Tuesday, January 22, 2019

ကိန်းသေမရှိသော ညီမျှခြင်းများ အပိုင်း ( ၂ )

ကိန်းသေမရှိသော ညီမျှခြင်းများ အပိုင်း ( ၂ )

ရေးသားသူ - Jin kaleat

(၁၁)

ကေသီ မျက်လုံးဖွင့်ကြည့်လိုက်စဉ်မှာ သူ့ပေါ်ကနေ စီးမိုးပြီး ကြည့်နေသော မျက်နှာတခုကို မသဲမကွဲ မြင်လိုက်ရ၍ အလန့် တကြားနှင့် တွန်းထိုးပြီး ထိုင်လိုက်သည်။

“ ဖြေးဖြေး …ဖြေးဖြေး … ခင်ဗျားကို ကျွန်တော် ဘာမှ မလုပ်ဘူး။ စိတ်အေးအေးထား။”

တွန်းလိုက်သည့် အရှိန်ကြောင့် နောက်လန်သွားသည်ကို လက်ထောက်ထိန်းရင်း ပျာပျာသလဲ ရှင်းနေသော ကေသီနှင့် သက်တူ ရွယ်တူ လောက်ရှိမည့် အမျိုးသားကို မြင်ဖူးသလိုလို ထင်မိသည်။ ထို့နောက် စူးရှသော မွှေးရနံ့တခု ကြောင့် မှောင်မိုက်ပြီး ဘာမှ မသိတော့တာကို ကေသီ ဖျတ်ကနဲ ပြန်သတိရလိုက်သည်။

ထိတ်လန့်စွာဖြင့် ဘေးဘီကို ကြည့်လိုက်တော့ လမ်းပေါ်မှာ မဟုတ်တော့ပါ။ မီးချောင်း ရှည်တချောင်းကြောင့် လင်းထိန် နေသည့် အခန်းတခုထဲမှာ ရောက်နေသည်။ နားမလည်စွာဖြင့် ခနလူကို ကြည့်လိုက်တော့ စိတ်ပျက် အားလျော့စွာ ထိုင် နေသည်ကို တွေ့ရသည်။

“ ကျွန်မ ဘယ်ရောက်နေလဲ။”

“ ကျွန်တော်လဲ အဲဒါပဲ သိချင်နေတာ။”

ရေချိုးခန်း ဝတ်ရုံလို အဝတ်ကြီး ဝတ်ထားသည့် ဟိုအမျိုးသားကို မြင်ပြီး ကိုယ့်ကိုယ်ကို ငုံကြည့် မိရာ ကေသီ့ကိုယ် ပေါ် မှာလည်း သူ့လိုပင် ကာကီရောင် ဝတ်ရုံ ကြီး ရှိနေသည်ကို မြင်ရ၏။ ဖြစ်သလို ပတ်ထားသည့် ခါးစည်းကြိုးကြောင့် ကိုယ်အောက်ပိုင်းက ပွင့်ဟနေပြီး ကေသီ့ ပေါင်တံတွေ အကုန်လုံးက အပြင်ကို ရောက်နေသည်။ ဟိုလူသာ သေသေ ချာချာ ကြည့်မည်ဆိုလျှင် ကေသီ့၏ လျှို့ဝှက်နေရာတွေကိုပါ လှမ်းမြင်နိုင်လိမ့်မည်ဟု တွေးမိသောကြောင့် ထိုင်ရာက ချက် ချင်း ထရပ်ပြီး ခါးစည်းကြိုးကို တင်းတင်း ချည်ပတ်လိုက်မိ၏။ ကိုယ်ပေါ်က ဝတ်ရုံ၏ အောက်ဖက်မှာ နောက်ထပ် ဘာ အဝတ် အစားမှ မကျန်တော့တာကိုလည်း ခံစားမိသည်။ ဟိုတယောက်ကတော့ စိတ်ပျက် လက်ပျက် အမူအရာ နှင့် ကေသီ့ကို ကြည့်နေ၏။ သူ့ အကြည့်မှာ မရိုးသားမှုမမြင်ရသည့် အတွက် နည်းနည်းတော့ စိတ်အေးသွားရသည်။

တလက်စတည်း အခန်းကို လေ့လာကြည့်လိုက်တော့ ဆယ်ပေ ပတ်လည်လောက် ရှိမည်ဟု ထင်သည်။ အခန်းထိပ် တဖက်တွင် လက်လေးလုံးလောက် ထူမည့် မွေ့ယာ အသေးတချပ် နှင့် ခေါင်းအုံးလေး တခုရှိသည်။ ကေသီ ရပ်နေမိတာ ကလည်း ဒီဖက်ခြမ်းက အလားတူ မွေ့ယာ ပေါ်တွင် ဖြစ်သည်။ အားလုံး အဖြူရောင် သုတ်ထားသော အခန်း၏ နံရံတဖက် တွင် အပြာ ရောင် တံခါးတခုကို မြင်လိုက်ရ၍ အပြေးအလွှားတွန်းဖွင့် ကြည့်လိုက်မိ၏။

“ အဲဒါ ရေချိုးခန်း နဲ့ အိမ်သာ၊ ကျွန်တော် ကြည့် ပြီးသွားပြီ။”

ဟိုလူ ပြောသည့် အတိုင်း ဘိုထိုင် အိမ်သာတခု နှင့် ဘေစင်တခုကိုတွေ့ရ၏။ ပြတင်းပေါက် လုံးဝ မရှိသော အခန်း ဖြစ် သည်။ နောက်နံရံတဖက်မှာတော့ ချထားသည့် အိပ်ယာ ၂ ခုကြားတွင် သံချောင်းတွေ နှင့် တံခါးတခု ရှိနေလို့ ကေသီ ပြေးတွန်းမိပြန်သည်။ သံချောင်းတွေ ဟို ဖက်မှာ သံပြားကြီးပါ တွဲ ပိတ်ထားသည့် တံခါးက တုတ်တုတ်ပင် မလှုပ်ပါ။

“ အဲဒါလည်း ကျွန်တော် စမ်းပြီးသွားပြီ။”

အပေါ်ကို မော့ကြည့်လိုက်တော့ ကွန်ကရိ ပြင်ကျယ် တခုက ကေသီ့ကို ဆီးကြိုသည်။

“ ဘာတွေ ဖြစ်နေတာလဲ။”

“ ကျွန်တော်လဲ မသိဘူး။ ကျွန်တော် သတိရလာတော့ ခင်ဗျားက မေ့နေတုန်းပဲ။ အခန်းထဲမှာ အကုန်လျှောက်စမ်းကြည့်ပြီး တော့ ဘာမှ လုပ်လို့ မရတာနဲ့ ခင်ဗျား သတိရလာတာကို ထိုင်စောင့်နေတာ။”

“ ရှင် နဲ့ ကျွန်မ တိုက်မိတာလား။”

“ ဟုတ်တယ်လေ။ ခင်ဗျား မျက်နှာကို လူတယောက်က အဝတ်နဲ့ အုပ်လိုက်လို့ ခင်ဗျားဆီ ပြေးမလို့ လုပ်တုန်း ကျွန်တော် လဲ မှောက်သွားတယ်။ သတိရလာတော့ ဒီအခန်းထဲရောက်နေတယ်။ ကျွန်တော့် ဖုန်းရော၊ ပိုက်ဆံ အိတ်ရော၊ အဝတ် အ စားတွေရော မရှိတော့ဘူး။ ခင်ဗျားလဲ တူတူ ပဲမဟုတ်လား။”

ကေသီတို့ ကိုယ်ပေါ်မှ ဝတ်ရုံတခုက လွဲရင် ဘာမှ မရှိတော့ပါ။ ဖိနပ်ပင် မရှိတော့။

“ ကျွန်တော့် နာမည်ရဲလင်းပါ။ ခင်ဗျား နာမည်ကရော”

“ ကျွန်မ ကေသီပါ။”

တယောက်ကို တယောက် မိတ်ဆက်ပြီးတော့မှ ပြောစရာကုန်သွားသလို ၂ ယောက်လုံး ငြိမ်သွားကြသည်။ ကေသီလည်း ခုနက မွေ့ယာ လေးပေါ်မှာ ပြန်ထိုင်ချလိုက်မိသည်။ သူတို့ တိုက်မိပြီး ပြဿနာ ဖြစ်နေစဉ် ရောက်လာကြသူများက လူ ကောင်းများ မဟုတ်ကြသည်ကတော့ သေချာနေပေပြီ။ ပစ္စည်းတွေ လိုချင်ရင် မေ့နေတုန်း ယူသွားပြီး လူတွေကို လမ်း ဘေးမှာ ထားခဲ့လျှင် ရသားနှင့် ခုလို ပိတ်လှောင်ခံထားရတာကို နားမလည်ပါ။ သူတို့ကို မြင်သွားလို့ နုတ်ပိတ်ချင်တယ် ဆိုရင်လည်း ဟိုနားမှာပင် သတ်ခဲ့လို့ ရနိုင်သည်။ ဒီလောက် ဒုက္ခခံစရာ မလိုပါ။

“ ကျွန်တော့် အမေ နေမကောင်းဘူး၊ ဆေးရုံမှာဗျ။ အဲဒီက အပြန်မှာ ဖြစ်တာ။ အိမ်မှာ တရေး အိပ်ပြီးရင် လူနာပြန်စောင့် ရ ဦးမှာ၊ ခုတော့ ဒုက္ခပါပဲဗျာ။”

သူ့ဖက်က နံရံကို ကျောမှီချလိုက်ရင်း ရဲလင်းက ငိုသံပါကြီး နှင့် ညည်းသည်။ စစချင်း ဇဝေဇဝါ နှင့် ဘာမှန်း မသိဖြစ်နေ သော ကေသီလည်း အခုမှ ဝမ်းနည်းဖို့ ကြောက်လန့်ဖို့ သတိရလာသည်။ စိုးရိမ် စိတ်တွေ တကိုယ်လုံး ပြန့်နှံ့လာသော ကြောင့် ဒူးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဖက်ထားရင်း ကျောပြင်ကို နံရံမှာ တင်းတင်း ကပ်ထားလိုက်မိ၏။  မျက်စိတွေကို မှိတ်ထားလိုက်မိသော်လည်း မျက်ရည်များက တပေါက်ပေါက်လွင့် ကျလာသည်။

.............................................................

(၁၂)

ဘွိုင်လာဆုလိုမျိုး အပြာရောင် ဝတ်စုံ နှင့် လူ ၂ ယောက် အခန်းထဲဝင်လာသော အခါ ကွန်ပျူတာ ရှေ့မှာ ထိုင်နေသည့် အင်္ကျ ီ အဖြူနှင့် လူက လှည့်ကြည့်၏။

“ အားလုံး အေးအေး ဆေးဆေးပဲ မဟုတ်လား။”

“ အေးဆေးပါပဲ။”

“ ကျန်တဲ့ ကောင်တွေရော”

“ အပြင် ခန သွားကြတယ်။”

“ ဟာ …ဆရာကြီးက ကိုးနာရီမှာ စကားပြောမယ်လို့ ခုန လှမ်းပြောတယ်ကွ။”

“ ငါတို့ ၂ ယောက် ရှိရင် ရပါတယ်ကွာ၊ အားလုံး ဝိုင်းပြောစရာမှ မလိုတာ။”

ဝတ်စုံပြာ ၂ ယောက်က အမှုမထားသလို ပြောရင်း အင်္ကျ ီ အဖြူ ဘေးက ကုလားထိုင်တွေမှာ ဝင်ထိုင်လိုက်ကြသည်။ အင်္ကျ ီ အဖြူ လည်း ကွန်ပျူတာ ဖက်ပြန်လှည့် သွားသည်။ ခနနေတော့ ကျွန်ပျူတာ မှန်ပြင်မှာ လူတယောက်ပုံ ဖျပ် ကနဲ ပေါ်လာသည်။ သို့သော်လည်း သူက မျက်လုံး ၂ လုံး နှင့် ပါးစပ်နေရာမှာသာ အပေါက်တွေ ပါသော ခေါင်းစွပ်ကြီး နှင့် ဖြစ်သည်။ အောက်မှာတော့ တိုက်ပုံလိုလို ဝတ်ထားသည်ဟု ထင်ရပေမယ့် အင်္ကျ ီ အပေါ်ပိုင်းကို ခေါင်းစွပ် အနားစတွေ က ဖုံးထားလို့ သေသေချာချာ မပြောနိုင်ပါ။

“ ဟေ့ကောင်တွေ ဘယ်လို အခြေအနေရှိသလဲ။”

ကွန်ပျူတာ ရှေ့မှာ လူ ၃ ယောက် ပူးကပ်သွားကြ၏။

“ အားလုံး အဆင်ပြေပါတယ် ဆရာကြီး။”

ဝတ်စုံ ပြာတယောက်က ဖြေသည်။

“ ဟို ကောင်လေးကို ရခဲ့လား။”

“ ရခဲ့ပါတယ် ဆရာကြီး၊ သူ့နားမှာ ကောင်မလေး တယောက်ရှိလို့ ကောင်မလေး ကိုပါ လမ်းကြုံ ဆွဲခေါ်လာပါတယ်။”

“ မင်းတို့ စစ်ပြီးပြီလား။”

“ ဟုတ်ကဲ့ ကောင်လေး က လူပျို အစစ်ဆိုတာ သေချာပါတယ်။ ကောင်မလေး ကတော့ မစစ်ဘူးထင်တယ်။ ဒါပေမယ့် ပစ္စည်းက တော်တော် လှတယ်။ ကျွန်တော် ဓာတ်ပုံ ရိုက်ထားတယ် ဆရာကြီး ကြည့်ချင်ရင် ပို့လိုက်ပါမယ်။”

“ အေး ပို့လိုက်၊ ကောင်လေး ပုံလဲ ပို့လိုက်။ ဆေးစစ်ထားတဲ့ result တွေလည်းပေး ”

“ ဒါပေမယ့် ဟိုလေ ကောင်လေး ပစ္စည်းက နည်းနည်း သေးတယ် ဆရာကြီး၊ အဲဒါ ဆေးထိုးလိုက်ရမလား။”

“ ရီးမှပဲ၊ ဆေးထိုးပြီး ကြီးတာက ဘယ်လိုလုပ် ဈေးကောင်းရမှာလဲ။ မင်းတို့ ကောင်တွေ အားယားနေတာပဲ။ ဝယ်လက် မရ ခင်စပ်ကြားမှာ အချိန်ရသေးတယ်။ ပန့်ဆွဲပေးလိုက်၊ ကြားလား။”

“ ဟုတ် … ဟုတ်ကဲ့”

ဆရာကြီဆိုသူ အမိန့်ကြောင့် အင်္ကျ ီ အဖြူက စပ်ဖြဲဖြဲ ဖြစ်သွားသော်လည်း ဝတ်စုံပြာ ၂ ယောက်ကတော့ စိတ်ပျက်သွား ပုံ ရသည်။

“ ငါလဲ အားရင် လာကြည့်မယ်။ မင်းတို့ ကောင်တွေ သောက်ပျင်း ခိုမနေကြနဲ့၊ ဒါပဲ။”

“ ဟုတ်ကဲ့ပါ ဆရာကြီး။”

ဒီတခါတော့ ၃ ယောက်လုံး ပြိုင်တူ ပြောလိုက်ကြသည်။ ကွန်ပျူတာပေါ်က ဆရာကြီး ပုံလည်း ဖျပ်ကနဲ ပျောက်သွား သည်။

“ ယောက်ျားလေးခန်း ရော မိန်းကလေးခန်းပါ ပြည့်နေလို့ သူတို့ ၂ ယောက်ကို တခန်းထဲ ထည့်ထားရတာ မပြောလိုက် ရဘူး။”

ဝတ်စုံပြာ တယောက်က ညည်းသလို ပြောလိုက်ရာ အင်္ကျ ီ အဖြူက ခပ်တည်တည် မျက်နှာထားဖြင့်

“ ဆရာကြီး ကို အဲဒီလောက်ထိ အသေးစိတ်လိုက်ပြောနေစရာလား။ စိတ်မထင်ရင် မင်းတို့ပဲ အဆဲ ခံရမှာ၊။”

“ ဒါပေမယ့် ဆရာကြီးက လာမယ် လာမယ်ဆိုပြီး တခါမှလည်း လာတာ မဟုတ်ပါဘူး။ ဆဲမယ် ဆိုရင် ဦးရွှေဘ က ပဲ တို့ကို ဆဲမှာ။ ဒါနဲ့ နေပါဦး ပန့်ဆွဲတာက တကယ်ကြီးလာလို့လား။”

“ ကြာကြာလုပ်ရင်တော့ ကြီးတာပေါ့ကွ၊ ဒါပေမယ့် တို့က အဲဒီလောက် အချိန်ရမှာ မဟုတ်ဘူး။ ဘာပဲ ဖြစ်ဖြစ်ကွာ တို့ရောင်း တဲ့ အချိန်မှာ ဒီကောင့်ဟာက ဖောင်းကြွနေရင် ပြီးပြီ။ ကျန်တာက ဝယ်တဲ့ သူကိစ္စ တို့နဲ့ မဆိုင်ဘူး။”

“ ခု သူတို့ ဘာလုပ်နေကြလဲ။”

အင်္ကျ ီ အဖြူက သူ့နောက်ကျောဖက် နံရံပေါ်မှ  CCTV မော်နီတာများဆီသို့ မေးငေါ့ပြသည်။

“ ကောင်မလေး ပြန်သတိရလာပြီ။ လောလောဆယ်တော့ ထုံးစံ အတိုင်းပေါ့။ ငေါင်နေကြတယ်။ မင်းတို့ အားတယ် မဟုတ် လား။ စတိုထဲမှာ ပန့်တွေ ရှိတယ်။ ဟိုကောင်တွေ ပြန်လာရင် ကောင်လေးကို ပန့်သွားဆွဲ ပေးလိုက်ကြ။”

.......................................................

(၁၃)

သန်းအောင်မြင့် သတိရလာချိန်မှာ ဆရာဝန် တယောက်က လာပြီး ခွဲစိတ်မှု အောင်မြင်ကြောင်း ပြောတော့ ကိုယ့်စိတ် နှင့် ကိုယ် ပြောင်းခဲ့သူ တယောက်အတွက် ဆိုရင်ဖြင့် အလွန် ဝမ်းသာစရာ သတင်းစကား ဖြစ်ပါလိမ့်မည်။ သန်းအောင်မြင့် က တော့ ကျေးဇူးတင်ပါတယ် ဟုသာ ခပ်ယဲ့ယဲ့လေး ပြန်ပြောမိသည်။ တကိုယ်လုံး ပတ်တီးတွေ နှင့် သန်းအောင်မြင့်၏ အနေ အထားက ဒီလောက်ပဲ ပြောနိုင်မှာမို့ ဆရာဝန်ကလည်း အသာအယာ ပြုံးပြပြီး ပြန်ထွက်သွားသည်။

အနာသက်သာအောင် ဆေးတွေပေးထားလို့ ခံရခက်လောက်မနာသည့်တိုင် နာကျင်မှုတွေ ကို ခံစားသိနေသည်။ သန်း အောင်မြင့် ကုတင်ပေါ်မှာ ပက်လက်လေးရှိနေ၏။ အောက်ပိုင်းကတော့ ဒူး ၂ ဘက်မှာ တန်း တွေခံထားပြီး ပေါင် ခပ် ကားကားလေးနှင့်နေရသည်။ တင်ပါးဆုံကွင်းနှင့် အရိုးတွေကို ပြုပြင် ထားရသောကြောင့် အဲဒါတွေ အသားကျသည် အထိ ဒီအတိုင်းပဲ လနှင့်ချီ၍ နေရဦးမည်ဟု ဆိုသည်။

ဆရာဝန်တွေက ဖုန်းလည်း သုံးခွင့်မပြုသည့် အတွက် သန်းအောင်မြင့် အတွက် အပျင်းဖြေစရာမှာ ခြေရင်းမှာ ချိတ်ထား သည့် TV တလုံးသာ ဖြစ်သည်။ ဧည့်သည်တွေ လာတွေ့ခွင့် ရပေမယ့် သန်းအောင်မြင့် ဆီကို လာမည့်သူ မရှိပါ။ ခင်မျိုး ဆွေလည်း အလုပ်များနေပုံရသည်။ မီးမီး ဆိုသည့် ထရန်စ်လေး ရောက်လာမှ ခင်မျိုးဆွေ အမေ အသည်းအသန် ဖြစ် နေကြောင်းသိရ၏။

မီးမီးကတော့ ဝတ္တရားကျေပါသည်။ ခင်မျိုးဆွေကြောင့်သာ သိကြရပြီး တွေ့တာလည်း ဘာမှမကြာသေးပေမယ့် သန်း အောင်မြင့်ကို သူနှင့် ဘဝတူ ရယ်လို့ သတ်မှတ်ပြီး အချိန်ရရင် ရသလို  ရောက်လာ အားပေးတတ်သည်။ သူမလာနိုင် သည့် နေ့တွေမှာဆိုရင်တော့ သန်းအောင်မြင့် အလုပ်က TV ကြည့်ရင်ကြည့်၊ မကြည့်ချင်ရင် သူနာပြုလေးတွေ ကို ပိတ်ခိုင်းပြီး အိပ်၊ သို့မဟုတ် လုလု အကြောင်း စဉ်းစားနေရုံသာ ဖြစ်သည်။

လုလုလည်း ခွဲစိတ်မှု အဆင်ပြေရဲလားလို့ ဆရာဝန်တွေ ကို မေးကြည့်တော့ အဆင်ပြေကြောင်း လောက်သာ သိရ သည်။ ဘာမှ များများစားစား မပြောကြ။ များသော အားဖြင့် ဒီလို အပေး အယူလုပ်သူချင်းက ပတ်သက်မှုမရှိကြတာ ကြောင့် သူတို့ချင်း ရင်းနှီးကြတာကို မသိသည့် ဆရာဝန်တွေက သာမန်လောက်ပဲ ပြောပြကြတာ ဖြစ်ပါလိမ့်မည်။

ဆေးရုံ ကုတင်ပေါ်က ညီးငွေ့ဖွယ်ရာ အချိန်တွေကို ကျော်ဖြတ်ရန် သန်းအောင်မြင့် အတွက် အကောင်းဆုံးနည်းလမ်း က လုလု နှင့် ပတ်သက်တာတွေ တွေးနေခြင်းပဲ ဖြစ်သည်။ စတွေ့တုန်းက အကြောင်းတွေ၊ ဘောလုံးပွဲ တူတူကြည့်ခဲ့ကြ၊ တူ တူ လောင်းခဲ့ကြတာတွေ၊ ၂ ယောက်အတူ ထိုင်ဖြစ်သည့် ဘီယာဆိုင်၊ လဘက်ရည်ဆိုင်တွေ။ ပြောခဲ့ကြသည့် စကားတွေ။ လုလု နှင့် ပတ်သက်ခဲ့တာ မှန်သမျှကို ပြန်တွေးကြည့်သည်။

လုလု ငယ်ငယ်က ဘောလုံးကန် ကောင်းသည်ဟု ပြောကြသည်။ သန်းအောင်မြင့် နှင့် အဲဒီတုန်းက မဆုံသေးပေမယ့် သိ သည့် သူတွေဆီက ကြားရခြင်း ဖြစ်သည်။ အမျိုးသမီး အသင်းမှာကန်ရင် နိုင်ငံ လက်ရွေးစင်တောင် ဖြစ်လောက် သည် ဟုလည်း ဆိုကြသည်။ သို့သော်လည်း စိတ်ကြီးသော လုလုက အမျိုးသမီး အသင်းမှာ မကစားနိုင်ဟု တင်းခံခဲ့သော ကြောင့် အရပ်ထဲမှာ  အပျော်ကန်ခြင်း မျိုးလောက် နှင့်သာ ပြီးခဲ့ရသည်။ သန်းအောင်မြင့် နှင့် ရင်းနှီးချိန်မှာတော့ လုလု ဘောလုံး မကန်တော့၊ ဘောပွဲပဲ လောင်းတော့သည်။ ခုလို ယောက်ျား ဖြစ်သွားသည့် အချိန်မှာတော့ ပြန်ကစား ဖြစ်ဦး မလား မသိပါ။ သန်းအောင်မြင့် တို့ဆီမှာ မကြုံသေးပေမယ့် သူများနိုင်ငံတွေမှာ တော့ လိင်ပြောင်းတွေ ဝင်ကစားခွင့် ရှိနေ ပြီ ဖြစ်သည်။ ဒါပေမယ့် သန်းအောင်မြင့်က ဘာလို့ဘောလုံး မကန်တော့တာလဲ မေးတုန်းက 

“ အသက်ကြီးပြီလေ” 

ဟု လု လုက စပ်ဖြဲဖြဲ နှင့် ဖြေဖူးသည်။

ဆေးရုံက ဆင်းပြီးရင် ဖြစ်လာမည့် အနာဂါတ်ကို လည်းတမျိုးပြီး တမျိုးတွေးကြည့် မိသည်။ အနာဂတ်က ဘယ်လိုပင် တွေးတွေး သန်းအောင်မြင့် အတွက်တော့ ပျော်စရာတွေ ဖြစ်နေ သည်။

