Wednesday, December 27, 2023

သံသာစက်၌ အပိုင်း ( ၇ )

သံသာစက်၌ အပိုင်း ( ၇ )

ဂျင်ကလိ ရေးသည်။

“ကြေးအိုးဆီချက်တွေ ပါတယ်လေ၊ ကိုလင်းက ကြေးအိုးမကြိုက်ပေမယ့်၊ ကြေးအိုး ဆီချက် စားပါတယ်၊ ပုလဲ တို့နဲ့ ဝေစားလိုက်မယ်လေ”

ဒီလိုမျိုးတော့ ကျွန်တော် မစားချင်ပါ။ ထို့ကြောင့်

“နေပါစေ၊ မစားပါဘူး၊ ပုလဲတို့ မဝဘဲ နေဦးမယ်”

အခြေအနေ ကို မေနှင်းဦးက ဝင်ဆုံးဖြတ်ပေးလိုက်၏။

“ဆရာ မကြိုက်ဘူး ဆိုလို့ ဝယ်မလာတာပါ၊ အားမနာကြပါနဲ့၊ ဆရာ့ ကို နောက်မှ ဆရာ ကြိုက်တာ တခုခု ဝယ်ကျွေးလိုက်မယ်၊ ဟုတ်ပြီလား”

ဘယ်သူ မှထပ်တွန့် မတက်တော့ဘဲ စားကြသည်။ ပုလဲရည် ကတော့ သိပ်ကျေနပ်ပုံ မရ ပါ။တွေတွေငေးငေး လုပ်ရင်း ကြာဆံဖတ်တွေကို တူနှင့် ဖွနေသည်။ စားသလိုလို လုပ်ရင်း မေ နှင်းဦး ကို ခိုးခိုးကြည့်တာ သတိထားမိသည်။ သူမ ကိုကြည့်ရသည်မှာ တခုခု ကို အလေးအ နက် စဉ်းစားနေသလို မျိုးဖြစ်သည်။

“မမေနှင်း ဘာလို့ ဒီနေ့ ကိုထွန်းဦး နဲ့ မလာတာလဲ”

မေနှင်းဦး စီး ဖို့ ကုမ္ပဏီ က ကားတစ်စီးပေးထားသည်။ ခါတိုင်း ထိုကား နှင့် မေနှင်းဦး ရုံး တက် ရုံးဆင်း လုပ်၏။

“ကိုထွန်းဦးနဲ့ လာတာ၊ ကိုထွန်းဦးကို ဟိုဖက်ရုံးအတွက် ဝယ်ထားတာ တွေစောင့်ယူ ပြီး သွား ပို့ ခိုင်းလိုက်တယ်၊ ဒီမှာ နောက်ကျနေမှာ စိုးတာနဲ့ မေနှင်း တက္ကစီ နဲ့ ဒီကိုလာလိုက်တာ”

“အော်”

ကျွန်တော့်ကို အားနာသလို ပြုံးကြည့်ရင်း မေနှင်းဦး က

“အဲဒါ ပြောရဦးမယ် ဆရာ၊ ဆရာ့ ကားနဲ့ မေနှင်းကို အခု ပြန်ပို့ပေးလို့ရမလား”

“ရပါတယ်”

ပုလဲရည် မော့ကြည့်သည်ကို မမြင်ယောင်ပြု ပြီး ဖြေလိုက်သည်။ အကူအညီ တောင်းခံလာသူ ကို ငြင်းပယ်ရန် မသင့်ပါ။

“အခုလား”

“ဟုတ်တယ်”

ကျွန်တော် အခန်းထဲပြန်ဝင်ပြီး ကားသော့ယူနေခိုက် မေနှင်းဦး ရုံးအဖွဲ့တွေကိုနှုတ်ဆက်သည်။

“နောက် တပွဲကူးရဦးမယ်၊ စားကြနော်၊ မဝရင်လဲ ပြော၊ နောက်နေ့ ထပ်ဝယ်ကျွေးမယ်”

“နောက်နေ့ မှ လက်ဆောင်ပေးမယ် နော်၊ ကြို မသိတော့ ဘာမှ ဝယ်မထားရဘူး”

“အော် … မပေးပါ နဲ့ ၊ လက်ဆောင် ပေးနေကြမှာ စိုးလို့ တမင်ကြို မပြောတာ၊ ပေးရင် စိတ် ဆိုးမှာနော်”

မွေးနေ့ ဖြစ်၍ ထင်သည် မေနှင်းဦး အမူအရာတွေကမြူးရွှင် သွက်လက်နေ၏။

“သူများတွေကျ တော့ အမက ပေးတယ်လေ”

“အဲဒါ တို့က လခပိုရလို့ ပေးတာ၊”

တရုံးလုံး၏ ကိုယ်ရေး အချက်အလက် တွေကို သိသူဖြစ်သောကြောင့် ရုံးဝန်ထမ်း တယောက် ယောက်၏ မွေးနေ့ ရောက်တိုင်း မေနှင်းဦး လက်ဆောင် မပျက်မကွက် ပေးတတ်သည် ကို ကျွန် တော်လည်း သိသည်။ တခါတရံ ကာယကံရှင်ကတောင် သူ့မွေးနေ့ သူမေ့နေတာမျိုး လည်း ကြုံ ဖူး၏။

“ကဲ သွားမယ်၊ မမေနှင်း”

ပုလဲရည်ကို လှမ်းကြည့်လိုက်ရာ ကျွန်တော့်ဖက်ကို မကြည့်ဘဲ သူ့ဟာသူ စားနေ၏။

“အားလုံး တာ့တာ”

တစုံတရာကြောင့် ကျွန်တော့် ခြေလှမ်းတွေ တုန့်နှေးနေသည်။ လေးကန်နေသော ကျွန် တော့် ကို မေနှင်း ဦးက သွက်လက်စွာ ဖြတ်ကျော်သွား၏။ ရှေ့မှာ မြင်နေရသည့် မေနှင်းဦး၏ နောက် ပိုင်း အလှသည် ရင်ခုန်ဖွယ် အတိဖြစ်သည်။ ဒူးဖက်ဆီသို့ သိမ်ဆင်းသွားသော စကပ်ကြောင့် ပြေပျစ်သော ခါးနှင့်် လှပပြီး အချိုးကျသော  တင်၏ အလှကိုပိုပြီးထင်သာမြင်သာစေသည်။ ခြေလှမ်းလိုက်တိုင်း နောက်ဖက် ခွဲကြောင်း ကြား မှ လှစ်ကနဲလှစ်ကနဲ မြင်လိုက်ရသည့် ပေါင်တံဝင်းဝင်း က မြင်ရသူ ယောက်ျားတိုင်း ကို အသက်ရှုမှားစေမည် မှာမလွဲပါ။

“ငါဘာဖြစ်နေတာလဲ”

အားမလိုအားမရ စိတ်ဖြင့် တီးတိုးရေရွတ်လိုက်မိသည်။ မေနှင်းဦး အလွန်လှသည်မှန်ပါ၏။ သို့ သော် ထိုအလှမှာ တိမ်းမူးသွားတတ်သော ကိုယ့်ကိုယ်ကို မကျေနပ်ပါ။ မျက်နှာငယ်လေး ဖြင့် ကျန်ခဲ့သော ပုလဲရည် မျက်နှာကို မဆီမဆိုင်ပြေးမြင် မိရင်း စိတ်ကိုတည် ငြိမ်အောင် ပြန် ထိန်းလိုက်သည်။

“နှေးတုံ့ နှေးတုံ့ နဲ့ ဆရာ ဘာလဲ လိုက်မပို့ချင်ဘူးလား”

ကားနားအရောက်တွင် မေနှင်းဦး က ရန်တွေ့၏။

“မဟုတ်ပါဘူး၊ မမေနှင်း က အရမ်းသားနားနေတော့ ကျွန်တော့် ကားစုတ် နဲ့ ပို့ရမှာ အား နာ နေလို့”

မျက်စောင်းတခု ရောက်လာသည်။ လှသောမိန်းကလေး ထိုးသည့်မျက်စောင်း ကလည်း လှပါသည်။ သက်ပြင်းတခု ကျိတ်ချရင်း သူမ ကိုတံခါးဖွင့် ပေးလိုက်သည်။

“မေနှင်း အလုပ်ချိန် မဟုတ်ရင် ဒီလိုပဲ နေပါတယ် ဆရာရဲ့၊ ဆရာမှ မေနှင်း ကို အပြင်မှာ မမြင် ဖူးတာ”

ကျွန်တော် ဖွင့်ပေးသောတံခါးမှ ဝင်ထိုင်ရင်း ပြောသည်။ အပြုံးနှင့် သာတုံ့ပြန်လိုက်ပြီး ကျွန် တော် လည်း တဖက်ကနေ ဝင်ထိုင်လိုက်၏။ ကားထဲမှာ မေနှင်းဦး ထိုင်လိုက်သော အခါ စကပ် က ပိုတိုပြီး အပေါ်ကို တက်သွားသည်။ ပေါင်တံလှလှ တွေက တပိုင်းတစ အပြင်ကို ထွက်လာ၏။ ထိုပေါင်တံ တွေ နှင့် ကပ်နေသော ဂီယာတံကို လှမ်းကိုင်ဖို့ တောင် ကျွန်တော့် မှာ မဝံ့ မရဲဖြစ်ရသည်။

“မေနှင်း ဆရာ့ကို တမင်အပြင်ခေါ်လာတာ”

ရုံးဝင်းထဲက မောင်းထွက်လာပြီး လမ်းပေါ် အရောက်တွင် မေနှင်းဦး ပြောလိုက်၏။

“ဗျာ”

“ဟုတ်တယ်လေ၊ ဆရာ့လို လူတယောက်ကို staff တွေနဲ့ တူတူရောကျွေးလို့ ဘယ်ကောင်း မှာလဲ၊ ဆရာက မေနှင်းတို့ ဧည့်သည်ပဲ လို့”

“ဒါကြောင့် ကျွန်တော့်ဖို့ ထည့်ဝယ်မလာတာ လား”

