Wednesday, May 30, 2018

မြစ်တစ်စင်း၏ ပဉ္စလက် အပိုင်း ( ၂ )

မြစ်တစ်စင်း၏ ပဉ္စလက် အပိုင်း ( ၂ )

ရေးသားသူ - Silver Moon

ဦးဏှောက်မှ အတွေးများ ဝေခွဲမရမီ ဝင့် လက်တို့က သူ့ ပစ္စည်းကို တယုတယ ကိုင်မိပြီ။ ပါးပြင်နှင့် ဖြည်းညင်းစွာ ပွတ်သပ်ရင်း ကြောင်လေး တစ်ကောင်လို ခေါင်းဝှေ့ရှိုက်နမ်း လိုက်မိ၏။ နီညိုရောင် ကြွက်သားချောင်းကြီးက နွေး နေသည်။ တဖျဉ်းဖျဉ်း တိုးနေသည့် သွေးကြောတို့၏ အတွေ့ကို ပါးပြင်မှ တဆင့် သိနေရသည်။ မည်းနက်နေသော အမွေးအုံကြီးတွင် မိမိ ဆီမှ ရမ္မက်ရည်တို့၏ အနံ့ ကို ပြန်ရ နေသည်။ 

အကွဲကြောင်းလေးထဲတွင် မျက်ရည်သီးလေး စို့နေပုံက စွဲမက်စရာ။ မာတင်းနေသော အတံကြီးကို လက်နှင့် ကိုင်ဆုပ်ပြီး ခပ်ဖွဖွ တစ်ချက် ညှစ်ကြည့်လိုက်၏။ ရဲရင့်က ဝင့်ကို တစ်ချက် ငုံ့ကြည့်သည်။ ပြီးနောက် ခေါင်းကို အသာ မော့ပြီး မျက်စိ မှိတ်လိုက်၏။ ကောင်းပါတယ်.. မင်း ငုံ့ကြည့်နေရင် ငါ ဒါ ကြီးကို စုပ် ရမှာ စိတ်မရဲ ဘူး.. ။ 

အသက် ပြင်းပြင်းတစ်ချက် ရှုသွင်းပြီး အလုပ် စ လိုက်၏။ အရင်ဆုံး သူ့ အရေပြားကို အောက်ဘက် သပ်ချလိုက်သည်။ တောင့်တင်း ပြောင်လက်နေသည့် လိင်တံကြီးက ဝင့်လက်ထဲတွင် ငွားငွားစွင့်စွင့်။

အရင်ဆုံး အတံကြီး၏ ဘေးပတ်လည်ကို လျှာ အပြားလိုက်နှင့် လျက်ပေးလိုက်သည်။ ထိပ်ဖူးကားကားကြီး အလယ်တွင် စို့နေသည့် အရည်ကြည်လေးကို စုပ်ယူလိုက်၏။ ရဲရင့် တင်ပါးအကြောများ တင်း သွားသည်။ အရည်ကြည်လေးတွေ ကုန် သွားတော့ လျှာဖျားလေးကို ချွန်ပြီး အက်ကွဲကြောင်းလေးထဲ ထိုးထည့် မွှေလိုက်၏။ ရှစ်… ဟူး.. ရဲရင့် ညည်းသံထွက်လာပြီး ဝင့်ကို ငုံ့ကြည့်လိုက်သည်။ 

ကပိုကယို ဖြစ်နေသော ဝင့် ဆံပင်များကို သိမ်းစုပြီး ဆုပ်ထားလိုက်၏။ ဝင့်လည်း သူ့ပစ္စည်း တုတ်တုတ်ကြီးကို ငုံလိုက်သည်။ တကယ်ပဲ ပါးစပ်နှင့် အပြည့်။ အရင်းထိ ရောက်အောင် တတ်နိုင်သလောက် ငုံလိုက်ပြီး အတံကြီး ပတ်လည်ကို လျှာဖြင့် ကျင်လည်စွာ လှည့်ပတ် ကစားပေးသည်။

အာခေါင်ပျော့လေးဆီ ထိ နေသည့် ထိပ်ဖူးကြီးက လည်ချောင်းဝကို ယားကျိကျိနှင့် ကလိနေသည်။ ဝင့် ကိုယ်တိုင်က သည်လို အရသာကို နှစ်သက်၏။ ကိုသန့်စင် ပစ္စည်းက သည်လောက် မထွားကျိုင်းတော့ သည်လို အရသာမျိုး ရရင် ဝင့် အတော်ကြိုးစားယူရသည်။ 

ကြာတော့ လျှာရင်းများ ညောင်းလာတာသာ အဖတ်တင်၏။ ခုတော့ ရဲရင့် အတံကြီးက ဝင့် ပါးစပ်ထဲတွင် အပြည့် နေရာယူပြီး ဖြစ်နေသည်။ ဝင့် တစ်ယောက် ရခဲလှသော အတွေ့ထူးကို စိတ်ပါလက်ပါ ခံစားလေတော့သည်။အတံကြီးကို တဆုံး ငုံ ထားပြီး လျှာနှင့် ပယ်ပယ်နှယ်နှယ် စုပ်ပေးနေလိုက်၏။ ရဲရင့် နှုတ်မှ ပြင်းပြသော ရမ္မက်သံများ ထွက်လာသည်။ 

သူ့ တင်ပါးနှစ်ဘက်ကို အသေအချာ ကိုင်ပြီး ခေါင်းကို ရှေ့တိုးနောက်ဆုတ် လုပ်ပေးလိုက်သည်။ ဝင့် အပြုစု ကောင်းမှုကြောင့် အဆတိုးပြီး ထွားကျိုင်းလာသည့် အတံကြီးက အားရစရာ။ တကူးတက ညှစ် ထားစရာ မလိုတော့ ဝင့် အတွက်လည်း သိပ် မပင်ပန်း။လှုပ်ရှားမှု အရှိန်ကို မြှင့်လိုက်ပြီး ခပ်သွက်သွက်လေး စုပ်ပေးလိုက်သည်။ မိမိလက်ထဲမှ ရဲရင့်၏ တင်ပါးနှစ်ဘက်က ကျောက်သားလို မာလာသည်။ 

ကောင်လေး အရမ်း ကောင်းနေပြီ.. ပြင်းထန်သော ရမ္မက်သံများက အံကျိတ်ထားသည့် ကြားမှပင် တအင်းအင်း ထွက်ပေါ်နေ၏။ သူ့မျက်နှာကို မော့ကြည့်မိသည်။ အထိအတွေ့၏ အရာသာကို ကောင်းစွာ ခံစားနေသည့် ရဲရင့်၊ လောကကြီးကို မေ့များနေပြီလား..။ဝင့်လက်တစ်ဘက်က မိမိ ပေါင်ခွကြားဆီ ရောက်လာ၏။ ပင်တီလေးထဲ လက်ထိုးထည့်လိုက်သည်။ သွေးဆာနေသည့် ပန်းပွင့်လေးက စိုစွတ်ယုံမက ရွှဲအိုင်၍နေပြီ။

ရဲရင့်ကို စုပ်ပေးနေရင်း လက်တစ်ဘက်က မိမိ အတွက် ခံစားချင်လာသည်။ ပါးစပ်ထဲမှ အတံကြီးကို အား အပြည့်နှင့် ဆွဲစုပ်ရင်း လက်ကလည်း ချောကျိကျိ တွင်းလေးကို နှိုက် ဆွ နေမိသည်။ မာဆတ်ဆတ် အစိလေးကို တလှည့်၊ နားရွက် ကားကားလေး နှစ်ဘက်ကို တလှည့်စီ။ခံစားချက်က အရမ်း ကောင်းလာသည်။ လက်ခလယ် တစ်ချောင်းလုံး အတွင်းထဲ ထိုးထည့် လိုက်၏။ စက်ဝိုင်းပုံစံ ဖြည်းဖြည်းချင်း လှည့်မွှေ လိုက်သည်။ လက်ဖနောင့်နှင့် ဖိ ထားသည့် အစိလေးကိုလည်း ဖွဖွ ကျိတ်ချေပေး၏။ 

ပိပိ အတွင်းနံရံတွေက ထိုးမွှေနေသည့် လက်ချောင်းကို တင်းကြပ်စွာ ညှစ်ထားနေသည်။ ခဏ နေရင် ငါ့ ပါးစပ်ထဲက ဟာကြီးကို ဒီလို ညှစ် ထားမိမှာ.. လက်ချောင်းလေး နေရာမှာ သူ့ လီး တုတ်တုတ်ကြီး.. အိုးး .. အမလေး.. ဘယ်လောက်များ..။ စိတ်ကူးအတွးတို့က ခံစားချက်ကို ထိပ်တက်အောင် တွန်းပို့နေသည်။ ခဏလေး အတွင်းမှာပင် အမြင့်ဆုံး ရောက်လုနီးပါး..

“ ထတော့.. မ.. ကြာရင် ဒီတိုင်းနဲ့ နှစ်ယောက်လုံး ပြီးသွားလိမ့်မယ်..” 

ပြောရင်း ဝင့် ကိုယ်လေးကို ထိန်းကိုင်ပြီး ကုတင်တိုင် ရှိရာဆီ နေရာ ရွှေ့စေ၏။ ဝင့်လည်း ဆေးမိသူ တစ်ဦးလို သူပြောသမျှ နာခံနေမိသည်။ 

“ ဒီတစ်ခါ ကျနော့် အလှည့်..” 

ပြောပြီး ကုတင်တိုင်ကို မှီစေသည်။ ဝင့် ရင်မွှာအစုံက ဖားဖိုလို နိမ့်လိုက်မြင့်လိုက် ဖြစ်နေ၏။ ရဲရဲင့် က ထိုရင်မွှာ အကြားဆီ မျက်နှာ အပ်လိုက်သည်။ ရင်ကြားမြောင်း လေးထဲ လျှာဖျားဖြင့် လျှက်ကာ ကစားပေးရင်း လက်များက ဝင့် နောက်ကျောကို ပွတ်သပ်နေ၏။ခဏ ကြာတော့ ဘရာချိတ်ကို ဖြုတ်ချလိုက်သည်။ ကြက်သီး အပိန့်ပိန့်ထ နေသည့် နို့အုံထွားထွား နှစ်ခုနှင့် မာဆတ်ဆတ် သီးလုံးလေးများ အကာအကွယ် မဲ့ သွားပြီ။ 

စိုစွတ်သော အနမ်းတို့ကို ပြည့်ပြည့်၀၀ ခံစားခွင့် ရ သွား၏။ ရဲရင့် လျှာ ချွန်ချွန်လေးက နို့သီးခေါင်း ပတ်လည်ရှိ အညိုကွင်းကလေးကို ဝေ့ဝိုက် ကစားနေသည်။ သီးလုံးလေးကို ဖွဖွ စုပ် ရင်း လက်တစ်ဘက်ကလည်း နို့အုံ လှလှလေးကို ဖြည်းဖြည်းချင်း ညှစ်နေ၏။ 

ဝင့် လည်း ကောင်ချောလေး၏ အပြုစုကို လက်ချောင်းလေး ကိုက် ရင်း အရသာ ခံနေမိသည်။ လက်တစ်ဘက်က ကုတင်တိုင်ကို နောက်ပြန် ကိုင်ထား၏။ ပါးစပ်ထဲမှ မိမိ လက်ချောင်းကိုပင် သူ့ လီးကြီး အမှတ်နှင့် အငမ်းမရ စုပ်နေမိသည်။ မိမိ နို့ကို ပယ်ပယ်နှယ်နှယ် စို့ပေးနေခြင်းကိုလည်း ရင်ကလေး ကော့ကော့ ပေးရင်း အရသာ ခံနေလိုက်၏။

နို့ နှစ်ဘက်ကို တလှည့်စီ နမ်းစုပ်ရင်း လက်များက ဝင့် တင်စိုင်များဆီ ဖွဖွ ပွတ်လိုက်၊ ခပ်ကြမ်းကြမ်း ညစ်ချေလိုက် လုပ်နေသည်။ ပင်တီလေး၏ ခါး သားရေကြိုးကို ခပ်တင်းတင်း ဆွဲကိုင်ထားပြီး ကျီစယ်ဟန် မျက်နှာပေးနှင့် ..

“ ဒါကြီးက ရှုတ်နေသလိုပဲ မ.. ဆွဲဖြဲပစ်လိုက်ရင် ကောင်းမယ်ထင်တယ်..”

“ အွမ်းးး.. လုပ် ဟာ.. ဖြဲ ပစ် လိုက်..”

