်နေတာ..။ မင်းတို့ သရဲဇာတ်လမ်းတွေက အာလူးတွေပါကွာ..”

အားလုံး မကျေမနပ် ဖြစ်သွားပေမယ့် ပြန်တော့မပြောရဲဘူး။ အဲ့ဒီအချိန်က သူက ၃၅-၃၆ လောက်ရှိနေတော့ လူကြီးပေါ့လေ။ ပြီးတော့ ရပ်ကွက် ကာလသားခေါင်း၊ သဘောအင်မတန်ကောင်းသလောက် လက်ယဉ်တယ်လို့ နာမည်ကြီးကိုး။ အားလုံးတိတ်နေရတာပေါ့။

“မင်းတို့ ကျတ်တီးကုန်းဆိုတာ ကြားဖူးကြလား၊ ကြုံဖူးသလား.. ငါမေးမယ် ဖြေကြ !!”

အားလုံး တိတ်နေကြတယ်။

“ညဖက်ကွာ ရွာတစ်ရွာကို ရောက်သွားမယ်..။ ပွဲတွေလမ်းတွေ လုပ်နေကြတာတွေ့မယ်..။ မင်းကဝင်ပြီး ပွဲတွေကြည့်.. အိမ်တစ်အိမ်မှာတည်းခို.. စားသောက်.. အိပ်ပျော်သွားပြီး မနက်ရောက်တော့ လူသူမနီးတဲ့ တောထဲက သင်းချိုင်းတစ်ခုရဲ့ အုတ်ဂူတစ်ခုပေါ်မှာ မင်းခွေခွေလေး အိပ်နေတာ တွေ့လိမ့်မယ်….။ အေး!! အဲ့ဒါ ကျတ်တီးကုန်း.. ဒါမှမဟုတ် ကျတ်ရွာလို့ခေါ်တယ်..။ ပရလောကသားတွေရဲ့ နေရာကို ရောက်သွားတာပေါ့လေ..”

“နောက်တစ်မျိုးရှိသေးတယ်.. အုတ်ဒဇောင့် (ဥစ္စာစောင့်) ဆိုတာ.. ဘုရားဌာပနာတို့ သိုက်တို့ကိုစောင့်ရတဲ့ အစောင့်မျိုးကိုခေါ်တာ..။ တန်ခိုးလေးဘာလေး အထိုက်အလျောက်ရှိတော့ လူယောင်ဖန်ဆင်းနိုင်တယ်..။ လူ့လောကမှာ မတော်တဆ တွေ့ရလေ့ရှိတယ်….”

“ကိုရွှေဘကော.. တွေ့ဖူးလားဗျ” (လူငယ်တစ်ယောက် မေးလိုက်သံ)

“ဟင်းဟင်း! တွေ့ဖူးရုံတင် ဘယ်ကမလဲ…။ တူတူတောင် အိပ်ဖူးသေးတယ်ဟ…”

“တူတူအိပ်တယ်ဆိုတာ ဘယ်လိုအိပ်တာလဲဗျာ!!”

“ဟာ! ဒီသူတောင်းစားလေးကလည်း အူတူတူနဲ့…။ တူတူအိပ်တယ်ဆိုတာ.. ငါ အဲ့ဒီဥစ္စာစောင့်မလေးဆိုတာ တွေ့ဖူးရုံတင်မကဘူး… အုပ်တောင်အုပ်ခဲ့တာဟ..။ နှစ်ချီတောင် တွယ်ခဲ့တာ..”

အားလုံးမယုံသလို မျက်နှာပေးနဲ့ ဖြစ်သွားပေမယ့် ကိုရွှေဘဆိုတာ နေရာတကာ နှံ့စပ်နေတော့ကာ ဟုတ်များဟုတ်နေမလားဆိုပြီး ဇဝေဇဝါမျက်နှာလေးတွေကိုယ်စီနဲ့ ဖြစ်ကုန်ရော။ ပြီးတော့ ဟုတ်တာမဟုတ်တာ အပထား.. ကိုရွှေဘက လေပစ်ရမယ်ဆို အမူအရာလေးတွေဘာတွေနဲ့ဆိုတော့ အညှီအဟောက် ဇာတ်လမ်းလေးတွေပါမှာပဲဆိုပြီး မျှော်လင့်တကြီးနဲ့ သူပြောလာမှာကို တိတ်တိတ်လေးနေပြီး မျှော်နေကြတာပေါ့။ အားလုံးနားထောင်ချင်နေကြတာ သိသာနေတော့ ကိုရွှေဘက ခပ်တည်တည်နဲ့ လောင်းကုတ်ဘေးအိပ်ထဲက စကားဝါတံဆိပ် ဆေးပေါ့လိပ်ကလေးကို ထုတ်ပြီး မီးညှိရင်း ဖွာနေပြန်တယ်။ (ဟန်လုပ်ပြီး ဂိုက်ထုတ်နေတာ)။ ၃-၄ ဖွာလောက် ဆက်တိုက်ဖွာပြီးမှ လေသံခပ်အုပ်အုပ်နဲ့ စကားစပြောတယ်။

“ဒီလိုကွ.. ငါအသက် ၂၀ ကျော်လောက်ကပေါ့..။ ကျားပျံမကောက် ဆေးပေါ့လိပ်ဒိုင်က အဖိုးကြီးဆုံးတော့ အသုဘမှာ ဖဲဝိုင်းအကြီးအကျယ်ဖြစ်ရော ဆိုပါတော့…။ ဖဲဝိုင်းက ရက်လည်တဲ့နေ့အထိ လူစည်ကားချက်ကွာ.. ဟိုးဗမာပြည်က အောက်သားတွေတောင် တက်လာပြီး သူသေကိုယ်သေ ဆော်ကြတာပေါ့။ (အသားအရေညိုသော လူတွေကို ကျနော်တို့အရပ်တွင် အောက်သား သို့မဟုတ် ဗမာပြည်သားလို့ ခေါ်ပါတယ်)

