Friday, May 17, 2019

ဆူးခင်းလမ်း အပိုင်း ( ၁ )

ဆူးခင်းလမ်း အပိုင်း  ( ၁ )

နတ်ဆေး ရေးသည်။

အခန်း ( ၁ )

ကြယ်ကလေးများသည် မိုးကန့်လန့်ကာကြီးတွင်းမှ ပြူတစ်ပြူတစ် ငုံကြည့်ကြ၏။

ကြိတ်လျှက်ရိူက်မိသောကြောင့် မောက်ကြွသောရင်အုံအထက်ရှိ ပြုတ်ကျတွဲခိုနေသောကြယ်သီးကလေးသည် ဖျော့သောလရောင်နှင့်ဝင်းလက်သွား၏။ ခြံထောင့်ရှိဝါးရုံပင်အိုသည် တစ်ဖက်ခြံမှစကားပင်ပျိုအား လေအတုံ့တွင် ငုံလျက် နမ်းရိူက်စော်ကား၏။ စကားရွက်ကလေးများသည် လေအဟပ်တွင် ဆတ်ဆတ်ခါအောင် တိမ်မူးနေကြ၏။ ဝါးရုံပင်အောက်၌ချွေးစို့နေသောယောင်္ကျားပျို၏လက်တစ်ဖက်သည် တရိူက်မက်မက်ဖိုနေသေးသော မိန်းမပျို၏နောက်ဆီမှ နွမ်းလျသေးသွယ်သောခါးကို ညင်သာစွာသိုင်းဖက်လိုက်သည်.။

" ထား..စိတ်စိတ်ဆိုးသွားပလား..."

ယောင်္ကျားပျို၏ပူနွေးသောအာငွေ့သည် သင်းပျံ့ပျံ့ဝီစကီနံ့နှင့်ရောလျက် ထားမေ၏ နီထွေးသော ပါးအိုကလေးကို တိုးတိတ်စွာရိုက်ခတ်လာ၏.။

" ထား စိတ်ဆိုးရင်ကြိုက်သလိုအပြစ်ပေးတော့ ကို ခံဖို့အသင့်ရှိတယ် ကဲဘယ်လိုလုပ်မလဲ ထုမလား ရိုက်မလား သတ်မလား ..."

ယောကျာၤးပျိုသည် သိုင်းဖက်ထားသော ထားမေ၏ ခါးကိုတစ်ချက်မျှ ခပ်သာသာလှုပ်၍မေး၏ ။ ထားမေသည် ဆင့်လျှက်ဆင့်လျှက် အရှည်ကြီးတစ်ခါရိူက်သည်။ ထိုနောက်ယောင်္ကျားပျို၏လက်ကို ရုန်းထွက်ပြေးသွားမည်စိုးသကဲ့သို့ ဖျစ်ညှစ်ဆုတ်ကိုင်ထား၏.

" ပြောပါ ထား..ပြောစမ်းပါ ကို မှားတာပဲလေ .ကိုကို ကမကောင်းပါဘူး .....ကို မချုပ်တည်းနိုင်ခဲ့ဘူး ကို လူညံ့ပဲ ..."

ယောင်္ကျားပျိုသည် မိမိကိုယ်ကိုပြောရင်း ဒေါသဖြစ်လာသကဲ့သို့ မိမိ၏လက်ကို ထားမေ၏ ခါး မှ အထိတ်တလန့် ရုပ်သိမ်းလိုက်၏။ ထားမေသည်ယောင်္ကျားပျို၏ လက်ကို ဖျစ်ညစ်ဆွဲယူထားရင်း ဖက်မြဲဖက်စေလျက် မိမိ၏ နူးညံ့သော လက်ဖဝါး အိအိဖြင့်အပေါ်မှဖိထားလေ၏.။

ချိုထောင်သောလကလေးသည် မှိတ်တုတ်မှိတ်တုတ် ဝိုင်းအုံကြည့်နေကြသော ကြယ်အုပ်ကြီးကိုအားကျကာ အနောက်ဘက် သစ်ရိပ်တွင် တွဲလွဲခိုလျှက် ချစ်သူနှစ်ဦးကို ဆောင့်ကြည့်နေလိုက်သေး၏။ ချစ်သူနှစ်ဦးတို့သည် စံပယ်ရုံဘေးမှဝှေ့ယမ်းလာသော လေကို ရူရိူက်ရင်း တိတ်ဆိတ်နေကြ၏ ။

ထားမေ၏ အသက်ရူသံသည် ဝေးလံသော ခရီးကြမ်းတစ်ခုကို ဖြတ်ပြေးလာသကဲ့သို့ ပြင်းထန်ဆဲ ရှိသေးသည်။ ထားမေသည် မိမိပါးပြင်ပေါ်တွင်ယောကျာၤးပျိုအသက်ရူလိုက်တိုင်း နွေး၍နွေး၍လာသော နှာငွေ့ကိုပင် သတိထားမိနေ၏။ ထားမေ၏အာရုံကြောတို့သည် ပိုမိုထက်မြတ်နေကြလျက် တွေ့ထိသမျှအရာတို့ကို ဖျဉ်းဖျဉ်းသိမ့်မျှ ခံစားနိုင်စွမ်းရှိလေ၏။

" ထား..."

" ရှင် ..ကို "

တိုးတိတ်သော လေသံသည် ချစ်လိုစဖွယ် ညင်သာစွာပေါ်ထွက်လာ၏.

" ပြောပါအုံး ကို့ကို သိပ်စိတ်ဆိုးသွားပလား..."

လေသံနှင့်ပြောသောကြောင့် နွေးခနဲအာငွေ့လေး ဟပ်လာရာမှ ယောကျာၤးပျိုက ပါးချင်းကပ်လိုက်၏။ နီလွင်ပြည့်ဖောင်းသော နှုတ်ခမ်းစုံသည် နှင်းဆီအငုံလေးပွင့်တော့မည်ကဲ့သို့ ရွရွမျှလှုပ်ရှားလျက် မောဟိုက်သောရိူက်သံကလေးသာ ညင်သာစွာထွက်ပေါ်လာရ၏။ ယောင်္ကျားပျိုသည် ပါးချင်းခွာလျက် ငုံ့ကြည့်မိရာမှ အားမလိုအားမရ ဖြစ်လာသောကြောင့် မျက်နှာချင်းဆိုင်မိအာင် ကြိုးကြမ်းစွာဆွဲ၍လှည့်လိုက်၏။ ထိုနောက် မိန်းမပျို၏မေးဖျားကို လက်တစ်ဖက်ဖြင့် ဆွဲယူပင့်တင်လိုက်၏.။

သူပြုတိုင်းနုနေမိရှာသော မိန်းမပျို၏ လှသောမျက်နှာမှာ တပ်မက်စွာ လဲ့ဝင်းလျက်ရှိသည့် မျက်လုံးစုံတို့သည် ကောင်းကင်မှ ကြယ်ရောင်တို့နှင့် အပြိုင် ဝင်းပလျက်မော့ကြည့်လာ၏.။ယောင်္ကျားပျိုသည် မိန်းမပျိုအား ပွေ့ပိုက်ဆွဲယူလျက် ရင်းချင်းအပ်စေပီးနောက် မျက်နှာချင်းကပ်ခါ နှုတ်ခမ်းချင်းထိလုလုပြုပီးလျှင် ရင်မှထွက်လာသည့်လေသံဖြင့် စကားဆို၏.။

" ကို လေ သိပ်ချစ်လွန်းလို့သိလား ...."

မိန်းမပျိုသည် ဘာမျှပြန်မပြောပဲ ယောင်္ကျားပျိုကို ပို၍တင်းကြပ်စွာဖက်လိုက်၏.ယောင်္ကျားပျိုသည် မိန်းမပျို၏ မျက်နှာကို မျက်နှာချင်းခွာကြည့်ရာမှ နှုတ်ခမ်းချင်းဖိကပ်နမ်းစုပ်ပြန်၏.မိန်းမပျိုသည် ယောင်္ကျားပျို၏ ပခုံးသားကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်လိုက်မိရာမှ ညည်းသံနှင့်အတူယောင်္ကျားပျိုကို အားပြုလျက် နွမ်းလျစွာ မှီကျသွားသည်.။

ယောင်္ကျားပျိုသည် မိန်းမပျိုကို ပွေ့ပိုက်ရင်း စံပယ်ရုံဘေးရှိ မြက်ခင်းပေါ်တွင် နောက်တစ်ကြိမ်ထိုင်မိကြပြန်သည်.စောစောကကဲ့သို့ပင် ပြင်းပြင်းထန်ထန် ရင်ခုန်လာရပြန်၏.။ထိုနောက်ချစ်သူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦးမျက်နှာချင်းခွာလျက် ကြယ်ရောင်တွဲတွဲလဲ့လဲ့သာမြင်ကြရသော မျက်လုံး အချင်းချင်းကို တရိူက်မက်မက်နှင့် စိမ်းစိမ်းကြည့်ကြပြန်၏.။

တိတ်ဆိတ်နေသောချစ်သူနှစ်ယောက်၏နားထဲ၌ ရင်ခုန်သံက ပိုမိုပြင်းထန် ကျယ်လောင်နေသည်. ယောကျာၤးပျိုသည် မိန်းမပျိုရှိရာသို့တိုးဖိခါ နောက်တစ်ကြိမ်နမ်းစုပ်ပြန်သည်. မိန်းမပျိုသည် ယောကျာၤးပျိုကို ရှိသမျှအင်အားကလေးနှင့် သိမ်းကြုံးဖျစ်ညှစ်ထား၏. မိန်းမပျို၏မျက်လုံးစုံသည် ယောကျာၤးပျို၏ ပခုံးကို ကျော်လွန်လျက် နက်ရိူင်းသောကောင်းကင်ပြင်မှ မှုန်ဝေဝေနဂါးငွေ့တန်းကြီးရှိရာသို့ အမှတ်မထင်ငေးစိုက်မိ၏.။

မိန်းမပျိုသည် ထို နဂါးငွေ့တန်းကြီးပေါ်သို့ရောက်ရှိနေကာ အသဲတစ်အေးအေးနှင့် ဖိုလှိုက်စွာ ပြေးခုန်ကူးသန်းနေ၏.အဆုံးစမရှိသောကောင်းကင်ပြင်ဝယ် အသဲတစ်အေးအေးနှင့် ပြေးခုန်ဖိုလှိုက်ရလွန်းသောအခါ နဂါးငွေ့တန်းကြီးသည် ဝိုးတဝါး ဖြစ်လာပြန်၏. ထိုစဉ်ချိန်၌ ကြယ်ကလေးများသည် ခြေအောက်မှ တရိပ်ရိပ်ပြေးထွက်ခုန်သောကြောင့် ရင်ထဲတွင်တဟာဟာနှင့်မျက်လုံးမှိတ်လျက် ညည်းသံနှင့် ရိူက်ငင်နေရသည်.။

