Friday, May 9, 2014

ဒုတိယနတ်သမီး အပိုင်း ( ၁ )

ဒုတိယနတ်သမီး အပိုင်း ( ၁ )

ရေးသားသူ - ဂျင်ကလိ 

ဒီအကြောင်း ကိုပြောရမည်ဆိုရင် “တော်ဝင်ပန်း” အမျိုးသမီး ဘော်ဒါဆောင်က စရမည်မှာသေချာ၏။ တော်ဝင် ပန်း ဆိုသည်မှာ ရန်ကုန်မြို့ ဆင်ခြေဖုံး ဆိတ်ငြိမ်ရပ်ကွက် တခု၏အစွန်မှာ ရှိသည်။ တဖက်ရပ် ကွက် ကတော့ သာမန်လူတန်းစား အများစုနေထိုင်ရာ ရပ်ကွက်ဖြစ်သည်။ တကယ်တော့ တော်ဝင်ပန်း တည်ရှိရာက လည်း ဟို အရင်ကဆိုရင် သာမန်ရပ်ကွက်တခုသာဖြစ်သည်။ နောက်မှ လူလူသူသူ လူချမ်းသာ ရပ်ကွက်ဆန် ဆန် ဖြစ် လာ သည့် နေရာတခုဖြစ်သည်။

တော်ဝင်ပန်းကို နာမည်နှင့် လိုက်သည်ဟု အရပ်ထဲမှာရော ဒီအနီးနား တဝိုက်မှာပါ သိကြသည်။ ပြောစမှတ် ဖြစ် လောက်အောင်လည်း အဆောင်သူတွေက လှတပတ လေးတွေများသည်။ တော်ဝင်ပန်းမှ မိန်းကလေး တွေ အ ကြောင်းပြောပါက အဆောင်ပိုင်ရှင်ဖြစ်သူ ဒေါ်နုနုရှိန် ဆိုသည့် မိန်းမချောကြီး ၏ အကြောင်းက စပြောမှ ဖြစ်ပါ မည်။

အကယ်၍ အဆောင်သူ မိန်းကလေး တယောက်ကို သွားပြီး တော်ဝင်ပန်း က မိန်းကလေး တွေ လှသည့်  အကြောင်းသင်က ပြောမည်ဆိုရင် အပြောခံရသူ မိန်းကလေးက “ဆရာမ ကမှ ပိုလှတာပါ” ဟုပြော မှာ မလွဲ အ သေ အချာဖြစ်သည်။ အဆောင်သူတွေ ဘယ်လောက်ချောချော ဒေါ်နုနုရှိန် ကို မမှီတာ မြင်ဖူးသူတိုင်း လက် ခံ ကြ ရသည့် အချက်ဖြစ်ပါသည်။

အသက် လေးဆယ်ကို လပိုင်းလောက်ကျော်နေသည့် ဒေါ်နုနုရှိန် ကို ဘယ်သူကမဆို သုံးဆယ် သီသီ စွန်းစ လောက် ဟုသာ ထင်ပေမည်။ နာမည်နှင့် လိုက်အောင် အရွယ်တင်နုပျိုသည်။ လှပသော မျက်နှာ နှင့် ဖြူစင် ဝင်း မွတ်သည့် အသားအရည် ရှိသည်သာမက  ထွားသောရင်၊ ကျင်သောခါး၊ ကား သောတင် စသည့်မက်လောက် စ ရာ ကိုယ်ပိုင်ဥစ္စာတွေ ရှိသည့် ဒေါ်နုနုရှိန်သည် အခုချိန်ထိ အပျိုကြီး တယောက်ဖြစ်နေခြင်း က ထူးခြားအံံ့ သြ ဖွယ်ရာ ကောင်းလွန်းလှသည်။ တချို့ ကတော့ ချောလွန်းလို့ အပျိုကြီး ဖြစ်တာဟုဆိုကြ၏။

အဆောင်သူတွေက ဆရာမ ဟုခေါ်ကြသည့် ဒေါ်နုနုရှိန်သည် အရင်တုန်းကတော့ တကယ့်ဆရာမ တယောက် ဖြစ်ခဲ့ပါ၏။ နယ်က တက္ကသိုလ်တခုတွင် လက်ထောက်ကထိကတာဝန်ထမ်းဆောင်နေစဉ် မိခင်ကြီး ၏ ကျန်း မာ ရေးအခြေအနေ ကြောင့် အလုပ်က နှုတ်ထွက်ခဲ့ရသည်။ အလုပ်ထွက်ကာ ပြန်လာပြီးနောက် အမေဖြစ်သူကို လ ပိုင်း လောက်သာ ပြုစုခွင့်ရခဲ့သည်။ မိခင်ကြီး ကွယ်လွန်သွားပြီးနောက် တယောက်ထဲ အထီးကျန် ဖြစ်ခဲ့ရ သည့် ဖခင်ကြီး ကိုပြုစုရင်း အချိန်တွေ ကုန်ခဲ့ရသည့် အတွက် အိမ်ထောင်ရေးကို ပြန်လှည့် မကြည့်နိုင်တာလည်း ဖြစ် ကောင်း ဖြစ်နိုင်ပါသည်။

သားအဖ နှစ်ယောက်ထဲ ကျန်ခဲ့သော်လည်း ဒေါ်နုနုရှိန် တို့တွင် စည်းစိမ်ဥစ္စာက ပြည့်စုံပြီးသား ဖြစ်သည်။ ဒေါ် နုနု ရှိန် တက္ကသိုလ် ဆရာမ လုပ်ခဲ့တာကလည်း ဂုဏ်အတွက် နှင့်ဝါသနာကြောင့်သာဖြစ်သည်။ အလုပ်မရှိဘဲ ဒီအတိုင်း မနေချင်သည့် ဒေါ်နုနုရှိန် က မိခင်ကွယ်လွန်ပြီး တနှစ်လောက်အကြာတွင် ဘော်ဒါဆောင်ဖွင့်ဖြစ်သည်။

ဆရာမ ဘဝတုန်းကလည်း အဆောင်နည်းပြ၊ အဆောင်မှုး တာဝန်တွေယူခဲ့ ရသူဖြစ်လို့ အိုးမကွာအိမ်မကွာ စီး ပွားရေးဖြစ်သည့် ဒီလုပ်ငန်းကို ရွေးချယ်ခဲ့ ခြင်းဖြစ်ပါသည်။ ဒေါ်နုနုရှိန်၏ ဖခင်ကလည်းအားပေးသည်။ အကယ် ၍ သူသာ မျက်နှာလွှဲခဲ့ပါလျှင် သမီးတယောက်ထဲ ကျန်ခဲ့မှာစိုးသည်။ ဘော်ဒါ ဆောင်ဆိုတော့ စည်စည်ကားကား သိုက်သိုက် ဝန်းဝန်း နှင့် ဒေါ်နုနု ရှိန်အတွက် လုံခြုံမည်ဟု ယူဆသည်။ ဒါကြောင့်လား မသိပါ လွန်ခဲ့သောသုံးနှစ် ခန့် က အဖိုးကြီး အိပ်နေရင်းနှင့် ပင်ငြိမ်းချမ်းစွာဖြင့် ဇနီးသည် နောက်သို့လိုက်ပါသွားသည်။

ဒေါ်နုနုရှိန်၏ အဆောင်က အခန်းတွေ ကျယ်ဝန်းသန့်ပြန့်၏။ ခြံဝန်းကလည်း ကျယ်သည်။ ရေနှင့် မီးကို အငြို အ ငြင် မရှိရသည်။ထို့ ကြောင့်ဈေးအနည်းငယ် များသော်လည်းလူကြိုက်များသည်။ အမြဲလို အခန်းတွေပြည့် နေ လေ့ ရှိ၏။ 

အဆောင်သူလက်ခံရာ မှာလည်း ဒေါ်နုနုရှိန်က သေသေချာချာ စစ်ဆေးပြီးမှ လက်ခံသည်။ မိဘမျိုး ရိုး နှင့် လက်ရှိတက်နေသည့် ကျောင်း သို့ မဟုတ် လက်ရှိလုပ်နေသည့် အလုပ်အကိုင် အနေအထားကိုပါ လေ့လာ ပြီးမှ လက်ခံခြင်းဖြစ်သည်။ တက္ကသိုလ် ဆရာမပီပီ ပညာအရည်အချင်းမြင့်သူကို ပိုဦးစားပေးလက်ခံသည်။ ထို့ အပြင် ရုပ်ရည်ကိုလည်း ကြည့်သည်ဟု တချို့ကပြောကြ၏။ ရုပ်ရည်နှင့် ပတ်သက်လို့ကတော့ ဒေါ်နုနုရှိန် တရား ဝင် မကြေငြာပါ။ 

ပညာရည် နှင့် အလုပ်အကိုင်ကို အလေးထားကြောင်းကိုတော့ ပြောလေ့ရှိသည်။ ဒါပေမယ့် တိုက်ဆိုင်လှစွာပင် ဒေါ်နုနုရှိန် ထံမှ မိန်းကလေးတွေက ခပ်ချောချောလေးတွေ များနေသည်။

အဆောင်သူတွေ ကိုယ်တိုင်ချက်ပြုတ်မစားချင်ပါကလည်း စီစဉ်ပေးသည်။ ဒီလိုလုပ်ပေး နိုင်အောင်လည်း ဒေါ် နုနုရှိန်ထံတွင် ဝန်ထမ်းအင်အား ကောင်းသည်။ မိဘတွေ ရှိစဉ်ကထဲက အတူနေခဲ့သူ ဒေါ်အေးစိန် ဦးစီးသည့် အိမ်ဖေါ် လေးယောက်ရှိသည်။ 

ကိုယ်တိုင် အဝတ်မလျှော်ချင်သူတွေ အတွက်ဒေါ်အေးစိန် ထံတွင်ကျသင့်ငွေ ကို ပေးပြီး အပ်လိုက်ရုံပင်။ ထမင်းလခ ပေးထားသူ ဖြစ်ပါကလည်း ကျောင်းမသွားမှီ ရုံးမသွားမှီ ထမင်းချိုုင့် က အ သင့် ဖြစ်ပြီးလေပြီ။ ညနေဆို ခြောက်နာရီ ဒေါင်ဆိုတာနှင့် ဝင်းတံခါးပိတ်လိုက်သည်။

ပိတ်ပြီးတာ နှင့် ဒေါ်နုနု ရှိန် ဖခင်ကြီး၏ လက်ရင်းတပည့်ကျော် ကုလားအဖိုးကြီး နာရရား က ဝင်းဝတွင် ဝါးရင်းတုတ်ကြီး နှင့် နေရာယူလိုက် သည်။ သူက တညလုံး မအိပ်၊ ဂိတ်ဝက သူ့ အတွက်တဲလေးထဲမှာ ထိုင်လိုက်၊ လက်နှိပ်ဓါတ်မီး တလက်ဖြင့် ခြံထဲမှာ ပတ်လိုက်လုပ်နေ၏။ မနက် ခြောက်နာရီ တံခါးပြန်ဖွင့် ပေးပြီးမှ မီးဖိုချောင်တွင် မနက်စာ သွားစားပြီး တဖက်ရပ်ကွက်တွင် ရှိသည့် သူ၏ အိမ်သို့ ပြန်အိပ်၏။

ညနေ ခြောက်နာရီ ကျော်လျှင် မည်သူမှ အပြင်မထွက်ရပါ။ ဒါက အဆောင်သူတွေ အတွက်စည်းကမ်းဖြစ်ပြီး ဒေါ်နုနုရှိန် နှင့် အလုပ်သမား တချို့ကတော့ အကြောင်းကိစ္စရှိရင်ထွက်နိုင်ပါသည်။ များသော အားဖြင့်တော့ ခြေခင်း လက်ခင်းသာသည့် ညနေပိုင်းတွေ ဆိုရင် ဒေါ်နုနုရှိန် လမ်းလျှောက်ထွက်တတ်သည်။ တခါတလေ ဒေါ် အေးစိန်ပါပြီး တခါတလေတော့ သူမ တယောက်ထဲပင်။ အပြင်မထွက်ရသော်လည်း အဆောင်သူတွေ အ ဆောင် ထဲမှာ တော့လွတ်လပ်စွာနေနိုင်ပါသည်။

ဒေါ်နုနုရှိန် ကိုယ်တိုင်က ကျောင်းဆရာမ ဘဝတွင် နိုင်ငံရပ်ခြားသို့ ပညာသင်သွားဖူးသည်ဖြစ်ရာ သိပ်ပြီးရှေးရိုး မဆန်သည့် အမြင်ရှိသူလည်း ဖြစ်သည်။ ထို့ကြောင့် မိန်းကလေးတွေကို အုပ်ထိန်းသည့် နေရာတွင် ခေတ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ချိန်ညှိပြီး လုပ်တတ်သူ အဖြစ် အဆောင်သူလေးတွေ ကလည်းသဘောကျ သည်။ 

ဒေါ်နုနုရှိန် ၏ဝတ်စားဆင်ယင်မှုက လည်း ငယ်ရွယ်သူတွေ နှင့် မခြားခေတ်မှီသည်။ သို့သော်လည်း ပြောစရာ ရှိရင် ဆိုဆုံးမစရာ ရှိရင်တော့ နှုတ်လေးသူမဟုတ်ပါ။

ယနေ့ခေတ် မိန်းကလေးတွေလို စကပ်အတို၊ ဘောင်းဘီ အကြပ်တွေ မဝတ်သော်လည်း ဒေါ်နုနုရှိန် က စကပ် အရှည် နှင့် ဂါဝန်လောက်တော့ ဝတ်ပါသည်။ ရည်းစားသနာ ကိစ္စကိုလည်း အဆောင်မှာ လာတွေ့ စကားပြော ရုံ လောက်ကိုတော့ မသိသလိုသာနေ၏။ 

ဧည့်ခန်းထဲမှာ မပြောချင်ရင်လည်း ခြံထဲမှာ ပန်းခြံလိုလုပ်ထားသလို အရိပ် ကောင်း သစ်ပင်ကြီးတွေ အောက်မှာ ခုံတန်းတွေထားပေး၏။ အေးအေးဆေးဆေး ပြောနိုင်သည်။ ဆွေမျိုးသား ချင်း သို့ မဟုတ်လူကြီးသူမ တယောက်ယောက်၏ ထောက်ခံမှုမရှိဘဲ အပြင်ကိုညအိပ်ထွက်ခွင့်မပေးပါ။ နည်း နည်း ဟော့ရမ်းသည့် မိန်းကလေး နှစ်ဦး သုံးဦးလောက်ကို ဒေါ်နုနုရှိန်က မိဘ ခေါ်ပြီးပြန်အပ်ဖူးသည်။

ထိုသို့ ဝန်ဆောင်မှု ကောင်းခြင်း၊ စည်းကမ်း ကောင်းခြင်းတို့ ကြောင့် မိန်းကလေးတွေ၏ မိဘအုပ်ထိန်းသူတွေ က လည်း သဘောကျသည်။ တချို့ ပြည့်စုံသူတွေ ဆိုလျှင် ရန်ကုန်မှာ ကိုယ်ပိုင်တိုက်ခန်း၊ ဖြစ်ဖြစ် အိမ်ဖြစ်ဖြစ် ဝယ် ပြီး ထားနိုင်သော် လည်း ဒေါ်နုနုရှိန် ထံမှာ သမီးကို တမင်လာထားတာမျိုးတောင်ရှိသည်။ ငွေကြေးချမ်းသာ သည့် မိန်းကလေးတွေ ရှိသလို၊ ရာထူးကြီးကြီး တွေ၏ ရင်သွေးတချို့ လည်းဒေါ်နုနုရှိန်ဆီ မှာရှိသည်။ တော် ရုံ သင့်ရုံ အဆင့်အတန်းမှ လာသူတော်တော်ရှား၏။