ငါလည်း ဘယ်နေလိမ့်မလဲ.. ရှိတာအကုန်ထုတ်ပြီး ဆော်တာ.. နေ့တိုင်းကို ကွဲတာဟေ့။ အိမ်ကလည်း ပိုက်ဆံက ဖန်လို့မရတော့ဘူး။ အတယ် (သူ့အဖေတရုတ်ကြီး) ကလည်း ငါဆိုင်က ပိုက်ဆံတွေ ခိုးခိုးပြီး ဖဲချနေတာရိပ်မိတော့ အလစ်ကိုမပေးဘူး ဖြစ်လာတော့ ငါ့ရည်းစားအပျိုကြီးဆီက ပတ်ချွဲနပ်ချွဲနဲ့ ပိုက်ဆံတစ်ထောင် (ထိုခေတ်က တော်တော်များပါသည်) ရယ်၊ သူ့ဆွဲကြိုးရယ် ယူပြီး အသုဘ ၆ ရက်မြောက်နေ့ ညမှာ ထပ်ပြီးသွားချတာ.. မကျေပွဲပေါ့လေ။”

“ဟို ကျောင်းဆရာမကြီးလား ကိုရွှေဘရည်းစားက..။ ဒေါ်နော်မူလေ ဝတုတ်တုတ်ကြီး..။ အသက်ကြီးနေပြီ ဟီးဟီး” (အကြောင်းသိတဲ့ ကျနော်က ဝင်နောက်လိုက်တယ်)

“ဟေ့ကောင်!! ဖိုးသက်.. အေပေးလေး …။ အဲ့ဒီတုန်းက သူ့အသက်က ၄၂-၄၃ ပဲ ရှိသေးတယ်..။ ပြီးတော့ အခုလိုပုံ မဟုတ်ဘူး..။ တောင့်တောင့်တင်းတင်း လှတပတကြီး..။ အခုပြတ်သွားတာကြာပြီ..။ တော်.. နင့်ပါးစပ်ပိတ်..။ ပြောနေတာတောင် ဘယ်ရောက်ကုန်ပြီလဲ မသိဘူး။

အေး! အဲ့ဒီနေ့က သုံးပုံဖဲက ကောင်းချက်ကွာ..။ ညဦးပိုင်းမှာ တော်တော်လေး ထောင်း(နိုင်)နေတာကွ။ ၂ သောင်းခွဲလောက်ရှိမယ်။ သိတယ်မလား ငါတို့မြို့သားတွေအကြောင်း..။ ဘေးကနေ ဇာက်ကြောဆွဲပေးမယ့်ကောင်နဲ့၊ အရက်ငှဲ့ပေးမယ့်ကောင်နဲ့၊ ကိုရွှေဘကွဆိုပြီး မျက်နှာလိုအားရ ထိုင်အော်ပေးတဲ့ကောင်နဲ့ ဘူဇွာကြီး ဖြစ်နေတာပေါ့ကွာ။ ဖဲကလည်းနိုင် လူကလည်းစိတ်ကြွလာတော့.. အရက်ကိုတောင် အာမီရမ်သွားရှာခိုင်းပြီး သောက်ကရော။ ဘီအီးတွေ၊ မီးတောက်တွေ လုံးဝမသောက်ဘူး။ ငွေသောင်းချီကိုင်ထားတဲ့ ကောင်ကိုး။

အင်း.. ည ၁၂ နာရီကျော်လာတော့ မူးကလည်းမူး သွေးကလည်းကြွကြွဆိုတော့ တဖြေးဖြေး ပြန်ကုန်လာတာ နောက်ဆုံး အပျိုကြီးဆီကဖန်လာတဲ့ ပိုက်ဆံကော ဆွဲကြိုးပါ ကုန်တဲ့အပြင် အိတ်ကပ်ထဲမှာ ကျပ်တန်လေးတစ်ရွက်တောင် မကျန်တော့ဘူးကွာ။ ခုနက ဘေးမှာဝိုင်းဝိုင်းလည်နေတဲ့ သူတောင်းစား တပည့်တပန်းတွေဆိုတာ ဘယ်ရောက်ကုန်မှန်း မသိတော့ဘူး။ ပိုက်ဆံမကျန်တော့လို့ ဝိုင်းပြင်လည်း ရောက်နေပြီ။ လူကလည်း တော်တော်လေးထွေနေပြီ။ စိတ်ညစ်ညစ်နဲ့ အသုဘရှင်ဧည့်ခံတဲ့ ညလည်စာ ဆန်ပြုတ်ကလေးသောက်ပြီး ပြန်မယ်ပေါ့လေ။

ဒါနဲ့ အောက်ထပ်ကို ဆင်းလာတော့ လှေခါးရင်းမှာ ချွတ်ထားတဲ့ ငါ့မြင်းကြယ်ဖိနပ် မရှိတော့ဘူးကွ။ တောက်!! ယိုးဒယား မြင်းကြယ်ဖိနပ် အစစ်ကလေးကွာ။ ပိုပြီး ဒေါကန်ချင်စရာကောင်းတာက ညာဖက်တစ်ဖက်ထဲ ပျောက်နေတာ၊ ရှာတာလည်း နှံ့နေပြီ။ မတွေ့လေ ဒေါကန်လေပေါ့။ ဖဲရှုံးလို့ စိတ်ညစ်လာတာ ဖိနပ်ပါပျောက်ပြီး ပြန်ရတော့မယ်ဆိုတော့ သောက်ထားတဲ့ အရက်အရှိန်ကြောင့် ဘယ်လောက်ဒေါသထွက်မလဲဆိုတာ မင်းတို့ပဲ တွေးကြည့်။

ဒါနဲ့ပဲ.. အိမ်ပေါ်ပြန်တက်ပြီး အိမ်ရှင်ဆီက ဘန်နီကြိုး (ဂုန်လျှော်ကြိုး) ရှည်ရှည်တစ်ချောင်းလောက် တောင်းပြီး အိမ်အောက်ကို အသာလေးပြန်ဆင်း လှေကားရင်းမှာရှိတဲ့ ဖိနပ်တွေအားလုံးကို ညာဖက်တွေပဲရွေးပြီး ကြိုးနဲ့ထိုင်သီ၊ ကိုယ်မှာလွယ်၊ ပုဆိုးခြုံပြီး အသာလစ်ထွက်လာတာဟေ့။”

“ဘာလုပ်တာလဲ.. ကိုရွှေဘဟာက” (ချာတိတ်တစ်ယောက် ထမေးလိုက်သံ)

“ဘာလုပ်ရမလဲ.. လက်စားချေတာလေ..။ အကုန် မြစ်ထဲ သွားမျှောမလို့ ခိုးလာတာ။ ဖဲရိုက်တဲ့ လူအတူတူချင်း ငါက ဖဲလည်းရှုံးသေး၊ ဖိနပ်လည်း တစ်ယောက်ထဲ ပျောက်တော့ မတရားဘူးထင်လို့”