ခွဲစိတ်ဒဏ်ရာတွေ သက်သာလာသည့်အခါ နာကျင်မှုတွေလည်း တစတစ လျော့ပါးသွားသည်။ အရိုးတွေ ကို သက် ဆိုင်ရာ ဆရာဝန်ကြီးက စိတ်တိုင်း ကျသွားတော့မှ သန်းအောင်မြင့် ကုတင်ပေါ်က ဆင်းရသည်။ လူလည်း ကိုယ်ရည် တော်တော် စစ်သွားတာကို သတိထား မိသည်။ ရင်းနှီးနေပြီ ဖြစ်သည့် သူနာပြုဆရာမလေး တွေကတောင်  အဆီထုတ် ပစ်ဖို့ သိပ်မလိုတော့ဘူးဟု ပြောကြသည်။ ချုပ်ရိုးတွေ ကျက်သွားပြီးနောက် လဲတပ်ထားသော ကိုယ်အင်္ဂါ အစိတ်အပိုင်း တွေ ပုံမှန် အလုပ်လုပ်ပြီဟု ဆရာ ဝန်တွေ သတ်မှတ်လိုက်ပြီးသည့်နောက် သန်းမြင့်အောင် နာလံထ ဆောင်သို့ ပြောင်း ရသည်။

အဲဒီမှာ ဆက်နေရင်း ခွဲစိတ် ဒဏ်ရာများ အပြည့်အဝ အသားသေသွားပြီဆိုလျှင် တခြား ကျန်တာတွေ ဆက်လုပ်ရမည် ဖြစ်သည်။

နာလံထ ဆောင်မှာနေရင်း ကြုံရသည်များက သန်းအောင်မြင့် အတွက် အသစ်တွေ ဖြစ်သည်။ သန်းအောင်မြင့် စ ရောက် သွားသည့် နေ့က သူ့အရင် လူနာတယောက်သာ ရှိနှင့်သည်။ မန္တလေးမှနေ၍ ရန်ကုန်က အလှပြင်ဆိုင်မှာ လာအလုပ်လုပ် ရင်း ထီ ပေါက် သောကြောင့် ရသည့် ပိုက်ဆံ အကုန်သုံးပြီး အဝယ် နှင့် ပြောင်းခဲ့သူ မောင်သိန်းဇော် ဆိုသည့် ကောင် လေး တယောက် ဖြစ်သည်။

“ ဒဲ့ချိန်း မစောင့်ဘူးလား။”

“ လဲမယ့်သူမရှိလို့ အဝယ်နဲ့ ပဲ လုပ်လိုက်ရတယ်။”

ရှိသမျှပြောင်သွားလို့ ဆေးရုံက ဆင်းရင် အားလုံး တစ်ကနေ ပြန်စရမှာ ဖြစ်ပေမယ့် စိတ်ပျက်ပုံမရသည့် ကောင်လေး (သို့မဟုတ် ကောင်မလေး) ကို သန်းအောင်မြင့် အားကျမိသည်။ သူကလည်း Package A ယူပြီး စိတ်တိုင်းကျ လုပ်နိုင် သည့် သန်းအောင်မြင့်ကို ပြန်အား ကျ၏။

“ ငါလဲ အိမ်နဲ့ ခြံရောင်းပြီး လုပ်ရတာပါ၊ သိပ်အထင် မကြီးပါနဲ့”

“ ဒါပေမယ့် ယူက ဒဲ့ချိန်းလည်း ရလိုက်တယ်လေ၊ ပစ္စည်းကလည်း အလတ်ကြီး တွေ၊ နောက်နှစ် ၂၀ လောက် လုပ်စား လို့ရတယ်။”

သူ့စကားကြောင့် သန်းအောင်မြင့် နည်းနည်း ကျောချမ်းသွားရသည်။

“ ငါက လုပ်စားဖို့ မဟုတ်ပါဘူး။”

“ ဒီသဘောမျိုး ပြောတာ မဟုတ်ပါဘူးနော်။ အသုံးချလို့ ရတယ်လို့ ပြောတာပါ။ ကိုယ့်ဖာသာ ဘယ်လို သုံးသုံးပေါ့၊ တကထဲ မှပဲ အထအန ကောက်နေသေးတယ်။”

မောင်သိန်းဇော် က သူ့စိတ်နှင့်သူ မိန်းမ ဖြစ်ချင်လို့ ပြောင်းလာသူ ဆိုတော့ ဒီလို လုပ်နိုင်ဖို့ သူဘယ်လို ကြိုးစားခဲ့ရ ကြောင်း၊ မိသားစု နှင့် ပတ်ဝန်းကျင်ကို မိန်းမလျာ ဘဝနှင့် ဘယ်လို ရင်ဆိုင်ခဲ့ရ ကြောင်း တွေပြောပြတတ်သည်။ ခုချိန်မှာ မိန်းမ တယောက်ရယ်လို့ ပြောနိုင်သည့် အခြေအနေဖြစ်လာလို့ ဘယ်လိုပဲ ဖြစ်ဖြစ်ကျေနပ်နေပုံရသည်။ လုလု ကြောင့် ပြောင်းမိသည့် သန်းအောင်မြင့် မှာတော့ သူ့လို ပြောစရာတွေမရှိပါ။ ထို့ကြောင့် နားထောင်သမား သက်သက် လုပ်နေ ရ၏။

Package A သမား ဖြစ်သည့် သန်းအောင်မြင့်က သူ့လို ဟိုမုန်းကုထုံးတွေ ယူပြီး နာလံထ ဆောင်မှာချည်းပဲ မနေရ ပါ။ Package ထဲမှာ ပါတာတွေ လုပ်ဖို့ ခနခန ပြန်သွားနေရသည်။ အကြာဆုံးကတော့ မိန်းမ ကိုယ်လုံးမျိုး ဖြစ်အောင် ပြန်ပြင် ရသည့် အချိန် နှင့် မျက်နှာကို ပြင်သည့် အခါတွေ ဖြစ်သည်။ နာလံထ ဆောင်ကို ပြန်ရောက် လာ တိုင်း တသွေးတမွေး ပြောင်းလဲ လာသည့် သန်း အောင်မြင့် ကို ကြည့်၍ မောင်သိန်းဇော် ဆွေ့ဆွေ့ခုန် အောင် သဘော ကျနေတတ်သည်။

သန်းအောင်မြင့်  နောက်မှ ရောက်လာသည့် အေးချမ်း ကတော့ နိုင်ငံခြားမှာ နှစ်ရှည်လများ သွား အလုပ်လုပ်၍ ပိုက်ဆံ စုပြီး ပြောင်းသူ ဖြစ်သည်။ သူလည်း အဝယ် နှင့်ပဲ ဖြစ်သည်။ အတွေ့ အကြုံစုံပြီး စာအကြောင်း ကဗျာအကြောင်း တွေ စိတ်ဝင်စားသည့် အေးချမ်း နှင့် သန်းအောင်မြင့် တို့ ခနချင်းပင် ရင်းနှီးသွားကြသည်။

ဆေးရုံကဆင်းရင် ကလျာမိမိချမ်း  လို့ နာမည်ပြောင်းရန် အတွက် ကိုယ့်ကိုယ်ကို မိမိလို့ အခုကတည်းက အပြောကျင့်နေ သော အေးချမ်း ပြောပြတော့မှ တခြားနိုင်ငံများတွင် အသက်ကြီး လာသော အမျိုးသမီးများက အမျိုးသမီးငယ်များ၏ အင်္ဂါ ကို ဝယ်လဲ ကြ သည့်အကြောင်း တွေ သန်းအောင်မြင့် ကြားဖူး ရ သည်။ ငယ်ရွယ်သော မိန်းကလေးတို့၏ မျိုးပွား အင်္ဂါ ကို အစုံလိုက် ပြောင်းတပ်လိုက်လျှင် ပြန်လည်နုပျို လန်းဆန်းလာပြီး လိင်မှုကိစ္စမှာလည်း ခံစားချက်တွေ ပြန်ကောင်းလာ သည်ဟု ယူဆကြ၍ ဖြစ်သည်။

“ ဒီမှာလဲ အခု အဲဒါမျိုး လိုက်လုပ်နေတာတွေ ရှိနေပြီ ထင်တာပဲ။”

“ ဒဲ့ချိန်း လုပ်ကြတာတော့သိတယ်။ မိန်းကလေးငယ်ငယ်ရွယ်ရွယ်တွေက ဒီတိုင်း ရောင်းပါ့မလား။”

အေးချမ်းက မျက်မှန်ကိုင်းကို ပင့်တင်လိုက်ရင်း ပြုံးသည်။

“ ဝယ်လိုအားရှိရင် ရောင်းလိုအားက ဈေးကွက်ဆီကို ရောက်လာတတ်တာပဲလေ။ တချို့တွေကတော့ ငွေကြေး မပြေလည် လို့ ရောင်းကြတယ်။ အများဆုံးကတော့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ မှောင်ခိုရောင်းတဲ့ သူတွေ ဆီက လာတာပေါ့။ မိမိ အလုပ်လုပ်ခဲ့တဲ့ ဆီမှာဆိုရင် မိန်းကလေး ငယ်ငယ်ရွယ်ရွယ် တယောက် ပျောက်သွားတယ်ဆိုရင် အဲဒီဂိုဏ်းတွေ လက် ချက် ဖြစ်ဖို့ ၇၅% လောက် ရှိတယ်။”

ငွေလိုလို့ ရောင်းသူတွေကတော့ ပလပ်စတစ်ဆာဂျရီ နည်းနှင့် အတုပြန်လုပ်ထားလိုက်ကြသည်။ လက်ရာကောင်းရင် ကောင်းသလို အစစ်နှင့် မခြားပါ။ ဆီးသွား၍ ရသည်။ လိင်ဆက်ဆံလိုပါက ဆက်ဆံနိုင်သည်။ သို့သော် ကလေးတော့ ရနိုင်တော့မည် မဟုတ်ပါ။ အာရုံခံစားနိုင်သည့် အကြောများ မရှိတော့၍ လိင်ဆက်ဆံသည့် အခါ မိန်းမ အင်္ဂါ အစစ်က ပေးသည့် ခံစားမှုမျိုးလည်း မရတော့ပါ။

“ သိပ္ပံ ပညာ ဘယ်လောက်ပဲ တိုးတက်တိုးတက် ခံစားမှု အာရုံကိုတော့ မပေးနိုင်တာ အဲဒါက သက်သေပဲ။” ဟု အေးချမ်း က မှတ်ချက်ချသည်။

“ ဒီမှာ မင်းတို့ ဝယ်တာ ကျတော့ ကော”

အေးချမ်း နှင့် မောင်သိန်းဇော်တို့ တယောက် မျက်နှာ တယောက်ကြည့်လိုက်ကြသည်။

“ တရားဝင်လုပ်တာပါ။ မှောင်ခို ဝယ်တာက ဈေးလဲကြီးတယ်၊ နောက်ပြီး မိမိကြောင့် သူတပါး မထိခိုက်စေချင်ပါဘူး။ သူတို့ လိုတာဖြုတ်ယူပြီးရင် ကောင်မလေးတွေကို အဲဒီ ဂိုဏ်းတွေက….”

အေးချမ်းက လည်ပင်းနားမှာ လက်ကို ကန့်လန့်ဖြတ်ဆွဲ ပြသည်။ သတ်ပစ်လိုက်သည် ဆိုသည့် သဘောဖြစ်သောကြောင့် သန်း အောင်မြင့် ကျောချမ်းသွားမိ၏။ သိပ္ပံ ပညာ၏ တိုးတက်မှုကြောင့် သားကောင်ဖြစ်ရသည့် မိန်းကလေး ငယ်များ အတွက် စိတ်မကောင်း ဖြစ်ရသည်။

“ တရားဝင်မှာတောင် ဈေးအမျိုးမျိုး ရှိတယ်။ ငယ်လေ ဈေးကောင်းလေပဲ။ အဲဒါကြောင့် မိမိတို့က ယူ့ကို အားကျနေတာ။”

“ ဘာဖြစ်လို့လဲ။”

“ မိမိ ဝယ်လိုက်တဲ့ မိန်းမက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျထားတဲ့ ကလေး ၂ ယောက်အမေ အသက် ၃၀ ကျော် ။ မလိုတော့လို့ ရောင်း တာတဲ့။ ရှိတဲ့ ပိုက်ဆံက ဒီလောက်တန်ပဲရလို့ မတတ်နိုင်ဘူးလေ။”

“ များ ဟာက ကလေးအမေတော့မဟုတ်ဘူး၊ ဒါပေမယ့် အိမ်ထောင် ၃ ဆက်ကျဖူးတယ်တဲ့၊ နှုတ်ခမ်းသားကြီးတွေကလဲ တွန့်လိမ်ပြီး လန်ထွက်နေတယ်။ ဆရာဝန်ကြီးတွေက ဖြတ်ပြီး ပြန်လုံး ပေးလိုက်လို့ တော်သေးရဲ့။”

“ သွေးမဆုံးသေးတာပဲ တော်သေးတယ်လို့ မှတ်ရတာပေါ့ဟာ။”

သူတို့ ၂ ယောက် အပြန်အလှန် ပြောနေကြတာကို ကြည့်ရင်း သန်းအောင်မြင့်မှာ ၂၄ နှစ် သမီး လုလု၏ အမှန် အကန် ပစ္စည်းနှင့် သားအိမ်ကို ရလိုက်ခြင်း အတွက် ဂုဏ်ယူရတော့ မလိုလို၊ သူတို့ ၂ ယောက်ကိုပဲ သနားရတော့ မလိုလို အီ လည် လည်ကြီး ခံစားရ သည်။

သန်းအောင်မြင့်ထက် သူတို့က သာတာ တချက်တော့ ရှိပါသည်။ သူတို့က အဓိက ပစ္စည်းကိုပဲ ဝယ်လဲခဲ့တာ ဖြစ်သော ကြောင့် အပေါ်ပိုင်းတွေက ဆီလီကွန်နှင့် ဖူးကြွ လှပနေကြသည်။ သန်းအောင်မြင့်ကတော့ လုလုဆီက အရှိအတိုင်းယူ ခဲ့ တာဖြစ်သောကြောင့် သူတို့ ၂ ယောက်လိုတော့ တတုံးတခဲ မောက်ကြွားနေခြင်းမျိုးမရှိပါ။ ဒါပေမယ့် သန်းအောင်မြင့် ကျေ နပ်ပါသည်။ နောက်ပြီး လုလုက ယောက်ျား စိတ်ပေါက်နေပေမယ့် အထက်ပါပစ္စည်းက တန်းဝင်သည့် သူဖြစ် ပါသည်။

နောက်ပြီး သူတို့နှင့် အတူတူနေရတာက သန်းအောင်မြင့် အတွက် အကျိုး ရှိသည်။ သန်းအောင်မြင့်က တဒင်္ဂ မိုက်မဲမှု နောက်ကို မရည်ရွယ်ဘဲ လိုက်လာသူ ဖြစ်ပေမယ့် အေးချမ်းနှင့် မောင်သိန်းဇော် တို့က သူတို့ ဘဝတလျှောက်မှာ ဒီအ တွက် ကို ကြိုတင်ပြင်ဆင်ခဲ့သူတွေ ဖြစ်သည်။ လေ့လာခဲ့သူတွေ ဖြစ်သည်။ ဒါကြောင့် လိင်ပြောင်းပြီး နောက်မှာ ဆောင် ရန် ရှောင်ရန်တွေကို သူတို့ဆီက လေ့လာသင်ယူရ၏။

သူတို့ ဘာကြောင့်၊ ဘာလိုချင်လို့ ဒီလိုပြောင်းရတာလဲလို့လည်း စောကျောကြည့်မိသည်။

သန်းအောင်မြင့်၏ ရည်ရွယ်ချက်က လုလု ဖြစ်သည်။ လုလု စိတ်ချမ်းသာဖို့၊ တနည်းဆိုရသော် လုလုကို ရဖို့ မွေးရာပါ ပစ္စည်းနှင့်ရင်း ခဲ့ခြင်း ဖြစ်ပါသည်။ ဒီကောင်လေး (အခုတော့ ကောင်မလေး) နှစ်ယောက်က ဘာကိုမျှော်လင့်ကြပါသနည်း။ ခုနက အေးချမ်းပြောသလို အတုလုပ်၍ မရနိုင်သည့် ခံစားမှုကို လိုချင်ကြ၍လား။

ယောက်ျားက မိန်းမ စိတ်ပေါက်နေတာ သို့မဟုတ် မိန်းမက ယောက်ျားစိတ် ဖြစ်နေတာတွေ နှင့် ပတ်သက်လို့ သန်းအောင် မြင့်စိတ်ထဲမှာ အရင်တုန်းက ဘယ်လိုမှ မနေပါ။ အလိုက်အထိုက် ဆက်ဆံပြီး ဒီလိုပဲ နေလိုက်သည်။ တိုးတက်လာသည့် ဆေးပညာကြောင့် နောက်ပိုင်းမှာ လိင်ကို လိုသလိုပြောင်း၍ ရနိုင်လာတာတွေကို သိနေမြင်နေရပေမယ့် သန်းအောင် မြင့် အတွက်ကတော့ ကိုယ်နှင့် ဘယ်လိုမှ မသက်ဆိုင်ခဲ့သော အရာတွေ ဖြစ်သည်။

လုလုကို ချစ်မိခဲ့ပြီးနောက်တွင် အမြင်တမျိုးပြောင်းခဲ့သည်ကိုတော့ ဝန်ခံရမည် ဖြစ်သည်။ သန်းအောင်မြင့် အမြတ် တနိုး ချစ်ရသော လုလုက ယောက်ျားစိတ် ပေါက်ပြီး ယောက်ျားလေး ဖြစ်ချင်နေသောအခါ မှာတော့ မခံစားနိုင်အောင် ဖြစ်ရ သည်။ လောကကြီးမှာ ဒီလိုမျိုး မိန်း မကနေ ယောက်ျား စိတ်ပေါက်တာတွေ၊ ယောက်ျားကနေ မိန်းမ ဖြစ်ချင်တာတွေ မရှိရင်ကောင်းမှာပဲ ဟုတွေးတတ် လာသည်။ တနည်းဆိုရသော် (မပြစ်မှားဝံ့သည့် လုလုမှ လွဲ၍) အဲဒီလို လူတွေကို မ ကြည်မလင် ကြည့်တတ်လာခဲ့ သည်။ လိင်ပြောင်းသူတွေ ကို လက်သံပြောင်ပြောင် နှင့် အွန်လိုင်းပေါ်မှာ နှိပ်ကွပ် နေသော စိုင်းလင်ဗန်း၏ ပရိတ်သတ်တယောက်ဖြစ်မှန်း မသိဖြစ်လာခဲ့သည်။

လုလု စိတ်ကြည်ပုံရသည့် အခါမျိုးကျရင် စိုင်းလင်ဗန်း ပို့စ်တွေ ဖတ်ပြမိသည်။ စိတ်လိုရင်တော့ လုလုက ရယ်ရယ် မော မော နားထောင်ပါသည်။ စိတ်အခန့် မသင့်သည့် အခါမျိုးနှင့် သွားတိုက်ဆိုင်ရင်တော့

“ အဲဒီ စာရေးဆရာက ပန်း သေ နေ လို့ အဲဒါမျိုးတွေ ရေးတာ ဖြစ်မယ်။” 

ဟု မိန်းမ မဆန်စွာ ခပ်ကြမ်းကြမ်း မှတ်ချက်ချတတ်သည်။ ဒါပေမယ့် ခုချိန်မှာ တော့ သန်း အောင် မြင့် သည်လည်း စိုင်းလင်ဗန်း သရော်တတ်သည့် လူတွေထဲက တယောက် ဖြစ် နေ ခဲ့ပါပြီ။

တခါတလေ ကျတော့လည်း ဘာကြောင့် ဒီလိုတွေ လုပ်ခဲ့ပါလိမ့်ဟု တွေးမိတတ်သည်။ လုလုကိုချစ်လို့ ဆိုသည့် အဖြေ က အရင်ဆုံးရသည့် အဖြေဖြစ်သလို နောက်ဆုံးမှာ ထွက်လာတာကလည်း ဒီအကြောင်းပြချက်ပင် ဖြစ်သည်။ ခုချိန်မှာ လုလု သည်လည်း တခြား နာလံထ ခန်းတခုထဲမှာ သူလိုလူ တချို့နှင့် အတူ ရှိနေနိုင်ပါသည်။ ဒါပေမယ့် ဖုန်း မခေါ်ရုံမျှမက မက် ဆေ့ချ်လေးပို့ပြီး အကျိုးအကြောင်း မေးမြန်းဖော်တောင် မရသည့် လုလု ကြောင့် စိတ်မကောင်း ဖြစ်ရတာတော့ အမှန်ပင်။ သူအဖြစ်ချင်ဆုံး ဘဝကို ဖြစ်ခွင့်ရသွားလို့ အပျော်လွန်ပြီး သတင်းမေးဖို့ မေ့နေတာကြောင့်ဟုသာ စိတ်ကို ကျိတ်ဖြေရ၏။

သန်းအောင်မြင့် ဖက်က စပြီး ဖုန်းခေါ်ရင်ဖြစ်ဖြစ် မက်ဆေ့ချ် ပို့ရင် ဖြစ်ဖြစ် လုပ်လို့ရပေမယ့် လက်တွန့်နေရသည့် အ ကြောင်း ရှိသည်။ သူ့ကို မြင်လိုက်ရလျှင် လုလု လုံးဝ အံ့သြမင်သက်သွားစေဖို့ ဆုံးဖြတ်ထားသည်။ လုလု နှင့် ရှေ့သွား နောက်လိုက် ညီသော၊ လုလုနှင့်သူနှင့် တွဲသွားချိန်တွင် ယောက်ျားအားလုံးက လုလုကို မနာလိုဖြစ်ကြရမည့် အနေ အ ထားမျိုးသို့ မရောက်မချင်း လုလုနှင့် မတွေ့ချင်ပါ။ ရှိသမျှငွေတွေ အကုန်ပုံ ပြီး သုံးဖို့ ဆုံးဖြတ်ခဲ့သည်မှာ ဒီလိုရည်ရွယ်မိ သောကြောင့် ဖြစ်သည်။

ဆေးရုံမတက်ခင်က ပလပ်စတစ် ဆာဂျရီ လုပ်ဖို့ ပန်းချီဆရာနှင့် အတူ ဆွဲခဲ့သည့် ပုံကို နောက်ပိုင်းမှာ သေသေချာချာ ကြည့်မိတော့ ယောက်ျားစိတ်ပေါက်နေသော လုလု လိုက်ငေးခဲ့သော၊ သဘောကျသည်ဟု ဖွင့်ပြောခဲ့ဖူးသော မိန်းက လေး တွေ နှင့် ခပ်ဆင်ဆင် ၊ တနည်းပြောရရင် လုလုကြိုက်တတ်သည့် မိန်းမ ပုံမျိုး ဖြစ်နေတာကို သတိထားမိသည်။ ဒါကြောင့် သူ့ကို မြင်လိုက်သည်နှင့် လုလု သဘောကျ သွားလိမ့်မည်ဟု ယုံကြည်သည်။

.............................................