“သူများတွေကတော့ မေနှင်းကို ဘယ်လိုထင်ကြမလဲ မသိဘူး၊ ဆရာ့ အတွက် ဘာမှလဲ မပါ ဘဲနဲ့ ဆရာ့ကို ပြန်ပို့ ခိုင်းလို့လေ”

“မမေနှင်းက ကျွန်တော့်ကို နေ့လည်စာ ခနခန ဝယ်လာကျွေးနေတာပဲ၊ သတ်သတ် ဝယ်ကျွေး စရာမလိုပါဘူး”

“အခု က မေနှင်း မွေးနေ့ လေဆရာရဲ့ ကျွေးရမှာပေါ့၊ ကဲ ပြောဆရာ ဘာစားမလဲ”

“ဘာဖြစ်ဖြစ်ပေါ့”

“မေနှင်း လဲ တမနက်လုံး ဟိုပြေးဒီပြေးနဲ့ ဘာမှ မစားရသေးဘူးဆရာရဲ့”

“အင်းဗျာ၊ ဒါဆိုလဲ မြန်မာထမင်း ပဲစားကြတာပေါ့”

“ဆရာ့သဘောလေ၊ ဘယ်ဆိုင်မှာ စားချင်လဲ”

“ကျွန်တော် ကတောသားဗျ၊ ရန်ကုန်က ဆိုင်တွေ ဘာမှသိပ်မသိဘူး၊ ဘယ်ကိုမောင်းရမယ် သာပြော”

“ဆရာ တော်တော် ဖြစ်သလိုနေလာပုံရတယ်”

“အဲဒါတော့ အမှန်ပဲ”

ကျွန်တော့် ကိုစာနာပြုံးလေး နှင့်ကြည့်ပြီး သွားရမည့် လမ်းကို ပြောပြသည်။

“ဆရာ အိမ်မှာရော ဘယ်လိုစားသလဲ၊ ညနေ ပြန်သွားရင်ပြောတာ”

“ထုံးစံ အတိုင်း ဖြစ်သလိုကြုံရာပေါ့”

“မေနှင်း ဆိုရင်တော့ အဲဒီလို နေနိုင်မယ် မထင်ဘူး၊ အင်းလေ ဆရာကတော့ ယောက်ျား ကိုး”

မရည်ရွယ်ပါဘဲ နှင့် မေနှင်းဦးကို ကျွန်တော် လှည့်ကြည့်မိသည်။ အပြုံးကြည်ကြည်လေး နှင့် ကျွန်တော့် ကိုပြန်ကြည့်၏။ ဘေးတိုက်မြင်ရသည့် မြင်ကွင်းမှာ လည်း လှနေပြန်ပါသည်။ ပေါင် ပေါ်တင်ထားသည့် လက်ကိုင်အိတ် ကိုင်းတဖက်က ကိုယ်ကြပ်အင်္ကျ ီကြောင့် သိသိသာသာမို့ ဝိုင်းနေသော ရင်ကို ကားလှုပ်လိုက်တိုင်း ပွတ်သပ်ကြည်စယ် နေ၏။ ထိုအိတ်ကိုင်း ဆီမှ မျက် လုံးကို ကြိုးစားပြီး ခွာထုတ်လိုက်ရသည်။

မေနှင်းဦး ကတော့ ကျွန်တော့် ကို မကြည့်တော့ ရှေ့မှန်မှနေပြီး လမ်းပေါ်ကိုငေးကြည့်နေ သည်။ ကျွန်တော့် အကြည့်တွေကို သူမ ဘာသာပြန်နေသလား ဟု စိုးရွံ့စွာ တွေးလိုက် မိ သည်။ သို့သော် မေနှင်းဦး စိတ်အနှောက် အယှက်ဖြစ်ပုံမရ၍ စိတ်သက်သာရသည်။

ကျွန်တော့်ကိုမေနှင်းဦး ခေါ်သွားသော ဆိုင်က မဆိုးပါ။ မြန်မာ အစားအစာ ကို အဆင့်မြင့် မြင့် သပ်သပ်ရပ်ရပ် ရောင်းချသောဆိုင် ဖြစ်သည် ဈေးလည်း သေးမည် မထင်။ နိုင်ငံခြားသားတွေ လာစားကြသည် ကိုလည်းတွေ့ရသည်။

“ဆရာ ဘာမှာမလဲ”

“မမေနှင်း အဆင်ပြေတာ မှာပါ၊ မွေးနေ့ ရှင် စိတ်တိုင်းကျလုပ်၊ ကျွန်တော် က အသားလဲ မရှောင် ဘူး အရွက်လဲ မရှောင်ဘူး”

“ဆရာကတော့ လုပ်ပြီ”

“အဟုတ်ပြောတာ”

မေနှင်းဦး မှာနေစဉ် ကျွန်တော် ဆိုင်အတွင်းမှာ မျက်စေ့လိုက်ကစားနေမိ၏။ ဆိုင်က သပ်ရပ် သလို လာစားသူတွေ ကလည်းသပ်သပ်ရပ်ရပ်တွေ ဖြစ်သည်။ ရှေ့မှာ ရပ်ထားသော ကားတွေ ထဲမှာ ကျွန်တော့်ကား အစုတ်ချာဆုံးဖြစ်တာကိုလည်း သတိထားမိ၏။

“ဆရာ့ကို တခုမေးကြည့်ချင်လို့”

“မေးလေ”

ကျွန်တော် နှင့် မျက်နှာချင်း ဆိုင်ထိုင်နေရာမှ ကျွန်တော့် ဘေးခုံသို့ ပြောင်းလာသည်။

“အခု မေနှင်း နဲ့ ထမင်းစားတော့ ဆရာက ကိုယ်ကြိုက်တာ မမှာဘူး၊မေနှင်း ကို မှာခိုင်းတယ်။မေနှင်း သိတယ်၊ အခုမှာလိုက်တာတွေ ဆရာ ကြိုက်ကြိုက် မကြိုက်ကြိုက် ဆရာစားမှာပဲ၊ ဟုတ်တယ် မဟုတ်လား”

ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။

“အဲဒါ ဘာဖြစ်လို့လဲဆရာ၊ မေနှင်း ကို အားနာလို့လား၊ ဆရာ ကိုယ်တိုင်က အစားအသောက် အပေါ်မှာ သိပ် အလေး အနက်မထားဘဲ ချေးမများတတ်လို့လား”

ကျွန်တော့် အတွက် အမှတ်တမဲ့ အရာတခုကို အလေးအနက်မေးလာရာ ကျွန်တော် ဘာပြန် ဖြေရမည် မသိတော့။ ထို့ကြောင့် ရိုးသားစွာပင် စိတ်ထဲ ရှိသလိုဖြေလိုက်ရသည်။

“မပြောတတ်ဘူး မမေနှင်း၊ ကျွန်တော်ထင်တာတော့ ကျွန်တော့် အကျင့်ကိုက အဲဒီလို ဖြစ် နေ တယ်ထင်တာပဲ”

အဖြေက မေးခွန်း အတွက်လုံလောက်ချင်မှ လုံလောက်မည် ဖြစ်သော်လည်း မေနှင်းဦး ဆက် မမေးတော့ပါ။ စားပွဲပေါ်က ဇွန်းနှင့် ခက်ရင်းတွေ ယူပြီး တစ်သျှူးစက္ကူ နှင့် သုတ်ပေးနေ သည်။ စကားလမ်းကြောင်း ကိုလည်းပြောင်းလိုက်၏။

“ဆရာ အချိန်ရပါတယ်နော်”

“ရပါတယ်၊ ကျွန်တော့် အလုပ်က အမြဲလုပ်နေရတာမှ မဟုတ်တာ၊ တခါတလေ လဲ စဉ်းစားရ တဲ့ အချိန်တွေ ရှိသေးတယ်လေ”

“မေနှင်း ကြောင့် ဆရာအလုပ်ပျက်မှာ စိုးလို့”

“ဒါက ထမင်းစားချိန်လေ”

“မေနှင်း ကတော့ ဒီနေ့ ခွင့်တင်လိုက်ရတယ်၊ မနက်က မေမေ နဲ့ ဘုရားသွားတယ်၊ နေ့ ခင်းက ရုံးအဖွဲ့ တွေ ကျွေးရမယ်၊ ညနေ ကျတော့ သူငယ်ချင်းတွေ နဲ့လေ”

“ဟိုတယောက်ကောလာမှာလား”

“ဆရာက မှတ်မိသားပဲ၊ မလာပါဘူး၊ ဟိုဖက်ရုံးက သူငယ်ချင်းတွေ နဲ့ အပြင်ကသူငယ်ချင်း တွေ ပေါင်းပြီး လုပ်လိုက်မယ်လေ၊ ဆရာ အားရင်လာခဲ့ပါလား၊ ညနေပဲ”

ကျွန်တော် မသွားချင်ပါ။ ကိုယ်နှင့် မသိသူတွေကြားမှာ ဘာသွားလုပ်ရမည် နည်း။

“မလာတော့ပါဘူး”

“ဟင် .. ဒါကျတော့ ငြင်းတာမြန်လိုက်တာ၊ အားမနာတော့ဘူးလား”

ပြောလိုက်တော့မှ အားနာပြီးစကားလမ်းကြောင်း ပြောင်းဖို့ ကျွန်တော် ကြိုးစားမိသည်။

“မမေနှင်း အမျိုးသားနဲ့ ပြန်နားလည်မှု ရပြီလား”

ပြုံးချိုနေသော မျက်နှာလေးတည် သွားသည်။

“အခု ထမင်းလာစားတာ အဲဒီ အကြောင်းပြောဖို့ မှ မဟုတ်တာ၊ သိပ်သိချင်နောက် မှပြော ပြမယ်၊ ခုထမင်းစားရအောင်”