“ဟားဟားဟား!!” (အားလုံးရယ်သံ)

“အဟီး.. မနက်မိုးလင်းရင် ဖဲဝိုင်းကလူမှန်သမျှ ဘယ်ဖက်တစ်ဖက်ပဲရှိတဲ့ ဖိနပ်ကိုစီးပြီး အိမ်ပြန်နေတာကို မြင်ယောင်ကြည့်ရင်း ငါ့မှာ တခွိခွိနဲ့ပေါ့ …။ အဲ့ဒီဖိနပ်တွေ ၇၀-၈၀ လောက်ကိုလွယ်ပြီး ပြန်လာတာ ကမ်းနားလမ်းဖက် ရောက်လာရော ဆိုပါတော့ကွာ။ ကုက္ကိုပင်တန်းအုပ်အုပ်တွေအဆုံးမှာ ဘုရားငုတ်တိုကမ်းပါး ရှိတယ်မလား..။ အေး အဲ့ဒီကုန်းပေါ်တက်သွားရော ဆိုပါတော့။ ပုံမှန်အချိန်ဆို ဘယ်တက်ရဲပါ့မလဲ။ မင်းတို့သိတဲ့အတိုင်း အဲ့ဒီနေရာက နာမည်ကြီး။ (ဘုရားငုတ်တိုကမ်းပါးမှာ မြစ်ပေါ်တွင် မေးတင်ထားသော စေတီပျက် အတော်များများရှိသော နေရာ၊ တချိန်က အကြီးအကျယ် တိုက်ပွဲဖြစ်ခဲ့ဖူးပြီး လူအတော်များများ သေခဲ့သည့် နေရာဟု သိကြသည့်အပြင် လပြည့်ညများတွင် စောင်းတီးနေသော ဥစ္စာစောင့်မများကို မြင်ရသည်၊ ဘုရားဌာပနာစောင့် ဘီလူးသဘက်များ ဖမ်းစားသည်၊ တစ္ဆေခြောက်သည်ဟု အလွန်နာမည်ကျော်သော နေရာ)

ငါလည်း သောက်ထားတဲ့ အရှိန်နဲ့ဆိုတော့ မကြောက်ဘူး ဆရာ။ လောလောဆယ် ဒီဖိနပ်တွေကို မြစ်ထဲပစ်ဖို့ အရေးကြီးတာလည်း ပါတာပေါ့။ ဘုရားကုန်းက သိတဲ့အတိုင်း ဂျာမဏီခြုံတွေထူတော့ ငါလည်း အတင်းတိုးရင်းနဲ့ မြစ်ကမ်းပါးအစွန်းကို ရောက်သွားရောဗျ။ ကမ်းပါးအစွန်းက ကုက္ကိုပင်ကြီးခြေရင်းကနေ ဖိနပ်အတွဲကြီးကို အားနဲ့ မြစ်ထဲလွှဲပြီး ပစ်လိုက်တာ ရေထဲ ဝုန်းကနဲကျသွားသံ ကြားရတော့မှ ပြန်မယ်ဆိုပြီး အလှည့်မှာ စေတီပျက်နှစ်ခုကြားထဲက အုတ်ခုံကြီးပေါ်မှာ ဆံပင်ဖားလျားချထားတဲ့ မိန်းမတစ်ယောက် ထိုင်နေပါရောလားဗျာ။ အရက်မူးနေတာတောင် ပြေသလိုဖြစ်သွားတယ်ဟ။ ဆံပင်တွေတောင် ထောင်လာသလိုပဲ။

တခြားလမ်းလှည့်ပြီး ပြေးရအောင်ကလည်း မင်းတို့သိတဲ့အတိုင်း နောက်မှာ ကမ်းပါးအမြင့်ကြီး၊ ဘေးနှစ်ဖက်က ခြုံတွေကလည်း တိုးလို့မပေါက်တတ်။ ဒီစေတီငုတ်တိုနှစ်ခု အလယ်ကနေပဲ ထွက်လို့ရမှာကို အဲ့ဒီဥစ္စာစောင့်မက ပိတ်ပြီးထိုင်နေတော့ ငါ့မှာ ဒူးတဆတ်ဆတ်တုန်ပြီး ကြောက်လိုက်တာကွာ။”

ရုတ်တရက် ကိုရွှေဘ စကားပြောတာ ရပ်သွားပြီး ကျနော့်လက်ထဲက ရေနွေးခွက်ကို လှမ်းယူပြီး တဂွပ်ဂွပ် မော့သောက်နေတယ်။ ဒါ သူ့သောက်ကျင့်လေ။ အားလုံးစိတ်ဝင်စားမှု မြင့်လာပြီဆို အဲ့လိုပဲ။ သောက်ပြီးမှ ဆေးပေါ့လိပ်ကို ဆက်ဖွာနေတယ်။ ဘာမှတော့ ဆက်မပြောသေးဘူး။ မီးဖိုဘေးမှာ ဝိုင်းထိုင်နေကြတဲ့ လူတွေကလည်း တိတ်ဆိတ်လို့။ ကိုရွှေဘရဲ့ လေကလည်း သိတယ်မလား။ စပြီဆိုတာနဲ့ အမူအရာတွေ ဘာတွေနဲ့ ပြောတာကိုး။ ဖဲဝိုင်းကိစ္စတွေ၊ ဖိနပ်တွေခိုးပြီး လွယ်ယူလာတာတွေ ပြောတုန်းက တဟီးဟီးနဲ့ အားလုံး သဘောတွေကျနေရာက အခုလို သည်းထိတ်ရင်ဖိုခန်း ရောက်လာတော့ အားလုံးငြိမ်သက်လို့ပေါ့။ ဟိုမှာက ဥစ္စာစောင့်မနဲ့ ပက်ပင်းတွေ့နေပြီဆိုတာကိုးဗျ။ ကိုယ်တွေသာဆို ဘယ်လိုလုပ်ရပါ့မလဲ တွေးရင်း ကြောက်စိတ်တွေ ဝင်လာတာဗျ။

