Wednesday, May 9, 2018

ဖြစ်မလာခဲ့သော မျှော်လင့်ချက်များ အပိုင်း ( ၂ )

ဖြစ်မလာခဲ့သော မျှော်လင့်ချက်များ အပိုင်း ( ၂ )

နောင်ရဲ ရေးသည်။

မနက်စောစော အိပ်ရာထကာ ရေအမြန်ချိုးပြီး အိမ်မှ ထွက်လာသည်။ နာရီကြည့်လိုက်တော့ ၆နာရီ။

“ဟဲ့..သား..အစောကြီးနိုးနေပါလား..ဘာတွေ အရေးတကြီးရှိလို့လဲ”

“ကောင်မလေးပါ..ဆေးရုံမှာ လူနာတွေ တအားများနေလို့ လာကူပေးပါဆိုလို့”

“အေး...အေး...ဖြည်းဖြည်းသွားဦးနော်...အားရင် အိမ်လာလည်ဦးလို့ သမီးလေးကို ပြောလိုက်ဦးနော်...သားက မနက်စာ မစားတော့ဘူးလား”

“မစားတော့ဘူး..မေမေ...ဂျူတီအထွက်မှ ကောင်မလေးနဲ့ အတူ စားလိုက်မယ်”

“အေး..အေး...ဂရုစိုက်ပြီးသွားနော်”

အမေဖြစ်သူကို နှုတ်ဆက်ကာ ဆေးရုံသို့ နောင်ရဲထွက်လာသည်။ ဆေးရုံရောက်တော့ လူနာများ ဆေးထိုးချိန် ဖြစ်သဖြင့် နောင်ရဲပါ ဝိုင်းကူလိုက်သည်။ စိတ်ထဲမှာ သိချင်စိတ်က ပြင်းပျနေသော်လည်း အလုပ်များနေသဖြင့် မမေးမိသေးချေ။

“ဆရာ...ဒီမှာ cannula သွင်းတာ မဝင်လို့ လာကြည့်ပေးပါဦး”

ကောင်မလေး လာခေါ်ခြင်းပါ။ ဆေးရုံတွင်း အပြန်အလှန် လေးစားသမှုဖြင့် ဆရာ၊ ဆရာမ ဟု ခေါ်ကြခြင်းဖြစ်သည်။ (မှတ်ချက်။  ။ Cannula ဆိုသောအရာမှာ သွေးကြောထဲသို့ ဆေး ခဏခဏ သွင်းမည့်သူများအတွက် အဆင်ပြေစေရန် သွေးကြောထဲသို့ ပြွန်ချောင်းထည့်ထားကာ အရေပြားပေါ်မှ အပိုင်းကို tape နှင့် ကပ်ထားခြင်းဖြစ်သည်။ အနည်းဆုံးတော့ ၃ ရက်လောက် ခံသည်။ 

ဆေး ၉ ကြိမ်-၁၂ ကြိမ် ထိုးရမည့်သူ အတွက် ၁ ကြိမ်သာ အနာခံရခြင်းဖြစ်သည်။ သွေးကြောထဲသို့ မထိုးခင် အရေပြားပေါ်မှာ သွေးကြောလေးတွေ ပေါ်လာအောင် လုပ်ရသည်။ အဝလွန်သူများ၊ သွေးရောဂါ ရှိသူများ၊ သွေးကြောသေးငယ်သော ကလေးငယ်များတွင် အနည်းငယ် ခက်ခဲသည်။)

နောင်ရဲ ရောက်လာသောအခါ လူနာကုတင်ထက်တွင် ရုန်းကန် လှုပ်ရှားနေသော ကလေးငယ်ကို တွေ့လိုက်ရသည်။

“ဆရာမ..ကျနော် လုပ်လိုက်ပါ့မယ်...ဆရာမ လုပ်စရာရှိတာ ဆက်လုပ်ပါ”

“ဟုတ်ကဲ့” ဟုဆိုကာ တခြား ကုတင်သို့ ကူးသွားသည်။

နောင်ရဲလည်း ကလေးငယ်၏ လက်ဖျံကို အသာကိုင်ကာ သွေးကြောရှာလိုက်သည်။ ဘယ်ဘက်လက်မှ လက်ကောက်ဝတ် အထက်ကို တင်းတင်းကိုင်ပြီး ညာဘက်လက်မှ cannula ကိုင်ကာ အသာထိုးထည့်သည်။ ထိုအချိန် ကောင်မလေးက ဟိုဘက် ကုတင်ကနေ လှမ်းအော်သည်။ နောင်ရဲလည်း သွေးကြောကို အာရုံစိုက်နေသဖြင့် ဘာမှ မကြားရသော်လည်း “ဟုတ်ကဲ့ ဆရာမ” ဟုသာ ပြန်ပြောလိုက်သည်။ 