ထို့ကြောင့် နဂိုထဲက အမြတ်အစွန်း ကို အဓိက ထားသူမဟုတ်သည့် ဒေါ်နုနုရှိန်က ရေဖိုး၊မီးဖိုး နှင့် ဝန်ထမ်းစား ရိတ် ကျေလျှင်တော်ပြီ ဟုသဘောထားကာ အဆင်ပြေအောင်ပြည့်ပြည့်စုံစုံ စီမံပေးထား၏။ မီးတွေ ပျက်တတ် သည့် နွေရာသီ ဆိုရင် တောင် စာကြည့်ချိန်အတွက် မီးစက်မောင်းပေးသည်။ အခုဆိုရင် အင်တာနက်လိုင်း တောင် ယူဖို့ ဒေါ်နုနု ရှိန်စဉ်းစားနေသည်။ ဒီမှာ နေသူတွေ အားလုံးကလည်း တတ်နိုင်သူတွေ ဖြစ်ရာ အင်တာ နက်ရသည် နှင့် သူတို့လည်း ကိုယ်ပိုင် ကွန်ပျူတာတွေ ဝယ်ကြမည်ဟု ဆိုကြသည်။

ဤမျှလောက်ဆိုလျှင် ဒေါ်နုနုရှိန် နှင့် တော်ဝင်ပန်း အဆောင်အကြောင်းနှင့် အဆောင်သူတို့ အခြေအနေ ကို အ ကျဉ်းမျှ ငုံမိပြီထင်ပါသည်။ ထပ်ပြောရန် ရှိသည်ကား ဒေါ်နုနုရှိန်သည် သူမ၏ အဆောင်၏ အဆင့်အတန်း မြင့် ခြင်းနှင့် အတူ အဆောင်သူတို့၏ အခြေမြင့်ခြင်း အပေါ်လည်း အလွန်ဂုဏ်ယူတတ်ခြင်း ဖြစ်သည်။ သူမ ကိုယ်သူ မလည်း ခေတ်နှင့်တသားထဲရှိသူဟု ယူဆထားခဲ့သည့် ဒေါ်နုနုရှိန် တယောက် မျက်လုံးပြူးစရာ အကြောင်းအရာ တွေ တခုမက ကြုံရသည့် နေ့ကိုတော့ မပျက်မကွက် ဖေါ်ပြရန်လိုပေမည်။

တခုသော ညနေခင်းတွင် ဒေါ်နုနုရှိန် ခြံဝန်း အတွင်းလမ်းလျှောက်နေပါသည်။ တနေကုန် အလုပ်ကိစ္စ ကျောင်း ကိစ္စ နှင့် အပြင်ကိုရောက်နေကြသည့် အဆောင်သူ တွေလည်း တဖွဲဖွဲ နှင့် ပြန်လာနေကြပြီ ဖြစ်သည်။ သွားရင်း လာရင်း နှင့် ခြံဝန်း အတွင်းတွင် ဖေါက်ထားသည့် လမ်းကလေးနဘေး ပုဏ္ဏားရိပ် ပင်တန်း၏ အခြေ တွင် အာလူး ကြော်လား၊ငါးမုန့်ကြော်လား မသိသည့် အိတ်ခွံ တခုကိုတွေ့၍ ပန်းခြံအလုပ်သမား ကိုလှရွှေတို့ လင်မယားသိမ်း ဖို့ ကျန်ခဲ့တာ ဖြစ်မည်ဟု တွေးကာ ကိုယ်တိုင်သွားကောက်လိုက်သည်။

ပုဏ္ဏားရိပ်ပင်တန်း၏ ရှေ့လမ်းဘေးတွင် တရုပ်စကားပင် တပင်ရှိပြီး အပင်ခြေတွင် ခုံတန်းလျားလေး တခု ရိုတ် ပေး ထားသည်။ ဒေါ်နုနုရှိန် ရောက်သွားချိန်တွင်ခုံတန်းလျား၌သက်မာဆိုသည့် မိန်းကလေးထိုင်နေသည်။ အ သားညို သယောင်ရှိသော်လည်း ငါးရံ့ကိုယ်လုံးလေး နှင့် ချစ်စဖွယ်ရုပ်ရည်ရှိသော သက်မာ၏ ဖခင်သည်  ပြည် နယ်တခုတွင်ကြီးကြီးမာစတာ တယောက်ဖြစ်သည်။ အမ်ပီဖိုး ကလေးကို နားကြပ်တပ်ကာသီချင်းနား ထောင် ရင်း ငြိမ့်နေသည့် သက်မာက သူမ၏ နောက် ဖက်တွင် ဒေါ်နုနုရှိန် ရောက်နေသည်ကို လုံး၀ မသိပါ။ ပုဏ္ဏားရိပ် ပင်တန်း အပြင် တရုပ်စကားပင်ကပါကြားမှာ ခြားနေသည်။

သက်မာကို တချက်ကြည့်လိုက်ပြီး အိတ်ခွံလေးကို ကုန်းအကောက်တွင် မြက်ခင်းစပ်၌ ပေါက်နေသည့် စွယ်တော် ပင်ပေါက်လေး တပင်ကို ဒေါ်နုနုရှိန် မြင်လိုက်ရ၏။ ခြံထဲမှာစွယ်တော်ပင် မရှိပါ။ ဘယ်က ဘယ်လိုရောက်လာ မှန်း မသိသည့် အပင်လေး ကို ရှင်သန်အောင် စိုက်ချင်စိတ်ပေါက်သွားသည်။ 

တက္ကသိုလ် ဘုန်းနိုင်၏ ဝတ္တု တွေ နှစ်ချိုက်ခဲ့သူပီပီ စွယ်တော်ပင် ကို ဒေါ်နုနု ရှိန် သဘောကျသည်။ဒီနေရာ မှာတော့မဖြစ် နေရာရွှေ့ရမည်။ ပလပ် စတစ် အိတ်ခွံကလည်း အဆင်သင့်ရှိနေရာ အပင်ကလေး ကို မြေကြီးနှင့် ရောကာတူးယူပြီး ထည့် လိုက်လို့ရ သည်။ ရေစက်နားမှာ ဂေါ်ပြားငယ်လေး တခုသွားယူလာပြီး တူးနေတာကိုတောင် သက်မာမသိပါ။ မြေ ကလည်း ပျော့လို့ တူးလို့လွယ်ပါသည်။ အမြစ်ပါအောင် ဝိုက်ကာတူးပြီး ပလပ်စတစ်အိတ်ထိပ်ဝကို ဖွင့်ကာထည့် နေစဉ် သက်မာ၏ နှုတ်ဆက်သံကို ကြားလိုက်ရသည်။

ဒေါ်နုနုရှိန် ကို တော့မဟုတ်ပါ။ အပြင်က ပြန်လာသည့် သူမ၏ ဘေးခန်းက ပပ ကို နှုတ်ဆက်လိုက်ခြင်းဖြစ် သည်။ အသားဖြူဖြူ၊ လုံးကြီးပေါက်လှ နှင့် ရုပ်ရည်လည်းချောသည့်ပပက  သက်မာနှင့် အခန်းချင်းကပ်လျှက် ဖြစ်သလို ကျောင်းမှာလည်း တတန်းထဲတက်နေသည့် ဂုဏ်ထူးတန်းကျောင်းသူတွေ ဖြစ်သည်။ နားမှာနားကြပ် တပ်ပြီး စကားပြောလိုက်ခြင်း ဖြစ်ရာသက်မာ အသံက တော်တော်ကျယ်၏။

“ ကောင်မ၊ ကုံးကွ လာပါလား၊ နင့်ကို မျိုးကို ဘယ်လောက်တောင် ဆော်လွှတ်လိုက်လဲ”

နောက်မှာ ရှိသည့် ဒေါ်နုနု ရှိန်ကို နှစ်ယောက်လုံး မမြင်ကြပါ။ ပပ ခုံတန်းမှာဝင်ထိုင်လိုက်သံကြားရသည်။

“ သက်မာရယ် နင့်အသံကြီးက ကျယ်လိုက်တာ၊ နားကြပ်ချွတ်ပြီး ပြောစမ်းပါ”

“ အေးပါ၊ အေးပါ ချွတ်လိုက်ပါပြီ၊ နင့်ကြည့်ရတာ ခြေထောက်တောင် မနည်းသယ်နေရတယ်၊ ဘယ်နှစ်ခါတောင် လုပ်လိုက်လို့တုန်း”

“ မှတ်တောင် မမမှတ်မိပါဘူး သူငယ်ချင်းရာ”

ပပ၏ အသံက နွမ်းဖျော့ နေသည်။

“ မျက်လုံးတွေလဲ စင်းလို့ အခုထိ ဖီးတက်နေတုန်းလား၊ ဘယ်မှာတုန်း၊ ခါတိုင်းလို မျိုးကို သူငယ်ချင်းအခန်း ပဲ လား”

“ မဟုတ်ဘူး၊ ဒီနေ့ သူတို့ဖဲဝိုင်းရှိလို့တဲ့၊ မရမ်းကုန်း ဖက်က Inn တခုကိုသွားတာ”

“ ဘယ်လိုလဲ၊ အေးအေးဆေးဆေး ရှိရဲ့လား”

“ ရှိပါတယ်၊ လူလဲရှင်းတယ်၊ နာမည်တော့ ငါလဲ မဖတ်မိဘူး”

ချစ်သူနှင့် ဆိတ်ကွယ်ရာတခုသို့ သွားသည့် အကြောင်းကို ထမင်းစားရေသောက်ပေါ့ပေါ့ ပါးပါး ပြောနေသည့် သူ ငယ်မ နှစ်ယောက်၏ စကားကို နားထောင်ရင်း ဒေါ်နုနုရှိန်လက်တွေတုန်လာသည်။ ထိုင်ရာကနေ ထရပ်လိုက် ရင် မြင်သွားကြမှာစိုးပြီး မလှုပ်မယှက် ဆက်၍ထိုင်နေရသည်။ နဖူးမှာ ချွေးတွေစို့လာတာကို တောင် သုတ်မပစ် နိုင်ရှာပါ။

“ ဘယ်သူမြှောက်ပေး လိုက်တယ်မသိပါဘူး သက်မာရယ်၊ အားဆေး အကောင်းစားတဲ့၊ အဲဒါသောက်ပြီးတော့ ငါ့ ကို ဒုက္ခ ပေးတော့တာပဲ၊ တခါပြီး ဖို့ တနာရီလောက်ကြာတယ်၊

လူလဲသေချင်စော်နံလာတာပဲ၊ အခုထိနာနေတုန်း ပဲ၊ ဗိုက်တောင်အောင့်တယ်”

“ မှတ်ပြီလား၊ ရဲမင်းစိုးကို မဖြတ်ပါနဲ့ လို့ငါတားရဲ့သားနဲ့ နင်နားမှ မထောင်တာ၊ မျိုးကို ရုပ်ကိုက ထန်တဲ့ ရုပ်”

“ ဆေးသောက်လိုက်လို့ပါဟယ်၊ အရင်ဒီလို မဟုတ်ပါဘူး၊ နောက်ဒါမျိုးဆိုရင်တော့ ဆောရီးပဲ ပြောခဲ့တယ်၊ ရေချိုး လိုက်ဦးမယ် ဟာ၊ ဒီညတော့ TV တောင်ကြည့်နိုင်တော့မယ် မထင်ဘူး”

“ ဟေ့ ဒီနှစ်ယောက် ဘာတွေ အတင်းတုတ်နေတာလဲ”

“ ဘာမှ မဟုတ်ပါဘူး မမစန္ဒာ”

ပပ လေးတွဲ့သည့်ခြေလှမ်းတွေ နှင့် အဆောင်ဖက်ကို လျှောက်သွားသည်။ နောက်ရောက်လာသည့် စန္ဒာက တော်ဝင်ပန်း ၏ ဝါရင့် အဆောင်သူဖြစ်သည်။ ကျောင်းသူဘဝကထဲက နေခဲ့ပြီး အခုဆိုရင် နိုင်ငံခြားကုမ္ပဏီ ကြီးတခုမှာ ဒေါ်လာအများကြီးရသည့် မန်နေဂျာမလေး တယောက်ဖြစ်နေပါပြီ။ အနည်းငယ် ပိန်သယောင်ရှိ သော်လည်း သူ့အတိုင်းအတာနှင့် သူကြည့်ကောင်းသူလေး ဖြစ်သည်။ ဒေါ်နုနုရှိန် နှင့် အရင်းနှီးဆုံး အဆောင် သူ လည်းဖြစ်သည်။

“ မိပ က ဘာဖြစ်တာလဲ၊ လေတိုက်ရင်လဲမယ့် ပုံနဲ့၊ သူ့ချစ်ချစ် ဆီက ပြန်လာတာလား”

“ သေချာတာပေါ့ မမရယ်၊ မျိုးကို ဆိုတဲ့ ငနာလက်ချက်ပေါ့၊ အဲဒီကောင်သိပ်မွှန်တာ”

“ အင်းပေါ့၊ ပပ လိုအလုံးအထည်နဲ့ တောင်ယိုင်ဆင်းလာတာပဲ၊ သဘောပေါက်ပါတယ်၊ သက်မာချစ်ချစ်ကရော ဘယ်လိုလဲ”

“ ငြိမ်းချမ်း က အေးဆေးပါ၊ သက်မာ သဘောမတူပဲ ဘာမှမလုပ်ဘူး”

“ ဒါပေမယ့် သက်မာက လည်းအမြဲသဘောတူတယ် မဟုတ်လား”

ရယ်သံလေးတွေ လွင့်လာသော်လည်း ဒေါ်နုနုရှိန် နားမှာမချိုပါ။ အဆောင်မှာ အသက်အကြီးဆုံး၊ ဝါအရင့်ဆုံး ဖြစ်လျက်နှင့် ဒီကလေးမတွေ ကို မဆိုမဆုံးမသည့် အပြင် မိမိ ကိုလည်း ဒီလိုမျိုးတွေ ရှိနေတာကို အသိမပေး သည့် စန္ဒာ ကို စိတ်ထဲက ကျိတ်ပြီး အပြစ်တင်နေမိသည်။

“ သက်မာ တို့က တခါတလေ မှပါ မမရယ်၊ ကျောင်းပိတ်ရက်ကြုံတာမျိုးမှ တညင်ကျောက်တန်း ဖက်ကို ကား မောင်းထွက်ကြတာလောက်ပါ၊ ဟီး …ဟီး”

“ တခါ တလေ ဆိုပေမယ့် မပေါ့နဲ့နော်၊ ငြိသွားရင်ခက်မယ်”

“ ငြိမ်းချမ်းက သက်မာထက်တောင်ကြောက်တတ်သေးတယ်၊ ဆိုင်ကယ်စီးရင် အမြဲတမ်း ဦးထုပ်ဆောင်းတယ်”

“ တော်သေးတာပေါ့၊ သက်မာ အလုပ်မရှုပ်တော့ဘူး”

“ အင်း …. ပပ ကတော့ဆေးထိုးတယ်၊ ညီမတော့ ဆေးခန်း မသွားရဲပေါင်၊ ရှက်စရာကြီး၊ တကယ်တော့ ရည်းစား ထားရတာလဲ ရှုပ်ပါတယ်၊ မမစန္ဒာလို အတုကြီးသုံးတာပဲ ကောင်းပါတယ် ”

“ဟောတော် … ရှင်က ဘယ်လိုသိတာတုန်း၊ ချောင်းစရာ အပေါက်လည်း မရှိပါဘူး ရှက်လိုက်တာ”

“ ကိုယ့်ညီမလေးပဲ မရှက်ပါနဲ့၊ သက်မာ ကလည်း မမအခန်းထဲမှာ ကပ်ကြေးလာရှာရင်း မတော်တဆတွေ့တာပါ၊ ဘယ်သူ့မှ မပြောဘူး၊ စိတ်ထဲမှာပဲထားတယ်”

စန္ဒာလည်း ခေသူ မဟုတ်ပါလားဆိုသည့် အတွေးကြောင့် ဒေါ်နုနုရှိန်ပါးစပ် အဟောင်းသားဖြစ်နေမိသည်။

“ ငါ့ ညီမလေး လိမ်မာတယ်၊ ညကျရင် လဘက်သုတ်ကျွေးရမယ်”

“ ဒါနဲ့ မမ အဲဒါကို ဘယ်ကသွားဝယ်တာလဲဟင်”