(၁၄)

ဝုန်းကနဲ အခန်းတံခါး ပွင့်သွားပြီး လူ ၄ ယောက် ဝင်လာသောကြောင့် ရဲလင်း နှင့် ကေသီ အလန့်တကြား ထရပ် မိကြ သည်။ အခန်းတံခါးကို ပြန်ပိတ်လိုက်ပြီးနောက် ဝင်လာသူတွေက ကေသီ့ကို လှည့်တောင် မကြည့်ဘဲ ရဲလင်းဆီသို့ ဦးတည်ကာ သွားကြ၏။

“ ဟေ့ကောင် အင်္ကျ ီချွတ်စမ်း”

မာမာထန်ထန် ပြောလိုက်သည့် အသားညိုညို ဂင်တိုတို လူ၏ လက်ထဲမှ အနက်ရောင် ပစ္စတို သေနတ်ကိုကြည့်ရင်း ရဲ လင်း ဇောချွေးတွေ ပြန်လာသည်။ နောက်ထပ် ၂ ယောက် လက်ထဲမှာလည်း အနက်ရောင် ရာဘာတုတ်များကိုင် ထား ကြသည်။ တုတ်ထိပ်က သတ္တုခွေများ က အလင်းရောင်မှာ ပြောင်လက်နေကြ၏။ နောက်ဆုံးတယောက်ကတော့ စက္ကူဗူး ခပ်ရှည်ရှည်တခု ကိုင်ထားသည်။

“ ဘာလို့ ချွတ်ရမှာလဲဗျ”

ဟန်ကိုယ့်ဖို့လုပ်ပြီး ခပ်တည်တည် ပြန်ပြောလိုက်သည့် စကားမဆုံးသေးမီ ရာဘာတုတ် တချောင်းက မျက်နှာပေါ်ကို အရှိန်ပြင်းပြင်း ကျလာသည်။ လက်ကာလိုက်ပေမယ့် နောက်ကျသွားသည်။ မျက်လုံးထဲမှာ ကြယ်တွေ လတွေ တလက် လက် ထပြီး ရှေ့ကို ငိုက်ကျသွားစဉ် နောက်တယောက်ကပါ ကျောပြင်ကို ခပ်ပြင်းပြင်း ဖြတ်ရိုက်ချလိုက်၍ ရဲလင်း ကြမ်း ပြင်ပေါ်သို့ ခွေလဲသွားသည်။

“ ဟေ့ကောင် ပြန်ထပြီး အင်္ကျ ီချွတ်စမ်း။”

“ မထဘူးဗျာ”

ဒေါသတကြီး ပြန်အော်လိုက်မိလို့ တုတ်ချက်တွေ ကျမလာမီ လက်ကို မြှောက်ကာလိုက်မိပေမယ့် ရဲလင်း ထင်သလို အ ရိုက်မခံရပါ။ သို့သော် တဂျစ်ဂျစ် မြည်သံတခု နှင့် အတူ ရဲလင်း တကိုယ်လုံး တွန့်လိမ်ထွက်သွားသည်။ နာ လွန်း၍ တင်း မခံနိုင်တော့ဘဲ အသံထွက်ပြီး အော်ညည်းနေမိ၏။ ရာဘာတုတ်၏ ထိပ်ပိုင်းက ကျဉ်စက် အဖြစ်လည်း သုံးနိုင်သည်။ သူနှင့် ထိသည့်နေရာ သာမက တကိုယ်လုံး အနှံ့ပြန့်သွားအောင်နာ၏။

“ ထစမ်း၊ ထစမ်း၊ မထမချင်း လုပ်နေမှာနော်”

“ ထလိုက်ပါရှင်၊ သူတို့ပြောသလို လုပ်လိုက်ပါ။ ရှင်တို့ကလည်း တော်ကြပါတော့ ကျွန်မ တောင်းပန်ပါတယ်။”

ငိုသံလေးနှင့် ပြောလိုက်သော ကေသီ့ အသံကို အားတင်းကာ ဒယီးဒယိုင် ထရပ်ရင်း ကြားရသည်။ နံရံကို ကျောမီ ရပ် မိ ချိန်မှာ ကေသီ့ဖက်ကို လှမ်းကြည့်မိတော့ ကုပ်ကုပ်လေးထိုင်ရင် နံရံကိုခေါင်းစိုက်ထားတာ မြင်ရသည်။ ရဲလင်း နှိပ်စက်ခံ နေရတာကို မကြည့်ဝံ့လို့ ဖြစ်မည်။

စိတ်လျှော့ပြီး ခါးစည်းကြိုးကို ဖြေချလိုက်ရာ သေနတ်ကိုင်ထားသည့် လူက အင်္ကျ ီကို ဂုတ်ကနေဆွဲယူလိုက်၍ သူ့ လက် ထဲ ပါသွားပြီး ရဲလင်း ကိုယ်လုံးတီး ဖြစ်သွားသည်။ ထိုအချိန်ကျမှ စက္ကူဘူးရှည် ကိုင်ထားသူက ကော်နှင့်လုပ်ထား သည့် ပြွန်တံရှည်တခုကို ထုတ်လိုက်သည်။ မြင်လိုက်တာ နှင့် ဘာမှန်း ရဲလင်းသိလိုက်ပါသည်။ အမျိုးသားများ လိင် အင်္ဂါ ရှည် အောင် ကြီးအောင် လေ့ကျင့်ကြသည့် ပန့် နှင့် သူတို့ ဘာလုပ်ကြမလို့လဲ ဆိုတာ နားမလည်ပါ။

“ ဟေ့ကောင် မင်းဟာကို ဒီ အပေါက်ထဲထည့်၊”

ရဲလင်းက ကြောင်တောင်တောင် နှင့် ပြန်ကြည့်တော့ သေနတ်သမားက နားရင်းတချက် အုပ်ပစ်လိုက်လို့ နားတွေ အူထူ သွားရသည်။

“ မသာလေး မင်းကို ကောင်းဖို့ လုပ်ပေးနေတာကွ၊ ကြောင်တောင်တောင် လာမလုပ်နဲ့”

မလုံမလဲနှင့် ကေသီ ကို လှမ်းကြည့်လိုက်မိတော့ ကေသီကလည်း တချက်စောင်းကြည့်ပြီး ချက်ချင်းမျက်နှာ ပြန်လွှဲသွား တာမြင်သည်။ ရဲလင်း စိတ်လျှော့ပြီး သူ့ဟာလေးကို အပေါက်ထဲ ထည့်တော့ ချောင်နေသည်။

“ သောက်ကျိုးတော့နည်းပြီ၊ လေမလုံရင် ဘယ်လို လုပ်မလဲ။ ဟေ့ကောင် တောင်လာအောင်လုပ်စမ်း”

“ ဟေ့ကောင် ဂွင်းထုစမ်း၊ လုပ်လေ၊ မင်း အသား နာချင်လို့လား”

တယောက်တပေါက် ဝိုင်းအော် ကြရင်း ရာဘာတုတ်ထိပ်ပိုင်းက အဝတ်မဲ့ ပုခုံးနားကို တိုးကပ်လာသည်။ ရဲလင်းလည်း မတတ်သာတော့ဘဲ သူ့ဟာ ထ လာအောင် လက် နှင့် ဆွရတော့သည်။ လက်နက်ကိုင် လူ ၄ ယောက်က ဝိုင်းထားသည့် အချိန်၊ အနှိပ်စက် ခံထားရသည့် အချိန်မှာ ဘယ် သူက ကာမစိတ် ထလာမည် နည်း။ ဘယ်လောက် လုပ်လုပ် တက်မ လာပါ။

“ မရဘူးဗျ။”

“ မင်း က ပန်းသေနေတာလား။”

“ မသေပါဘူးဗျာ။ ခင်ဗျားတို့တွေ ဒီလောက်ကြီး ဝိုင်း အုံထားတဲ့ရှေ့မှာ ဘယ်လိုလုပ် ထ လာမှာလဲဗျ။ စဉ်းစားကြည့်ပါ ဦး။”

လူ ၄ယောက် တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြသည်။

“ ငါ အကြံရပြီ”

လက်အားနေသည့် တယောက်က ကေသီ့ကို ဒရွတ်တိုက်ဆွဲခေါ်လာသည်။

“ ရှင်တို့ ရှင်တို့ ကျွန်မ ကို ဘာလုပ်ကြမလို့လဲ”

“ သူ့ကို ဘာမှ မလုပ်ကြပါနဲ့ ကျွန်တော် ရအောင်လုပ်ပါ့မယ်။”

ရဲလင်း နှင့်ကေသီက အမောတကော ပြောလိုက်ကြပေမယ့် သူတို့က အရေးမစိုက်ပါ။ တုတ်ကိုင်ထားသူတယောက်က ကေသီ့ကို အသလွတ်ကြီး ကျဉ်စက်နှင့် တို့လိုက်ရာ ကေသီ နာကျင်စွာအော်ရင်း ရေချိုးခန်း နံရံဖက်ဆီသို့ လဲကျသွား သည်။ ကေသီ့ကို ဆွဲခေါ်လာသူက ခပ်ကြမ်းကြမ်း ပြန်ထူလိုက်ရင်း

“ နင်မြင်တယ်နော် ငါတို့က ဘယ်လိုလုပ်တတ်တယ်ဆိုတာကို၊ ခိုင်းတာ လုပ်ရင် အသားနာသက်သာမယ်။ ကြားလား”

“ ဟုတ်ကဲ့”

ကေသီတုန်တုန် ရီရီ နှင့် ခေါင်းလေး ညိတ်သည်။

“ နင့် အင်္ကျ ီချွတ်”

“ ရှင်”

“ မရှင်နဲ့ ကိုယ့်ဖာသာ ချွတ်ရင် သက်သာမယ်၊ ငါတို့ ချွတ်ပေးရရင် နင် မချိမဆန့် နာရလိမ့်မယ်။”

ကေသီက ဟီးကနဲ ငိုချလိုက်၍ ရဲလင်း လည်း စိတ်မကောင်း ဖြစ်ရသည်။

“ နှမချင်း စာကြပါရှင်၊ ကျွန်မ ရှက်လို့ပါ။ မဟုတ်တာတွေ မခိုင်းကြပါနဲ့၊ ကျွန်မ က မိန်းကလေးပါ။ တောင်းပန်ပါတယ်။”

“ ငို မနေနဲ့၊ ရှက်မနေနဲ့၊ နင် သတိမေ့နေတုန်းက နင့်တကိုယ်လုံး ငါတို့ ဖြဲလှန်ကြည့်ပြီးသွားပြီ။ နင့် အမွှေးဘယ် နှစ်ပင် ရှိတယ် ဆို တာက အစ ငါတို့သိတယ်။ ချွတ်ဆိုရင် ချွတ်၊ အရိုက်ခံမလား၊ ကျဉ်စက်နဲ့ အတို့ခံမလား။”

ပြောပြောဆိုဆို တုတ်ကြီးက မျက်နှာနားသို့ ဝဲသွားသောကြောင့် ကေသီ တဟင့်ဟင့် ရှိုက်ရင်း ထလာသည်။ တုတ် ကိုင် ထားသူက တရွယ်ရွယ် လုပ်နေသောကြောင့် မျက်ရည်တွေ ကျရင်း ကေသီ သူ့ကိုယ်ပေါ်က ဝတ်ရုံကို ချွတ်ပစ်လိုက် သည်။

“ ဒီနားကိုလာ။”

ကေသီ့ကို ရဲလင်း ရှေ့တည့်တည့်သို့ ဆွဲလာသည်။ ရင်ဘတ်နှင့် ပေါင်ကြားကို လက်ကလေးတွေ နှင့် ကာထား ရန် လုပ်လိုက် သေးပေမယ့် တယောက်က တဂျီဂျီမြည်နေသော ကျဉ်စက်နှင့် ထိုးမလိုလို ရွယ်လိုက်တာကြောင့် ကေသီ့ လက်တွေ ဘေးတဖက် တချက်စီမှာ တွဲလောင်းကျသွားသည်။ မျက်စိမှိတ်ထားရင်း မျက်ရည်တွေ ကျနေသည့် မျက်နှာ နီနီလေးကို ရဲလင်း မကြည့်ရက်သလို ခံစားရသည်။ ဒါပေမယ့်

“ ဟေ့ကောင် ဒီမှာ ကြည့်စမ်း နို့လေးတွေ မလှဘူးလား။ လုံးတင်းနေတာပဲ။ သေချာကြည့်။ အဖုတ်မွှေးလေးတွေကလည်း ဟိုဖက်ဒီဖက် ဘီးနဲ့ ခွဲထားသလို ညီနေတာပဲ။ ကြည့်ကြည့် သေချာကြည့်။ သူ့ကို ကြည့်ပြီး မင်းဟာကို တောင်အောင်လုပ်”

ကေသီ့ကို အဝတ်အစားချွတ်ခိုင်းရသည့် ရည်ရွယ်ချက်ကို ရဲလင်း အခုမှ သိတော့သည်။ သူတို့ အတင်းကြည့်ခိုင်းလို့ ကြည့် ပါသည်။ မျက်နှာသာမက တကိုယ်လုံး နီမြန်းနေသည့် ကေသီ့ကို ကြည့်ရင်း ရဲလင်း ကောင်က လုံးဝထောင်မလာပါ။ လက် ညောင်းအောင် ဆွသော်လည်း နဂိုနေအတိုင်းသာ ရှိ၏။ ဟိုလူတွေလည်း စိတ်တိုလာပုံရသည်။

“ ကောင်မလေး နင်က သူ့ဟာကို ကိုင်ပြီး ဆွပေးလိုက်စမ်း။ ဟိုကောင် … မင်းက သူ့ နို့တွေကို ကိုင်ပြီး ဖီးလ်ယူ”

“ အဲလိုကြီးတော့ မလုပ်ချင် ….”

စကားတောင် မဆုံးလိုက်ရ ဝုန်းကနဲ ဝုန်းကနဲ အသံ ၂ ချက်နှင့် အတူ ရဲလင်း မျက်လုံးထဲမှာ မီးဝင်းဝင်းတောက်သွား သည်။ အံကြိတ်တင်းခံရင်း ရှေ့ကို ငိုက်ကျသွားသည့် အချိန်မှာ တဂျီဂျီ အသံတွေ အနားကို ကပ်လာသောကြောင့် ကဗျာ ကရာ မော့ပြီး ရပ်လိုက်ရသည်။

“ ကောင်မလေးကတောင် ဘာမှမပြောတာ မင်းက အဖြစ်သည်းနေရလား။ ကောင်မလေး လုပ်ပေးလိုက်၊ ဒီကောင့်ကို ရိုက် တာမြင်တယ်နော်၊ နင့်ကိုလည်း တို့က ညှာမှာမဟုတ်ဘူး။”

လုံးဝ စာနာမည့်သူများ မဟုတ်တာကို သဘောပေါက်လိုက်လို့လား မသိပါ။ ရဲလင်း ညီလေးပေါ်ကို လက်ချောင်း နုနုလေး တွေ မရဲတရဲ နှင့် ရောက်လာသည်။

“ ဟေ့ကောင် နို့ကို ကိုင်လေ၊ အသာလေး ဖြည်းဖြည်းပွတ်၊ ဟုတ်ပြီ၊ နင်က ဘာလုပ်နေတာလဲ၊ လက်ငါးချောင်းနဲ့ သေသေ ချာချာ ဆုပ်။ ပြီးရင် ဒီလို…ဒီလို လုပ်”

တယောက်က လက်ဟန်အမူအရာ နှင့် ပြသည်။ နောက်တယောက်က ခြိမ်းခြောက်သည့် သဘောနှင့် ကေသီ့ ပုခုံးပေါ် တုတ်တင်ထားသောကြောင့် ကေသီ့လက်ကလေး တွေ တုန်တုန်ရီရီ နှင့် လှုပ်ရှားလာ၏။ ကေသီ့ရင်သားလေးတွေက ချော မွတ်ပြီးတင်းအိနေပါသည်။ မကြီးလွန်း မသေးလွန်း အနေတော် အရွယ်အသားစိုင် နုနုတွေက တခြားအချိန်မှာဆိုရင် ရဲလင်းကို နှိုးဆွနိုင်မှာ သေချာပေမယ့် သူတို့ ၂ ယောက်အပါအဝင် လူ ၆ ယောက်နှင့် ပြည့်ကျပ်နေသော အခန်းထဲမှာ ရမ္မက်စိတ်တွေ ထလာရလောက်အောင် ရဲလင်း စိတ်က မယုတ်မာနိုင်ပါ။

“ သူတောင်းစား ဒါတောင် မရဘူးလား။”

ဟိုလူတွေကလည်း စိတ်ရှည်ကြပုံမရ။ သူ့ကို ဒီလို လုပ်ဖို့ ဘာကြောင့် သူတို့တွေ စိတ်အားထက်သန် နေကြမှန်း ရဲလင်း နားမလည်ပါ။ ဒီလူတွေက လူကောင်းတွေ မဟုတ်တာက သေချာပါသည်။ ထုံးစံအရ ဆိုရင် ရုပ်ရည် သနားကမား နှင့် ချစ်စရာ ကိုယ်လုံးလေး ရှိသော ကေသီက ဒီနေရာမှာ အန္တရယ် အကြီးဆုံး ဖြစ်သည်။ ဒါပေမယ့် ကျေးဇူးရှင်တွေက ကေသီလို မိန်း ကလေး တယောက် ကိုယ်လုံးတီး နှင့် ရှိနေတာတောင်မှ ရှိသည်ဟုပင် ထင်သည့် ပုံမရဘဲ ရဲလင်း ပစ္စည်း ထောင်ဖို့ကို သာ စိတ်အားထက်သန်နေကြသည်။

“ နင် ပုလွေ မှုတ်တတ်တယ် မဟုတ်လား။”

“ ရှင်”

“ မရှင်နဲ့ ။ မမှုတ်ဖူးရင်တောင် ဟိုကားတွေထဲမှာ မြင်ဖူးမှာပေါ့။ အဲဒီ ကားတွေ မကြည့်ဖူး ဘူးလို့တော့ ပြောင်မညင်းနဲ့နော်၊ ဒီမှာ တွေ့လား”

နဖူးကို တုတ်နှင့် ခပ်ဆဆ ထိုးလိုက်၍ ကေသီ နောက်သို့ ယိုင်သွားသည်။

“ ကြည့်ဖူးတယ် မဟုတ်လား။”

တယောက်က ကေသီ့ နားနားသို့ ကပ်၍ အော်လိုက်ရာ ကေသီ တုန်တုန်ရီရီ နှင့် ခေါင်းလေး ညိတ်ပြရှာ၏။

“ ဒါဆို သူ့ကို မှုတ်ပေးလိုက်”

ကြားထဲက အားနာမိသွားသောရဲလင်း မနေနိုင်တော့ပါ။ ကေသီ့ကို အလွန်သနားသွားမိသည်။

“ ကျွန်တော် ရအောင် လုပ်ပါမယ်ဗျာ။ သူ့ကို ဒုက္ခ မပေးကြပါနဲ့။”

“ ဟေ့ကောင်၊ မင်း အလုပ်မဟုတ်ဘူး။ သူ ဆုံးဖြတ်လိမ့်မယ်။ ကောင်မလေး… ငါတို့ စကားနားထောင်ပါ။ တို့ပြောသလို မလုပ်ရင် နင့်ကို ရိုက်ရုံတင်မကဘူး အခန်းပြင် ဆွဲထုတ်ပြီး နင့်ကို ငါတို့တွေ တယောက် တလှည့်တက်လုပ် ပစ်လိုက် မယ်။ ဘာမှတ်လဲ။”

နီမြန်းနေသော ကေသီ့မျက်နှာလေး ထိတ်လန့်မှုကြောင့် သွေးဆုတ် ဖြူလျော်သွားသည်။ ရဲလင်း မကြည့်ရက်သည့် အတွက် မျက်နှာလွှဲထားလိုက်မိပါသည်။

“ ဒီကောင့်ကို မှုတ်ပေးလိုက်ရတာက နင်အလုံး အထည်မပျက်ဘူး။ ငါတို့ တက်လုပ်ပြီဆိုရင်တော့ နင့်ဟာလေး မကွဲရင် ကြိုက်သလိုပြော။”

သူတို့ ခြိမ်းခြောက်မှုက ထိရောက်ပါသည်။ ကေသီ ဒူးထောက်ကျသွား၏။ ရဲလင်း ယောင်ပြီး နောက်ဆုတ်လိုက်သော် လည်း နံရံ နှင့်သာ တိုးမိ၏။

“ ဟိုကောင်လေး မင်းရော ဖင်ကွဲအောင် ခံချင်သလား။”

လက်ခုပ်ထဲက ရေဖြစ်နေရသည့် ဘဝတွင် ပထမဆုံး အကြိမ် အဖြစ်ရဲလင်း ရင်ထဲက ယောက်ျားမာနက ခေါင်းထောင် ထ လာသည်။ မထူးဇာတ်ခင်း၍ သေချင်သေ ပါစေ ရင်ဆိုင်တော့မည် ဟု ရှေ့တိုးဖို့ လုပ်လိုက်ပေမယ့် ကေသီက အသာဆီး တွန်းထားသည်။

ရဲလင်း ငုံ့ကြည့်လိုက်ပေမယ့် ကေသီ ကတော့ မော့မကြည့်ပါ။ ပျော့တွဲတွဲ ဖြစ်နေသည့် ရဲလင်း ပစ္စည်းကိုသာ သူ့နှုတ်ခမ်း လွှာ ၂ ခုကြား ထိုးသွင်းလိုက်၏။ ခံစားလိုက်ရသည့် နူးညံ့နွေးထွေးမှု တခုက ရဲလင်းကို မင်သက်မိသွားစေသည်။ မှန်ရာ ကို ဝန်ခံရသော် ဒါမျိုး ရဲလင်း တခါမှ မကြုံဖူးပါ။ ပထမဆုံးသော အတွေ့ အကြုံ ဖြစ်သည်။ ကေသီ့အတွက်လည်း ပထမ ဆုံး ဖြစ်ကြောင်း အစပိုင်းမှာ အလွဲလွဲ အချော်ချော် ဖြစ်နေခြင်းက သက်သေခံနေသည်။ ဒါပေမယ့် မလုပ်ဖူးသည့်တိုင် မြင် ဖူးနေကျမို့လား မသိပါ နောက်ပိုင်း ကျတော့ တော်တော် အဆင်ပြေလာသည်။ ဘာလုပ်ရမှန်း မသိလို့ မျက်စိမှိတ်ကာ ငူ ငူ ကြီး ရပ်နေမိသည့် ရဲလင်း၏ ညီတော်မောင်က လည်း စတင်ရုန်းကြွလာသည်။

ထိုအချိန်တွင် ဘာကြောင့်မှန်း မသိ ရဲလင်း မျက်လုံးထဲတွင် စောစောတုန်းက သတိရလာစမှာ ကိုယ့်ကိုယ်ကို ဘာဖြစ်မှန်း မသိဘဲ ဖရိုဖရဲ နှင့် အောက်စလွတ်ကာ ထိုင်နေသော ကေသီ့ပုံလေးကို ပြန်မြင်ယောင်လာ၏။ သူနှင့် တခန်းထဲ အတူရှိနေ သူသည် မိန်းမလှလေး တယောက်ပါလားဟု ရဲလင်း ပထမဆုံး သတိပြုမိခဲ့ သော အချိန်လည်း ဖြစ်သည်။ ရဲလင်း ရင်တွေ ခုန် လာ၏။

“ ရပြီ ဖယ်လိုက်”

ရဲလင်း အလန့်တကြား ငုံ့ကြည့်လိုက်တော့ ကေသီနောက်သို့ ဆုတ်သွားချိန်တွင် တန်းတန်းမတ်မတ် ထောင်ထလာ သော သူ့ ညီလေးကို မြင်လိုက်ရသည်။ အမြင့်ဆုံး အခြေအနေ မဟုတ်ပေမယ့် ခုန အပေါက်ထဲကိုတော့ စီးစီးပိုင်ပိုင် ဝင်သွား သည်။

“ ဒါကို ကိုင်ထား”

လက်ထဲရောက်လာသော ပြွန်ကို ကြောင်တောင်တောင်နှင့်ကိုင်ထားရင်း ကော်အကြည်သားကြောင့် လှမ်းမြင်နေရ သည့် ညီလေးကို ကြည့်နေစဉ် ထိပ်မှာ ပါသည့် ဒိုင်ခွက်လိုလိုအောက်က ခလုပ်ကို တယောက်က နှိပ်လိုက်သည်။ ကျီ ကနဲ အသံတိုးတိုးလေး နှင့် အတူ ရဲလင်း ညီလေးလည်း ထုံထုံတင်းတင်းကြီး ဖြစ်သွားသည်။ နာလိုလို ကျင်သလိုလိုလည်း ခံ စားရ၏။ ကြည့်နေရင်းပင် ရဲလင်း ပစ္စည်းက ဘေးကို ကားထွက်လာသည်။ ရှေ့ကိုလည်း ရှည်ထွက်လာသည်။ ဒီလိုပန့် တွေ နှင့် ပတ်သက်လို့ ကြားဖူးတာတွေ မှန်သလိုလိုတော့ ရှိသားဟု ရဲလင်းတွေးမိသည်။ တစထက်တစ သူ့ဟာကြီးက ပြွန်ထဲမှာ ပြည့်လုလု ဖြစ်လာသည်။

“ ဟေ့ကောင်လေး တောင့်ထားနော်၊ ပြန်ကျ မသွားစေနဲ့၊ ကျသွားရင် ကောင်မလေးကို ထပ်စုပ်ခိုင်းမှာ”

ခြိမ်းခြောက်စကားကြောင့် ရဲလင်း ကြိုးစား၍ စိတ်ကို တင်းရသည်။ ခုနက သူ့ကို ရင်ခုန်စေခဲ့သော ကေသီ့ ပုံလေးကို ကြိုးစား၍ ပြန်လည် မြင်ယောင်ရ၏။ ကေသီကတော့ ရဲလင်းရှေ့နားမှာ ဒူးကိုပိုက်၍ ခေါင်းငိုက်စိုက်ကလေး ထိုင်နေဆဲ ဖြစ်သည်။ ဆံပင်တွေ အုပ်နေသောကြောင့် မျက်နှာကိုတော့ မမြင်ရပါ။

ခနနေတော့ ရှူးကနဲ အသံတခု နှင့် အတူ ပေါ့ပါးသော ခံစားမှုကို ရလိုက်သည်။

“ အစပိုင်းမို့ ၃ မိနစ်ပဲ ထားတာ၊ နောက်ဆိုရင် ၅ မိနစ် ထားရမယ်။ ခု ခန နား။ ငါက ပြန်လုပ်ဆိုရင် ခလုပ်ပြန်နှိပ်လိုက်၊ ကောင်မလေး သွားလို့ရပြီ”

ကြမ်းပြင်မှာ ကျနေသော သူ့ ဝတ်ရုံကို ပြန်ကောက်ခြုံရင်း ငိုမဲ့မဲ့ မျက်နှာလေးနှင့် ကေသီ သူ့နေရာ သူပြန်သွားရှာတာကို ကြည့်ရင်း ရဲလင်း ရင်ထဲမှာ မကောင်းပါ။ ကေသီ့ပုံစံက ရိုးသားသည့် မိန်းမကောင်းလေး ဆိုတာသိသာပါသည်။ မိန်းမ သား တယောက် အနေနှင့် သူ့ချစ်သူကို BJ ပေးဖို့ ဝန်လေးချင်မှ လေးပါလိမ့်မည်။ ဒါပေမယ့် ခုမှတွေ့ရသည့် ဘာမှန်း မသိသူ တ ယောက်ကို လုပ်ပေးရခြင်းက သူ့ အတွက်တော့ ရွံ့စရာ ရှက်စရာတခု သာ ဖြစ်ပါလိမ့်မည်။

သူတို့က ရဲလင်းကို နောက်ထပ် ၃ မိနစ် စီ ၂ ကြိမ် လုပ်ခိုင်းသည်။

“ အကျင့်ရရင် ၅ မိနစ် စီလုပ်မယ်။ အမှန်တော့ ဂျယ်ဆွတ်ပြီး ထည့်ရတာကွ၊ အခု ငါက မေ့လာတာ၊ ကောင်မလေး တံတွေး တွေ စိုနေတော့ အတော်ဖြစ်သွားတယ်။”

ဒီတိုင်းဆိုရင် ရဲလင်း နောက်ထပ် ဒါတွေ ကြုံရဦးမည် မှာသေချာနေသည်။ ကြားထဲက သိက္ခာမဲ့သော အလုပ်ကို လုပ်ပေး ခဲ့ရသော ကေသီ့ကို လည်း အလွန်ပဲ အားနာနေမိသည်။ ဟိုလူတွေထဲက တယောက်က ပြန်ထွက်ခါ နီးတွင် မျက် နှာ ကြက် ကို လက်ညိုးထိုးပြရင်း

“ ဟိုမှာတွေ့လား၊ ကင်မရာလည်း ရှိတယ်၊ စပီကာလဲ ရှိတယ်။ မင်းတို့ကို ငါတို့ အမြဲစောင့်ကြည့်နေတယ်။ လှမ်းပြော လို့ ရတယ်။ မဟုတ်တာ လုပ်ဖို့ မစဉ်းစားနဲ့”

ပြီးတော့ တံခါးဘေး နံရံမှ အချိုင့်ရာလေး တခုကို လက်ကုပ်ဆွဲလိုက်ရာ အံဆွဲတခု ထွက်လာသည်။

“ ခနနေလို့ ငါတို့လှမ်း ပြောရင် ဒါကိုဆွဲ ဖွင့်လိုက် ထမင်း ၂ ပန်းကန်တွေ့လိမ့်မယ်။ စားပြီးရင် ရေဆေးပြီး ဒီမှာ ပြန်ထည့် ထား။ ပြန်မထည့်ရင်  ထမင်း နောက်တထပ် ငတ်ပြီသာမှတ်”

သူတို့ ထွက်ပြီးသည်နှင့် ဂျိန်းကနဲ တံခါး ပြန်ပိတ်သွားသည်။ ကေသီ့က ရဲလင်းကို ကျောပေး၍ သူ့ ဖက်က နံရံကို မျက်နှာ မူပြီး ထိုင်နေသောကြောင့် နံရံကို စိုက်ကြည့်နေတာလား၊ မျက်လုံးမှိတ်ထားသလား၊ မျက်ရည်တွေပဲ ကျနေ သလား ဆို တာ မသိနိုင်ပါ။ ခုထိ အဝတ် ပြန်မဝတ်ရသေးသည့် ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်တော့ အရင် ထက် ထွားကျိုင်း ရှည် လျားနေသော ညီလေးကို တွေ့ရသည်။

..............................................