ဒီကြားထဲ ခပ်လှမ်းလှမ်း ဘုန်းကြီးကျောင်းဝင်းထဲမှာ မွေးထားတဲ့ ခွေးအုပ်လိုက်ကြီးကလည်း တစ်ခုခုမြင်လိုက်သလို အူး..ဝူ..ဝူ .. ဆိုပြီး အုပ်လိုက်ထအူလိုက်တော့ အားလုံးတုန်ကုန်ရော။ ခွေးအူသံတွေ တိတ်သွားတော့ မီးကင်းတဲရဲ့ အမိုးသွပ်ပြားပေါ် နှင်းတွေ တဖြောက်ဖြောက်ကျနေသံကလွဲပြီး အကုန်တိတ်ဆိတ်သွားပြန်ရော။ အဲ့ဒီတော့မှ ကိုရွှေဘရဲ့ သက်ပြင်းချသံ ဟင်းကနဲ ကြားလိုက်ရပြီး စကားဆက်ပြောတယ်..။

“ငါမကြောက်တတ်တာ မင်းတို့သိပါတယ်။ လက်ပံတန်းမှာ ဘုရားပွဲလုပ်တုန်းက အဲ့ဒီရွာကကောင်တွေ ၁၀ ယောက်လောက် ဓားရှည်တွေနဲ့ ဝိုင်းခုတ်တာ ငါနဲ့ ချီးဗူး နှစ်ယောက်ထဲ ဝါးဆစ်ပိတ်တွေနဲ့ ထွက်မပြေးပဲ ခံချလာတာ မင်းတို့သိပြီးသားပဲလေ။ (ကိုယ်ရည်သွေးတာ ဒင်း၊ ဒါပေမယ့် တကယ်လည်း ဟုတ်ပါတယ်)

ဒါပေမယ့် အခုဟာက မတူဘူး။ သူသေကိုယ်သေ ချလိုက်ရအောင် လူမှမဟုတ်တာကိုး။ အခြေအနေကလည်း ခုနက ငါပြောခဲ့သလိုပဲ ပြေးပေါက်ရယ်လို့ မရှိတော့ဘူးဟ။ ကောင်းကင်မှာလည်း လကလေးမှ မသာ၊ ကြယ်ရောင်ပျိုးပျိုးပျက်ပျက်မှာ သေချာစိုက်ကြည့်လိုက်တော့ တကယ်ဗျ။ ဥစ္စာစောင့်မဆိုတာ သိသာတယ် ဆံပင်ဖားလျားချလို့။ ဒါပေမယ့် မင်းတို့ငါတို့ ကြားဖူးသလို အစိမ်းရောင်ဝတ်စုံတော့ မဝတ်ထားဘူး ဆရာ။ တစ်ကိုယ်လုံး အဖြူဆွတ်ဆွတ်နဲ့ဟ။ ဘုရားစာတွေဘာတွေ ဆိုတာကလည်း အကုန်မေ့ကုန်ပြီ။ ငါ့အတွင်းခံအင်္ကျီ အိပ်ကပ်ထဲမှာ ရွှေရင်ကျော်ဂိုဏ်း ဝင်တုန်းက ရထားတဲ့ အင်းကွက်ချထားတဲ့ ပိုက်ဆံလေးငါးကျပ်တန် အပြာလေးကို သတိရလို့ နှိုက်ကြည့်သေးတယ်။ သရဲသဘက်နိုင်တယ်လို့ ပြောတာကိုး။ မရှိတော့ဘူးဟ..။ ခုနက ဖဲဝိုင်းမှာ ယူပြီး ဖဲရိုက်ရှုံးပစ်လိုက်တာနေမှာ။ ဒါနဲ့ ငါလည်း ဝိဉာဉ်အနှုတ်ခံရမလား၊ သိုက်စောင့်ဘီလူးပဲ ခေါ်
လိုက်မလားဆိုပြီး လက်အုပ်ကလေးချီပြီး အနားကပ်သွားရောဆိုပါတော့။

မောင်တော်!! တဲ့..။ စကားလှမ်းပြောတော့ ငါလည်း လန့်သွားတာပေါ့။ ဥစ္စာစောင့်မက အဲ့ဒီနှစ်ပေခွဲလောက်ရှိတဲ့ အုတ်ခုံလေးပေါ်ကနေ မထပဲပြောနေတာ။ ဟေ့ကောင်ရေ…။ မောင်တော် နှမတော်ကို မမှတ်မိဘူးလားတဲ့။ ငါလည်း အူကြောင်ကြောင်နဲ့ ဟုတ်ကဲ့ မတွေ့တာကြာလို့ပါဆိုပြီး ယောင်ပြီးပြောလိုက်မိသေးတယ်။ အဲ့ဒါကို အဲ့ဒီဥစ္စာစောင့်မက တခစ်ခစ်နဲ့ သဘောတွေကျနေသေးတယ်ဗျ။ ငါလည်း ကြောက်စိတ်တော့ နည်းနည်းလျော့သွားတယ်ဟ။

ဒါမျိုးက မင်းတို့လည်း ကြားဖူးပါတယ်။ သိုက်အစောင့်တွေ ဘာတွေက သဘောကျရင် ရွှေမန်ကျည်းသီးတောင့်တွေ ပေးသွားတယ် ဆိုတာမျိုးတွေလေ။ ဒီတော့ ငါလည်း ကြောက်ပေမယ့် မီးစင်ကြည့်ကမယ်ပေါ့။ အနားကို ပိုတိုးကပ်လိုက်တော့ ဟေ့ကောင်ရေ.. ချောချောလှလှလေးဗျ။ နှာတံလေးက ချွန်ချွန်လေး၊ မျက်နှာက ခပ်သွယ်သွယ်လေးနဲ့ မျက်လုံးက ဝိုင်းစက်စက်ကလေးနဲ့ဗျ။ ကြည့်ရတာ ရှမ်းမကွ။ သေချာတယ် ရှမ်းဥစ္စာစောင့်မ။ ပြုံးပြုံးလေးလုပ်ရင်း ထလာပြီး … နန်းကြာဖြူလေ မောင်တော်ရဲ့…။ မောင်တော့်အချစ် နန်းကြာဖြူ.. ဆိုပြီး ငါ့ရင်ခွင်ထဲ ဝင်လာရောဗျ။”