“ လက်ဆောင်ရတာ၊ မ တို့ဆီကို project နဲ့လာတဲ့ ဖော်ရိန်နာမ တယောက်လက်ဆောင်ပေးသွားတာ၊ သူက စန္ဒာ နင့်မှာရည်းစားရှိလားတဲ့၊ အရင်ကရှိတယ် အခုမရှိဘူးဆိုတော့ sex ကိစ္စ စိတ်ဖြစ်လာရင် ဘယ်လိုလုပ် သလဲ မေးတာနဲ့ အဆင်ပြေသလိုပေါ့ လို့ပြောလိုက်တာ ပြန်ခါနီး အဲဒါကြီး ပေးသွားတာပဲ”

“ သူသုံးတာလား”

“ အသစ်ပါ၊ သူက နှစ်ခုတောင် ယူလာတာတဲ့”

“ အကြီး ကြီးပဲနော်၊ မမ မနာဘူးလား”

“ Gel သုံးရတာပေါ့၊ ကလေးတွေ သုံးတဲ့ Baby Oil ဆိုတာလေ အဲဒါနဲ့ ရတယ်၊ Water Gel ဆိုလဲရတယ်”

“ ခေါင်းလိမ်းတဲ့ ဟာလား”

“ အင်းပေါ့၊ သူကတော့ သူ့ဆီနဲ့ သူပေးသွားတာပဲ၊ ကုန်သွားတာနဲ့ သူ့ကို e-mail ပို့မေးတော့ နင်မဝယ်ချင်ရင် Water Gel သုံးတဲ့၊ အမယ်လေး သူပြန်ယူသွားတဲ့ ဟာကြီး ညီမတွေ့ရင် လန့်မယ်၊ အထစ်အထစ် အရစ်အရစ် တွေ နဲ့ ကြောက်စရာကြီး၊ သူကပြောတော့ အဲဒါမျိုးမှ ပိုထိတာတဲ့”

“ သက်မာ လဲ ငြိမ်းချမ်းနဲ့ ပြတ်ရင် မမ လမ်းစဉ် လိုက်ရင်ကောင်း မလားမသိဘူး”

“ အတုက အစစ်လောက်ဘယ်ကောင်း မလဲ ညီမရယ်၊ တို့ က ကြိုက်မယ့်လူမရှိလို့”

“ မမ ပြောဖူးတဲ့ စလုံးက လူကြီးကရော”

“ ဟိုမှာ အိမ်ထောင်ကျသွားပြီ၊”

“ မမ က နှစ်မျိုးလုံးကြုံဖူးတော့ မေးကြည့်ရဦးမယ်၊ အတုနဲ့ အစစ် တော်တော်ကွာသလား”

“ ကွာတာပေါ့၊ အတုကို အစစ်နဲ့ ဘယ်လောက်တူအောင်လုပ်ထားလုပ်ထား အစစ်ကို မမှီဘူး”

“ အင်း … မမ ဆီက ဟာကတော့ တကယ့် အစစ်အတိုင်းပဲနော်၊ သွေးကြောတွေ တောင်ပါတယ်”

“ ဒါပေမယ့် အထိအတွေ့ကျတော့ ကွာတယ် ညီမရဲ့၊ လူ ကျတော့ အပွေ့အဖက် အနမ်းလေးတွေပါတယ် လေ၊  အတုကျတော့ စိတ်မကောက်ဘူး၊ သဝန်မတိုဘူး၊ သုံးပြီးတာနဲ့အိပ်ယာအောက် ထိုးထည့်လိုက်ရုံပဲ၊ ကဲပါ မှောင် တောင် မှောင်တော့မယ် အထဲဝင်ရအောင်၊ သိချင် ညကျမှ ဆက်မေး ဟုတ်လား”

စန္ဒာ နှင့် သက်မာ အသံတွေဝေးသွားသည် အထိ ဒေါ်နုနုရှိန် ငူငူကြီး ဆက်ထိုင်နေမိသည်။ တော်တော်လေး မှောင်လာတော့ မှထမိ၏။ ထိုင်နေတုန်းက မသိသော်လည်းထလိုက်တော့ ခြေထောက်တွေ ထုံကျဉ်နေသည်။ လက်စ နှင့် စွယ်တော်ပင်လေး ကို အဆောင်အဝင်ဝ၏ ညာဖက်နားက လွတ်နေသည့်နေရာမှာ သွားပြန်စိုက် လိုက်ပြီးအနားရောက်လာသည့် အိမ်ဖေါ်ကောင်မလေး တယောက်ကို ရေလောင်းခိုင်းကာ အိမ်ထဲဝင်ခဲ့ သည်။

“ ဆရာမ …ဆရာမ”

လမ်းမှာတွေ့သည့် အဆောင်သူမိန်းကလေး တယောက်က ဒေါ်နုနုရှိန် နောက်ဖက်ကို လက်ညိုးထိုးပြသည်။

“ ဘာလဲ သမီး”

“ ဆရာမ ထမိန် နောက်မှာ ကွက်နေတယ်”

လက်နှင့်စမ်းကြည့်လိုက်ရာ စိုစိစိ ချောကျိကျိ နှင့်ဖြစ်နေ၍ အခန်းထဲ မြန်မြန်ပြေးဝင်ပြီး မီးရောင်နှင့် ဖြန့်ကြည့် လိုက်မိသည်။ လေးလက်မ ပတ်လည်လောက်ရှိမည့် အကွက်ကြီးတကွက်ကို မြင်ရသည်။ သွေးလည်း မဟုတ်ပါ။ ဘယ်ကလာသနည်း ဟု စဉ်းစားနေဆဲ မသိစိတ်၏ စေ့ဆော်မှု ကြောင့်ပေါင်ကြားကို လက်နှင့် စမ်းလိုက်ရင်းဒေါ်နုနုရှိန် တကိုယ်လုံး အေးစက် တောင့်တင်းသွားရသည်။ သူမ၏ မိန်းမအင်္ဂါ အဝတွင် ရွှဲရွှဲစိုနေသည်ကို စမ်းလိုက်မိသည်နှင့် အံကို တင်းတင်းကြိတ်ပြီး အိပ်ခန်းနှင့်တွဲထားသည့် အိမ်သာထဲသို့ အပြေးဝင်လိုက်မိ ပါတော့သည်။

သူမ အလွန်ဂုဏ်ယူဝံ့ကြွားခဲ့ရသည့် အဆောင်သူတချို့၏ လိင်မှုကိစ္စ အပေါ်သဘောထား နှင့် လုပ်ဆောင်ကျင့် သုံးနေမှုကို အမှတ်မထင်သိခွင့်ရလိုက်ခြင်းက ဒေါ်နုနုရှိန်၏ စိတ်ကို အလွန်အနှောက်အယှက်ပေးသည် ကို အထူး ပြောရန်လိုမည် မထင်ပါ။ သူမ ခမျာ အရမ်း လည်းထိတ်လန့်တုန်လှုပ်မိပါသည်။ ထိုအကြောင်းတွေ ကြား ရပြီးကထဲက ခေါင်းထဲမှာဒါကိုပဲ တွေးနေမိသည်။

“ good morning ဆရာမ၊ မင်္ဂလာပါ”

တက်ကြွလန်းဆတ်သည့် အသွင်ဖြင့် ထမင်းစားခန်းထဲဝင်လာပြီး နှုတ်ဆက်သည့် စန္ဒာ့ ကို ဒေါ်နုနုရှိန် ပြန်နှုတ် မဆက်မိသေးပဲ ငေးကြောင်ကြည့်နေမိပါသည်။ အိပ်ရေးမ၀ လို့ ငူငူငေါင်ငေါင်ဖြစ် နေသည့် သူမနှင့် ဆန့်ကျင် စွာပင် စန္ဒာက ကြည်လင်ဖျတ်လတ်နေ၏။     

“ အော် ...အေး ...မင်္ဂလာပါကွယ်”   

မီးခိုးရောင်ရင့်ရင့် ကုတ်နှင့် စကပ်ရှည်ကို ဆင်စွယ်ရောင်ကိုယ်ကြပ်ဖြင့် တွဲဖက်ဝတ်ဆင် ထားသည့် စန္ဒာက ပြန် ပြုံးပြလိုက်ပြီး ထမင်းစားပွဲမှာဝင်ထိုင်သည်။ တော်ဝင်ပန်းက မနက်စာတော့ စီစဉ်မပေးပါ။ အဆောင်သူတွေက ဒေါ်အေးစိန်၏ ကောင်မလေးတွေကို မုန့်ဖိုးပဲ ဖိုးပေးပြီး စီစဉ် ခိုင်းတာမျိုးကိုတော့ ဒေါ်နုနုရှိန် မသိသလိုပင် နေပါ ၏။ အခုလည်း စန္ဒာကကောင်မလေး တွေ ဝယ်ပေးထားသည့် မုန့်ဟင်းခါးစားနေသည်။ 

ဟိုတလောကမှ ၂၈ နှစ်ပြည့်သည့်စန္ဒာက တဆောင်လုံးကို မုန့်ကျွေးတာပြန်မှတ်မိသည်။ လူက ပိန်ပိန်သွယ် သွယ်ဖြစ်သော်လည်း စန္ဒာ့ရင်သားတွေကတော့ ဖွံ့ဖြိုးသည်ကို အခုမှဒေါ် နုနုရှိန် သတိထားမိပါသည်။ ဒါတွေက သူမ၏ ချစ်သူအတွက် ကစားကွင်းကောင်းတခု ဖြစ် ချင်ဖြစ်နေခဲ့ပေလိမ့်မည်။ အခုတော့ လိင်တံအတု ဖြင့် စိတ် ဖြေနေသည် ဆိုသည့်စန္ဒာ့ ကို နားမလည်နိုင်သလို ဘာကြောင့်ဒီလိုလုပ်ရသနည်းဟု သိချင်စိတ်လည်းပြင်း ပြ မိသည်။   

ဒေါ်နုနုရှိန် ဆယ့်လေးနှစ်သမီးမှာ အပျိုဖြစ်ခဲ့ပြီး အခုဆိုရင်အသက်လေးဆယ်ပြည့်ပြီးခဲ့ပြီ။ နှစ်ဆယ့်ခြောက်နှစ် ဆို သည့်ကာလတခုမှာ လိင်ကိစ္စကို ဘာကြောင့်ကိုယ်နှင့် မဆိုင်သ လို နေခဲ့ပါလိမ့်ဟုလည်းတွေးမိ၏။ အရွယ် ရောက် သည်စမှပြီး ယောက်ျားသားတွေ၏ လိုချင်တပ်မက်မှုတွေ ပိုင်ဆိုင်လိုမှုတွေ မရေမတွက်နိုင်အောင် ကြုံ ခဲ့ပြီး သည့်အတွက် မိမိလှသည့် အကြောင်း ဒေါ်နုနုရှိန်သိပါသည်။ 

လက်တွဲဖေါ်ယောက်ျားသား တယောက် ရဖို့ ဘယ် လိုမှ မခက်ပါ။ ခုအရွယ် အထိတိုင်အောင် ကမ်းလာသည့် လက်တွေကို ရှောင်ဖယ်နေရသည် မဟုတ်ပါ လား။ ရတာမလို လိုတာမရဟု အပျိုကြီးတွေကို ပြောစမှတ်ရှိကြသော်လည်း ဒေါ်နုနုရှိန် အတွက် ကတော့ လိုချင်သူ များလွန်းခြင်းကြောင့် တယောက်ထဲဖြစ်ရခြင်းလို့ ဆိုမယ်ဆိုရင်ဆိုနိုင် ပါသည်။ 

များပြားသည့် ကမ်းလှမ်းမှု  တွေ ကြားမှာ ဘာကိုရွေးရမှန်း မသိနိုင်အောင်ဖြစ်ခဲ့ ရ သည်။ မျက်စိမှိတ်ရွေးချင်စိတ်ပေါက်လောက်အောင်လည်း  ဘယ်သူ့ကိုမှ မတပ်မက်မိခဲ့။ အချစ်ဆိုသည့် အရာက ဒေါ်နုနုရှိန် နှလုံးသားတံခါးကို ဖြတ်ကျော်ဝင်လာဖို့ အသာ ထား၊ တံခါးခေါက်သံလေးပင် မပေးခဲ့ပေ။   

တက္ကသိုလ် ကျောင်းသူဘ၀ အလှဆုံးနှင့် အတောက်ပဆုံးအချိန်မှာ မိဘစကားနားထောင် သည့် သမီးအလိမ္မာ ဘဝမှာ ကျေနပ်နေခဲ့မိသလို အထင်ကြီးအားကျသည့် ဆရာမ ဘဝကို ရောက်နိုင်ရေးအတွက် စာကြိုးစားဖို့ကို သာစိတ်သန်ခဲ့၏။ လူရိုသေရှင်ရိုသေ ဆရာမဖြစ်ချင် သူက လူမှုရေးပိုင်းမှာသန့်ရှင်းဖို့ လိုသည်ဟု တွေးခဲ့မိ တာ ကြောင့်လည်းပါသည်။

တက္ကသိုလ်ဆရာမ ဖြစ်လာပြန်တော့ ကျောင်းသားတွေက ဆရာမ ငယ်ငယ်လှလှလေးကို အရိုအသေ မတန် စေရန် အိန္ဒြေကြီး တခွဲသားနှင့် နေရသလို တက္ကသိုလ် အသိုင်းအဝိုင်း ထုံးစံ နိုင်ငံခြားပညာသင်သွားခွင့် ရဖို့ အရေး အတွက်စာတွေပိုကြိုးစားရပြန်သောကြောင့် မေတ္တာရေးမှာလစ်ဟင်းရပြန်သည်။ နိုင်ငံရပ်ခြားက ရ သည့်ဘွဲ့၊ လက်ထောက်ကထိက ဆို သည့်ရာထူးနှင့် ပြည့်စုံလာပြန်တော့လည်း မမျှော်လင့်ဘဲ မိခင်ကြီး၏ ကျန်းမာရေးက ဝင် လာသည်။

တန်ဖိုးထားခဲ့သည့် ဆရာမအလုပ်ကိုစွန့်ပြီး ပြုစုခဲ့သည့်တိုင် မိခင်ကိုဆုံးရပြန်သောအခါ ဖခင် ကိုလည်း တဦး ထဲ ပစ်မထားနိုင်လို့ အဖေနားမှာပဲ နေရင်း နောက်တော့ အဆောင်ဖွင့်ဖြစ်သည့်အခါ အဖေတလှည့် အဆောင်တ လှည့် အချိန်ပေးရင်း အချိန်တွေကုန်ဆုံးခဲ့ရသည်။ ဖခင် မရှိတော့သည့် အခါမှာလည်း နာမည်ရနေသည့် အ ဆောင်ကို ကြိုးစားစောင့်ရှောက် နေရသဖြင့် ဒေါ်နုနုရှိန် မှာ ထွေလီကာလီ စိတ်များချိန်မရခဲ့ပါ။

အခုခေတ်ကာလမှာ သမီးရည်းစား စံနှုံးတွေ ပြောင်းလဲ ကုန်ပြီလားဟု ဒေါ်နုနုရှိန် ဇေ၀ ဇဝါ ဖြစ်ရသည်။ ဆိတ် ကွယ် ရာမှာ သွားပြီး လိင်ဆက်ဆံကြခြင်းက ဟိုတုန်းက အတွဲတွေပန်း ခြံသွားကြသလို ရုပ်ရှင်သွား ကြည့်ကြ သလို သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတခုလို့ သတ်မှတ် ထားလိုက်ကြပြီထင်ပါသည်။ မိန်းကလေး သိက္ခာ၊ အပျိုစင် ဂုဏ်ဒြဒ်၊ စသည့် သတ်မှတ် ချက်တွေလည်း ပျောက်ဆုံးသွားခဲ့လေပြီ။ 

ကျောင်းဆရာမ မဟုတ်တော့သည့်တိုင် ဆရာမစိတ်၊ ဆရာမကျင့် ဒေါ်နုနုရှိန် ပျောက်မ သွားပါ။ အဆောင်သူတွေ ဆိုတာကလည်းသူမ၏ ကျောင်းသူတပည့်လေးတွေ၏ အရွယ်သာဖြစ်ရာ တပည့်လေးတွေလိုပဲ သဘောထားမိ ပါသည်။ ကိုယ့်ဥယျာဉ် တွင်းက ပန်းက လေးတွေလို သဘောထားပြီး စောင့်ရှောက်ချင်စိတ်၊ ပျိုးထောင်ချင်စိတ် အမြဲရှိခဲ့သည်။