ထမင်းအုပ်နှင့် ဟင်းပွဲတွေလည်း လာချသဖြင့် စကားစပြတ်သွားသည်။ ဆိုင်က သန့်ရှင်း သလို ဟင်းချက်လက်ရာလည်း မဆိုးပါ။ စားလို့ ကောင်း၍ ကျွန်တော်လည်း တော်တော် စားလိုက်သလို မနက်ကထဲက ဘာမှ မစားရသေး ဆိုသော မေနှင်းဦးလည်း ထမင်း ခနခန ထပ်ထည့်သည်။ ကျွန်တော့် ပန်းကန်ထဲ လည်းဟင်းတွေ လာလာထည့်လွန်း၍ တားယူရသည်။

ထမင်းစားပြီးချိန်တွင် ကျွန်တော်က အအေးတလုံး မှာသောက်သော်လည်း မေနှင်းဦး ကတော့ ဘာစိတ်ကူးပေါက်သည် မသိ၊ ရေခဲမုန့် တပွဲမှာစား၏။

“ဟာ ထမင်းတွေ အများကြီးစားထားတာတောင်မှ မအီဘူးလား”

“ဟီး ..ဟီး … စားချင်စိတ်ပေါက်လာလို့”

အလုပ်ထဲမှာ တည်တည်ငြိမ်ငြိမ် နှင့် မြင်နေကျ မေနှင်းဦးသည် အခုကျပြန်တော့ သာမန် မိန်းကလေး ငယ်တယောက်အတိုင်းပင်ဖြစ်သည်။

“ဗိုက်ပူလာမှာ စိုးလို့ ဒါမျိုးတွေ သိပ်မစားဖြစ်ဘူး၊ အခုတော့ မနေနိုင်လို့စားတာ”

“ဝလာမှာ ကြောက်တယ်ပေါ့”

“လှချင်လို့ မဟုတ်ပါဘူး ဆရာရယ်၊ ဝလာပြီး အဝတ်အစားတွေ မတော်တော့လို့ ထပ်ချုပ် ရင် ပိုက်ဆံ အပို ကုန်မှာ စိုးလို့ပါ”

အချိုးအစားကျန ပြေပျစ်သည့် မေနှင်းဦးကိုယ်လုံးလေးကို ဝလာသည့်အသွင်နှင့် စိတ်ထဲ တွင် မြင်ကြည့်သည်။ ဟာသသရုပ်ဆောင် ပွင့် လို ကိုယ်လုံးမျိုးဖြစ်မလာသေးသ၍ မေနှင်းဦး လှမြဲ လှနေမည် ဟုထင်မိသည်။

“ဆရာ ဘာပြုံးတာလဲ”

“မပြုံးပါဘူး၊ ပြုံးလို့လား”

“မေနှင်း မြင်ပါတယ်၊ ဒီလောက်စားနေရင် ဝလာမှာပဲ လို့တွေးနေတာ မဟုတ်လား”

“မဟုတ်ပါဘူး၊ ကျွန်တော် မညာတတ်တာ မမေနှင်းသိသားနဲ့”

“မေနှင်း က အမြဲ ဒီလို မစားပါဘူး၊ တခါတလေမှ စားတာပါ၊ တခါတလေလောက် နဲ့ ဝလာ မှာ မဟုတ်ပါဘူး၊ ခုလည်း ဝမှ မ၀ တာ”

လှလို့ ဝလို့ ဆိုသည့် မြန်မာ စကားကို မိန်းကလေးတွေ ဖျောက်ဖျက်ပစ်လိုက်ကြပြီထင် သည်။ကျွန်တော့် အတွေး နှင့် ကျွန်တော် ငြိမ်နေသည်ကို မေနှင်းဦးက တမျိုးမြင်ပုံရ၏။

“မေနှင်း မ၀ ပါဘူးနော်ဆရာ”

အမှတ်တမဲ့ နှင့် လှမ်းကြည့်မိသည်။ ရှိသင့်ရှိထိုက်သည့် အဖောင်းအမို့ တွေရှိနေသည် က လွဲ၍ အဆီပို မရှိသည့် ကိုယ်လုံးလေး ဖြစ်ပါ၏။ ခုံမှာ ထိုင်နေသဖြင့် ချက်အောက်နား တဝိုက် မှာ မို့မို့ ဖောင်းဖောင်းလေး ဖြစ်နေသည်က လွဲ၍ ပြောစရာ မရှိပါ။ အစုန်အဆန်ကြည့် မိသည့်အတွက်ကျွန်တော် အားတုံ့အားနာ ဖြစ်မိသော်လည်း မေနှင်းဦး က ဘာမှ မထူးခြား သလိုရှိသည်။

မလုံမလဲ ကျွန်တော့် မျက်လုံးတွေ နှင့် မေနှင်းဦး မျက်လုံးတွေ လမ်းမှာ တိုက်မိချိန်ကျမှ မျက်လွှာလေး ချသွား၏။

“တော်ပါပြီ၊ မစားတော့ပါဘူး၊ ဟို မောင်လေးရေ ပိုက်ဆံ ရှင်းမယ်”

“ဒီနေ့တော့ ဘတ်ဂျက် တော်တော်ထိမယ်ထင်တယ်”

“တနှစ်တခါပဲ ကုန်ပါစေ”

ဆိုင်က ပြန်ထွက်လာကြပြီးနောက်

“ဘယ်ကို ပို့ပေးရမလဲ မမေနှင်း”

“အင်း …အိမ်ပဲ ပြန်တာကောင်းမယ် ထင်ပါတယ်”

အိမ်အပြန်လမ်းတွင် ကျွန်တော့် ကို ညနေလာဖို့ထပ်ဖိတ်သည်။

“ဆရာကြောင်မနေပါဘူး၊ ဟိုဖက်ရုံးက လူတွေလဲပါတာပဲ၊ ဆရာကို သူတို့သိကြပါတယ်”

“မလာတော့ပါဘူးဗျာ”

အားနာနာ နှင့်ပဲငြင်းလိုက်ရသည်။

“မေနှင်း က အိမ်မှာ ဆရာတယောက်ထဲ ပျင်းနေမှာ စိုးလို့ပါ”

“အကျင့်ရနေတော့ မပျင်းတော့ပါဘူး မမေနှင်းရယ်”

မေနှင်း ဦးက ကွန်ဒို တိုက်ခန်းကြီးတခုမှာ နေသည်။

“ဟာ …သူဌေးပဲ၊ ဒီ ဖက်က ဈေးတွေ အရမ်းမြောက်တာ”

“အောင်မယ်လေး၊ အထင်မကြီးနဲ့၊ ဒါ အန်ကယ့် အခန်းလေ၊ သူလည်း နေတာ မဟုတ်တော့ မေ နှင်း တို့ကို ထားတာ”

တနေ့လုံးအဆင်ပြေနေသော ကားက ရပ်လိုက်မှ ဖေါက်သည်။ စက်ပျက်တာတော့ မဟုတ်၊ မေနှင်းဦး ဖက် အခြမ်းက တံခါးက ဖွင့် မရကြပ်နေသည်။ မေနှင်းဦး အားကုန်တွန်းသည်။ မရ။

“ဆရာ လုပ်ပါဦး”

ကျွန်တော် မေနှင်းဦး ကို ကျော်ပြီး တံခါးကိုဖွင့်သည်။ တံခါး က သခင်ကိုတောင် အလျှော့ မ ပေး၊ ပေကပ်ကပ်တင်းခံ၏။

“ဘယ်လို လုပ်မလဲ ဆရာ”

မေနှင်းဦး စကားသံက ကျွန်တော့ နားဘေးမှ ကပ်လျှက်ထွက်လာသည်။ တပြိုင်ထဲမှာ ပင် နုအိသော အတွေ့တခုကို လက်မောင်းကရလိုက်သည်။ ထိုင်ခုံကို ကျောမှီကပ်ပေးထားသော် လည်း မလွတ်ပါ။ ကျွန်တော့် ပုခုံးထိပ် နှင့် လက်မောင်းက အိစက်နွေးထွေးသော အသားဆိုင်ထဲတွင် တိတိပပ နစ်မြုပ်နေ၏။

အားတုံ့ အားနာဖြင့် ကျွန်တော် နောက်ပြန်ဆုတ်လိုက်သည်။ တောင်းပန်ချင်သော်လည်း စ ကားစ ရှာမရ။ ကျွန်တော့်မျက်နှာ အမူအရာကို မေနှင်းဦး ကောင်းစွာသိ၏။ မျက်နှာပန်းနု ရောင်လေး နှင့်

“ရပါတယ်ဆရာ”

မလိုအပ်ပါဘဲ နှင့် ကျွန်တော့်ဖက်ခြမ်းက တံခါးကို အားကုန်တွန်းဖွင့်လိုက်မိသည်။ ဒီဖက် ကျ တော့ချက်ချင်းပွင့်သွား၏။ ကျွန်တော် ကားပြင်ထွက်လိုက်ပြီးနောက်

“မေနှင်းလည်း အဲဒီဖက်ကပဲ ထွက်မယ်လေ”

“နေနေ ရတယ်၊ ကျွန်တော် လုပ်ပေးမယ်”

မေနှင်းဦးဖက် ခြမ်းကိုသွားပြီး ကားကို ခြေတဖက်နှင့် ကန်ကာ အားကုန်ဆွဲ လိုက်သည်။ ဒီတခါတော့ မပွင့်ချင်ပွင့်ချင် နှင့် ပွင့်သွား၏။

“အိမ်လိုက် လည်ပါဦးလားဆရာ”

အောက်ကို ဆင်းပြီးသည် နှင့် ဖိတ်ခေါ်သည်။

“မဝင်တော့ပါဘူး၊ နောက်ကြုံရင် လာလည်မှာပါ၊ နေရာသိနေပြီပဲ”

“ဒါဆိုလဲ သွားတော့လေ”