ရဲရင့်လက်များက ပင်တီ ခါး နှစ်ဘက်ကို လိမ်ကျစ်ပြီး ဆုပ်ကိုင်လိုက်သည်။ နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ပြီး ဝင့်မျက်လုံးများကို ရီဝေညှို့ငင်စွာ ကြည့်လိုက်၏။ မျက်ခုံးတစ်ဘက် ဆတ်ကနဲ ပင့်ကာ စိန်ခေါ်သလို ကြည့်လိုက်ပြီး အဘိုးတန် ပင်တီ လှလှလေးကို တကယ်ပဲ ဆောင့်ဆွဲ ဖြဲ ပစ်လိုက်၏။ ကောင်ချောလေး၏ ခပ်ဆိုးဆိုး အပြုအမူက ဝင့် အတွက် တကယ်ပဲ ချစ်စနိုး ဖြစ်သွားစေသည်။

အခု ဝင့် ကိုယ်ပေါ်တွင် စတော့ကင် တစ်စုံနှင့် ဒေါက်မြင့်ဖိနပ်လေးမှ လွဲ၍ ဘာမျှ မရှိတော့ပါချေ။ ရဲရင့်က လက်ထဲတွင် ကိုင်ထားသည့် ပင်တီလေးကို အားပါးတရ နမ်း လိုက်၏။ မျက်စိ စုံမှိတ်ပြီး ပင်တီလေးဆီမှ ဝင့် ၏ ဝတ်ရည်နံ့တို့ကို အားရပါးရ ရှိုက်သွင်းလိုက်သည်။ သူ့ အပြုအမူကြောင့် ဝင့် ကိုယ်ထဲ စိမ့် ကနဲ ခံစားလိုက်ရ၏။ ပိပိလေးထဲမှ ကြည်လဲ့လဲ့ ဝတ်ရည်တို့ စိမ့်ကျ လာပြန်သည်။

ဖုံးအုပ်ခြင်း ကင်းမဲ့သော ဝင့် ခန္ဓာ ကိုယ်လေးက ရဲရင့် အတွက် နတ်ဘုရား ရုပ်တု တစ်ခု အသက်ဝင်နေသလို ဆွဲဆောင်နိုင်လှ၏။ 

သပ်သပ်ရပ်ရပ် ညှပ်ထားဟန်ရှိသော အမွေး ရေးရေးလေးများနှင့် ပိပိဖောင်းဖောင်းလေးက ကလေးနှစ်ယောက် မိခင်ဟု မထင်ရက်လောက်အောင်ပင် ချစ်စရာကောင်းလှ၏။ ကိုသန့်စင် အကိုင်အတွယ် ညင်သာပုံပဲ.. အတွေးနဲ့ ပြုံးမိရင်း ဝင့် မျက်နှာကို စူးစိုက် ကြည့်လိုက်၏။ သူမ လက်နှစ်ဘက်က ခေါင်းပေါ် မြှောက်ထားပြီး ကုတင်တိုင်ကို နောက်ပြန် ဆုပ်ကိုင်ထားသည်။ 

သူမ ဟန်ပန်ကို ကြည့်ပြီး သူ့ ဆက်ဆံမှုကို ဘယ်လောက် အလိုရှိနေပြီမှန်း ရဲရင့် ကောင်းစွာ သိနေ၏။ လက်ထဲမှ ပင်တီလေးကို အသာချပြီး လည်တိုင်ကို ခပ်ဖွဖွ ဆုပ်ကိုင်ကာ ခေါင်းမော့စေလိုက်၏။ ပန်းသွေးရောင် ယှက်သန်းနေသည့် နှုတ်ခမ်းလေးကို ခပ်ကြမ်းကြမ်း စုပ်နမ်းလိုက်သည်။ ထို့နောက်.. နားရွက်ဖျားလေးကို သွားဖြင့် အသာ ခဲရင်း…

“ ကျနော်က မ ကို မတ်တပ် ရပ် ပြီး လိုး ချင်တာ..”

“ ဘာကို စောင့်နေသေးလဲ ဒါဆို..”

“ မလိုင် အရသာ မြည်းချင်သေးလို့လေ.. ကျနော်တို့ ပြောခဲ့တာ မှတ်မိတယ်ဟုတ်..”

“ ………..”

“ ကျနော် ဒူးထောက် လှည့်..”

“ ……………”

မစဉ်းစားနဲ့.. ဘာမှ စဉ်းစား မနေနဲ့.. မိမိစိတ်ကို ပြန်အားပေးရင်း ခြေထောက် နှစ်ဘက်ကို ကားပေးလိုက်တော့သည်။ စိုရွှဲနေသော ပိပိလေးက အဲကွန်းမှ လေအေးအေးကို အရင် ကြိုဆိုလိုက်ရသည်။ တရှုံ့ရှုံ့ ငိုရင်း မျှော်နေရရှာသည့် ပိပိလေး ခမျာ သူ့ လျှာ နွေးနွေးကြီး ရောက်လာဘို့ အရေး စောင့်ရသည့် စက္ကန့် အနည်းက နာရီများစွာလိုပင်။ ရဲရင့် လှုပ်ရှားမှုများက ဖြည်းညင်းစွာ စ တင်လာပြီ။ 

ပိပိလေး၏ အပေါက်၀ အောက်ခြေ အသားနုလေးကို စတင် လျက်ပေးလိုက်သည်။ ပြီးနောက်မှ လျှာ အပြားလိုက်နှင့် သပ်တင်ပြီး ရသာဖူး မာဆတ်ဆတ်လေးဆီ ခပ်သွက်သွက် ကစားပေးလိုက်၏။ ဝင့် ထံမှ သက်ပြင်းချသံ သဲ့သဲ့လေး ထွက်ပေါ်လာသည်။ အစိလေးကို ပြွတ်ကနဲ တစ်ချက် စုပ်လိုက်၏။ 

အိုးး.. ဟင့်အင်း.. ရှီးး… ဒီလို အတွေ့ထူးမျိုးက ဝင့်အတွက် ပထမဆုံး ဖြစ်နေ၏။ နားရွက်ဖားဖားလေး နှစ်ဘက်ကို စုပ် ပေးပြန်သည်။ အာ လာ လာ.. ကျစ်.. ဝင့် လက်တစ်ဘက်က နို့အုံများကို ဘာသာ ဆုပ်နယ်ရင်း အသံ ထွက်၍ပင် ညည်းမိသွား၏။

အစိလေးကို လျှာနှင့် တဇတ်ဇတ် ကလိပေးရင်း သူ့ လက်များက နားရွက်လေး နှစ်ဘက်ဆီ ရောက်လာသည်။ ချောကျိကျိ ဖြစ်နေသည့် နားရွက်လေး နှစ်ဘက်ကို လက်မ နှစ်ချောင်းနှင့် ဆွဲ ဖြဲလိုက်၏။ အစွမ်းကုန် ပွင့်အာနေသော ပန်းလေးတစ်ပွင့် ပေါ်လာသည်။ လျှာ ချွန်ချွန်လေးက ပန်းပွင့် အား တပြပ်ပြပ် မြည်အောင် လျှက်ပေးတော့သည်။ 

အိုးး.. အမလေး.. အိုး.. အို့.. အပေါက်ထဲထိ အတင်းအဓမ္မ ထိုးကလော်ပြီး မွှေနှောက်နေသည့် လျှာလေး။ လက်မ နှစ်ဘက်ကလည်း အဖုတ်လေးကို ပြဲ နေအောင် ဆွဲ ဟ ထားသေးသည်။

ဝင့် အတွက် အထူးထူးသော အရသာ.. ထွန့်ထွန့် လူး နေအောင် ခံစားရသည်။ ကောင်းလိုက်တာ ကောင်လေးရယ်.. ကျေးဇူးပဲ.. ကျေးဇူးပါပဲ.. အင့်.. ဟင့်… အဟင့်ဟင့်.. တစ်ခါမျှ မခံစားဖူးသည့် အထိတွေ့ကြောင့် ဝင့် တစ်ယောက် အော်ငိုလိုက်ချင်စိတ်ပင် ပေါက်လာမိသည်။ ငါ့.. ငါ့.. စောက်ပတ်ကို သူ လိုး နေပြီ.. သူ လျှာနဲ့ ပယ်ပယ်နှယ်နှယ်.. လိုး နေ.. အိုးး.. ကျစ် ကျစ်..

ရဲရင့် လက်ချောင်းလေး တွင်းထဲ ဝင်လာ၏။ အစိလေးကိုတော့ လျက်လိုက် စုပ်လိုက် လုပ်နေဆဲ။ လက်ချောင်း တစ်ချောင်းကနေ နှစ်ချောင်း။ လက်ညှိုး တစ်ချောင်းလုံး တဆုံး ထိုးသွင်းပြီး အတွင်းကို မွှေနှောက် ကလိတော့သည်။ ဝင့်လည်း ခါးလေး ကော့ကာ ကော့ကာနှင့် လူးလွန့် နေမိ၏။ ရဲရင့် လက်ချောင်းက ကျင်လည်စွာ မွှေနှောက်ရင်း ဂျီစပေါ့ တည့်တည့်ဆီ ရောက်လာသည်။ အိုးးး.. ဝင့် အသံကျယ်ကျယ် ညည်းမိ သွားပြန်သည်။ ချက်ကောင်းကို စမ်းမိသွားသော လက်ချောင်းလေးက နေရာ မရွေ့တော့။ ထိုတစ်နေရတည်းကို ပဲ နာနာလေး ဖိ ချေပေးနေသည်။ ပါးစပ်ကလည်း အစိလေးကို အစုပ် မပျက်။ 

“ အိုး.. အမလေး.. မရ.. မရတော့ဘူး.. ဟင့်.. ဟင့်.. ဟုတ်တယ်.. အဲ့နားလေး.. လုပ်ပါ.. လုပ် လုပ်..”

ဝင့်တစ်ယောက် ခြေဖနောင့်လေးကို အားပြု ထောက်ပြီး အဖုတ်လေး ကော့ကာ ကောင်းကောင်းကြီး အနှိုက် ခံနေရင်း.. ပါးစပ်မှလည်း စိတ်လွတ်ကိုယ်လွတ် ညည်းနေမိတော့၏။အရမ်း ကောင်းနေဆဲမှာပဲ ရဲရင့်က အသာ ထ လိုက်သည်။ ဝင့် စိတ်ထဲတွင် အော်ငို ပစ်ချင်နေ၏။ ဆတ်ဆတ်တုန်နေသော ကိုယ်လေးကို အသာ ပွေ့ဖက်ပြီး နှုတ်ခမ်းများဆီ စုပ် နမ်းလိုက်သည်။ 

ဝင့်လည်း ပြန် နမ်း၏။ သူ့ နှုတ်ခမ်းတွင် ပေလူးနေသည့် မိမိ အရည်များကို တမ်းမက်စွာပဲ စုပ်ယူ မြိုချနေမိသည်။ ကိုသန့်စင်နဲ့ နေကြတိုင်း သည်လို oral ပေးဖူးသော်လည်း ကိုသန့်စင်က မိမိကို တစ်ချက် နှစ်ချက် လျက်ပေးပြီးလျှင် တန်း ထည့်တာ များသည်။ ခုလို ပြန် နမ်းလေ့ မရှိ။ ဝင့် အနေနှင့် ကိုယ့် အရည်များဆီမှ အရသာကို ခုမှပဲ ခံစားဖူးခြင်း ဖြစ်သည်။ သူ့ နှုတ်ခမ်း နှစ်လွှာကို တလှည့်စီ စုပ်ပြီး ခပ်ကြမ်းကြမ်း နမ်းပစ်လိုက်သည်။ 

သူ့နှုတ်ခမ်းများမှ တဆင့် ခံစားရသည့် မိမိ အရသာက ဝိုင်ချို လိုလို.. ရမ္မက်သည် အမှန်တကယ်ပင် မူးယစ် စေတတ်ကြောင်း ဝင့် သိလိုက်ရပြီ..။

“ ကိုင်းးး…”

“ ………”

“ ကျနော်.. ထည့်ချင်ပြီ မ..”

“ ……..”

“ ထ.. ဟိုဘက်လှည့်..”

“ ………”

ကုတင်တိုင်ကို အားပြု ကိုင်လိုက်ပြီး ခါးလေး ခွက် ကာ တင်ကို အသာ ကော့ပေးထားလိုက်၏။ ရဲရင့်က နောက်တည့်တည့်မှ လာ ရပ်သည်။ ဝင့် ခြေထောက် တစ်ဘက်ကို ဖြည်းဖြည်းလေး ကန် ပြီး ချဲစေလိုက်သည်။ ဒေါက်ဖိနပ်အမြင့် ၏ အကူအညီကြောင့် ဝင့် အဓိက နေရာက သူ့ အတံကြီးနှင့် အလိုက်သင့် ဖြစ်နေသည်။ 

“ မ.. ကျနော့်တွက် အဆင်သင့် ဖြစ်ပြီလား..” 