(၁၅)

မှန်ပြတင်းပေါက်သေးသေးလေးက နေမြင်ရသည့် ရန်ကုန်မြင်ကွင်းက မပြည့်စုံပါ။ နေရောင်ခြည် ကွက်ကျား ထိုးကျနေ သည့် တိုက်နံရံများ၊ ပြတင်းပေါက် အချို့ နှင့် ဝရန်တာ တခု နှစ်ခု၊ ထောင့်နားလေးက နေ ကပ်ကပ်သပ်သပ် ကြည့် ရင် မြင်ရသည့် လမ်းသွားလမ်းလာတွေ။ ဒါပေမယ့် အားလုံးက သန်းအောင်မြင့် အတွက် ပျော်စရာလို ဖြစ်နေသည်။

မနေ့ညနေက ဆေးရုံမှ ဆင်းလာပြီး ဒီအခန်းကျဉ်းလေးကို ပြန်ရောက်လာသည်။ လပေါင်းများစွာ ပစ်ထားခဲ့သော အခန်း ကို ရှင်းလင်းသိမ်းဆည်းရင်း မိုးချုပ်သွားသည်။ လူလည်း တော်တော်ပင်ပန်းသွားလို့ စောစော စီးစီး အိပ်ရာဝင်ခဲ့သည်။ ဒါပေမယ့် အိပ်မပျော်။ မျက်လုံးတွေက ကြောင်နေသည်။ တနည်းအားဖြင့် အနာဂါတ်ကိုပဲ မြင်နေသည်။

မသုံးတာကြာပြီ ဖြစ်သည့် Facebook ကိုဖွင့်၍ လုလု ကိုရှာမိသည်။ အရင်က သုံးသည့် ယောက်ျားလိုလို မိန်းမ လိုလို အင်္ဂလိပ် နာမည်နှင့် လုလု account ကို မတွေ့တော့ပါ။ ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွားရသည်။ ပြီးတော့မှ လုလု နာမည် ပြောင်း လိုက်နိုင်သည်ဟု တွေး မိ၍  Friend list မှာ တယောက် ချင်းကို လိုက်ကြည့်မိသည်။ ထင်သည့် အတိုင်းပင် မင်းခန့်အောင် ဆိုသည့် အမည်သစ်နှင့် လုလုကို သွားတွေ့သည်။

ဆိုင်ကယ် အသစ်ကြီး တစီး နှင့် အတူ နိုင်ငံခြား ဘောလုံး အသင်း အင်္ကျ ီ အမျိုးမျိုး နှင့် ယောက်ျားဆန်ဆန် ရိုက်တင် ထားသည့် ဓာတ်ပုံ အသစ်တွေလည်း အများကြီး ရှိနေသည်။ လုလု အရင်က ဒါမျိုး မလုပ်တတ်ပါ။ ဘောပွဲ ကြေးကြည့်ဖို့ လောက်သာ Facebook သုံးတတ်သူ ဖြစ်သည်။ သန်းအောင်မြင့် ကြိုတင် ယူဆထားသည့် အတိုင်းပင် လုလုက ယောက်ျား လေး ပုံစံ နှင့် အလွန်ကြည့်ကောင်းနေပါသည်။ အလွန်ချောပါသည်။ တပုံချင်းလိုက်ကြည့်ရင်း သန်းအောင်မြင့် ရင်တွေ ခုန်လာ သည်။ လက်တွေတုန် လာ ရသည်။ လုလုနားကို ချက်ချင်း အပြေးရောက်သွားချင်လာသည်။ ဆေးရုံက ဆင်းသွားတာတောင် မသိလိုက်ရဘဲ နောက်ပိုင်း မှာလည်း အဆက်အသွယ် မလုပ်ခဲ့တာကိုတောင် မေ့နေမိ၏။

လုလုနဲ့ တူယှဉ်တွဲပြီး သွားနေသည့် ကိုယ့်ကိုယ်ကို မျက်စိထဲ ပြန်မြင်ယောင်မိရင်း ရင်ထဲမှာ တသိမ့် သိမ့် တနွေးနွေးခံစား ရသည်။ အဲဒီလို နေရဖို့ ရက်တွေ မဝေးတော့ ဟုတွေးကာ ပျော်သည်။ မောလည်းမောသည်။ သန်း ခေါင် ကျော်သည်အထိ ပီတီတွေ ဖြာနေမိရင်း အိပ်ပျော်အောင် အိပ်ဖို့ လိုတာကို သတိရလာသည်။ အအိပ်ပျက်လျှင် အလှ ပျက်သည် မဟုတ်ပါ လား။ ဆေးရုံက ပေးလိုက်သည့် အိပ်ဆေး တလုံးသောက်၍ စိတ်ကိုလျှော့ကာ အိပ်ပစ်လိုက်၏။

မနက်ကျတော့ လန်းလန်းဆန်းဆန်းပင် သန်းအောင်မြင့် နိုးလာသည်။ အရင်ဆုံး သတိရလိုက်တာက လုလု ဖြစ်သည်။ ပြီး တော့မှ ဒီနေ့ အဝတ်အစားတွေ ဝယ်ဖို့ စိတ်ကူးထားတာကို ပြန်သတိရသည်။ သန်းအောင်မြင့်မှာ အမျိုးသမီး အဝတ်အစား လုံးဝ မရှိပါ။ ဆေးရုံက ပေးထားသည့် ပဂျားမား ညဝတ် ဝတ်စုံလိုလို ၂ စုံပဲ ရှိသည်။ အဲဒါတွေ ဝတ်ပြီးတော့ပဲ မနေ့က ဆေးရုံ က ဆင်းလာခဲ့သည်။ သန်းအောင်မြင့်မှာ ပိုက်ဆံ အထိုက်အလျောက် ကျန်ပါသေးသည်။ ဒါပေမယ့် အမျိုးသမီး အ ဝတ် အစားဆိုသည်မှာ သူတို့ ကိုယ်ပေါ်မှာ ရှိနေချိန်မှာ ကြည့်ကောင်းသလား မကောင်းဘူးလား ခွဲခြားကြည့်မိဖူးတာကလွဲ ရင် သန်းအောင်မြင့် နှင့် လုံးလုံး မနီးစပ်သည့် ဘာသာရပ် ဖြစ်ပါသည်။

ဆေးရုံက ပေးသည့် Package A ဆိုသည်ထဲတွင် အဝတ် အစားလည်းပါသင့်သည်ဟု သန်းအောင်မြင့် တွေးမိသည်။

“ ခင်မျိုးဆွေကိုပဲ အကူအညီတောင်းရတော့မှာပဲ။”

သန်းအောင်မြင့် ဒီဘဝကို ရောက်နေသည့် အကြောင်းကို သိသူကလည်း သူတယောက်ထဲသာ ရှိသည် မဟုတ်ပါလား။ စစချင်းမှာ မိန်းမသံပေါက်အောင် လည်ချောင်းကို ခွဲစိတ် အသံပြောင်းထားသည့် သန်းအောင်မြင့် အသံကို ခင်မျိုးဆွေ မမှတ်မိပါ။ အကျိုးအကြောင်းပြောပြမှ သိသွားသည်။ ဒါပေမယ့် ကံဆိုးချင်တော့ သန်းအောင်မြင့် ဖုန်းဆက်ချိန်မှာ ခင်မျိုး ဆွေ အမေ ဆေးရုံရောက်နေသည့် အချိန်ဖြစ်သည်။ သေသေချာချာ မမေးဘဲ အဝတ် အစား လိုက်ဝယ်ပေးဖို့ ပြောလိုက် မိပြီးမှ သန်းအောင်မြင့် အလွန်အားနာသွားသည်။

“ ငါ မသိလို့ပါ သူငယ်ချင်းရာ၊ နောက်မှ ပေါ့”

“ မီးမီး အားလား မသိဘူး။ ငါနင့် ဖုန်းနံပါတ်ပေးလိုက်မယ်။ သူ ကတော့ အားရင် ကူညီမှာပါ။”

“ တကူးတက ဆိုရင်တော့ မလုပ်ပါနဲ့”

“ ရပါတယ် ဟာ၊ မီးမီးက ကူညီတတ်ပါတယ် ဟ ”

ခင်မျိုးဆွေ ဖုန်းချသွားပြီး ဘာမှ မကြာမီမှာပင် နောက်ဖုန်းတခု ဝင်လာသည်။

“ အကို ..အဲ …အမ.. မီးမီးပါ။ မမဆွေ လှမ်းပြောလို့၊ သမီး ဘာလုပ်ပေးရမလဲ။”

သန်းအောင်မြင့် အခုအချိန်မှာ အလိုချင်ဆုံးက လုလုဆီမသွားမီ အလှဆုံး အဝတ် အစားတွေ ရဖို့ ဖြစ်သည်။ ထို့ကြောင့် အားမနာ နိုင်တော့ဘဲ အဝတ် အစားလိုက်ဝယ်ပေးဖို့ ပြောလိုက်၏။

“ ဖြစ်တာပေါ့။ ဒါမျိုးဆို သိပ် ဝါသနာပါတာ။ အမ အခု ဘယ်မှာလဲ။”

“ ငှားထားတဲ့ အခန်းမှာလေ။”

“ အမ ဘယ်ကို လာမလဲ၊ တနေရာ ချိန်းလိုက်ကြမယ်လေ။”

ပဂျားမား နှင့်တော့ အပြင်မထွက်ချင်။ အကျိုးအကြောင်း ပြောပြတော့ မီးမီးက ရယ်သည်။

“ ရပါတယ် အမရယ်။ လိပ်စာပေး၊ သမီး လာခဲ့မယ်။ နှစ် နာရီလောက်တော့ စောင့်နော်။ ဒီဖက်မှာ ဂျူတီ ချိန်းရဦးမယ်။”

“ အိုကေ၊ အိုကေ စောင့်နေမယ်။”

ရေချိုးပြီးတော့ အောက်ကို ခနဆင်း၍ အနားက ဆိုင်တဆိုင်မှာ ခေါက်ဆွဲ ခြောက် တထုပ်ဝယ်လာပြီး မနက်စာ စားလိုက် သည်။ မနက် ၁၁ နာရီကျော်လောက်တွင် သူ၏ ဟန်ပန်အတိုင်း တက်ကြွ ဖျတ်လတ်စွာဖြင့် မီးမီးရောက်လာသည်။

“ ဟာ အကို … အော်.. အမ၊ လှလိုက်တာ အမရယ်။ ဆေးရုံမှာ တွေ့တုန်းကနဲ့တောင် မတူတော့ဘူး။ အရမ်း အရမ်းကို ပိုကြည့် ကောင်းလာတယ်။”

အနက်ရောင် စကပ်တိုတိုလေးက မီးမီး၏ ပေါင်တံ သွယ်သွယ်စင်းစင်းလေး တွေနှင့် အလွန်လိုက်ဖက်သည်ဟု သန်း အောင်မြင့် တွေးလိုက်မိသည်။

“ သဘောကျသလား။ အမ နဲ့ ဆိုပိုလိုက်မှာ။”

အကြည့်ကို ရိပ်မိသည့် မီးမီးက ခပ်ပြုံးပြုံးနှင့် ပြောသည်။

“ သမီး အမှတ်တမဲ့ ဖြစ်သွားတာ အမရဲ့။ ဆေးရုံက မဆင်းခင်ကထဲက ဝယ်ပြီး ပို့ပေးထားလိုက်ရင် အမ ဒီပုံနဲ့ ဆင်း လာ စရာ မလိုဘူး။ ”

“ အခု လည်းရပါတယ်။ ငါကလဲ သွားစရာ ပေါ်မှအဝတ်အစားဝယ်ဖို့ သတိရတယ်လေ။”

မီးမီးက သန်းအောင်မြင့်ကို ခြေဆုံးခေါင်းဆုံးကြည့်သည်။ ရှေ့ကနောက်က လည်း လှည့်ပတ်ကြည့်သည်။ သန်းအောင် မြင့် ပင် မနေတတ်သလိုလို ဖြစ်လာ၏။

“ အမ ဆံပင်လည်း လုပ်ရမယ်။ ရှည်နေတာက ပုံမကျဘူး ဖြစ်နေတယ်။ ဒါနဲ့ အမ အတွင်းခံ ဆိုဒ် က ဘယ်လောက်လဲ။”

“ ဟို .. အဲဒါ … မသိဘူး”

“ အော် ဟုတ်သားပဲ၊ အမက ဆီလီကွန်ထည့်တာမှ မဟုတ်တာ။”

သန်းအောင်မြင့်မှာ ဆေးရုံက ပေးထားသည့် ဘော်လီလိုမျိုး ဆီလီကွန် အကြည်သား အတွင်းခံတထည် ရှိသည်။ ဘယ်လို ဆိုဒ်မျိုးလဲတော့ မသိပါ။ ပြောင်းတပ်ထားသည့် ရင်သား ပုံစံကျစေဖို့ ဝတ်ခိုင်းလို့ ဝတ်ထားခဲ့ရခြင်း ဖြစ်သည်။ နောက်ပိုင်း မဝတ်လည်း ရပြီဟု ပြောပေမယ့် သန်းအောင်မြင့်က ရင်ဘတ် လှုပ်စိလှုပ်စိ နှင့် မနေတတ်တာကြောင့် ဆက်ဝတ် ဖြစ် ခဲ့ သည်။ လုလု အပေါ်ပိုင်းတွေက သန်းအောင်မြင့် ကိုယ်ပေါ်ရောက်လာမှ နည်းနည်းပိုကြီးလာသလို ရှိပြီး ခုနောက်ပိုင်း မှာ ကျပ်ချင်ချင် ဖြစ်နေပေမယ့် ပေတေ၍ ဝတ်နေရသည်။

ခွဲစိတ်ပြုပြင်ထားသည့် တင်ပါးတွေ အတွက်လည်း ဒါမျိုးဝတ်ရသည်။ အဲဒါကတော့ အိုက်လို့ သူတို့က ဝတ်စရာ မလို တော့ ဟု ပြောလာပြီး နောက်ပိုင်း ဆက်မဝတ်တော့ဘဲ  နေခဲ့သည်။ နာလံထ ဆောင်မှာတုန်းက အေးချမ်း နှင့် မောင် သိန်း ဇော်တို့က လွတ်လွတ်လပ်လပ် နှင့် လေသလပ်ခံတာက အနံ့အသက်ကောင်း၍ ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ပြောဖူး တာကြောင့်လည်း ပါပါသည်။

“ ဒီတိုင်းတော့ မရဘူး။ ခနလေး အမ။”

မီးမီး လှစ်ကနဲ ပြန်ထွက်သွား ပြန်သည်။ ဆယ်မိနစ်တောင်မကြာဘဲ ချက်ချင်း ပြန်ရောက်လာသည်။

“ တက်မလာခင် အောက်မှာ စတိုးဆိုင် တဆိုင်မြင်ခဲ့လို့”

အပ်ချုပ်ဆိုင်တွေမှာ သုံးသည့် ပေကြိုးရှည်လေး ကိုမြှောက်ပြရင်း မီးမီး ပြောသည်။ ခုန ဒါဆင်းဝယ်တာ ဖြစ်မည်။ ပြီးတော့ သန်း အောင်မြင့်၏ ရင်၊ ခါး၊ ကျော၊ ခြေထောက် အကုန်လျှောက်တိုင်းတော့သည်။

“ ဒီတိုင်း တိုင်းလို့ရသလား။”

“ အမ အင်္ကျ ီကပါးသားပဲ ရမှာပါ။”

ရင်ဘတ်ကိုတော့ မီးမီးက အပေါ်ကလည်းတိုင်းသည်။ အောက်ခြေကလည်း ပတ်တိုင်းသည်။ ပြီးတော့ လက်လေးတွေ ချိုး ရင်း ပါးစပ်က ပွစိ၊ ပွစိ နှင့် တွက်နေ၏။

“ ရပြီ ခနစောင့်၊ အမ သမီးနဲ့ အပြင်လိုက်ခဲ့ဖို့ တစုံလောက် ပြေးဝယ်လိုက်မယ်။ ဘယ်လိုမျိုးကြိုက်သလဲ အမ”

“ မပြောတတ်ဘူး။ ဟိုလေ … သိပ်လည်း ပုံမတုံးဘူး။ သိပ်လဲ မဟော့တဲ့ ပုံမျိုးပေါ့”

“ အင်း … ဟုတ်ပြီ”

လှစ်ကနဲ ပြန်ထွက်ဖို့ ပြင်တာကြောင့် သန်းအောင်မြင့် လှမ်းဆွဲပြီး လက်ထဲကို ပိုက်ဆံကဒ် ထည့်ပေးလိုက်ရသည်။

“ အဆင်ပြေတာသာ ဝယ်ခဲ့ပါ။”

ဒီတခါတော့ နာရီဝက် ကျော်လောက်ကြာသည်။ အတိုတွေ အပြတ်တွေ လုပ်လာမှာ ကျိတ်ပြီး စိုးရိမ်ခဲ့ရပေမယ့် မီးမီး ဝယ်လာသည့် အထုပ်ထဲက ပုံစံ ခပ်ရှင်းရှင်း ဘလောက်စ် တထည်နှင့် ဂျင်းဘောင်းဘီ တထည်ထွက်လာသော ကြောင့် သန်းအောင်မြင့် စိတ်သက်သာသွား၏။ ကွင်းထိုးဖိနပ် အပြာလေးတရံလည်းပါသည်။ ဝါဖျော့ဖျော့ အတွင်းခံ တစုံ ကို ကိုင်ပြီး သန်းအောင်မြင့် နည်းနည်းတော့ ငိုင်သွား သည်။ ဒီလို ငိုင်တာကို မီးမီးက တမျိုးထင်သွားပုံရ၏။

“ အဲဒါက တော့ ဆိုဒ်ပဲ ကြည့်ယူလာတာ။ ခုထွက်တော့ မှ အမ စိတ်ကြိုက် ကြည့်လေ။ ဒီတံဆိပ်က ဆိုဒ်မှန်တယ်။ အသားလဲ ကောင်းတယ်။ သမီး ဝတ်နေကျ။”

“ ရပါတယ်။”

သန်းအောင်မြင့်က ဘယ်လို အဝတ် အစားလဲရပါ့မလဲဟု ငိုင်သွားခြင်း ဖြစ်သည်။ ဒီအခန်းထဲမှာက ကုတင်တလုံး စားပွဲ တလုံးသာ ရှိသည်။ မီးမီးကို ထားခဲ့ပြီး ရေချိုးခန်းထဲ ဝင်လဲ ရမှာကိုလည်း စိတ်ထဲမှာ အားနာသလိုလို ဖြစ်မိသည်။ သန်း အောင်မြင့် နှင့် မီးမီးက ယောက်ျားချင်းလို့လည်း ဆိုနိုင်သည်။ အခုအခါမှာ မိန်းမချင်း လို့လည်း ဆိုနိုင်ပြန်သော အခါ ကိုယ်က ရှက်ပြမနေသင့် ဟုလည်း တွေးမိပြန်၏။

“ အမ အင်္ကျ ီချွတ်လိုက်”

မီးမီးက အတွင်းခံတွေက တံဆိပ်တွဲလောင်းတွေကို ပါးစပ်နှင့် ကိုက်ဖြတ်လိုက်ပြီး သန်းအောင်မြင့်ကို လှမ်းပေးသည်။ မထူး ဇာတ်ခင်းရတော့မည်ဟု သဘောပိုက်လိုက်သော သန်းအောင်မြင့်က အင်္ကျ ီကိုရော ဆီလီကွန် အတွင်းခံကို ပါချွတ်ချ လိုက်တော့ မီးမီးက အနားကို ကပ်လာပြီး ကိုယ်လုံးကို စေ့စေ့စပ်စပ်ကြည့်သည်။

“ အရမ်းသပ်ရပ်တာပဲ။ သေသေချာချာကြည့်မှ အဆက်တွေကို ရေးရေးလေးပဲတွေ့တယ်။ အဲဒါကလည်း နောက် ၆ လ တနှစ်ဆို ဘာမှ မရှိတော့ဘူး အမရဲ့။ အမ ပိုက်ဆံကုန်ခံရကျိုးနပ်တယ်။”

အတွင်းခံကို နောက်ကနေ ဂျိတ် ချိတ်ပေးရင်း မီးမီးပြောသည်။ ခွက်တွေ ပုခုံးကြိုးတွေကို နေသားကျအောင်လည်း ညှိ ပေး သည်။ အောက်ပိုင်းကို ချွတ်လိုက်သည့် အချိန်မှာတော့ မီးမီးက သမန်ကာရှန်ကာ တချက်ပဲ လှမ်းကြည့်လို့ သန်းအောင် မြင့် မျက်နှာပူရ နည်းနည်းသက်သာသွား၏။ ဒါပေမယ့် အောက်ခံဘောင်းဘီလေးကိုတော့ ခပ်မြန်မြန်ဝတ်လိုက်မိ၏။ ဂျင်း ဘောင်းဘီကတော့ ပေါင် နှင့် တင်ပါး မှာ နည်းနည်းကျပ်သလို ခံစား ရသည်။ ခါးကတော့ ကွက်တိပင် ဖြစ်သည်။ အင်္ကျ ီ ကလည်း  သန်းအောင်မြင့် ၏ အခု ကိုယ်လုံးနှင့် အတော်ပဲ ဖြစ်သည်။

လမ်းပေါ်ရောက်တော့ သန်းအောင်မြင့် တွေ့သမျှ မိန်းကလေးတိုင်းကို လိုက်ကြည့်မိသည်။ ဒါပေမယ့် အရင်က ကြည့်သ လိုမျိုး မဟုတ်ပါ။ သူတို့ကိုယ်ပေါ်က အဝတ် အစားတွေကို လိုက်ကြည့်မိခြင်း ဖြစ်သည်။ အဆင်ပြေသည်ဟု ထင်တာတွေ့ လျှင် စိတ်ထဲကနေ ကိုယ့်ကိုယ်ပေါ် တင်ကြည့်သည်။ အများစုက အချိုးအစား ညီညွတ်စွာကြည့်ကောင်းကြသည်ကို မြင် တော့ ငါဆိုရင် ကြည့်ကောင်းပါ့မလားဟု စိတ်ငယ်ရပြန်သည်။

မီးမီးက သန်းအောင်မြင့်ကို ဆံပင်ညှပ်ဆိုင်သို့ အရင်ဆုံးခေါ်သွားသည်။ မိန်းမတွေ ဆူညံနေသော ဆိုင်ထဲကို ပထမဆုံး ရောက်ဖူးခြင်း ဖြစ်ပါသည်။ ဘာပုံ ဘယ်လို ညှပ်ပါလို့လည်း မပြောတတ်တော့ ကြည့်လုပ်ပါဆိုပြီး မီးမီးကို အာဏာကုန် လွှဲ အပ်လိုက်ရသည်။ သိပ်အများကြီးလည်း မရှည်သေးသည့် ဆံပင်ကို ဆိုင်ကလည်း မီးမီး ညွှန်ကြားသည့်အတိုင်း အဆင်ပြေ အောင်လုပ်ပေးပါသည်။ တကယ်လည်း တော်တော်ကြည့်ကောင်းသွားသည်ဟု ထင်မိသည်။

“ အပြင်ရောက်တဲ့ အခါ အမကို လူတွေ မကြည့်ကြရင် သမီးကို ကြိုက်သလိုပြော”

ဆံပင် ညှပ်ဆိုင်က အထွက်မှာ မီးမီးက စပ်ဖြဲဖြဲနှင့် တိုးတိုးကပ်ပြောသည်။ သူ့ အပြောကြောင့် သန်းအောင်မြင့်မှာ အပြင် ရောက်တော့ လမ်းတောင် ကောင်းကောင်း မလျှောက် တတ်သလို ဖြစ်နေ၏။ သူပြောသလို လူတိုင်း မဟုတ်ပေမယ့် ယောက်ျားတော်တော် များများက လှည့်ကြည့်သွားတာမြင်ရတော့ သန်းအောင်မြင့် စိတ်ထဲမှာ တမျိုးကြီး ခံစားရ၏။