လဟာပြင်ကြီးမှ ခြေလွတ်လက်လွတ် ကျဆင်းလာသည်ဟု ထင်မှတ်လိုက်ချိန်တွင် လျှပ်စစ်အမိခံလိုက်ရသူကဲ့သို့ တစ်ကိုယ်လုံးလှုပ်ရှားသွားလျှက် အသက်ရူရပ်နေမိသည်.။ဖြူလွသောတိမ်တိုက်ကြီးများကို အားပါးတရပွေ့ပိုက်ဖျစ်ညှစ်ရင်း မောဟိုက်မိန်မောနေစဉ်တွင်ကောင်းကင်ပြင်ကြီးဝယ် စိန် ပွင့်ကလေးများ ဆုတ်ကြဲထားဟန်ရှိသော ကြယ်ပြောင်ကလေးများကို ပြတ်ပြတ်သားသား မြင်မိလာရပြန်သည်.။ထိုချိန်မှမိန်းမပျိုသည် ယောင်္ကျားပျို၏ မျက်နှာကို စိမ်းစိမ်းစူးစူးအလိုလို စိုက်ကြည့်မိ၏.။

" ကို....ရယ် "

မင်ရည်တွဲတွဲ ယဲ့ယဲ့မျှပေါ်သော ယောင်္ကျားပျို၏ မျက်နှာကို နုသောလက်ဖဝါးငယ်ဖြင့် တယုတယကိုင်တွယ်စမ်းသပ်ရင်း မိန်းမပျိုကခေါ်လိုက်၏.။ယောင်္ကျားးပျိုသည် မိန်းမပျို၏ ပြည့်ဝသော နှုတ်ခမ်းစုံကို မထိတထိနမ်း၍တုန့်ပြန်သည်. ထိုနောက် မြက်ခင်းပေါ်သို့ ခြေပစ်လက်ပစ် ပက်လက်လန်ချလိုက်၏.ထားမေသည် နေရာမှ လူးလဲထရင်း ယောင်္ကျားပျို၏ မျက်နှာကိုအပေါ်မှ စီးကြည့်လျှက် ထပ်ခေါ်၏.။

" ကို..."

" ထား..."

" ကို..ထား....ကို အထင်သေးသွားပီလား..ကို....ရယ် "

ယောင်္ကျားပျိုသည် ထားမေ ၏ မျက်နှာကို မိမိမျက်နှာဆီသို့ ဆွဲယူနမ်းရိူက်လိုက်ပီးနောက် နေရာမှ လူးလဲထ၏.။ထိုနောက် နှစ်ယောက်အတူယဉ်ထိုင်လိုက်ကြပီးလျှင် ထား ၏သေး ငယ်သောခါးကို ဆွဲယူလိုက်ခါ မိမိနှင့်ပူးကပ်ထိုင်စေ၏.။

" ကဲ..ပြောစမ်းပါအုံး ဘာဖြစ်လို့ ကို...က အထင်သေးရမှာတုန်း ..."

" ထား...လေ ထား..ကို အထင်သေးသွားမှာကြောက်နေတယ်..ပီးတော့ ထား..ကိုပစ်သွားမှာလည်း..ကြောက်နေမိတယ်..."

" ကို...ယောကျာၤးပါကွာ..ကိုလေ ဘယ်သူစကားမှနားထောင်ဖို့မလိုဘူး ...ကို့ကို ယုံပါထားရယ်... ကို့..ဖေဖေဆိုတာ...စကားထဲကို..ထည့်မတွက်နဲ့ အမြဲကို့ကို အလိုလိုက်ရတာ...မေမေကတော့ မရှိတော့ဘူးပေါ့..."

" အို...ကို...ရယ်...ထားကြောင့် စိတ်ထိခိုက်သွားလား...ဟင်.."

" လူ ဘဝဆိုတာ..ဒီလိုပါပဲ ထား...ရယ်..."

" ထား...လေ ကို့ကို..သိပ်ချစ်တယ်..ကို..နဲ့ခွဲရမှာကို...သိပ်ကြောက်တယ်..."

" ကိုလည်း...ထားလိုပါပဲ...ကွာ...ထားကို..အရမ်းချစ်တယ်...."

" ကို...ရယ်...."

ချစ်သူနှစ်ဦး အဝတ်စားကိုယ်စီ ပြန်လည်ဝတ်ဆင်ခဲ့ကြပီး နှစ်ဦးသား မျက်နှာချင်းဆိုင် ထ ရပ်လိုက်ကြ၏.။ပီးနောက် ယောကျာၤးပျိုမှ ထားမေ ၏ ဝင်းအိမွတ်သိမ့်သော ပခုံး နှစ်ဖက်အား ကိုင်ခါ အိမ်ပြန်ချိန် နှုတ်ဆက်အနမ်း အပြန်အလှန်ချွေကြပြန်သည်.။ပီးနောက် တစ်ဦး၏မျက်နှာကိုတစ်ဦး တက်မက်ကြည့်လျှက် ချစ်သူနှစ်ဦး၏ နှုတ်ဆက်စကားဆိုကြလေ၏.။

" ကို ...ထား...ပြန်တော့မယ် ညလည်းနက်ပီ..."

" ဒါဆို ကို လိုက်ပို့မယ်လေ.."

" နေပါစေ ကို ရယ် ထားပြန်တတ်ပါတယ် ..."

" ထား..."

" ရှင်.."

" သိပ်ချစ်တယ် ထား...ရယ် ..."

" ကို...ရယ်.."

ချစ်သူနှစ်ဦး တစ်ဦးကိုတစ်ဦး တင်းကြပ်စွာပွေ့ဖက်ထားကြလေ၏.။အိမ်ပြန်ချိန် နှုတ်ဆက်အနမ်းများဖြင့် ဖြေသိမ့်ပီးသောအခါ နှစ်ဦးသားကျောခိုင်း၍ ထွက်သွားကြလေတော့သည်.ကောင်ကင်ပြာမှ ကြယ်ကလေးများလည်း ရင်တဖိုဖိုနှင့် အိပ်တန်းဝင်ကုန်ကြပီ ထားမေတစ်ယောက်လည်း ချစ်ရည်ရွန်းလဲ့သော ပန်းခင်းလမ်းရဲ့အငွေ့သက်များဖြင့် ရင်တဖိုဖို နှင့် ပင်ပန်းနွမ်းလျစွာ အိပ်တန်းတတ်ခဲ့ လေတော့သည်...။

.....................................................................................................

အခန်း ( ၂ )

ဖေဖေဦးမြင့်လွင်၏ အကြောင်းကို ထားမေ အလွန်အမင်း သိချင်နေသည်. ဖေဖေ ဦးမြင့်လွင် သေဆုံးချိန်တွင် ထားမေ မှာ ၄ နှစ်သမီး အရွယ်မျှသာ ရှိသေးသည်.။

ယခု လွန်ခဲ့သော ၁၅ နှစ်ခန့်က သေဆုံးသွားခဲ့ပီဖြစ်သော ဖေဖေ ဦးမြင့်လွင်၏ အကြောင်းကို ဦးဒေဝ ဆိုသူ ကပြောပြမည်တဲ့ . သိလိုပါက သူ၏ စာတွင်ပါရှိသည့်အတိုင်း လာခဲ့ဟု ဦးဒေဝ ဆိုသူက ထားမေ ထံသို့ စာတစ်စောင်ပို့ ခဲ့၏.။မေမေ ထားမြင့်ခင် သည် ကွယ်လွန်သွားသည်အထိ ဖေဖေဦးမြင့်လွင် အကြောင်းကို မပြောခဲ့ပေ.မေမေ ကွယ်လွန်သည်မှာ ထားမေ ၁၇ နှစ်အရွယ်တွင် ရှိပီး လွန်ခဲ့သော သုံးနှစ်ခန့်က ကွယ်လွန်သွားခြင်းဖြစ်သည်.။

မေမေထားမြင့်ခင်၏ ညီမအရင်းတစ်ယောက် ထားမေ၏ အဒေါ်အရင်းခေါက်ခေါက် ဒေါ်ဒေါ် ထားမြင့်ဆွေ မှ ထားမေကိုဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပေးရင်း ယခုဆို ထားမေ အသက် ၁၉ နှစ်ကျော်ပီး ၂၀ ထဲသို့ဝင်နေပီဖြစ်သည်.။ဦးဒေဝ ထံ မှ စာရောက်ချိန်တွင် ထားမေ ၏ အဒေါ် အိမ်တွင်မရှိပေ.။

ဒေါ်ဒေါ်သည် ဆရာဝန်၏ ညွှန်ကြားချက်အရ မြင်းခြံ မြို့တွင် သူမ၏ ဝေဒနာ အရ သွားရောက်နေထိုင်ရ၏ . ဒေါ်ဒေါ်ဆွေတွင် အဆုတ်ရောင် ရောဂါရှိထားသည် .ယခုလို မိုးတွင်း ဝယ် မိုးများသော ရန်ကုန်၌ စိုစွတ်ထိုင်းမှိုင်းသော ရာသီဥတုတွင် မနေသင့် မြင်းခြံတွင် မိုးတွင်းကာလ သွားနေသင့်သည် ဆိုခြင်းကြောင့် အန်တီဆွေ မြင်းခြံသို့သွားနေရခြင်းဖြစ်သည်.။

အန်တီဆွေ ရောဂါကျေးဇူးကြောင့်ဟု ဆိုရမည်လား မသိပေ အန်တီဆွေ ၏ ပင်တိုင် ဆရာဝန်လေး မှာ ထားမေ၏ အချစ်ကို ရယူနိုင်သူ ထိုပြင် လွန်ခဲ့သော တစ်လ လောက်က လသာသော ညဘက် ၌ ချစ်ကြည်နူးခဲ့ ကြသည့် ပူပူနွေးနွေး ချစ်သူလေး ကိုကိုဇော်ပင် ဖြစ်သည်.။ကိုကိုဇော်နှင့် ထားမေ မတွေ့ရသည်မှာ တစ်ပတ်ကျော်ကျော် ရှိပီဖြစ်သည်.။ထားမေသည် အန်တီဆွေနှင့် လိုက်မသွားနိုင်ပါ ယခု ရန်ကုန် ၌ တတိယနှစ် ဒဂုံတက္ကသိုလ် တတ်ရောက် လျက်သားတန်းလန်းကြီးဖြစ်နေသည်.။

တက္ကသိုလ်အနီး ရှိ ကမာရွတ် အမျိုးသမီးဘော်ဒါဆောင် ၌ နေရသူဖြစ်သည်.။ဘာကြောင့်မှန်းမသိ အန်တီဆွေက လည်း ဖေဖေ ဦးမြင့်လွင် အကြောင်းကို ထားမေအား မပြောခဲ့ဖူးပေ.။ထိုကြောင့် လွန်ခဲ့သော ၁၅ နှစ်ခန့်က ကွယ်လွန်သွားသော ဖေဖေ ဦးမြင့်လွင်အကြောင်းကို သိချင်စိတ် ပြင်းထန်ခဲ့သည်။