ဆွဲဆောင်မှု တစ်မျိုး ပျော်ဝင်နေသည့် သူ့ မေးခွန်းကြောင့် ဝင့်တစ်ယောက် နှုတ်ခမ်းလေး ဖိကိုက်ပြီး ပြုံးမိသည်။ကျနော့်အတွက် တဲ့လား.. ပြောပုံက အသဲယားစရာ.. ဘာကောင်လေးမှန်းကို မသိဘူး.. မျက်စိတ် မှိတ်ထားပြီး အာရုံ အားလုံးကို အမှောင် ချလိုက်၏။အကောင်းဆုံး အရသာကို ခံစားတော့မည်မို့ သိပ်များများ မတွေးတော့ချင်..။ သူ့ အမေးစကားကို အမှောင်ထုထဲမှ အိပ်တစ်ဝက် နိုးတစ်ဝက် လေသံမျိုးဖြင့် ပြန်ဖြေလိုက်သည်။

“ အွမ်းး.. အသင့် ပဲ..”

ကော့ပေးထားသော တင်ပါး အောက်မှ ပြူးထွက်နေမည် ဖြစ်သည့် မိမိ ပစ္စည်းလေးကို သူ့ အတံကြီး တေ့ လိုက်ပြီ။ ဝင့် ရင်တွေ တဒိန်းဒိန်း ခုန်လာ ၏။ အနူးညံ့ဆုံး အရေပြားနှစ်ခု ထိတွေ့မှု။ရဲရင့်က သူ့ပစ္စည်းကို ထိုးမထည့်သေးဘဲ ဝင့် အကွဲကြောင်းလေးဆီ ခေါင်းတေ့ကာ ထက်အောက် ပွတ်ဆွဲနေသည်။ 

ထိပ်ဖူး ကားကားကြီး၏ ပွတ်နယ်မှုကြောင့် ပွင့်ဖတ်လေး နှစ်ဘက်မှာ ချွဲကျိကျိ ဝတ်ရည်တို့ တောက်တောက် ယို လျှက်။ ရဲရင့်က ဝင့် နောက်မှနေ၍ လည်တိုင်ကို လက်မောင်းဖြင့် သိုင်းဖက်ရင်း အံကျိတ်သံနှင့် မေး သည်။

“ ကျနော့်ကို ဘာ လုပ်စေချင်လဲ မ.. ဟင်.. ကျနော် မ ကို ဘာ လုပ် ရမလဲ..”

“ Fuck me ရဲရင့်.. ငါ့ကို လိုးပါတော့.. အခု ချက်ချင်း လိုးပေးပါတော့..”

တုန်ရီစွာ ပြန်ပြောလိုက်သော ဝင့် စကား အဆုံးတွင် အ၀ မှာခေါင်းတေ့ ထားသော အတံကြီးက တွင်းကလေးထဲ နင့် ကနဲ..။ တစ်ချက်တည်းနှင့် တဆုံး ထိုးထဲ့လိုက်သောကြောင့် စူး အောင့် သွားသည်။ ဝင့် တစ်ယောက် မျက်ရည်လေးပင် လည် သွားရ၏။ ဒူးနှစ်ဘက်လည်း ညွှတ်ချင်သလို ဖြစ်သွားသည်။ ရဲရင့်က အထဲက ပစ္စည်းကို လုံး၀ မလှုပ်။ ဝင့် ပေါင်နှစ်ဘက်ကို ဖွဖွလေး ထိန်းပြီး ကော့ပေး ထားသည်။ သူ့ကိုယ်ပေါ် အားပြုလိုက်ရင်း အတံကြီး၏ အရသာကို ခံစားနေလိုက်၏။ 

အတွင်းထဲတွင် အပြည့်အသိပ် နေရာ ယူထားသည့် အတံကြီး၊ ဝင့် ဘက်က အထူးတလှယ် ညှစ်ပေးထားစရာ မလိုဘဲနှင့်ကို ပြည့်သိပ် တင်းကြပ် နေသည်။သစ်သားတုံးကြီးနှင့် သပ်လျှိုထားသလို တစ်ဆို့ဆို့ကြီး ခံစားရ၏။ ယားကျိကျိ ခံစားချက် အစား အောင့်မြက် သိပ်သည်းသည့် အရသာ။ ဝင့် အရမ်းကို ကျေနပ် နေမိသည်။

ကောင်းလိုက်တာ.. မာလိုက် ထွားလိုက်တဲ့ လီး.. တကယ့် အကြီးကြီးပဲ.. ငါ့ အရုပ်ကြီးနဲ့ အရွယ်တူလောက် ရှိမယ်.. အရသာ ချင်းတော့ ဘယ်တူ မလဲ.. အရုပ်က အရုပ် လူက လူ.. ဝင့် စိတ်ထဲ သူ့ပစ္စည်းကို မိမိ ခိုးဝယ်ထားသည့် အတု ကြီးနှင့် ယှဉ်နေမိသည်။ 

ကိုသန့်စင် ပစ္စည်းလေးက သေးတော့ ဝင့် အနေနှင့် ကြာလေ ချောင်လည်လည် ဖြစ်လေမို့ ဆက်ဆံရတာ အားမရချင်။ နောက်ဆုံး မောင် နှင့် မပြည့်ဝသော ခံစားချက်ကို အစားထိုးရန် ဆိုဒ်ကြီးကြီး အတု တစ်ခု ခိုးဝယ်ပြီး တိတ်တိတ်လေး ဖွက်ထားခဲ့သည်။ 

အခု ရဲရင့် ပစ္စည်းက ထို အတုကြီးလောက် ရှိသည်။ အတုကြီးထက် သာတာက နွေးထွေး နူးညံ့မှု။ နူးညံ့ချောမွေ့ပြီး ပြည့်သိပ် နေတဲ့ အရသာက ဝင့်အတွက် ကျေနပ်အားရမှု အပြည့် ပေးနေသည်။ ဒီ ခံစားချက်လေး ပျောက်သွား မှာတောင် စိုးမိသေးတော့၏။

“ အာ.. အာ.. အာ.. ကျစ် ကျစ်..”

ဝင့် အာရုံထဲ ပြည့်သိပ်သိပ်ကြီး အကြောင်း တွေးရင်း ကြည်နူးနေစဉ် သူ့ တရစပ် လှုပ်ရှားမှုကြောင့် အသံထွက်၍ ညည်းမိသွားသည်။ 

အထဲ စိုက်ထားသည့် ဟာကြီးကို လုံး၀ ပြန်ဆွဲမထုတ်ဘဲ တဇတ်ဇတ် ဆောင့်ထိုးနေသည့် ရဲရင့်။ အဝတည့်တည့် နေရာလေးက ကွဲများ သွားပလားမသိ။ စပ်သလိုလိုတောင် ဖြစ်လာသည်။ အထဲကတော့ ကောင်းလွန်း တာတော့ ပြောနေဘို့ပင် မလို။ ဒေါက်မြင့် ဖိနပ်လေး စီးထားသည့် ကြားမှပင် ခြေဖျားပေါ် အားပြုပြီး အစွမ်းကုန် ကော့ပေးထားမိသည်။

လုပ်.. လုပ်.. တအား ဖြဲ.. ထိုးထည့်ပစ်.. အင်းး.. ကောင်းတယ်.. စိတ်ကပဲ ပြောမိလား၊ ပါးစပ်က အသံ ထွက်သွားသေးလား ဝင့် တကယ်ပဲ မသိတော့။ 

အာရုံတွေ မှောင်မိုက်ပြီး မျက်လုံးထဲ နီလိုက် ပြာလိုက် ဖြစ်ကုန်သည်။ ခဏကြာတော့ ဟိုးအထဲက တဆစ်ဆစ် ကျဉ်လာပြီး .. ညှစ် ချင်တယ်.. အင်း.. ကျစ်ကျစ်.. ညှစ်ချင်လာပြီ အရမ်းပဲ.. အာ အာ အာ.. ကျစ်ကျစ်.. လုပ်ပါ နာ နာ လေး.. အင်း.. ဟင်းးး..

အတံပြည့်ပြည့်ကြီး၏ အရသာကို မှိန်းခံနေရင်း ခရီး ဆုံးခါနီးတော့ မ သဘာဝအရ အလုအယက် ညှစ် ထားမိသည်။ ကုတင်တိုင်ကို ဆုပ်ကိုင် ထားသည့် လက်များ အားမရှိတော့ချင်။ 

ဒူးများ ညွှတ်ချင်ချင် ဖြစ်သွားပြီး ခြေဖျားလည်း ကြမ်းနဲ့ လွတ်သွားလား မသိ။ သန်မာသော သူ့လက်မောင်းများက ဝင့် ကိုယ်ကို သိုင်း၍ ပွေ့လိုက်သည်။ဝင့် တစ်ကိုယ်လုံးရှိ အကြောများ၊ အားအင်များ အကုန်လုံး တစ်နေရာတည်းတွင် စုရုံးရောက်ရှိသွားပြီးခဏ..။ 

အင်းး.. ဟင်းး.. ဘယ်တုန်းကနဲ့မှ မတူတဲ့ အရသာ၏နောက်တွင် လူက အဝတ်စလေး တစ်ခုလို ပျော့အိ နုန်းချိသွားတော့သည်။ ရဲရင့်က ဝင့်မျက်နှာလေးကို အသာ ဆွဲလှည့်လိုက်၏။ နှုတ်ခမ်းများကို ဖွဖွ စုပ်နမ်းရင်း သူ့ အတံကြီးကို အသာ ဆွဲထုတ်လိုက်သည်။ ဝင့် ပိပိလေးထဲတွင် တဖြည်းဖြည်းချင်း ကျန်ခဲ့သည့် အရသာက ချစ်သူလက်ကို မတတ်သာ၍ လွှတ်ပေးလိုက်ရသည့် မိန်းမငယ် တစ်ဦးအလား ဆွေးဆွေးမြေ့လျက်။ 

အထဲတွင် ရွှဲအိုင်နေသည့် အရည်များက ပေါင်တံတလျောက် စီးကျ လာသည်။ အလိုလေး.. ငါ့ အဖုတ်ထဲက အရည်တွေ.. တကယ့်ကို မနည်းမနောပါ့လား…ရဲရင့်က ပွေ့ထားသည့် လက်ကို အသာ လွှတ်ပြီး ဝင့်ကို သူ့ဘက် ဆွဲလှည့်သည်။ နှစ်ဦးသား မျက်နှာချင်း ဆိုင်မိစဉ် ခေါင်းငိုက်စိုက် ကျ နေသည့် ဝင့် မျက်ဝန်းထဲတွင် အရင်ဆုံး မြင်လိုက်ရတာက အရည် စက်လက်နှင့် သူ့ အတံကြီး။

“ မ အရည်တွေလေ.. မြည်းကြည့်ပါဦးလား..”

သူ့စကားလည်း အဆုံး၊ ဝင့်လည်း သူ့ ပေါင်ကြား ဒူးထောက် လိုက်မိတော့သည်။ အတံကြီးဆီ အသာ လက်လှမ်းလိုက်၏။အရည်တွေ ရွှဲစိုနေသည့် ကြွက်သားချောင်းကြီးက သိသိသာသာ ပူနွေး နေပြီး ဝင့် လက်ထဲတွင် ပေါက်ထွက်တော့မည့် ဒိုင်းနမိုက် တစ်ခုလို ဆတ်ဆတ် တုန်နေသည်။

ကြည့်စမ်း.. ကောင်လေး မပြီးသေးဘူးပဲ.. ယောင်္ကျား တစ်ယောက်ရဲ့ ဟိုဒင်းက ပြီးခါနီး ထိပ်ဆုံး ရောက်နေတဲ့အချိန်မှာ ဒီလိုကြီးလား.. အိုးး.. အူယားစရာ ကောင်းလိုက်တာ.. ခုနေ ဒါကြီးကို ငါ စုပ်လိုက်ရင်.. သူ့ အရည်တွေ ငါ့ ပါးစပ်ထဲ.. အို.. ဒါလည်း အတွေ့အကြုံသစ်ပဲ..