“ အမ က ခုနပြောသလိုပဲ သိပ်မရိုး သိပ်မဆန်းတာမျိုး လိုချင်တာပေါ့နော်။”

“ အင်း … စမတ်ကျကျ ပုံမျိုးပြောရမလားပဲ။ ကိုယ့် အသက်အရွယ်နဲ့ လိုက်တာမျိုးပေါ့လေ။”

“ အဲဒါတော့ မပူနဲ့ အမကို အခုအတိုင်းမှာ အသက် ၃၀ ကျော်လို့ ဘယ်သူမှ မထင်ဘူး။ အလွန်ဆုံး အစိတ်လောက်ပဲ မှန်း ကြမှာ။”

“ မဖြစ်နိုင်ပါဘူး မီးမီးရယ်”

“ မယုံရင် စောင့်ကြည့်ပေါ့။ ဟဲဟဲ။ အဲ … အမ မြန်မာဝတ်စုံရော သဘောကျသလား။”

“ ကျတာပေါ့”

သန်းအောင်မြင့် မဆိုင်းမတွပင် ဖြေမိသည်။ မြန်မာဆန်ဆန် ဝတ်ထားသည့် မိန်းကလေးတွေကို လုလု ဘယ်လောက် သ ဘောကျတတ်သလဲ ဆိုတာ သန်းအောင်မြင့် အသိဆုံး ဖြစ်သည်။ မြန်မာဆန်ဆန် လှလှပပ မိန်းကလေးတွေကို တွေ့ရ တိုင်း “ရင်ထဲမှာ အေးသွားတာပဲဗျာ” ဟု လုလု ပြောတတ်သည်။

“ မနက်ဖြန် ဝတ်သွားဖို့ အတွက် မြန်မာ ဝတ်စုံတစုံ လိုချင်တယ်။ ကျန်တာတွေက နောက်နေ့မှ ဆိုလဲရတယ်။ မြန်မာ ဝတ် စုံက တော့ အဆင်ပြေတာ တွေ့ရင် ရသလောက် ဝယ်မယ်။”

“ အဲဒါတော့ မလွယ်ဘူး အမ”

“ ဘာဖြစ်လို့လဲ”

“ မြန်မာ ဝတ်စုံက ချပ်ချပ်ရပ်ရပ် ရှိမှ ကောင်းတာ။ အဲဒါမျိုးက ကိုယ်နဲ့တိုင်းပြီး သေသေချာချာ ချုပ်ဝတ်မှ ကောင်းတာ မျိုး”

“ ရယ်ဒီမိတ် မရှိဘူးလား။ အသင့်ချုပ်ရောင်းတဲ့ ဆိုင်တွေ မြင်ဖူးသလိုပဲ”

“ ရှိတော့ ရှိတာပေါ့ အမရယ်။ ဒါပေမယ့် ခုနပြောသလို ကိုယ်နဲ့ အံကိုက်ဖြစ်ဖို့က မလွယ်ဘူးလေ။”

“ အနီးစပ်ဆုံး အဆင်ပြေတာကို ရှာပြီး ပြင်ခိုင်းမယ် ဆိုရင်ရောရမလား။”

“ ရတာပေါ့။ ဒါပေမယ့် အဲဒါလဲ ဒီနေ့ရမှာ မဟုတ်ဘူး။”

“ တောင်းသလောက်ပေးမယ် ဆိုရင်ရော၊ လုပ်ပါ မီးမီးရယ်။ မနက်ဖြန် ဝတ်သွားဖို့ တကယ်ကို အရေးတကြီးလိုနေလို့ပါ။ ဘယ်လောက်ကျကျ ပေးမယ်။ တစုံရရင် တော်ပြီ။ ကျန်တာတွေ နောက်တလ လောက်နေမှ ရမယ်ဆိုလည်း ဖြစ်တယ်။”

မြန်မာဝတ်စုံလေး နှင့် လုလု ရှေ့ကို အရောက်သွားနိုင်ဖို့ စိတ်လောနေသည့် သန်းအောင်မြင့်က ကလေးမုန့် ပူဆာသလို အတင်းပြောတော့ မီးမီး သက်ပြင်းချသည်။

“ အသိတယောက် အလုပ်လုပ်တဲ့ ဆိုင်တော့ ရှိတယ်။ နာမည်ကြီးပဲ။ အမ ပြောသလို အမြန်ကြေး တနင့်တပိုးပေးရင်တော့ သူတု့ိ လုပ်ပေး မယ်ထင်ပါတယ်။ အဲဒီကိုပဲ အရင်သွားကြည့်ကြတာပေါ့။”

...............................................

(၁၆)

“ အခု ဘယ်အချိန် ရှိပြီလဲ မသိဘူးနော်။”

ကေသီ့ဆီက ပထမဆုံးစကားသံ ပြန်ထွက်လာသည်။ ဒါပေမယ့် ရဲလင်းကို မကြည့်ဘဲ ပြောလိုက်ခြင်း ဖြစ်သည်။ ရဲလင်း က ကေသီ့ကို မျက်နှာပူသည် အားနာသည်။ ကေသီ ကတော့ အရှက်ကြောင့် ဖြစ်မည်။ သူတို့စကား မပြောဘဲ တိတ်ဆိတ် စွာနေခဲ့ကြသည်မှာ တော်တော်ကြာပြီ ထင်ပါသည်။ ဒီကြားထဲမှာ ဟိုလူတွေ နောက်ထပ် ရောက်လာပြီး နှိပ်စက်လို့ ရဲလင်းလည်း နောက်ထပ် ၂ ကြိမ် ပန့်ဆွဲ ခဲ့ရသည်။ အားနာပေမယ့် သူ့ပစ္စည်းက ဘယ်လိုမှ ထောင်မလာ လို့ ကေသီ လည်း နောက် ၂ ကြိမ် ပုလွေမှုတ်ပေးခဲ့ရပြီး ဖြစ်သည်။ ခုတော့ ကေသီအရှက် နည်းနည်းလျော့ သွားပြီ ထင်သည်။

“ အချိန် အသာထား၊ နေ့ လား ညလားတောင် မသိဘူး”

ရဲလင်း ပြန်ပြောလိုက်တော့ ကေသီလည်း တိတ်သွားသည်။ မှတ်မိသမျှ ဆိုရင် သူတို့ လမ်းမှာ တိုက်မိပြီး ဒီလူတွေနှင့် တိုး တာက ည ကိုးနာရီ ဝန်းကျင် လောက်မှာ ဖြစ်သည်။ ဘယ်လောက်ကြာအောင် သတိမေ့ခဲ့သလဲ ဆိုတာ ကို သူတို့ မသိကြ ပါ။ သတိရလာကထဲက ဒီအခန်းထဲမှာ နေ့မသိ၊ ညမသိ နေခဲ့ကြရသည်။

ထူးတော့ ထူးဆန်းသည်။ ဒီလူတွေက သူတို့ကို နှိပ်စက်ပေမယ့် ရဲလင်း ပစ္စည်းကြီးလာအောင် လုပ်နေကြသည်။ ကောင် မ လေးချောချော တယောက်က မှုတ်ပေးတာတောင် ခံနေရသေး၏။ တော်တော်ကို နားလည်ရခက်သော အခြေအနေ ဖြစ် သည်။ အစားလည်း မှန်မှန်ကျွေးသည်။ မျက်နှာကြက်မှာတပ်ထားသည့် စပီကာကနေသူတို့ လှမ်းပြောလို့ အံကို သွားဖွင့် လိုက်လျှင် ထမင်း ၂ ပန်းကန်က ရောက်နေပြီ ဖြစ်သည်။ ထမင်းပေါ်တွင် ဟင်း အရည် တမျိုး မဟုတ် တမျိုးဆမ်းပေး ထား ပြီး ဟင်းတတုံး စီ သို့မဟုတ် ငါးခြောက် တဖဲ့စီလောက်တော့ ပါတတ်သည်။

ဝတ်စုံ အပိုတစုံစီလည်း ပေးသည်။ ပဝါ ခပ်ကြီးကြီး တထည်စီ နှင့် သွားတိုက်ဆေး ဆပ်ပြာ တွေလည်း ပေးထားသည်။ သွားပွတ်တံ လက်ကိုင်ရိုးကို ဖြတ်ထားလို့ တိုက်ရတာတော့ ခက်သည်။ ရေချိုး ချိန်ဆိုပြီး လှမ်းပြောရင် ရေချိုး ရသည်။ သူတို့ ပြောချိန်မှာ ရဲလင်း ပေကပ်ပြီး ထိုင်နေမိလို့ ကော့နေအောင် အရိုက်ခံခဲ့ရသေး၏။

လေဝင် လေထွက် လုပ်စရာဆိုလို့ နံရံတွေ အပေါ်ဖက် မျက်နှာကြက်နားတွင် သံဆန်ကာကွက် သေးသေးလေးတွေပဲ မြင်ရပေမယ့် အခန်းထဲမှာ ပူခြင်း အေးခြင်းမရှိ၊ အိုက်ခြင်း မွန်းခြင်းမရှိ အနေတော်ပင် ဖြစ်သည်။ ထို့ကြောင့် စနစ်တကျ တည်ဆောက်ထားသည့် အခန်းတခုလို့ပဲ ယူဆရသည်။ နံရံတွေကို ထိရိုက်ကြည့်မိသလောက် ဆိုရင် တော်တော်ထူ ထဲ မည်ဟု ပြောနိုင်သည်။

သူတို့ ဆီရောက်လာကြသည့် လူတွေက လမ်းမှာ သူတို့ကို မေ့ဆေးနှင့် ဖမ်းစဉ်က လူတွေပဲ လားဆိုတာကိုတော့ ရဲလင်း သေသေချာချာ မမှတ်မိပါ။ သေနတ်တွေ ကျဉ်စက်တွေ ကိုင်ထားကြပြီး လက်သံပြောင်ပြောင် နှိပ်စက်တတ်ကြသည့် အ တွက် တယောက်မှ လူကောင်း မဟုတ်နိုင်ဆိုတာ တခုပဲ ရဲလင်း ဖက်က သေချာပါသည်။

စပီကာ က အသံထွက်မလာရင်၊ ဒါမှမဟုတ် ဟိုလူတွေ ဝုန်ဒိုင်းကျဲ ဝင်မလာရင် အခန်းက လုံးဝတိတ်ဆိတ်နေသည်။ ပြင်ပ က အသံတစုံတရာ ကြားရနိုင်မလားဟု ရဲလင်း အာရုံစိုက် နားစွင့် ကြည့်သေးပေမယ့် ဘာသံမှ မကြားရပါ။ အခန်းထဲမှာ သူတို့ ၂ ယောက်၏ လှုပ်ရှားသံ သာ တခါတရံ ရှိနေတတ်သည်။ သူတို့ချင်းလည်း မျက်နှာ ပူစရာ အဖြစ်တွေကြောင့် မျက် နှာချင်း မဆိုင်ကြ၊ စကားမပြော ဖြစ်ကြတာကြောင့်လည်း အခန်းက ပိုမို တိတ်ဆိတ်နေခဲ့သည်။ အခုတော့ ကေသီက တိတ်ဆိတ်မှုကို စတင် ချိုးဖျက်လိုက်ပြီ ဖြစ်သည်။

“ ကျွန်တော် ကေသီ့ကို တောင်းပန်ပါတယ်။ ဒီလူတွေက …”

“ မပြောပါနဲ့ရှင်၊ ထားလိုက်ပါတော့။”

“ ဟိုလေ ကျွန်တော့် ဖက်က …ဆန္ဒ ..ဟိုဒင်းလေ”

“ တော်ပါတော့ရှင်၊ ရှင်ရော ကျွန်မပါ ဝဋ်ခံနေရတယ် လို့ ပဲ ထားလိုက်ပါ။ ဒီ အကြောင်းတွေ မပြောပါနဲ့တော့။”

ငိုသံပါလေး နှင့် ပြောလိုက်တော့ ရဲလင်း သနားပြီး ကေသီ့ကို လှမ်းကြည့်လိုက်မိသည်။ နံရံကို မှီပြီး စိတ်ပျက် အား လျော့ စွာ ထိုင်နေသည့် ကေသီ့ မျက်နှာလေးက နွမ်းနယ်နေသည်။ ရဲလင်းကို ရီဝေဝေ တချက်လှမ်းကြည့်ပြီး မျက်နှာ ပြန်လွှဲ သွားသည်။

“ ကေသီ့ကို ကြည့်ရတာ အားနည်းနေသလိုပဲ။ ခနအိပ်လိုက်ပါလား။”

“ အိပ်ချင်တယ်။ ဒါပေမယ့် အိပ်လို့ မရဘူး။”

“ မီးရောင်လင်းနေလို့ ထင်တယ်။ အင်္ကျ ီ အပိုက ခါးစည်းကြိုးကို ဖြုတ်ပြီး မျက်လုံးမှာ စည်းပြီးအိပ်ကြည့်ပါလား။”

“ အင်း …စမ်းကြည့်လိုက် ဦးမယ်။”

မျက်နှာကို အဝတ်စည်း၍ ကေသီ ခွေခွေလေး လှဲချလိုက်သည်။

“ စိတ်ကို လျှော့ပြီး အိပ်လိုက်၊ ထမင်းရောက်လာရင် ကျွန်တော် နိုးမယ်သိလား။”

.........................................................

(၁၇)

တိမ်တအုပ်အကွယ်က ထွက်လာသော ဝါလဲ့လဲ့ နေရောင် ကြောင့် သန်းအောင်မြင့် နားတဝိုက်မှာ အရာရာက ပိုတောက် ပ သွားသည်။ လမ်းဘေးက သစ်ပင်တွေ ပိုပြီး စိမ်းလာသည်။ လမ်းပေါ်မှာ ရှိသူ၏ မျက်နှာ က ပိုကြည်လင် လင်းလက် လာ သည်။ အရာရာက ပိုလှနေသလို ထင်ရသည်။ ခပ်အေးအေး တချက် ဖြတ် သွားသည့် လေပြည်က သန်းအောင်မြင့် ဆံပင် တွေကို ကလူကျီစယ် သွားတော့ လက်နှင့် ကပျာကယာ ပြန်သပ်လိုက်မိသည်။ မနက်စောစောထ၍ ပြင်ဆင်ခဲ့သမျှလေး ပျက်စီး မသွားစေလိုပါ။

သန်းအောင်မြင့် ရင်တွေခုန်နေသည်။ လှမ်းလိုက်သော ခြေတလှမ်းတိုင်းက ရင်ထဲက ခံစားချက်ကို ပိုထိရှအောင် လုပ်နေ ၏။ ဝတ်နေမကျသည့် ထမိန်စကပ်၏ အနည်းငယ် မာခေါက်ခေါက် ဖြစ်နေသည့် အနားတွေက ခြေလှမ်းလိုက်တိုင်း ခြေ မျက်စိ နားတဝိုက်နှင့် ခြေဖမိုးကို ပွတ်ဆွဲသွားတတ်ကြသည်။ စီးနေကျမဟုတ်သည့် ဖိနပ်နှင့် လမ်းလျှောက်ရတာ တမျိုး ကြီး ဖြစ်နေပေမယ့် သန်းအောင် မြင့် အားတင်း၍ ဆက်လျှောက် သည်။ နားထဲမှာလည်း ခြေထောက်ကို ဖြစ်နိုင်ရင် မျဉ်းတ ပြေး ထဲဖြစ်အောင်ချ ဆိုသည့် မီး မီး စကားကို ပြန်ကြားနေ၏။ ဒီဝတ်စုံကို မီးမီးတောင် အလွန်သဘောကျခဲ့သည်။ သန်း အောင် မြင့် အစမ်းဝတ်ကြည့်တာကို တောင် ဖုန်းလေးနှင့် ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်သွားသည်။

သူမင်္ဂလာဆောင် သည့် အခါ ကျရလည်း ဒီဝတ်စုံနှင့် လာဖို့ ကြိုမှာသေး၏။ ထို့ကြောင့်လည်း မနေ့က လောဘတကြီးနှင့် အမြန်ကြေးပေး၍ ပြင်ခိုင်းပြီး ယူလာသော မြန်မာ ဝတ်စုံတွေထဲက ဒီတစုံကို ဒီနေ့ အတွက် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မနေ့က ဝယ်လာတာတွေထဲက ပေါ့ပါ့ပါးပါး လွတ်လွတ်လပ်လပ် ရှိမည့် အဝတ် အစားတွေ ဝတ်လာမိရင် ကောင်းသား ဟု ကားပေါ်မှာ တောင့်တောင့်လေး ထိုင်လိုက်လာရင်း စဉ်းစားမိပါသေးသည်။ ဒါပေမယ့် ပထမဆုံး အမြင်က အရေးကြီးသည် ဟု ကိုယ့်ကိုယ်ကို ပြန်အားပေးရ၏။ ဒီနေ့ သန်းအောင်မြင့်ကို လုလုမြင်ရမည့် ပုံသည် သူ့ဘဝတလျှောက်လုံး မျက်လုံးထဲ မှာ စွဲကျန်သွားစေဖို့ အရေးကြီးပါသည်။

သန်းအောင်မြင့် ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်သည် အပြာရောင်ရင့်ရင့် ပိုးသား အင်္ကျ ီက ကိုယ်ပေါ်မှာ ချပ်ချပ်ရပ် ရပ် လုံလုံခြုံခြုံ နှင့် အပေါ်ပိုင်းကောက်ကြောင်းတွေကို ကဗျာဆန်ဆန်၊ မဟာဆန်ဆန် ဖော်ပြနေသည်။ အောက်မှာ အပြာနှင့် အနက်ရောနေသော ချိတ်ထမိန်စကပ် က Package A အစွမ်းဖြင့် လန်းဆန်းနေသော သန်းအောင်မြင့် ၏ ခါး၊ တင် နှင့် ခြေတံတွေကို တင့်တယ်စွာအချိုးကျနေစေ၏။ မိတ်ကပ်ပါးပါး နှင့် နှုတ်ခမ်းနီ တို့ကလည်း ပန်းချီဆရာ တောင် နှစ်ထောင်း အားရဖြစ်ခဲ့သည့် မျက်နှာ အလှကို ပိုပြီး ကြွကြွရွရွ ဖြစ်စေလိမ့်မည်ဟုလည်း ယုံကြည်ပါသည်။

အိမ်နားမှာ အလှပြင်ဆိုင် တခုရှိတာကို ပြောင်းလာသည့် နေ့ကတည်းက သန်းအောင်မြင့် သတိထားမိခဲ့သည်။ မနက်က ဆိုင်တံခါး ဖွင့်ဖွင့်ချင်း အလောတကြီး ရောက်လာသည့် သန်းအောင်မြင့်ကို ဆိုင်ရှင် အမျိုးသမီး အံ့အားသင့်သွားခဲ့၏။ သန်းအောင်မြင့် ကိုယ်ပေါ်က အဝတ်အစားတွေကို ကြည့်ရင်း

“ ပွဲနေပွဲထိုင်ဆို ကြိုပြောထားရတယ် ညီမရဲ့”

“ အခုမှ အရေးပေါ်ဖြစ်လာလို့ပါ။ အများကြီးလဲ မဟုတ်ပါဘူး။ ကြည့်ကောင်းရုံပါပဲ။ အချိန်လဲ သိပ်မရလို့ ပါ။”

“ ခပ်ပါးပါးပဲ ပေါ့”

“ ဟုတ်ကဲ့၊ မျက်နှာပြောင်ကြီး ဖြစ်မနေရင် ပြီးတာပါပဲ။”

“ ကဲကဲ ထိုင်၊ ညီမက တခါထဲ အဝတ် အစားလဲလာတာကိုး၊”

“ ပြီးတာနဲ့ ကားဂိတ်တန်းဆင်းရမှာမို့ပါ။”

အရေးပေါ်ဆိုတာကို ဘယ်လို နားလည်သွားမှန်း မသိသည့် ဆိုင်ရှင်က ခပ်မြန်မြန်လေး လုပ်ပေးပါသည်။

“ ဟိုဒင်းလေ၊ မိတ်ကပ် လိမ်းထားမှန်းလဲ မသိသာတာမျိုး”

မိတ်ကပ် ထူလပျစ်ကြီး နှင့် ပုံပျက်ပန်းပျက် ဖြစ်သွားမှာလည်း သန်းအောင်မြင့် ကြောက်သည်။ အရင်က ပွဲလမ်းသဘင် တွေမှာ ပြင်လွန်းပြီး ဖင်ချွန်းလာသော မိန်းမတွေ အများကြီးတွေ့ခဲ့ဖူးသည်။ နောက်ပြီး အဲဒီလို မိန်းမမျိုးတွေ့ရင် လုလုက ဟာသလုပ်တတ်တာကိုလည်း ကောင်းကောင်း သတိရနေပါသည်။

“ အေးပါကွယ် …အေးပါ”

ပြင်ပြီးလို့ မှန်ထဲမှာ ကြည့်လိုက်တော့ သူများတွေ ဘယ်လိုမြင်မလဲ တော့မသိပါ။ ကိုယ့်ဟာကိုယ်တော့ အဆင်ပြေသည် ဟု ထင်မိသည်။ လုလုလည်း သဘောကျလောက်မည် ထင်သည်။ ဈေးဦးပေါက်မှာ အလောတကြီး ရောက်လာသည့် ကပ် စတန်မာကို ဆိုင်ရှင်က ဆံပင်တွေဘာတွေလည်း ဆေးတွေဘာတွေ ဖြန်းပြီး သေသေချာချာ လုပ်ပေးလိုက်သေး၏။

“ ကျေးဇူးတင်ပါတယ် အမရယ်။ သွားလိုက်ဦးမယ် ကားနောက်ကျမှာ စိုးလို့”

ပိုက်ဆံရှင်းပြီးသည်နှင့် သန်းအောင်မြင့် ကားငှားပြီး ကားဂိတ်ကို ပြေးရသည်။ တလမ်းလုံးလည်း ဆံပင်ပုံ မပျက်အောင်၊ ကိုယ်ပေါ်က အဝတ်အစားတွေ မကြေမွအောင် သတိနှင့် လိုက်လာခဲ့ရသည်။ ခုတော့ သန်းအောင်မြင့် လုလု ရှိမည် ထင် သည့်နေရာသို့ ဦးတည်နေပြီ ဖြစ်သည်။

လမ်းမှာ အသိတွေတိုး၏။ သန်းအောင်မြင့်ကို သူတို့ မမှတ်မိကြ။ သန်းအောင်မြင့်ကလည်း မခေါ်ပါ။ ဘူးကျသည့် သူတွေ ကလည်း ခပ်ပြောင်ပြောင်ပင် ငမ်းကြသည်။ အရင်ကထဲက သိသည့် တချို့ချာတိတ်တွေကို နားရင်းပြေးရိုက်လိုက် ချင်ပေ မယ့် မသိဟန်ပြုပြီး ဆက်လျှောက်ရသည်။ အမှန်ပြောရရင် အကြောင်းတခုခု ကြောင့် မှတ်မိသွားကြမှာကို ကြောက်ခြင်း ဖြစ်သည်။ လုလုနှင့် မတွေ့မီ သန်းအောင်မြင့် အခြေအနေကို ဘယ်သူမှ မသိစေလိုပါ။

အထူး သဖြင့် အလုပ်ထဲက လူတွေကို ရှောင်ဖို့လိုသည်။ မိန်းမသား အဖြစ်နဲ့တော့ ဒီအလုပ်ကို ဆက်မလုပ်ချင်ပါ။ လုလု နှင့်တွေ့ပြီး လျှင်တောင်မှ ဖြစ်နိုင်လျှင် သူတို့ ၂ ယောက် အကြောင်း၊ အထူးသဖြင့် သန်းအောင်မြင့် ဒီလိုဖြစ်သွားသည့် အကြောင်းကို ဒီကမိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို အသိပေးဖို့ တော်တော် သတ္တိမွေးရဦးမည် ဖြစ်သည်။ လုလု က သူ့ဖက်က ရပ်တည်ပေးမည် ဆိုလျှင်တော့ သန်းအောင်မြင့် ဘာမဆိုရင်ဆိုင်ရဲ မည် ထင်ပါသည်။

တနေရာမှာတော့ ရှေ့က မောင်းလာသည့် ကားတစီးက သန်းအောင်မြင့် နားနီးမှ အရှိန်တော်တော်လျှော့လိုက်သည့် အ တွက် ထိတ်ကနဲဖြစ်သွားသည်။ ကားအရောင်နှင့် နံပါတ်ကို မြင်လိုက်တော့ ပိုလန့်သွားရ၏။ သန်းအောင်မြင့် နှင့် မောင်နှမ လိုခင်သော တက္ကသိုလ်က ဆရာမလေး။ တော်သေးသည်။ ကားက လုံးဝ ရပ်မသွား။ ပိန်ခြောက်ခြောက် နှင့် အကြောင်း မသိရင် ယောက်ျားလေးလို့ ထင်ရသည့် ဆရာမလေးက သန်းအောင်မြင့်ကို သေသေချာချာ စိုက်ကြည့်ရင်း ကားကို ဖြေး ဖြေးလေး မောင်းသွားသည်။ မြင်ဖူးသလိုရှိ လို့ကြည့်တာလား၊ ဒါမှမဟုတ် သူမတူအောင် ချောမောလှပသည့် မိန်းမ တယောက်ကို အားကျစိတ်ဖြင့် ကြည့်သွားတာလား ဆိုတာ သူကိုယ်တိုင်ပဲ သိပေမည်။ ကားလွန်ပြီး တဖြေးဖြေး ဝေးသွားမှ သန်းအောင် မြင့် သက်မ ချနိုင်တော့၏။