သူမ၏ ပန်းကလေးတွေ လှပကြပါသည်။ လန်းဆန်းတင့်တယ်ကြပါသည်။ သို့သော်လည်း အတွေး အမြင်ပိုင်းမှာတော့ ဒေါ်နုနုရှိန် ဖြစ်စေချင်သည်နှင့် များစွာခြားနား ခဲ့ပြီမှာအမှန်ဖြစ် တော့၏။     

ဒါပေမယ့် သူမ၏ မိန်းကလေးတွေက အလုပ်ခွင်မှာ ကျောင်းစာမှာတော့ အောင်မြင်ကြပါ သည်။ ရည်းစား ထား သော်လည်း၊ ရည်းစားနှင့် အိပ်သော်လည်း စိတ်လေပြီး ဆုံးရှုံးတာမျိုး လည်း ရှိမနေကြပြန်။ အိပ်ရေးမဝလို့ ရီေ၀ နေသည့် ခေါင်းကို ခပ်သာသာခါရင်း ဘာကိုနား လည်ရမှန်း မသိသည့်အဖြစ်ကို တွေးနေမိ၏။   

သက်မာ၊ ပပ နှင့် စန္ဒာတို့ကတော့ အိမ်ထောင်သည် မဟုတ်သော်လည်း အပျိုမစစ်ကြတော့တာ သိပြီးဖြစ်သည်။ ကျန်သည့်မိန်းကလေး တွေရောဘယ်လိုလဲဟု သိချင်လာမိသည်။ အားလုံးတော့ ဒီလိုမဟုတ်နိုင်ပါ။ ဒါပေမယ့် အ ဆောင်က မိန်းကလေး တဝက်လောက်တော့ သက်မာတို့ အတိုင်းဖြစ်လောက်သည်ဟု ထင်မိပါသည်။သိချင်စိတ် ကိုမထိန်းနိုင်တော့သည့် အခါ အဆောင်မှာ မိန်းကလေး တယောက်မှ မရှိတော့သည့် နေ့ လည်ခင်းတခုမှာ အ ခန်းတွေထဲဝင်ရှာမိတော့သည်။ 

ဒေါ်နုနုရှိန်ဆီမှာ အခန်းတိုင်း၏ သော့တွေရှိနေသည်ကို ဘယ်သူမှမသိကြပါ။ ဒေါ်နုနုရှိန် ကလည်း လိုလိုမယ်မယ် သိမ်းထားသော်လည်း တခါမှထုတ်မသုံးခဲ့ ဖူးပါ။ ဒီတခါမှ ထုတ်သုံးမိခြင်းဖြစ်ပါ၏။   

အဆောင် က အိမ်မ နှင့်တဆက်ထဲဖြစ်သည်။ အပေါ်ထပ်ကဖြစ်စေ အောက်ထပ်ကဖြစ်စေ အဆောင် ဝရံတာ သို့ တန်း ဝင်နိုင်သည်။ အင်္ဂလိပ်စာလုံး L ပုံစံဖြစ်အောင် အိမ်၏ခြေရင်းဖက် အခြမ်းကို ဖြိုပြီး နှစ်ထပ်တန်းလျား ရှည် ကြီး နှင့် တဆက်ထဲ လုပ်ထားခြင်းဖြစ်သည်။ မီးဖိုနှင့် ထမင်းစားခန်း ကိုတော့ အိမ်မ ထဲမှာထည့်ထား၏။ 

အခန်း ခြောက်ခန်းပဲ ရှိသည့် အောက်ထပ်ကို အရင်ဝင်ကြည့်သည်။ အောက်ထပ်က မိန်းကလေး တချို့က ဒီ နှစ်မှ ရောက်လာသည့် လူသစ်ကလေးတွေ ဖြစ်သည်။ စိတ်ထဲမှာ မလုံမလဲ ဖြစ်ရသော် လည်း အားတင်းပြီး လေ့လာ မိ၏။ သာမန်မိန်းကလေး တွေ၏ အခန်းမျိုးသာ ဖြစ်ကြောင်း မှတ်ချက်ချမိသည်။ တံမျက်စည်း လှည်း ဖို့ တော့ ဒီကလေး မတွေပျင်းပုံရသည်။

အပေါ်ကိုတက်သည့် အခါကျတော့ အရင်ဆုံး နားနှင့် ဆတ်ဆတ်ကြားခဲ့ရသည့် သက်မာ၏ အခန်း နှင့် ပပ၏ အခန်းကို ရှာသည်။ ရှာသည်ဆိုတာ က လည်း လက်ရာခြေရာမပျက်ရအောင်သတိထားပြီး ကြည့်ရတာဖြစ် သည်။ အိပ်ယာပေါ် စားပွဲပေါ် နှင့် သော့ခတ် မထားသည့် ဘီရိုများ အံဆွဲများကို ဖွင့်ကြည့်ခြင်း မျိုးလောက်ပဲ လုပ်နိုင်သည်။ 

သော့ခတ်ထားတာတွေ ဆိုရင် တော့ ဘာမှလုပ်လို့ မရပေ။ သက်မာနှင့် ပပ ဆီမှာ ဘာမှထူး ခြားတာ မတွေ့သဖြင့် ကျန်တဲ့ အခန်းတွေ လိုက် ကြည့်မိသည်။ ကျောင်းသူလေးတယောက်၏ အံဆွဲထဲတွင် ကွန်ဒွန် နှစ်ခုသုံးခု တွေ့သည်။ တခြား တယောက် ဆီမှာတော့ ပဋိသန္ဓေ တားဆေးကဒ် တွေ့၏။ ဒါဆိုရင် သူ တို့လည်း ပပ တို့ နှင့် လိုင်းတူလို့သတ်မှတ် နိုင်သည်။ ကျန်အခန်းတွေ မှာတော့ အဝတ်တွေပွရှုပ်နေတာ၊ သုံး ပြီးသား လစဉ်သုံးဂွမ်းထုပ် ကို တွေ့ရာစက္ကူ နှင့် ပတ်ပြီး အခန်းထောင့်မှာ ဒီတိုင်းပစ်ထားတာ၊နေကြာစေ့၊ ဆီး ထုပ် အခွံတွေ များနေတာ ဒီလောက်ပဲ တွေ့ရသည်။   

စန္ဒာ့ အခန်းကတော့ အပြင်ဖက် အကျဆုံး အပေါ်ထပ်ထောင့် စွန်းမှာဆိုတော့ ဒေါ်နုနုရှိန် နောက်ဆုံးမှဝင်ဖြစ်၏။ အခန်းတွေ အားလုံးထဲမှာ စန္ဒာ့ အခန်းက အလင်းရောင်အရဆုံးအကောင်းဆုံး အခန်းဖြစ်သလို အသန့်ရှင်းအ သပ်ရပ် ဆုံး ဖြစ်နေတာကို တွေ့ရသည်။ စန္ဒာက အမြဲသန့်ရှင်းသပ်ရပ်စွာ နေတတ်သလိုသူမ၏ အခန်းက လည်း အခန်းရှင် အတိုင်းပင်ဖြစ်နေသည်။ 

သက်တမ်းရှည် အဆောင်သူဖြစ်နေလို့ ဒေါ်နုနုရှိန် က အကောင်း ဆုံးအခန်း ကိုပေးခဲ့ ခြင်းဖြစ်သည်။ အောက်ထပ်မှာ အိမ်မနှင့် ကပ်လျက်ရှိသော ရေချိုးခန်း အိမ်သာတွေ နှင့် ဝေးသည်မှ အပ လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ရသည့် အခန်းကို သဘောကျလို့ စန္ဒာ မနေတော့ရင်ပြောင်းနေ ချင်ပါသည် ဟု ကြိုပြောထားသူတွေတောင်ရှိပါသည်။     

အခန်းထဲမှာ လိုက်ကြည့်ရင်း ဒေါ်နုနုရှိန် နားထဲတွင်“ ပြီးတာနဲ့ အိပ်ယာအောက်ကို ထိုးထည့်လိုက်ရုံပဲ” ဆိုသည့် စန္ဒာစကားကို ကြားယောင်လိုက်မိပြီးနောက်တွင် မွေ့ယာကိုအသာလေး မပြီး ကြည့်လိုက်မိသည်။ ခြေရင်းဖက် မှာ ဘာမှမတွေ့၍ အလယ်လောက်ကို မလိုက်တော့မှ အဖြူလိုလို မီးခိုးလိုလိုအရောင်ဖြင့် ရာဘာအချောင်းကြီး ဘွားကနဲထွက်လာသည်။ စက္ကူ တရွက်နှင့် ပတ်ထားသော်လည်း အားလုံးကို ငုံမိအောင်မအုပ်နိုင်။ ထိပ်ဖျားနှင့် အရင်းဖက် က အပြားဝိုင်းဝိုင်းတခုက အပြင်သို့ထိုးထွက်နေသည်။

ထုပ်ထားသည့် စက္ကူမှာ ရေအနည်းငယ်စိုစွတ်နေသည်ကိုလည်းတွေ့ရသည်။ လက်ထဲမှာ ကိုင်ထားဆဲ မွေ့ယာ ကို ပြန်ချဖို့မေ့ပြီးဒေါ်နုနုရှိန် ကြောင်ကြည့်နေမိသည်။ ဘယ်လောက် ကြာအောင်စိုက်ကြည့်နေမိတာကို သတိ မ ထားမိပါ။ ယောက်ျားတယောက်၏ တန်ဆာက ဒီလောက်အရွယ် အစားရှိသလား။ ဒေါ်နုနုရှိန် လည်းမမြင် ဖူး သည့်အတွက် ထူးဆန်းနေသည်။ ပိန်ပိန်ပါးပါး စန္ဒာ့ ၏ ကိုယ်လေးထဲသို့ ဒါကြီးထိုးထည့်လို့ ရသည်ဆိုတာ ကို လည်းအံံ့သြနေမိပါသည်။   

ကြည့်နေရင်း အသက်ရှုမြန်လာပြီး မွေ့ယာကိုင်ထားသည့်လက်တွေ တုန်နေကြောင်း ဒေါ်နုနုရှိန် သတိပြုလိုက် မိ ပြီးသည့်နောက်တွင် အနားစပ်ကနေ ပင့်မထားမိသည့် မွေ့ယာကိုလွှတ်ချပစ်လိုက်သည်။ အိပ်ယာခင်း အ နား စလေးတွေကို ညီညီညာညာ ဖြစ်သွားအောင် ပြန်လုပ်ပေးရင်း လူက ကတုန်ကရီဖြစ်နေသည်။ လက်ဖဝါး တွေမှာ ချွေးပြန် နေပြီး နဖူးစပ်မှာလည်းချွေးတွေသီးနေ၏။ အသက်မဲ့သည့် ယောက်ျားအင်္ဂါ အတုတခုကို မြင်ရ သည့်အ စား သက်ရှိအဆိပ်ပြင်းမြွေ တကောင်ကိုမြင်တွေ့ရသလို တုန်လှုပ်မောပန်း နေရသည်။ ဒါတောင်မှ သက်မာက အ စစ်နှင့် အလွန်တူသည်ဟု ချီးမွမ်းခဲ့သည့် အရာကို တပိုင်းတစသာမြင်ခဲ့ရခြင်းဖြစ်သည်။   

လက်ရာခြေရာ ပျက်မပျက် စေ့စေ့စပ်စပ် အကဲခတ်ပြီး ပြန်ထွက်လာခဲ့သည့် တိုင်အောင် ဒေါ်နုနုရှိန် ရင်တုန်မ ပျောက်သေးပါ။ အိမ်ဖေါ်ကောင်မလေး တယောက်ကို သံပုရာရည် ဖျော်ခိုင်းပြီး သောက်လိုက်ရသည်။ တနေ့ လုံး လည်း အခန်းအောင်းနေမိ၏။ ဒေါ်အေးစိန် ကို ဈေးဝယ်ဖို့ ကားမောင်းပို့မည်ပြောထားတာကိုတောင် မထွက် ချင် တော့လို့ အိမ်ဖေါ်တ ယောက်ထည့်ပေးပြီး တက္ကဆီ နှင့်သွားခိုင်းလိုက်ရသည်။ 

အခန်းသာအောင်းနေသော်လည်း ဘာမှ မယ်မယ်ရရ မလုပ်ဖြစ်ပါ။ စာဖတ်လိုက်၊ အိပ် ယာ ထဲမှာလှဲလိုက် နှင့် အ ချိန်တွေကုန်သွားသည်။ ယနေ့ခေတ် မိန်းကလေးတွေအကြောင်းလည်း စဉ်းစားနေမိ၏။ ဒေါ်နုနုရှိန် တို့ခေတ်က ရည်းစားဘ၀ မှာနယ်ကျော်ခြင်း မရှိမဟုတ်၊ ရှိကြပါသည်။ ဒါပေမယ့် အခုလိုမျိုးမဟုတ်ဟု ထင်၏။ တလော တုန်း ကသူငယ် ချင်းဆရာမ တယောက် အလည်လာစဉ်ပြောပြသွားသည့် သူမ၏ တပည့်တွေက ယောက်ျားလေး ရောမိန်းကလေးပါ တအိမ်ထဲတူတူငှားနေပြီး ကျောင်းတက်ကြသည့်အကြောင်းပြောသွားစဉ်က သိပ်မယုံချင် သ လိုဖြစ်ခဲ့ တာကိုပြန်တွေးမိသည်။ 

“ နင်တို့က မပြောဘူးလား”     

“ ပြောလဲရမှာမှ မဟုတ်တာ၊ ငါတို့တုန်းကလို အစိုးရကျောင်းဆောင်တွေလဲ မရှိတော့ဘူးဆို တော့ သူတို့ဖာသာ အပြင်မှာနေချင်သလို နေနေကြတာ တို့လဲ ဘယ်တတ်နိုင်မလဲ”     

နိုင်ငံခြားမှာ ကျောင်းတက်တုန်းကတော့ သမီးရည်းစား အတူတူနေကြတာမဆန်းပါ။ ဒါသူတို့ ယဉ်ကျေးမှု့ လို့ပဲ နားလည်ခဲ့ သည်။ အခုတော့ ဒီကိုလည်း ထိုယဉ်ကျေးမှု ကူးစက်လာသည့် အနေအထားဖြစ်နေသည်။ မိမိ အ ဆောင်က မိန်းကလေးတွေကတော့ ဒီလိုမဟုတ် ဟု ထင်ထားမိတာ အလွဲကြီးလွဲနေပြီ ဖြစ်ကြောင်း သိလိုက် ရ ပါသည်။ အဆောင်မှနေ ကျောင်း သို့မဟုတ် အလုပ်ကို ထွက်သွားပြီးသည့် အချိန်နောက်ပိုင်းမှာတော့ ဒေါ်နုနုရှိန် ဘယ်လိုမှ မတတ်နိုင်ပါ။ အဆောင်ပြန်ဝင်လာမှ သူမတို့ကို ထိန်းချုပ်လို့ရပေမည်။

နောက်ဆုံးတော့ အဆောင်မှာမဟုတ်တရုတ်လုပ်မနေ ရင်ပြီးတာပဲဟု စိတ်ကိုလျှော့ချလိုက်ရသည်။ ဒါပေမယ့် စန္ဒာ့လို ကိစ္စမျိုးကျတော့ ဘယ်လို ဆုံးဖြတ်နားလည်ရမည်ကို ဒေါ်နုနုရှိန် မတွေးတတ်ပြန်ပါ။ အဆောင် စည်း ကမ်းကိုဖေါက် ဖျက်ပြီး ယောက်ျားခေါ်လာခြင်းလည်း မဟုတ်၊ သက်မဲ့ပစ္စည်းတခုကို အသုံးချပြီးသူမ၏ ဆန္ဒကို ဖြေဖျောက်ခြင်းသာဖြစ်ရာ တားမြစ်ချင်ရင်တောင် ဘယ်လိုပုံစံနဲ့ တားမြစ်ရမည် မှန်းလည်း ဒေါ်နုနုရှိန် အဖြေမ ထုတ်နိုင်ပါ။ 