ချွဲကျိကျိ အရည်များ ပေနေသည့် အတံမာမာကြီးက ပါးစပ်နှင့် အပြည့်။ ခုနကထက် ပိုကြီးနေတာတော့ သေချာသည်။ အီလည်လည် အနံ့လေးသင်းနေသည့် အရည်များကလည်း ဝင့်အတွက် အသစ်အဆန်း ဖြစ်နေသည်။ 

ပုံမှန်အချိန်တွင် ရွံတတ်လွန်းသော ဝင့် တစ်ယောက် ခုတော့ သူ့ အတံကြီး ပတ်လည်ကို လျှာနှင့် မွှေ့ကစားရင်း ပါးစောင်ထဲ အိုင်လာသည့် အရည်တွေကို စိတ်ပါလက်ပါ မြိုချနေမိသည်။ အူးး.. ရဲရင့် ထံမှ ညည်းသံ သဲ့သဲ့နှင့်အတူ ဝင့် ပါးစပ်ကို ရှေ့တိုးနောက်ဆုတ်နှင့် သုံးလေးချက် သွက်သွက် လုပ်လိုက်၏။ အလိုလို… သူ.. သူ ငါ့ ပါးစပ်ကို လိုး နေတာပါလား.. အိုး.. ငါ့ ပါးစပ်ထဲ ဟိုဒင်းတွေ ပန်းထည့် မလို့များလား..

“ ရပြီ.. မ.. ထ တော့..” 

ဝင့် တစ်ယောက် စိတ်လှုပ်ရှားစွာ တွေးနေမိတုန်း ရဲရင့်က နောက်ဆုတ်ပြီး ထ ခိုင်းပြန်သည်။ ဝင့် မတ်တပ် ရပ်လိုက်တော့ နှုတ်ခမ်းများကို စုပ်နမ်းပြန်၏။ သူ့ လှုပ်ရှားမှုများက ဘယ်အချိန် ဘာလုပ်မယ်ဟု ကြိုတင် စီစဉ် ထားသည့်အလား တဆင့်ချင်း တည်ငြိမ်စွာ ခရီးဆက် နေသော်လည်း လူကတော့ အဆိပ်တက် တုန်ရီနေမှန်း အစောကထက် အငမ်းမရ ဖြစ်နေသည့် အနမ်းများက သက်သေပြနေသည်။

ဝင့် ပေါင်တစ်ဘက်ကို ဆွဲမပြီး ကုတင်ပေါ် ခြေတစ်ဘက် တင်စေလိုက်၏။ ပြီးတော့ ပွင့်အာလက်စ အကွဲကြောင်းလေးဆီ သူ့ ထိပ်ဖူးကြီးကို နေရာ ချ သည်။အဝပြဲပြဲလေးကို အသာ ဟ ကာ ထိပ်ဖူးကြီးနှင့် ထက်အောက် ဆွဲပွတ်လိုက်၏။ အထဲထိ ထိုးမထည့်ဘဲ ထိပ်ဖျားလေး အသာ နှစ်ပြီး ဂွင်းတိုက်ကာ သူ့ကိစ္စ သူ အဆုံး သတ်လိုက်သည်။

အွမ်းး.. ဟွမ်းး… နှုတ်ခမ်းချင်း အနမ်းမပျက်ဘဲ တိုးသဲ့သဲ့ ညည်းသံက သူ့ နှုတ်ခမ်းမှ တဆင့် ဝင့် ပါးစပ်ထဲ ဝင် သွားသည်။ 

ဝင့် အကွဲလေးမှာလည်း သူ့ အရည်တွေနှင့် ပြည့်အိုင်ပြီး အနွေး စီးကြောင်း ပျစ်ပျစ်လေးက ပေါင်တံ တလျောက် လေးတွဲ့စွာ စီးကျ လာသည်။ နှစ်ယောက်သား တင်းကျပ်စွာ ပွေ့ဖက်လျက် အိပ်ရာပေါ် လှဲချ လိုက်ကြသည်။

“ မ.. အရမ်း မိုက်တယ်ဗျာ.. ကျနော့်ကို တကယ့် စိတ်လှုပ်ရှားစေတယ်.. ”

“ ဟွန်း.. မင်းကရော ငါ့ကို သိပ်ကြီး ဆိုးဆိုးဝါးဝါး ဘာမှ မလုပ်လိုက်ဘူးကိုးး..”

“ ဟဟ..”

“ ခစ် ခစ်..”

ရယ်သံများ အဆုံးတွင် နှစ်ဦးသား ရီဝေစွာ ကြည့်ရင်း ခေတ္တ ငြိမ်သက် သွားသည်။ ကုတင်တစ်ဘက်စွန်းတွင် လှဲနေသည့် ဝင့် ကိုယ်လုံးလေးကို သူ စိုက်ကြည့်နေ၏။ 

ပြည့်တယ်ဆိုရုံ ကိုယ်လုံးအိအိလေးနှင့် ကပိုကယို ပြန့်ကျဲနေသော ဆံနွယ်ရှည်၊ အနက်ရောင် စတော့ကင်လေးနှင့် ဒေါက်ဖိနပ် နီနီလေးက ခုထိ မချွတ်ရသေး။ ရဲရင့်မျက်လုံးထဲတွင် သူမ အလှက အသက်အရွယ်နှင့် လိုက်ဘက်စွာပင် တင့်တယ် တည်ငြိမ်လို့နေသည်။ လှဲနေရာမှ အသာ ထ ပြီး ကုတင်ဘေးတွင် မတ်တပ် ရပ်လိုက်သည်။ 

ဝင့်က သူ ရှိရာဘက် ကိုယ်တစောင်း လှည့်လိုက်၏။ ဘေးတစောင်း လှဲအိပ်လိုက်တော့ ခန္ဓာကိုယ် ကောက်ကြောင်း အလှက ပိုမို ပေါ်လွင် သွားသည်။ တင်းရင်း မို့မောက်နေသော တင်စိုင် အလှကို ငေးရင်း မိမိ ပစ္စည်းကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်၏။ ဝင့်က မိမိအား နှုတ်ခမ်းလေးကိုက်၍ ငေးနေသည်။

ဤအပြုအမူသည် ရမ္မက်က ခေါ်ဆောင်သော နုနယ် ပျိုမြစ်ခြင်း၏ သင်္ကေတ တစ်ရပ်။ သူမ မျက်နှာကို ပြုံး ကြည့်ရင်း မျက်စိတစ်ဘက် မှိတ်ပြလိုက်တော့ ပုခုံးလေး အသာ တွန့် ပြသည်။ တကယ် အသည်းယားဘို့ ကောင်းတဲ့ မိန်းမ ပဲ..

သူမ၏ ညှို့မျက်ဝန်းများကို ခပ်စူးစူး စိုက်ကြည့်နေရင်း လက်ထဲမှ ချာတိတ်ကို ရှေ့တိုးနောက်ဆုတ် ကစားပေးနေမိ၏။ ဝင့် လက်တစ်ဘက်ကို ဆွဲယူလိုက်ကာ သူမ ပေါင်ကြားဆီ နေရာ ချပေးလိုက်သည်။ မျက်စ တစ်ချက် ပစ် ပြလိုက်၏။ သူ ဘာကို ရည်ရွယ်မှန်း ချက်ချင်း သိသော သူမက ခစ် ကနဲ တစ်ချက် ရယ်ရင်း ဒူးတစ်ဘက် ထောင်လိုက်သည်။

ဖြူသွယ်သော လက်ချောင်းလေးများက ဆီးခုံမို့မို့ထက်မှ မြက်နုလေးများကို အသာဖွဖွ ကိုင်ဆော့ လိုက်သည်။နှုတ်ခမ်းထူ နှစ်ဘက်ကို ဆွဲဟ ပြီး မာဆတ်ဆတ် အဖုလေးဆီ ဖွဖွ ပွတ်ချေလိုက်၏။ ခုလေးတင် အလိုး ခံ ပြီးတဲ့ အဖုတ်လေး.. နောက်တစ်ခေါက် အတွက် တကယ်ပဲ အဆင်သင့် ဖြစ်ပြီလား.. ဝင့် ကိုယ်ဝင့် သိပ် မသေချာသေးသော်လည်း ရဲရင့် အတံကြီးက တဖန် ပြန်၍ တောင့်တင်း နေပုံရသည်။

ဒီကောင်လေး တကယ်ပဲ.. အင်းပေါ့.. ဘာပဲဖြစ်ဖြစ် ဒီတစ်ညက ငါ့ အတွက် အထူးထူး ဖြစ်ရမယ့် ည ပဲ.. ဒီအတွက် သူ့ဘက်က ခုလိုပဲ အမြဲ အသင့် ဖြစ်နေရမှာ..တွေးရင်း လက်တစ်ဘက်က သူ့ပစ္စည်းကြီးကို လှမ်းကိုင် မိသွားသည်။ မိမိ ကိုယ်ကိုယ်လည်း ပွတ်သပ်ရင်း သူ့ကိုပါ ဂွင်းတိုက် ပေးလိုက်၏။ 

မာတင်းတင်း အတံကြီးကို ဆုပ်ကိုင်ရင်း ခပ်ဆဆလေး ညှစ်လိုက်သည်။ ထို အချိန်လေးအတွင်း ဝင့် မျက်လုံး အကြည့်က မိမိ လက်တွင် ဝတ်ဆင်ထားသော လက်ထပ် လက်စွပ်လေးဆီ ဖျပ်ကနဲ ရောက်သွားသည်။ မျက်စိလျင်ပုံရသော ရဲရင့်လည်း ဒါကို သတိထားမိသွားသည်။ နှစ်ဦးသား အကြည့်က ကြယ်ရောင်လက်နေသည့် စိန်ပွင့်ကလေးဆီတွင် စူးစိုက်လျက်။

“ အိမ်ထောင်သည် မိန်းမတစ်ယောက်နဲ့ ဒီလို နေရတာ သဘောကျလား..”

“ အွမ်း..” 

ဝင့် အမေးကို သူ မဆိုင်းမတွဘဲ ပြန်ဖြေသည်။

“ ကျနော်က မ နဲ့ မ ယောင်္ကျား ဆက်ဆံရေးကို ဖျက်လို ဖျက်ဆီး လုပ်ဘို့မှ မဟုတ်ဘဲလေ.. မ အတွက် သူ မပေးနိုင်တဲ့ အရသာကို ပေးဘို့ သက်သက်ပဲ..”

“ ဘယ်လိုများပါလိမ့်..”

“ ဘယ်လို အနှောင်အဖွဲ့မျိုးမှ မပါတဲ့ sex ခံစားမှု သက်သက်.. အချစ် ဆိုတာလည်း မပါဘူး.. ကျနော်ရော မ ရော တစ်ယောက် လိုအပ်ချက် တစ်ယောက် ဖြည့်ကြတယ်.. ခံစားချက် ပြီးမြောက်ဘို့ကလွဲပြီး ဘာ အချည်နှောင်မှ မပါတဲ့ ပတ်သက်မှုပေါ့.. ဒီတစ်ချက်ကလွဲပြီး ကျနော်တို့ကြားမှာ ဘာမှ မရှိဘူး..”

“ အချစ် ဆိုတဲ့ ခံစားချက် မပါဘဲ.. ခံစားချက် ဆိုတာတစ်ခုတည်း အတွက် ချစ်တမ်းကစားတယ် ဆိုပါတော့လေ.. ခစ်ခစ်.. ဒါ တကယ်ပဲ ဖြစ်နိုင်တယ်လား..”

“ ဟားဟားဟား.. မ စကားလည်း တကယ် ကြွယ်တယ်နော်.. ကြည့်ရတာ ဖြစ်နိုင်လား မဖြစ်နိုင်လား.. မသိသေးဘူး ထင်တယ်..”

“ အင်းလေ.. တို့က အလုပ်နဲနဲများတာကလွဲပြီး တခြား ဘာပြသနာမှ မရှိတဲ့ အိမ်ထောင်တစ်ခုရဲ့ ဇနီး.. သားရယ် သမီးရယ်.. တို့ ဘဝက ပြည့်စုံတယ်.. ပျော်လည်း ပျော်နေတာပါပဲ..”

“ ………..”

“ ဒါမယ့် ခုတော့ သိချင်နေတာပေါ့.. အဲ့လို မိန်းမတစ်ယောက်ကို မင်း ဘက်က အချစ်စိတ် မပါဘဲ ဘယ်လို ချစ်ပြမလဲ လို့..”

ရဲရင့်က ဘာစကားမှ မပြောတော့ဘဲ အသာ ငုံ့ကာ ဝင့် ကိုယ်ပေါ် အုပ်မိုးလိုက်သည်။ လည်တိုင်နှင့် ရင်ညွန့်များဆီ အနမ်းများ ပေးရင်း ဒုတိယမြောက် ရမ္မက်ခရီးကို စတင်စေလိုက်၏။ ရင်သားမို့မို့များကို ဖြည်းဖြည်းချင်း စုပ်နမ်းရင်း မာဆတ်ဆတ် သီးလုံးလေးကို လျှာဖျားနှင့် မွှေ့ကစားလိုက်သည်။ ငုံခဲပြီး ဖြည်းဖြည်းချင်း စို့ပေး၏။ ဝင့် အသက်ရှုသံလေးတွေ မြန်လာသည်။ 

ခန္ဓာကိုယ် အနှံ့ ပွတ်သပ် ပေးနေသည့် လက်များက အောက်ဘက် လျှောဆင်းလာသည်။ ပေါင်တံ တစ်ဘက်ကို ဆွဲကားလိုက်ပြီး ပေါင်တွင်းသားလေးတွေကို လက်သည်းထိပ်နှင့် မထိတထိလေး ခြစ်ဆွဲပေးလိုက်၏။ ဝင့် ကိုယ်လေး ဓာတ်လိုက်သလို ဆတ်ကနဲ တွန့် သွားသည်။ “Fuck.. ကျစ် ကျစ်.. ရဲရင့်.. please..”

