Saturday, June 24, 2023

တောင့်တခဲ့ရသည်မှာ (စ/ဆုံး)

 တောင့်တခဲ့ရသည်မှာ (စ/ဆုံး)

မန္တလာမောင်မောင်တုတ် ရေးသည်။

“ ကိုကို ကိုကို့ သမီး စိတ်ကောက်နေပြီ အခန်းထဲမှာ၊ ညနေစာလည်း မစားဘူးတဲ့”

ရေချိုးပြီးစ ရေချိုးခန်းထဲမှ ထွက်လာသော ကိုညိုမှိုင်းကို နန်းဖူးဖူးညွှန့် က ပြောလိုက်သဖြင့် ကိုညိုမှိုင်းက ကမန်းကတန်း စွတ်ကျယ်၊ လုံချည်တို့ကို ဝတ်ကာ မူယာသိမ့် အခန်းဝသို့ သွားလေသည်။ အခန်းတံခါးမှာ အထဲမှ လော့ချထားသဖြင့် တံခါးကို ခေါက်လိုက်သည်။

“ သမီးလေး သိမ့် လေးလေး ရောက်ပြီလေ၊ ဆောရီး လေးလေး အစည်းအဝေးက မပြတ်နိုင်လို့ နောက်ကျသွားတာ၊ လာတခုခု စားလိုက်ရအောင် မနက်ဖြန်မှ သွားကြမယ်လေ”

“ ဟင့်အင်း မသွားဘူး သမီး က ဖတ်စ်ဒေး ဖတ်စ်ရှိုးပဲ ကြည့်ချင်တာ သမီးကို မှ ဂရုမစိုက်တာ တော်ပြီ၊ မနက်ဖြန်လည်းမကြည့်တော့ဘူး“

“အိုကွာ သမီးကလည်း လေးလေး က ဘယ်လိုမှ ထလို့ မရလို့ပါ၊ သူတို့က နိုင်ငံခြားကလာရတာလေ၊ ဒီအချိန်လေးပဲ ရှိတယ် လေယာဉ်က လည်း နောက် တနာရီဆို ထွက်တော့မှာ ဆိုတော့ လေးလေး ထလို့ မရလို့လေ”

“ဟင့်အင်း မသိဘူး မသိဘူး သွားသွား လေးလေး သမီးကို မချစ်ဘူး အလုပ်ကို ပဲ ချစ်တယ်”

“ဟုတ်ပါဘူးကွာ သမီးကို ချစ်တာပေါ့၊ အလုပ်က တန်းလန်းဖြစ်သွားလို့ပါကွာ “

အခန်းထဲမှ ဘာသံမှ ထွက်မလာတော့။ထိုအချိန်တွင် စားစရာ များထည့်လာသည့် ပန်းဂံ ခွက်ယောက်တို့ဖြင့် ရောက်လာသော ဒေါ်ကြီးသိန်းကို ခေါင်းငြိမ့်ပြပြီး မူယာသိမ့် အခန်းဝတွင် ချထားခိုင်းလိုက်လေသည်။

“ကဲ ဒီမှာ သမီး ဆာရင် စားဖို့ သမီးကြိုက်တတ်တဲ့ ဘဲသားမုန့် ရယ်၊ ချိစ်ကိတ်ကလေးရယ်၊ အသီးဖျော်ရည်ရယ်၊ အခန်းဝက ခုံပေါ်မှာ တင်ထားတယ်၊ ဆာတဲ့ အချိန်ထွက်စားလိုက်နော်”

ကိုညိုမှိုင်း သူတို့ အိပ်ခန်းထဲ ပြန်ရောက်တော့ သူတို့ အိပ်ခန်းထဲမှာ သူ့ကို ပြုံးပြုံး ကြီးကြည့်နေသော သူ့ဇနီးသည် နန်းဖူးဖူးညွှန့်ကို တွေ့ရလေသည်။

“ဘာပြုံးနေတာလဲ ချစ်လေးက ၊ သားလေးရော”

“သားသားက စာလုပ်နေပြီ ၊ ကိုကို့ ကို သဘောကျလို့ ပြုံးတာလေ”

“ဘာကို သဘောကျတာလဲ ချစ်လေးက”

“ကိုကို သိရဲ့သားနဲ့လေ၊ သမီးသိမ့်က ကိုကို အပြစ်ပေးတာကို ခံချင်နေတာ၊ ကိုကို သိရဲ့သားနဲ့ဟာကို”

“ဟာ ဟုတ်မယ်မထင်ပါဘူးကွာ ချစ်လေးကလည်း”

“ကိုကို ကလည်း အချင်ယောင်ဆောင်နေပြန်ပါပြီကွာ၊ သူ့အမေ ကိုယ်တိုင်က အမြဲပြောနေတာကို၊ ကိုကို က သိပ်အလိုလိုက်လွန်းတယ်တဲ့၊ နောက်ပြီး ချစ်လေး လေ့လာမိသလောက်က တော့ သိမ့် က ကိုကို ဒဏ်ပေးတာကို ခံချင်နေတာ၊ ခစ်ခစ် ကိုကို ကသာ စိတ်ကို တအားချူပ်တည်းထားတာ ဒဏ်ပေးရမဲ့ အစား ဆုတွေ ချည်းပေးနေတာကိုး”

“အင်း မသိတော့ပါဘူး ချစ်လေးရယ်၊ ကိုကို ကိုယ်တိုင်က စိတ်ထဲ မပြတ်သားဘူးရယ်”

“အင်း ကိုကို က တခြားဟာတွေ တော့ စိတ်ပြတ်ပြီးတော့ ဒါလေးတခုကို သိရဲ့သားနဲ့ ရှောင်နေတာကိုး၊ ဒါပေမဲ့ တချိန်ချိန်တော့ ကိုကို ရှောင်နိုင်မှာ မဟုတ်ပါဘူး အဟိ။ ကိုယ့်ယောက်ျား အကြောင်းကိုယ်သိတာပေါ့”

ကိုညိုမှိုင်း နန်းဖူးဖူးညွှန့်ကို အတင်းဆွဲဖက်နမ်းလိုက်ပြီး ကုတင်ပေါ်တွန်းချလိုက်လေသည်။“ကဲ ဒီလောက်တောင် ကိုယ့်ယောက်ျား အကြောင်းသိတယ်ဆိုရင် တွေ့ကြသေးတာပေါ့”နန်းဖူးဖူးညွှန့်က တခစ်ခစ်ရီမောပြီး ကိုညိုမှိုင်းကို ပြန်လည်တွယ်ဖက်လိုက်လေသည်။