မေနှင်းဦး ဓါတ်လှေခါးထဲ ဝင်သွားပြီး နောက် ကျွန်တော် မကျေမနပ် နှင့် ဖွင့်လို့ မရသော တံခါး ကို ပြန်ပိတ်ပြီး ပြန်ဖွင့်ကြည့်သည်။ အခုကျတော့လည်း လွယ်လွယ်ပင် ပွင့်၏။ သုံး လေး ကြိမ်စမ်းကြည့် တော့လည်း အဆင်ပြေသည်။ စိတ်ထဲကနေ တံခါးကို ကျိန်ဆဲရင်း မောင်းထွက်လာပြီး ဘီးသုံးလေးပတ်သာ လိမ့်ရသေး ချိန် တွင် ဖုန်းမြည်လာ၏။ ကားရပ်ပြီးကြည့် လိုက်ရာ မေနှင်းဦး ဆက်တာဖြစ်နေသည်။

“မမေနှင်း ဘာကျန်ခဲ့လို့လဲ”

ရှေ့ခန်းမှာ မျက်စေ့ကစားရင်း မေးလိုက်ရာ

“ဘာပစ္စည်း မှ မကျန်ဘူး၊ ပြောစရာကျန်တာ”

“ပြောလေ”

“ဆရာ ထမင်းဆိုင်မှာ မေးတဲ့ ဟိုတယောက်ကိစ္စလေ”

“အော် …အင်း … ဟုတ်ပါရဲ့၊ အခြေအနေ ကောင်းတယ် မဟုတ်လား”

“ကောင်းသွားပြီဆရာ”

“ဝမ်းသာပါတယ်ဗျာ၊ အဆင်ပြေသွားကြပြီဆိုတော့”

“အခြေအနေ ကောင်းတယ် ဆိုတာ သူနဲ့ ဇာတ်လမ်း ပြတ်သွားပြီလို့ ပြောတာဆရာ ရဲ့”

“ဗျာ …ဘယ်လို”

“ဟုတ်တယ်၊ ပွင့်ပွင့်လင်းလင်းပဲ ပြောပြီး ရပ်လိုက်တယ်”

“ဘယ်တုန်း ကလဲ၊ ကြာပြီလား”

“မေနှင်း ဟိုတလောက နေမကောင်းဖြစ်ပြီး ရုံးမတက်နိုင်ဖြစ်တယ်လေ၊ အဲဒီ မတိုင်ခင်ကပဲ”

“ဒါဆိုကြာလှပေါ့၊ မမေနှင်း နေမကောင်းဖြစ်တာ အဲဒါကြောင့်ကိုး”

“ဆရာနော်၊ မဟုတ်တာမပြောနဲ့၊ သူနဲ့ စာရင်းရှင်းချင်လို့ကို နေလဲ မကောင်း အလုပ်လည်း မအားတဲ့ကြားက သွားတွေ့တာ၊ နေမကောင်းတာ သူ့ကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ် တာ၊ မဟုတ်ဘူး၊ မေနှင်း မှာ သူနဲ့ပတ်သက်ပြီး ဘာခံစားချက် မှ မရှိတော့တာကြာပြီ၊ သူ့ကိုလဲ အဲဒီအတိုင်းပဲ ပြောလိုက်တယ်”

“သူက ဘာပြောလဲ”

“သူက…. တော် တော် စိတ်ပျက်ဖို့ ကောင်း တယ်၊ ..ဟော …မေမေ တံခါးလာဖွင့် ပြီဆရာ နောက်မှပြောတော့မယ်၊ ဒါပဲနော်”

မေနှင်းဦး ဖုန်းချသွားမှ ကျွန်တော်လည်း မောင်းထွက်လာခဲ့သည်။ နာရီကို ကြည့်လိုက်တော့ သုံးနာရီ ကျော်လေပြီ။ ရုံးမှာ သာပစ္စည်းတွေ မကျန်ခဲ့လျှင် အိမ်တန်းပြန် ဖြစ်မည်ထင်သည်။ခနလေးဆိုပြီး ဒီအတိုင်းထွက်လာသဖြင့် ပစ္စည်းတွေ ပြန်သိမ်းရဦးမည်။

.................................................................

ကျွန်တော် အခန်းထဲတွင် ပုလဲရည် ရောက်နှင့်နေ၏။ ကျွန်တော့် စားပွဲပေါ် တွင် မျက်နှာ အပ်ပြီးအိပ်ပျော် နေပုံရသည်။ ဘေးမှာ ကျွန်တော့် Note book ကို ဖွင့်ထားတာ တွေ့ ရသည်။ ကျွန်တော် မရှိခိုက် လာဆော့ နေတာဖြစ်မည်။ အနှောက်အယှက် မပေးလို ၍ ခုံတ လုံး ကို အသံမမြည်အောင် ဆွဲယူပြီး ထိုင်လိုက်၏။

“မအိပ်ပါဘူး”

ပုလဲရည် ခေါင်းမော့လာသည်။

“မအိပ်ဘူးသာ ပြောတယ် မျက်လုံးတွေက အစ်လို့”

“ကိုလင်း ကလဲ ကြာလိုက်တာ”

“သိပ်မကြာပါဘူး”

“ဘယ်တွေ သွားနေတာလဲ၊ ထမင်းစားခဲ့ပြီလား”

“စားခဲ့ပြီ”

“ထင်သားပဲ၊ မမေနှင်း ကျွေးလိုက်တာ မဟုတ်လား”

“အင်း”

“သွားတော့မယ်”

ကောက်ခါငင်ခါ ထိုင်ရာမှထပြီး ထွက်သွားသည်။

“ပုလဲ”

“ပြောစရာ ရှိလဲ နောက်မှပြောတော့ ကိုလင်းရာ”

အသည်းယားလာ၍ လက်ကို ဆွဲထားလိုက်ချင်သော်လည်း စိတ်လျှော့ပြီး လွှတ်ပေးလိုက် သည်။ ပုလဲရည် သည်တခါတလေ ကျရင် အမူအရာက တမျိုးပင်။ ကျွန်တော် နားမလည်ပါ။နားမလည် တာတွေကို စိတ်ထဲက ထုတ်ပစ်လိုက်ပြီး ပစ္စည်းတွေ သိမ်းနေစဉ် ပုလဲရည် နောက် တခေါက် ရောက်လာသည်။ အခန်းထဲ သို့မဝင်ဘဲ တခါးဝက နေခေါင်းလေးပြူပြီး

“ကိုလင်း”

“ခင်ဗျာ”

“ဘာတွေစားလာလို့ အူမြူးနေတာလဲ၊ ပြောစရာ ရှိလို့”

“ပြော”

“အပြန်ကျရင် ကိုလင်းနဲ့ လိုက်မယ်၊ ရတယ် မဟုတ်လား”

“ကျားသားမိုးကြိုး၊ ကားစုတ်ကြီး မစီးဘူးဆို”

“အဲဒါတွေ ပြောမနေနဲ့၊ ရလားမရ ဘူးလားပဲပြော”

“ရတာပေါ့၊ ဘာလို့ မရရ မှာလဲ”

“ဒါဆိုလဲပြီးရော”

ညစ်ကျယ်ကျယ် ပြုံးပြီး ပုလဲရည် ထွက်သွားသည်။ ဘာစိတ်ကူး တွေပေါက်လာပြန်သလဲ ဟု တွေးကြည့်သည်။ ကျွန်တော် မစဉ်းစားတတ်ပါ။

ညနေ အပြန်မှာ တကယ်ပင် ပုလဲရည် ကျွန်တော် နှင့်လိုက်လာသည်။ ရုံး က လူတွေပင် တ အံ့ တသြဖြစ်ကြရ၏။ မှတ်တိုင် အထိလမ်း ကြုံ လိုက်လာကြသော မိန်းကလေး နှစ် ယောက်  ဆင်းသွားသည့် တိုင် သူမက မဆင်းပါ။

“အိမ် အထိ ပို့ရမှာလား”

“ဟုတ်တယ်”

“ဒါဆို ဘယ်ကို မောင်းရမှာလဲ”

“လောလောဆယ် အိမ်မပြန်ချင်သေးဘူး၊ ကားလျှောက်စီးချင်တယ်”

ကျွန်တော် တအံ့တသြကြည့်မိရာ ပုလဲရည်က နှုတ်ခမ်းစူပြီး

“ဆီကုန် မှာ နှမျောလို့လား၊ ဒါမှ မဟုတ် ပုလဲ နဲ့ဆို မသွားချင်လို့လား”

“မဟုတ်ပါဘူး၊ စိတ်ထဲ ထူးဆန်းနေလို့”

“မထူးဆန်းနဲ့ ဘာမှ မထူးဆန်းဘူး၊ အရင် အတိုင်းပဲ”

“ဟုတ်ပြီ ဘယ်ကို မောင်းရမှာလဲ၊ ပဲခူး အထိမောင်းလဲရတယ်”

“မောင်း”

ပြည်လမ်းမကြီး ဖက်သို့ ဦးတည် လိုက်သည်။ ပုလဲကတော့ ပြောစရာ စကား မရှိတော့ လေ ဟန်ဖြင့် နောက်ကို မှီပြီး မျက်စေ့မှိတ်ကာ မှိန်းနေ၏။

“အိပ်ချင်ပြန်ပြီလား၊ နေ့ခင်းကလဲ အလုပ်မလုပ်ဘဲ သူများစားပွဲ မှာ လာအိပ်နေသေးတယ်”

“မအိပ်ပါဘူးဆို ၊ ပုလဲ ဖာသာ အလုပ် မလုပ်တော့ ရော ဘာဖြစ်လဲ၊ ကိုလင်း က မန်နေဂျာ လား၊ ဒါမှ မဟုတ် မန်နေဂျာ နဲ့ ဘာတော်လို့လဲ”

“မတော်ပါဘူး”

“နောက်ဆိုရင်တော်ရင်တော် မှာပေါ့”

“မဟုတ်တာတွေ မပြောစမ်းပါ နဲ့ ပုလဲရာ”

“ကိုလင်း များကြားချင် မလားလို့ပါ”

“မကြားချင်ဘူး”

“သေချာလို့လား”