ယနေ့မှ ထူးထူးခြားခြား မိမိအမည်ဖြင့် စာတိုက်ပုံးမှ ရရှိသော ပထမဆုံး စာ ကို ဖတ်ရူရခြင်းဖြစ်သည်.။လာချင်လွန်း၍ လာခဲ့ရသည်.ထားမေကြောက်တော့ကြောက်ပေသည်. မအူကုန်း လမ်းဆိုစေကာမူ ဦးဒေဝ ၏ ခြံအမှတ် သည် အလမ်း အစွန်ပိုင်း ဝေးသီ ပေဖျားရောက်နေ၏. ကတ္တရာလမ်းကြီးနှင့်ဝေးလွန်းလှသည်.။

ဦးဒေဝ ၏ ခြံအမှတ်ဆိုလျှင် တံခါးမှာ ဝါးတိုင်နှစ်တိုင်အပေါက်ညီစွာဖောက်ပီး ဝါးလုံးတန်း သုံးတန်းထိုးထားသော ခြံတံခါးသာဖြစ်သည် .အခိုင်အခန့်နှင့်အလှအပမရှိပေ.ခြံကြီး၏ အလယ်တွင် ပျဉ်ကာသွပ်မိုး တစ်ထပ်အိမ်ကလေးရှိသည်.။

ဤအိမ်နှင့်ဤခြံဝန်းထဲသို့ ဝင်ရောက်သွားရန် ထားမေ ဝန်လေးနေမိသည်.ကြောက်ရွံ့နေမိသည်.။အို.....ရောက်လာမှတော့မထူးဘူး ဆိုပီး စိတ်ကိုဇွတ်တင်းကာ ဝါးတံခါးတန်းကိုဖြုန်၍ ဝင်လာခဲ့၏.။ပျဉ်တောင်အိမ်တံခါးမှာ ပိတ်ထား၍ ထားမေ ဖွဖွလေးတံခါးကိုခေါက်လိုက်လေ၏.ချက်ချင်းတံခါးပွင့်လာပေသည်.။

" လာ...လာ...ကျုပ်ကတွက်ပီးသားပါ ဘယ်နည်းနဲ့ မဆို ထားမေဆိုတဲ့ မိန်းခလေး ကျုပ်ဆီကိုရောက်လာရမယ်လို့..."

" ဦးဒေဝ ဆိုတာလား..."

" ကျုပ်ပါပဲ ဒေဝဆိုတာ ကျုပ်ပါပဲ မိန်းခလေး လာ..လာ..လာ..အထဲကိုဝင်..."

ထားမေအိမ်ထဲသို့ဝင်ခဲ့၏ . ထားမေ၏စိတ်ဝယ် ယခုတွေ့ရသော ဦးဒေဝ ဆိုသောလူကြီးကို နှစ်သက်ခြင်းမရှိပေ. ဦးဒေဝ၏ ပြောဟန်ဆိုဟန် နှင့် ရုပ်ဆင်း အဂါၤ တို့ကို မနှစ်သက်ခြင်းဖြစ်ပါ၏. ဦးဒေဝသည် အသက် ၅၀ ခန့်ရှိနိုင်သည်.တုတ်ခိုင်သော ခန္ဓာကိုယ်မျိုးရှိသည် . အရပ်ပုသောကြောင် ဂင်တို ဟုခေါ်နိုင်သည် . အသာညိုယုံမက ကြမ်းသောအသားရည်မျိုးရှိသည်.မျက်ပေါက်ကျဉ်းပီး နှုတ်ခမ်းထူသည်.ဦးဒေဝ ၏ ပြောဆိုဟန်သည် ရောက်ရှိသောအသက် ရွယ်နှင့်မလိုက်အောင်တည်ကြည်ခြင်းမရှိပေ.ကလက်သောအမူယာရှိနေသည်.။

ထားမေ အိမ်ထဲဝင်သည်နှင့် ဦးဒေဝ တံခါးကို ချက်ချင်းပြန် ပိတ်လိုက်၏. အိမ်ထဲတွင် နှစ်ပေမီးချောင်းထွန်းထားသည် . နှစ်ပေမီးချောင်းမှာ လင်းအားနည်းလှသည်. မီးက ပျဉ်ထောင်အိမ်ကိုရောင်ပြန်မဟပ်သောကြောင့် ခပ်မှောင်မှောင်ရှိနေသည် .။အိုမင်းဟောင်းနွမ်းသော....ဆက်တီကုလားထိုင်တစ်စုံလည်းရှိနေ၏.။

" မင်းမိုးကာအင်္ကျီချွတ်ထားပါလား ထားမေ အိမ်ထဲမှာ အိုက်စပ်စပ်ကြီး နောက်ပီး..ကျုပ်ကပြောစရာစကားတွေ ..အများကြီး..တော်တော်ကြာအောင်ပြောရမှာ.."

" ကျွန်မ အကြာကြီးမနေနိုင်ဘူး ဦးလေး ညစာအမှီ အဆောင်ကိုပြန်ရမှာ ..."

" မပူနဲ့..ထားမေ..ကျုပ်က ထားမေလာရင် စားသောက်ဖို့ အဆင်သင့်လုပ်ထားပီးသား ...နောက်ပီး ထားမေရဲ့အဖေ ကိုမြင့်လွင်အကြောင်းပြောရမှာ အရှည်ကြီး ...ကဲ ထားမေရဲ့ မိုးကာအင်္ကျီစက ရေစက်တွေ ကြမ်းပေါ်ကျပီး ရွဲကုန်ပီ ချွတ်လိုက်တော့လေ..."

ဦးဒေဝက သူကိုယ်တိုင်ပင် မိုးကာင်္ကျီချွတ်ပေးတော့မလိုနှင့် အနားသို့တိုးလာသောကြောင့် ထားမေလည်း ကိုယ်ပါသာပင် ဆွဲ၍ချွတ်လိုက်သည်.။

" အား...ပါး....ထားမေက ရုပ်ချောယုံတင်မကဘူး ကိုယ်လုံးကိုယ်ပေါက်ကလဲ တယ်..ကြည့်ကောင်းတာပဲ..အေးလေ မြင့်လွင်ကလည်း လူချော သူ့ဇနီး ထားမြင့်ခင့်ကလည်း မိန်းမချောဆိုတော့ သူတို့သမီးလေး ထားမေ သိပ်ချောသိပ်လှသိပ်ဖြောင့်ပီပေါ့..."

မိုးကာအင်္ကျီချွတ်လိုက်ပီမို့ မတ်တပ်ရပ်နေလျှင်မိမိ၏ ပင်ကိုယ်အလှ အမို့အမောက် ရိူက်ဖိုကြီးငယ် အတင်းအရင်းတွေကို ရပ်ပြနေသလိုဖြစ်မှာစိုးသောကြောင့် ထိုင်ခုံတွင်ချက်ချင်းထိုင် ချလိုက်လေ၏.။

" ကဲ...ထားမေ..ဘာစားမလဲ...ဘာသောက်မလဲ...."

" ဖေဖေဦးမြင့်လွင်အကြောင်းပဲသိချင်ပါတယ် ဦးဒေဝ..."

" သိရမယ်..သိရမယ် မြင့်လွင်အကြောင်းပြောချင်လို့ တမင်စာရေးခေါ်လိုက်တာ ....အဲ....စကားပြောရင်း .ပန်းသီးဝါးကြတာပေါ့..ဟုတ်လား..ဩစီပန်းသီးစစ်စစ်ကွဲ့..ထားမေလာရင်စားဖို့ တမင် တန်ဖိုးကြီးပေးဝယ်ထားတာ..."

ဦးဒေဝသည် ပန်းသီးကို အခွံ့နွှာ၍ ထားမေကိုကျွေးလေ၏.။

" ရော့.....စားပါထားမေ...."

မစားပဲနေပါက ဇွတ်ပါးစပ်ထဲ ခွံ့မည့်ပုံစံ ဦးဒေဝ ထံတွင် ရှိနေသဖြင့် ထားမေ တစ်စိပ်ယူစားသည်.။

" ကျုပ်ကိုတော့ ခွင့်လွတ်ပါ ထားမေ ကျုပ်က ညစာ စားခါနီးကျရင် တစ်ခွက် တစ်လေ သောက်တတ်လို့ပါ ..."

ပြောရင်းဖြင့် ထက်ဝက်ကျိုးနေသော အရက်ပုလင်း မှ ဖန်ခွက်ထဲသို့ အရက်ငှဲ့ ထည့်သည်.။

" ဖေဖေအကြောင်း ပြောပါတော့ဦးလေး..."

" ပြောမယ်....ပြောမယ်....ထားမေရဲ့အဖေ မြင့်လွင်နဲ့ကျုပ်က အရမ်းကိုရင်းနှီးကြတဲ့ သူငယ်ချင်းတွေပေါ့..."

" အဲ...မြင့်လွင်...ရွှေဘုံသာလမ်း...ဟိုတုန်းကဆို မဂိုလမ်းပေါ့....အဲဒီက အားတီးယား စိန်တိုက်မှာ အလုပ်လုပ်တယ်..ကျုပ်က စပတ်လမ်း ခုဆို ဗိုလ်အောင်ကျော်လမ်းက ဦးကာစင် ရဲ့ မီးခံသေတ္တာပြုပြင်ရောင်းဝယ်ရေးဆိုင်မှာအလုပ်လုပ်တယ် ပထမတော့ မြင့်လွင်ရော ကျုပ်ကော ရိုးရိုးသားသားလုပ်နေကြတာပါ "

ပြောရင်း အရက်ကို ငှဲ့၍သောက်ပြန်သည်. တစ်ခွက်ပီးတစ်ခွက်ဆင့်သောက် နေသော ဦးဒေဝ ကိုကြည့်၍ ထားမေ ဤ အိမ် ဤ နေရာသို့ ရောက်လာခဲ့ခြင်းဟာ မှားသွားပီလားဟု တွေးမိသည်.။

" အဲဒီ တုန်းက ထားမေရဲ့ အမေ ခင်ထားမြင့်ကလည်း အရွယ်ကောင်း ချောတုန်းလှတုန်း မြင့်လွင်သူ့မိန်းမကို မျိုထားမတက် ချစ်တဲ့ကောင်ပေါ့ .ဒါမဲ့ ငါတို့နှစ်ယောက်လုံးက လခစား သမားသက်သက်တွေဆိုတော့ တစ်လမှ ရတဲ့ လခလောက်ပဲ ရှိကြတယ်လေ .."

" ဖေဖေ က စိန်တိုက်မှာ ဘယ်လို အလုပ်မျိုးလုပ်လဲ ဦးလေး.."

" မြင့်လွင်က ပန်းထိမ်အလုပ်လုပ်တယ် စိန်တိုက်ကအကြီး ကြီး ရှေ့ဘက်မှာ စိန်အထည်လက်ဝတ်ရတာနာ အရောင်းဆိုင်ဖွင့်ထားပီး နောက်ဘက်မှာ ပန်းထိမ်လုပ်ငန်းထားရှိတယ်..."

" ဒီတော့ဘာဖြစ်လည်း ဆက်ပြောပါအုံး ဦးလေး..."