ကိုညိုမှိုင်း အိမ်ထောင်ကျခဲ့သည်မှာ ဆယ့်နှစ်နှစ်ခန့်ရှိလေပြီ။ မိဘ ချန်ထားခဲ့သည့် စီးပွားရေးကို သူပဲ ဦးဆောင်လုပ်လာခဲ့ရသည်မှာ ယခုဆိုလျှင် ဆယ့်ငါးနှစ်တင်းတင်းပင်ပြည့်တော့မည်။ သူ့အဖေ မဆုံးခင်က စပြီး တရိပ်ရိပ် တိုးပွားလာသော ကုမ္ပဏီမှာ ယခုဆိုလျှင် နိုင်ငံတကာနှင့် ပင် အရောင်းအဝယ်လုပ်နေရသည့် အဆင့်ရောက်အောင် ကြီးမားနေလေပြီ။ သူတို့ မောင်နှမ နှစ်ဦးသာ အမွေစားအမွေခံရှိတာမို့ ကုမ္ပဏီ၏ ဥက္ကဌအဖြစ် သူက တာဝန်ယူထားရသလို၊ သူ့အမ ဖြစ်သူက ဘုတ်မန်ဘာအဖြစ် တာဝန်ယူထားရလေသည်။

တကယ်တော့ အမ က ဦးစီးရမည်ဖြစ်သော်လည်း သူ့အမ မှာ အဖေသဘောမတူသူ ယောက်ျားနှင့် လိုက်ပြေးသွားသဖြင့် သူတို့အဖေက စိတ်ဆိုးပြီး အခေါ်အပြောမလုပ်ပဲ ထားကာ ထိုအချိန်မှာ ညိုမှိုင်းကို သူ့အစား စီးပွားရေးလုပ်ငန်းများကို ကြီးကြပ်စေခဲ့သည်။ နောက်တော့ အမ ယောက်ျားကလည်း အမူးသမားမို့ စောစောစီးစီး ငယ်ငယ်ရွယ်ဖြင့် ဆုံးသွားရာ သူ့အမ ဖြူပြာစိမ့် မှာ သမီးကလေး မူယာသိမ့် ဖြင့် ကျန်ရစ်ခဲ့လေသည်။ ထိုအခါမှ ကင်ဆာရောဂါဖြင့် အိပ်ယာထဲလဲနေသော သူတို့ အဖေက သမီးနှင့် မြေးကို ပြန်ခေါ်ထားခဲ့လေသည်။ အဖေ ဆုံးသွားတော့ ဖြူပြာစိမ့်မှာ စီးပွားရေးလုပ်ငန်းထဲ ဝင်ရောက်ပြီး သူ့မောင်ငယ် ကို ကူလုပ်ပေးရှာပါသည်။ သူတို့အမေကလည်း သူမျက်ကွယ်မပြုခင် သားကို အခြေတကျ မြင်ချင်သဖြင့် လူကြီးချင်း နားဖေါက်ကာ မိုးကုတ်ဘက်မှ ရှမ်းတရုပ် သူဌေးသမီးတဦး နှင့် လက်ထပ်ပေးခဲ့သည်။

ကိုညိုမှိုင်းမှာ ကျောင်းပြီးကထဲက အဖေ့ အလုပ်တွင် လူကြီး သဖွယ် လုပ်နေခဲ့ရသဖြင့် လူငယ်ဘဝ ကို ကောင်းကောင်း မပျော်ပါးလိုက်ရပဲ၊ ရီးစား မရှိဘာမရှိ၊ သားအလိမ္မာကလေးမို့ မိဘ ပေးစားသော သူကိုလည်း အိမ်ထောင်ပြုခဲ့ခြင်းဖြစ်လေသည်။ ကိုညိုမှိုင်း ၏ သူတို့သမီးဖြစ်သူ နန်းဖူးဖူးညွှန့် လည်း တဦးထည်းသော သမီး ဖြစ်ပြီး မိဘက အလိုလိုက်ထားသဖြင့် ကလေး လိုပင် ဖြစ်နေသေးသည်။ မိဘချမ်းသာသဖြင့် အလုပ်လုပ်စရာမလို ကျောင်းတွေပဲ တက်စေခဲ့ရာ၊ မာစတာဘွဲ့တခု ရထားပြီး ဘာအလုပ်မှ ကောင်းကောင်းမွန်မွန်မလုပ်ခဲ့ဘူးခြေ။ ငယ်ငယ်ကထဲက မိဘရိုးရာ ကျောက်မြက်ရတနာ များ ရောင်းဝယ်ခဲ့သူမို့ ကျောက်မြက်ရတနာ နှင့် ပတ်သက်၍ နားလည်သဖြင့် တခါတရံ မိဘ များ၏ ဆိုင်များသို့ သွားရောက် ကြီးကြပ်ပေးရသည်သာရှိသည်။

ရုပ်ရည်မှာ တော့ ကိုရီးယား မင်းသမီးလေးများကဲ့သို့ ချောမောလှသူဖြစ်သည်။ အသားမှာလည်း ဖွေးနုနေပြီး ကိုယ်လုံးကိုယ်ထည်မှာ မော်ဒယ်များကဲ့သို့ စလင်းဘော်ဒီ နှင့် ဖောင်းသင့်သည့်နေရာဖောင်း၊ ကားသင့်သည့်နေရာကား ပြီး အချိုးကျလှပ လှသူလေးဖြစ်လေသည်။ မိဘများမှာချမ်းသာ သော်လည်း စိတ်သဘောထားကောင်းမွန်ပြည့်ဝလှသူများ ဖြစ်သဖြင့် နန်းဖူးဖူးညွှန့် ကလေးမှာ လည်း စိတ်ရင်းမဆိုးလှပါ။ မိဘ အပေါ်ချွဲနွဲ့ခဲ့ရသဖြင့် သာ ကိုညိုမှိုင်း အပေါ်လည်း ချွဲနွဲ့ ခြင်းသာ ရှိသည်။

ကိုညိုမှိုင်းမှာ ရီးစား မထားခဲ့ရသော်လည်း မိဘပေးစားသဖြင့် နန်းဖူးဖူးညွှန့် ကလေးကို ရလိုက်သည်ဖြစ်ရာ သူ့မိဘများကို အလွန်ပင် ကျေးဇူးတင်မိလေသည်။ သူ့ကိုယ်ရည် ကိုယ်သွေးဖြင့် ဆိုလျှင် နန်းဖူးဖူးညွှန့်လိုကျောင်းတွင် လိုက်သည့်သူတွေ ပတ်လည်ဝိုင်းနေသည့် အလှဘုရင်မလေးကို ရဖို့ မလွယ်ဘူး ဆိုတာ ကို သူသိသောကြောင့် ဖြစ်လေသည်။