ကျွန်တော့် မျက်နှာ ကို စေ့စေ့ကြည့်ပြီးမေးသည်။ ဘာကြောင့် မှန်းမသိ တနေ့လည်လုံး အတူ ရှိနေခဲ့သော မေနှင်းဦး မျက်နှာကိုပြေးမြင် လိုက်မိသည်။ နောက်တော့ ကြုံ ခဲ့ရသည့် တိမ်းမူးဖွယ် အထိအတွေ့များ။ စိတ်လှုပ်ရှားရသည့်မေနှင်းဦး၏ အလှအပတွေ။

“ကဲ ငြိမ်သွားပြီ”

ရုတ်တရက် ပေါ်လာသည့် စိတ်တခုကြောင့်ကားကို လမ်းဘေး ဆွဲချပြီး ရပ်လိုက်သည်။ ဘာကြောင့်ရပ်သနည်း ဟု ပုလဲရည် မမေးပါ။ ကျွန်တော့် ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေ၏။ကျွန်တော်လည်း သူမ ကို ပြန်စိုက်ကြည့်နေမိသည်။ ဘယ်လောက် အချိန်တွေကြာသွား သည် ကျွန်တော် မသိတော့ပါ။ ကျွန်တော် သတိပြန်ထားမိသည့် အချိန်တွင် ပုလဲရည်က ကျွန်တော့်ရင်ခွင်ထဲ သို့ရောက်နေလေပြီ။

သတိဝင်လာသော်လည်း ထိုသတိက စိတ်ကို မထိန်းချုပ်နိုင်။ ပုလဲရည်၏ နဖူးလေးကို အသာ နမ်းမိသည်။ ထိုမှတဆင့် ပါးပြင်ဖြူဖြူနုနုလေး။

“ချစ်တယ် ပုလဲရယ်”

ပုလဲရည် ပြုံးလိုက်သည်။ ကျွန်တော်မြင်ဖူးသမျှ သူမ၏ အပြုံးတွေထဲ တွင် ချစ်စရာအကောင်းဆုံးအပြုံးဖြစ်သည်။

“တော်သေးတာပေါ့၊ ပြောဖေါ်ရလို့”

“ဘာရယ်”

“လူကို ဖက်လဲဖက်တယ်၊ နမ်းလဲနမ်းတယ်၊ ပြီးတော့မှ ချစ်တယ်ပြောလို့ တော်သေးတာပေါ့ လို့”

“ဆောရီး၊ ကိုယ်ဘာဖြစ်သွားမှန်း မသိလိုက်ဘူး”

“လွှတ်တော့နော်၊ လမ်းဘေးကြီးမှာ ဖြစ်နေတယ်”

ဖက်ထားတာကို မလွှတ်ချင်ပါဘဲ လွှတ်ပေးလိုက်ရသည်။ လက်ကိုတော့ မလွှတ်မိပါ။

“ကားမမောင်း ဘူးလား”

“မောင်းမယ်လေ”

“လက်တဖက်ထဲနဲ့ ဘယ်လိုမောင်းမလဲ”

“မသိဘူး”

“ကိုလင်းကတော့လေ”

ပုလဲရည်က ကျွန်တော့် ပုခုံးကို မှီလိုက်သည်။

“မောင်းတော့နော်၊ ပုလဲ ဒီလိုလိုက်ခဲ့မယ်၊ အကြာကြီး ရပ်ထားလို့ ဘယ်ကောင်း မှာလဲ”

ကျေနပ်စွာ ဖြင့် ကျွန်တော် ပုလဲစကားကို နားထောင်လိုက်သည်။ ပြည်လမ်းပေါ် ရောက်တော့ ကျွန်တော် မေးသည်။

“တကယ် ပဲခူး အထိမောင်း ရမှာလား”

“မောင်းလေ”

“ဒါဆို သိပ်မိုးချုပ်သွားလိမ့်မယ်၊ ပုလဲ အိမ်က ပြောနေဦးမယ်”

“အရမ်းကြီး နောက်မကျရင် ရပါတယ်၊ ဒါပေမယ့် မသွားပါနဲ့ တော့ တနေရာရာ မှာပဲ သွား ထိုင်ရအောင်”

ကျွန်တော် တို့ အင်းလျား ကန်ဘောင်သို့ ရောက်သွားသည်။ ကံကောင်းထောက် မစွာ ခုံတလုံး လွတ်နေတာကို တွေ့ရသည်။ ပုလဲရည်က ကျွန်တော့် ပုခုံးကို မှီထိုင်သည်။ ကျွန် တော် ပျော်နေတာ ကို ကိုယ့်ဖာသာသိ၏။ ပုလဲရည်လည်း ပျော်နေပုံရသည်။ စကားတွေ အများကြီးလည်း မပြောဖြစ်ကြပါ။ တခွန်းနှစ်ခွန်းလောက်ပြော ပြီးငြိမ်နေမိကြသည်။

ခုံမှာ ထိုင်ပြီးပြီးချင်း ပုလဲရည်က ပြောသည်။

“အရေးကြီးတာ ပြောဖို့မေ့နေတယ်”

“ဘာလဲ ပုလဲ”

“ကိုလင်း ကို ချစ်တယ် လို့”

ကျွန်တော့် နားနား ကပ်ပြီးတိုးတိုးလေး ပြောသည်။ ပုလဲရည် ပုခုံးလေးကို ညင်ညင်သာသာ ဖက် ထားလိုက်သည်။ ထို့နောက် ကျွန်တော်တို့စကား မပြောမိကြတော့။ ချစ်ခြင်း၏ နောက် ဆက်တွဲ ပီတိ တွေထဲမှာ လွင့်မျော နေမိကြသည်ထင်သည်။အိပ်မက်လိုလို မိန်းမူးလွင့်မျောနေမှုတွေကို ဖုန်းမြည်သံက ရပ်တန့်လိုက်၏။

“ဘယ်သူလဲ ဟင်”

ဆက်သူက မေနှင်းဦး တို့ ရုံးချုပ် မှ မန်နေဂျာ တယောက်ဖြစ်သည်။ ဦးမြင့်သိန်း ကို အကြောင်းပြု ၍ ကျွန်တော် နှင့်လည်း သိကျွမ်း ခင်မင်ပါ၏။

“အသိတယောက်ပါ”

ပုလဲရည် ကိုပြောရင်း နားထောင်လိုက်ရာ

“ဆရာကောင်း၊ ကျွန်တော် ရဲထွဋ် ပါ”

“ဟုတ်ကဲ့ ကိုရဲ ထွဋ်”

“မေနှင်း က ဆရာကောင်း ကိုမွေးနေ့ ဖိတ်ထားတယ်ဆို”

“ဟုတ်တယ်”

“လာခဲ့လေ၊ ကျွန်တော် တို့လဲရှိတာပဲ၊ ငေါင်နေမှာ စိုးလို့ မလာတာ လို့ မေနှင်း ကပြော လို့၊ လာသာလာခဲ့၊”

ကျွန်တော် မညာချင်ပဲ ညာရတော့သည်။

“ကျွန်တော် အခု ပဲခူးကို သွားနေတာ၊ ကိုရဲထွဋ်”

“ဟုတ်လား၊ ဒါဆို ညအိပ်မှာပေါ့၊ အိုကေ၊ အိုကေ မေနှင်း ကိုပြောပြလိုက်မယ်၊ ဒါပဲနော်”

“ဘာဖြစ်လို့လဲဟင်”

ပုလဲရည်က စူးစမ်းသည်။

“မိတ်ဆွေ တယောက်က သူ့ဆီလာညစာ စားဖို့ ခေါ်တာပါ”

“ကိုလင်း မသွားဘူးပေါ့”

“ဘာဖြစ်လို့ သွားရမှာလဲ”

ဆည်းဆာ အရောင်ဖျော့ဖျော့ မှာ ပုလဲရည် အပြုံးက တောက်ပဝင်းလက်သွား၏။

“တခုခု သွားစားရအောင် ကိုလင်းရယ်၊ ဆာလာပြီ”

ကျွန်တော် မဆာသေးသော်လည်း ပုလဲရည် အလိုလိုက်ပြီး ကန်ဘောင်က ပြန်ဆင်းခဲ့သည်။

“ကိုလင်း မဆာဘူးလား”

“မဆာဘူး”

“ဘယ်ဆာမလဲ၊ ဟွန်း မပြောလိုက်ချင်ဘူး”

သူမ အားကလေး ဖြင့်ကျွန်တော့် လက်ကို အတင်းညှစ်သည်။

“ပုလဲ လည်း နေ့လည်ကကြေးအိုး စားတာပဲ”

“စားလို့ မှ မကောင်းတာ၊ ပုလဲ နည်းနည်းပဲ စားလိုက်တယ်”

“ဘာဖြစ်လို့လဲ”

“ဒါလောက်တောင် မသိဘူးလား၊ မသိရင်လဲ ပုလဲလက်ကို ကိုင်မထားနဲ့ တော့ အခုလွှတ်”

တကယ်ပင်ရုန်းလေရာ ကျွန်တော် အတင်းပြန်ဆွဲထားရသည်။

“ဘာစားချင်လဲ ပြော”

“စားလို့ရတာ အကုန်စားတယ်၊ လူသားလည်းစားတယ်”

စိတ်ကောက်သော ချစ်သူကို ချော့ရခြင်းသည် ချစ်ခြင်း၏ လှပသော အနုပညာတခု မှန်း ကျွန် တော် ကြည်ကြည်နူးနူး ခံစားလိုက်ရသည်။

“ဒါဆိုလဲ ကိုယ့်ကို သတ်စားလေ”

“တခါတလေ အရမ်းသတ်ချင်တာပဲ သိလား”

“ပုလဲရယ်”

ကားထဲ ရောက်ချိန်တွင် ပုလဲကို ကျွန်တော့်ဖက်ဆွဲယူလိုက်ပြီး နဖူးပြင်ကို နမ်းလိုက်သည်။ ကျွန်တော့် လက်မောင်း ကို အသာလေး ဆိတ်လိုက်သော်လည်း ပုလဲ ကြည်ကြည်လင်လင် ပြန် ဖြစ်လာသည်။