“ တော်ပြီ၊ လုပ်ချင်ရာလုပ်ကြတော့၊ ငါ့ အဆောင်မထိခိုက်ရင် ပြီးတာပဲ”     

ယတိပြတ်ဆုံးဖြတ်လိုက်ပြီးနောက် ရှုပ်ထွေးနေသည့် ဦးခေါင်းနှင့် တနေကုန်ညောင်းချိနေသည့် ကိုယ်ခန္ဓာကို ဖြေလျော့ရန် ရေချိုးဖို့ ဆုံးဖြတ်လိုက်သည်။အဝတ်အစားချွတ်ရင်း မှန်ထဲမှာ ကိုယ့် ကိုယ်ကို သေသေချာချာ ပြန်ကြည့်မိသည်။   

ဝါဝင်းပြည့်ဖြိုးသည့်ရင်သားတွေက ခရမ်းရောင်ဘရာစီယာထဲက အပြင်ကိုအတင်းတိုးထွက်နေကြသည်။ ဘရာ စီ ယာကို ချွတ်လိုက်လို့ ခွက်ထဲကနေ ထွက်လာသည့် တိုင် ရင်သားတွေက လျှောကျသွားခြင်းမရှိဘဲ တင်းတင်း ရင်းရင်း နေရာ တကျဖြစ်နေသည်။ အသက်လေးဆယ် ရှိသည့်တိုင် လျော့တွဲခြင်း မရှိသေးသည့်ရင်သား တွေကို လက်နှင့်အသာမကြည့်မိသည့် အခါတွင်တကိုယ်လုံးကြက်သီးမွေးညင်းတွေ ထလာ သလိုခံစားရသည်။

ရင်သားတွေသာမဟုတ် ပုခုံးသား၊ လက်မောင်းသာတွေက လည်းတင်းရင်းစိုပြေနေဆဲပင်။ အဆီပိုမရှိပါ။ ဗိုက် ခေါက်ကလည်းရွယ်တူ မိန်းမတွေလို ထူထူမောက်မောက်မဟုတ်ဘဲယောင်ယောင်လေးသာမို့ သယောင်  ရှိနေ သည်ကို စိုက်ကြည့်ရင်း ထမိန်ကို ချွတ်ချလိုက်သည်။ ဆီးခုံမို့မို့အောက်တွင် အမွှေးတွေ နည်းနည်းပြန်ရှည် နေ ကြသည်။ သက်ပြင်းချရင်း ဒီနေ့တော့ ရိတ်လို့ မဖြစ်လို့ ဆုံးဖြတ်လိုက်သည်။ အပျိုဖြစ်လာစမှာ အမွှေးလေး တွေ ထွက်လာတော့ ရှက်စိတ်ဖြင့် ကပ်ကြေးနှင့် ညှပ်ပစ်ခဲ့၏။

အမွှေးကြမ်းကြမ်း တွေရှည်ထွက်လာတော့ ဒေါ်နုနု ရှိန် မနေတတ်တော့ပါ။ မြင်ရထိရရင် စိတ်ထဲမှာ ဘယ်လိုကြီးမှန်း မသိ။ တက္ကသိုလ်ရောက်မှ သူငယ်ချင်း တယောက် က သူမ၏ အမွှေးတွေကို မှန်မှန်ရိတ်ပေးသည့် အကြောင်း ပြောပြရာမှ ဒေါ်နုနုရှိန် လည်း ရိတ်ဖြစ်သွားသည်။

အခုတော့ အကျင့်ဖြစ်သွားပြီး နည်းနည်း ပြန်ရှည်လာတာ နှင့် မနေတတ်တော့။ ဒါပေမယ့် ကိုယ့်ပစ္စည်း ကိုယ် ပြန် မကြည့်ရဲအောင်ဖြစ်နေရသည့် အချိန်မှာတော့ မရိတ်ရဲ ပါ။

ခြေတုန်လက်တုန်နှင့် ရှကုန်ရင်ခက်မည်။ မျက် လုံးထဲမှာ စန္ဒာ့မွေ့ယာ အောက်က အ ချောင်းကြီးကို ပြန်မြင်ယောင်လာသည့် အခါ တကိုယ်လုံးတုန်သွား၍ အလန့်တကြား ဖြင့်ရေချိုးခန်းသုံး တ ဘက်ကြီးဖြင့် တ ကိုယ်လုံးလုံအောင်ပတ်ထားလိုက်မိသည်။ 

အပျိုကြီး ဖြစ်မည့်ဇာတာပါသူပီပီ ဒေါ်နုနုရှိန် မှာ နောက်ထပ်ဇီဇာ ကြောင်တာ တခုရှိသေးသည်။ အတွင်းခံကို နည်းနည်းလေး ဟောင်းသွားတာနှင့် ဘယ်တော့မှ မဝတ်တော့။ အိမ်က ကောင်မလေးတွေကိုဖြစ်ဖြစ်၊ ခြံအလုပ် သမားကိုလှရွှေ၏ မိန်းမ ကိုဖြစ်ဖြစ်ပေး ပစ်လိုက်သည်။ 

ဝတ်ရင်လည်း အဖိုးအတန်သော၊ လှပသော အတွင်းခံ မျိုးတွေပဲ ဝယ်ဝတ်တတ်သည်။ သူ၏ အကျတွေရသည့် သူတွေက လည်း ထိုအကျင့်ကို သဘောကျကြသည်။ အတွင်းခံ အသစ်လှလှလေး ဝယ်လာဖြစ်ပြီဆိုရင် အိမ်ရောက်တာ နှင့် မှန်ရှေ့မှာဝတ်ကြည့်တတ်သည်။ အပေါ် ကအင်္ကျီထပ်ဝတ်လိုက်ရင် ပျောက်ကွယ်သွားမှာမှန်း သိရက်နှင့် လှတာကိုပဲမက်သည်။ ဘယ်လောက်ဈေးကြီး ကြီး ဝယ်ဝတ်သည်။

သွားရင်းလာရင်း ကြိုက်တာတွေ့ရင်လည်း အမြဲဝယ်သည်။ ထို့ကြောင့် ဒေါ်နုနုရှိန်ဆီမှာ အတွင်းခံတွေ ပုံနေတတ်သည်။ အတွင်းခံလှလှလေးဝတ်ထားသည့် ကိုယ့်ကိုယ်ကို မှန်ထဲမှာ ပြန်ကြည့်ရတာ ကို ဒေါ်နုနုရှိန်ပျော်သည်။

လူတိုင်း၊ ယောက်ျားတိုင်း တပ်မက်စွာကြည့်ကြသည့် ခန္ဓာကိုယ် မိမိ မှာရှိမှန်း ဒေါ်နုနုရှိန် သိသည်။ ကိုယ့်ကိုယ် ကိုယ် အဝတ်မပါဘဲမြင်ဖူးသည့် အကြိမ်တွေတိုင်း စိတ်ထဲဘယ်လိုမှ မနေခဲ့ ဘဲဒီနေ့မှ ထူးခြားစွာရှက်ရွံ့နေသည့် အဖြစ်ကိုဒေါ်နုနုရှိန် နားမလည်ပါ။ ခါတိုင်းလို ပင်ရေချိုးရင်း ကိုယ်ကို ပွတ်သပ်သန့်စင် ခြင်းကိုပင် မလုံမလဲ ဖြစ် နေရသည်။

ပေါင်ကြား ထဲကို ဆပ်ပြာတိုက်ချိန်မှာပင်ရွရွလေးသာပွတ်မိ၏။     စိတ်ထဲ ဂယောင်ချောက်ခြားဖြစ်နေသည်ကို သည်းမခံနိုင်တော့သဖြင့် ရေချိုးတာကို အမြန် လက်စသတ်ပြီး အ ပြင်ကိုထွက်လာမိသည်။ ရေသုတ်ပြီး အဝတ်အစားလဲတော့လည်းမှန်ကို မကြည့်မိအောင်သတိထားနေမိသည်။ အဝတ်အစား အပြည့်အစုံဝတ်ပြီး ခေါင်းဖြီး တော့မှသာ မှန်ပြန်ကြည့်သည်။ အသက်လေးဆယ် ရောက်မှ ဘာ ကြောင့် မြီးကောင်ပေါက် မလေးတယောက်လို ဖြစ်နေရသည်ကို ဒေါ်နုနုရှိန် နားမလည်ပါ။ ဒါပေမယ့် နားလည် ဖို့လဲ မလိုဟုတွေးနေမိပါသည်။ 

ညနေအဆောင်သူတွေ ပြန်ရောက်လာကြချိန်တွင် အရင်ရက်တွေကလို ဟိုလျှောက်ဒီသွား နှင့် မျက်နှာပြလူစစ် မနေတော့ဘဲ ခြောက်နာရီ ထိုးခါနီးမှ လူစုံမစုံ ဒေါ်အေးစိန်ကိုကြည့်ခိုင်းလိုက်သည်။ လူစုံသည် ဆိုတော့မှ နာရာ ရား ကို တံခါးပိတ်ခိုင်းလိုက်၏။ 

သူတို့လေး တွေ မရှိခိုက် အခန်းထဲဝင်ကြည့်မိသည့် အဖြစ်ကို ဒေါ်နုနုရှိန် မျက်နှာ ပူနေမိခြင်း ဖြစ်သည်။ အဆောင်သူတွေ၏ အခန်းထဲကို ဒေါ်နုနုရှိန်ဝင်ဖူးပါသည်။ ဒါပေမယ့် ပိုင်ရှင်ရှိသည့် အချိန် မျိုးမှသာ အကြောင်းကိစ္စတခုခု ဖြစ်သွားစကားပြောခြင်း၊ နေမကောင်းဟု ဆိုရင်သွားကြည့်ချင်း လောက်သာ ဖြစ် သည်။ စိတ်မလုံသည့် အတွက် သူတို့ညစာစားနေကြချိန်တွင် ဒေါ်နုနုရီ ခြံပြင်ကိုထွက်လာခဲ့၏။   

“ ကောင်မလေး ဘယ်တုန်း”   

ငယ်စဉ်ကထဲက သိခဲ့သည့် ကုလားအဖိုးအို အတွက်ဒေါ်နုနုရှိန် သည် ကောင်မလေးသာဖြစ်၏။

“ ဟိုနား ဒီနားပါပဲ” 

ဒေါ်အေးစိန် အလုပ်ရှုပ်ရသည့် အချိန်ဖြစ်လို့ တယောက်ထဲပဲ အနီးတဝိုက်မှာ လမ်းပတ်လျှောက်နေမိပါသည်။ သိ သည့်သူတွေက လည်းနှုတ်ဆက်သွားကြ၏။ ညီအကို မသိတသိအချိန်မှာ ဘယ်သူဘယ်ဝါရယ်လို့ လည်း သတိ မထား မိပါ။ အလိုက်သင့် ပြန်နှုတ်ဆက် လိုက်ရုံသာ ဖြစ်သည်။ အိမ်နှင့် ဝေးလာတော့မှ ပြန်လှည့်လာခဲ့၏။

“ ဆရာမ၊ အတော်ပဲ”         

အိမ်နားမရောက်မှီ လမ်းချိုးထဲက ထွက်လာသည့် အမျိုးသမီးတယောက်က အနားကပ်လာသည်။ မီးရောင်မှာ ထင်ထင်ရှားရှား မြင်ရသည့် အသားညိုညို နှင့် ဒီအမျိုးသမီး ကိုတော့ ဒေါ်နုနုရှိန် ကောင်းစွာသိပါသည်။

“ အော် …မစိုးစိုးနွယ်”     

“ ကျွန်မ ကို ပြခိုင်းထားတဲ့ ပစ္စည်းလေးတွေ ရှိလို့ ဆရာမဆီလာပြမလားလို့”     

“ တလောက တင်ဝယ်သေးတယ်လေ၊ မယူနိုင်သေးပါဘူး မစိုးစိုးနွယ်ရယ်”   

“ ဝယ်ဖို့ မဟုတ်ပါဘူး၊ ကြည့်ပါဦး ဆရာမရဲ့၊ ကြိုက်တာတွေ့ချင်လဲ တွေ့မှာပေါ့”       

မစိုးစိုးနွယ်က လိုင်းစုံရသည့် ပွဲစားဖြစ်သည်။ အိမ်ခြံမြေနှင့် စိန်ရွှေရတနာမှသည် အိမ်ဖေါ်အထိ ပွဲစားလုပ်၏။ ဒေါ် နုနုရှိန် အိမ်က အိမ်ဖေါ်ကလေး တယောက်က မစိုးစိုးနွယ်ခေါ်ပေးထားခြင်း ဖြစ်သည်။ ဒေါ်နုနုရှိန် က ဒီလိုအရပ် ပွဲစား နှင့် အဖိုးတန်ပစ္စည်း ဝယ်လေ့ မရှိပါ။ ပြီးတော့ မစိုးစိုးနွယ်၏ ရွှေထည်တွေကလည်း သိပ်ပြီးအရည်ကောင်း လှသည် မဟုတ်။

တလောကမှ အိမ်က အဖေါ်ကောင်မလေးတွေ အတွက် ဈေးခပ်ပေါပေါ ဆွဲကြိုးလေးတွေ သူမ ထံမှ ဝယ်ပေးဖြစ်ခဲ့သည်။

“ ဗိုက်နာလို့ ထုတ်တာတဲ့၊ ပစ္စည်းကောင်းတွေပါ၊ ကြည့်ကြည့်ပါဦး ဆရာမရယ်၊ မနက်ဖြန်လာခဲ့ မယ်နော်”   

ခြံ၀ လဲ ရောက်နေ ပြီဖြစ်လို့ ဒေါ်နုနုရှိန်က ခပ်လွယ်လွယ် ခေါင်းညိတ်ပြလိုက်သည်။

“ သွားမယ်နော် ဆရာမ၊ နောက်တောင်ကျနေပြီလား မသိဘူး”

ဒေါ်နုနုရှိန် ကို နှုတ်ဆက်ပြီး မစိုးစိုးနွယ် ခပ်သွက်သွက်လျှောက်သွားသည်။ အရင်ကဆိုရင် ဆင်မယဉ်သာလို့ ပြော ရမည့် ခြေလှမ်းမျိုးနှင့် ညက်ညက်ကလေးသွားတတ်သူကဒီနေ့တော့ အရင်လိုနေပုံရသည်။ နောက်က နေ ကျားလိုက်လာသလို သုတ်ခြေတင် နေ၏။ သူမ ဆီက ပျံ့လွင့်လာသည့် ရေမွှေး နံ့ ပြင်းပြင်းက ဒေါ်နုနုရှိန် ဆီလွင့် လာ၏။ သူ့ အထွာနှင့်သူ ငွေကြေးပြည့်စုံပါလျှက်နှင့် ဘာကြောင့် ရေမွှေး ကောင်း ကောင်း မသုံးသနည်းဟု ဒေါ်နု နု ရှိန်တွေးနေမိသည်။

“ အဲဒီ ကောင်မလေး နော်၊ ညနေဆိုရင် ဟိုဖက်ကို သွားပြီ၊ အဲဒီမှာ သူ့ရည်းစား ရှိလိမ့်မယ်”

နာရရား က တံခါးဖွင့်ပေးရင်းပြောသည်။

“ မဟုတ်တာ နာရရားရယ်၊ သူ့မှာ ယောက်ျားရှိတယ်လေ၊ အလုပ်ရှိလို့ ဖြစ်မှာပါ”

“ သူ့ယောက်ျားနော် သေတော့မယ်၊ သူအခု အသစ်ရှာနေတာ”

“ ကဲ ..ကဲ ၊ သူ့ဖာသာ ဘာရှာရှာ၊ နာရရားကို လာမရှာရင် ပြီးရောပေါ့”