ရဲရင့်က ဝင့် နှုတ်ခမ်းတွေကို တဖန် စုပ်နမ်းပြန်သည်။ သူစိမ်း တစ်ယောက်ရဲ့ အနမ်းက ဒီလောက်ပဲ ချိုမြိန်လွန်းသလား။ သပ်ရပ်ကျွမ်းကျင်သော သူ့ အထိအတွေ့များကြောင့် ဝင့် အသိစိတ်တွေ ပျောက်လုလု ဖြစ်သွားရပြန်သည်။ ပေါင်နှစ်ဘက်ကို ကားပေးလိုက်ပြီး လက်ပိုက်ထားလိုက်၏။ တင်းရင်းသော ရင်သားအစုံက လက်မောင်းနှစ်ဘက်နှင့် ပင့်ညှစ်ပေးထားသလို ဖြစ်နေသည်။ တဖျဉ်းဖျဉ်း တက်လာသည့် ကြက်သီးဖုလေးများက ရဲရင့် လျှာစွမ်းအောက်တွင် စိုရွှဲကုန်သည်။ တစ်ချက်ချက် ဖိ စုပ်လိုက်တိုင်း ပန်းရောင် အရာလေးများ ထင်ကျန်ခဲ့၏။

“ လုပ်တော့ ရဲရင့်ရယ်.. တို့ အရမ်း လိုချင်နေပြီ.. တကယ်ပဲ.. မပြောမချင်း ညှင်းနေတယ်..”

နူးညံ့ မာကျော နေသော ထိပ်ဖူးကြီး ဝင့် အဝလေးမှာ လာ ထောက် နေပြီ။ အချစ် မပါသော ချစ်ခြင်း တဲ့လား..။ ဘာပဲ ဖြစ်ဖြစ် ဒီညက နှစ်လိုဖွယ် ကောင်းတာတော့ အမှန်ပင်။ ပြည့်သိပ် တင်းကျပ်မှုက ဝင့် ကိုယ်ထဲ တရစ်ခြင်း တိုးဝင်လာသည်။ ပထမတစ်ခါလို ရုတ်တရက်ကြီး မဟုတ်ဘဲ ဖြည်းဖြည်းလေးနှင့် ငြိမ့်ငြိမ့်လေး။

အဆုံးထိ တအိအိ ထိုးသွင်းပြီးမှ ဖြည်းဖြည်းချင်း နှဲ့ပေးသည်။ တစ်ချက်ချင်း ကော့သွင်းနေသည့် သူ့ လှုပ်ရှားမှုက မိန်းမ တစ်ယောက်၏ အဓိက နေရာကို ကောင်းကောင်း သိနေသည့် အလား။ ကျဉ်ကနဲ ကျဉ်ကနဲနေအောင် ကောင်းလှသည့် ခံစားချက်က ဝင့် အတွက် တကယ်ပဲ ဆန်းသစ် လွန်းနေသည်။ ဒီခံစားချက်ကို အကြာကြီး ထိန်းပြီး ဇိမ်ယူလိုပါသော်လည်း ဘယ်လိုမှ မတတ်နိုင်။ 

လက်နှစ်ဘက်က အိပ်ရာခင်းကို ကျစ်နေအောင် ဆုပ်ကိုင်ရင်း ဟိုနေရာလေးကို အစွမ်းကုန် ဖြဲကော့ပေးထားမိသည်။ ရမ္မက် ချွေးတွေ အိုင်ဖွဲ့ နေသည့် လှိုဏ်ခေါင်းလေးကလည်း တစ်ချက်ချင်း ဆောင့်သွင်းနေသည့် အရသာကို အငမ်းမရ မြိုချလို့နေ၏။

“ ပြီး.. ပြီး ချင် ပြီ.. ဟင်းး.. ရဲ.. ရဲရင့်..”

“ ကင်မရာဘက် လှည့်ကြည့်လိုက် မ..”

“ ……….”

“ အွမ်း.. ကြည့်.. တည့်တည့်ကို ကြည့်.. မ ယောင်္ကျားကို ပြ ရအောင်..”

“ ……….”

“ မ ဘယ်လောက် ကောင်းနေတယ် ဆိုတာ..”

“ ……….”

ဝင့်လည်း သူပြောသည့်အတိုင်း ကင်မရာ ရှိရာဆီ မျက်နှာ လှည့်လိုက်မိသည်။ သတိလက်လွတ် ဖြစ်နေရာမှ အသိဝင်လာသူ တစ်ဦးလို ခံစားလိုက်ရ၏။ 

ရှက်ရွံ့စိတ်၊ မောင့် အပေါ် အားနာစိတ်၊ ဒါ role play တစ်ခု မဟုတ်တဲ့ လက်တွေ့ ဖြစ်ရပ် တစ်ခုဆိုသည့် အသိ။ လင်ရှိမယား တစ်ယောက် ဖြစ်သော မိမိကို ပိုင်ပိုင်နိုင်နိုင်ကြီး လိင်ဆက်ဆံနေတာ သူစိမ်း တစ်ယောက်ပါလား။ မိမိကလည်း ဒါကို ကျေကျေနပ်နပ်ကြီး ခံယူနေမိသည်။ ဒါ ဖြစ်သင့်ရဲ့လား။ ကင်မရာထဲတွင် မောင့်မျက်နှာကို ထင်ထင်ရှားရှားကြီး မြင်ယောင်လာမိသည်။ နောင်တရသလို ခံစားချက်လေး ခပ်ရေးရေး ပေါ်လာ မိသော်လည်း ထို နောင်တက ရမ္မက်၏ အရသာကို မတွန်းလှန်နိုင်။

ဦးဏှောက် အသိ အနေနှင့် မောင့် အပေါ် အားနာစိတ် ဝင်လာမိပေမယ့် အောက်က ညီမလေးကတော့ သူ့ထဲ နစ်ဝင် လွန့်လူးနေသည့် မာတောင်တောင် အတံကြီးကို အငမ်းမရ ဖက်တွယ် ထားဆဲ။ နောက်ဆုံးတော့ ဖြေသိမ့် အတွေး တစ်ခုကို တံတိုင်းသဖွယ် အကာကွယ် ယူမိသည်။ 

ဒါ မောင့် ဆန္ဒ။ မိမိက လိုချင်လို့ တောင်းဆိုခဲ့တာလည်းှ မဟုတ်၊ မောင် မသိအောင် ဖောက်ပြန်နေတာလည်း ဟုတ်မှ မဟုတ်ဘဲလေ။ ရမ္မက်တည်းဟူသော လောင်စာမီးက လူတစ်ယောက် စိတ်ကို တစ်ဘက်စွန်း ရောက်အောင် တကယ်ပဲ တွန်းပို့ နိုင်သလား.. ဝင့် ဆက် မတွေးဖြစ်တော့ပါ။

မောင်ရေ.. တကယ်ပဲ.. ဝင့် မမှားပါဘူးနော် မောင်.. ဒါ.. ဒါ မောင့်ဆန္ဒပဲ.. ဟုတ်တယ်မှတ်လား ဟင်.. မောင့် မိန်းမကို တခြား တစ်ယောက်က လာ လိုးနေတယ်.ဝင့်.. ဝင့် မောင်မဟုတ်တဲ့ လူစိမ်းတစ်ယောက် လိုးတာ ခံနေမိတယ် မောင်.. ဒါ တကယ်.. တကယ်ကြီး.. မောင်ရယ်.. ကောင်းလွန်းလို့ပါ.. ကျေးဇူး တင်ပါတယ်.. ဒီည အတွက်.. တကယ်ပဲ.. မောင်ပေးတဲ့ လက်ဆောင် အတွက်..ကင်မရာမှ မီးနီလေးက လူးလွန့် ကော့ပြန်နေသော ဝင့် မျက်နှာလေးဆီတွင် တရိပ်ရိပ်။ နေပြောက် ထိုးသလောက်တောင် မရှိသည့် အလင်းစက်လေးကို ကြည့်ရင်း ဝင့် စိတ်တွေ ယောက်ယက် ခတ် နေသည်။

ခုလေးတင် ပြီးတော့မလို ဖြစ်သွားသည့် ခံစားချက်က ဒီမြင်ကွင်းကို မောင် ကြည့်နေတယ် ဆိုတဲ့ အသိကြောင့် တန့်မလိုလို ဖြစ်သွား၏။ ဒါကပဲ ဝင့် အတွက် အကောင်းဆုံး အရသာကို ကြာကြာ ခံစားခွင့် ပေးလိုက်သလို ဖြစ်သွားရသည်။

“ ခံစား ပြလိုက်လေ မ.. မ ယောင်္ကျား မနာလို ဖြစ်သွားအောင်..”

“ အိုးး… လုပ်.. လုပ်ပါ.. နာနာလေး.. မြန် မြန်..”

ဝင့် လက်တွေက ရဲရင့် ကျောကို အတင်း ကုပ်ဖက်တွယ်လာသည်။ ရဲရင့်လည်း ဝင့် ကျောအောက်မှ လက်လျှိုသွင်းပြီး ပုခုံးများကို မြဲမြဲ ဆုပ်ကိုင်လိုက်၏။ အသင့် အနေအထားရတော့ ခပ်ကြမ်းကြမ်း ဆောင့်သွင်းပေးလိုက်သည်။ ဝင့် တစ်ယောက် ထွန့်ထွန့် လူးသွားအောင်ပင် ခံစားလိုက်ရ၏။ 

“ အင်းးး.. ကျစ်.. ကောင်းတယ်.. အရမ်းပဲ.. အရမ်းကောင်းတာပဲ ရဲရင့်ရယ်..”

တစ်ခါမှကို ဒီလောက် မကောင်းဖူးဘူး ဆိုသည့် စကားကတော့ ဘာကြောင့်မှန်း မသိ၊ ရင်ထဲမှာပဲ ကျန်နေခဲ့သည်။ ခဏ နေတော့ အသက်ရှုနှုန်းများ တဖြည်းဖြည်း တည်ငြိမ် သွား၏။ အောက်ထဲမှာ ထိုးစိုက်ထားဆဲ အတံကြီးကတော့ မာ မြဲ မာ လျက်။ သူ မပြီးသေးမှန်း ဝင့် သိလိုက်သည်။

“ ဆက် လုပ် လေ.. ပြီးသေးဘူး မှတ်လား..”

နွမ်းလျ နေသော အသံလေးက ရဲရင့်ကို တစ်မျိုးတစ်ဘာသာ ဆွဲဆောင်နေပြန်၏။ ဒီအမျိုးသမီး ဟန်ဆောင်မှု ကင်းသည်။ ပွင့်လင်း သည်။ ရဲရင့် သည်။ နောက်တစ်ချက်က မိမိ ကြမ်းသလောက်လည်း ခံနိုင်သည်။ ဒီအချက်က မိမိ အတွက် အဓိက အကျဆုံး။ ကြုံဖူးသမျှ မနည်းလှသော မိန်းမများသည် ဝင့် ကဲ့သို့ မဟုတ်။ ယခုက သူမ အတွက် ဆိုသော်လည်း မိမိ အတွက်ပါ ရာခိုင်းနှုန်းပြည့် သာယာမှုရကြောင်း မိမိ ကိုယ်တိုင် အသိဆုံး။ 

ပေါက်ထွက်တော့မည့် ညီမောင်ကို တဇတ်ဇတ် ထိုးထဲ့ရင်း ခံစားချက် အမြင့်ဆုံး ရောက်လာချိန်..။ မိမိ ပစ္စည်းက အလွန်အမင်း ကျဉ် တက်လာပြီး စုစည်း ပြည့်အိုင်လာသည့် သုတ်ရည်ပူများ ကို အင်နှင့်အားနှင့် ပန်းထုတ်ရန် အသင့် ဖြစ်နေပြီ။ အပြင်မှာ ပြီးဘို့အတွက် မိမိ လိင်တံကို ဆွဲထုတ်ရန် ပြင်သည်။ ထိုစဉ် သူမ ထံမှ ကြားလိုက်ရသည်က လုံး၀ ထင်မထားသော စကား..။

“ မထုတ်နဲ့ ရဲရင့်..”