မျက်နှာချင်းဆိုင်မှာ လျှောက်လာသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး တယောက်က သန်းအောင်မြင့်ကို သေသေချာချာ ကြည့်သွား၏။ သူ့ကို သန်းအောင်မြင့် မသိပါ။ ထို့ကြောင့် မြင်ဖူးလို့ ကြည့်တာ မဟုတ်ဘဲ အရမ်းကြည့်ကောင်းနေလို့ ကြည့် သွားတာ ဖြစ်မည်ဟု ထင်မိသည်။ သန်းအောင်မြင့် လည်းသူ့ကို ပြန်ကြည့်မိရင်း ရင်ထဲဖိုသွားရသည်။ တချိန်ချိန်မှာ သန်း အောင်မြင့်သည်လည်း လုလုလက်ချက်ဖြင့် ဒါမျိုး ဖြစ်သွားနိုင်သည် မဟုတ်ပါလား။ ဒီလိုတွေး မိပြန်တော့ ရှက်သလိုလို၊ ကြောက်သလိုလို ရင်ထဲမှာ ဖိုလှိုက်လာရသည်။ 

“ ရှင်တို့ ဗိုက်ကြီးလို့များတော့ အရဲကိုးပြီး ရိုးရိုးမွေးဖို့ မကြံလေနဲ့၊ ကိုယ် ဝန် ရှိတာသိတာနဲ့ ဆရာဝန်နဲ့ မပြတ်ပြနေ။ ဗိုက်ခွဲပြီးတော့မွေး။” 

ဆိုသည့် ဆေးရုံက အိုဂျီ ဆရာဝန်မကြီး စကားသံကို လည်း နားထဲမှာ ပြန်ကြားယောင်လာသည်။ ဆေးရုံက ဆင်းစဉ်မှာ ပေးသည့် ဆောင်ရန်၊ ရှောင်ရန် စာရင်းများထဲမှာ အဲဒါလည်း ပါတာကို မှတ်မိနေသည်။

သန်းအောင်မြင့် ဦးတည်ရာက လုလုတို့ အိမ်ဖြစ်သည်။ အိမ်နှင့်ဆိုင် တွဲထားတာဆိုတော့ ဘယ်မှ မသွားရင် အိမ် သို့မဟုတ် ဆိုင်မှာပဲ ရှိလိမ့်မည် ထင်သည်။ စတွေ့တွေ့ချင်းတော့ လုလု အံ့သြသွားမည် ထင်သည်။ မှတ်မိချင်မှတောင် မှတ် မိလိမ့်မည်။ မှတ်မိရင်လည်း အရမ်းအံ့သြသွားလိမ့်မည်။ ထို့နောက် …

လုလုနှင့် ချစ်သူတွေ ဖြစ်ပြီးရင် သန်းအောင်မြင့် အရင်ကထဲက အတူတူသွားချင်ခဲ့သော နေရာ သုံးခုရှိသည်။ ရေကြည် ဦးဘုရား၊ ကန်သုံးဆင့် နှင့် ငဝန်မြစ်ကမ်းဘေးမှ နှီးဘုရား တို့ဖြစ်သည်။ ညနေစောင်းဆိုရင် အလွန်လှသော နှီးဘုရားသို့ ဒီညနေတော့ သွားခွင့် ကြုံမည်ဟု ရင်ထဲက မျှော်လင့်နေမိ၏။

ဒါပေမယ့် ဝေါကနဲ ဘေးက ဖြတ်တက်သွားသော ဆိုင်ကယ် တစီးက သန်းအောင်မြင့် စိတ်ကူးတွေကို မောင်းထုတ် ပစ် လိုက်၏။ အလန့်တကြားဖြင့် ဘေးကပ်ပြီး ခြေစုံရပ်လိုက်သော သန်းအောင်မြင့်ကို နောက်မှာ ထိုင်လိုက်လာသူ မိန်းက လေးက လက်ကလေးပြပြီး တောင်းပန်သွားသည်။ မောင်းသည့် သူကတော့ လှည့်တောင်ကြည့် မသွားပါ။

အရင်စိတ် ဆိုရင် သန်းအောင်မြင့် နှုတ်ဖျားက ဖရုဿ ဝါစာတွေ တနင့်တပိုး ထွက်လာမှာ ဖြစ်ပေမယ့် ဒီတကြိမ်မှာတော့ သည်းခံလိုက်ပါသည်။ သားသား နားနားဝတ်ထားပြီး ထမိန်စွန်တောင်ဆွဲ၍ လမ်းလယ်မှာ ရန်တွေ့သည့် မိန်းမ မျိုးကို လုလု ကြိုက်မည် မဟုတ်ပါ။ လူရမ်းကား ဆိုင်ကယ် သမားကို လုလု မျက်နှာ ထောက်၍ ခွင့်လွှတ်လိုက်ပါသည်။

“ ဟာ”

လုလုတို့ လမ်းထိပ်နားတွင် ခုနဆိုင်ကယ် ရပ်ထားတာကို ထပ်တွေ့ရသည်။ ဆိုင်ကယ် ပေါ်လိုက်လာသူ နှစ်ယောက်က ဘေးမှာ ရပ်စကားပြောနေကြ၏။ ဆိုင်ကယ်သမား၏ လက်က ကောင်မလေး ပုခုံးပေါ်တင်ထားပြီး ကောင်မလေးက ဆိုင် ကယ်သမား ခါးကို လှမ်းကိုင်ထားသည်။ သန်းအောင်မြင့် ကြည့်နေဆဲမှာ ဆိုင်ကယ်သမားက ခေါင်းမှာ စွပ်ထားသည့် ဆိုင် ကယ်စီး ဦးထုပ်ကို ဆွဲချွတ်လိုက်၏။

သန်းအောင်မြင့် နားက ကမ္ဘာကြီး ပတ်ချာလည်သွားသည်။ ကောင်းကင်ကြီး ပြိုကျလာ၏။ ကောင်းကင်နှင့် မြေကြီးကြား တွင် သန်းအောင်မြင့် ပြားချပ်သွားသည်။ ရှေ့သို့လှမ်းထားသော ဘယ်ခြေနောက်ကို ညာခြေက မလိုက်နိုင်၊ ခြေစုံလည်း မဟုတ် တဝက်တပျက် အနေအထားမှာ သန်းအောင်မြင့် ကျောက်ရုပ်တခု ဖြစ်သွားသည်။

“ လုလုရယ်”

နှုတ်ဖျားက မဟုတ်၊ ရင်ထဲမှာ ဟိန်းလာသော အသံဖြစ်ပါသည်။ တကယ်ထွက်လာတာက မျက်ရည်တွေ ဖြစ်သည်။ ပတ် ဝန်းကျင်တခုလုံး ရီဝေဝါးသွား၏။ ငြိမ်သက်နေသော သန်းအောင်မြင့် ပုခုံးနှင့် ကျောပြင်က တဆတ်ဆတ်တုန်လာသည်။ ရင်ထဲမှာ လှိုက်ကနဲ လှိုက်ကနဲ တက်လာတိုင်း ဘေးပတ်လည်က လူသံကားသံတွေ နားထဲမျာ ပျောက်ပျောက်သွား၏။

မျက်တောင်ကိုတဖျတ်ဖျတ် ခတ်ကာထိန်းရင်း ခြေအစုံကို ပြန်လှည့်ဖို့ အားယူရသည်။ ကောင်မလေး၏ နဖူးဆံစတွေကို လက်နှင့် လိုက်ဆွဲ၍ စရင်း ပြုံးနေသည့် လုလုအပြုံးက သန်းအောင်မြင့် ရင်ကိုသာမက တကိုယ်လုံးကို ညှစ်ချေနေသည်။ တဆတ်ဆတ်တုန်သော ဒူးတွေကို ကြိုးစားထိန်းရင်း သန်းအောင်မြင့် လုလုတို့ နှစ်ယောက်ကို ကျောခိုင်းလိုက်သည်။ သန်း အောင်မြင့် မျက်နှာ မူရာမှာတော့ ဘာဆို ဘာမှ မရှိသော ဟင်းလင်း ပြင်တခုက ဆီးကြိုသည်။

.....................................................

(၁၈)

ကံကြမ္မာဆိုသည်မှာ ရက်စက်တတ်သူလား၊ ကျီစယ်တတ်သူလား ဒါမှမဟုတ် အံစာတုံးပစ်၍ ကျပန်းဆုံးဖြတ်တတ်သူလား။ သန်းအောင်မြင့် မစဉ်းစားတတ်တော့ပါ။ ယောက်ျားလေး ဖြစ်သွားပြီးနောက် ကိုယ့်လမ်းကို ကိုယ်လျှောက်ဖို့ လုပ်နေသည့် လုလုကိုလည်း အပြစ်မတင်လိုပါ။ မတင်ရက်ပါ။ သန်းအောင်မြင့် ပေးခဲ့သည့် အကူညီတွင် ဘယ်လို နှောင်ကြိုးမှ မထားခဲ့။ အပြန်အလှန် အလဲအလှယ်လုပ်ပြီးသည့် နောက်ပိုင်းက သူဖြစ်လိုရာ သက်သက်သာ ဖြစ်ပါသည်။ လုလု ဖက်ကလည်း ဘယ်လို ကတိကဝတ်မှ မရှိခဲ့သည့် အတွက် သူ့လမ်းကို သူသွားခြင်းက လုလု အလွန်ဟု ဆို၍ မဖြစ်ပါ။

ရန်ကုန်ကို ပြန်လာရင်း ရထားပေါ်မှာ သန်းအောင်မြင့် အတွေးထဲမှာ နစ်မြုပ်နေခဲ့သည်။ ကားဂိတ်ကို မရောက်ဘဲ ခြေ ထောက်တွေက ဘူတာရုံသို့ ဘယ်လို သယ်ဆောင်သွားခဲ့သည် ဆိုသည်ကိုလည်း ပြန်မမှတ်မိတော့ သလိုပင်။

အချစ်ဆိုသည်မှာ ရယူခြင်းလည်း ဖြစ်နိုင်ပါသည်။ ပေးဆပ်ခြင်းလည်း ဟုတ်နိုင်ပါသည်။ ထို အကြောင်း ၂ ခုလုံးနှင့် ကင်း လွတ်၍ တည်ချင်လည်း တည်ပါလိမ့်မည်။ ဆုံးဖြတ်သူ သို့မဟုတ် သုံးသပ်သူ၏ သဘောထားရပ်တည်ချက်ကသာ အဖြေ ကိုထုတ်ပေးခြင်း ဖြစ်သည်။

ယောက်ျားတယောက် မဟုတ်တော့ခြင်းက အဆုံးသတ်တခုဟု သန်းအောင်မြင့် မယူဆပါ။ ဒါပေမယ့် လုလုကို အခြားမိန်း ကလေးတယောက်နှင့် အတူ တွေ့လိုက်ရချိန်မှာတော့ ထိုသို့ ယူဆမိခဲ့သည်မှာ အမှန်ဖြစ်သည်။ အဆုံးသတ်သွားခြင်းမှာ အဓိပ္ပါယ်တခုခု ရှိသလားဟု လမ်းမှာ တလျှောက်လုံးစဉ်းစားခဲ့သည်။ အသက် ၃၀ ကျော် ပြီဖြစ်ပေမယ့် တွက်ကြည့်လျှင် ရှေ့ဆက်လျှောက်ရမည့် ခရီးက များစွာကျန်သေးသည်။ မိန်းမ တယောက်အဖြစ် ဆက်လက်ရပ် တည် သွားနိုင်မည်လား၊ လုလုကို ထည့်တွက်လို့ မရတော့သည့် ရှေ့ခရီးကို သန်း အောင်မြင့် ကျော်ဖြတ်နိုင်မည်လား။ ဇဝေဇဝါ ဖြစ်ရသည်။

တကယ်တမ်းဆိုရင် လုလုက သန်းအောင်မြင့်၏ စိတ်ကူးတခု ဖြစ်သည်။ အိပ်မက် တခုဖြစ်ခဲ့သည်။ သို့သော် ယခု ရင်ဆိုင် နေရသည်က၊ ရှေ့မှာကြုံတွေ့ရမှာက လက်တွေ့ဖြစ်သည်။ လုလုကို ချစ်ခဲ့သည်။ ချစ်နေဆဲဖြစ်သည်။ နောင်ဆက်၍လည်း ချစ် သွားဦးမည် ဖြစ်သည် ကလည်း အမှန်တရားတခု ဖြစ်သည်။ စိတ်ကူးနှင့် အိပ်မက်ကို ထားခဲ့ချင်လျှင် လက်တွေ့နှင့် အမှန်တရားကို ဆုပ်ကိုင်ရမည် ဖြစ်သည်။ လုလုကို ချစ်ခြင်းဖြင့် အသက်ရှင်နေရခြင်းက ဝဋ်ကြွေး တခု ဖြစ်မည်ဆိုလျှင် သန်းအောင်မြင့် ဖက်လည်း ကျေအောင်ဆပ်ဖို့သာ ရှိပါတော့သည်။

ဆေးရုံမှာ ပြောခဲ့သည့် အတိုင်း လုလုအောင် အမည်ကိုယူ၍ လုလုအောင်အဖြစ် ဆက်လက်၍ ရပ်တည်ရှင်သန်နေခြင်းက (အနည်းဆုံးတော့ သန်းအောင်မြင့် အတွက်) အဓိပ္ပါယ် တခုခု တော့ ရှိပါလိမ့်မည်။

သန်းအောင်မြင့် သက်ပြင်းရှည်ကြီး တခုကို လေးလေးပင်ပင် ချလိုက်ရင်း ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည်လိုက်မိ၏။ စိမ်းပြာ ရောင် ရင့်ရင့် အင်္ကျ ီ၊ အနက်ရောင် စကပ်ရှည်နှင့် ရှိသင့်သည့် အမို့အဖောင်းတွေ ရှိသော မိန်းမ ခန္ဓာကိုယ်တခုကို မြင် သည်။ Package A ၏ အစွမ်းက သန်းအောင်မြင့်ကို မယုံနိုင်စရာ ပြောင်းလဲပေးခဲ့သည်ကို လက်မခံချင်၍ မရတော့ပါ။ မီးမီး ကလည်း သန်းအောင်မြင့်နှင့် အလိုက်ဖက်ဆုံး ဖြစ်မည်လို့ ထင်တာတွေ ရွေးချယ် ဆင်မြန်းပေးခဲ့သည် မဟုတ်ပါ လား။

ဒီနေ့ နာမည်ပြောင်းဖို့ ကိစ္စနှင့် ဆေးရုံကို သွားဖို့ ရှိသည်။ သန်းအောင်မြင့် ယူခဲ့သည့် Package ထဲမှာ ထို ဝန်ဆောင် မှု လည်းပါသည်။ ဆေးရုံရောက်တော့ ဝန်ထမ်းအမျိုးသမီး တဦးက အသင့်စောင့်နေသည်။ သန်းအောင်မြင့်လို တယောက် ဒီနေ့လိုက် လာ မည်ပြောပေမယ့် တော်တော် နှင့် ရောက်မလာ။ ဒီနေ့မလာဖြစ်တော့ဟု လှမ်းအကြောင်းကြားတော့မှ သန်းအောင်မြင့် ကို ဆေးရုံက အမျိုးသမီးက လဝက ရုံးသို့ခေါ်သွားသည်။ လုပ်စရာ ရှိသည်တို့ကို အွန်လိုင်းမှာ လုပ်ထား ပြီး ဖြစ်ပေမယ့် ဒီနေ့ လူကိုယ်တိုင် လက်မှတ်ထိုးရမှာ၊ ဓာတ်ပုံရိုက်ခံရမှာတွေ ကျန်သေးသည့် အကြောင်း လမ်းမှာ ရှင်းပြသွားသည်။

ကံကောင်းချင်တော့ သန်းအောင်မြင့် တန်းစီရမည့် ကောင်တာမှာ လူရှင်းနေသည်။

“ ရှင်တို့က ဘယ်က တုန်း”

ကောင်တာက အမျိုးသမီး အရာရှိက သန်းအောင်မြင့်တို့ ၂ ယောက်ကို ကြည့်ပြီး အလန့်တကြားမေးသည်။

“ ကျွန်မ က xxxx ဆေးရုံကပါရှင့်၊ ကျွန်မတို့ ကတ်စတန်မာ နာမည်ပြောင်းဖို့ ကိစ္စလာတာပါ။ အွန်လိုင်းက လည်း ပုံစံကျ ပြီးပါပြီ။ ဖောင်နံပါတ် C-078 ပါ။ ဒီမှာ ပါရှင့်”

ဆေးရုံဝန်ထမ်း အမျိုးသမီးက ပရင့်ထုတ်ထားသည့် စာရွက်တထပ်ကို ကောင်တာပေါ် ပျာပျာသလဲ တင်ပေးလိုက်သည်။ အရာရှိမ က ကောက်ယူ လှန်လှော စစ်ဆေးရင်း

“ ကျွန်မ က ဟို အဖွဲ့ ဒီအဖွဲ့တွေက လူတွေထင်လို့ပါ။ စိတ် မရှိပါနဲ့။ ထင်တော့ ထင်သားပဲ ၂ ယောက်ထဲဆိုတော့ ဟင်း ..ဟင်း ..”

“ ဘာ အဖွဲ့တွေလဲဟင်”

စိတ်ဝင်စားသွားသောကြောင့် သန်းအောင်မြင့် ဝင်မေးလိုက်သည်။ အရာရှိမက သူ့ရှေ့က ကွန်ပျူတာထဲမှာ ဂဏန်းတွေ ရိုက်သွင်းနေရာမှ မော့ကြည့်လိုက်ပြီး

“ ဘာအခွင့် အရေး၊ ညာအခွင့် အရေးတွေလေ၊ ကျွန်မတို့ ကောင်တာမှာ အားလုံး ကွန်ပလိ ဖြစ်တယ် ဆိုရင်တောင်မှ မှတ် ပုံတင် အသစ်ထွက်လာဖို့က ၃ ရက်တော့ ပြန်ချိန်းရတာပဲ။ အဲဒါကို သူတို့တွေက လက်မခံကြဘူး။ နည်းနည်း စောင့်ရမယ် ပြောလိုက်တာနဲ့ ခွဲခြားဆက်ဆံတာလား၊ တန်းတူ အခွင့်အရေး မပေးချင်တာလား ဘာညာနဲ့ ပွက်လော ရိုက်ကုန်တော့ တာပဲ။သူတို့ပါလာရင် တကယ် စိတ်ညစ်ရတယ်။ ”

“ ဒီကောင်တာက အဲဒီ အတွက် သီးသန့်လား”

“ ဟုတ်တယ်။ ကျွန်မ တို့က male to female ၊ ဟို ဖက်ထိပ်က ဟာက female to male”

အမျိုးသမီးကနေ အမျိုသား ပြောင်းသည့်ဖက်ကို သန်းအောင်မြင့် ပေစောင်းစောင်းနှင့် ကြည့်လိုက်မိသည်။ လုလု များ ရောက်နေမလားလို့ မရဲတရဲ စိတ်ထဲမှာ ဖြစ်ရပေမယ့် ဟိုဖက်ကောင်တာက လူရှင်းနေသည်။ သန်းအောင်မြင့်ထက်  စော၍ ဆေးရုံက ဆင်းသွားသော လုလုက ခုလောက်ဆို ယောက်ျားလေး မှတ်ပုံတင် အသစ်၊ နာမည် အသစ် နှင့် ဖြစ်ချင် ဖြစ်နေလောက်ပေပြီ။

“ လူ ရှင်းတယ်နော်”

“ တခါတလေလဲ ရှင်းတယ်။ တခါတလေလဲ များတယ်။ ဒါပေမယ့် လာလုပ်တဲ့ လူက တယောက် နှစ်ယောက်ပါ။ သူတို့ အဖွဲ့ တွေ ပါလာမှ ရှုပ်တာ။”

ဒီအမျိုးသမီးက အဲဒီအဖွဲ့တွေကို တော်တော် အမြင်ကပ်နေပုံရသည်။ သူ့ အံဆွဲထဲက စာရွက်တထပ်ကို ဆေးရုံမှ လိုက်လာ ပေးသည့် အမျိုးသမီး လက်သို့ လှမ်းပေးလိုက်ပြီးနောက် ဆက်ပြောသည်။

“ အစိုးရကတောင် ဥပဒေထုတ်ပြီး ခွင့်ပြုပေးထားတာပဲ။ ကျွန်မတို့က လုပ်ပေးမှာပေါ့။ ဒါပေမယ့် နာမည်ပြောင်းတာ၊ လိင် ပြောင်းတာကို တနေရာထဲမှာ ပြင်ရတာ မှမဟုတ်တာ၊ ထည့်ပေးလိုက်ရင် စစ်စတမ်က သူ့ဖာသာ လုပ်တယ်ဆိုပေမယ့် ဆိုင်ရာ ဆိုင်ရာ ဒီပါ့မန့်အလိုက် သေချာ ပြန်စစ်ရသေးတယ်။ မပြောင်းသေးခင်က ဟာတွေကို ဘက်ကပ်လုပ်ပြီး လိုရင် ပြန်ကြည့်လို့ရအောင် အသစ်နဲ့ လင့်ပြန်ချိတ်ပေးထားရတယ်။ ကျွန်မတို့ အချိန် ၃ ရက်ယူတာ မလွန်ပါဘူး။ ဒီမှာ ပုံစံလေး တွေ တင်သွားရုံဆိုပေမယ့်၊ ဒီက ကျော်တာနဲ့ ဝန်ကြီး ဌာန ၇ ခုလောက်ဆီရောက်ပြီး ဆက်လုပ်ကြရတာ။”

“ အဲဒါတွေ အကုန်လုံး အမ လိုက်လုပ်ရတာလားဟင်”

“ အဟီး၊ ကျွန်မ က ဒီမှာ စစ်ပြီးတော့ တင်ပေးလိုက်ရုံပဲ။”

သန်းအောင်မြင့် နှင့် အရာရှိမှ စကားပြောနေစဉ် ဆေးရုံ ဝန်ထမ်းအမျိုးသမီးက ပုံစံတွေကို သွက်သွက် လက်လက် ဖြည့် နေသည်။

“ နာမည် ဘယ်လို ဖြည့်လိုက်ရမလဲဟင်၊ နာမည်ပါမှ ဓာတ်ပုံမှာ တခါထဲတွဲလို့ရမှာ ”

“ လုလုအောင်”

............................................