မုဆိုးဖို ကြီး နာရရားကို သူ့နဖူးသူရိုတ် ကျန်ခဲ့အောင်ပြောထားခဲ့ ပြီး ဒေါ်နုနုရှိန် အိမ်ထဲဝင်လာခဲ့သည်။ ထမင်းစား ခန်း ဖက်ကို တချက်သွားချောင်း လိုက်ပြီး အိပ်ခန်းထဲပြန်ဝင်လာလိုက်သည်။ အားလုံးပြီးသွား မှပဲ ညစာကို အေး အေးဆေး ဆေး တယောက်ထဲ သွားစားတော့မည်။

ဒေါ်နုနုရှိန် လက်တွေတုန်နေသည်။ဒီပစ္စည်းကြီးကို ဘာလို့ အိတ်ထဲကနေထုတ်ကြည့်ချင်စိတ် ဖြစ်လာရသည်ကို ကိုယ့်ကိုယ်ကိုလည်းနားမလည်နိုင်ရှာပေ။ တုန်ရီသောလက်တွေနှင့်ဆွဲထုတ်လိုက်ချိန်တွင် အသက်အောင့် ထား မိသည်။ ထပေါက်တော့မည့် မြွေတကောင်ကို ကိုင် ထားရသလို သတိကြီးစွာ ဖြင့် ပင့်မြှောက်ကြည့်လိုက်၏။ ရာ ဘာသား၏ ချောမွေ့ မှုကြောင့် ချွေးစေးတွေ ပြန်နေသည့်လက်ထဲကနေချော်ပြီး လွတ်ကျမသွားအောင် ခါး လည် ကနေ တင်းတင်း ညှစ်ဆုပ်ထားမိသည်။

ထိပ်ဖျားက ထွက်ပြူလာစ မှိုပွင့်ကြီးတပွင့် အလားပင်။ အရစ်၏ နောက်တွင်အောက်ကိုပြန်ချိုင့် ပြီး ဆင်း လာ သည့် တလျောက်တွင် သွေးကြောလိုမြောင်း တွေဖုထနေ၏။ဒေါ်နုနုရှိန်၏ တထွာ မကအောင်ရှည်လျားသည့် လိင်တံက လက်နှင့်ဆုပ်လို့ မနိုင်အောင်ကြီးထွားသည်။ ပိန်ပိန်းပါးပါး စန္ဒာတယောက်ဒီ လောက်ကြီးသည့် ဟာ ကြီးကို သူမ၏ပစ္စည်းလေးထဲသို့ ဝင် အောင်ဘယ်လိုသွင်းသနည်းဟု တွေးကြည့်ရင်း ဒေါ်နုနုရှိန် ရင်တွေတဒိန်း ဒိန်း ခုန်လာသည်။ အသက်ရှူရတာလည်း မမှန်တော့ဘဲ အလိုလိုမောလာ၏။

ကိုင်ကြည့်တာတောင် ဒီလောက် ဖြစ်ရလျှင် အထဲကိုသာထည့်လိုက်လို့ကတော့ အသက်ရှူရပ်သွားနိုင်သည်ဟု ထင်မိသည်။   

မရည်ရွယ်ပါပဲ ဒေါ်နုနုရှိန်၏ လက်တဖက်က သူမ ပေါင်ကြားထဲရောက်သွားသည်။ ထမိန် အသားပျော့ပျော့ ပါး ပါးမှာ အတွင်းခံ လည်းမပါလို့ အရည်တွေရွှဲနေသည့် ဖေါင်းဖေါင်းမို့မို့ရတနာတွင်းကို တိုက်ရိုတ် နီးပါးစမ်းမိသည်။ ဘာကြောင့် အရည်တွေထွက်နေရသနည်းဟု တွေးရင်း ရှက်ရွံ့စွာဖြင့် လက် ထဲက ဟာကြီးကို အိတ်ထဲပြန် ထိုး ထည့်ပြီး သူ့နေရာ သူပြန်ထားလိုက်သည်။ 

စန္ဒာ့ အခန်းထဲက ပြန်ထွက်လာသည့် ဒေါ်နုနုရှိန်၏ ခြေလှမ်းတွေက ယိမ်းယိုင်လေးလံနေသည်။ ခေါင်းတွေ က လည်း ရီဝေနောက်ကျိနေ၏။

“ နုနု နေ မကောင်းဘူးလား”   

“ ကောင်းပါတယ်” 

လမ်းမှာ တွေ့သည့် ဒေါ်အေးစိန်၏ အမေးကို တိုးတိမ်စွာဖြေလိုက်ပြီး ဒေါ်နုနုရှိန် အိပ်ခန်းထဲ ဝင် လာခဲ့သည်။ ကုတင်းဘေး မှန်တင်ခုံက မှန်မှာ အဆီပြန်နေသည့် မျက်နှာမသာ မယာနှင့်မိမိ ကိုယ်မိမိ ပြန်မြင်ရသည်။

“ စိတ်ညစ်လိုက်တာ”   

ပါးစပ်က ဖွင့်ဟ ညည်းလိုက်မိသည်အထိ စိတ်ပျက်နေရပါသည်။ ဒီအရွယ်ရောက်မှ မဟုတ်မဟပ် ပစ္စည်းတခု၊ အကြောင်းအရာတခုနှင့် ပတ်သက်ပြီး စိတ်မတည်မငြိမ်ဖြစ်နေရ သည့်ကိုယ့်ကိုယ်ကို လည်းနားမလည်ပါ။ အိပ် ယာပေါ်ခွေခွေလေး လှဲချလိုက်ရင်း လက်က ပေါင်ကြားကို စမ်းမိပြန်သည်။ စိုစွတ်သည့် အထိအတွေ့က ဒေါ်နုနု ရှိန်၏ ရင်ခုန်သံတွေကို မြန်စေပြန်၏။ စိတ်ပေါက်ပေါက်ရှိတာ နှင့် စိုနေသည့် အရည်တွေကို ထမိန်နှင့် ပွတ်ကာ သုတ်လိုက် ၏။ ပြောင်စင်သွားပြီဟု ထင်လိုက်မှ နားလိုက်သည်တွင် လူကလည်းမောနေသည်။

အမောဖြေနားနေရင်း မျက်လုံးကို မှိတ်ထားသော်လည်း ဒေါ်နုနုရှိန်၏ အာရုံက ပေါင်ကြားထဲ မှာပဲ ရှိနေသည်။ တချက်တချက်တွင် လိင်တံ အတုကြီးကိုလည်း မြင်ယောင်နေ၏။

ထိုအချိန် တွင် မိမိ၏ သဘာဝတွင်းလေး ထဲ မှာလည်း အရည်တွေ တစိမ့်စိမ့် ဖြစ်လာပြန်သည်ဟု ထင် မိသည်။ စိတ်ရှုပ်ရှုပ်နှင့် ထမိန်ကိုဖြေလျော့လိုက်ပြီး လက်နှင့်ထိုးစမ်းမိသည်။

လမ်းတဝက်မှာ တွန့်သွားသေးသော်လည်း  စိတ်ကိုတင်းပြီး အောက်ကို ထိုးဆင်းလိုက် ရ၏။   

ချော်ကျိကျိ နှုတ်ခမ်းသားတွေက နှုးညံ့လွန်းသည်။ အကွဲကြောင်းထိပ်က အဖုလေးကို ဖိမိသော အခါ ဒေါ်နုနုရှိန် တွန့်သွားသည်။ မိန်းမတွေ၏ အစေ့ ဆိုတာဒါကိုခေါ်ကြောင်း အရင်ထဲက သိပေမယ့် တခါမှလက်နှင့် တို့ထိမ ကြည့် ဖူးပါ။ သန့်ရှင်းရေးလုပ်ရင်း ထိမိ တိုက် မိတာလောက်ပဲ ရှိသည်။ အဲဒီအခါတွေတုန်းက ဘယ်လိုမှ စိတ်ထဲ မှာမရှိခဲ့သည့်နေရာက အခုကျမှ တို့ထိလိုက်သည်နှင့် ကြက်သီးတွေ တဖျန်းဖျန်းထသွားရသည်။     

“ အာ ...အင်”   

လက်ညိုးထိပ်ဖျားလေး နှင့် သုံးလေးကြိမ်ထပ်ပွတ်ကြည့်လိုက်မိပြီးနောက်တွင် ဒေါ်နုနုရှိန် ရင် ထဲက တလှိုက် လှိုက်တက်လာသည့် ဝေဒနာကြောင့် ပါးစပ်က ခပ်ဖွဖွလေးညည်းလိုက်မိသည်။ ထိုလှိုက်မောဖွယ်ရာခံစားမှုက ဒေါ်နုနုရှိန်ကို ဖမ်းစားလိုက်သည်။ ထို့ကြောင့် အိပ်ယာပေါ်တွင် တစောင်းကွေးကွေးလေး လှဲရင်း အဖုလေးကို အဆက်မပြတ်ပွတ်နေမိသည်။

“ အင်း .....အင်း .....အင်း.....အ....အား”     

လက်ချောင်းလေးတွေကိုရပ်တန့်လိုက်ဖို့ ဒေါ်နုနုရှိန်မှာ ခွန်အားမရှိတော့ပါ။ ရပ်တန့်ဖို့စိတ်ကူး လည်းပေါ်မလာပဲ ခံစားမှုနောက်ကိုသာ ကောက်ကောက်ပါအောင် လိုက်သွားမိသည်။

အားနေ သည့် လက်ဖြင့် ခေါင်းအုံး အစွန်းကို ကျစ်ကျစ်ပါအောင်ဆွဲလိမ်ရင်း အော်ညည်းနေမိ၏။ ပေါင် ကြားဆီ ကနေတကိုယ်လုံးကို ပြန့်လွင့်တက်လာသည့် ဝေဒနာက မိန်းမူးဖွယ်ကောင်းလွန်းလှ သည်။ ခံစားမှု ဒီနေမြင့်တက်လာသည်နှင့် အမျှ ဒေါ်နုနုရှိန်၏ အော်ညည်း သံက ပိုကျယ်လောင် လာသည်။ ဒါကိုလည်း ဒေါ်နုနုရှိန် မသိတော့ မျက်လုံးထဲမှာတိမ်စိုင်တိမ်လိပ် တွေသာမြင် သည်။ တိမ်စိုင်တွေကြားမှာနိမ့်တခါ မြင့်တလှည့်ဖြင့် ညင်ညင်သာသာလေး ရွေ့လျားနေသလို စိတ်မှာ ခံစားရ၏။

“ အီး ..ကောင်းလိုက်တာကွယ်......အား ....အင်း”   

ခံစားချက် အသစ်အဆန်းတခုက ဒေါ်နုနုရှိန်ကို အပြင်းအထန်ဖမ်းစားလိုက်ပြီဖြစ်သည်။ ခုနေ အနားကိုလူတ ယောက် ရောက်လာ ရင်တောင်ဒေါ်နုနု ရှိန်မသိတော့။ ဒါပေမယ့်သူမ၏ ရင်သားတွေ တင်းမာလာတာကိုတော့ သိသည်။ လှိုက်မောရခြင်း နှင့် အတူရင်က လည်းမွန်းပြီး ကြပ်နေသည်။ မတော်သည့် ဘရာစီယာ ကြပ်ကြပ်ကို ဝတ် ထားရသလိုရင်သားတွေက မလွတ်မလပ်နှင့် တမျိုးကြီး ဖြစ်နေသည်။ ထို့ကြောင့် ခေါင်းအုံးစွန်း ကို ဆွဲ ထား သည့်လက်ကို ဖြုတ်ပြီး ရင်ဘတ်ကို ညှစ်မိသည်။ 

အင်္ကျီ နှင့် ဘရာစီယာခံနေလို့ညှစ်ရတာမကောင်းပါ။ ပိုပြီး လွတ်လပ်သွားစေရန် ကြယ်သီးတွေကိုပါ ဖြုတ်ချလိုက်ပြီး ဘရာ စီ ယာ ခွက်ကိုပါ အပေါ်ပင့်တင်လိုက်မိ၏။ ဒီတော့မှ လွတ်လပ်စွာဆုပ်နယ် နိုင်သွားသည်။ ကြက်သီး ထသလို တင်း မာနေသည့် နို့သီးဖျားကလေး ကို ညှစ်ရင်း အောက်ကို ပွတ်ရတာ ပိုထိသည်ကို သွားတွေ့၏။   

“ အား ...ဘယ်လို ကြီးလဲ”   

ခံစားမှု ရေချိန်က တရိပ်ရိပ် နှင့် မြင့်တက်လာသည်။ သူမ၏ ရတနာတွင်းလေး ထဲက ကြွက်သား တွေ ရှုံ့ချည်ပွ ချည် ဖြစ်လာတာကိုလည်း ဒေါ်နုနုရှိန်သိနေ၏။   

“ အောင် မယ်လေး....”   

လေထဲသို့ လွင့်မြောက်တက်သွားပြီးချာချာလည်၍ ပြန်ကျလာသလို စိတ်ထဲမှာခံစားလိုက် ရပြီးနောက်တွင်တော့ ဒေါ်နုနုရှိန် ပျော့ခွေကျသွား၏။ သူမ၏ တကိုယ်လုံးမှာ အားအင်လုံး၀ မရှိတော့ဘဲ ဝါဂွမ်းစလေး တခု လေထဲမှာ လွင့်မျောနေသလို တရိပ်ရိပ်နှင့် လွင့်နေ၏။ မော လည်းအရမ်းမောနေသည် အသက်ကိုပင် ဖြေးဖြေးလေး ရှူ နိုင်သည်။ အစေ့ကိုလည်း မပွတ် နိုင်တော့၊ ရင်သားကိုလည်း မညှစ်နိုင်တော့။   

“ နုနု ....အိပ်ပျော်နေလား”   

တငြိမ့်ငြိမ့် တမူးမူးခံစားမှု တွင်မိန်းမောနေခိုက် နောက်ကျောဖက်က ဒေါ်အေးစိန်၏ အသံကြောင့် အိပ်မက်က နိုး သလို ဆတ်ကနဲဖြစ်သွားသည်။ ကံကောင်းထောက်မ စွာဖြင့်ဝင်ပေါက်ကို ကျော ပေးထားလို့ အခြေအနေ အရပ် ရပ် ကို ဒေါ်အေးစိန်မမြင်နိုင်ပါ။ တံခါးကို ချက်မချခဲ့ မိခြင်း နှင့် ဒေါ်စိန်ရီ ဝင်လာတာကို မသိလိုက်ခြင်း အတွက် ကိုယ့်ဖာသာကျိတ်၍ အပြစ်တင်ရင်း ချော်လဲ ရောထိုင် အိပ်နေသလို ဆက်ပြီးဟန်ဆောင်နေလိုက်သည်။ ပွင့်ဟ နေ သည့်ရင်ဘတ် ကိုလည်း လက်နှစ်ဖက်ယှက်ပြီး ကွယ်ထားလိုက်၏။

ဒေါ်အေးစိန်ကလည်း ဒီဖက်ကို မလာပါ အိပ် နေသည်ထင်ပြီး ပြန်လှည့်ထွက်သွား၏။   တခါးပိတ်သံကြားလိုက်ပြီးသည့်တိုင် ဒေါ်နုနုရှိန် ပြန်မထသေးပါ။ စိတ်ချရသည့် အချိန်ရောက် အောင်စောင့် နေမိ၏။ မိမိ ဘာတွေဖြစ်ခဲ့သနည်းဟု အံ့သြစွာပြန်တွေးရင်း အရင်တုန်းကကြား ဖူးရုံသာကြားဖူးပြီး တခါမှ မ လုပ်ဖူးသည့် မာစတာဘေးရှင်းခေါ် တကိုယ်ရေအာသာဖြေခြင်းကို ပြုလုပ်မိခဲ့ပြီဟု သိလိုက်သည်။ ဒီအတွက် ရှက်စိတ် မဖြစ်မိသည်ကိုလည်းအံ့သြနေမိသည်။ တက္ကသိုလ် ကျောင်းသူဘ၀ တုန်းက ခပ်ဟော့ဟော့နှင့် ပွင့် လင်းသည့် သူငယ်ချင်းတယောက်က သူမ ဒီလိုလုပ်တတ်ကြောင်း ဝန်ခံဖူးတာကို သတိရသည်။