" မြင့်လွင်က သူမိန်းမကို ချို့ချိူ့တဲ့တဲ့ နဲ့ တင်းတောင်းတင့်တယ် မထားနိုင်တာကို ဘဝမကျဘူးလေ...ဒီကြားထဲ သမီး ထားမေ ကမွေးဖွားလာပီး သုံးလေးနှစ်အရွယ် တီတီတာတာလေးနဲ့ ချစ်စရာကောင်း တယ်...အေး...မြင့်လွင် ဟာ ဇနီးနဲ့သမီးကို သိပ်ချစ်တော့ ချမ်းသာကြွယ်ဝချင်လာတယ် ..."

" အော်.....ဖေဖေရယ်..."

ထားမေ တိုးတိုးလေရေရွတ်မိ၏.။

" တိုတိုပြောရရင် မြင့်လွင်က သူနဲ့အခင်ဆုံး သူငယ်ချင်းဖြစ်တဲ့ ငါ့ကို လာတိုင်ပင်တယ်..အာတီးယာစိန်တိုက်ကိုဖောက်ကြဖို့လေ..ကျုပ်ကသဘောတူလိုက်တယ် ဒါမဲ့ စိတ်ရောကိုယ်ပါ သဘောတူတာမျိုးတော့မဟုတ်ဖူး...ကျုပ်မှာသားမယားမရှိဘူး တစ်ကိုယ်ရည်သမား ...အေး...မှန်တာပြောရရင် မြင့်လွင်ကို ကူညီချင်စိတ်နဲ့ သဘောတူလိုက်တာ...ဦးဒေဝပြောနေပုံမှာ ယခု ထားမေကပဲ ဖေဖေ့ကို ကူညီလို့ ကျေးဇူးတင်လှပါတယ်ဟု ပြောစေချင်ပုံရနေ၏.။

" ဒါမဲ့ အဲဒီ လျိူဝှက်အခန်းရဲ့ သော့နဲ့ မီးခံသေတ္တာကြီးကိုဖွင့်ဖို့ကျပြန်တော့ မြင့်လွင် မစွမ်းဆောင်နိုင်ဘူးလေ.."

အရက်ထပ်မော့ပြန်၏. ငါးသုံးလုံး စီးကရက်ကို ဖွာပြန်၏.အစထဲက ဦးဒေဝ ဟာ ဒီလိုလူစားမျိုးမှန်း ထားမေသိထားလျှင်ဖေဖေ့အကြောင်းကိုမည်မျှစိတ်ဝင်စားစေကာမူ ဦးဒေဝ လိုလူကို တွေ့ဆုံစကားပြောမည်မဟုတ်ပေ.။ဦးဒေဝ ဟာ ဖေဖေ့သူငယ်ချင်း ဖေဖေ့လို့ တည်ကြည်သောစိတ် ဓာတ်မျိုးရှိ မည်ဟု ထင်ခဲ့ မိသည်က သူမ ၏ အမှားပင်ဖြစ်သည်.ယခုပြောဆိုနေသော ဦးဒေဝကို ထားမေ ရွံ့လာမိ၏. ကြောက်လာမိ၏.သို့သော် ရောက်လာပီး ပီ မတတ်နိုင်တော့ပေ.။

" ဟဲဟဲ...ဘယ်လို သေတ္တာသော့ အခန်းသော့ဖြစ်ဖစ် ကျုပ်က ဖွင့်နိုင်တယ်လေ အတတ်ပညာပေါ့...သူဌေးကလည်း စိန်တိုက်ကို မနက်သွား ညပြန်လေ သူ့ရတနာတွေကိုတော့ ပြန်ယူမသွားဘူးလေ...သူတို့ လုံးချင်းနဲ့နေကြသူတွေ ဓားပြတိုက်မှာလည်းကြောက်တာပါမှာပေါ့ နောက်ပီး လမ်းမှာ ရတနာတွေအလုခံရမှာလည်းကြောက်တာပါလိမ့်မယ်...အဲဒီချိန်က ပျမ်းမျှ တန်ကြေး တစ်သောင်းကျော်ရှိတယ် သူဌေးက ရာနဲ့ချီပိုင်တာ ..ခုခေါတ်နဲ့တွက်ရင် သိန်းပေါင်း ထောင်သောင်းလောက်ရှိလိမ့်မယ်...လုံခြုံမှုလည်းသိပ့်ကောင်းတယ် ရဲစခန်းနဲ့လည်း နီးတယ် အဆောင့်တွေလဲ အများကြီးချထားတယ်.....အေး...အတွင်းလူဖြစ်တဲ့ ငါနဲ့ နင့်အဖေ မြင့်လွင်နဲ့ပေါင်းလိုက်တဲ့အခါ စိန်တိုက်ကြီး ပွင့်သွားတော့တယ်...."

" အဲဒီ တော့ ဘာဖြစ်ကြလဲ ဦးလေး..."

ဦးဒေဝမှ ညည်းတွားလေသံဖြင့် ပြန်လည်ပြောလေ၏.။

" ဒါမဲ့ ညည်းအဖေ မြင့်လွင် သိပ်ကိုမိုက်တယ်...မီးခံသေတ္တာကြီးပွင့်လို့ ရတနာတွေယူပီး ပြန်အထွက်မှာ အစောင့် ညစောင့် ဒရဝမ်နဲ့ ပက်ပင်းတိုးတော့တယ် မြင့်လွင်က ဒရဝမ်ကိုအသေသတ်ပစ်လိုက်တယ်.."

" ဝင်လာတုန်းက ဒရဝမ်မရှိဘူးလား ဦးလေး...."

" ညနေလေးနာရီ အလုပ်ပိတ်ပီးတာနဲ့ ဂန်ဂျာလို့ခေါ်တဲ့ ဆေးခြောက်ထည့်လိပ်ထားတဲ့ ဘီဒီ ကုလားဆေးလိပ်တစ်ထုတ်စီစဉ်ထားပီး ညစောင့်ကိုပေးထားတယ် ညဦးပိုင်းမှာ ဂန်ဂျာဒီဘီကို ရူပီး အိပ်ပျော်နေတာပေါ့ ..ကျုပ်တို့ပြန်အထွက်မှ ဒရဝမ်က ဆေးခြောက်ပြေပီး မြင်တာနဲ့ စူးစူး ဝါးဝါးအော် တယ် ..အဲဒီမှာ မြင့်လွင်က ဒရဝမ်ကို သတ်ပစ်လိုက်တာပဲ..."

" ဖေဖေက လူသတ်တယ် ဟုတ်လား..."

" အဲဒီတိုင်းပဲ ထားမေ.."

" မဖြစ်နိုင်ဘူး မေမေကပြောတယ် ဖေဖေက စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတဲ့ ခြင်ကိုက်ခံရရင်တောင်မသတ်ပဲ မောင်းလွတ်တာတဲ့..."

" အေးလေကွယ် အဲဒါက သာမန်အနေထားလေ ခုက ဒရဝမ်နဲ့ ပက်ပင်းမိတာလေ ထောင်ကျနိုင်တယ်လေ ဒါကြောင့်မအော်အောင်နှုတ်ပိတ်ရင်း လက်လွန်သွားတာနေမှာပေါ့..."

" ထားပါတော့လေ ဦးလေးတို့ နှစ်ယောက်အတူသဘောတူလိုလုပ်ကြတာပဲ ..."

" နှစ်ယောက်အတူ ဒရဝမ်ကို မသတ်ခဲ့ဘူး ရတနာပစ္စည်လည်း တစ်ယောက်တစ်ဝက်ခွဲမယူခဲ့ရဘူး ဖြစ်ပုံကဒီလို..မီးခံသေတ္တာဖွင့်တော့ ကျုပ်လက်ထဲမှာ သော့ဖွင့်တဲ့ပစ္စည်ကိရိယာတွေနဲ့ မြင့်လွင့်က သေတ္တာကို ဆွဲယူသွားတယ် ဒရဝမ်ကိုပါသတ်ပီး တစ်ယောက်ထဲ အပိုင်စီးသွားတယ်..."

" ဖြစ်နိုင်ပါ့မလား ဦးလေး ဦးလေး လိုလူက ဖေဖေတစ်ယောက်ထဲ အပိုင်စီးသွားတာကို ငုံခံမဲ့လူစားမျိုးမှ မဟုတ်တာ.."

" မှန်တယ် ဖြစ်ရိုးဖြစ်စဉ်ဆိုရင်တော့ ဟုတ်တယ် ဒါမဲ့ ကျုပ်အစီစဉ်ထဲမှာ လူသတ်မဲ့အစီစဉ်မပါဘူး..မထင်မှတ်ပဲ သတ်လိုက်မိ့အခါ နောက်နေ့ကျရင် ပစ္စည်းတွေခွဲပီး ကိုယ့်လမ်းကိုယ်သွားလို့ လုပ်ခဲ့တယိ မြင့်လွင်က ရတနာသေတ္တာကိုယူသွားတယ်..."

" အော် ...ဒီလိုလား.."

" မအော် နဲ့ ကျုပ်နဲ့ မြင့်လွင် အဲဒီနေ့ညကစ ပီး ကနေ့ထိ လူချင်းပြန်မတွေ့တော့ဘူး ကျုပ် ရသင့်တဲ့ ဝေစုလည်း တစ်ပြားတစ်ချပ်မှ မရခဲ့ဘူး ..မြင့်လွင်လုပ်တာဘာမှ မသေသပ်ဖူး ..ဒရဝမ်းက ချက်ချင်းမသေသေးပဲ ရဲတွေရောက်တဲ့ထ် အသက်ရှင်နေသေးတယ် စကားပြောနိုင်သေးတယ် ဒီတော့ မြင့်လွင်သူ့ကိုသတ်ပါတယ် ပြောပီးသေသွားတယ် ...။

" အဲဒီနေ့ ဝေလီဝေလင်းမှာပဲ မြင့်လွင်ကို ရဲတွေမိသွားတယ်...ရဲတွေစစ်တော့ မြင့်လွင်ကဖော်ကောင်လုပ်တယ်လေ..အဲဒီတော့ကျုပ်က လွတ်ရာပြေးရတာပေါ့..ပြေးတာမှ ဟိုဘက်နိုင်ငံထိပြေးခဲ့ရတယ်.."

ထားမေက စိတ်မကောင်းစွာသက်ပြင်းချလိုက်သည်....တကယ်တော့ ထားမေ ဟာ သူမ၏ အမေသေဆုံးပီမှထိုအကြောင်းရာများကို သိခဲ့ရခြင်းဖြစ်သည်.။

" ဖေဖေအကြောင်းခုလိုကြားရတာ ကျွန်မ စိတ်မကောင်းပါဘူး ...ဦးလေး...ခုလိုတကူးတကခေါ်ပီးဖေဖေအကြောင်းကိုပြောပေးတဲ့ ဦးလေးကိုလည်း ကျေးဇူးတင်ပါတယ် ကဲ...ကျွန်မကိုပြန်ခွင့်ပြုပါအုံး..."

" ဘယ်ပြန်လို့ဖြစ်အုံးမလဲ...ထားမေ..."