နန်းကြာဖြူဆိုတဲ့ အသံကြားတာနဲ့ ကျနော်တို့ နားထောင်နေတဲ့ လူတွေအကုန်လုံး ရင်ထိတ်ကုန်တယ်ဗျ။ ဒီလိုလေ.. နန်းကြာဖြူဆိုတာ ကျနော်တို့မြို့မှာ နာမည်မှာ အင်မတန်နာမည်ကျော်တဲ့ ဥစ္စာစောင့်မလေ။ ပါးစပ်ရာဇဝင်တွေ အများကြီးရှိတာပေါ့လေ။ မြို့အဝင်ကနေ မြင်းလှည်းငှါးစီးပြီး ဘုရားငုတ်တိုနားရောက်တော့ ပျောက်သွားတာတို့၊ ညဖက် ဗယာကြော်လိုက်ရောင်းတဲ့ ကုလားကို ရွှေဒင်္ဂါးပြားတွေနဲ့ ဗယာကြော်ဝယ်စားတာတို့ အစရှိသဖြင့်ပေါ့လေ။ ခင်ဗျားတို့မြို့တွေမှာ ရှိခဲ့ဖူးတဲ့ ထူးမခြားနား ဥစ္စာစောင့်ပုံပြင်တွေလိုပါပဲ။

တစ်ခုပဲ ကြီးကြီးကျယ်ကျယ် ဖြစ်ဖူးတာက.. ကျနော်တို့ငယ်ငယ်က တက္ကသိုလ်တက်ပြီး ပြန်လာတဲ့ လူငယ်တစ်ယောက်ဗျာ။ အဲ့ဒီခေတ်က သိတယ်မလား စက်မှုတက္ကသိုလ်ဆိုတာ R.I.T တစ်ခုပဲရှိတဲ့ခေတ်ဆိုတော့ တစ်မြို့လုံးမှာ ထင်ပေါ်နေတဲ့ လူငယ်မျိုးပေါ့။ အဲ့ဒီကောင်က ခေတ်ပညာတတ် ဘာညာဆိုပြီး ဘုရားငုတ်တိုနား သွားသွားထိုင်တာ လပြည့်ညမှာ စောင်းထွက်တီးတဲ့ နန်းကြာဖြူနဲ့ကြိုက်ရော ဆိုပဲ။ တဖြေးဖြေး လူတွေ သတိထားမိလာတော့ သူ့အိမ်ကလည်း စိုးရိမ်လာတာပေါ့။ ညဖက်ဆို ဘုရားငုတ်တိုဖက် လစ်လစ်သွားတာလေ။

တစ်ရက်ကြတော့ ညဖက်ကြီး အဲ့ဒီလူ ဝူးဝူးဝါးဝါးတွေ အော်ရင်း ဘုရားငုတ်တိုဖက်က ပြေးလာတာ လူတွေဝိုင်းဖမ်းပြီး ချုပ်ထားရတယ်။ ပါးစပ်ကလည်း ဘာတွေ အော်လို့အော်မှန်းမသိ။ ကျောက ရှပ်အင်္ကျီကလည်း စုတ်ပြဲပြီး လက်ဝါးရာမဲမဲကြီး အပြားလိုက်ထင်နေတယ် ဆိုပဲဗျ။ နန်းကြာဖြူဆီ သွားတာ အထိန်းတော်ဘီလူးနဲ့ တွေ့သွားတယ် ဘာညာတော့ ပြောကြတာပဲလေ။ အဲ့ဒီလူလည်း သွက်သွက်ခါအောင်ရူးပြီး နန်းကြာဖြူရေ ဘာညာတွေ လျှောက်အော်တော့ နောက်ဆုံး အခန်းထဲမှာ သံကြိုးနဲ့ ချည်ထားရတဲ့အဆင့်ရောက်ပြီး မစားနိုင် မအိပ်နိုင်နဲ့ သေသွားရှာတယ်။

အခု နားထောင်နေတဲ့ ဇာတ်လမ်းထဲမှာ ကျနော်တို့ကိုရွှေဘနဲ့ ထိပ်တိုက်တိုးနေပြီကောဗျ။ ထစ်ကနဲဆို ရိုက်မယ်ခုတ်မယ်ဆိုတဲ့ တစ်မြို့လုံးကရှိန်တဲ့ လူမိုက်နဲ့ တစ်မြို့လုံးက ကြောက်ကြတဲ့ ဥစ္စာစောင့်မ တွေ့နေပြီလေ။ အားလုံး ဇာတ်ရှိန်တက်နေပြီဗျာ။ သက်ပြင်းလေးတွေ ခိုးချပြီး ကိုရွှေဘမျက်နှာကို အားလုံးငေးပြီး နားထောင်နေကြတယ်။ ကိုရွှေဘ ဆက်ပြောတယ်…။

“ငါလည်း ၅ မိနစ်လောက် လှုပ်တောင်မလှုပ်ရဲဘူးဟ..။ တောင့်တောင့်ကြီး ရပ်နေမိတာပေါ့လေ..။ ဥစ္စာစောင့်မ လာဖက်ထားတာရယ်.. ဘယ်အချိန် အထိန်းတော်ဘီလူး ထွက်လာပြီး ငါ့ကို ရိုက်မလဲဆိုပြီး လန့်နေတာရယ်… လူကို သေးပါမတတ်ပဲ ငါ့ကောင်တွေရေ။ နည်းနည်းကြာလာတော့ အဲ့ဥစ္စာစောင့်မက ငါ့ကိုဖက်ထားပြီး စကားတွေ တတွတ်တွတ် ပြောတော့ပဲဟ။

မောင်တော်ရယ်.. နှမတော်က မောင့်တော့်ကို စောင့်နေတာ နှစ်တွေရာချီနေပါပြီ ဘာညာတွေပေါ့..။ ပြောရင်း ငါ့ရင်ဘတ်တွေကို ဟိုပွတ်ဒီပွတ် လုပ်စပြုလာတယ်..။ ပထမတော့ ကြောက်နေတာ..။ ကြာလာတော့ အေပေး ငါလည်း သောက်ကျင့်က တန်တန်ဆိုတော့ လီးတောင်ချင်သလို ဖြစ်လာတယ်ဟ.. ဟီးဟီး ..။

ဒါနဲ့ မသိမသာလေး ကောင်မဖင်တွေ ဘာတွေကို ကိုင်ပေးလိုက်တော့.. အံမယ်.. မောင်တော် မောင်တော်ဆိုပြီး ဖီးလ်တောင်တက်ပြလာတော့ ငါလည်း မထူးဘူးကွာဆိုပြီး အကုန်လျှောက်နှိုက်ဖို့ ကြိုးစားတော့တာပေါ့။ သူ့ကိုယ်ပေါ်ရုံထားတဲ့ အဝတ်ဖြူအောက်ကို ငါလက်နှိုက်ကြည့်တော့.. ဟာ… ဘော်လီလည်း မပါဘူးဟ …”

“ကိုရွှေဘ ဥစ္စာစောင့်မက ဘော်လီဝတ်မလားဗျ!!”