အခုတော့ ထိုသူငယ်ချင်းမလည်း အိမ်ထောင်ရက်သားကျပြီး နောက်တနှစ်ဆို သမီးပင် တက္ကသိုလ် ရောက်တော့မည်။ ဒေါ်နုနုရှိန်ကတော့ အခုမှ ဒီခံစားမှုကို မြည်းစမ်း ဖြစ်၏။     

နည်းနည်းကြာတော့မှ အိပ်ယာက ထပြီးတံခါးကို ချက်သွားထိုးလိုက်၏။ ဘရာစီယာခွက်ကို နေရာ ပြန်ချပြီး အင်္ကျီကြယ်သီးတွေပြန်တပ်ရင်း ဒူးတွေ ချောင်ချင်သလိုလိုဖြစ်နေတာကို သတိထား မိ သည်။ ထမိန်ကို လှည့် ဝတ်လိုက်တော့ တင်ပါး တခြမ်းဖက်မှာ ရွှဲရွှဲစိုနေတာတွေ့ရသည်။ 

တ စောင်းကွေးကွေး လေးလုပ်နေရင်း အရည် တွေက အောက်ဖက်ရောက်နေသည့် အခြမ်းကို စီးကျ တာဖြစ်ရမည်။ လက်နှင့် စမ်းကြည့်လိုက်တော့ ပေါင်ရင်း ခွဆုံသာမက စအို၀ မှာပါ ရွှဲ နေတာတွေ့လိုက်ရသည်။ ဝတ်လက်စ ထမိန်နှင့်ပဲအရည်တွေကို ပြောင်စင် အောင် သုတ်လိုက်ပြီး ထမိန်အသစ် အထည်လဲလိုက်ရသည်။                                                         

မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရသည့် အတွေ့ အကြုံသစ်ကြောင့် ဒေါ်နုနုရှိန် စိတ်ထဲမှာ တမျိုးတမည် ဖြစ်ရသည်က တော့ အမှန်ဖြစ်သည်။ ဒီရွယ်ရောက်မှ ဒီလိုလုပ်ဖြစ်လိမ့်မည်ဟုလုံး၀ မထင်ခဲ့မိပါ။ သွေးသားတက်ကြွသည့် ပျို ရွယ် ချိန်တွေတုန်းက ပင်စိတ်မကူး ခဲ့သည့် အရာကို လုပ်ခဲ့မိသည်။ အရင်က ဒီလိုလုပ်ရတာ ရှက်စရာဟု တွေး ခဲ့ မိသော်လည်း အခုတော့ မတွေးချင်သလိုဖြစ်နေသည်။ ဘယ်သူမှမသိ၊ ဘယ်သူ့ကိုမှလည်း မထိခိုက်သည့် အဖြစ် မျိုးလို့သာ သတ်မှတ်မိသည်။   

ကိုယ့်စိတ်က ဘယ်လိုဘာကြောင့် ဖြစ်ရသည်ကိုတော့ သိချင်မိသည်။ ပဲစေ့တခြမ်းလောက်သာ ရှိသည့်အသားဖု လေးတခုက လူတကိုယ်လုံးကို သိမ့်သိမ့် လူးအောင်စွမ်းဆောင် နိုင်သည့် အဖြစ်က အံ့သြစရာလည်း ကောင်းလှ သည်။ စန္ဒာ၊ သက်မာနှင့် ပပ တို့ကတော့ သူတို့ဆရာမ သူတို့ကြောင့် အတွေ့အကြုံသစ်၊ ခံစားမှု အသစ်တွေ ရရှိ သွားရတာကိုသိကြမည် မထင်ပေသိရင်လည်း အရမ်းအံ့သြကြမှာသေချာသည်။   

ဒေါ်နုနုရှိန် နောက်နေ့တွေမှာလည်း စန္ဒာ့အခန်းကို ရက်ခြားလောက်ရောက်သည်။ စန္ဒာ့ အတုကြီးကို လည်း တွေ့ မြဲနေရာမှာတွေ့သည်။ တခါတလေ ကျွတ်ကျွတ်အိတ် နှင့် တခါတလေ လည်းစက္ကူနှင့် ပတ်ထားသည်။ တခါတရံ လည်း စန္ဒာ အလုပ်မသွားခင် စိတ်ဖြေသည်ထင်သည်။ 

ဒေါ်နုနုရှိန် ရောက်သွားသည့် အချိန်မှာ အဆီတဝင်းဝင်း အရည်တစိုစို နှင့် လတ်လတ်ဆတ်ဆတ် တွေ့ရသည်။ အဲလိုနေ့တွေ ဆိုရင်တော့ဒေါ်နုနုရှိန် ကိုင်မကြည့်တော့ပါ။ တနေ့မှာတော့ စန္ဒာ့ အခန်းထဲ ကိုလွတ်လွတ်လပ်လပ် ဝင်ကြည့် နိုင်ဖို့ အကြောင်းတခုဖန်လာသည်။ ညီမ ဖြစ် သူ ၏ မင်္ဂလာပွဲ ကိုတက်ရောက် ရန်စန္ဒာ အိမ်ခနပြန် ဖို့ ဖြစ်လာ၏။ စားပွဲပေါ်လာတင်သည့် စာအိတ်ကို ကိုင်ကြည့် ရင်း ဒေါ်နုနုရှိန် အံသြသွားသည်။

အိတ်ပုံစံက မင်္ဂလာဆောင် ဖိတ်စာနှင့်တူနေသည်။ မော့ကြည့်လိုက်သည့် ဒေါ်နုနုရှိန် ကို စန္ဒာက ပြုံးပြ လိုက်ရင်း 

“ ဆရာမ အထင် မကြီးနဲ့နော်၊ ဒါညီမလေး မင်္ဂလာဆောင် ဖိတ်စာ”         

“ အော် ....ဘယ်တော့တုန်း”         

“ နောက်အပတ်တနင်္ဂနွေ ဆရာမ၊ အဲဒါပြန်ဖို့ ဆရာမကိုလဲ ခွင့်တိုင်တာ”     

စန္ဒာ့ နေရပ်က မြန်မာနိုင်ငံတောင်ပိုင်းအစွန်ကပြည်နယ် တခုမှာဖြစ်သည်။ ဒေါ်နုနုရှိန် မတက် ရောက်နိုင် မှန်းသိ သိ နှင့် ဖိတ်စာပေးခြင်းက သူမ ပြန်မည့်အကြောင်းကို ခိုင်လုံသော အထောက် အထားပြခြင်းဖြစ်ပါသည်။

“ စန္ဒာပြန်မှာပေါ့”         

“ ဟုတ်ကဲ့၊ နောက်အပတ်ထဲ ပြန်မယ်၊ ရုံးကလဲ ခွင့်ပေးတယ်လေ၊ ပီးတာနဲ့ ပြန်လာမှာပါ၊ စောပြီး သွားလိုက် မယ်လေ”   

အနားကို ရောက်လာသည့် ဒေါ်အေးစိန်က ဖိတ်စာကိုလှမ်းယူပြီးဖွင့်ဖတ်ကြည့်သည်။   

“ နောက်ကကားတွေ တောင်ကျော်ကုန်ပါပကောလား စန္ဒာရဲ့”     

“ တယောက်ထဲပဲ ကောင်းပါတယ် ကြီးကြီးစိန်ရယ်၊ လွတ်လွတ်လပ်လပ်ပဲ နေချင်တော့တယ်၊ ဆရာမ လိုပဲ အ ပျိုကြီးလုပ်မလားလို့ ...ဟဲ..ဟဲ”   

စန္ဒာက အိမ်ထောင်မပြုဘဲ ဟို အတုကြီးနဲ့သာပျော်မွေ့တော့မည်ထင်သည်။ သူမကို အကြောင်းပြုပြီး ဒေါ်နုနုရှိန် အတတ်ကောင်းတွေ တတ်ခဲ့ရသည်ကိုတော့ စန္ဒာသိမည် မဟုတ်ပါ။ အခုဆိုရင် လက်နှင့် ပွတ်ပြီးစိတ်ဖြေသည့် အလုပ်ကို ဒေါ်နုနုရှိန် တော်တော် ကျွမ်း ကျင်နေပြီဖြစ်ပါသည်။ စိတ်ပါတိုင်းလုပ်ဖြစ်၏။ လုပ်ပြီးတိုင်း နွမ်းနယ် ခြင်း ဒါဏ်ကို ခံစားရသော်လည်း စိတ်ထ လာရင် မနေနိုင်ပါ။ ဒေါ်အေးစိန် တို့ကတော့ ခုတလောဒေါ်နုနုရှိန် အခန်း အောင်းလွန်းသည်ဟု ထင်ကြမည်။ ရေမချိုးခင်တော့ အမြဲလိုလုပ်ဖြစ်သည်။ 

ရေချိုးဖို့ အဝတ်တွေချွတ် တိုင်း စိတ် က တဖျင်းဖျင်း ထလာ၏။ မှန်ထဲမှာ အဝတ်မပါသည့် ကိုယ့် ကိုယ်ကို ပြန်ကြည့်ပြီး လုပ်ရသည်မှာ အရသာ တမျိုး ဖြစ်သည်။ ဒီအကြောင်းတွေ ပြန်တွေးမိရင်လည်း အရည် တစို စိုဖြစ်ရပြီး မနေနိုင်ပဲ လုပ်မိပြန်သည်။ တနေ့ ဘယ် နှစ်ခါ လုပ်မိသည်ကိုတောင် မသိတော့ပါ။   

အရင်တုန်းက ညဖက်ဆို ဒေါ်နုနုရှိန် ဂုဏ်တော်ပုတီးစိတ်တတ်သည်။ ခုတော့ မစိတ်ဖြစ်တော့ပါ။ ကိုယ့်ဟာကိုယ် သာယာမှုလေး ရှာပြီး နွမ်းလျစွာအိပ်မောကျသွားရခြင်း ကိုသဘောကျနေမိသည်။ ဒါလုပ်ပြီးမှ ပုတီးစိပ်လို့ လည်း မကောင်း သလို၊ ပုတီး စိပ် ပြီးမှ ဒါလုပ်ရင်လည်း မသင့်ဟု ထင်မိသည်။ ထို့ကြောင့် ပုတီး မစိပ်ဖြစ်တော့ပါ။ 

အိပ် ယာထဲရောက်သည်နှင့် ထမိန်ကိုလှန်ကာ အားရပါးရပွတ်ပြီးမှ အိပ်ရတာပိုပြီး နှစ်နှစ်ချိုက်ချိုက်ပျော်၏။ ဒီအဖြစ် ကို သွယ်ဝိုက်ပြီး ရောက်စေခဲ့သူကတော့ စန္ဒာလို့ပဲ ဆိုနိုင်ပါမည်။       

“ စန္ဒာပြန်မယ့် နေ့ပြောလေ၊ တို့လက်ဖွဲ့ပေးလိုက်မယ်”   

“ ဆရာမ ကလဲ မဟုတ်တာ၊ သမီးက ပြန်မယ့်ကိစ္စခွင့်တိုင်ဖို့ သက်သေပြတာပါ၊ အထောက်အထား ပြရမယ့် စည်းကမ်း အတိုင်းလုပ်တာပါ။ လက်ဖွဲ့တော့ မပေးပါနဲ့၊ အားနာစရာ ကြီး”   

“ အော် ...စန္ဒာနဲ့က မိသားစုတွေလိုဖြစ်နေမှပဲ၊ မပေးလို့ ကောင်းမလား၊ ဘာမှ မပြောနဲ့တော့”   

စန္ဒာနှင့် ပြောရင်း အောက်က အရည်စိုချင်သလိုလို ဖြစ်လာတာသတိထားလိုက်မိသည်။ ဒီနေ့ အတွက် တကြိမ်မှ မလုပ်ရသေးပါ။ ခံစားမှုအရသာကို သွေးသားတွေက တောင်းဆိုလာသည့် အခါ စကားကိုမြန်မြန် ဖြတ်ပြီး ဒေါ်နုနု ရှိန် အခန်းထဲဝင်လာခဲ့သည်။ ဒီလို လုပ်ရသည့် အရသာကို မူးယစ်ဆေး စွဲသလိုစွဲနေပြီ မှန်းတွေးမိသော် လည်း ဆက် မလုပ်ဘဲမနေနိုင်ပါ။ 

အခန်းတံခါးကို ချက်ထိုးပြီးသည်နှင့် ဖိတ်စာလေးကို စားပွဲပေါ်ပစ်တင်လိုက်ပြီး ကိုယ်ပေါ်က အဝတ်အစားတွေကို ချွတ်ချလိုက်သည်။ ကိုယ်လုံးတီးနှင့် လုပ်ရတာကပိုကောင်းကြောင်းဒေါ်နုနုရှိန် သိနေပါပြီ။ ချွတ်ပြီးသည်နှင့်  မှန် တင် ခုံဖက်သို့ လှည့်ကာ ပေါင်ဖြဲပြီး ကုတင်ပေါ် မှာ ထိုင်လိုက်သည်။ အကွဲကြောင်းလေး အဝကို လက်ကရောက် သွားသည်နှင့်အရည်တွေက တစိမ့် စိမ့်စိုထွက်လာ၏။ “နင်က အသားဖြူတယ်၊ အရည်ရွှမ်းမှာ” ဟု ကျောင်းတုန်း က သူငယ် ချင်း မတယောက်ပြောတာကို ပြန်သတိရလိုက် မိရင်း အစေ့လေးကို လက်ခလည်ထိပ်နှင့် ခပ်ဖိဖိ လေးပွတ်လိုက်၏။   

ယောက်ျားတွေနှင့် ပတ်သက်ရင် ဒေါ်နုနုရှိန် က ဘာမှသိဖူး၊ မြင်ဖူးသည် မဟုတ်ပါ။ ထို့ကြောင့် စန္ဒာ့ အခန်းထဲက အစစ်နှင့် အလွန်တူသည်ဟု ဆိုသော ဟာကြီးကိုသာ မျက်စိထဲမြင်ယောင်ပြီး လုပ်ရသည်။ နေ့တိုင်းနီးပါး သွား ကိုင်ကြည့်နေလို့ အရွယ် အစားနှင့် ပုံပန်းသဏ္ဍန်ကို အာရုံထဲမှာ အလွတ်ရနေပြီဖြစ်သည်။ သံခမောက်ဆောင်း ထားသလိုထိပ်မှာလုံးပြီး အရစ်လိုက်ကားနေသည့် ခေါင်း။ ဖုထစ်နေသည့် သွေးကြောတွေ၊ လက်တဆုပ်နှင့် မနိုင်သည့် လုံး ပတ်။ မျက်လုံးထဲမှာ ပြတ်ပြတ်ထင်ထင် မြင်ယောင်ရင်းအံလေးခဲကာ ဖိ၍ဖိ၍ ပွတ်မိသည်။

“ အား ...ဟာ...”