တညနေလုံး ပုလဲနှင့် ကျွန်တော် လျှောက်သွားကြသည်။ ဘာရယ် မဟုတ်တွေ့ကရာ လျှောက်ဝယ် စားကြ၏။ အေးအေးဆေးဆေး ထိုင်လို့ကောင်းမည့် နေရာ ရောက်လျှင် ဝင် ထိုင်သည်။ အချိန်တွေပင် ဘယ်လိုကနေဘယ်လို ကုန်ဆုံးသွားသည် မသိပါ။ ကျွန်တော် နာရီ ကိုကြည့်လိုက်မိချိန် တွင်ညရှစ်နာရီ ခွဲကျော်သွားပြီ။ ပြန်ဖို့ကောင်းမှန်းသိသော်လည်း မပြန် ချင်သေး။ ပုလဲ လည်းဒီလို ပဲဖြစ်မည် ထင်သည်။ ပြန်ရအောင် ဟု တခွန်းမှ မပြောပါ။ ပုလဲ ပျော် နေမှန်း မျက်နှာလေးကို ကြည့်ရုံ နှင့်သိသာ၏။ကျွန်တော် နာရီကြည့်တာ မြင်တော့မှ ပုလဲ လည်းသူမလက်က နာရီလေးကို မြှောက်ကြည့် လိုက်သည်။

“ကိုးနာရီ တောင်ထိုးတော့မယ်”

မျက်စိမျက်နှာ ပျက်ပြီး ပုလဲ ကျွန်တော့် လက်မောင်းကို လှုပ်ရင်း

“ပြန်ကြရအောင် ကိုလင်းရယ်”

အခုလောက် ဆိုလျှင် ပုလဲ အိမ်က စိတ်ပူနေလောက်ပေပြီ။

“ပြန်တာပေါ့၊ ဒါပေမယ့် ကိုယ် မပြန်ချင်သေးဘူး”

“တူတူပါပဲ ကိုလင်းရယ်၊ ဒါပေမယ့် ပြန်ကြရအောင် နော်၊ မနက်ဖြန်တွေ့တာပေါ့”

“မနက်ဖြန် ရုံးပိတ်တယ်လေ”

“ပိုကောင်းတာပေါ့၊ တနေ့လုံးလျှောက်သွားမယ်လေနော်၊ မနက် အစောကြီး ပုလဲကို လာ ခေါ်”

“မိုးမလင်းခင် လာခဲ့မယ်”

“အင်း … လာခဲ့၊ ကိုလင်းရောက်တဲ့ အချိန်ပုလဲ အဆင်သင့် ဖြစ်နေစေရမယ်”

အပြန်လမ်းမှာ ပုလဲက ကျွန်တော့်ပုခုံးကို မှီပြီးလိုက်လာသည်။ စကားသိပ်မပြောတော့၊ ပုလဲ ပင်ပန်းသွားပြီထင်၏။

“ပုလဲ”

“ရှင်”

“အိပ်ငိုက်နေပြီလား”

“မငိုက်ပါဘူး”

အိမ်အပြန်မှာ စိတ်လျှော့လိုက်ပြီထင်သည်။ မငိုက်ပါဘူး ဆိုသော်လည်း အသံက အနည်း ငယ် လေးတွဲ့နေသည်။ ထို့ကြောင့် အိပ်ငိုက်ပြေလိုပြေငြား ကျွန်တော်က စကားတွေ ပြောနေမိ သည်။

“တို့ နှစ်ယောက်က ဒီနေ့ မှ ချစ်သူတွေ ဖြစ်တယ် ဆိုပေမယ့် ကိုယ့်စိတ်ထဲမှာ တော့ ချစ်သူ ဖြစ်တာ အခုမှ မဟုတ်သလို ခံစားရတယ်”

“ပုလဲ လဲဒီလိုပဲ”

ကျွန်တော့်ပါးပြင်ကို လက်နှင့် သပ်ပေးရင်း ပုလဲ ပြောသည်။ ပုလဲ လက်ကလေးတွေက ပူနွေး နေ၏။

“နောက်ပြီး ပုလဲကို စတွေ့တဲ့ နေ့ကထဲက အရင်ထဲကပုလဲ နဲ့ သိနေသလိုရင်းနှီးနေ သလိုပဲ သိလား”

“ဟုတ်မှာပေါ့”

ပုလဲ တော်တော်ပင်ပန်း နွမ်းနယ်နေပုံရ၏။ စကားတောင်သိပ်ရှည်ရှည် ဝေးဝေး မပြော။

“အရမ်းပင် ပန်းနေလား ပုလဲ”

“မဟုတ်ပါဘူး”

စကားသိပ်မပြောတာကို ကျွန်တော် တမျိုးမြင်မှာ စိုးလို့ထင်သည်၊ ပုလဲ ကျွန်တော့်ကို ပိုပြီး တိုး ကပ်ထား၏။ ပုခုံးပေါ်မှာ ခေါင်းတင်ပြီး ကျွန်တော့်ခါးကို ခပ်တင်းတင်းဖက်လိုက်သည်။ နူးညံ့ သောအထိအတွေ့ကြောင့် ကျွန်တော်ကြည်နူးရသည်။ နေ့လည်က မေနှင်းဦး၏ အလှအပ နှင့်အမှတ်မထင်ကြုံခဲ့ရသည့် အထိအတွေ့တွေ ကြောင့် ရင်ခုန်ခဲ့ရသည်။ စိတ်လှုပ်ရှားခဲ့ ရသည်။ ပုလဲ နှင့် ကျတော့ ခံစားချက်ကမတူပါ။ ရင်မှာ တသိမ့်သိမ့် နှင့်ကြည်နူးရသည်။

“ပုလဲ ဖက်ထားလို့ ကားမောင်းလို့ရရဲ့လား”

“ရပါတယ်၊ မောင်းလို့တောင် ပိုကောင်းသေးတယ်”

“ဟွန်း၊ အစတုန်းက ကိုလင်းကို ဒီလို ပေါက်ကရတွေ ပြောတတ်မှန်းမသိပေါင်”

မကျေနပ်သလို ပြောသော်လည်း ပုလဲ၏ ဖက်တွယ်မှု က ပိုတင်းကျပ်လာသည်။ အိမ်နား နီးလာလို့ မျက်စေ့ကျယ်သွားသည် ထင်သည်။ စကားသွက်သွက် ပြန်ပြောလာ၏။

“ဟိုရှေ့ နားလေးမှာရပ်”

ကားရပ်ပြီးသော်လည်း ပုလဲ မဆင်းသေးပါ။ ကျွန်တော့်ရင်ခွင် မှာငြိမ်သက်နေ၏။ ကျွန်တော် လည်း သူမ ကို ပြန်ဖက်ထားမိသည်။ တော်တော်လေးကြာတော့မှ လူချင်းခွာ ပြီး အိတ်က လေးကို ဆွဲ၍ ကားပေါ်ကဆင်းသည်။ ကျွန်တော်လည်း နောက်နေလိုက် ဆင်းလိုက်၏။

“ဘယ်အခန်းလဲ”

“သုံးလွှာလေ၊ အပေါ်ဆုံးပါပဲ”

မှောင်မဲနေသော လှေခါးထစ်တွေကို ကြည့်ရင်း ကျွန်တော် အပေါ်အထိလိုက်ပို့ ပေးချင် မိ သည်။ ဒါပေမယ့် ပုလဲ အိမ်သားတွေ မြင်သွားမှာလဲ စိုး၏။

“ပုလဲ”

“ဟင်”

ကျွန်တော့ ကိုမော့ကြည့်သည့် ပုလဲ မျက်ဝန်းတွေက ရီဝေနေ၏။

“အပေါ် အထိလိုက်ပို့လို့ ရမလားဟင်”

လှေခါးကိုတချက်မော့ကြည့်လိုက်ပြီးတိုးတိုးလေး ဖြေ၏။

“ရပါတယ်”

ပုလဲလက်ကိုဆွဲပြီး လှေခါးအတိုင်းတက်ခဲ့သည်။ အပေါ်ဆုံး ပုလဲတို့ အခန်းရှေ့မှာ မီးရောင် ရှိ သော်လည်း အလည်ထပ်တွင်တော့ မှောင်နေ၏။

“ဒီမှာ က လူမနေဘူးလေ”

ကျွန်တော့်လက်ကို ဖျစ်ညှစ်ရင်းပြော၏။ ထိတ်လန့်မှုကြောင့် ပုလဲလက်တွေက စိုထိုင်းထိုင်း ဖြစ်နေသည်။

“ဒါဆို ကိုယ်လာငှားနေရင် ကောင်းမလားမသိဘူး”

“ကောင်းတာပေါ့”

ဒုတိယ အထပ်မှ တဆစ်ချိုးပြီး မတက်မှီ ပုလဲခြေလှမ်းတုံ့သွား၏။ ကျွန်တော်လည်း အလိုက် သိစွာရပ်လိုက်ပါသည်။ ဒီထက် ဆက်လိုက်လို့ မကောင်းတော့။

“ကိုလင်း”

ပုလဲ အသံက တခုခုကို သတိပေးလိုက်သလိုပင်။ ကျွန်တော် ပုလဲကို ရင်ချင်းအပ်ပြီး တင်း ကြပ်စွာ ဖက်လိုက်မိသည်။ ပုလဲ မရုန်းဖယ်ပါ။

နဖူးပြင် အနှံ့၊ ပါးပြင် အနှံ့ စိတ်ရှိလက်ရှိ နမ်းမိသည်။ ပုလဲ ကလည်း ခေါင်းလေးကို မော့ပေးထား၏။ နောက်တော့ ကျွန်တော့် နှုတ်ခမ်းတွေက ပုလဲ၏ နှုတ်ခမ်းပါးလေးတွေ နှင့် သွားဆုံမိ၏။ ဆုံမိသွားသော နှုတ်ခမ်းတွေ က ပြန်မကွာ တော့။