“ ……..”

“ တို့ ထဲမှာ ပြီးလိုက်..”

“ ဗျာ..”

“ မဗျာ နဲ့.. လုပ်.. တို့ထဲ ပန်းထည့်ပေး..”

“ ……..”

“ မင်း အရည်တွေ လေ..”

“ ……..”

“ တို့ အတွင်းထဲ.. ဟိုး အတွင်းထဲ ပန်း ထည့်လိုက်..”

“ ကျနော်.. ဘာ အကာကွယ်မှ..”

“ သိတယ်.. ကိစ္စ မရှိဘူး..”

“ ……..”

“ လိုချင်လို့.. တို့ ကိုယ်တိုင်က..”

“ ……..”

“ မင်း အရည်တွေ.. တို့ထဲ ပန်း ထည့်ပေးတာ ခံချင်လို့..”

“ သေ.. သေ ချာ လား.. မ.. တ ကယ် လား..”

“ အော် ကွယ်.. လိုး.. ခပ်ကြမ်းကြမ်း လိုး ပစ်စမ်း.. မင်း လရည်တွေ ငါ့ ထဲ ပန်း ထဲ့ပြီး လိုးပစ် ကွာ..”

“ ……..”

“ ဆောင့်.. တအား ဆောင့် ပြီး ပန်းထဲ့ပေး.. ဟိုး အထဲထိ..”

သူ့ အတွက် ပြောပေးတာလား၊ မိမိ ကိုယ်တိုင် ခံစားချင်တာလား မသေချာ။ သေချာတာတော့ ဝင့် တစ်ယောက် ဒီည အဘို့ ကာမ၏ အမြင့်ဆုံး မှတ်တိုင်ကို တတိယအကြိမ် ရောက်ရှိဘို့ နီးစပ် လာပြန်သည်။ 

ကိုယ်အတွင်းရှိ အားအင်များ အားလုံး တစ်နေရာတည်းဆီ စုစည်း..။ ပြည့်သိပ် တစ်ဆို့နေသည့် အတံကြီးကို ကြပ်သထက် ကြပ်အောင် ညှစ်ထားလိုက်သည်။ သူနဲ့ တူတူ ပြီးချင်လိုက်တာ။ အိမ်ထောင်သက် ရင့်နေသည့် မိန်းမ တစ်ဦးအဘို့ လိင်ဆက်ဆံ စဉ်မှာ နှစ်ယောက် အတူ ပြီးမြောက်ရခြင်း၏ အရသာကို ကောင်းစွာ သိ သည်။ 

အထူးသဖြင့် သူ့လို အားကောင်းမောင်းသန် ချာတိတ်လေး ပန်းထုတ် လိုက်မည့် သုတ်ရည်ပူတွေ မိမိထဲ ဝင်သွားမည့် ခံစားချက်။ ဘယ်လောက်များ ကောင်းလိုက်မလဲလေ..။ ဝင့် တစ်ယောက် ထို ခံစားချက်ကို အလွန်အမင်း တောင့်တမိတော့သည်။

“ ဆောင့်.. ဆောင့်.. နာ နာ လေး..”

“ အားး.. မ.. မ.. ကျနော်.. ကျ ကျ နော်..”

“ အင်း.. ပန်းထည့်လိုက်.. တို့ ထဲ.. ပြည့်လျှံ သွားအောင်.. ထည့်.. ထည့်..”

“ အင့်.. အင့်..”

“ အင်း.. လုပ်.. ရှီးးး..”

ကိုယ်တွင်းဆီမှ နွေးကနဲ နွေးကနဲ ။ ခံစားချက်က အီ စိမ့် ပြီး ကောင်းလွန်းသည်။ ဝင့် တကယ်ပဲ အတိုင်းမသိ ကြည်နူးမိသလို ရဲရင့်လည်း အားရကျေနပ်မည် မလွဲ။ 

ဒါပဲလေ.. ပြီးပြည့်စုံတဲ့ သာယာခြင်း ဆိုတာ။ နှစ်ဦးသား ဖက်ထားရင်း အနမ်းများ အပြန်အလှန် ပေးဖြစ်ကြပြန်သည်။ အသက်ရှုနှုန်းများ ငြိမ်ကျ သွားမှ လူခြင်းခွာ ပြီး ခြေပစ်လက်ပစ် အနားယူလိုက်ကြသည်။ စက္ကန့်ပေါင်း များစွာ အတွေး ကိုယ်စီနှင့် ငြိမ်သက် တိတ်ဆိတ်သွားပြီး အတန်ကြာမှ တစ်ဦးမျက်နှာ တစ်ဦး လှည့်ကြည့် ဖြစ်ကြ၏။ ကြည်လင်သော အပြုံး ကိုယ်စီ နှင့်။

ရဲရင့် လက်တစ်ဘက်က ဝင့် မျက်နှာပေါ်တွင် ကပိုကယို ဖြစ်နေသည့် ဆံစ များကို အသာ သပ်တင်ပေးသည်။ ထို့နောက် ပါးပြင်ဆီ ဖွဖွလေး ပွတ်သပ် ချော့မြူပေး၏။ ဝင့်က သူ့လက်ကို အသာ ဆွဲယူပြီး မိမိ ရင်စိုင် ထက်ဆီ တင်ပေးလိုက်သည်။ ရဲရင့်က ရင်သားတစ်ဘက်ကို ဆုပ်နယ် ဖြစ်ညှစ်ရင်း ဝင့် နှုတ်ခမ်းများကို ဖိနမ်း လိုက်သည်။ 

နှုတ်ခမ်းနှစ်ခု ပူးကပ် နမ်းစုပ်ရင်း လျှာချင်း ပွေ့ဖက် ကျီစယ်ကြ၏။ မောလောက်အောင် စုပ်နမ်းလို့ ၀ တော့ တစ်ယောက် မျက်နှာ တစ်ယောက် စိုက် ကြည့် ဖြစ်ပြန်သည်။

“ ဘယ်လိုလဲ ဆရာသမား.. နောက် တစ်ခေါက် အတွက်.. အဆင်သင့် ပဲလား..” 

ပြုံးစစ မျက်နှာပေးနှင့် ပြောလိုက်သော ဝင့် စကား၏ နောက်တွင်..

“ ဟားဟားဟား..”

“ ခစ် ခစ်..”

ချိုမြသော ရယ်သံ လွင်လွင်လေး နှစ်ခု ပေါင်းစည်း ရောယှက် သွားသည်။သူတို့ နှစ်ဦးလည်း တစ်ယောက်ကို တစ်ယောက် အနမ်းများဖြင့် ပွေ့ဖက် ကျီစယ်ကာ ခြေလှမ်းသစ် စ လိုက်ကြပြန်၏။ တစ်ခုတည်းသော ရည်ရွယ်ချက်က အချစ် မပါသော ချစ်ခရီးတွင် စတုတ္ထမြောက် မှတ်တိုင် စိုက်ထူရန် ……………. ………….. ။

...............................................................................................................................

အခန်း ( ၇ )

ရေပန်းမှ တဖွဲဖွဲ ကျနေသည့် ရေနွေးနွေးလေးက ခန္ဓာကိုယ်ရှိ နွမ်းနယ်မှုများကို တစိတ်တပိုင်းအားဖြင့် လျော့ပါးသွားစေသည်။ ဒီထက် နည်းနည်း စိမ် ချိုးလိုသော်လည်း အမြန် လက်စသတ်ပြီး ထွက်လာလိုက်သည်။ ခပ်မိုက်မိုက်ဘော်ဒီနှင့် ကောင်လေး အဝတ်လဲတာကို ကြည့်ချင်သေး၏။ 

ရေချိုးခန်း အပြင်ရောက်တော့ ရဲရင့်က အဝတ်လဲလက်စ။ အကျီ မဝတ်ရသေးသဖြင့် ကိုယ်အပေါ်ပိုင်း ဗလာ ကျင်းနေသည့် သူ့ အနား သွားရပ်လိုက်၏။ ရေချိုးပြီးစ သူ့ ကိုယ်မှ သင်းပျံ့လတ်ဆတ်သော ရနံ့က ဝင့် စိတ်ကို ကြည်နူး လန်းဆန်းသွားစေသည်။ သူ့ ရင်ခွင်ထဲ ရုတ်တရက် တိုးဝင်လိုက်ပြီး ရင်အုပ်ကျယ်ကြီးကို တရှိုက်မက်မက် နမ်းလိုက်၏။

ရေစက်လက်ကျနေသည့် ဝင့် ဆံပင်များကြောင့် သူ ပါ ပြန် စိုသွားသည်။

“ ဟဟ.. အဲ့လို မလုပ်နဲ့လေ မ ရဲ့.. ကျနော် သွားရတော့မယ့်ဟာကို..”

“ အင်းပါ.. ဒီ ဗလကြီးကို ထပ် မနမ်းလိုက်ရဘဲ ပြန်မလွှတ်ချင်လို့..”

ဝင့် စကားဆုံးတော့ နှစ်ဦးသား တိုးသဲ့သဲ့ ရယ်မိလိုက်ကြသည်။ ရဲရင့်က ဝင့် မျက်နှာလေးကို အသာ ဆွဲမော့လိုက်၏။ နှုတ်ခမ်းများကို စုပ် နမ်းလိုက်သည်။ ပြင်းရှသော အနမ်းတို့ အဆုံးသတ်ပြီးနောက် ဝင့်က

“ တို့ တစ်ခုလောက် မေးချင်လို့..” ။ 

ရဲရင့်က ခေါင်းတစ်ချက် ငြိမ့်ပြပြီး ဝင့် ဆက်ပြောမည့် စကားကို အလေးအနက် နားထောင်ပေးသည်။

“ မင်းးး…”

“ ………..”

“ ဟိုကွာ.. တို့ သိချင်တာက..”

“ ………..”

“ မင်း ကြုံခဲ့ဖူးသမျှထဲမှာပေါ့.. Client ထဲက တစ်ယောက်ယောက်ကို တွယ်တာသွားတာမျိုး ဖြစ်ဖူးလား..”

“ မ.. ကျ နော်..”

“ ဟိုးထား ဆရာသမား.. တစ်မျိုး ထင်မသွားနဲ့အုန်း.. တို့က ဒီလိုပဲ စပ်စုကြည့်တာပါ.. တခြားသဘော ဘာမှ မပါဘူး..”

ရဲရင့် ခပ်တိုးတိုး ရယ်လိုက်သည်။ ဝင့် မေးခွန်းအား အလေးအနက် တွေးဆ ဟန် ဖြင့်

“ ကျနော့် အနေနဲ့က လူတိုင်းအပေါ် ဂရုတစိုက် ထားတတ်တာတော့ အမှန်ပဲ မ.. ဒါပေမယ့် မ ပြောသလို Client တစ်ယောက်ယောက်ကို တွယ်တာ ဖူးလား ဆိုတာကျတော့.. ကျနော်နဲ့ Client တွေကြားမှာ sexual pleasurement ကလွဲပြီး တခြား ဘာမှ မရှိဘူးလေ.. ဆရာဝန်နဲ့ လူနာ ကြားက ဆက်ဆံရေးလိုပေါ့ မ ရယ်.. ကျနော် ဆိုလိုချင်တာ မြင်လား မသိ..”။

သူ့ စကားဆုံးတော့ ဝင့် ခေါင်းလေး တဆတ်ဆတ် ငြိမ့်မိသည်။ 

“ အွမ်း.. မြင်ပါတယ်..” 

စားပွဲရှိရာဆီ လျှောက်သွားလိုက်ပြီး ဖန်ခွက် နှစ်ခွက်ထဲသို့ လက်ကျန် ရှန်ပိန်လေးတွေ မျှ ထည့်လိုက်သည်။ သူ့ လက်ထဲ တစ်ခွက် ကမ်းပေးလိုက်ပြီး 

“ ဒီလိုကြီးကျတော့ နေရတာ အထီး မကျန်ဘူးလား.. တကယ်ဆို မင်းလည်း smart ဖြစ်တဲ့ လူတစ်ယောက်ပဲလေ.. အနည်းဆုံးတော့ စကားပြောဖော်လေး ဖြစ်ဖြစ် ရှိသင့်တာပေါ့.. ဟုတ်ဖူးလား..”။

ရဲရင့်က ရှန်ပိန်ခွက်ကို အသာ လှုပ်ရင်း “ခုလည်း မ နဲ့ ကျနော် စကားပြောနေတာပဲလေ..”သူ့ အဖြေစကားကြောင့် ဝင့် မျက်ခုံးလေး တစ်ဘက် ပင့်လိုက်မိသည်။ သူ့ အယူအဆနဲ့ သူတော့ ဟုတ်နေသားလေ.. ခေါင်း ဆတ်ဆတ်ငြိမ့်လျက် ပြုံးမိရင်း ဆက် နားထောင် နေလိုက်၏။ 

“ ကျနော် တစ်ခုတော့ ဝန်ခံစရာ ရှိတယ်ဗျ..” 