မင်္ဂလာဦးညက ဆိုလျှင် နန်းဖူးဖူးညွှန့်လေး ၏ နုဖတ်အိစက်နေသော အသားဝင်းဝင်းလေး ကို မထိရက် မကိုင်ရက်ပင်ဖြစ်ခဲ့ရသည်။ နှစ်ဦးစလုံးမှာ လည်း အပျို လူပျို မို့ ရှက်နေကြပြီး လိုးဖြစ်ဖို့ကို တော်တော်ကြိုးစားလိုက်ကြရသည်။ နန်းဖူးဖူးညွှန့်လေး၏ နို့လုံးကလေးများ ဖင်လုံးလေးများမှာ ဖြူဖွေး နုမွတ်လွန်းသဖြင့် လက်ရာထင်သွားမည်စိုးသဖြင့် ရဲရဲ ပင်မကိုင်ညှစ်ရဲ။ ကိုညိုမှိုင်း၏ ညိုတုတ်တုတ် လီးကြီးကိုလည်း နန်းဖူးဖူးညွှန့်ကလေးက ရဲရဲပင် မကြည့်ရဲ။ သို့သော်လည်း အရသာတွေ့သွားကြပြီးသည့် အခါကျတော့လည်း သောက်လို့ မပြေသည့် ဆားငံရည်လိုပင်။ လိုးလိုက်ကြသည်မှာ ခွက်ခွက်လန်အောင် ဖြစ်လေသည်။ သို့သော်လည်း ထုံးစံအတိုင်း လင်မယားဘဝ တနှစ်လောက်ကြာတော့ အသားကျလာကြသည်။

ဘာကြောင့်ရယ် မသိ။ နန်းဖူးဖူးညွှန့် မှာ ကိုယ်ဝန်မတည်လာ၊ ဆရာဝန်များ နှင့် ပြသကြည့်ပြီး၊ ငွေကြေးတတ်နိုင်သူများ မို့ တက်စ်ကျူ့ ဘေဘီ ကို နိုင်ငံခြားမှာ သွားကာ ကိုယ်ဝန်ဆောင်စေသော်လည်း လပိုင်းမှာ ပင် ပြန်ပျက်ကျ သွားသဖြင့် သားသမီးယူရေးကို လက်လျှော့လိုက်ကြတော့လေသည်။ နောက်တော့ နန်းဖူဖူးညွှန့်တို့ နယ်မြို့လေးမှ ဆွေမျိုးသားချင်းထဲမှ ငါးနှစ်အရွယ် မိဘမဲ့ ယောက်ျားလေး တယောက်ကိုလည်း သားအဖြစ် မွေးစား ခဲ့လေသည်။ ထိုသားကလေး ကို စိုးမိုးအောင် ဟု နာမည်ပေးထားခဲ့လေသည်။

ညိုမှိုင်း အမ ဖြူပြာစိမ့်မှာလည်း နောက်အိမ်ထောင်ပြုလိုက်သဖြင့်၊ သူ့တူမလေး မူယာသိမ့်ကို ပထွေးဖြင့် မနေစေခြင်သဖြင့် သူတို့ အိမ်သို့ ခေါ်ထားလိုက်လေသည်။ ညိုမှိုင်းတို့ လင်မယားနှစ်ယောက် ကဆယ်ကျော်သက် အရွယ် ရောက်နေပြီ ဖြစ်သော တူမလေး မူယာသိမ့်ကို လည်း သမီးလေး တယောက်ကဲ့ သို့သဘောထားခဲ့ကြသည်။

နန်းဖူးဖူးညွှန့် မှာ အချိန်ပိုင်းလောက်သာ အလုပ်လုပ်သဖြင့်လည်း၊ မူယာသိမ့် နှင့် စိုးမိုးအောင်တို့ ကို ကျောင်းပို့ကျောင်းကြို ကအစ ကြီးကြပ်ပြီး ပြုစု ပျိုးထောင်လာခဲ့လေသည်။

အထက်ပါ အကြောင်းအရာများမှာ ကိုညိုမှိုင်း တို့ အကြောင်း အကြမ်းဖြင်း ပုံဖေါ်ပေးလိုက်ခြင်းဖြစ်ပြီး သူတို့ ကို အပြင်ပန်းမှ လူအများမြင်သည့် အမြင်ပင်ဖြစ်လေသည်။

တကယ်တမ်း အတွင်းကျကျ ကိစ္စတို့ကို တော့ သူတို့ လင်မယားမှ လွဲ၍ မည်သူမျှ သိနိုင်ကြမည်မဟုတ်ပေ။ သိဖို့ မပြောနှင့် ထင်ပင်ထင်ကြမည်မဟုတ်ပေ။

ညိုမှိုင်းတို့ လင်မယားမှာ သူတို့ အိမ်ထောင်ကျစ က အသက်၂၀ကျော်လေးတွေ လည်းဖြစ် နှစ်ဦးစလုံးလည်း အတွေ့အကြုံ မရှိသော လူပျို အပျို စစ်စစ်များ ဖြစ်ကြသဖြင့် ကာမ အရသာကို မင်္ဂလာဦးညမှ စခံစားဖူးကြပြီး၊ ဆားငံရေ ကို သောက်သုံးမိသွားကြလေသည်။ ခေတ်မှီသော လူငယ်များပီပီ မရိုးရအောင် နည်းအမျိုးမျိုး စမ်းကာ ဖြင့် ကာမဂုဏ်စည်းစိမ်ကို ခံစားကြလေသည်။ လက်လှမ်းမှီရာ၊ ဗီဒီယို၊ စာအုပ် စသည်တို့ ကိုလည်း လေ့လာပြီး အသစ်အဆန်းများကို လည်း စမ်းသပ် လုပ်ကြည့်ခံစားကြလေသည်။ နောက်တော့ နည်းနည်းရိုးလာကာ သားသမီးလိုချင်လာကြသည်။ နောက် တော့ သားလေးစိုးမိုးအောင် နှင့် တူမလေး မူယာသိမ့် တို့က သူတို့ ဘဝထဲ ရောက်လာတော့ ပုံမှန်မိသားစုလေးလို ဖြစ်ခဲ့ကြလေသည်။

သို့သော် သူတို့ မှာ အခုမှ အရွယ်ကောင်းတုံး၊ ကာမဆန္ဒအပြင်းပြဆုံး အရွယ်များ ဖြစ်ပြီး ခေတ်မှီသူများ ပီပီ အင်တာနက်တွင် တွေ့ရဖတ်ရသည်များ ကို တယောက်နှင့် တယောက် ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဖြစ်ကြလေသည်။

ထို့ကြောင့်လည်း သူတို့ နှစ်ယောက် တခါတရံ ဆွင်းကင်း ဆိုသော လင်မယားဖလှယ်ပြီး လုပ်တာတွေ၊ ဘီဒီအက်စ်အမ် လို တယောက်ကို တယောက်က သခင်ကျွန်လုပ်တာတွေ၊ ကအစဆွေးနွေးမိကြသည်။ တာဘူး ဟုခေါ်သော သွေးသားရင်း ချင်း ဆက်ဆံမိကြသည့် ဗီဒီယိုများ၊ အွန်လိုင်းစာပေများလည်း ကြည့်မိ ဖတ်မိပြီး ဆွေးနွေး မိကြသည်။ ကိုညိုမှိုင်းအနေဖြင့် ကပ်ကိုး ဟုခေါ်သော ကိုယ့်မယားကို သူများ လိုးတာ ချောင်းကြည့်ချင်သည့် လူတွေ ရေးတာ၊ ဖတ်ရ၊ ဗီဒီယိုတွေ ကြည့်ရတော့ နန်းဖူးဖူးညွှန့်ကို တခြားယောက်ျား တယောက်နှင့် တွေးကြည့်မိပြီး လီးတောင် ခဲ့မိသည်။