" ရှင်..."

" ကျုပ်ပြောဖို့ကျန်သေးတယ်.."

" ဖေဖေအကြောငိးလား..:"

" ဒါပေါ့...ဒါပေါ့...."

" ကျုပ်ပြောပီးပီ နော် ကျုပ်က မြင့်လွင်ဖော်ကောင်လုပ်လို့ ဟိုဘက်နိုင်ငံထိပြေးခဲ့ရတယ် ...အဲဒီမှာပင်ပန်းကြီးစွာလုပ်ကိုင်စားသောက်ရတယ်..အဲ သိပ်မကြာသေးခင်ကပဲ နောက်တတ်လာတဲ့အစိုးရဟာ အမှူဟောင်းတွေကို ပလက် လိုက်တယ်..အဲဒီထဲမှာကျုပ်အမှု့က အချိန်ကာလပိုင်းခြား သတ်မှတ်ခံရလို့ ကျုပ်အမှု့ လွတ်ငြိမ်းနဲ့လွတ်လာခဲ့တယ် ...ဖြစ်ခဲ့ပီတာတွေ ပီးပီမို့ ကျုပ်မြင့်လွင်အပေါ် ဗွေယူတာ အာဃတထားတာတွေလဲ မရှိတော့ပါဘူး ...သူလည်းသေမိန့်ကျသွားပီပဲဟာ..."

" ဦလေး အနေနဲ့ ဖေဖေ့ပေါ် ဘာဗွေယူစရာရှိသေးလို့လည်း..."

" ရှိတာပေါ့ ထားမေ..ကျုပ်ကို ဖော်ကောင်လုပ်သွားတာတွေ အမှူထဲ ဆွဲထည့်တာတွေ ဒါတွေ ကို ကျုပ်ဗွေယူလို့ရတာပေါ့.."

" ဒါကတောဦးလေးရယ်..ရဲတွေကလည်း ဖေဖေ့ကို မဖော်ဖော်အောင်လုပ်တဲ့ နည်းလမ်းတွေကြောင့်ထင်ပါတယ် ...ဒီလိုတော့တစ်ဖက်သတ်မပြောပါနဲ့..."

" ကဲ ..ထားလိုက်ပါ..ကျုပ်အဓိက ဆိုလိုချင်တာကတော့..နှစ်ယောက်သဘောတူလုပ်ထားတဲ့ အရာတစ်ခုဟာ ခုချိန်မှာ သူက သေဒဏ်ကျတယ် ကျုပ်ကထွက်ပြေးရတယ် အစတည်းက ဒုက္ခနဲ့ ရင်းခဲ့တာခြင်းတူတူ ခုချိန်မှာ ခံစားခွင့်ရှိတဲ့သုခကိုတော့ ခံစားချင်တာပေါ့ကွယ်...."

" သုခ ဟုတ်လား ဘာသုခ လည်း..."

" ကျုပ်ပြောပီးသားပါ..မြင့်လွင်ဟာ သေဒဏ်ကျတဲ့ ထိ ရတနာသေတ္တာကို ရဲလက်ကိုမအပ်ခဲ့ဘူး...အဲဒီ သေတ္တာဟာ ခုချိန်ထိ မြင့်လွင်ရဲ့မျိုးဆက်ဖြစ်တဲ့ ဟောဒီက ထားမေဆီမှာ ရှိနေတယ်မလား.."

" ရှင်...."

" ခုချိန်မှာ ကုလားသူဌေးလည်း အိန္ဒိယကိုပြန်သွားပီ မြန်မာပြည်ပြန်လာဖို့လည်း မလွယ်တော့ဘူး ဒိတော့ ကျုပ်ရဲ့ ရသင့်ရထိုင်တဲ့ဝေစုဟာဆိုရင် အနှောက်ယှက်ကင်းကင်းနဲ့ ထားမေ ကျုပ်ကို ပေးနိုင်မယ်လိုယုံကြည်တယ်..."

" ရှင်..."

" မင်းဟာ တရှင်ရှင်နဲ့ ဘာဖြစ်နေတာလည်း..."

" ခု ဦးလေးပြောတဲ့ အရာတွေအားလုံး ကျွန်မ ဘာမှ မသိဘူး..."

" လုပ်မနေနဲ့ ထားမေ ကျုပ်အဝေးရောက်နေပေမဲ့ အားလုံးကို နားစွံ့ထားပီးသားပါ မြင့်လွင်ရဲလက်မအပ်ခဲ့ဘူးဆိုရင် ဒီသေတ္တာဟာ သူ့သမီးဖြစ်တဲ့ မင်းဆီမှာပဲ ရှိရမယ်..ထားမေ.."

" မရှိဘူး..သိလဲ မသိဘူး...အခုဦးလေးပြောမှ ကျွန်မအားလုံးသိရတာ. ..."

" ဒီလို အပြတ်မပြောနဲ့လေ..မင်းဆီမှာရှိကိုရှိရမယ်..."

နောက်ဆုံးတော့ ထားမေ ကို ဦးဒေဝ စာဖြင့်ရေး၍ ခေါ်ရခြင်း အဓိကအကြောင်းရင်းကို ထားမေသိလိုက်ပေတော့သည်...။

................................................................................................................

အခန်း ( ၃ )

ဦးဒေဝသည် အရက်ပုလင်းထဲရှိ လက်ကျန် အရက်ကို တစ်စက်မကျန်ဖန်ခွက်ထဲလောင်းထည့်ပီး ရေပင်မရောတော့ပဲ ဒိတိုင်းမော့ချလိုက်သည်.အရက်ကိုဘယ်လောက်သောက်သောက်အရက်အမူးလွန်သည့်ပုံစံမရှိပေ.

အရက်ကုန်အောင်သောက်ပီး သူ၏ အင်္ကျီ အိတ်ထဲက မိန်းမကိုင် ငါးလုံးပြူး သေနတ်လေးထုတ်ယူလိုက်သည်.ငါးလုံးပြူးသေနတ်မှာသေးသေးငယ်ငယ်နှင့် ကစားအရုပ်နှင့်ပင်တူသေးသည်.ယင်းသေနတ်အားစားပွဲခုံပေါ်တင်ထားလိုက်၏.သေနတ်လေး၏ ဒင်မှာ ဆင်စွယ်ကို ကနုတ်ပန်းဖော်ထားသော ဒင်လှလှလေးဖြစ်လေသည်.။

" မြင့်လွင်က သူဇနီးနဲ့သမီးကို သိပ်ချစ်တဲ့ကောင် ဒါကြောင့် ရတနာသေတ္တာကိုအရယူပီး အသေခံသွားတဲ့ကောင်ပါ..."

" တော်ပါတော့ ဦးလေး ဖေဖေ့အကြောင်း ကျွန်မ နားထောင်နိုင်စွမ်းမရှိတော့လို့ပါ..."

ဦဒေဝသည် စားပွဲပေါ်မှ သေနတ်ကိုကောက်ယူလိုက်၏.သေနတ်၏ပြောင်းဝကို ထားမေဘက်သို့ချိန်ထားလေ၏.။

" မင်းရဲ့အမေဟာ သူမသေဆုံးခင် ဒီရတနာသေတ္တာကို မင်းကိုပေးကိုပေးထားရလိမ့်မယ် လို့ ငါယုံကြည်တယ်.."

" အို...မပေးခဲ့ဘူး..မေမေဘာမှ မပေးခဲ့ဘူး တကယ်ပြောတာ.."

" ထားမေအနေနဲ့ဆို ဒီရတနာပစ္စည်းတွေကို ထုခွဲတတ်မှာမဟုတ်ဖူး တကယ်လို့ လုပ်လည်း အညာသမားနဲ့မိလိမ့်မယ် ဒီတော့ အဲဒီသေတ္တာကို ကျုပ်လက်ထဲကိုအပ်ပါ တန်ရာတန်ကြေးရစေရမယ် ကျုပ်ကတိပေးတယ် ဒါမဲ့ ကျုပ်ကိုတေ့ ထပ်ဝက်ပေးရမယ် အမှန်ဆို ကျုပ်လည်းတစ်ဝက်ပိုင်တယ်လေ..."

" တကယ်မရှိပါဘူး မေမေလည်း ဘာမှ မမှာကြားမပြောကြားသွားခဲ့ဘူး တကယ်ကို ကျွန်မဘာမှ မသိခဲ့ရဘူး ..."

ထိုနောက် ဦးဒေဝဟာ သေနတ်ကို ချိန်၍ ...ထားမေအား သွေးအေးအေးဖြစ်ပြောလေ၏.။

" ဟောဒီသေနတ်လေးဟာ..ငါးလုံးပြူးသေနတ်လို့ခေါ်ကြတယ် သူက ပြောင်းကျယ်တယ် ဒသ၁မနှစ်ငါးပဲ ရှိတယ် သူ့ကျည်ဆန်က ကျောက်တံအကြီးစား လုံးပတ်လောက်ပဲရှိတယ် ဒါမဲ့ အခု အနီးကပ် နှလုံးတိူ့ ဦးခေါင်းတို့ကိုတေ့ပစ်ရင် အပစ်ခံရသူသေစေနိုင်ပါတယ်..အသံကအခြားသေနတ်တွေလို..ဒိုင်း...ခနဲ အသံမထွက်ဖူး...ဝါးလုံးတစ်ခြမ်းခွဲသံလောက်ပဲထွက်တယ်..အခြားအနီးနားကလူတွေ ခြံကြီးတွေမို့ ဒီသေနတ်အသံကိုမကြားနိုင်လောက်ဖူး...."

ထားမေသည် နေရာမှ ဆတ်ခဲ ထရပ်လိုက်၏.မတ်တပ်ရပ်မိသည်နှင့် တံခါးပေါက်ရှိရာသို့ စွတ်ပြေးတော့၏.ဦဒေဝသည် ယိုင်ထိုး၍ ထားမေနောက်သို့ပြေး၍လိုက်လေ၏.သို့သော် ထားမေကိုသေနတ်ဖြင့်မပစ်ပေ ပစ်မိလျှင် မတော်တစသေသွားပါက ရတနာသေတ္တာလမ်းဆုံးသွားနိုင်လေသည်.။ထားမေသည် တံခါးပေါက်ကိုဆွဲ၍ ဖွင့်၏. ဖွင့်၍ မရ သော့ခတ်ထားလေသည် . ထားမေသည် ထွက်ပြေးပေါက်မရှိအောင်ပိတ်မိနေလေသည်.တံခါးကိုကျောမှီ၍ ဘာဆက်လုပ်ရမည်မသိပဲ ဖြစ်၍နေလေသည်. ဦဒေဝသည် ထားမေ ပခုံးကိုဆွဲပွေ့ကိုင်လိုက်၏...။

" အိုး....လွတ်....လွတ်နော်...."

" ဘယ်လွတ်တော့မလဲ ကျုပ်တစ်ချက်ခုတ်နှစ်ချက်ပြတ်လုပ်တော့မယ် ...ထားမေနဲ့ကျုပ်အခုညားလိုက်တာ အကောင်းဆုံးပဲ..."