“ဟေ့ကောင်!! ငါစကားပြောနေရင် ဖြတ်မပြောနဲ့။ ငါလည်း ဘယ်သိမလဲကွ။ ဘော်လီဖြစ်ဖြစ်၊ ရှင်မီးဖြစ်ဖြစ်ကွာ။ ကဲ… ဘာမှ အခုအခံမပါတာကို ပြောချင်တာ။ နို့ကြီးတွေက ရှောက်ပန်းသီးအငယ်စားလောက် ရှိတယ်ဟ။ ထွားထွားကြီးတွေဗျ။ ငါလည်း အကုန်လျှောက်ကိုင်ပြီး သူ့ဝတ်ရုံဖြူဖြူကြီး ကို ချွတ်ပလိုက်ရော ဆိုပါတော့။ အောက်ကလည်း ဘာမှမပါဘူးဟေ့။ ဒီတော့ ဖင်တုံးလုံး ဖြစ်နေပြီ။ ငါကတော့ ပုဆိုးကို စလွယ်သိုင်းပလိုက်တယ်ကွာ။ ဘာမှမချွတ်ဘူး။

ကြာပါတယ်ဆိုပြီး ကောင်မကို အုတ်ခုံပေါ် တွန်းလှဲလိုက်ပြီး သူ့စောက်ဖုတ်မှာ ငါ့လီးကိုတေ့ပြီး ဆောင့်ချပလိုက်တော့.. အမလေး မောင်တော်.. ဖြေးဖြေးလုပ်ပါ.. ဆိုပြီး အော်တယ်ဗျ။ ဟ.. မထင်ရဘူးနော် ဥစ္စာစောင့်မဆိုတော့ တန်ခိုးတွေဘာတွေနဲ့များ အပျိုပြန်လုပ်ထားလား မသိဘူး။ ကြပ်နေတာပဲ သူ့ပစ္စည်းက မနည်းကိုသွင်းရတယ် ဆရာ။ ငါလည်း မူးကြောင်မူးကြောင်နဲ့ အုတ်ခုံပေါ် သူ့ကို ပက်လက်တွန်းတင်ပြီး ဒူးကွေးပြီး မတ်တပ်ကို ဆော်တော့တာဟေ့။ နို.ထွားထွားကြီးတွေစုံကိုင်ပြီး ပိတ်ပိတ်ဆောင့်တာ.. ဘုရားငုတ်တိုတဝိုက်လုံး ဥစ္စာစောင့်မအော်သံကို ဆူညံနေတာပဲ ဟီးဟီး…”

ကျနော်ပြောသလိုပဲ ကိုရွှေဘက စကားပြောရင် အမူအရာလေးနဲ့ပြောတော့ … အခုပြောနေတဲ့အခါမှာကို လက်ဟန်ခြေဟန်တွေ ပါလာပြီ။ ကျနော်တို့ မီးဖိုဘေးမှာချထားတဲ့ ထင်းစည်းကြီးကို တက်ခွပြီး သရုပ်ပါဖော်ပြနေတော့ ကျနော်တို့ နားထောင်နေတဲ့ လူတွေမှာ တံထွေးတွေတောင် မျိုချမိတယ်ဗျ။ သူ့လေသံကလည်း ပီပြင်တာကိုး။ ဥစ္စာစောင့်မ အော်သံတွေ ဘာတွေပါ အော်ပြနေတာ.. မောင်တော်ရဲ့ ဘာညာတွေဆိုတော့… လူပျိုပေါက်လေးတွေဖြစ်တဲ့ ကျနော်တို့မှာ ဖီးလ်တွေဘာတွေတောင် တက်လာတယ်လေ။

“ဒါနဲ့ ငါလည်း တစ်ချီပြီးသွားရော ဆိုပါတော့ကွာ…။ အမယ်.. လစ်ဖို့မပြင်နဲ့ ဆရာ။ ကောင်မက ငါပြီးသွားလို့ ပုဆိုးပြင်ဝတ်နေတာတောင် အတင်းလှမ်းဖက်ပြီး နွဲ့နေသေးတာဟ။ မောင်တော်ရေ.. ချစ်တယ်ဘာညာနဲ့ တတွတ်တွတ် ပြောနေတုန်း။ အမှန်က ငါလည်း လစ်ချင်နေပြီ။ ဒါကို ကောင်မက ဝပုံမပေါ်သေးဘူး။ ငါ့ပစ္စည်းလာကိုင်ပြီး ဂွင်းထုပေးနေသေးတယ်။ ဟီးဟီး … ဒီလောက်လာဆွပေးနေတော့ ငါလည်း လူငယ်ဘဝဆိုတော့ ပြန်ထလာပြီး ထပ်ဆော်မိပြန်တာပေါ့ကွာ။ နောက်တစ်ချီ.. အမယ်.. လေးဘက်တောင် ထောက်ပေးလိုက်သေးတယ်ဗျ။ မှတ်ထား ရွှေဘတဲ့.. ဥစ္စာစောင့်မကိုတောင် လေးဘက်ထောက်ပြီး ဖင်ထောင်ဆော်လာတာ ဟဲဟဲ။ အရက်ရှိန်လေးကလည်းပါတော့.. ကောင်းလိုက်တာကွာ ဆွေမျိုးကိုမေ့ကရော ဆိုပါတော့။ သူ့အိုးကားကားကြီးတွေ စုံကိုင်ပြီး သမပလိုက်တာဟေ့။

ဒုတိယအချီက နည်းနည်းကြာတော့ ပြီးသွားတာနဲ့လူလည်း နည်းနည်းဟိုက်သွားလို့ အုတ်ပုံပေါ် တက်အိပ်နေလိုက်တယ်။ ဥစ္စာစောင့်မပေါင်ကို ခေါင်းလေးအုံးလို့ပေါ့။ အင်း.. လူလည်း ခဏဆိုပြီး မှိန်းလိုက်တာ သတိရတော့ မိုးစင်စင်လင်းနေပြီ။ ဟိုဥစ္စာစောင့်မလည်း မရှိတော့ဘူး။ ကမ်းနားလမ်းက လမ်းသွားလမ်းလာတွေကလည်း ဘုရားငုတ်တိုကုန်းပေါ်က ဝေလီဝေလင်းကြီး ဆင်းချလာတဲ့ငါ့ကို တအံ့တသြကြီး ဝိုင်းကြည့်လို့ပေါ့လေ။”

“ကိုရွှေဘဟာက မူးပြီး အိပ်ပျော်နေတာနေမှာပါ။ အိပ်မက်လိုလို ဘာလိုလိုကြီး..”