သို့သော်လည်း နန်းဖူးဖူးညွှန့်က လုပ်မှာ မဟုတ်ဟု သူက တွေးထင်ထားသဖြင့် နောက်လို့ပင် မပြောဆိုခဲ့မိခြေ။ နန်းဖူးဖူးညွှန့်က တော့ သူ့ကို တခြားအမျိုးသမီး နှင့် လုပ်တာ ကြည့်ချင်သည်ဟု ပြောဖူးသည်။ ဒါပေမဲ့သူ့နောက်ကွယ်မှာတော့ မဖေါက်ပြန်ရဟု အတိအလင်းသတိပေးထားသည်။ သူတို့ နှစ်ယောက် လူကြီးကားတွေ ကြည့်ကြသည့်အချိန်များမှာ နန်းဖူးဖူးညွှန့်တယောက် အမျိုးသား နှစ်ယောက် အမျိုးသမီးတယောက်ထဲ လိင်ဆက်ဆန်ကြသည့် ကားမျိုးကို စိတ်ဝင်တစားကြည့်လေ့ရှိသလို၊ ဂျပန် ကားတွေမှာ တခါတရံ ယောက်ျားကြီးက မိန်းမ ငယ်လေးကို အတင်းအဓမ္မတက်ကျင့်သည့် ဗီဒီယို မျိုးကိုလည်း စိတ်ဝင်တစားကြည့်လေ့ရှိကြောင်း ကိုညိုမှိုင်း အကဲခပ်မိလေသည်။

နန်းဖူးဖူးညွှန့် အနေဖြင့်လည်း ကိုညိုမှိုင်းတယောက် တာဘူး ခေါ်သော သွေးသားနီးစပ်သူချင်းချင်း လွန်ကျူးမိကြသည့် ဇာတ်လမ်းမျိုး၊ ကပ်ကိုး ခေါ်သော ကိုယ့်မိန်းမ ကို တခြားယောက်ျား တယောက် ဖြင့် လုပ်နေတာ ချောင်းကြည့်တာ ဖီးလာသည့် ဇာတ်လမ်းမျိုးကို နှစ်သက်တတ်သည်ကို သတိထားမိလေသည်။

သို့သော် သူတို့ ဂုဏ်သရည်၊ အဆင့်အတန်းဖြင့် မြန်မာပြည် မှာ လှုပ်ရှားဖို့ ရာမလွယ်ကူသဖြင့် စိတ်ကူယဉ် ပြီး ရိုးပလေး ဂိမ်း များဖြင့်သာ စိတ်ဖြေဖျောက်ခဲ့ကြရသည်။ သို့သော်လည်း သူတို့ လက်ထပ်ပြီး ကိုးနှစ်ခန့်အကြာ နန်းဖူးဖူးညွှန့် အသက်သုံးဆယ် ပြည့်မွေးနေ့ ပွဲကျင်းပ အပြီးမှာ နောက်ပိုင်း သူတို့လင်မယား အမှတ်မထင် အဖြစ်အပျက်မှ စ၍ ဘဝ အတွေ့အကြုံ တဆစ်ချိုး ပြောင်းခဲ့ကြ ရလေတော့သည်။နန်းဖူးဖူးညွှန့် အသက်သုံးဆယ် ပြည့်မွေးနေ့ မှာ ကိုညိုမှိုင်းက သူ့အလုပ်များကို သူအမ ဖြူပြာစိမ့်ဖြင့် လွဲကာ သူတို့ လင်မယား နှစ်ယောက် ဒုတိယ ဟန်းနီးမွန်းထွက်မည်ဟု ဆိုကာ တလ တိတိ ဗေကေးရှင်းထွက်ဖို့ စီစဉ်လိုက်လေသည်။

ကိုညိုမှိုင်းက ဟာဝိုင်ရီ နှစ်ပတ် နှင့် ဥရောပ နှစ်ပတ် သွားမည်ဟု ခရီးစဉ်ဆွဲလိုက်သည်။ ဥရောပ ကလန်ဒန်တွင် နန်းဖူးဖူးညွှန့် တို့ မိဘတွေနှင့် စီးပွားဘက်များဖြစ်ကြသူ ကျောက်မြက်ရတနာ ဆိုင်များ ရှိတော့ သွားရမည့်ခရီးစဉ် ကို သူတို့ ဆွဲပေးမည် ဆိုတော့ ပူစရာမလို၊ ဟာဝိုင်ရီကလည်း ဘိရှ် တွေသာ ရှိပြီး ကိုညိုမှိုင်းသူငယ်ချင်းက သွားသင့်သည့် နေရာများကို မြေပုံမှာ မှာ ဆွဲပေးကာ ရှင်းလင်းပြထားပြီမို့ အေးဆေးပင်။ ပိုက်ဆံလည်း တတ်နိုင်ကြသူမို့ ဟော်တယ်ကောင်းကောင်း ကိုဘုတ်ကင် လုပ်ထားလိုက်သည်။

ဟာဝိုင်ယီက ဟိုနိုလူလူကို ရောက်တော့ ကားတစီးငှားထားလိုက်သဖြင့် သွားရေးလာရေးလည်း ပူစရာမလိုတော့၊ မြေပုံထဲ မှာ ပြထားသည့် နေရာကို ကားမောင်းသွားလိုက်ရုံပင်၊ ကားလမ်းမကြီးမှာလည်းများများစားစားမရှိ ကျွန်းကို ပတ်ထားသည့်လမ်းနှင့် ကျွန်းကို တောင်နဲ့မြောက် ဖြတ်သွားသော လမ်းသာရှိသည်။ ပထမ လေးငါးရက် က ဘိရှိတခုခု ပြီးတခု သွား ရေစိမ်၊ နေပူစာလုံ၊ ဒေသခံ ပင်လယ်စာတွေ စား နှင့် ပျော်စရာကောင်းလှသည်။ တကယ်က သူတို့ တည်းသည့်ဟော်တည်ကြီး ရှေ့တည့်တည့်မှာကို အဓိက ဘိရှ်ကြီး ရှိသည်။ တိုးရစ်တွေ ဒေသခံတွေ တရုန်းရုန်း နှင့် အလွန်စည်ကားလှသည်။ သူတို့ က ကားလည်း ရှိတော့ တမင် တခြားကမ်းခြေတွေကို အပြောင်းအလဲသဘောမျိုးဖြင့် သွားကြခြင်းသာ။