" အိုး...လူယုတ်မာကြီး...အသက်ရွယ်နဲ့မလိုက်အောင်..ယုတ်မာတဲ့သူကြီး..."

ဦးဒေဝသည် ထားမေ ရုန်းကန်နေသည်ကို အားဖြင့်ဆွဲယူ၍ ထိုင်ခုံပေါ်သို့တွန်းလွတ်လိုက်၏.။

" အိုး....အေမ့...."

ထားမေသည် ဧည့်ခန်းစားပွဲဆီသို့ အရှိန်ဖြင့်ရောက်သွားကာ..ပက်လက်လဲကျသွားလေသည်.လဲကျရာတွင် စားပွဲခုံနှင့်တိုက်မိပီး စားပွဲပေါ်မှ အရက်ပုလင်းမှာအောက်သို့ မကွဲပဲလိမ့်ကျလာလေသည်.ထားမေသည် ပုလင်းလွတ်၏ အလယ်ကို ဆွဲကိုင်လိုက်၏.ဇောအမျိုးမျိုးကပ်နေသော ဦးဒေဝသည် ထားမေအနီးသို့ချဉ်းကပ်လာနေပီဖြစ်သည်. ထားမေဘာမျှမစဉ်းစားတော့ပဲ မိမိအရှက်နှင့်အသက်တွက် ငုံကိုင်းလာသော ဦးဒေဝ၏ ခေါင်းကို ပုလင်းနှင့်ရိုက်ချလိုက်တော့သည်..။

" အား......."

ပုလင်းကွဲအောင်အရိုက်ခံလိုက်ရသောကြောင့် ဦးဒေဝ၏ လက်ထဲရှိသေနတ်ပင်လွတ်ကျသွားလေ၏.ဤအခွင့်ရေးကို ထားမေ လက်လွတ်မခံပဲ လွတ်ကျသွားသောသေနတ်ကို ကောက်ကိုင်လိုက်ပီး ဦးဒေဝအား ပြန်၍ချိန်လိုက်လေသည်.။

" အော် မင်းက ဒီလိုလား...သိကြရောပေါ့....."

ဟုဆိုကာ ထားမေနားသို့ ထပ်၍တိုးကပ်လာပြန်၏.။

" ရှေ့တိုးမလာနဲ့နာ် ....ကျွန်မ တကယ်ပစ်မှာ..."

" ပစ်လေ...ဒီသေနတ်လေးမှန်တာဟာ ခေါင်းကိုပုလင်းနဲ့ရိုက်တာလောင်တောင်မနာဘူး..."

ပြောရင်းရှေ့ဆက်တိုးလာပြန်သည်. ထားမေက သူအရှေ့တိုးလာလေ နောက်သို့ ဆုတ်ဆုတ် သွားလေ၏.တံခါးပေါက်ဆီသို့ နောက်ဆုတ်ရင်း ပြန်ရောက်လာခဲ့သည်.။

" မလွယ် ဘူးထားမေ ငါ့ကို သွေးထွက်အောင်လုပ် မှတော့ နင်လည်းမလွယ်တော့ဘူးမှတ် "

ကျားနာကြီးတစ်ကောင်မာန်ဖီသလို ဒေါသတကြီး ရေရွတ်၍ ထားမေ အား ခုန်အုပ်လေတော့၏.။

" ဖန်း......."

သေနတ်သံက ဖန်း..ခနဲမြည်သံထွက်လာသည်. သေနတ်ပြောင်းဝမှ လင်းလက်သွားလေ၏.ဦးဒေဝ ဖင်ထိုင်ကျသွားလေ၏.သူ၏လက်ဝဲဘက် ပခုံးစွန်းနှစ်ဖက်မှသွေးများ ထွက်လာလေ၏.။ထားမေ ကြောင်တောင်တောင်ကြီး ရပ်ကြည့်နေမိ၏. ပီးနောက် ဖင်ထိုင်ချလိုက်လေသည်.။ဦးဒေဝ ပြန်လည်လှုပ်ရှားလာခြင်းမရှိတော့ပေ.။ထားမေသည် စိတ်ခြောက်ခြားသွားစေခဲ့၏. ယခုမူ သူမ လူတစ်ယောက်အား သေနတ်ဖြင့် ပစ်သတ်ခဲ့လိုက်ပီဖြစ်သည်.။

" သွား...ပီ...ဟင့်...ဟင့်....ငါ....ငါ....လူသတ်မိပီ...ဟင့်အင်း...ဟင့်အင်း...ငါ...ဒီတိုင်းနေလို့မဖြစ်ဘူး ...ဘယ်သူမှမသိခင် မမြင်ခင်..ငါဒီခြံထဲက ထွက်ရမယ်...အကယ်၍များ ရဲတွေရောက်လာခဲ့ရင်....အိုး....ဒီလိုဖြစ်ခွင့်မပေးနိုင်ဘူး........"

ဟုဆိုကာ လော့ချထားသော တံခါး ကို အနီးရှိ သံတုတ်တစ်ချောင်းအားယူ၍ ရိုက်ဖြုတ်လိုက်၏. တံခါး ပွင့်သွားသောအခါ အိမ်ထဲမှာ အမြန်ထွက်၍ ပတ်ဝန်းကျင်အား လှည့်ပတ်၍ ကျီးကန်းတောင်မှောက် မျက်လုံး ကစားလိုင်၏.။မည်သူမျှ မရှိ မသိ သည်ကို ကြည့်၍ သက်ပြင်းကိုမသိမသာခိုးချကာ ဟန်မပျက်ပြန်၍ထွက်လာခဲ့လေသည်.။

အဆောင်သို့ပြန်ရောက်သောအခါ မည်သူနှင့်မျှ စကားဖောင်းဖွဲ့မနေတော့ပဲ မိမိ၏အခန်းသို့ အလျင်စလိုဝင်လိုက်ပီး တံခါးအားအထဲမှ လော့ချကာပိတ်လိုက်၏. ပီးနောက် ကုတင်ပေါ်၌ ခြေပစ်လက်ပစ် လှဲချလိုက်လေသည်..။

" ငါ...ဘာလုပ်ရမလဲ...ခုငါလူသတ်မိပီ...ဒီကိစ္စကို ကို နဲ့သွားတိုင်ပင်ရင်ကောင်းမလား....အိုး....မဖြစ်ပါဘူး....ကို ဟာ မိကောင်းဖခင် သားသမီးတစ်ယောက် နောက်ပီး ဂုဏ်သရေရှိတဲ့ ဆရာဝန်တစ်ယောက် ငါက...ငါက....ဟင့်...ဟင့်.....ဟင့်...ငါရဲ့အဖေလည်း..လူသတ်သမား...ခု....ခု........ဟင့်...ငါလည်း.......ဟင့်... ဟင့်.."

တွေးတောရေရွတ်ရင်း ရိူက်ခါရိူက်ခါ..ကြိတ်မှိတ်ငိုကြွေးလေတော့သည်.။

ထားမေသည် နောက်နေ့မနက် ၌ ရန်ကုန်မှ အခြားနေရာသို့ထွက်သွားရန် စီစဉ်ချလိုက်လေ၏. ပီးနောက် ဒေါက်တာဇော် ခေါ် သူမ၏ချစ်သူ ကိုကိုဇော် အား သူမ ခရီးခဏထွက်မည့်အကြောင်း ရေး၍ အဆောင်ပိုင်ရှင် မိကြွယ်အား ပေးခိုင်းထားလိုက်သည်. မိကြွယ်သည် ထားမေယုံကြည်ရသော အမျိုးသမီးငယ်တစ်ဦးဖြစ်လေ၏.ကိုကိုဇော်နှင့်လည်း ခင်မင်ရင်းနှီးသူလည်းဖြစ်သည်...။

ထားမေသည် အဆောင်မှထွက်လာကာ မည်သည့်အရပ်သို့ သွားရမည်ကို မသိနဝေတိမ်တောင်ဖြစ်၍နေသည်.။

" ငါ..ဘယ်မှာသွားရှောင်နေရမလည်း ဒီရန်ကုန်မြို့ထဲမှာပဲ နေရမလား..အိုး...ဒီလိုလည်းမဖြစ်ပါဘူး...တော်ကြာ..ရဲ...တွေ တွေ့သွားရင်ဖြစ်....ဒါဆို. .ငါ အန်တီဆွေ ဆီသွားရမလည်း....ဟင့်အင်း ...အန်တီဆွေလည်းအသက်ကြီးပီ အသက်ကြီးမှ ငါ့ကြောင့် စိတ်ထိခိုက်သွားကိုငါမလိုလာဘူး...ဒီအကြောင်းတွေကို ငါတစ်ယောက်ပဲ သိတာ ငါဟန်မပျက် နေပီ တစ်နေစာရာတော့သွားရှောင်မှ ဖြစ်လိမ့်မယ် ထင်တယ်..."

ထိုနောက် ထားမေသည် လှိုင်သာယာကားဂိတ်မှ ချောင်းသာငွေဆောင်ကမ်းခြေသွားသော ကားတစ်စီးအား တား၍ စီးနင်းလိုက်ပါလာခဲ့လေတော့သည်...။

ကားပေါ်၌ သူမထိုင်သည့် ဘေးခြင်းကပ်ခုံမှ ကြည်ပြာဆိုသော ထားမေထက် အသက်နှစ်နှစ်ငယ်သည့် ဒဂုံ ပထမနှစ်ကျောင်းသူ လေးတစ်ဦး နှင့် စကားပြောဆိုရင်း ခင်မင်ရင်းနှီးသွားလေတော့သည်..။

" မမနာမည် ကဘယ်လိုခေါ်လည်း ..."

" ထားမေပါကွယ်..."

" ဟုတ်ကဲ့ ညီမက ကြည်ပြာပါ...ဒဂုံကျောင်းသူပဲ ပထမနှစ်ပေါ့ ..သင်္ကြန်ပိတ်ရက်နီးတော့ ရွာကိုပြန်တာလေ.."

" ေဩာ်..."

" ဒါနဲ့..မမက အလည်သက်သက်ပဲလား..."

" ဆိုပါတော့ကွယ်..."

" ဒါဆို...ငွေဆောင်ကိုရောက်ရင် ညီမတို့ရွာကို လာလည်လေ..မမ လာမယ်ဆို ညီမ လာခေါ်မှာပေါ့.."