(၁၉)

လာနေကျ လူတွေထဲမှာ ဒီလူ လက်သံ အပြောင် ဆုံးဆိုတာ သိထား၍ အသင့်တောင့်ခံထားသည့် တိုင် ဖြန်းကနဲ အသံ နှင့် အတူ ရဲလည်း ခေါင်းလည်း လည်ထွက်သွားသည်။

“ မင်း တမင် လုပ်တာ”

“ မဟုတ်ပါဘူးဗျာ။ ကျွန်တော် မဟုတ်တာလုပ်ရင် ခင်ဗျားတို့ လှမ်းမြင်နေရမှာပဲ ဥစ္စာ၊ မလုပ်ပါဘူး။”

အမှန်အတိုင်း ပြောရရင် ဒီပန့်က ပျက်နေတာ နည်းနည်းတော့ ကြာပြီ ။ ခလုပ်နှိပ်ပေမယ့်လည်း လေမစုပ်တော့။ ထို့ ကြောင့် ရဲလင်းက ကေသီ့ကို ခန မှုတ်ခိုင်းပေးပြီး ကောက်စွပ်ထားလိုက်ကာ သုံးလေးကြိမ်လောက် ဟန်ဆောင်ခဲ့ပြီး ဖြစ်သည်။ ဒီကိစ္စကို ကေသီတောင် မသိ ရှာပါ။

“ တော်သေးတာပေါ့၊ ကင်မရာကို ဇွန်းဆွဲကြည့်လိုက်မိလို့”

ပြောရင်းနှင့် နောက်တချက် ထပ်ရိုက်လိုက်သည်။ ဒီတခါတော့ လည်ထွက် မသွားအောင် ရဲလင်း တောင့်ခံ လိုက်နိုင်သည်။ ခုနောက်ပိုင်း သူတို့က ကိုယ်တိုင်လာလုပ် မခိုင်းတော့ပါ။ ရဲလင်းကို ပန့်ပေးထားပြီး သူတို့ လှမ်းပြောရင် လုပ်ရသည်။ မ လုပ် မိပါက ဆွေမျိုးမေ့အောင် နှိပ်စက်ခံရသည်။ တခါတလေ ကေသီပါ အဆစ်ပါပြီး အရိုက်ခံရလို့ နောက်တော့ ရဲလင်း လည်း မပျက်မကွက် လုပ်ပေးပါသည်။ စက်က သူ့ဖာသာ ပျက်သွားတာလည်း တကယ်ပင် ဖြစ်ပါသည်။

“ နောက်တခု သွားယူလိုက်”

သူတို့ထဲက နည်းနည်း ပိုသြဇာ ရှိပုံရသည့် တယောက်က နောက်တယောက်ကို ပန့်သွားယူခိုင်းလိုက်သည်။ ခနနေတော့ သွား ယူသူ ပြန်ရောက်လာသည်။ ဒါပေမယ့် ခါတိုင်းလို ခလုပ်နှိပ်ရသည့် စက်မဟုတ်တော့ဘဲ ပိုက်နှင့် ဆက်ထားသည့် ဘောလုံးကို လက်နှင့် ညှစ်ပေးရသည့် အမျိုးအစား ဖြစ်သည်။

“ ဒါပဲ ရှိတော့တယ်။”

“ ဒါပဲ ရှိရင် ဒါပဲနဲ့ ပဲလုပ်၊ မင်း ဒီလောက်တော့ လုပ်တတ်တယ် မဟုတ်လား။”

ရဲလင်း ခေါင်းညိတ်ပြလိုက်တော့ တယောက်က ကေသီ့ကို ဆံပင်က ဆွဲပြီး အနားသို့ ခေါ်လာသည်။

“ ထပ်လုပ်ပေးလိုက်”

ဒီကိစ္စ နှင့် ပတ်သက်ရင် လုံးဝ စိတ်လျှော့ထားလိုက်ပုံရသည့် ကေသီက ရဲလင်း ရှေ့မှာ ဒူးထောက် ထိုင်ချလိုက်၍ နောက် တကြိမ် ထပ်မှုတ်ပေးသည်။ အဆင်သင့် ဖြစ်တော့ ရဲလင်းက သူတို့ရှေ့မှာပင် ပန့်ကို စွပ်ပြီး လုပ်ပြလိုက်ရသည်။ ဒါတောင် မှ ကိစ္စပြီးလို့ ပြန်အထွက်မှာ ရဲလင်း နားရင်းတချက် အအုပ်ခံလိုက်ရသေးသည်။

“ နောက်တခါ လူလည်ကျရင် ဟိုကောင်မ ပါ နာမယ်မှတ်။”

၂ ခါ ပြန်မှုတ်ပေးလိုက်ရလို့ ရဲလင်း အားနာနေမိပေမယ့် ကေသီကတော့ ဘာမှ မထူးခြားသလိုပင် ပန့်အသစ်ကို လှမ်း ကြည့်ပြီး

“ သွေးပေါင်ချိန် စက်လိုပဲနော်။”

ဆေးဖက်ဆိုင်ရာ ပစ္စည်းတခု အမည်ကြားတော့ ရဲလင်း စိတ်က မိခင်ဆီ ရောက်သွားသည်။

တယောက် အကြောင်း တယောက်ကို ပြောဖြစ်ခဲ့ကြပြီး ပြီဆိုတော့ ရဲလင်း အမေ အကြောင်းကို ကေသီလည်း သိနေပြီ ဖြစ် သည်။ အမေကို ဆေးကုဖို့ ရဲလင်း ပစ္စည်းဖြုတ်ရောင်းဖို့ ကြံဖူးတာကိုတော့ ပြောပြမနေတော့ပါ။ ကေသီကလည်း နယ် မှာ ကျန်ခဲ့သော သူ့မိသားစု အကြောင်း၊ အလုပ် အကြောင်းတွေ ပြောပြသည်။ တခါတလေ လည်း ကျောင်းနေတုန်းက အကြောင်းတွေ ပြောဖြစ်ကြ၏။ ဒါပေမယ့် ဘာကြောင့်မှန်း မသိ တယောက်ကို တယောက် ရည်းစား ရှိသလား။ ထားဖူး သ လားဆိုတာ ကိုတော့ မမေးဖြစ်၊ မပြောဖြစ်ကြပါ။

“ ကျွန်တော့် အမေ အဆင်ပြေရဲ့လား မသိပါဘူးဗျာ။”

“ အစားထိုးရင် အဆင်ပြေမယ် ဆိုတော့ အခု ကောင်းနေလောက်ပါပြီ ရဲလင်းရယ်။”

“ လူကောင်းပေမယ့် ကျွန်တော့်ကို မတွေ့ရင် စိတ်ကောင်းမှာ မဟုတ်ပါဘူး။ အမ နဲ့ ညီလေးက သူ့ကို ညာထားနိုင်ရင်တော့ တော်သေးတာပေါ့။”

“ ကျွန်မ အဖိုးနဲ့ အဖွား ကတော့ ကျွန်မ ကို ရန်ကုန်မှာပဲ အလုပ်လုပ်နေတယ် ထင်မှာ။ ရှင့်ထက် စာရင်တော့ တော်သေး တာပေါ့လေ။”

“ လူပျောက်ရင်တော့ ရဲတိုင်ကြမှာပဲ။ ရဲတွေ ကျွန်တော်တို့ကို မြန်မြန် ရှာတွေ့ပါစေပဲ ဆုတောင်းတယ်။ ဒီလူတွေက လူကုန် ကူး ဂိုဏ်းလို့ ထင်တယ်။ ကျွန်တော်တို့ကို တနေရာရာကို ရောင်းမစားခင် ပြန်လွတ်မှ ဖြစ်မယ်။”

“ ကျွန်မ လည်း အဲလိုပဲ ထင်နေတာ။ ဒါပေမယ့် နောက်တနေရာက ဒီနေရာလို မဟုတ်ဘဲ ထွက်ပြေးလို့ လွယ်မယ် ဆိုရင် တော့ မဆိုးဘူး ထင်တယ်နော်။”

“ ကျွန်တော်လဲ မတွေး တတ်တော့ပါဘူးဗျာ။”

ရဲလင်း စိတ်ပျက်လက်ပျက် နှင့် လှဲချလိုက်သည်။ အိပ်ပျော် မည်ဟုတော့ မထင်ပါ။

......................................................

(၂၀)

မှတ်ပုံတင် အသစ်က  ၃ ရက်နေမှ ရမည်။ ကဒ် အသစ်ဆိုသော်လည်း ဓာတ်ပုံ ၊ နာမည် နှင့် လိင် သာ ပြောင်း ခြင်း ဖြစ် ပြီး နံပါတ်က အရင်နံပါတ် အတိုင်း ပြန်ထွက်လာလိမ့်မည်။ အဲဒီ ကြားထဲမှာ သန်းအောင်မြင့် ဘာမှ လုပ်စရာမရှိ။ မှတ်ပုံ တင် ရတော့မှ အဲဒီက ထောက်ခံစာ နှင့် အတူ ဘဏ်ကဒ် နှင့် ယာဉ်မောင်းလိုင်စင်တွေ သွားပြောင်းရမည်။ အဲဒါ တွေက တော့ ၁ ရက်နှင့် ပြီးသည်ဟု ဆိုသည်။ ဆရာဝန် နှင့် ပြန်ပြရမည့် ရက်ကလည်း ၁၀ ရက်လောက် လိုနေသေးသည်။ ထို့ ကြောင့် အခန်းထဲမှာပဲ လှိမ့်အိပ်နေမိသည်။  ဆာရင် အသင့်စား အစားအစာ တခုခု ထ လုပ်စားလိုက်သည်။ ရေသောက် သည်။ စာဖတ်သည်။

သန်းအောင်မြင့် အပြင် လည်းမသွားချင်ပါ။ အသွင်သစ်၊ ဝတ်နေကျမဟုတ်သည့် အဝတ် အစားသစ်တွေ နှင့် အသားမကျ သေးချိန်မှာ ပတ်ဝန်းကျင်ဟောင်းကြီးတခုကို အသစ်လို့ ကိုယ့်ကိုယ်ကို လိမ်ညာပြီး မတိုးဝင်ချင်ပါ။ နောက်ထပ် အလုပ် တခုရှိသေးသည်။ လုလု အကြောင်းကို မစဉ်းစားမိအောင် ကြိုးစားခြင်း ဖြစ်၏။ ကြိုးစားမှုက အောင်မြင်သည့် အခါ အောင် မြင်သည်။ မအောင်မြင်သည့် အခါ ကိုယ့်ကိုယ်ကို စိတ်ထဲက နေလက်ညိုး ငေါက်ငေါက်ထိုး၍ အပြစ်တင်သည်။ မိုက်မဲမှု ဟူသည်မှာ ဆုံးရှုံးခြင်းသာ ရတတ်ပါလားဟု တွေးရင်း မျက်ရည်ဝဲရသည်။ ရှေ့ဘဝ ခရီးကို ရင်မောစွာ မျှော်ကြည့်မိရင် ခုန ဝဲနေသည့် မျက်ရည်က ကျချင်ချင် ဖြစ်လာသည်။ အရင်က သန်းအောင်မြင့် ဒီလို ဘယ်တုန်းကမှ အားမငယ်ခဲ့ ဖူးပါ။ ဝမ်း မနည်းခဲ့ဘူးပါ။ ကြုံလာသမျှ အခက်အခဲတိုင်းကို ရအောင်ကျော်ဖြတ်မည်ဟုပဲ စိတ်ရှိခဲ့သည်။

“ သောက်သုံး မကျတဲ့ ဟိုမုန်းတွေ၊ ငိုဖို့ပဲ တတ်သလား။”

အနားရှိတာတွေ နှင့် နံရံကို ကောက်ပစ်ရင်း စိတ်ပျက်လက်ပျက် ညည်းညူလိုက်မိသည်။ ဒေါသက အားငယ်စိတ်ကို မချေ ဖျက်နိုင်သော အခါ ပို၍ ဝမ်းနည်းရသည်။ နံရံကို ခေါင်းနှင့် တိုက်၍ အော်ငိုချင်စိတ်တွေ ဖြစ်လာသည်။

ခုနက နံရံကို ပစ်လိုက်သည့် ပစ္စည်းတွေထဲတွင် ပါသွားသော ဖုန်းက မပျက်စီးသွားသည့် အပြင် ထပင်မြည်လိုက်သေး သည်။ ဒီနံပါတ်ကို ပြောင်းပစ်ရမယ် ဟု စဉ်းစားရင်း ပင် ထသွားပြီး ဖုန်းကို ကောက်ယူကြည့်လိုက်မိသည်။ မကိုင်ခင်က လုလု ဖြစ်ပါစေလို့ စိတ်ထဲက လှစ်ကနဲ ဆုတောင်းမိခဲ့သေးပေမယ့် ကြည့်လိုက်တော့ ခင်မျိုးဆွေ ဖြစ်နေသည်။

“ ဟယ်လို”

“ သန်းအောင်မြင့် နင်ရန်ကုန် ပြန်ရောက်နေလား။”

“ အေး”

“ ငါ့ကို တခုလောက် ကူညီပါလား ဟင်”

“ ပြောလေ”

ကိုယ့်ကို ကူညီခဲ့သူ ဆိုတော့ ပြန်ကူညီရမည့် ဝတ္တရား ရှိပါသည်။ သန်းအောင်မြင့် အတွက်လည်း ခင်မျိုးဆွေကို ကူညီခြင်း ကြောင့် စိတ် အပြောင်းအလဲ ဖြစ်နိုင်သည် မဟုတ်ပါလား။ နောက်ပြီး ဘာမှ သုံးစားလို့ မရတော့ဟု ကိုယ့်ကိုယ်ကို ထင် မှတ် ထားမိသည့် ဘဝမှာ အသုံးဝင် သောနေရာတခု ရှိလာခြင်းက ကောင်းပါသည်။

“ ရဲလင်း ပျောက်နေတယ်။”

“ ဘယ်လို”

“ မေမေ့ကို ဆေးရုံမှာ စောင့်ပေးပြီးတော့ နားဖို့ ပြန်သွားတာ။ ပြန်ရောက်မလာတော့ဘူး။ ဒီနေ့နဲ့ ဆို ၄ ရက် ရှိပြီ။ နင် အားရင် ငါ့ကို ဝိုင်းရှာပေးပါလားဟင်”

“ အေးအေး၊ နင်ဘယ်မှာလဲ၊ ငါလာခဲ့မယ်။”

အိမ်လိပ်စာ ပေးပြီး ခင်မျိုးဆွေ ဖုန်းချသွားသည်နှင့် သန်းအောင်မြင့်လည်း အပြင်ထွက်ဖို့ ပြင်သည်။ ဒီတော့မှ မျက်နှာပေါ် မှာ ခြောက်လုလု မျက်ရည်စီးကြောင်း ၂ ခုရှိတာကို သတိထားမိသည်။ ခင်မျိုးဆွေ ဆီက ဖုန်းလာသည့် အချိန်မှာ မျက် ရည် တွေကျနေမှန်း သန်းအောင်မြင့် မသိခဲ့ပါ။ ဒါပေမယ့် ခင်မျိုးဆွေ အတွက် က ပို အရေးကြီးနေလို့ ကိုယ့်ခံစားချက်ကို ခန ဘေးချိတ်ကာ မျက်နှာသစ် အဝတ်လဲပြီး ခပ်မြန်မြန် ထွက်လာခဲ့သည်။

ခင်မျိုးဆွေက သူ့ အမေအိမ်မှာ ရှိနေသည်။ ဆေးရုံက ဆင်းလာပြီး ချိန်မှာ ဖုန်းထဲမှာပဲ စကားပြောဖြစ်ပြီး လူချင်း မဆုံဖူး သေးတော့ သူတို့ အိမ်ထဲဝင် သွားသည့် သန်းအောင်မြင့် ကို ခင်မျိုးဆွေ ကြောင်ကြည့်နေသည်။ မီးမီးက နှုတ်ဆက် လိုက်တော့မှ မှတ်မိသွားသည်။ ဒါပေမယ့် မောင်အတွက် ရတက်မအေး ဖြစ်နေပုံရသည့် ခင်မျိုးဆွေက ထွေလီကာလီတွေ ပြောမနေဘဲ ဖြစ်စဉ်ကို သူသိ သ လောက် ရှင်းပြသည်။

“ မေမေ က ဆေးရုံမှာပဲ ရှိသေးတယ်။ အလုပ်က လွှတ်လို့ အရေးတကြီး နယ်ဆင်းသွားရတယ်လို့ ပြောထားတယ်။”

“ အန်တီမေက ယုံလား။”

“ သိပ်မသင်္ကာဘူး။ ရဲလင်းက မေမေ အခုလို ဖြစ်နေချိန်မှာ သူ့ကို နယ်လွှတ်ရင် အလုပ်ထွက်လာမယ့် ကောင်။ သူ့သား အကြောင်း သူသိတယ်လေ။ သူ့ အလုပ်ထဲက ကောင်လေးတွေကပါ ဝိုင်းညာပေးထားလို့ အောင့် သက်သက်နဲ့ ငြိမ် ကြည့် နေတာ။”

“ ငါ ဘာလုပ်ပေးရမလဲ။”

“ ငါတို့ ရဲ တိုင်ထားတယ်။ ဒါပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လည်း ရှာမှ ဖြစ်မယ်လေ။ နင် ငယ်ငယ်က စုံထောက် ဝတ္တုတွေ အရမ်းဖတ်တာ ငါသတိရ ပြီး ဖုန်းဆက် လိုက်တာ၊ နင် လည်း လိုက်စုံစမ်းပေးပါလားဟင်”

“ ငါက”

အမျိုးသား တယောက် မဟုတ်တော့သည့် သန်းအောင်မြင့် ပုံစံကို သတိပြုမိလိုက်ပြီး ခင်မျိုးဆွေ ငိုင်သွားသည်။ ဒါပေမယ့် သူ့စိတ်ထဲ ရှိတာကို တတွတ်တွတ် ဆက်ပြောနေသည်။

“ စုံထောက် ကားတွေ ကြည့်ရင်လည်း နင်က တရားခံလို့ မှန်းလိုက် ရင် အမြဲမှန်တယ်။ ဆားပုလင်း သန်းအောင်လို့တောင် ခေါ်ကြတယ် မဟုတ်လား။”

“ အမ က အခု ဆို ဆားပုလင်း လုလုအောင် ပေါ့နော်။”

လုလုအောင်လို့ နာမည်ပြောင်းမှာကို ကြိုသိထားသည့် မီးမီးက ဝင်ပြောသည်။ သန်းအောင်မြင့်လည်း ငိုင်ပြီး စဉ်းစားနေ မိ သည်။ စုံထောက်ဝတ္တုတွေ ဖတ်တာ၊ တရားခံမှန်းရင် မှန်နေတာတွေ မပါရင်တောင်မှ ခင်မျိုးဆွေက သန်းအောင်မြင့် မလွဲ မသွေ ကူညီရမည့် သူ ဖြစ်သည်။ ခင်မျိုးဆွေ ခမျာ မောင်အတွက် ပူပန်ရသလို ဝေဒနာရှင် မိခင် စိတ်ထိခိုက်မှာကို လည်း စိုးရိမ်ပြီး မရှူနိုင် မကယ်နိုင်ဖြစ်နေတာ ကို စာနာမိသည်။

“ အေးပါဟာ၊ ငါလဲ အားနေတာပဲ။ နင့်ကို ဝိုင်းကူပေးမယ် စိတ်ချ။”

“ ဒါဆို တို့ဘယ်လို လုပ်ကြမလဲ”

“ အခြေအနေ ဘာထူးသေးလဲလို့ ရဲစခန်းကို အရင်သွားမေးကြရအောင်။”

မီးမီး ဖုန်းဆက် ခေါ်လိုက်၍ သူတို့ သူငယ်ချင်း တေဇာ ဆိုသည့် ကောင်လေးတယောက် ရောက်လာသည်။ တေဇာက သူ့ ကားဖြင့် လိုက်ပို့ပေးမည် ဖြစ်သည်။

ရဲ စခန်းကိုရောက်တော့ စခန်းမှူးက အမှုလိုက်အရာရှိကို သူတို့ဆီ လွှတ်ဖို့ လုပ်နေကြောင်း ဆီးပြောသည်။

“ သတင်းရလို့လား စခန်းမှူးကြီး”

“ နေဦး အိုင်အို ကို ခေါ်လိုက် ဦးမယ်။ ထိုင်ကြပါဦး ”

စခန်းမှူး စားပွဲရှေ့က ခုံတွေမှာ ဝင်ထိုင်လိုက်ကြပြီးနောက် ရဲအုပ် မင်းစိုး ဆိုသူကို လှမ်းခေါ်ပြီး ခင်မျိုးဆွေ နှင့် မိတ်ဆက် ပေးသည်။ အမှု လိုက်အရာ ရှိက ခင်မျိုးဆွေကို ဝတ်ကျေဝတ်ကုန် နှုတ်ဆက်သော်လည်း သန်းအောင်မြင့် ဆီကိုသာ မျက် စိရောက်နေ သည်။ ရဲမျက်လုံး နှင့် စူးစူးကြည့်တာ ခံရတော့ နည်းနည်း အနေခက်သလိုလို ရှိတာကြောင့် သန်း အောင်မြင့် ခေါင်းငုံ့ကာနေမိသည်။

“ ဒီလို ခင်ဗျ။ ကေသီ ဆိုတဲ့ ကလေးမ ကို သိကြသလား။”

ခင်မျိုးဆွေက ခေါင်းရမ်း ပြလိုက်ပြီး မီးမီး နှင့် တေဇာကို လှမ်းကြည့်သည်။ သူတို့ကလည်း တယောက်မျက်နှာ တယောက် ကြည့်၍ ခေါင်းခါပြကြ၏။ အမှုလိုက်အရာရှိက သူ့လက်ထဲက တက်ဘလက်ကို ဖွင့်ပြီး ဓာတ်ပုံ ပြသည်။ ခပ်ချောချော ကလေးမလေးပင် ဖြစ်သည်။ ခင်မျိုးဆွေ နှင့် မီးမီးက ကြည့်လိုက်ပြီးနောက် တေဇာ့ ဘက်ကို ထိုးပေးသည်။ တေဇာလည်း သေသေချာချာ ကြည့်ပြီး

“ ကျွန်တော်တ ခါမှ မမြင်ဖူးဘူးခင်ဗျ။ သူက ရဲလင်း ပျောက်တာနဲ့ ပတ်သက်လို့လား။”

ငြိမ်ကြည့်နေသည့် စခန်းမှူးက ချောင်းတချက် ဟန့်လိုက်ပြီး

“ ဒီကလေးမလေးလဲ ပျောက်နေတယ်လို့ တိုင်ချက်ဖွင့်ထားတယ်။ ကျွန်တော်တို့လည်း အစပိုင်းတော့ အဆက်အစပ် ရှိ မယ် မထင်ဘူးပေါ့နော်။ ဒါပေမယ့် တယ်လီဖုန်း ကုမ္ပဏီ ကနေရတဲ့ အချက်တွေအရ မောင်ရဲလင်းရော၊ အဲဒီကေသီရော သူတို့ ဖုန်းတွေ ပိတ်သွားတယ်။ မပိတ်ခင် နောက်ဆုံး ရှိနေတဲ့ နေရာနဲ့ အချိန် က တူတူ ဖြစ်နေတယ် ခင်ဗျ။ အဲဒါ ကြောင့် ကျွန်တော်လဲ ကိုမင်းစိုးကို ဒီက ညီမတို့ဆီ လွှတ်မလို့ လုပ်နေတာ။”

“ ဒီကလေး ၂ ယောက်က မောင်လေးရဲ့ အခင်ဆုံး သူငယ်ချင်းတွေပါ။ အဲဒီ ကောင်မလေး နဲ့ မောင်လေးက တစုံတရာ ပတ်သက်မယ်ဆိုရင် သူတို့ ဒီကောင်မလေးကို ကျိန်းသေ သိကြမှာပါ။ ဆရာတို့က ခိုးရာလိုက်သွားကြတာမျိုး ထင်လို့လား ရှင့်”

“ လူငယ်တွေဆိုတော့ ဒီတချက်ကိုလည်း ထည့်စဉ်းစားတဲ့ သဘောပါပဲ။ တိုက်ဆိုင်တာလဲ ရှိနေတယ်လေ။”

“ ရဲလင်း သိတာကို ကျွန်တော် မသိတာ မရှိပါဘူး ဆရာ။ ဒီကောင်က ခုထိ ရည်းစားလဲ တယောက်မှ မထားဖူးပါဘူး။ ဒီကောင်မလေးနဲ့ သူနဲ့ သမီးရည်းစား ဖြစ်တယ်ဆိုရင်လဲ ရဲလင်းက ကျွန်တော်တို့ကို ကျိန်းသေပြောမှာပါ။”

“ ဟုတ်တယ် ဆိုရင်တောင် ခုလို အချိန်မျိုးမှာ မောင်လေးက မိန်းမ ခိုးမှာ မဟုတ်ပါဘူး။ ကျွန်မတို့ အမေ ဆေးရုံတင် ထား ရတာ ဆရာတို့လဲ သိပါတယ်။”

တေဇာနှင့် ခင်မျိုးဆွေ တယောက်တပေါက် ရှင်းပြနေချိန်မှာ မီးမီး က ခပ်ငေးငေးလေး စဉ်းစားနေသည်။

“ ဒီ ညီမ ကရော ဘာတွေ သိလဲ”

မီးမီး ပုံစံက တခုခု ကို ချင့်ချိန်နေသည့် ဟန်မျိုး ဖြစ်နေသည်ကို ရိပ်မိပုံရသော စခန်းမှူးက မေးသည်။

“ ဟုတ်ပါတယ်။ ရဲလင်းမှာ ရည်းစား မရှိပါဘူး။ မိန်းမ ခိုးပြေးတာလဲ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ရဲလင်းက အန် တီ နှလုံး အစားထိုးဖို့ သူ့..သူ့ ..ဟာကို ဖြုတ်ရောင်းဖို့ တောင်လုပ်ခဲ့ပါတယ်။ မိန်းမယူမယ့်သူ ရည်းစားရှိတဲ့ သူက ဒီလို ဘယ်လုပ်မှာလဲ။ ”

“ ဟင် …. ဘယ်တုန်းက ရောင်းလိုက်တာလဲ၊ အမ တို့ ကို ဘာလို့ စောစောက မပြောတာလဲ မီးမီးရယ်။”

“ မရောင်း ဖြစ်လိုက်ဘူး မမဆွေ၊ နောက်ဆုံးနေ့ကျမှ ဝယ်မယ့်ဖက်က မယူဖြစ်တော့လို့ အစီအစဉ် ပျက်သွားတယ်။ သမီး တယောက်ပဲ သိပါစေ၊ ဘယ်သူ့မှ မပြောပါနဲ့ ဆိုလို့ မပြောဖြစ်တာပါ။ ရောင်းလဲ မရောင်းဖြစ်လိုက်ဘူးလေ။”

သန်းအောင်မြင့် မျက်စိကို မှိတ်၍ လက်သီး နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ ရဲလင်းက မိခင် ဆေးကုဖို့ အတွက် သူ့ ပစ္စည်းကို ဖြုတ်ရောင်း ရန် ကြိုးစားခဲ့သည်။ သန်းအောင်မြင့်ကတော့ ယောက်ျားလေး ဖြစ်ချင်သည့် ကျန်း ကျန်းမာမာ မိန်းကလေး တယောက် တယောက်အတွက် ကိုယ့်ပစ္စည်း ဖြုတ်ပေးခဲ့မိသည် မဟုတ်ပါလား။ တချိန်က သန်း အောင်မြင့်တို့ မျက်လုံးထဲတွင် နှပ်ချေးတွဲလောင်း ကလေးငယ် တယောက် ဖြစ်ခဲ့သည့် ရဲလင်းက ခုတော့ မိခင် အတွက် စွန့်လွှတ် ဝံ့သူ ယောက်ျားကြီး တယောက် ဖြစ်လာလေပြီ။ သန်းအောင်မြင့်သည်သာ ….။

ဝဲလာသည့် မျက်ရည်ကို မျက်တောင် တဖျပ်ဖျပ် ခတ်ကာ ထိန်းရင်း ရှေ့မှာ ပြောနေကြသည့် အကြောင်းအရာတွေဆီ အာ ရုံ ပြန်ပို့ရသည်။ ဒီကြားထဲ အမှုလိုက်ရဲအုပ်၏ မျက်လုံးရွဲကြီးတွေကို မမြင်ယောင်ပြုရန်လည်း ကြိုးစားရပြန်သေး၏။