လူကလည်း လန်းဆန်းပြီး ရာသီဥတုက ကောင်း ပင်လယ်စာတွေကလည်း ပရိုတိန်း များတော့ ကိုညိုမှိုင်းတို့ လင်မယား နေ့တိုင်း လိုးဖြစ်ကြသည်။ တနေ့ သူတို့ နှစ်ယောက် ကားမောင်းသွားရင်း လမ်းမှာ တွေ့ရသည့် ပုဇွန်လတ်လတ်ဆတ်ဆတ်တွေ ရောင်းသည့် ထရပ်ကားတစီး ဘေးမှာ ရပ်ပြီး ပင်လယ်စာတွေ ဝယ်စားကြသည်။ သူတို့ ပုဇွန်လတ်လတ်ဆတ်ဆတ်တွေကို ဝယ်သူရှေ့မှာပင် ချက်ပြုတ်ပေး ခြင်းဖြစ်လေသည်။ ဖြစ်ချင်တော့ ဘာအခန့်မသင့်သွားမှန်းမသိ၊ ဟော်တယ်ပြန်ရောက်တော့ ကိုညိုမှိုင်း အထက်လန်အောက်ရှော ဖြစ်တော့သည်။ အီးတွေ ပန်း ပါးစပ်ကလည်း အံ နှင့် တော်တော်ခံလိုက်ရသည်။

နန်းဖူးဖူးညွှန့် သူငယ်ချင်း ဆရာဝန်မ တယောက်က လိုရမယ်ရ ဆေးတွေ ထည့်ပေးလိုက်လို့ ထိုဆေးကို သောက်လိုက်ရသည်။ နောက်နေ့ ကျတော့ ကိုညိုမှိုင်း မထနိုင်တော့ ဗိုက်လည်းနာနေ၊ ဝမ်းလည်း နည်းနည်းချင်းသွားနေသေးသဖြင့် ဟော်တယ်ခန်းမှာပဲ နားနေလိုက်တော့သည်။ နန်းဖူးဖူးညွှန့်ကို တော့ ပျင်းနေမည်စိုးသဖြင့် ကိုယ့်ဘာသာ သွားရှောက်လည်ဟု အတင်းတွန်းလွတ်လိုက်ရသည်။ ဘိရှိကလည်း ဟော်တည်ရှေ့တည့်တည့် ဆိုတော့ နန်းဖူးဖူးညွှန့်လည်း ဘရိတ်ဖတ်စ်ဟော်တယ်မှာ စားပြီး အောက်ဆင်းလာခဲ့တော့သည်။

နန်းဖူးဖူးညွှန့် မှာ နဂိုထဲက အသားဖြူဖြူ ကိုရီးယား မလေးလို ချောသဖြင့် ဟာဝိုင်ယီရောက်တုံး ဘောင်းဘီ အတိုပေါင်လည်လောက် နှင့် အပေါ်မှ တီရှပ်ခါးတိုလေးကို ဝတ်ထားတော့ ဟာဝိုင်ယီ တွင် နေရာတကာတွေ့နေရသော ဂျပန်မလေးများနှင့် ပင်တူနေပြီး သူ့ကို ဂျပန်မလေးလို့ပင် ထင်နေရလေသည်။ အသက် ၃၀ အရွယ် နန်းဖူးဖူးညွှန့်မှာ အသက်၂၀ကျော် ဂျပန်မလေးဟု ထင်ရအောင်ကိုလည်းနုနေလေသည်။

နန်းဖူးဖူးညွှန့်မှာ ဝိုင်ကီကီ ကမ်းခြေတလျှောက် အသားအရောင်စုံ၊ လူမျိုးစုံ၊ အရွယ်စုံ လူအများ ကူးလားလျှောက်သွားကြ၊ ရေထဲ ပြေးဆင်းကြ၊ ဆပ်ဘုတ် များ၊ ဘူဂီဘုတ်များ သယ်ပြီး ရေထဲ ဆင်းသွားကြသည်များကို စိတ်ဝင်တစားကြည့်နေမိသည်။ လမ်းအတော်လျှောက်ပြီးတော့ မှ ရေငတ်သလို ဖြစ်လာသဖြင့် အနားမှာတွေ့နေရသော အေဘီစီ စတိုးလေး သို့ လှမ်းဝင်လိုက်လေသည်။ အအေးခန်းဘီဒိုလေးထဲမှ အချိုရေဗူးများကို ကြည့်ရင်း ရေဘူးလေး တဘူးလေး ကို ထုတ်ယူလိုက်လေသည်။ နောက်တော့ ပိုက်ဆံပေးမည့်လူများတန်းစီနေသည့်အနောက်မှာ တန်းစီရပ်လိုက်ရင်း သူ့ဘောင်းဘီအိပ်ထဲမှ ပိုက်ဆံအိပ်ကလေးကို လက်ထိုးနိူက်စမ်းလိုက်ရာ

“ဟောတော့”

အခုမှ သတိရသည်အခန်းထဲက ကုတင်ပေါ်မှာ သူ့ပိုက်ဆံအိပ်ကို တင်ထားပြီး ဘောင်းဘီတို ဝတ်ပြီးတော့ ကိုယ်လုံးပေါ်မှန်ရှေ့မှာ သူ့ကိုယ်သူ ရှေ့ပြန်နောက်ပြန်ကြည့်ရင်း မှ ပိုက်ဆံအိပ်ကောက်ယူဖို့ မေ့လာခဲ့ခြင်းဖြစ်လေသည်။ အင်း နေပေ့စေတော့ ဟု တွေးကာ ရေဘူးကို ပြန်သွားထားဖို့ လှည့်ထွက်လိုက်တော့။

“အမ ပိုက်ဆံအိပ်မေ့ကျန်ခဲ့လို့လား၊ ကျွန်တော်ပေးလိုက်မယ်လေ ပြန်သွားထားမနေပါနဲ့”

ရုတ်တရက် ဘေးမှ ဗမာသံ ပီပီသသဖြင့် ပြောလိုက်သော အသံကြောင့် နန်းဖူးဖူးညွှန့် တုံကနဲ ဖြစ်သွားသည်။ လှည့်ကြည့်လိုက်တော့ သူ့ကို ပြုံးကြည့်နေသော အသားညိုညို ပါးတဖက်မှာ ပါးချိုင့်အဝိုင်းကလေးနှင့် မျက်လုံးကျယ်ကျယ် နှာခေါင်းချွန်ချွနၤ အရပ်မြင့်မြင့် ဘော်ဒီတောင့်တောင့် ကောင်ချောလေးတယောက်ကို တွေ့လိုက်ရလေသည်။

“မင်းက တို့ကို ဗမာမှန်းဘယ်လိုသိတာလဲ”

“ခုန အမ ပဲ ငြီးလိုက်တယ်လေ ဟောတော့ ဆိုတာ၊ အဟီး ဗမာမှန်းတန်းသိတာပေါ့”

နှစ်ယောက်စလုံး တခိခိ ရီမောမိလိုက်ကြသည်။

“ပေးပါ အမ ဒါပဲ လား ကျွန်တော်ပေးပေး ပါ့မယ်”

“အားနာစရာကြီးကွယ်”

“ဟာ မလိုပါဘူး အမရယ် ဗမာချင်း ရှားရှားပါးပါး ဆုံရတာ၊ ဒီလောက်ကလေးက ဘာမှ မဖြစ်ပါဘူး၊ နောက်မှ ကျွန်တော်က အမကို ထမင်းကျွေးခိုင်းမှာ ဟဲဟဲ”