ထိုအခါ ထားမေသည် ဤသို့တွေးလေ၏.ယခုအခါ သူမသည် ဝါးရမ်းပြေး ဘဝရောက်နေစဉ် ခိုအောင်းရာနေရာဒေသ လိုအပ်မည်မှာ အမှန်ဖြစ်၏. သို့သော်သူမအတွက် လုံခြုံမှုရှိနိုင်အည့်နေရာမှာ ရှားလှပေသည် ထိုကြောင့်ကြည်ပြာပြောသော သူမ၏ ရွာ အား လိုက်၍တစ်လတန်သည် နှစ်လ တန်သည် နေလိုင်လျှင် ကောင်းမည်. ယခုချိန်ဆိုလျှင် ဦးဒေဝ အသတ်ခံရမှု တွက် ရဲစုံထောက်များ အသဲသန်ထောက်လှမ်းနေမည်မှာအမှန်ပင် လူသတ်တရားခံကို မိအောင်ဖော်နိုင်ဖို့တွက်လည်း တစ်နည်းနည်းဖြင့် သူမ ကို ခြေယာခံသဲလွန်စ ရသွားနိုင်မည်ဖြစ်သည်..ထိုကြောင့် ကြည်ပြာ၏ ရွာ အားမေးမြန်းကြည့်ရမည်ဟုစိတ်ကူးပေါ်ပေါက်လာလေသည်.။

" ရွာ...ညီမလေး ကြည်ပြာရဲ့ရွာဆိုတာ ဘယ်နေရာလည်း..."

" ပြောရရင်တော့ မမရယ် အားလည်းနာပါတယ် ငွေဆောင်ကနေ စက်လှေနဲ့ သွားရတယ် ..."

" ဒါဆို ပင်လယ်ခရီးပေါ့.."

" ဟုတ်ပါတယ် အက်ဒမန် ကျွန်းနဲ့ဆိုရင် တစ်မိုင်လောက်ပဲဝေးတယ် နောက်ညီမတို့က နယ်မြေခြားတိုင်းရင်းသားလူမျိုးစုတစ်ခုပါ..."

" ဘယ်လိုနယ်မြေခြားလည်း ညီမ အမနားလည်အောင်ရှင်းပြပါအုံး..."

" ဒီလိုပါ...ညီမတို့က ဟောဒီနိုင်ငံကပါပဲ ဒါမဲ့ မြန်မာလူမျိုးတိုင်းရင်းသားတော့မဟုတ်ဖူး ကျွန်းသူကျွန်းသားဆိုရင်ပိုမှန်လိမ့်မယ်..."

" ေဩာ် ဒါဆို ဗုဒ္ဓဘာသာမဟုတ်ကြဘူးပေါ့နော်..."

" ခရစ်ယာန် နွယ်ဖွားတွေပါ မမ "

" ေဩာ်..."

ဘာပဲဖြစ်ဖြစ် ထားမေ ကြည်ပြာနှင့် သူမ၏ရွာလိုက်သွားပီး မြန်မာပြည်မှ ခေတ္တ ရှောင်နေရန် ဆုံးဖြတ်လိုက်လေတော့၏.။သို့ပေမဲ့ ....သူမ၏ ချစ်လှစွာသော ချစ်သူဒေါက်တာလေးကို တော့ လွှမ်းဆွတ်တမ်းတ နေမည်မှာ အမှန်ပင်ဖြစ်ပေတော့သည်....။

.....................................................................................................................

အခန်း ( ၄ )

အရက်မူးသမားများကဲ့သို့ ယိုင်လဲလုမတတ် ရပ်တည်နေကြ သည့် အိမ်ကလေးများသည် သဲသောင်ပြင်ကြီး၏ ထိပ်မှ နေ၍ ထားမေ ကိုကြည့်နေကြ၏.။ပိန်းကောငယ်လေးများသည် သဲသောင်စပ်တွင် အစီအရီ မေးတင်ငြိမ်သက်နေကြသည်.။အိမ်ကလေးတွေဆီမှ ဆင်းလာဟန်ရှိသော ကျွန်းသူမခပ်ဝဝ ကြီးများသည် ရင်သားဟင်းလင်းနှင့် အရှက်လုံ ဖက်ရွက်ကလေးများ ဝတ်ဆင်လျက် ကမ်းစပ် ၌ ရပ်ခါ ထားမေကို စိမ်းစိမ်းကြည့်ကြသည်.။ကြည်ပြာသည် ကျွန်းစကားဖြင့် ထိုမိန်းမဝဝကြီးများကို နှုတ်ဆက်လိုက်လေ၏.။

" ဟေ့...ပရူး...တိခေါင်...."

" ဟေ့...ဖလူး......."

ထားမေ နားမလည်သောလည်း လက်ဟန်ခြေဟန် နှင့်ပြောဆိုပြုမူသည့် အမူယာချို့က မြင်တွေ့ရ၍ ဘာကိုဆိုသည်ကို သိလေ၏.။

" ကြည်ပြာ ....သူတို့ အမကိုမေးတာလား..."

" ဟုတ်တယ်..မမ ဧည့်သည်လား...လို့မေးတာ..."

ထိုနောက် ထာမေးတို့ ကျွန်းပေါ်တတ်ခဲ့ကြ၏. ကျွန်းသူပျိုလေးများသည် ရင်သားပေါ်၌ ဖတ်ရွက် များအား မြို့၌ ဝတ်သော ဘောလီကြိုးပုံစံ နောက်မှ အုန်းစံကြိုးဖြင့်ချည်ထားကြသည်. မဖြူမညို ဗိုက်သာ ချပ်ချပ်လေးများ အောက် ၌ အရှက်လုံ စေရန် အုန်းရွက်များအား ရှပ်သိုင်းချည်း ထားကြ၏.။

ယောင်္ကျားသားများသည် ညိုသော အသားရည်ရှိပီး ကျစ်လစ်တောင့်တင်းသော ခန္ဓာကိုယ်နှင့်တကွ ခါးအောက်ပိုင်း၌ နွားသရေ ဘက် ကို အုန်းရွက် ကြိုးဖြင့် ချည်နှောင်ထားကြ၏.။

" လာမမ ညီမတို့ အရင် ဆုံးကျွန်းသူကြီးနဲ့ သွားတွေ့ရလိမ့်မယ်.."

" ေဩာ် သူကြီး ရှိသေးတယ်ပေါ့..."

" ရှိပါတယ် ဒီကျွန်းကို အုပ်ချုပ်တဲ့ သူကြီးပေါ့ ဒီနားတစ်ဝိုက်မှာ ရှိတဲ့ ကျွန်းတိုင်း ကျွန်းတိုင်းဟာ သူ နဲ့ ဆိုင်ရာ အုပ်ချုပ်သူတွေရှိတယ်လေ..."

" ေဩာ်..."

" ညီမတို့ ..ကျွန်းက မြန်မာပြည် က ကျွန်းတွေနဲ့နီးတော့ မြန်မာပြည် က စလုံ လူမျိုးကျွန်းတွေလိုဖြစ်နေတာပေါ့...ဒါကြောင့် ဒီကျွန်းမှာ အစိုးရ အဆောက်အအုံတွေ အခြေချကြတယ် ဒါမဲ့ သူ့အပိုင်းနဲ့သူပေါ့ ကျွန်းရဲ့ အရှေ့ပိုင်းက မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေ ရှိကြတယ် ဒါ့ပြင် အနောက်ပိုင်းကတော့ အိန္ဒိယ လူမျိုးတွေ အုပ်ချုပ်ကြတယ် ဒါမဲ့ ဒီကျွန်းက မြန်မာပြည်နဲ့ပိုနီးတော့ မြန်မာပိုင်လိုဖြစ်နေတာကြာပါပီ အုပ်ချုပ်ရေးပိုင်းတွေက အစ မြန်မာလူမျိုးတွေပေါ့..."

" ဒါဆို..ကျွန်းသူကြီး ဆိုတာက ..."

" မြန်မာလူမျိုးပါ နာမည်က ဦးမော် တဲ့...သူကြောင့်ပဲ ဒီရွာက စာမတတ်သူတွေ ကို ငွေဆောင်ချောင်းသာ တို့ကနေတဆင့် ပုသိမ်က အစိုးရကျောင်းတွေမှာ တတ်ခွင့်ရအောင် လုပ်ပေးနိုင်တယ်လေ.."

" ေဩာ် ဒါဆို ညီမတို့ ရွာက စာတတ်မြောက်လောက်ပီပေါ့..."

" အင်း...ပြောရမှာတော့ ခက်ပါတယ်...ဒီရွာမှာ စာတတ်ပေတတ်ရှားတယ် မမ မြန်မာပြည်ရောက်သွားသူတွေကလည်း ရွာကိုပြန်မလာကြသူတွေများတယ် ဒါကြောင့် နောက်ပိုင်းမှာ ရွာက စည်းကမ်းတစ်ခုထုတ်လိုက်တယ်လေ ဒီရွာကို ပြန်မလာသူကို ရွာက ပြန်လည်လက်ခံခွင့်ပိတ်လိုက်တာပဲမမ ဒါကလည်း အခြားကြောင့်မဟုတ်ဖူး ညီမတို့ ကျွန်းသားတွေမှာ မျိုးဆက် ပျက်ခါကြမှာကို မလိုလားတဲ့တွက် သူကြီး က အမိန့်ထုတ်လိုက်တာပါ ရိုးရာအမိန့်ပေါ့ ဒါကြောင့် မြန်မာပြည်ကိုသွားတဲ့ သူမရှိသလောက်ဖြစ်လာတော့တယ် အဲဒီကတစ်ဆင့် ကိုယ်ပိုင်ရာအုပ်ချုပ်ခွင့်နဲ့ ဟိုမရောက်ဒီမရောက် သီးခြားရပ်တည်နေကြတာပေါ့..."

" ဟိုလေ...ရိုးရာ အမိန့်ဆိုတာ ဘာလည်းဟင်..."

" အဲဒါက သူကြီးဆီကို ရောက်မှ သူကြီးက ကျွန်းရဲ့စည်းကမ်းကို ပြောပြရမှာ ဒါ ဟာ ကျွန်း ဥပဒေပဲမမ ညီမ ဖောက်ဖျက်လို့မရဘူး ခွင့်လွတ်ပါ..."

ထိုနောက် အုန်းတောကြီးထဲသို့ ထားမေတို့ လမ်းလျှောက်လာခဲ့ကြသည် ..လမ်းသွားရင်း ပတ်ဝန်ကျင်သို့ ထားမေ အကဲခတ်ကြည့်မိလိုက်သည်. အိမ်တိုင်း အိမ်တိုင်းသဘ် တဲသာသာ မျှသာရှိသည် အုန်းတောနှင့်တကွ အချို့ မှာလည်း ကျောက်ဂူ များ ၌ သီးသန့်နေကြသူများလည်းရှိသည်.။

ထိုပြင် ထိုကျွန်းပေါ်၌ ရဲစခန်းတစ်ခုလည်း ရှိနေသေးသည် .ပုလိပ်ဌာန ဟုလည်း ဆိုင်းဘုတ်တတ်ထား၏. အုပ်ချုပ်မှူပိုင်းကတော့ ကျွန်းသူကြီး ၏ အမိန့်အာဏာ ရပ်တည်နေသည်ဟု ထင်မြင်နိုင်သည်.။

မြန်မာပြည်၏ ဥပဒေ စိုးမိုးမှူ ဤနေရာ၌ အားနည်းနိုင်စွမ်းရှိနိုင်သည်. အဆိုပါရဲစခန်း ပုလိပ်ဌန ဆိုသည်မှာလည်း ယခုကျွန်းပေါ်၌ ကျွန်းသူကြီး၏ လက်အောက်တွင်သာ ရှိနိုင်မည်ဖြစ်သူဟု ထားမေ ယူစ ထားလေသည်.။

ဤသို့ဖြင့် ကျွန်းသူကြီး ဦးမောရှိရာ အုန်းတောကြီးအလွန် တောစပ် ရှိ ခြံဝန်းကြီးတစ်ခု အလယ်တွင် ကျွန်းအိမ်မဲမဲကြီး တစ်ခု အား ထားမေ လှမ်းကြည့်လိုက်၏.။ကြည်ပြာမှ ထားမေ အနားသိုကပ်၍ လေတိုးသံဖြင့်ပြောလိုက်၏.။

" မမ အရှေ့က ကျွန်းအိမ်မဲကြီးက သူကြီး အိမ်ပဲ...လာ မမ "

ထိုနောက် ကြည်ပြာမှ အရှေ့က ဦးဆောင်၍ သူကြီး အိမ်သို့သွားလေ၏.။အိမ်ရှေ့၌ သေနတ်ကိုင် အဆောင့်တစ်ယောက်ရှိ၏. ထိုသူသည် မြန်မာပြည်မှာ ရဲလုံခြုံရေးများကဲ့သို့ ဝတ်ဆင်ထားလေ၏.။

" သူကြီး နဲ့ တွေ့ချင်လို့ပါ ကြည်ပြာပါ "

" မင်းနောက်က ဘယ်သူလည်း.."