ပြောပြီး ဝင့်ကို စိုက်ကြည့်သည်။ ဝင့်လည်း သူ့ကို စူးစိုက် ပြန်ကြည့်နေလိုက်သည်။ 

“ မ က.. ကျနော် ကြုံဖူးသမျှ ထဲမှာ အထူးခြားဆုံးလို့ ပြောလို့ရတယ်..” 

သူ့ စကားလေးက ဝင့် အတွက် ကြည်နူး ရင်ဖိုစရာ။ သို့သော် ဆယ်ကျော်သက်လေး မဟုတ်သည်မို့ သူ ဆက်ပြောမည့် စကားကို အိန္ဓြေရရပဲ နားထောင် နေဖြစ်သည်။ 

“ အရင်ကဆို ကျနော် အလွန်ဆုံး ၁၅ မိနစ်ပဲ.. အဲ့လောက်နဲ့ပဲ ပြီး ပြီး သွားတာ..” 

သူ့ စကား ဆုံးတော့ ဝင့်က အံ့သြမြူးထူး ဟန်လေးဖြင့်.. 

“ အိုး ဟိုး.. ဒါဆို မင်း တို့ကို ဂုဏ်ပြုသင့်တာပေါ့.. တို့ ပိုက်ဆံတွေ ပြန်အမ်းသင့်တယ်..”။

“ မ ပိုက်ဆံ မဟုတ်ပါဘူးဗျာ.. မ ယောင်္ကျား ပိုက်ဆံပါ..” 

သူ ပြောလိုက်သည့် စကားက ဝင့် အတွက် အခြေအနေမှန် တစ်ခုကို ပြန် သတိပေးလိုက်သလို ဖြစ်သွားသည်။နှစ်ဦးသား စကားစ ပြတ် သွား၏။ ရဲရင့်က ရှန်ပိန်ခွက်ကို စားပွဲပေါ် ပြန်တင်ပြီး ကင်မရာ ရှိရာဆီ လျှောက်သွားသည်။ ကင်မရာကို ပါဝါ ပိတ်လိုက်ပြီး မမ်မိုရီ ကဒ် ကလေးကို ဆွဲထုတ်လိုက်၏။ ကဒ်လေးကို တစ်ချက် အသေအချာ ကြည့်လိုက်ပြီး ဝင့် ရှိရာဆီ ပြန်လျှောက်လာကာ မျက်နှာချင်းဆိုင်လျက် လာထိုင်လိုက်သည်။

“ အွမ့်.. ဒီမှာ..”

ကဒ်လေးအား ကိုင်ထားရင်း ဝင့် မျက်လုံးများကို စိုက်ကြည့်လျက် စကားဆက်သည်။

“ ဒီလို လုပ်ပါ လို့တော့ မတိုက်တွန်းချင်ပါဘူး.. ဒါပေမယ့်..”

“ ဒါပေမယ့် ဘာ ဖြစ်လဲ..”

“ အော်.. ဒီလိုပါ.. မ ယောင်္ကျားကို ကျနော် မသိပါဘူး.. ဒါပေမယ့် သူက တကယ် ကံကောင်းတဲ့လူ ဆိုတာတော့ သေချာတယ်လေ.. မ လို အရမ်း လှ ပြီး အံသြလောက်အောင် ပြည့်စုံတဲ့ မိန်းမကို ရထားတာ.. ကျနော့် မှာသာ သူများ မိန်းမကို ခိုးရဲတဲ့ အစွမ်းမျိုး ရှိရင် အဲ့လို ကံကောင်းချင်တာဗျ..”

သူ့ စကားကြောင့် ဝင့် တစ်ယောက် တကယ်ပဲ ရှက်သွေး ဖြာမိသည်။

“ အဟင်းဟင်း.. Thank you ပါ.. တို့ ဒီညကို တကယ် သဘောကျတယ်.. တို့တွက် တကယ့် sexy ပဲ..”

“ မ ကိုယ်တိုင်က အရမ်း sexy ဖြစ်တာပါ.. ကျနော့်တောင်လန့် အောင် လုပ်လိုက်သေးတာ..”

“ ဟင်းဟင်း..” 

“ ဟားဟားဟား..”

နှစ်ဦးသား ပြိုင်တူ ရယ်လိုက်ကြပြီး ခေတ္တကြာတော့ ရဲရင့်က တွေးဆဟန် အပြည့်ဖြင့်

“ ဘယ်လို ပြောရမလဲ.. ဒီ အတွေ့အကြုံက ……….. မ ယောင်္ကျား အတွက်.. အွမ်းး.. ကျနော် ဆိုလိုတာ မ တို့ နှစ်ယောက် အတွက်.. …….. ဆိုပါတော့.. ………. ရှင်းရှင်းပဲ ပြောမယ် မ ရာ.. သူ လိုချင်တာက မ တခြား ယောင်္ကျား တစ်ယောက်နဲ့ ခံစားတာကို ကြည့်ဘို့ပဲ..”

အလေးအနက် ပြောနေသည့် သူ့ စကားတို့ကို ဝင့် တိတ်ဆိတ်စွာပဲ နားထောင် နေမိသည်။

“ မ အတွက် ကျတော့ ဒီညက ဒီလောက်ထက် အများကြီး ပို လေးနက်တယ် မှတ်လား.. မ ကျနော့်ကို ရူးလောက်အောင် အထိတ်တလန့် လုပ်ပစ်လိုက်တာတွေ.. ကျနော်နဲ့ တူတူ ခံစားတာတွေ.. ကျနော့် အတွက် မ စိတ်လိုလက်ရ ပေးခဲ့တာတွေ.. .. ကျနော် တွေးမိသလောက်တော့.. ဒီည အတွေ့အကြုံက မ တစ်ယောက်တည်း အတွက်ပဲ အမှတ်တရ ဖြစ်သင့်သလားလို့..”

သူ့စကား ဆုံးတော့ ကဒ် ကလေးကို ကြည့်ရင်း ပြန်မေးမိသည်။

“ ဒါဖြင့် ဒီဥစ္စာက ဘယ်လို လုပ်ရမလဲ..” 

ရဲရင့် အသာ ထ ရပ် လိုက်ရင်း 

“ မ သဘောပါ.. ပေးချင်လည်း ပေးလိုက်ပေါ့..” ။

ဝင့် တစ်ယောက် ဝေခွဲရ ခက်သည့် မျက်ဝန်းများနှင့် သူ့ကို မော့ ငေး မိသည်။ ရဲရင့်က ကိုယ်ကို ကိုင်းညွှတ်ပြီး ဝင့် လက်များကို ဆုပ်ကိုင်လိုက်၏။ အေးစက်နေသော လက်ဖျားလေးကို တစ်ချက် ဖြစ်ညှစ်လိုက်ရင်း

“ ဘာပဲ ဖြစ်ဖြစ်.. ဒီနေ့ရဲ့ အမှတ်တရတွေကို မ တစ်ယောက်ပဲ သိမ်းထားမယ် ဆိုရင်တော့..”

“ …….”

“ …….”

“ …….”

“ မ အတွက်.. လိုအပ်ရင် ကျနော့်ကို ခေါ်လိုက်..”

အကျီ အိတ်ကပ်ထဲမှ visiting card လေး တစ်ခု ထုတ်ပြီး ဝင့် လက်ထဲ ထည့်ပေးလိုက်သည်။ 

“ ဒီမှာ ကျနော့် ဖုန်းနံပါတ်ရယ်.. မဟန်နီ့ နံပါတ်ရယ် ပါတယ်.. နောက်သုံးပတ် ဆိုရင် ကျနော်တို့ ခရီးသွားရမယ်.. ကျနော်တို့ စီစဉ်နေတဲ့ ပွဲ တစ်ခု ရှိတယ်လေ.. 

အဲ့ဒီမှာ မယုံကြည်နိုင်လောက်တဲ့ အံသြစရာတွေ ပါမယ်.. မ စိတ်ဝင်စားမယ် ဆိုရင် လာခဲ့ဘို့ ဖိတ်ပါတယ်.. မေးချင်တာ ရှိလည်း ခုတော့ မမေးနဲ့အုန်း.. လာသာ လာခဲ့.. ဒီညထက် ထူးဆန်းတာတွေ ခံစားရဘို့ တာဝန်ယူတယ်..”

ဝင့် တစ်ယောက် ရင်တွေ တဒိုင်းဒိုင်း ခုန်လာသည်။ တကိုယ်လုံးလည်း ကြက်သီး အပိန့်ပိန့်နှင့်။စိတ်တွေ လှုပ်ရှားပြီး အူလှိုက် အသည်းလှိုက် တုန်ရီလာသည်မှာ ဒီ အခန်းထဲ ရောက်ကာစ၊ မဟန်နီနှင့် စကားပြော အပြီး သူ့ အလာကို စောင့်မိစဉ် အချိန်တုန်းက အတိုင်းပင်။ ရုတ်ချဉ်း ခြောက်ကပ် သွားသော လည်ချောင်းထဲသို့ တံတွေး တစ်ချက် မရမက မြိုချလိုက်ပြီး..

“ ဘယ်မှာလဲ အဲ့ ပွဲ က..”

“ ပြင်ဦးလွင်..”

“ ပြင်ဦး လွင်..? ”

“ အွမ်း.. အကယ်၍ မ ဆန္ဒ ရှိရင် ယောင်္ကျားကို ဒီလို ပြောလေ.. ဒီည ဒီကို ဘယ်သူမှ ရောက်မလာဘူးပေါ့.. ကျနော် မဟန်နီကိုလည်း ပြောခိုင်းလိုက်မယ်.. ကျနော် မ ဆီ မလာဖြစ်ဘဲ တခြား အခန်းကို မှားဝင်သွားလိုက်လို့ပါ.. ဘာ ညာ ပေါ့..”

“ အဲ့တော့ သူက ပိုက်ဆံ ပြန်တောင်းရင်ရော..”

ရဲရင့် စဉ်းစားရ ကြပ် သွားဟန်ဖြင့် ပုခုံး တွန့်လိုက်ရင်း.. 

“ အဲ့လို ဆိုရင်တော့လည်း.. ဟီးး.. သူ့မိန်းမကို ဘယ်သူမှ လာ လိုး မသွားလို့ ပိုက်ဆံ ပြန်တောင်းသလို ဖြစ်မနေဘူးလား..” ။ 

သူ့ စကားကြောင့် ဝင့်လည်း နှစ်ခြိုက်စွာ ရယ်မိသည်။ “ခိ ခိ.. အဲ့လိုသာ ဆိုရင်တော့ မဟန်နီ စိုက် လျှော် ပေါ့.. ခိ ခိ ခိ..” ။

နှစ်ဦးသား ရယ်သံများ ဆုံးတော့ လက်ထဲက မမ်မိုရီကဒ်ကလေးကို အိပ်ရာပေါ် အသာ ချလိုက်ရင်း 

“ မင်း တို့ကို တကယ် အကြပ်ရိုက်အောင် လုပ် သွားတာပဲ..” ။ 

ရဲရင့်က တစ်ချက် ပြုံးလိုက်ပြီး ဝင့် နှုတ်ခမ်းများကို စုပ်နမ်းလိုက်သည်။ ပြီးမှ.. 

“ ခုနေတုန်းတော့ မ အဲ့လိုပဲ ဒွိဟ ဖြစ်နေအုန်းမှာပဲလေ.. သဘောပါ.. ဒီ ဗွီဒီယိုဖိုင်ကို ပေးချင်လည်း ပေးလိုက်ပေါ့.. ကျနော့် အထင်တော့ မ ဒီထက် ရှေ့ကို နည်းနည်း ခရီး ဆက်ကြည့်မယ် ဆိုရင် ခုထက် ပို အဘိုးတန်တာတွေ ရလာဦးမှာ.. မ ယောင်္ကျား အတွက်လည်း အကျိုး မယုတ်လှပါဘူး..”

သူ့ စကားများကြောင့် ဝင့် တစ်ယောက် စိတ်လည်း အိုက်၊ ရယ်လည်း ရယ်ချင်။ ခေါင်းကို လက်နှစ်ဘက်နှင့် အုပ်ကိုင်ပြီး တွင်တွင် ရမ်းခါ လိုက်ရင်း.. 

“ ခိခိခိ.. မင်းကလေ.. တကယ့် အရှုပ်ထုတ်လေး.. တကယ် တကယ်.. ခိခိခိ..”