“ခစ်ခစ် ရပါတယ်ကွယ် ခုလောလော ဆယ်ရေငတ်နေတာလေး ပြေသွားတာ ကျေးဇူးတင်လှပါပြီ”

ကောင်လေးက နန်းဖူးဖူးညွှန့်ကို လက်ကမ်းပေးပြီး

“ကျွန်တော့်နာမည် ဝီလျှံ ပါ၊ ဗမာလိုတော့ ဝေမိုးအောင်ပါ”

နန်းဖူးဖူးညွှန့်လည်း လက်ကမ်းပေးလိုက်တော့ သူတို့ချင်းလက်ဆွဲနူတ်ဆက်လိုက်ကြသည်။ ဝီလျှံ့ လက်တွေက နွေးထွေးပြီး အားအင်အပြည့်ရှိနေသည်ကို ခံစားသိ လိုက်ရသည်။

“ ကိုယ်က နန်းဖူးဖူးညွှန့်ပါ၊ ဝေမိုးအောင်ထက်စာရင် ဝီလျှံက ခေါ်လို့ပိုလွယ်တယ်နော် ““ဟုတ်အမ ကြိုက်သလိုခေါ်ပါ”

ထိုအချိန်မှာ ပင် သူတို့ အလှည့်ရောက်လာသဖြင့် ဝီလျှံက သူယူထားသည့် ဂေးတရိတ်နှင့် နန်းဖူးဖူးညွှန့် အတွက် ရေဘူးဖိုး ပေးလိုက်သည်။ နောက်တော့ သူတို့ နှစ်ယောက် ဆိုင်ထဲမှ ထွက်လာကြရင်း စကားဆက်ပြောလာကြလေသည်။ ဝေမိုးအောင်က၊

“အမ ကဘယ်ကလဲ ကျွန်တော်က ဆန်ဖရန်စ္စကို ကပါ၊ အခု ဘာဂလေမှာ တက်နေပါတယ်၊ ကျောင်းပိတ်ရက်မို့ သူငယ်ချင်းတွေနဲ့ လိုက်လာတာ”

“အမ က ဗမာပြည်က လာတာ အမတို့ က ဗကေးရှင်းပေါ့”

“အမတို့ ဆိုတာက”

“အမ တို့ ဆိုတာ အမ နဲ့ အမ အမျိုးသားလေ”

“အော် ထင်သားပဲ ဒီလောက်လှတဲ့ အမျိုးသမီး က စင်ဂယ်တော့ မဖြစ်နိုင်ပါဘူးလို့”

“အမယ် မြှောက်နေပြန်ပါပြီ ဘာစားမလဲ ခုတော့ ပိုက်ဆံအိပ်မပါလားဘူး ခစ်ခစ်”

“မမြှောက်ပါဘူး တကယ်ပြောတာပါ၊ ပထမတော့အမကို ဂျပန်အမျိုးသမီးလို့ ထင်နေတာ၊ အမ ရုတ်တရက် ဗမာလို ယောင်လိုက်တော့ ဗမာမှန်းသိတော့ ရုတ်တရက် အံ့သြသွားတာ၊ ခု အမ အမျိုးသားက ဘယ်မှာလဲ”

“သူက ဟော်တယ်မှာ၊ မနေ့က ပင်လယ်စာတွေ စား အခန့်မသင့်လို့ အထက်လှန်အောက်လျှောဖြစ်တာနဲ့ နားနေတယ်၊ အမလည်း ပျင်းလာတာနဲ့ ကမ်းခြေဘက်လမ်းလျှောက်ကြည့်နေတာ”

နန်းဖူးဖူးညွှန့် ဘာကြောင့်မှန်းမသိ ကောင်လေးကို မောင်လေး တယောက်လို ခင်သွားမိသည်။ ကောင်လေး ရဲ့ မျက်လုံးတွေက သူ့ပေါင်တန်ဖွေးဖွေး လေးတွေကို တချက်တချက် ခိုးကြည့်တာကို တွေ့ရတော့လည်း ကျေနပ်သလို ဖြစ်မိသည်။ သူတို့ နှစ်ယောက် ကမ်းခြေနားက ခုံတန်းလျှားလေးတခုမှာ ထိုင်လိုက်ကြရင်း လူတွေလှုပ်ရှားနေတာကို ကြည့်ရင်း စကား အတော်ပြောဖြစ်ကြသည်။ နန်းဖူးဖူးညွှန့် မှာ ဟာဝိုင်ယီလို နေရာမှာ ဗမာလို အားရပါးရ ပြောခွင့်ရသဖြင့်လည်း ပျော်နေတာပါပါလိမ့်မည်။

ဝီလျှံက သူအလယ်တန်းကျောင်းသားအရွယ် တမိသားစုလုံး အမေရိကန်ရောက်လာကြပြီး အခုတော့ ယူစီဘာဂလေ မှာ တက်နေပြီး ဒုတိယနှစ်ရောက်နေပြီ ဖြစ်ကြောင်း ပြောပြသလို နန်းဖူးဖူးညွှန့် ကလည်း သူတို့ ဗေကေးရှင်းအကြောင်းပြောပြလိုက်သည်၊ ဗမာပြည်ရောက်ရင်လည်း လာလည်ဖို့ သူ့ဂျီမေးအကောင့်ပါပေးလိုက်သည်။ တချက်တချက် သူ့ရင်သား လေးများ၊ ပေါင်တန်များကို ခိုးခိုးကြည့်နေသော ဝီလျှံ့ မျက်လုံးတွေကြောင့် နန်းဖူးဖူးညွှန့် တယောက် ရင်ထဲ မှာ တမျိုးလေး ဖြစ်ရသည်။ ဝီလျှံ၏ ငယ်ငယ်ရွယ်ရွယ်နှင့် အားကစားလိုက်စားထားသဖြင့် ထွားကျိုင်းတောင့်တင်းလှသော ကိုယ်လုံးတို့ကလည်း နန်းဖူးဖူးညွှန့်ကို စိတ်လှုပ်ရှားစေလေသည်။

“ကဲ အမ သွားလိုက်အုံးမယ်၊ တော်ကြာ အမျိုးသား က စိတ်ပူနေအုံးမယ်”

“ဟုတ်ကဲ့ အမ နောက်နေ့ရော ဆင်းလာအုံးမှာလား”

“မပြောတတ်ဘူး အခြေအနေအရပဲ”

“အင်း ကျွန်တော် ကတော့ ရှိနေမှာပဲ အမ ဆင်းလာရင်တော့ ပြန်ဆုံရတာပေါ့၊ “

“အေးအေး သွားပြီနော် ဘိုင်ဘိုင်”

နန်းဖူးဖူးညွှန့် ရင်လေး တဖိုဖို ဖြင့် ဟော်တယ်ပေါ်သို့ ပြန်တက်လာခဲ့ သည်။ သူ့အတွေးထဲမှာတော့ ကောင်ချောလေး ဝီလျှံ၏ ချစ်စရာ အပြုံးလေး၊ ကြက်သီးထစရာ ကိုယ်လုံးကိုယ်ထည်၊ တို့နှင့် သူ့ကို ခိုးခိုးကြည့်နေသော မျက်လုံးများ စသည်တို့က လွှမ်းမိုးနေလေသည်။