စန္ဒာ အိမ်ပြန်သွားပြီး နောက်တနေ့ မှ ဒေါ်နုနုရှိန် စန္ဒာ့ အခန်းကို ရောက်သည်။ အရင်တရက်က အပေါ်ထပ်က မိန်းကလေး တယောက်နေမကောင်းလို့ ဘယ်မှမသွားဘဲအဆောင်မှာပဲရှိနေသည်။ ဒါကြောင့် ဒေါ်နုနုရှိန် ဟို ပစ္စည်းကြီးကို သွားကိုင် မကြည့်ဖြစ်တော့။ ကိုယ့်အခန်းထဲမှာပဲ ကိုယ် ဒါကြီးကို မြင်ယောင်ပြီး စိတ်ဖြေလိုက်ရ သည်။

နေမကောင်းသည့် ကလေးမ ကျောင်းပြန်တက် နိုင်သည့်နေ့ကျမှ လုပ်စရာ ကိစ္စတွေ ပြီးသည်နှင့် စန္ဒာ့ အခန်းထဲသို့ မယောင်မလည် နှင့်ရောက်လာခဲ့၏။  တခန်းလုံးရှင်းလင်းနေသည်။ တန်းတွေပေါ်မှာ လည်း အဝတ်တွေ မရှိတော့။ အိပ်ယာကိုလည်း ခြင်ထောင်က အစ ဖြုတ်သိမ်းသွားသည်။ မွေ့ယာကိုလည်း ခေါက်လိပ်ထားသည်ကို မြင်လိုက်ရလို့ ဒေါ်နုနုရှိန် ရင်ခုန် သွား သည်။ 

လိပ်ထားသည့် မွေ့ယာကို လှန်ကြည့်ဖို့မလိုပါ။ အိပ်ယာသိမ်းထားခဲ့မှာ ဖြစ်လို့ သူ့ဟာကြီးကို စန္ဒာ တနေ ရာရာမှာသိမ်းခဲ့ မှာသေချာသည်။ စားပွဲအံဆွဲကို ဖွင့်ကြည့်တော့ ဘာမှမရှိ။ ဘီရိုကတော့ သော့ခတ်ထားသည်။ မွေ့ယာလိပ်ထဲမှာ ရှိမလားဟု ဖြေကြည့်သေးသော်လည်း ခေါင်းအုံးနှင့်စောင်တွေပဲ အထဲမှာရှိသည်။

စန္ဒာယူသွားတာတော့ မဖြစ်နိုင်ပါ။ ခုခေတ် ခုခါက ခရီးသွားရင် လမ်းမှာ စစ်ကြဆေးကြရှာဖွေကြတာတွေ ရှိ သည်။ လူကြားထဲမှာ အရှက်မကွဲရအောင် စန္ဒာ လူနှင့် တပါထဲယူသွားလိမ့်မည် မထင်ပါ။ ဘီရိုထဲမှာ သို့ မဟုတ် သေတ္တာတွင်း မှာထည့်သိမ်းခဲ့တာပဲဖြစ်လိမ့်မည်။

ဒေါ်နုနုရှိန် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်လာခဲ့သည်။ စန္ဒာပြန်လာမှသာ သူမ ကိုရင်ခုန်စေသည့် အချောင်း ကြီး ကို ပြန်မြင်တွေ့ရပေတော့မည်။ စိတ်ထဲ တခုခုလိုနေသလိုခံစားရသည့်အတွက် ရေချိုးခါနီး စိတ်ဖြေတော့ တော်တော် နှင့် ကျေနပ်မှုမရ။ 

အဲဒါကြီးကို လောလောလတ်လတ် မြင်တွေ့ခဲ့ရပြီ ဆိုရင်စိတ်ကပိုပြီး တက်တက် ကြွကြွ ရှိသည်။ အခုတော့စိတ်အားကလျော့နေလို့ အစေ့ ကို ပူလောင်ကျိန်းစပ် လာသည်အထိ ပွတ်ရသည်။ ပြီး တော့ လည်း အရမ်းပင် ပန်းရသည်။ ရေချိုးပြီး ထွက်လာသည့်တိုင် ပေါင်ကြားထဲက တမျိုးကြီး ဖြစ်နေ၏။

စိတ်မရွှင်လို့ အပြင်တောင် မထွက်ချင်။ ဒါပေမယ့် ဒေါ်အေးစိန် နှင့် ဈေးကိုသွားဖို့ ရှိတာကြောင့် အိမ်ဖေါ်ကလေး မ တယောက် ကိုခေါ်ပြီး ကားနှင့် ထွက်ခဲ့ရသည်။

အပြင်ရောက်တော့မှ စိတ်က ကြည်ကြည်လင်လင်ပြန်ဖြစ်လာ သည်။ အပြင်သိပ် ထွက်လေ့ ထွက်ထ မရှိသူလည်း ဖြစ်လို့ မြင်သမျှက စိတ်ထဲမှာ နည်းနည်းဆန်းနေသည်။

ဒေါ်အေးစိန် နှင့် ကောင်မလေး ကိုဈေးမှာ ချပေးခဲ့ပြီးနောက် တနာရီလောက်နေရင် ပြန်လာမည်ဟု ပြောပြီး မရောက် တာကြာသည့် သူငယ်ချင်း တယောက်အိမ်ဖက်ကိုမောင်းလာခဲ့၏။   

သူငယ်ချင်းနေသည့် တိုက်ခန်းက ဈေးနှင့် သိပ်မဝေးပါ။ ငါးမိနစ်လောက်ပဲ မောင်းရသည်။ လမ်းဘေးမှာကားရပ် ပြီး လှေခါးထစ်တွေ တက်ရင်းနှင့် စိတ်မလုံမလဲ ဖြစ်ပြီးနောက်ကို လှည့်ကြည့်လိုက်ရာ နောက်ကနှစ်ထစ်သုံးထစ် အကွာ မှာ ကောင်လေးတယောက်ပါလာသည်။

အသက်နှစ်ဆယ် အစိတ်လောက်တော့ရှိမည်။ လှေခါးတက်နေ သည့် ဒေါ်နုနုရှိန်၏ နောက်ပိုင်း အလှကို နောက်ကနေ အားပါးတရကြည့်ပြီး လိုက်လာမှန်းသိသာသည်။ လှည့် ကြည့်လိုက်တော့ မျက်နှာ လွှဲသွား၏။ ဒေါ်နုနုရှိန် လည်း ဘယ်လိုဆက်တက်ရမှန်းမသိတော့ပါ။ ဒေါ်နုနု ရှိန် ရပ် နေတော့ ကောင်လေး ကလည်းရပ်နေသည်။ “ငါ့ သားလောက်ရှိတာပဲ” ဟု စိတ်ကို တင်းပြီး ဆက်တက်ခဲ့ရ သည်။ 

ကိုယ်တော်လေး ကလည်းအရောင်လက်နေသည့် မျက်လုံးတွေ နှင့် ကပ်ပါလာ၏။ ခြေလှမ်းလိုက်လို့ တင်ပါးက တုန်ခါသွားတိုင်း ဒေါ်နုနုရှိန် စိတ်မလုံမလဲ ဖြစ်ရသည်။

ကံကောင်းထောက်မ စွာဖြင့် သူငယ်ချင်းနေသည့် သုံးလွှာက အရင်ရောက်သည်။ ကျေးဇူးရှင်လေး ကတော့ ဆက် တက်ရမည် ထင်သည်။ ဒါတောင်မှ အခန်းဝမှာ ရပ်နေသည့်ဒေါ်နုနုရှိန် နားက ဖြတ်သွားရင်း “မမ က အ ရမ်းလှတာပဲဗျာ” ဟုလုပ်သွားသေးသည်။ အရွယ်တင်နုပျိုသည့် ဒေါ်နုနုရှိန်ကို သူ့ထက် အလွန်ဆုံးငါးနှစ်လောက် ပဲ ကြီးမည့် မမကြီးအရွယ်လို့ ထင်နေပုံရသည်။ မကြားသလို လုပ်ပြီး လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။ ကောင်လေး က လှည့်ကြည့် လှည့် ကြည့် နှင့် လုပ်ရင်းဆက်တက်သွားပါသည်။ 

“ ဟာ ကြာလိုက်တာ …ဘာတွေလုပ်နေတာလဲ” 

အထဲက အသံလည်း မကြားရဘဲ တံခါးလည်း လာမဖွင့်သဖြင့် ဒေါ်နုနုရှိန် နောက်တကြိမ်ထပ်နှိပ်လိုက်သည်။ ဒါ လည်း တုန့်ပြန်သံ မကြားရ။ လူမရှိတာလည်း မဖြစ်နိုင် တံခါးကို အပြင်ကနေ သော့ခတ်မထား။ ဒေါ်နုနုရှိန်၏ သူ ငယ်ချင်းက ခါတိုင်းဆို အိမ်မြဲတတ်သူဖြစ်သည်။ စိတ်မရှည်တော့ သဖြင့် အိတ်ထဲက ဖုန်းထုတ်ပြီး သူငယ်ချင်း ဟန်းဖုန်း ကိုလှမ်းခေါ်လိုက်မိသည်။ ဒါကို လည်းတော်တော် နှင့် မကိုင်ပါ။ အကြာကြီး ခေါ်ပြီးမှ ထူးသံကြားရသည်။

“ ဘာလဲ နုနုရဲ့”

မောပန်း နွမ်းနယ်နေပုံရသည့် တဖက်က အသံကို ဒေါ်နုနုရှိန် သတိမထားလိုက်မိပါ။     

“ ဘာလဲ ဆိုတော့ ငါ နင့်တံခါး ဝမှာ ရောက်နေတာပေါ့ ဟဲ့”       

“ အာ …ဘဲလ် တီးတာ နင်လား”     

“ ဟုတ်တယ်”       

“ ဒါဆို လာပြီ၊ လာပြီ”   

ဖုန်း ကျမသွားခင်လေးတွင် “ကို ခန ဖယ်ဦး” ဟုပြောသံကြားလိုက်ရသည်။ လာပြီ ဆိုသော်လည်း တော်တော် နှင့် မလာ။ ခန ကြာမှ တံခါးပွင့် သွားသည်။ ရှုပ်ပွနေသောဆံပင်တွေ၊ အဆီပြန်နေသည့် မျက်နှာ နှင့် တီရှပ်ပွ ကြီးကို ကပိုကရို ဝတ်ထားသည့် သူငယ်ချင်းမ ကို စိတ်မသက်သာစွာ တွေ့လိုက်ရသည်။ ကြည့်ရတာ အိပ်ပျော် နေရာကထလာပုံရသည်။ 

ဒီ သူငယ်ချင်းမ က အပျိုကြီး အဖြစ်ကျန်နေခဲ့သည့် ဒေါ်နုနုရှိန်မှ အပ အိမ်ထောင်ကျ သွားသူတွေထဲမှာ နောက်ဆုံးမှ အိမ်ထောင်ပြုသူဖြစ်သည်။ အိမ်ကမိဖတွေသဘောတူပေးစားသည့် သူနှင့် ယူ လိုက်သည်မှာ လေးငါး ခြောက်နှစ်လောက်ပဲ ရှိဦးမည်ဟု ထင်သည်။ အိမ်ထောင် မပြုခင်အထိ အပျိုကြီးချင်း တော်တော် လေးတွဲဖြစ်ခဲ့သည်။ 

“ နင် အိပ်နေတာလား”                                                                                                                     

“ အေး ..ဟုတ်တယ်”   

“ ဒါဆို ငါ့ကြောင့် နင် အိပ်ရေး ပျက်သွားပြီပေါ့” 

“ ရပါတယ် ဟာ၊ နင် နဲ့က တခါတလေမှ တွေ့ကြတဲ့ ဥစ္စာ” 

စကားပြောရင်း ဒေါ်နုနုရှိန် နှာခေါင်းထဲမှာ အနံ့ တခုကိုရသည်။ ထိုအနံ့က ထူးခြားသည်။ ဒါ့ အပြင်ဘာနံ့ဆိုတာ လည်း သိနေ၏။ မိန်းမ အင်္ဂ ါက ထွက်သည့် အရည်နံ့၊ အရင်ကဆို ဒီ အနံ့ ကို သိမှာ မဟုတ် အခုတော့  ဒေါ်နု နုရှိန် နှာခေါင်းက ကောင်းကောင်းသိနေပါသည်။ 

“ နင့်ယောက်ျားကော”   

“ အိပ်နေတယ်လေ”

“ ဒါဆို ငါ အချိန်ကောင်းကြီး ရောက်လာတာပေါ့ ဆောရီးဟယ်”   

“ အောင်မာ အပျိုကြီးက ဒါတွေတတ်နေတယ်ပေါ့၊ ကိုရေ …. လာပါဦး ….နုနု ကမေးနေတယ်”

အတွင်းဖက် ခန်းကို လှမ်းခေါ်လိုက်တော့ သူမ၏ ယောက်ျားထွက်လာ၏။ သူကလည်း အိပ်မှုန်စုံမွှား ဖြင့် ကပို ကရို ရှိသည်။ ဒေါ်နုနုရှိန် စိတ်ထင်လို့လား မသိပါ သူ့ ပုဆိုးကပေါင်ခွဆုံတွင် ဖေါင်းနေ၏။ သို့သော်လည်း ဒေါ် နုနုရှိန် ကိုမြင်လိုက်ရသည့် အခါ ရီဝေနေသည့် မျက်လုံးတွေ တောက်ပသွားကြသည်။ အမှန်တော့ ဒေါ်နုနုရှိန် ကို မဟုတ်ဒေါ်နုနုရှိန် ၏ ဖြူစင်ဝင်းမွတ်သည့် ခြေတံတွေလို့ ဆိုရမည်။ 

သူငယ်ချင်း နှင့် စကားပြောနေတာဆိုတော့  ခြေချိတ် ထိုင်လိုက် သည့် ထမိန်စကပ် အကွဲကြား ကနေ အပြင်ကို ထွက်နေသည့် ခြေသလုံး နှင့် ပေါင်တဝက်ကို  အထူးတလည် မဖုံး ဖိပဲ နေခဲ့သည်။ ခုတော့ ဘသားချော မျက်လုံးတွေ အရောင်လက်သွားလို့ မသိမသာလေး အထိုင်ပြင်ရင်းဖုံး လိုက်ရ၏။

ဒေါ်နုနုရှိန်၏ သူငယ်ချင်း ကတော့ ခင်ပွန်းသည်ကို တပ်မက်ရီဝေသည့် အကြည့်နှင့်ကြည့်နေသည်လို့ ထင်မိ သည် ။ ကိုယ့်သူငယ်ချင်း ကို ယောက်ျားက ဘယ်လိုကြည့်နေတယ်ဆိုတာကို မသိရှာပေ။ ရနေသည့် အနံ့ နှင့် သူငယ်ချင်း၏ အမူအရာကြောင့် စောစောက သူတို့ ချစ်တင်းနှောနေကြသည် ဆိုသည့် အထင်ပို ပြီးခိုင်မာသွား ရသည်။

ယောက်ျားတွေက ဒီလိုပဲထင်သည်။ ခုနကောင်လေးကတော့ ငယ်သေးသည့် အပြင် ဒေါ်နုနုရှိန် ဘယ်သူဘယ်ဝါ မှန်း မသိလို့ စိတ်ထဲဘယ်လိုမှမနေသော်လည်း ဇနီးသည်၏သူငယ်ချင်းမှန်း သိသိနှင့် တပ်မက်သည့် အရိပ်အ ယောင်ပြတာကတော့ လွန်သည်ဟု ထင်မိသည်။ ဒေါ်နုနုရှိန်၏ သူငယ်ချင်းလည်း အပျိုဘဝက လှသင့်သ လောက်လှပါသည်။

အခုလည်း ကလေးမမွေးသေးသည့် အတွက် အလှအပတွေ ကျန်နေဆဲဖြစ်ပါသည်။ ဒါတောင်မှ မိန်းမ ကိုဘေးမှာထားပြီး သူငယ်ချင်းကို ကြည့်ချင်သည့် ယောက်ျားကို ဒေါ်နုနုရှိန်နားမလည်ပါ။ အိမ် ထောင်မပြုတာ ကောင်း၏ ဟုပင် အတွေးဝင်မိသည်။

သူငယ်ချင်းမ က နောက်ဖေးမှာ အအေး သွားဖျော်နေချိန် တွင်ဒေါ်နုနုရှိန် ၏ ပေါင်တွေ၊ တင်နှင့်ရင်တွေ ကို စေ့ စေ့ စပ်စပ် မသိမသာကြည့်နေတာကို လည်းထပ်မံတွေ့ရသည်။

ဒေါ်နုနုရှိန် ထင်သည့် အတိုင်းဆိုလျှင် သူမ ရောက်လာချိန်မှာ သူတို့လင်မယား နှစ်ယောက် ကာမဆက်ဆံနေကြတာဖြစ်လိမ့်မည်။ ထိုရမ္မက်တွေ မသေ သေး လို့ပဲ လှပသည့်ဒေါ်နုနုရှိန် ကို ပစ်မှားနေတာ ဖြစ်နိုင်သည်ဟု တွေးမိသော အခါ လာချပေးသည့် အအေး ကို ကမန်းကတန်းသောက်ပြီး ဒေါ်နုနုရှိန် ထိုင်ရာက ထလိုက်သည်။   


 အပိုင်း ( ၂ )  ဆက်ရန် >>>>



Print Friendly and PDF

No comments:

Post a Comment