“ အေးဗျာ၊ ဒီတိုင်းဆိုရင်တော့ သူတို့ ၂ ယောက် ပတ်သက်မှု မရှိနိုင်ဘူး။ ဒါပေမယ့် သူတို့ ဖုန်းတွေက တပြိုင်ထဲ နီးပါး တနေရာထဲမှာ ပိတ်သွားတယ် ဆိုတော့ အန္တရယ် တခုခု ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားကြတယ်လို့ပဲ ကျွန်တော် တို့ ယူဆကြရတော့မှာပေါ့။”

“ အဲဒီ ကေသီ ရဲ့ မိသားစုကိုရော ရဲလင်းနဲ့ ပတ်သက်လို့ မေးပြီး ပြီလား။”

ရောက်ကထဲက ငြိမ်နေသော သန်းအောင်မြင့် က ဝင်မေးလိုက်ခြင်း ဖြစ်သည်။ ကိုယ့်ကိုယ်ကို အာရုံပြောင်းလိုက်ခြင်း ဖြစ် သလို သူနှင့် လုလုလို ကိစ္စမျိုးများ ဖြစ်နေသလားလို့ အတွေးပေါက်လိုက်ခြင်း ကြောင့်လည်း ဖြစ်ပါသည်။

“ မမေးရသေးဘူးဗျ။ ဖုန်းကုမ္ပဏီ က ဒေတာတွေက ခုနမှ ကျနော်တို့ သိရတာ။ ကောင်မလေးက နယ်က လာအလုပ်လုပ် တာ၊ ရန်ကုန်မှာ မိသားစု မရှိဘူး။ တယောက်ထဲ အခန်းငှားနေတယ်။ သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကပဲ  လူပျောက်လာ တိုင်ပေးသွားကြတာ။”

“ သူ့ အလုပ် လိပ်စာလေးရမလား မသိဘူး။ ဒီဖက်က သူ့ကို မသိပေမယ့် သူ့ဖက်က ရဲလင်းကို သိနိုင်စရာများ ရှိမလားလို့ သွားမေးကြည့်ချင်လို့ပါ။”

“ ရပါတယ်၊ ရပါတယ်။”

သန်းအောင်မြင့် ဖက်ကိုသာ မဲနေပုံရသော အမှုလိုက် အရာရှိက ပျာပျာသလဲပင် စာရွက်လေး တရွက်နှင့် ချရေးပေး သည်။ ပြီးတော့ တေဇာနှင့် မီးမီးတို့ နောက်မှာ ခပ်ကွယ်ကွယ်ထိုင်နေသည့် သန်းအောင်မြင့် လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် လာထည့်ပေး၏။ အခြေအနေကို ရိပ်မိပုံရသော မီးမီး လှစ်ကနဲ ပြုံးလိုက်တာကို မြင်ရသည်။

နောက်ထပ်လည်း ထွေထွေထူးထူး ပြောစရာ မရှိတော့တာ နှင့် နှုတ်ဆက်၍ ပြန်ကြသည်။ ကြိုးစားပါမည်။ အခြေအနေ ထူးခြားရင် အကြောင်းကြားပါမည်ဟု စခန်းမှူးက တော့ ကတိပြုပါသည်။ ပြန်အထွက်မှာ မီးမီးက သန်းအောင်မြင့် အနား ကပ်ပြီး အသံတိုးတိုးနှင့်

“ အကို …အဲ .. အမ .. ဟို ရဲအုပ်ဆီက ဖုန်းနံပါတ်တောင်းပေးပါလား။ အခြေအနေ သိချင်ရင် တိုက်ရိုက် မေးလို့ရတာ ပေါ့။”

“ အဲဒါက .. ဟို …ဟို …”

“ လုပ်ပါ အမ ရယ်၊ ဟိုမှာ လှမ်းကြည့်နေတယ်။ အမ တောင်းရင် သူပေးမှာ ကျိန်းသေတယ်။”

ခင်မျိုးဆွေ၏ မျက်နှာ အမူအရာကလည်း တောင်းချင်သည့် ပုံရှိနေတာကြောင့် သန်းအောင်မြင့် သက်ပြင်းချ၍ ပြန်လှည့် လိုက်ရသည်။

“ ဟိုလေ … ဆရာ့ ဖုန်းနံပါတ်လေးများ ရနိုင်မလား။ အကြောင်းရှိရင် ဆက်သွယ်လို့ ရအောင်ပေါ့။”

“ အာ …ရပါတယ်။ ရပါတယ်။ ဒီမှာ ကျွန်တော့် ကဒ် ယူသွားပါ။”

ပျာပျာသလဲ ပင် အိတ်ထဲက နာမည်ကဒ် တခု ထုတ်ပေးသည်။

“ ဒါနဲ့ ဘာတော်လဲဟင် မောင်ရဲလင်း နဲ့”

“ ညီ အစ်ကို ….အဲလေ.. မောင်နှစ်မ ဝမ်းကွဲတွေပါ။”

“ စိတ်ချပါဗျာ၊ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားမှာပါ။”

“ ဟုတ်ကဲ့ …ကျေးဇူးတင်ပါတယ်။”

စကားများများ ပြောရင် မှားကုန်မှာ စိုးတာကြောင့် ကဒ်ကို ဖြတ်ကနဲ ဆွဲယူပြီး စောင့်နေကြသူတွေဆီ ခပ်သုတ်သုတ် ပြန် လာခဲ့သည်။ နောက်က ကြည့်နေမည်ကို သိတာကြောင့် သန်းအောင်မြင့် ခြေလှမ်းတွေ တောင်မှားချင်ချင် ဖြစ်ရ သည်။ သူတို့ဆီ ပြန်ရောက်တာနှင့် ကဒ်ကို ခင်မျိုးဆွေ လက်ထဲ ထိုးထည့်ပေးလိုက်၏။

“ အမ က အဲဒီ ကေသီ့ရုံးကို သွားချင်တာလား။”

“ သွားချင်တယ်။ ရဲလင်း အလုပ်ထဲကိုလည်း သွားကြည့်ချင်သေးတယ်။”

“ လိပ်စာ အတိုင်းဆိုရင် ကေသီ့ အလုပ်က ပိုနီးမယ်။ ရုံးဆင်းချိန်လဲ နီးနေပြီဆိုတော့ ရဲလင်း ကုမ္ပဏီကို မနက်ဖြန်မှသွားကြ တာပေါ့။”

ခင်မျိုးဆွေ ဝင်ဆုံးဖြတ်ပေးလိုက်သည့် အတွက် ကေသီ့ ရုံးကို သွားဖို့ အတည် ဖြစ်သွားသည်။ မီးမီးက အလုပ်ဝင်ရ တော့ မှာမို့ ပြန်သွားပြီး သန်းအောင်မြင့် နှင့် ခင်မျိုးဆွေ ပဲ တေဇာ မောင်းသည့် ကားနှင့် ဟိုရဲအုပ် ပေးသည့်လိပ်စာ အတိုင်းလာ ခဲ့ကြသည်။

ကေသီ့ ကုမ္ပဏီကို ရောက်တော့ အကျိုးအကြောင်း ပြောပြပြီး ရဲလင်း ပုံကို ပြသည်။ ထင်သည့် အတိုင်းပင် ကေသီ့ သူငယ် ချင်းတွေက လည်း ရဲလင်း ဆိုသူနှင့် ပတ်သက်၍ ကေသီ မပြောဖူးပါဟု ဆိုကြသည်။

“ ကေသီက ရည်းစားမရှိပါဘူး။ ဒီကောင်မလေးက တမျိုးပဲ။ ဘယ်လို ပြောရမလဲ။ သူ့ကိုယ်သူ ရည်းစားထားဖို့ အသင့် မ ဖြစ်သေးသလို ခံစားချက်ရှိတယ်။ ကျွန်မ နဲ့ ခင်ကထဲက မြှောက်ပေးတယ်။ အောင်သွယ်ပေးတယ်။ တခုမှ အဆင် မပြေ ဘူး။”

ကေသီနှင့် အလွန်ခင်သည်ဆိုသော မနီနီ ဆိုသည့် အမျိုးသမီးက ရှင်းပြသည်။

“ ရုပ်ကလေးလဲ ချောတယ်။ အဲ … ရှင့်လောက်တော့ မချောဘူးပေါ့နော်။ သူ့ကို သဘောကျတဲ့ သူတွေလဲ ရှိပါတယ်။ ဒါ ပေမယ့် သူက စိတ်မဝင်စားဘူးတဲ့။ ”

ဒီကိုရောက်ကထဲက ဦးဆောင်၍ သိလိုရာမေးနေသော သန်းအောင်မြင့်ကို ဦးတည်၍ ပြောနေခြင်း ဖြစ်သည်။ နဂိုထဲက ဒီ မှာ သဲလွန်စ ရဖို့ မျှော်လင့်ချက် ရှိပုံမရသော ခင်မျိုးဆွေက ဘေးမှာသာရပ်နေသည်။ သန်းအောင်မြင့်လည်း အများ ကြီး ထင်မထားပါ။ ဒါပေမယ့် ရဲလင်း အကြောင်းကို ဘာဆိုဘာမှ မသိသေးသည့် အတွက် သေချာအောင် လုပ်ချင်လို့ လာခဲ့ ခြင်း ဖြစ်သည်။ နောက်တနေ့ ရဲလင်း အလုပ်ကို သွားမေးရင်တော့ ဒီထက် ရေရေရာရာ သိရမည်ထင်ပါသည်။

အပြန်လမ်းမှာ ခင်မျိုးဆွေက သူခေါင်းခဲနေသည့် အကြောင်းအရာ နောက်တခု ကိုပြောပြသည်။

“ အမေ့ကို ကြာကြာလိမ်လို့ ရမယ် မထင်ဘူး။ စိတ်ညစ်လိုက်တာဟယ်။”

“ အန်တီမေ့ကို ငါရှင်းပေးပါမယ်။ အခု နင် ပြန်မှာလား။”

“ ဟင့်အင်း … ဆေးရုံသွားမှာ။”

“ ငါလိုက် ပြောပေးမယ်။ ငါ့တာဝန် ထားလိုက်။”

“ နင်ဘယ်လို လုပ်မလဲ။”

“ နင်သာ အမူအရာ မပျက်စေနဲ့၊ ငါ့နောက်ကနေ ဖော်လို လိုက်ပေး။”

ရဲစခန်းမှာ ရခဲ့တဲ့ စိတ်ကူးကို ခနေချပြလိုက်ရင် ခင်မျိုးဆွေ လက်ခံမှာ မဟုတ်မှန်းသိလို့  သန်းအောင်မြင့် ကြိုပြောမနေ တော့ပါ။

“ တေဇာရော လိုက်မလား။”

“ မလိုက်တော့ ဘူး အမ၊ အန်တီက ကျွန်တော့်ကို မြင်ရင် ဟိုကောင့် အကြောင်း မေးမှာ၊ ကျွန်တော် ကားထဲက ပဲ စောင့် မယ်။”

ပထမတော့ တေဇာ့ကို ပြန်လိုက်တော့လို့ ပြောမလို့ စိတ်ကူးထားသည်။ ဒါပေမယ့် သူနှင့် မီးမီးကို သင်ပေးရမှာတွေ ရှိနေ သေးလို့ စောင့်ခိုင်းထားပြီး ခင်မျိုးဆွေ နှင့် သန်းအောင်မြင့် က ဆေးရုံပေါ်တက်လာခဲ့သည်။ ကျောင်းဖျက်ပြီး လူနာစောင့် ပေးနေသည့် အငယ်ဆုံး ကောင်လေးက သန်းအောင်မြင့်တို့ ရောက်သည် နှင့် မုန့်စားဖို့ ထွက်သွားသည်။

“ မေမေ၊ ဒါဘယ်သူလဲ သိလား။”

အန်တီမေက မမှတ်မိပါ။ မျက်မှောင် ကြုတ်၍ သေသေချာချာ စိုက်ကြည့်နေသည်။ မျက်နှာကို အနားတိုးကပ်ပြလိုက်ပြီး

“ သန်းအောင်မြင့်လေ အန်တီရဲ့”

“ သောက်ပလုပ်တုတ်၊ နင်က …  မဟုတ်တာ။ သန်းအောင်မြင့် က ယောက်ျားကြီးပါဟယ် … ဘယ်လို ဖြစ်ကြတာလဲ”

“ ဒီလိုပါပဲ အန်တီ မေရယ်။”

“ ဟုတ်တယ် မေမေ၊ အဲဒါ သန်းအောင်မြင့်၊ သူက အခု မိန်းမ ဖြစ်သွားပြီ။”

ခင်မျိုးဆွေ ဝင်ရှင်း ပြသော်လည်း ယုံနိုင်ပုံ မရသေးသော ရင်ဘတ်ကို ဖိထားရင်း အန်တီမေ သန်းအောင်မြင့်ကို စိတ်မသက်သာစွာ ကြည့်သည်။

“ မေမေက တူပဲ လိုချင်တာလား။ တူမ မလိုချင်ဘူးလား။”

“ မဟုတ်ပါဘူးဟယ်။ တခြား မိန်းမရှာတွေ လုပ်ကြတာတော့ ငါသိပါတယ်။ သန်းအောင်မြင့် နင်က ဘယ်တုန်းက အဲဒီ စိတ် …. ဒါပေမယ့် … အေးပါလေ။ နင်တို့ ခေတ်ကိုက ငါလဲ မပြောချင်တော့ပါဘူး။ သန်းအောင်မြင့် ရယ်။ နင်က ငယ်ငယ်ကထဲ က ဇွတ်တရွတ်ဟဲ့၊ ငါမှတ်မိတယ်။ ဒါနဲ့ … ခုနင်တို့ ဘယ်မှာတွေ့လာကြတာလဲ။”

သန်းအောင်မြင့် လိုချင်တာ ဒီအကွက်ပဲ ဖြစ်သည်။ သူ့ကို ခုလိုပုံ မြင်လိုက်၍လို့ အန်တီမေ အလွန် အံ့သြသွားမှာကို ကြို တွက်မိသည်။ ထို့ကြောင့် နောက်ထပ် အံ့သြစရာတခု ထပ်ပေးလိုက်သည်။

“ ရဲလင်း ကိစ္စနဲ့ ရဲစခန်း သွားကြတာ အန်တီမေရေ”

ဝုန်းကနဲ ပြောချလိုက်တော့ အဖွားကြီး ရင်ဘတ်ကိုဖိသွားသည်။ ထင်မထားသည့် ခင်မျိုးဆွေလည်း အလန့်တကြား နောက်ကို ဆုတ်သွား၏။

“ ငါ့သားလေးဘာဖြစ်တာလဲ။”

“ ရန် ဖြစ်တာလေ။ ဒီက အပြန် မီးမီးနဲ့ မုန့်သွားစားတာ ကောင်လေး ၂ ယောက်က မီးမီးကို စလို့ ဒီကောင်က ဒေါသ ထွက်ပြီး လိုက်ထိုးတာ ကွဲပြဲပြီး ကောင်လေးတွေ တယောက် ၅ ချက်လောက် ချုပ်လိုက်ရတယ်။ သူက ဘာမှ မဖြစ်ဘူး”

“ အခု ဘယ်မှာလဲ။”

“ အချုပ်ထဲမှာလေ။ အဲဒီ စခန်းမှာ ကျွန်တော့် အသိ ရဲအုပ်ကိုမင်းစိုး ဆိုတာ ရှိတယ်။ အဲဒါကြောင့် အထဲမှာကောင်း ကောင်း နေရအောင် ကျွန်တော် လိုက်အပ်ပေးပြီး ပြန်လာတာ။”

“ တကယ် ဘာမှ မဖြစ်ပါဘူးနော်။”

“ မဖြစ်ပါဘူး အန်တီရယ်။ ချာတိတ်တွေက ဆေးသမား ငပိန်လေးတွေ ဆိုတော့ နည်းနည်း အထိနာသွားတဲ့ သဘောပါပဲ။”

“ ဟဲ့နေဦး နင်က မီးမီးကို ဘယ်လိုသိတာလဲ။”

မထင်သော အကွက်ဖြစ်သည်။ ဒါပေမယ့် သန်းအောင်မြင့်မှာ အဖြေရှိပါသည်။

“ အန်တီမေ ကလည်း ကျွန်တော် ဒီလို လုပ်ဖို့ မီးမီး ကူညီပေးထားတာလေ။”

“ အော် … နင်တို့က လိုင်းတူတွေ ဆိုတော့ …. ဒါကြောင့် ဒီရက်ပိုင်း မီးမီးက တမျိုး ဖြစ်နေတာကိုး၊ လျော်ကြေးပေးရမှာ လား ဟိုကောင်လေးတွေကို၊ ဆေးဖိုးဝါးခ ပေးရင် မပြီးဘူးလား။ ခင်မျိုးဆွေ နင်က မြုံနေတယ် ဟုတ်လား။ နင့်မှာ လျော် ပေးစရာ မရှိဘူးလား”

“ မဟုတ်ပါဘူး မေမေ …မေမေ …စိတ်ပူမှာ စိုးလို့ပါ။”

ခင်မျိုးဆွေ လေပျော့လေး နှင့် ဝင်ပြောသည်။

“ ရဲလင်းက မပေးဘူးတဲ့ အန်တီမေ။ အဲဒါကို ကိုမင်းစိုး နဲ့ တိုင်ပင်ကြည့်တော့ ထောင်ကျရင်တောင် ၁ လ ၂ လထက် မပို ဘူးတဲ့။ ချုပ်ရက် ကို အဲဒီထဲက နှုတ်မယ်ဆိုရင် အမိန့်ချတာနဲ့ လွတ်မှာပဲတဲ့။ အချုပ်ထဲမှာ သူ အပြင်မှာ နေသလို နေရ ပါစေမယ်လို့ အာမခံလိုက်တယ်။ အန်တီ စိတ်မပူပါနဲ့။ ကျွန်တော်လည်း အားနေတော့ နေ့တိုင်း သွားကြည့်နေမှာပါ။”

အန်တီမေ့ ပုံစံက စိုးရိမ်မှုရှိနေပေမယ့် လုံးလုံးလျားလျား စိတ်ထိခိုက် သွားသည့် အနေအထားမျိုး မဟုတ်လို့ သန်း အောင် မြင့် စိတ်အေးသွားရသည်။ ခင်မျိုးဆွေ ကြည့်ရတာ အခုမှ သက်ပြင်းချနိုင်ပုံရသည်။ ဘာပဲ ပြောပြော ရဲလင်း ရောက်မလာ နိုင်သည့် ကိစ္စအတွက် အခိုက်အတန့် တခု အထိတော့ အဆင်ပြေသွားရပြီ ဖြစ်သည်။ ကျန်တာက ဟို ကိုမင်းစိုး ဆိုသည့် လူ၏ အပိုင်းသာ ရှိတော့သည်။

.............................................................

(၂၁)

လှဲနေရာမှ ထလာသော ကေသီက နံရံက အံဆွဲကို သွားဖွင့်သည်။

“ ဟင် … ထမင်းလည်း မလာသေးဘူး။”

“ ဆာနေပြီလား”

“ ဆာတယ်ရယ်လဲ မဟုတ်ပါဘူး။ ဒီလိုပါပဲ။”

ညည်းညည်းလေးပြောလိုက်ရင်း သူ့အိပ်ယာဆီ ပြန်လှည့်သွားသော ကေသီ့ တင်ပါး အောက်နားလောက်မှာ အနီရောင် အကွက်လေး တခုမြင်လိုက်ရသည်။ လတ်လတ်ဆတ်ဆတ် ပင် စိုစွတ်နေတာ သိသာ၏။

“ ကေသီ …တင်ပါး နောက်မှာ ပေနေတယ်။”

“ အော် .. အင်း ..အင်း”

လက်နှင့် နောက်ပြန် စမ်းကြည့်လိုက်ရင်း ဘာမှမဖြစ်သလို ပြောလိုက်ပေမယ့် ကေသီ တွေတွေလေး ဖြစ်သွားသည်။

“ အဲဒါ ဟိုဟာလား။”

သူတို့ နှစ်ယောက် အခြေအနေက ရှက်စရာလည်း မကျန်တော့ပြီမို့ ရဲလင်း သိလိုရာကို ခပ်တည်တည်ပင် မေးကြည့် လိုက် သည်။

“ ဟုတ်တယ်။ ဒီလောက် စိတ်ရောလူရော ဒုက္ခရောက်နေချိန်မှာမှ သူက လာရသေးတယ်။”

“ ကေသီ ဘယ်လို လုပ်မလဲ”

“ ဘယ်လို လုပ်မလဲ၊ ဒီတိုင်းပဲ ထားရတော့မှာပေါ့၊ သိပ်များလာရင်တော့ ရေဆေးလိုက်မယ်။”

ရဲလင်း ခေါင်းထဲမှာ စိတ်ကူး တခု ပေါ်လာတာကြောင့် အပေါ်က ကင်မရာဖက်သို့ လှည့်၍ အသံ ခပ်ကျယ်ကျယ် ဖြင့်

“ ဟေ့လူတွေ၊ ဒီမှာ ကောင်မလေးက ရာသီလာနေတယ်။ ဒီတိုင်းထားရင် ရောဂါဖြစ်ကုန်ဦးမယ်။ ခင်ဗျားတို့ ဘယ်လိုလုပ် ပေးမလဲ။”

“ အို …ဘာလို့သွားပြောတာလဲ”

“ စမ်းကြည့်တာပါ။”

ရဲလင်း ထင်သည့် အတိုင်းပင် စပီကာဆီက “ခန စောင့်” ဆိုသည့် အသံထွက်လာ၏။ ခနနေတော့ အပြင်ဖက်က ခြေသံလို လိုလို ကြားလိုက်ရပြီးနောက် စပီကာက အသံထွက်လာသည်။

“ ကောင်မလေး အံဆွဲကို ဖွင့်လိုက်”

ကေသီ သွားဖွင့် ကြည့်လိုက်ရာ အမျိုးသမီးသုံး ဂွမ်းထုပ် ပါကင်ထုပ်တခုကို အတွင်းခံဘောင်းဘီ အသစ်စက်စက် တထည် နှင့် ပတ်၍ ထည့်ထားသည်ကို တွေ့လိုက်ရသည်။ ကေသီ အထုပ်ကလေး ကိုင်ပြီး ရေချိုးခန်းထဲ ဝင်သွားသည်။ တော်တော် ကြာတော့ တွေးတွေး ဆဆ ပုံလေးဖြင့် ပြန်ထွက်လာ၏။

“ ကျွန်တော် စဉ်းစားနေတာ”

“ ကေသီလည်း စဉ်းစားမိတယ်။”

“ ဘာကိုလဲ။”

“ ကဲပါ ရှင် အရင်ပြော။”

“ သူတို့ဆီမှာ အဲဒါတွေ ဘာလို့ အဆင်သင့် ရှိနေရတာလဲ။ ပြောလိုက်ပြီး သိပ်မကြာခင် ရောက်လာတယ်ဆိုတော့၊ တခြား ကနေ သွားဝယ်ရတာမျိုး မဟုတ်ဘူး။ အဲဒီတော့ ဒီအနီးတဝိုက်မှာ မိန်းမတွေ ရှိလိမ့်မယ်။ သူတို့ထဲမှာလည်း မိန်းမတွေ ပါ ချင်ပါနေလိမ့်မယ်ဗျ”

“ ဒါပဲလား”

“ အင်း …ကျန်တာတော့ ဆက်မစဉ်းစားတတ်တော့ဘူး။ အဟီး။ ဒါနဲ့ ကေသီ စဉ်းစားမိတယ် ဆိုတာ ဘာလဲ”

“ ကေသီတို့ ဒီထဲကို ရောက်တာ တလ ပြည့်တော့မယ်။”

“ ဟင် … ဘယ်လိုသိတာလဲ။”

“ အဖမ်းခံရတဲ့ နေ့က ကေသီ အဲဒါ လာပြီးခါစ နောက်တရက်လေ။ အခု ဒီနေ့ လာတယ် ဆိုတော့ အချိန် တလနီးပါး ရှိသွားပြီ ဆိုတဲ့ သဘောပေါ့။”

“ ဖြစ်နိုင်တယ်။ ကျွန်တော် တွေးမိတာ ထက် ကေသီ သတိထားမိတာက ပိုလက်တွေ့ကျတယ်။”

တလလောက် ရှိပြီ ဆိုသည့် အသိက ရဲလင်းကို ငိုင်သွားစေသည်။

“ ဘာဖြစ်သွားတာလဲ”

မျက်စိမျက်နှာ ပျက်သွားသော ရဲလင်း နားမှာ ဒူးထောက် ထိုင်ချလိုက်ရင်း ကေသီက မေးသည်။

“ ကျွန်တော့် အမေ ခုလောက်ဆို ဆေးရုံက ဆင်းပြီထင်တယ်။ ကျွန်တော် အိမ်မှာ မရှိရင် သူရင်ကျိုးတော့မှာပဲ။ နှလုံးသာ ပြန်ဖောက်ရင် ဒုက္ခရောက်တော့မှာ။”

ရဲလင်းကို ဘယ်လို အားပေးရမှန်း မသိနိုင်အောင် ဖြစ်သွားသော ကေသီလည်း ရော၍ ငိုင်သွားသည်။ ထိုအချိန်တွင်ပင် အပေါ်က စပီကာထဲမှာ ငှက်ဆိုးထိုးသံ ကြီးတခု ထွက်လာသည်။

“ ထမင်းရ ပြီ၊ ထမင်းရပြီ။ မြန်မြန်စားကြ၊ ပြီးရင် ထုံးစံ အတိုင်း ပလွေမှုတ်ရမယ်၊ ပန့်ဆွဲရမယ်။ ငိုင်မနေကြနဲ့”



အပိုင်း ( ၃ ) ဆက်ရန် >>>>



Print Friendly and PDF

No comments:

Post a Comment