နန်းဖူးဖူးညွှန့် ဟော်တယ်ပေါ်ရောက်တော့ ကိုညိုမှိုင်းကို ဝီလျှံ နှင့် ဆုံခဲ့သည့် အကြောင်း၊ သူတို့ စကားပြောခဲ့ကြသည့် အကြောင်းအရာများကို ပြောပြလိုက်လေသည်။ ကိုညိုမှိုင်းမှာ နန်းဖူးဖူးညွှန့် ၏ တက်တက်ကြွကြွ ပြောဆိုနေပုံ နှင့် မျက်နှာလေးမှာ လည်း ဝင်းလက်နေပုံကို ကြည့်ပြီး ပြုံးနေလိုက်လေသည်။ ပြီးမှ၊

“ကောင်လေး က ခပ်ချောချောလား”

“အင်း အသားတော့ ညို တယ် နေပူစာလှုံထားတဲ့ အသားမျိုးပဲ၊ ရုပ်ကတော့ ချောပါတယ်”

“ကောင်လေးက ချစ်လေး ကို စိတ်ဝင်စား နေတာလား”

နန်းဖူးဖူးညွှန့် မျက်နှာလေး ပန်းရောင်သန်းသွားသည်။

“မသိဘူးလေ ကိုကို က ဘာလို့ မေးတာလဲ”

“မေးကြည့်တာလေကွာ ချစ်လေးကလည်း၊ ချစ်လေးနဲ့ ကိုကို့ ကြားမှာ ဘာမှ လျို့ဝှက်ချက် မထားကြေးလို့ ကိုကို တို့ သဘောတူထားတယ်မလား၊ ကိုကို က ဘာဖြစ်မှာမို့လဲ မေးကြည့်တာပါ”

“အင်း ချစ်လေးကို တော့ သူ ခိုးခိုးကြည့်တယ်”

ကိုညိုမှိုင်း နည်းနည်း စိတ်လှုပ်ရှားသွားသည်။

“ချစ်လေး အဲဒါ အခွင့်ကောင်းပဲ၊ ခု ဆို ကိုကို တို့ နိုင်ငံနဲ့ အဝေးကြီးမှာ ရောက်နေတယ်။ နောက်ပြီး တော့ အဲဒီကောင်ကလေးကလည်း ကိုကိုတို့ကို ကောင်းကောင်းသိမှာ မဟုတ်ဘူး၊ နောက်သူက အမေရိကား မှာနေတာ၊ ကိုကို တို့ အရင်တုန်းက ဆွေးနွေးခဲ့ကြဖူးတဲ့ ဟာ အခု စမ်းသပ်ကြည့်လို့ ရတာပေါ့”

“ဟင် ကိုကို ကလည်း သူ့ အကြောင်းသေခြာမှ မသိပဲနဲ့”

“ချစ်လေးက လည်း အမေရိကား မှာနေတယ်ကွာ၊ ဘာဂလေ လို တက္ကသိုလ်ကျောင်းမှာ တက်နေတယ်ကွာ၊ ဒီထက် ဆေ့ဖ် ဖြစ်ရမလား၊ နောက်တပတ်လောက်ဆိုရင် ကိုကို တို့လည်း ဥရောပ ရောက်နေပြီ သူလည်း ကျောင်းပြန်တက်ပြီ၊ နိုးစထရင်းအတက်ရှ် ပေါ့”

နန်းဖူးဖူးညွှန့် စဉ်းစား သလို တွေတွေလေး ဖြစ်နေ၏။ ဝီလျှံ့ကို ကိုယ်တုံးလုံး ဖြင့် သူနှင့် ကုတင်ပေါ်မှာ လိုးနေတာကို သွားစဉ်းစားလိုက်မိတော့ ရင်တွေ တဒုန်းဒုန်းခုန်လာခဲ့သည်။ နန်းဖူးဖူးညွှန့် ပေါင်ခွဆုံမှာလည်း စိုတိုတိုဖြစ်လာခဲ့ရသည်။ ကိုညိုမှိုင်းက တော့ နန်းဖူးဖူးညွှန့် နှင့် တခြားယောက်ျားလေး လိုးနေကြတာ တွေးမြင်လိုက်ရင်းနှင့် လီးတောင်လာခဲ့ရသည်။

နှစ်ယောက်စလုံး အတွေးကိုယ်စီ ဖြင့် ငြိမ်နေလိုက်ကြရင်းက ကိုညိုမှိုင်းက ထိုင်နေရာမှ ထကာ နန်းဖူးဖူးညွှန့် ကိုယ်လေးကို ဆွဲယူပွေ့ဖက်လိုက်သည်။ နောက်တော့ နှစ်ယောက်စလုံး တယောက်ကို တယောက် အငမ်းမရ နူတ်ခမ်းချင်း စုပ်နမ်းနေမိကြသည်။ တချိန်ထဲ မှာပင် တယောက် အဝတ်အစားကို တယောက် အလျှင်အမြန် ချွတ်ပြစ်ပေးနေကြသည်။

နန်းဖူးဖူးညွှန့် ကိုယ်လုံးလေးမှာ အဝတ်အစားမဖုံးသောနေရာများ မှာ နေပူထဲ လျှောက်သွားနေသဖြင့် နည်းနည်းလေး ညိုလာသော်လည်း အတွင်းမှာကတော့ ဖွေးနေတုန်း၊ ကိုညိုမှိုင်းက နန်းဖူးဖူးညွှန့် နို့လုံးကလေးများကို တပြွတ်ပြွတ်စို့ လိုက်ရင်း က သူ့လက်ဖဝါးတဖက်ဖြင့် နန်းဖူးဖူးညွှန့် ပေါင်ခွဆုံကို အုပ်ကိုင်လိုက်ရာ အမွှေး ပါးပါးလေး သာရှိသော နန်းဖူးဖူးညွှန့် စောက်ဖုတ်ကလေးမှာ အရေများ ရွဲစိုနေ သည်ကိုတွေ့လိုက်ရလေသည်။

“အိုး စိုလို့ပါလား ဟိုကောင်လေးကြောင့်မဟုတ်လား ဟွန့်”

“ကိုကို ကလည်း ဘာတွေ လျှောက်ပြောနေတာလဲ”

နန်းဖူးဖူးညွှန့် နည်းနည်းရှက်သွားသည်။ မျက်နှာလေး နီမြန်းသွားသော်လည်း ကိုညိုမှိုင်းပြောတာက မှန်နေလို့ ဘာမှ ပြန်မဖြေနိုင်ခြေ။

“ကောင်လေးက ချစ်လေးကို ဘယ်လိုခေါ်လဲ”