" ကြည်ပြာ ဧည်သည်ပါ ...သူကြီးကို ခွင့်တောင်းချင်လို့.."

ထိုနောက် လက်နက်ကိုင် အဆောင့်မှ ကျွန်းတံခါးကို ဖွင့်ပေးလိုက်လေ၏.။

အိမ်၏ အတွင်းပိုင်း ၌ ရန်ကုန်မှာ တိုက်ခန်းများကဲ့သို့ ပါကေးခင်းထားပီး လွန်စွာလှပသော ခနုတ်ပန်းများ စီခြယ်ထားသည့် ဆိုဖာ ထိုင်ခုံကြီးတစ်ခုကိုလည်း ထားမေ မြင့်တွေ့လေ၏.။

" ထိုင်ပါ...အော် ဘယ်သူများလည်းလို့ ကြည်ပြာပဲ.."

သံခပ် ဩဩ ဖြင့် အာဏာသံ ပါပါဖြင့် နှုတ်ဆက်လိုက်သူအား ထားမေ မော့ကြည့်လိုက်၏ ထိုသူသည် ကြည်ပြာပြောသော ကျွန်းသူကြီး ဦးမော်ဖြစ်နိုင်မည်ဟုထင်၏ သူကြီးဦးမော်သည် အသက် ၄၀ ကျော်ခန့်ရှိနိုင်ပီး အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်းနှင့် နံငယ်အပိုင်းတစ်ခုသာဝတ်ဆင်ထားပီး သူ၏ စူးရဲသောမျက်လုံးများဖြင့် ထားမေ ရင်ဆိုင်လိုက်ချိန်တွင် ကြောက်လန့်စိုးရိမ်စိတ်များ ဖြစ်၍လာလေ၏. မြန်မာစကားဖြင့် ကြည်ပြာနှင့်သူကြီးဦးမော်တို့ စကားပြောကြလေသည်.။

" သူက ဘယ်သူလဲ..."

" ကြည်ပြာ ဧည့်သည်ပါ.."

" ကျွန်းကို ရောက်လာရင် ကျုပ်တို့က ဧည့်ဝတ်ကျေပါတယ် ..."

ဟုဆိုကာ ထားမေ ဘက်သို့လှည့်၍ သူကြီးဦးမော်မှ ပြောလေ၏.

" မင်းနာမည်က..."

" ထားမေပါ..."

" အင်း...ဒီကျွန်းကို မြန်မာပြည်က လူတွေ လာတာ နည်းတယ် ပင်လယ်ခရီးဆိုတော့ လာတဲ့သူနည်းတာပေါ့ ဒီရွာမှာ တော့ ကျုပ်က ရွာရဲ့အကြီးကဲပဲ အဲဒီတော့ မိန်းခလေး အနေနဲ့ ဒီရွာမှာ လာလည်တာပဲ ဖြစ်ဖြစ် လာနေတာပဲဖြစ်ဖြစ် ရွာစည်းကမ် ကျွန်းရဲ့စည်းကမ်းတွေကို လိုက်နာရလိမ့်မယ်.."

" ဟုတ်ကဲ့..."

" ကျုပ်တို့ ကျွန်းမှာ စည်းကမ်း အများကြီးတော့မထားပါဘူး ဒါမဲ့ အချက်သုံး ချက်ကိုတော့ မိန်းခလေးအနေနဲ့ မှတ်ထားပါ။ နံပါတ် = ၁ မိန်းခလေး တွက် တဲ သီးသန့်တစ်ခုပေးမယ် အဲဒီမှာ တည်းရမယ် ရိုးရာစည်းကမ်းအရ ကြည်ပြာတို့ နဲ့ အတူ လိုက်နေခွင့်မရှိဘူး ..."

" ရှင်..."

သူမ ကြည်ပြာတို့နှင့်အတူ နေရမည်ဟု ထင်ထားခြင်းသည် လွဲမှားသွားခဲ့၏ သို့သော် ပြသာနာတော့မရှိ သူမအနေဖြစ်လည်း စိတ်ပြေလက်ပျောက်ယခုလို တစ်ယောက်ထဲ နေချင်သည်မှာ အမှန်ပင် သူမက ဝါးရမ်းပြေးလေ...။

" ဒုတိယ အချက်က ...အဲဒီ အိမ်ထဲကို ဘယ်သူလာလာ နှင် လွတ်ခွင့်မရှိဘူး..အိမ်ထဲဝင်လာသူဟာ လူဆိုးဖြစ်စေ လူကောင်းဖြစ်စေ လက်ခံရမည် .."

" ဟင်...."

" နောက်ဆုံး အချက်ကတော့...ဒီ လူဟာ မိန်းခလေးကို ကြိုက်လို့ ချစ်လို့ အိမ်ထဲဝင်လာပီး တစ်ခုခု လုပ်မယ်ဆိုရင် မိန်းခလေး အနေနဲ့ ပြန်လည်ခုခံပိုင်ခွင့်တော့ရှိမယ် ဒါမဲ့ လက်နက်ကိုင်ဆောင်ခွင့်မပြုထားဘူး လက်နဲ့ပဲ ပြန်လုံးသတ် ရမယ် အကယ်၍များ မိန်းခလေးနိုင်သွားရင် မိန်းခလေး ဟာ သူဆီက လျော်ကြေးတောင်းပိုင်ခွင့် ရှိမယ် အဲ သူက နိုင်သွားခဲ့မယ် ဆိုရင်တော့ . မိန်းခလေး သူအတွက် ခလေးတစ်ယောက် မွေးပီးမှ ဒီရွာက ပြန်ထွက်ရလိမ့်မယ်..အဲဒီအခါကျမှ ကိုယ်ပျော်လို့ နေမယ်ဆိုလည်း နေပေါ့..."

" အို....."

ထားမေ သည် သူကြီး ဦးမော်ပြောပြသည့် ကျွန်းစည်းကမ်း အား ရွံ့သလိုပင်ဖြစ်သွားလေ၏. သူမထင်ထားသည့် စည်းကမ်းချက်များနှင့်လည်းကွဲလွဲနေလေ၏.။

နောက်ဆုံးအချက်သည် သူမအား နောက်ထပ် အန္တယ်တစ်ခု ရောက်လာနိုင်သည့် စည်းကမ်းဖြစ်နေသည်မှာ ထားမေအတွက် အကြပ်တဲ ဖြစ်၍နေလေသည်. သို့သော် ရောက်လာပီးမှ ပြန်လို့လည်း မဖြစ် ရေပက်လည်ဝိုင်းထားသောကျွန်းကြီး ဥပဒေစိုးမိုးမှုမရှိသလောက်နည်းသော ကျွန်းကြီး ကျားကြောက်လို့ ရှင်ကြီးခိုး ရှင်ကြီးက ကျားထက်ဆိုးနေသလိုဖြစ်နေသည်. ကြည်ပြာကိုလှမ်းကြည့်ပြန်တော့လည်း မိမိအား အားနာနေသည့် ပုံပင်တွေ့ရသည်.။

" နောက်ဆုံးအချက်ကို ကျွန်မ ကန့်ကွက်ချင်ပါတယ် သူကြီး..."

" ဒီကျွန်းမှာ ကန့်ကွက်တာတွေ ထာက်ခံတာတွေ မရှိဘူး မိန်းခလေး ဒီကျွန်းဥပဒေ က ဒီတိုင်းလာတာပဲ ..."

" ဒါဆို ကျွန်မပြန်မယ်...ကျွန်မကို ပြန်ဖို့ စက်လှေစီစဉ်ပေးပါ သူကြီး.."

" ကျုပ် တို့ရဲ့ စည်းကမ်းတွေ မိန်းခလေး သိသွားပီဖြစ်တဲ့တွက် ချက်ချင်းကြီး ပြန်လွတ်လို့ မရပါတော့ပါဘူး..."

" ဘာ..."

" စည်းကမ်းချက်တွေ မပြောခင်တုန်းက မိန်းခလေးက ဧည့်သည် ပါ စည်းကမ်းချက်တွေ ပြောခဲ့ပီဖြစ်တဲ့တွက် ဒီကျွန်းမှာ အနည်းဆုံး ၃ လနေ ပီးမှ ပြန်ရပါ့မယ်.."

" ဘာ....ဒီလို လုပ်လို ရမလား မင်းမဲ့တိုင်းပြည်မှ မဟုတ်ပဲ နောက်ပီး ဒီကျွန်းက မြန်မာပိုင်ကျွန်း ဒါဟာ လူအခွင့်ရေးကို ချိုးဖောက်နေတာပဲ..."

" ဟား...ဟား...ဟား....

" ဒီ မှာ မိန်းခလေး ဒီကျွန်းက မိန်းခလေးပြောသလောက် မဟုတ်ပါဘူး မိန်းခလေးကို ကျုပ် ခွင့်ပေးတဲ့အနေနဲ့ ၃ ပတ်တော့ နေရမယ် ကဲဘယ်လိုလဲ သဘောတူလား ..."

သုံးပတ်ဆိုသောအချိန်ကာလ သည် ထားမေတွက် လုံလောက်နိုင်မည်ဖြစ်သည် ။ ထိုအချိန်လောက်ဆိုလျင် အမှူကိစ္စလည်း မေ့မေ့ပျောက်ပျောက်ရှိလာနိုင်ကြမည်ဟု ထားမေ ထင်၏ ။ ထိုကြောင့် သူကြီးဦးမော်ပြောသော အချိန်သုံးပတ်နေထိုင်ရန် သဘောတူညီလိုက်လေတော့သည်...။



အပိုင်း ( ၂ ) ဆက်ရန် >>>>



Print Friendly and PDF

No comments:

Post a Comment