ရဲရင့်က တံခါးရှိရာဆီ ခြေလှမ်း ပြင်လိုက်ပြီး “အေးအေးဆေးဆေး အနားယူပြီး ပျော်အောင် အိပ်လိုက်ပါ မ.. Think you for an incredible night.. ” ။ “Thank you, too..” ဝင့်လည်း တည်ငြိမ်သော အပြုံးနှင့် ပြန်နှုတ်ဆက်လိုက်သည်။ အခန်းတံခါး ဖွင့်ပြီး ထွက်မသွားသေးခင် ဝင့်ဘက် လှည့်၍

“ သွားမယ်နော် မ.. ဒါပေမယ့် Goodbye လို့ တော့ နှုတ်မဆက်ဘူး.. ကျနော်တို့ ပြန်တွေ့ဖြစ်မှာပါ..”

“ ပြင်ဦးလွင် မှာလား..”

“ အွမ်း.. ဆိုပါတော့.. ဒါမယ့် ရွေးချယ်ပိုင်ခွင့်က မ လက်ထဲမှာပါ..”

“ ………”

“ အော.. တစ်ခု ပြောဘို့ ကျန်သေးတယ်..”

“ ………..”

“ စိတ်ပါရင် သူငယ်ချင်း တစ်ယောက်လောက် ခေါ်လာလည်း ရတယ်..”

“ ………..”

“ ပြန်ဆုံမယ်နော် မ.. တာ့တာ..”

လက်ပြ နှုတ်ဆက်ပြီး ထွက်သွားသော ရဲရင့်။ တံခါး ပြန်ပိတ်သွားသည် အထိ ထိုင်ကြည့်နေလိုက်သည်။ စင်္ကြန်လမ်း ဆီမှ ခြေသံ ဝေးသထက် ဝေးသွား၏။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားပြီ။ ကုတင်ပေါ် ပက်လက် လှန်လှဲချလိုက်ပြီး မမ်မိုရီကဒ် ကလေးကို ကိုင်ကြည့်မိ၏။ ဝင့် အာရုံထဲတွင် ဒီနေ့ ဒီည၏ ဖြစ်ရပ်များအားလုံး တရိပ်ရိပ် ပြန်ပေါ်လာသည်။ 

ရမ္မက်ည၏ ချိုမြိန်သော အမှတ်တရ များကို ပြန်မြင်ယောင်ရင်း ကိုယ်တွင်း တစ်နေရာဆီက ငွေ့ရည် ဖွဲ့ကာ.. ဖွဲ့ကာဖြင့်.. …… ……… ။ကိုသန့်စင် တစ်ယောက် အိမ်သို့ အမြန် ပြန်ရောက်ရန် စိတ်လော နေပြီ။ မိမိ လက်ဆောင် ပေးသော အပျံစားအတွင်းခံလေးနှင့် ဝင့်ကို မြင်လိုလှပြီ။ ပြီးတော့ သူမ၏ မွေးနေ့ည အတွေ့အကြုံ။ 

Taxi ပေါ်မှနေ၍ ဝင့် ဆီ လှမ်းပြီး မက်ဆေ့ ပို့လိုက်၏။ How was your birthdya? ခပ်သွက်သွက် စာစီပြီး Send လိုက်ပြီးခါမှပဲ စာလုံး မှားပေါင်းထားတာ ပြန်မြင်တော့သည်။အော် ငါ့ နှယ်.. ခြေတုန်လက်တုန်နဲ့.. ။ စိတ်ထဲလည်း တထိတ်ထိတ် စိုးရွံ့ နေ၏။ ဝင့်က မိမိ လက်ဆောင်ကို လက်ရော ခံနိုင်ခဲ့ရဲ့လား။ 

တုန် ကနဲ မြည်သံလေးကြားရပြီး ဝင့် ထံမှ ပြန်စာ ရောက်လာသည်။ Gr8! Amazing, cant wait 2 C U. စာလေး ဖတ်လိုက်ရမှ ရင်ထဲက အလုံးကြီး ကျ သွားတော့သည်။ ဒါဆို ဝင့် ပျော် တယ်ပေါ့။

..............................................................................................................................................

“ မိန်းမရေ.. မောင် ပြန်လာပြီ ဝေ့..”

လက်ဆွဲအိတ်နှင့် အပေါ်အကျီကို အိမ်ပေါက်ဝတွင်ပင် ပစ်ချပြီး ဒရောသောပါး ဝင်လာလိုက်သည်။ ဝင့်က အောက်ထပ်မှာ မရှိ။

“ မိန်းမရေ..”

“ ဒီမှာမောင်ရေ့.. အိပ်ခန်းထဲမှာ..”

ဟန်ကျလိုက်လေခြင်း။ ဒီလို အလိုက်သိမှုလေးတွေက ဝင့် ရဲ့ သင်္ကေတ။ ကလေးနှစ်ယောက်ကို အရင် ဝင်မခေါ်ဘဲ ပြန်လာလိုက်တာ မှန် သွားပြီ။ လှေခါးကို ကျော်ခွ ပြေးတက်ခဲ့၏။ အပျံစား အတွင်းခံ ဝမ်းဆက်လေးရယ်.. ဒေါက်ဖိနပ် နီနီလေးရယ် နဲ့ သိပ် ဟော့ နေမယ့် မောင့် မိန်းမ.. မြင်ချင်လှပြီ.. တွေ့ ချင်လှပြီ..။ အိပ်ခန်းတံခါးကို တွန်းဖွင့်ရင်း

“ ဘိုလဲ မိန်းမ.. မင်းရဲ့ မွေးနေ့ည.. ပျော် ရဲ့..” 

လား ဆိုသော စကားက အိပ်ခန်းထဲတွင် ချွေးတလုံးလုံးနှင့် မီးပူ ထိုင် တိုက်နေသော ဝင့်ကို ကြည့်ပြီး ဆက် ထွက်မလာ။

“ ဘာဖြစ်သွားတာတုန်း.. လူကို မြင်တာနဲ့ သရဲ တွေ့သလို အလန့်တကြား..”

ဝင့် လှမ်းမေးတော့ သူ ပြန်မဖြေမိ။ ဆက်ဆီ ဒီဇိုင်းလေးနှင့် ကြိုနေစေချင်ကာမှ မိန်းမက အိမ် အလုပ်ထဲတွင် ချွေး တလုံးလုံး။ သူမ ပုံစံက ခါတိုင်းထက် ထူး နေတာ ဘာမှ မရှိ။ဘာပဲဖြစ်ဖြစ် မိမိ အတွက် အသက်လောက်အရေးကြီးသော ကိစ္စမို့ ရအောင်တော့ လှည့်ပတ် မေးရမည်။အခန်းထဲ ဝေ့ ကြည့်လိုက်တော့ မှန်တင်ခုံပေါ်မှာ အနက်ရောင် ကတ္တီပါသားနှင့် လုပ်ထားသည့် သေတ္တာလေး။ အွမ်းးး.. ဒါလေး ရှိနေတော့ မေးရမှာ မဆိုးဘူးပဲ..။

“ ဝင့်..”

“ အွမ်း..”

“ ဟိုလေ..”

“ ……”

“ ……”

“ ဘာလဲ မောင်ရဲ့.. ဟိုလေ ဆိုပြီး ဖင်ကုတ်ခေါင်းကုတ်နဲ့.. ခရီးပန်းလာတာ ခဏနား.. ပြီးရင် ရေမိုးချိုး.. ကလေးတွေ လည်း တစ်ခါတည်း ဝင်ခေါ်လာလိုက်တာမဟုတ်ဘူး.. ထပ် ထွက်နေရဦးမယ် တစ်ခေါက်..”

“ အာ.. မေး မလို့..”

“ ကဲ မေး..”

“ ဟိုလေ.. ကြိုက်လား လို့.. မောင်ပေးတဲ့ မွေးနေ့လက်ဆောင်..”

“ ကြိုက်ပါသတဲ့ရှင်.. ကြိုက်ပါသတဲ့..”

ဝင့် က မီးပူတိုက်မပျက်ဘဲ အေးအေးဆေးဆေးပဲ ပြောနေသည်။ ကိုသန့်စင် တစ်ယောက် သူမ ထံမှ ဒီထက် ဘာပိုကြားရမလဲ မျှော်လင့် နေမိသည်။ ရင်တွေလည်း ခုန်နေပါ၏။ 

ပမာ ပြရလျှင် အထက်တန်းကျောင်းသား အရွယ်လောက်က ရည်းစားနှင့် ချိန်းတွေ့သည့် ခပ်ဟော့ဟော့ သူငယ်ချင်းမ တစ်ယောက်အား ပထမဆုံး အတွေ့အကြုံ ဘယ်လိုနေလဲဆိုတာ မေးနေရ သလိုပင်။ ဝင့်လည်း ကိုသန့်စင် ဖြစ်နေပုံကို မျက်လုံးထောင့်မှ မြင်နေရသည်။ သူ့ဘာသာ ဘာပဲ ဖြစ်ဖြစ်ဟယ်.. ဒါ သူ ငါ့ကို ပေးချင်လို့ ပေးတဲ့ လက်ဆောင်.. ငါ့ အတွက်ပဲပေါ့.. ဟု ခပ်တည်တည်ပဲတွေးကာ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလိုက်၏။

“ ဝင့်..”

“ ပြော..”

“ ဟိုလေ.. အဲ့ဟိုက ဗူးထဲမှာ မောင့် အတွက် ဘာလေးများ မပါဘူးလား..”

“ အွမ်..”

“ ဟိုလေ.. မမ်မိုရီကဒ် တို့ ဘာတို့ ပေါ့..”

“ ဟင့်အင်း.. ပါ ပါဘူး..”

“ ဟမ်.. အွမ်း.. ဟို.. ဟိုဒင်း..”

“ ဘာလဲ မောင်ရယ်.. ဘာ ဖြစ် နေတာတုန်း..”

“ အော်.. ဟို.. ဟိုဥစ္စာပါ.. အဲ့ညက ဝင့်ဆီ ဘယ်သူမှ ရောက်မလာဘူးလား..”

“ အွန်း.. လာတယ်လေ.. မဟန်နီချို ဆိုတာ.. ခင်ဘို့ကောင်းသား မောင်ရဲ့.. ရှန်ပိန်တွေ ချော့ကလက်တွေနဲ့ သူ အကျအနကို စီစဉ်ပေးထားတာပဲ..”

“ န.. န.. နောက် ရော.. ဘယ်သူမှ ရောက်မလာဘူးလား..”

“ ဟင့်အင်း.. မလာပါဘူး.. တကယ့် Wonderful night ပါ မောင်ရယ်.. တစ်ယောက်တည်း အေးအေးဆေးဆေး စာအုပ်တွေ ဖတ်.. ရုပ်ရှင် ကြည့်နဲ့ ဘာမှ မစဉ်းစားဘဲကို ကောင်းကောင်း အနားယူလိုက်ပါတယ်.. အဲ့လိုဖြင့် မနေရတာ ကြာပေါ့လေ.. ကျေးဇူးတင်နေတာ ငါ့ ယောင်္ကျားလေးကို.. ခိခိခိ..”

“ အွမ်.. အင်း.. ဟီး.. ဟဲဟဲ.. မောင့်.. မောင့် မိန်းမ ပျော်တယ်ဆို ပြီး ရော.. ဟဲဟဲ.. မောင် ရေ ချိုးလိုက်အုန်းမယ် နော်..”

“ ဟုတ် ဟုတ်..”

ငါ လိုးးးး မ ကုမ္ပဏီ.. အမှုန့်ကို သွားကျိတ်ပစ်အုန်းမယ်.. ကိုသန့်စင် တစ်ယောက် အံကျိတ် ဆဲရင်း လောလောဆယ်တော့ လှေခါးကိုသာ တဒုန်းဒုန်းမြည်အောင် ဆောင့်နင်းလျက် ရေချိုးခန်း ရှိရာ အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်။ 

ဝင့်လည်း မီးပူလေး ဘေးချပြီး မှန်တင်ခုံ ရှိရာ လျှောက်လာကာ လက်ကိုင်အိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူကြည့်ရင်း ပြုံးလိုက်မိသည်။ တကယ်က ခုမှ စ တာပါ.. ခပ်တိုးတိုး ရေရွတ်လိုက်သော စကားလေးကို ကိုသန့်စင် မကြားသော်လည်း ဝင့် လက်ထဲမှ ရဲရင့်၏ လိပ်စာကဒ်လေးကတော့ 

“ ဟုတ်လိုက်လေ မ ရယ်..” 

ဟု ခေါင်း များပင် ငြိမ့် ပြ လိုက် လေသလား…….. ။


 အပိုင်း ( ၃ ) ဆက်ရန် >>>>




Print Friendly and PDF

No comments:

Post a Comment