“ချီး!! မဟုတ်ဘူးဟ..။ ငါအိမ်ပြန်ရောက်တော့ သေးပေါက်တာ ငါ့ပစ္စည်းထိပ်မှာ ကြိမ်းနေတာ ငါသိတာပေါ့ဟ။ ဥစ္စာစောင့်မကို ပါကင်ဖွင့်လာတာ သေချာတယ် ဟေ့ကောင်ရေ။ အိမ်ပြန်ရောက်တော့ အဘိုးကြီးက ညောင်နေလို့ ငါတို့လက်ဖက်ရည်ဆိုင်မှာ နံပြားတွေဘာတွေ ဝင်ရိုက်နေလိုက်သေးတယ်။ နေ့လည်လောက်ကြမှ လင်းလင်းချင်းချင်း ဘုရားငုတ်တိုကို တစ်ခါပြန်ပြီး ဟိုရှာဒီရှာ လျှောက်ကြည့်သေးတယ်။ တစ်ခုခုများ သဲလွန်စရမလားလို့ပေါ့လေ။”

“နန်းကြာဖြူတို့ဘာတို့ ကမ္မည်းထိုးထားတဲ့ အုတ်ဂူအပျက်လေး ဘာလေး မတွေ့ဘူးလားဗျ”

“တွေ့ဘူးဟ.. ခြေရာလက်ရာ ဘာမှမကျန်တာဟ..။ ဒါနဲ့ ငါလည်း စိတ်ပျက်သွားရော။ နောက်နေ့တွေလည်း ညဖက် သွားသွားပြီး စောင့်သေးတယ်။”

“သြော်! ကိုရွှေဘတို့များ သိုက်စောင့်တွေ ဘာတွေတောင် မကြောက်ဘူး။ နှာထတာ.. နှာထတာ.. ဟားဟား”

“ဟီး.. မင်းတို့ မအုပ်ဖူးလို့ပါလေ..။ ဒီလောက်မိုက်တဲ့ အဖုတ်.. ငါတော့ မကြုံဖူးဘူးဆရာ”

“ဒါပဲလား.. ကိုရွှေဘ ဇတ်လမ်းက”

“မဟုတ်ဘူးဟ.. ဆက်ရန်ကျန်သေးတယ်…။ ဒီလိုပဲ ငါလည်း တမှိုင်မှိုင်လုပ်ပြီး နန်းကြာဖြူကို လွမ်းနေတာ.. တစ်ရက်ကြတော့ ငါတို့အိမ်ကလူတွေ ဘုန်းကြီးကျောင်းမှာ မနက်အာရုဏ်ဆွမ်းကပ်ဖို့ ပြင်ရောဟေ့။

ဆွမ်းကပ်မှာက မနက်စောစောဆိုတော့ မုန့်တီသုပ်ပေါ့လေ။ နက်ဖြန်မနက် ကပ်မှာဆို ဒီနေ့ညဖက်မှာ အတယ် (သူ့အဖေတရုတ်ကြီး) က ငါ့ကို မုန့်ဖတ်တွေ သွားသယ်ခိုင်းတော့ ငါလည်း ကမ်းနားလမ်း မုန့်တီဖိုကို ကြိမ်ခြင်းလေးဆွဲပြီး ထွက်လာခဲ့တာပေါ့။ ညဖက် ၈ နာရီလောက်ပေါ့။

မုန့်တီဖိုထဲမှာ မုန့်ဖတ်တွေ ချိန်တွယ်၊ ပိုက်ဆံလည်းရှင်းပြီး ပြန်ထွက်ခါနီးကြတော့ မုန့်တီဖိုပိုင်ရှင်ရဲ့သမီး အလတ်မက လှေခါးကနေ ပြေးဆင်းလာပြီး မောင်တော်ရဲ့ မောင်တော်.. ဆိုပြီး ငါ့ကိုပြေးဖက်ရောဗျ။ သူ့အဖေ အမေတွေကလည်း ဝိုင်းဆွဲကြတာပေါ့ကွာ။ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်တာပေါ့လေ။”

“ဟာ! နန်းကြာဖြူ ဝင်ပူးတာပေါ့..။ ကြောက်စရာကောင်းလိုက်တာ..” (ချာတိတ်တစ်ယောက် ရေရွတ်လိုက်သံ)

“ဟင်းးး!!” (ကိုရွှေဘ သက်ပြင်းချသံ)

“ကိုရွှေဘကလည်း ညံ့ပါ့ဗျာ… အဲ့လို ဝင်ပူးကပ်ပြီး စကားပြောရင်း .. ဘယ်နေ့ဘယ်အချိန် ဘယ်နေရာမှာ ထပ်တွေ့မယ်ဆိုပြီး ထပ်ဒိတ်လိုက်ရမှာ..”

“အင်းး!!” (စိတ်မပါသော အသံဖြင့်)

“ကိုရွှေဘ.. အဲ့ဒီကမ်းနားလမ်း မုန့်တီဖိုက အလတ်မဆိုတာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဆုံးသွားတဲ့ တစ်ယောက်လားဗျ” (ကျနော် ဝင်မေးလိုက်သံ)

“ဟုတ်ပါ့ဗျာ!!”