မရည်ရွယ်ပါဘဲ နှင့် ပြင်းထန်ကြမ်းတမ်းစွာ နမ်းမိသည်။ ကျွန်တော့် ကိုတင်းတင်းပြန်ဖက်ပြီး ကျွန်တော် နှင့်ထပ်တူ ပုလဲ တုန့်ပြန်၏။ ရှည်ကြာလွန်းသော အနမ်းရပ်တန့် သွားချိန်တွင် ပုလဲ ကျွန်တော့်ရင်ခွင်ကို ပျော့ခွေစွာ မှီတွယ်ထား၏။ ကျွန်တော်သာ ဖက်မထားလျှင် လှေခါးထစ် တွေပေါ် ကို ပုံလဲ ကျသွားတော့ မလောက်အောင် ပုလဲ ယိမ်းယိုင်နေသည်။

“ကိုလင်း”

“ဘာလဲ ပုလဲ”

“တကယ်တော့ ပုလဲ က တယောက်ထဲ နေတာ”

အံ့သြစိတ်ဖြင့် အပေါ်ထပ် အခန်း၀ ကို မျှော်ကြည့်လိုက်မိသည်။ တံခါးအထက်တွင် မီးလုံး လေး တလုံးလင်းနေသည်မှ အပ တိတ်ဆိတ်လို့ နေ၏။

“ဒါဆို ကိုယ် အထဲအထိ လိုက်ခဲ့မယ်နော်”

“လိုက်ခဲ့”

ပုလဲကို တွဲပြီး အခန်း၀ ကိုခေါ်လာခဲ့သည်။ ပုလဲ ခြေလှမ်းတွေက မမှန်ယိမ်းထိုးနေ၏။ အိတ်ထဲက သော့ကို ထုတ်ရာ လက်တုန်ပြီး လွတ်ကျသဖြင့် ကျွန်တော် ယူပြီး တံခါးကို ဖွင့် ပေးလိုက် ရသည်။

“ဘေးမှာ မီးခလုပ်ရှိတယ်”

လက်တဖက်က ပုလဲကိုထိန်းရင်း နောက်တဖက်ဖြင့် မီးခလုပ်ကို စမ်းဖွင့်လိုက်သည်။ မီးရောင် လင်းသွားသောအခါ ပလပ်စတစ်ခုံ တွေ နှင့် ပြင်ဆင်ထားသော ဧည့်ခန်း တခုကိုမြင်ရသည်။

၁၄ လက်မ တီဗွီ အသေးလေးတစ်လုံး နှင့် ဒီဗွီဒီ စက်တလုံး ကိုလည်း ပလပ်စတစ် ခုံ ပုလေး တွေ နှင့်တင်ထား၏။ ခုံတလုံးပေါ် ပုလဲကို ချပေးလိုက်ပြီး ကျွန်တော် ကဘေးခုံမှာ ဝင်ထိုင်လိုက်၏။ ရီဝေသော မျက် လုံးတွေ ဖြင့် ကျွန်တော့်ကို ပုလဲကြည့်နေသည်။

“အဝတ်သွားလဲ လိုက်ပါလားပုလဲ”

“ဟင့် အင်း … ကိုလင်း နားမှာပဲ နေချင်တယ်”

“ပုလဲ …ရယ်”

ခုံချင်းကပ်လိုက်ပြီး ပုလဲပုခုံးကို ဖက်လိုက်သည်။ ပုလဲ ကျွန်တော့် ရင်ခွင်ထဲ တိုးဝင်ပြီးအတင်းဖက်သည်။

“ပုလဲ က ကိုယ့်ကို အိမ်မပြန်ချင်အောင်လုပ်နေတာလား”

“ဟုတ်တယ် မပြန်နဲ့၊ တညလုံးပုလဲ နားမှာပဲနေ၊ ပုလဲ ဘယ်မှ ထွက်မသွားနိုင်အောင် ဖက် ထား”

ပုလဲ အသံက အာလေးရှာလေး ဖြင့် အရက်မူးနေသလို မျိုးပင်။ ငယ်ငယ် က လူကြီးတွေ ပြော တတ်ကြသည့် အပမှီတယ် ဆိုတာမျိုးလားဟု ပင်ကျွန်တော် တွေးမိသည်။ စိတ်လည်း ပူလာ မိ သောကြောင့်

“ဒါဆို ကိုယ်မပြန်တော့ဘူးလေ၊ ခနလေး စောင့်နော်၊ ကိုယ်အောက်ဆင်း ပြီး ကားကို မှန်တင် ပြီး လော့ဂ် ချလိုက်ဦးမယ်”

“မြန်မြန်ပြန်ခဲ့နော်”

“စိတ်ချ”

အောက်ကို ခပ်မြန်မြန်ပြေးဆင်းပြီး ကားသော့ခတ်ကာ အပေါ်ပြန်ပြေးတက်ခဲ့သည်။ ကြာနေ မှာစိုး၍ ပိုက်ဆံအိတ်မှ အပ ဘာမှမယူခဲ့တော့။ အခန်းထဲ ပြန်ရောက်ရောက်ချင်း ပုလဲကို ထားခဲ့ သည့်နေရာမှာ မတွေ့၍ စိတ်ပူသွားသည်။ ဧည့်ခန်းနှင့် ကပ်လျှက် အခန်းလေး ထဲက လူသံလိုလို ကြား၍ အိမ်အဝင် တံခါးကို ချက်သေသေချာချာ ထိုးလိုက်ပြီး အသံကြားရသည့်အခန်းလေးထဲ အပြေးဝင်သွား၏။

ပုလဲ ၏ အိပ်ခန်းဖြစ်သည်။ ထောင့်နားလေးထဲမှာ ဆံပင်တွေဖရိုဖရဲ၊ အဝတ်အစား ဖရိုဖရဲ နှင့်ကိုယ့်လက်ကိုယ်ပြန်လိမ်ချိုးနေသော ပုလဲကို မြင်လိုက်ရသည်။

“ပုလဲ၊ ပုလဲ ဘာဖြစ်တာလဲ”

ကျွန်တော့်ကို မြင်သည်နှင့် အပြေးလာပြီးဖက်သည်။ ပုလဲ မျက်နှာက နီမြန်းပြီးခပ်အစ်အစ် ဖြစ် နေသည်။ ကျွန်တော့်ကို တခုခု ပြောနေသော်လည်း လေသံက ဗလုံးဗထွေး နှင့် ကျွန်တော် ဘယ်လိုမှ နားမလည် နိုင်အောင်ရှိသည်။

“ပုလဲ ပြောလေ၊ ကိုယ်ဘာလုပ်ပေးရမလဲ၊ ပုလဲ ဘာဖြစ်နေတာလဲ ပြော”

ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး ခပ်ဆတ်ဆတ် လှုပ်ရမ်းရင်းမေးမိသည်။ ကျွန်တော့်ကို ရီဝေသော မျက်ဝန်းညိုညို ကြီးတွေ နှင့် ကြည့်နေသည်မှအပ အဖြေမရပါ။ သေသေချာချာ အကဲခတ် ကြည့်မှ အင်္ကျ ီကြယ်သီးတွေ လည်းပြုတ်ထွက်နေသည်ကို တွေ့၏။ ကျွန်တော် သူမ ကို လှုပ် ရမ်းလိုက်တိုင်း ရင်နှစ်မွှာက ဘရာစီယာထဲက ထွက်ကျလာတော့ မတတ် ခုန်ပေါက်နေသည်။

လက်သီး ကိုလည်းကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ ကြည့်ရသည်မှာ ကျွန်တော့် ကို တစုံတ ခုပြောဖို့ အားယူနေပုံရသည်။

“ဘာပြောချင်လို့လဲ ပုလဲ”

ဘာမှ မပြောဘဲ ကျွန်တော့်ရင်ခွင် အတွင်းသာ အတင်းတိုးဝင်၏။ ကျွန်တော်လည်း မိမိရရ ဆီးဖက်ထားလိုက်ပါသည်။ လူချင်းကပ်သွားမှ ပုလဲအသံကို သဲ့သဲ့လေးကြားရ၏။

“မီးပိတ်လိုက်ပါ၊ ပုလဲကို မကြည့်ပါနဲ့”

နံရံ နှင့်ကပ်လျှက် ချထားသော မွေ့ယာ၏ အထက်မှာ မီးခလုပ်ကို တွေ့၍ ကျွန်တော်ပြေးပိတ်လိုက်သည်။ မီးပိတ်ပြီး ပြန်အလှည့်တွင် မှောင်ထဲမှာပျောက်သွားသော ပုလဲ ကိုလက်ဖြင့် လိုက် စမ်းရင်း မွေ့ရာနှင့် တိုက်မိပြီး ကျွန်တော် ယိုင်အသွားတွင် နူးညံ့သော ကိုယ်လုံးတခုနှင့် ဝင်တိုက်မိသည်။

“ပုလဲ”

“ပြန်တော့ ကိုလင်းရယ်”

“ဘာဖြစ်လို့ ပြန်ရမှာလဲ၊ ကိုယ်ပုလဲ နားမှာပဲ နေမှာပေါ့”

ရုန်းဖို့ကြိုးစားသော ပုလဲကို ထိန်းချုပ်ရင်း နှစ်ယောက်လုံး အိပ်ယာပေါ် လဲကျသွားသည်။

“မပြန်ဘူး၊ မပြန်ဘူး”

တဖွဖွ ပြောရင်း ပုလဲ မျက်နှာ အနှံ့ လိုက်နမ်းမိသည်။ မျက်နှာ မှသည် လည်တိုင်၊ ရင်ဘတ် နှင့် နောက်တော့ နူးညံ့အိစက်သည့် အသားဆိုင် တွေကိုပါ နမ်းမိပြန်သည်။

“ကိုလင်းရယ်”