“အမ တဲ့ ခစ်ခစ် “

“အဟက်၊ အမ ဆိုတော့လည်း အမပေါ့…. အမ ကိုယ်လုံးက အရမ်းလှတာပဲကွာ”

ကိုညိုမှိုင်းက ပြောပြောဆိုဆို နှင့် နန်းဖူးဖူးညွှန့် ပေါင်လုံးနှစ်လုံးကြား ခေါင်းထိုးဝင်ပြီး စောက်ဖုတ် ကို မျက်နှာအပ်လိုက်သည်။

“ဟော အမ စောက်ဖုတ်လေးက လှလိုက်တာ အတွင်းသားလေးတွေက ရဲပြီး အရေတွေလည်း ရွဲလို့၊ ကျွန်တော် လိုးချင်တယ် အမရယ်”

“အို့ ကိုကို ကလဲ”

နန်းဖူးဖူးညွှန့် မှာ ရှက်နေသောလည်း ကိုညိုမှိုင်း အပြောအဆိုကြောင့် ဝီလျှံကို စိတ်ထဲမှ တွေးကာ ဖီးတက်လာခဲ့သည်။ ကိုညိုမှိုင်း ဆံပင်ကို ဆုပ်ကိုင်ကာ သူ့ပေါင်ကြားထဲ အတင်းဖိထည့်လိုက်သည်။ ကိုညိုမှိုင်းကလည်း နန်းဖူးဖူးညွှန့် ၏ အရည်ကြည်တို့ဖြင့် ရွှမ်းလဲ့နေသည့် စောက်ဖုတ်နူတ်ခမ်းသားလေးကို လျှာဖြင့် အသာထိုးရက်လိုက်သည်။ နောက်တော့ နူတ်ခမ်းအဖတ်လေးကို စုပ်လိုက်ပြန်သည်။ ကိုညိုမှိုင်းလက်ချောင်းလေးတချောင်းထိပ်ဖြင့် နန်းဖူးဖူးညွှန့် စောက်စေ့လေးကို အသာဖိပွတ်ပေးနေပြန်ရာ နန်းဖူးဖူးညွှန့်မှာ ကိုယ်လုံးလေး ကော့ပြန်နေအောင် ဖီးတက်နေရတော့သည်။ ကိုညိုမှိုင်း မှာ နန်းဖူးဖူးညွှန့် စောက်ပတ်ကလေးကို အားရအောင် ရက်စုပ်ပြီးမှ ထကာ မျက်လုံးလေး မှေးကာ ဇိမ်ခံနေသော နန်းဖူးဖူးညွှန့် မျက်နာနားကုတင်ဘေးတွင် ရပ်လိုက်သည်။ ကိုညိုမှိုင်း၏ လီးညိုညို တုတ်တုတ်ကြီးက နန်းဖူးဖူးညွှန့် မျက်နှာရှေ့မှာ တရမ်းရမ်းဖြင့်၊ ဖြစ်နေလေသည်။

နန်းဖူးဖူးညွှန့်က မျက်လုံးဖွင့်ကြီးလိုက်ပြီး ကိုညိုမှိုင်းကို မော့ကြည့်လိုက်လေသည်။“အမ မောင်လေး လီးကြီးကို စုပ်ပေးပါလားဟင်”

နန်းဖူးဖူးညွှန့် ဘာမှ ပြန်မပြောတော့ ကိုညိုမှိုင်းကို မျက်စောင်းလေး တချက်ထိုးလိုက်ပြီး မှ ကိုညိုမိုင်းလီးတန်ကြီးကို သူမလက်ကလေးဖြင့် လှမ်းကိုင်လိုက်ကာ တချက်နှစ်ချက် ဂွင်းတိုက်သလို ဆောင့်ပေးလိုက်သည်။ နောက်တော့ သူမ ၏လှပသော နူတ်ခမ်းအစုံကို ဖွင့်ကာ လျှာကလေးဖြင့် ကိုညိုမှိုင်း ဒစ်ထိပ်ကြီးကို လှမ်းရက်လိုက်သည်။ နန်းဖူးဖူးညွှန့် ၏နွေးထွေးသော အာခေါင်အတွင်းသို့ သူ့လီးတန်ကြီးဝင် သွားတော့ ကိုညိုမှိုင်းမှာ မျက်လုံးလေးမှိတ်ပြီး တက္ကသိုလ်ကျောင်းသားအရွယ် ကောင်လေးတယောက် သူ့မိန်းမ ပါးစပ်ကို လိုးနေသည်ဟု မြင်ယောင်မိပြီး ဖီးပိုတက်လာလေသည်။

“အား အမ ရယ် ကောင်းလိုက်တာဗျာ”

ကိုညိုမှိုင်းမှာ သူ့လီးကြီးကို စုပ်ပေးနေသော နန်းဖူးဖူးညွှန့် ပါးစပ်ထဲသို့ သူ့လီးကြီးကို ကော့ကော့ထိုးမိနေလေသည်။ သို့သော်လည်း ဖီးအရမ်းတက်လာသဖြင့် ပါးစပ်ထဲ ပြီးသွားမှာ စိုးသဖြင့် ပြန်ဆွဲထုပ်လိုက်ရင်း

“အမ ကျွန်တော်မနေနိုင်တော့ဘူး အမကို လိုးရမှ ဖြစ်တော့မယ်၊ အမ ကျွန်တော့်ကို အမ ယောက်ျား မသိအောင် အလိုးခံမယ်မဟုတ်လား”

နန်းဖူးဖူးညွှန့် မှာ ကိုညိုမှိုင်းကို ပြုံးပြုံးလေး ကြည့်ပြီးခေါင်းလေးကို ငြိမ့်ပြလိုက်ရာ၊ ကိုညိုမှိုင်းခမျှာ သုတ်တွေ ချက်ချင်းပန်းထွက်တော့မလောက်ကို ဖီးတက်သွားပြီး နန်းဖူးဖူးညွှန့် ပေါင်နှစ်လုံးကြားဝင်ပြီး ပေါင်နှစ်လုံးကို ဖြဲကာ စောက်ဖုတ်ဝသို့ သူ့လီးကြီးကို တေ့ထိုးသွင်းလိုက်လေသည်။

“အား.. မောင်လေးရယ် မင်းလီးကြီးက ကြီးလိုက်တာ အမယောက်ျားလီးက အဲလောက်မကြီးဘူး ဖြည်းဖြည်းနော်”

“ဖွတ်..ဖြွတ်…ဖတ်..ဖုတ်..”

ကိုညိုမှိုင်းမှာ နန်းဖူးဖူးညွှန့်မှ ပြန်တုန့်ပြန်လာသော ညုတုတု အသံလေးကြောင်း တအားကို ထန်သွားကာ သူ့လီးကြီးကို နန်းဖူးဖူးညွှန့် စောက်ဖုတ်ထဲ ဆောင့်ဆောင့်လိုးချရင်း မကြာခင်မှာ သုတ်ရေများ ပန်းထွက်ပြီး တချီပြီးသွားတော့သည်။


ပြီးပါပြီ။




Print Friendly and PDF

No comments:

Post a Comment