ရေနွေးမော့သောက်လိုက်နေတဲ့ ကျနော် ဖွီးကနဲ ဖြစ်သွားပြီး တစ်ယောက်ထဲ အော်ရယ်နေမိတယ်။ ကျန်တဲ့ ချာတိတ်တွေက အူကြောင်ကြောင်နဲ့ ကျနော့်ကို မေးငေါ့တယ်။ဘာဖြစ်တာလဲပေါ့လေ။ စိတ်မသက်မသာ မျက်နှာနဲ့ ကိုရွှေဘက ဆက်ပြောတယ်။

“မင်းတို့ကတော့ ငယ်သေးတော့ ဘယ်မှတ်မိမလဲ။ ဟိုကောင် ဖိုးသက်ကတော့ သိတတ်တဲ့အရွယ် ရောက်နေပြီ ပြောပြလိုက်တော့ကွာ။”

ကျနော်က မနည်းအောင့်အီးထားရတဲ့အသံနဲ့ အားလုံးကို ရှင်းပြနေမိတယ်။

“အဲ့ဒီကမ်းနားလမ်း မုန့်တီဖိုက အလတ်မဆိုတာ မွေးကတည်းက ကျပ်မပြည့်ဘူးလေ.. ဟားဟား..။ ပြီးတော့ လင်တရူးလိုလို ဘာလိုလိုနဲ့။ ငါတို့ငယ်ငယ်က မြို့ထဲမှာ အဝတ်မပါပဲ လျှောက်လျှောက်ပြေးနေလို့ လိုက်လိုက်ဖမ်းရတဲ့ ဟာမျိုးကြီး။ တော်တော်ပေါက်ကရပြောတဲ့ ကိုရွှေဘ..။ နန်းကြာဖြူက ဆံပင်ဖားလျားလေးချလို့တဲ့ …။ ဟိုအရူးမကဖြင့် ဆံပင်က ကျို့တို့ကျဲတဲ.. ရှောက်ပန်းသီးအငယ်စားလောက်ရှိတဲ့ နို့ကြီးတွေတဲ့.. ဟိုကဖြင့် ပိန်ကပ်ကပ်ကြီး.. ခွိခွိ..။ ပြီးတော့ ဘာတဲ့.. နှာတံချွန်ချွန်လေးတဲ့.. ဟားဟား..။ မွေးရာပါ နှာခေါင်းအထဲကို ခွက်နေတာဟေ့။ ဘယ်လောက်များ မူးနေခဲ့လည်းမသိဘူး ကိုရွှေဘတို့ကတော့..။ ဒီရုပ်ကြီးကိုများ နန်းကြာဖြူဆိုပြီး တွယ်ခဲ့သေးသတဲ့။”

“ဟား ဟား ဟား ဟား!!”

အားလုံး ပတ်ထုတ်မရအောင် ရယ်ကုန်ကြတယ်။ ရယ်သံတွေစဲသွားမှ ရှက်ဝဲ၀ဲမျက်နှာနဲ့ ကိုရွှေဘ ဆက်ပြောတယ်။

“စစချင်းတော့ အဲ့ဒီကောင်မ လှေခါးကနေ ပြေးဖက်တာ ငါလည်း ကြောင်နေတာဟေ့။ မင်းတို့ပြောသလိုပဲ နန်းကြာဖြူများ ဝင်ပူးသလားပေါ့..။ ဘယ်ဟုတ်မလဲ.. သူ့လက်တွေက ငါ့ဂွေးကိုဖမ်းကိုင်ပြီး မောင်တော်ရေ.. မောင်ရေလို့ တစာစာပြောမှ ဟိုက်! ဒါဟိုနေ့ညက ငါတွယ်ခဲ့တဲ့ဟာဆိုတာ သေချာသွားလို့ အတင်းရုန်း မုန့်တီဖတ်ခြင်းလေး ပြေးကောက်ကိုင်ပြီး လစ်တော့တာပေါ့ကွာ။ လူကိုမှ ရှက်လိုက်တာ။ မတော်တဆ ဒီကောင်မပြောတာတွေ အဟုတ်ပါဆိုတာ သူ့အိမ်ကလူတွေ သိသွားလို့ကတော့ ငါ့မှာ အရူးမလင်လုပ်ရမယ့်ကိန်းဟ!!”

“ဟား ဟား ဟား ဟား!! !!”

“အဲ့ဒီညက သူ့အိမ်ကအလစ်မှာ ထွက်လာပြီး ဘုရားငုတ်တိုမှာ လာထိုင်နေပုံပေါ်ပါတယ်ကွာ..။ ဒီနန်းကြာဖြူဆိုတဲ့ ကိစ္စကလည်း လူတိုင်းပြောဖူးတော့ ဒီအရူးမ နန်းကြာဖြူဂိုက်ဖမ်းပြီး ငါ့ကိုအုပ်သွားတာနေမှာ..။ သူခြုံထားတဲ့ အဝတ်ဖြူဆိုတာကြီးကလည်း နောက်မှ ငါပြန်တွေးမိတာ မုန့်တီစစ်တဲ့အခါ ဇကာလုပ်တဲ့ အဝတ်စအဖြူကြီးပါ..။ ဒါကြောင့် အဲ့ဒီညက ငါ့စိတ်ထဲမှာ ဆန်အပုတ်ခံတဲ့အနံ့ ရနေပါလားလို့… ဟီးဟီး..။ ကမ်းနားလမ်းကို နှစ်ပေါက်အောင် ဖြတ်သွားဖြတ်လာ မလုပ်ရဲတော့တာဟေ့…”

အားလုံး တဝါးဝါး ပွဲကျနေကြတာ ရပ်သွားတော့ ကျနော်က စကားစလိုက်တယ်။

“စပြောလိုက်ရင်တော့ အဟုတ်ကြီး။ ငါတို့ ကိုရွှေဘကတော့ နောက်ဆုံးကြရင် အဖျားရှူးရှူးသွားတာ။ ကျနော်တို့မှာဖြင့် ဥစ္စာစောင့်မလေးကို တွယ်တဲ့အခန်း ပြောနေတုန်းက ဖီးလ်တွေတက်လိုက်ရတယ်။ မမိုက်ပါဘူး..။ ဟိုဟာဗျာ.. အမှန်အကန် ဇာတ်လမ်းလေးပြောပြ။ ကိုရွှေဘနဲ့ မမိချိုလေးတို့ ဇာတ်လမ်းလေဗျာ..။ အဲ့ဒါကတော့ ကျနော် တစွန်းတစသိတော့ အဖျားမရှူးဘူး..။ လုပ်ပါဗျာ ကိုရွှေဘ..”

“တော်ပြီကွာ!! မိုးချုပ်နေပြီ ပြန်အိပ်တော့မယ်။ နားထောင်ချင်ရင် နောက်နေ့မှ..”

အဲ့လိုပြောရင်း ကျနော်တို့ ဇာတ်လိုက်ကျော် ကိုရွှေဘ ထပြန်သွားရောဗျ။


အပိုင်း ( ၂ ) ဆက်ရန် >>>>




Print Friendly and PDF

No comments:

Post a Comment