ကျွန်တော့်ကို ဖက်လာသော ပုလဲ ကိုယ်လုံးလေးက နွေးထွေးပျော့ပြောင်း၏။ အလွန်လည်း နူးညံ့သည်။ ပုလဲ နှင့်တသားထဲဖြစ်လုမတတ်အောင် ဖက်ထားရင်း ရင်ထဲမှာ တဖြည်းဖြည်း နှင့် ဖြစ် တည်လာသော ဆန္ဒတရပ်ကြောင့် ကျွန်တော့်လက်တွေက ပုလဲကိုယ်ပေါ်မှာ အတင့်ရဲစွာ စမ်း သပ်ပြေးလွှားနေမိသည်။ ပုလဲ မကန့်ကွက်ပါ။ ကျွန်တော့် ဖာသာရုတ်တရက် အသိဝင် လာတော့မှ

“ဆောရီး ပုလဲ၊ ကိုယ်စိတ်လွတ်သွားတယ်”

“တောင်းပန်စရာမလိုပါဘူး၊ ပုလဲ ကိုလင်းကို အားလုံးကြည်ဖြူတယ်”

ပါးချင်းအပ်ပြီး ပြောလိုက်သော ပုလဲစကားကြောင့်ရင်ထဲ မှာ နွေးကနဲ ခံစားလိုက်ရသည်။

“ဘာဖြစ်လို့လဲ ”

“ကိုလင်း ကို အရမ်းချစ်လို့”

ကျွန်တော့်လက်ကို ယူပြီးရင်ဘတ်ပေါ် တင်ပေးသည်။ နူးညံ့သည့် အသားစိုင်တွေပေါ် မှာ အဖုံး အကွယ်မရှိတော့။ ကျွန်တော် ရွရွလေး ပွတ် သပ်ပေးလိုက်ရာ ပုလဲ ကိုယ်လုံးလေး တုန်သွားသည်။

“ဒါလောက်ပဲလား”

“အားလုံးပါဆို”

ကျွန်တော့်တကိုယ်လုံးက သွေးကြောတွေ တုန်ခါသွားသည်။ ပုလဲ ကို အားကုန်ဖျစ်ညှစ် ဖက် လိုက်ရင်း အသိစိတ်တွေ ပျောက်ဆုံးသွား၏။ ကျွန်တော့်၏ ကျူးကျော်မှု ကို ပုလဲ ကလည်း ကြည်ဖြူစွာ ခွင့်ပြုသောအခါ အချစ်၏ အသာယာဆုံးတဖက်ကမ်းဆီသို့ ပျော်ရွှင်စွာ ကူးဖြတ် မိတော့သည်။

ညနေ ကမှချစ်သူတွေ ဖြစ်ကြပြီး နေ့မကူးခင်ပင် အချစ်နယ်မှာ အဆုံးတိုင်ကျွံမိကြသည့် အဖြစ် ကို ကျွန်တော် နားမလည်ပါ။ သို့သော် ပျော်ရသည်က တော့ အမှန်ပင်။ ပုလဲ လည်း ထို့ အတူပဲ ဖြစ်လိမ့်မည်ဟု ထင်ပါသည်။

လှောင်ပိတ်မှောင်မိုက်သော အခန်းလေးထဲတွင် ကျွန်တော် ချွေးတွေ ရွှဲနေ၏။ ပုလဲ က တိုးတိုး ဖွဖွ ညည်းညူရင်း “ကိုလင်းကိုချစ်တယ်” ဟု တတွတ်တွတ်ပြောနေခြင်း က ကျွန်တော့် ကို အား သစ်တွေ အပြန်ပြန်လောင်းနေသလို ရှိသည်။ ကျွန်တော် မောပါသည်။ သို့သော်လည်း ရပ်နားဖို့ လုံး၀ စိတ်မကူးမိပါ။ ကျွန်တော့်ကို ချစ်၍ အရာရာပုံပေးခဲ့သည့် ချစ်သူလေးကို ချစ် နေရသည် လောက် ဘဝတွင် ဘယ်အရာမှ ကျေနပ်စရာမကောင်း ဟုလည်း တွေးနေ မိပါသည်။

“မီးမဖွင့် လိုက်နဲ့နော်၊ ပုလဲ ရှက်တယ်”

အဆုံးစွန် အထိချစ်ခဲ့ကြပြီးသည့် နောက် တယောက်ကိုတယောက်ဖက်၍ နားနေကြရင်း ပုလဲကပြောသည်။

“ဒီအခြေအနေ အထိရောက်ပြီးမှ ပုလဲရယ်”

“ဟာ … နောက်မှ ကွာ… ခုတော့ ပုလဲ ရှက်သေးတယ်”

“ကိုယ်တွိုင်းလက်သွားချင်လို့”

“ကိုလင်းကတော့ လုပ်ပြီ၊ ခနနေဦး”

မှောင်ထဲမှာ ချိုးချိုးချွတ်ချွတ် အသံ အနည်းငယ်ကြားရပြီးနောက်

“ရပြီ”

ကျွန်တော် မီးထဖွင့်ပြီးကြည့်လိုက်ရာ မျက်နှာလေးသာ ဖေါ်ပြီးတကိုယ်လုံးကို စောင်နှင့် အုပ် ထားသည့် ပုလဲ ကိုမြင်လိုက်ရသည်။

“ဘာကြည့်တာလဲ”

ကျွန်တော့်ကို အော်ပြီး မျက်နှာ ကို လက်ဝါးနှင့် အုပ်လိုက်သည်။ ဒီအချိန် မှာ စောင်ကို ဆွဲ ဖယ်လျှင် ရသော်လည်း ပုလဲ အရမ်းရှက်သွားမှာစိုး၍ မစတော့ပါ။ အိမ်သာ ရှိမည်ထင် သည့် နောက်ဖက်သို့ ထွက်လာခဲ့သည်။ ပုလဲ ကလည်း မခေပါ။ ကျွန်တော်ပြန်ရောက်လာသည့် အချိန်တွင် အဝတ်အစားလဲပြီးနေလေပြီ။

အဖြူရောင်တီရှပ် နှင့် ပန်းနုရောင်လုံချည်ဝတ် ထားသည့် ပုလဲက ကျွန်တော့် ကို မကြည့်ပါ။ကျွန်တော် ဝင်လာသည် နှင့် သူမလည်း အခန်းထဲက ထထွက်သွားသည်။

“ဘယ်လဲ”

“ဘယ်သွားသွားပေါ့”

ပုလဲ လည်း ကျွန်တော့်လိုပင် ကိစ္စသွားရှင်းတာဖြစ်မည်။ တော်တော်ကြီးကြာမှ ပြန်ရောက်လာ၏။ အိပ်ရာပေါ်မှာ ရှိသည့် တလုံးတည်းသော ခေါင်းအုံးကို ကျွန်တော် အုံးပြီး လှဲနေသည် ကိုမြင်တော့ လက်သီးဆုပ်ပြ၏။ နည်းနည်း အရှက်ပြေသွားပြီ ထင်သည်။

“တခြမ်းစီ အိပ်တာပေါ့၊ လာလေ”

ဝတ်ထားသော လုံချည်နှင့် အပြိုင် ပန်းနုရောင်သန်းနေသော မျက်နှာလေး နှင့် ပုလဲ အနားသို့ ရောက်လာသည်။ ကျွန်တော့် ကို ကျောပေးပြီး အိပ်ယာပေါ်မှာဝင်ထိုင်လိုက်၏။

“မအိပ်သေးဘူးလား”

“မအိပ်ပါဘူး”

ဘုပြောသော စကားဖြစ်သော်လည်း ဒေါသသံမပါပါ။ လှဲနေရာမှ ထပြီး ပုခုံးကိုဖက်လိုက်ရာပုလဲ ကိုယ်က တောင့်တောင့်လေးဖြစ်နေသည်။

“ဘာဖြစ်နေတာလဲ ပုလဲရယ်”

“ဘာဖြစ်ရမှာလဲ၊ ပုလဲက မိန်းကလေးပဲ ရှက်တာပေါ့”

“ရှက်မနေနဲ့တော့နော်၊ ကိုယ်ကပုလဲ ကိုချစ်တယ်၊ ပုလဲကလဲ ကိုယ့်ကိုချစ်တယ် မဟုတ်လား”

ပုလဲ မော့ကြည့်သည်။ မျက်လုံးထဲမှာ မျက်ရည်ဝေ့နေသလို ရီဝေနေ၏။

“ချစ်တယ်၊ ချစ်လွန်းလို့ ပုလဲ ခက်နေတာ”

“ခုန ရှက်တယ်ဆို၊ အခု ခက်တယ်တဲ့”

ကျွန်တော် စသော်လည်း ပုလဲ မပြုံးပါ၊ ခပ်တည်တည်လေး နှင့်

“တခုမေးမယ်”

“မေး”

“အထင်သေးလား”

“ဘာရယ်”

“ဒီနေ့ပဲ ရည်းစားဖြစ်တယ်၊ ဒီနေ့ပဲ ….ကိုလင်း နဲ့ ….”

ပုလဲ ခံစားချက်ကို ကျွန်တော် နားလည် လိုက်မိပါသည်။ ဒီနေ့ခေတ်မှာ ဒါကို သိပ်အလေး အနက် မထားကြဟု ထင်စရာရှိသော်လည်း မြန်မာမိန်းကလေး တယောက် အနေဖြင့် စိုးရိမ် တာ ပုလဲ မလွန်ပါ။ ကျွန်တော့်ကို တကိုယ်လုံးပုံပေး ခဲ့သည့် အတွက်ပုလဲ ကို ကျွန်တော် အထင်သေးစိတ် တစိုးတစိ မှ မရှိပါ။

“အထင်မသေးဘူး၊ အရင်ကထက် ပိုချစ်သွားတယ်”

“အခုတော့ ဟုတ်မှာပေါ့၊ နောက်ပိုင်း ကျရင်သာ”

“တနင်္လာ နေ့ကျရင် ရုံးက ခွင့်ယူလိုက်”

“ဘာလုပ်ဖို့လဲ”

“တရားရုံးမှာ လက်မှတ်သွားထိုးမယ်၊ ကိုယ်ပုလဲ နဲ့ ခွဲမနေချင်တော့ဘူး”

“အပိုတွေ”


အပိုင်း ( ၈ ) ဆက်ရန် >>>

Print Friendly and PDF

No comments:

Post a Comment