ကလေးက နာကျင်သောကြောင့် ရုန်းကန်လိုက်သည်။ သွေးကြောထဲသို့ ဝင်လက်စ cannula ထိပ်ပိုင်း (အပ်) က ပြန်ထွက်လာကာ လက်ကောက်ဝတ်အထက်ပိုင်းကို ကိုင်ထားသော နောင်ရဲရဲ့ ဘယ်ဘက်လက်ကို လာရှသည်။ လက်အိတ်ဝတ်ထားသော်လည်း လက်အိတ်မှာ ရှရာဖြတ်ကြောင်းလေးကို တွေ့လိုက်သည်။ နောင်ရဲ လည်း ကလေးပဲဟုဆိုကာ ဘေးမှ နေသော ကလေးအဒေါ်ကို ကလေးရဲ့ လက်မောင်းမှ အားဖြင့်ချုပ်ကာ ကိုင်ခိုင်းထားသည်။ ထို့နောက်မှာတော့ တံကောက်ကွေးနေရာမှ သွေးကြောခပ်ကြီးကြီး ရှာကာ သွင်းလိုက်သည်။

Cannula သွင်းပြီးနောက် ဆေးထိုးလိုက်ကာ နောင်ရဲလည်း အမြန် လက်သွားဆေးလိုက်သည်။ လက်ချောင်းတွေကို ကြည့်တော့ ဒဏ်ရာတော့ မတွေ့။ ထို့နောက် ကောင်မလေးဆီ အမြန်သွားကာ ကူညီပေးလိုက်သည်။ ၉ နာရီ ဆရာဝန်ကြီး ward round ပြီးသောအခါမှ နီးစပ်ရာ စားသောက်ဆိုင်သွားကာ မနက်စာ စားတော့သည်။

“ညီမ...ပြောဦးလေ...အခြေအနေ....”

“ကို...စိတ်ခိုင်ခိုင်ထားနော်....ဆီးစစ်စရာမလိုတော့ဘူး....ကိုယ်ဝန်ရှိတာ သေချာသွားပြီ”

“ဟင်...ဘယ်လိုသိတာတုန်း...မစစ်ပဲနဲ့...”

“ညီမ စိတ်ကသိတာပေါ့”

“အာ...လာနောက်နေတယ်....”

“ဟုတ်တယ်..ကို..ရ”

“အကောင်းပြောပါကွာ...ဒီမှာ စိတ်လှုပ်ရှားနေတာ...”

“ဟီး...ကိုကလည်း နောက်တာပါ....ဆီးစစ်စရာမလိုတော့ဘူး..ရာသီ မနေ့ညက လာလို့”

“အာ...ဒီကောင်မလေး တအားနောက်..”

“ခစ်ခစ်”

“ဒီလောက်နောက်တာကို အပြစ်ပေးရမယ်...ဒီနေ့ အိမ်မပြန်နဲ့ဦး...ကို့အိမ်လိုက်ခဲ့”

“ဟင်...ဘာမှလည်း မဆိုင်ဘူး...နေဦး..ကိုရဲ့...ဒီနေ့ ညီမ အမေ ရန်ကုန်ကို ဆင်းလာမှာ...ဒီနေ့တော့ မလိုက်တော့ဘူးနော်...နောက်တစ်ခေါက်မှနော်”

“သြော်...ယောက္ခမကြီး လာပြီလား...ကိုတို့ အကြောင်းဘာတွေ ပြောသေးလဲ...”

“အခုထိတော့ ဘာမှ မပြောသေးဘူး...အရင်ကတော့ သဘောမတူဘူးလို့ ပြောတယ်လေ.”

“အင်းပေါ့...စောင့်ရဦးမှာပေါ့.......”

စားသောက်ပြီးနောက် ကောင်မလေးအိမ်ကို လိုက်ပို့ကာ နောင်ရဲလည်း အိမ်ပြန်ပြီး နေ့လည်ခင်း တရေးတမော အိပ်လိုက်သည်။

.....................................................................................................................................

ကောင်မလေး အမေ ရန်ကုန်ကို ဆင်းလာတာက ကောင်မလေးရဲ့ ၂၃ နှစ် ပြည့် မွေးနေ့ကို celebrate လာလုပ်တာပေါ့။ အဖေကတော့ မွေးနေ့ နီးခါနီးမှ လာမည်။ သူ့အမေရှိတော့လည်း နောင်ရဲတို့ ခဏခဏ မတွေ့ဖြစ်ကြ။ ဆေးရုံမှာ ခဏသွားတွေ့ပြီး အရင်လိုတော့ မုန့်တွေ လျှောက်မစားဖြစ်။ နောင်ရဲနဲ့ ကောင်မလေးမွေးနေ့က တစ်လထဲမှာပင် ၁၂ ရက်သာကွာသည်။ ရည်းစားဖြစ်ပြီး ပထမဆုံးကြုံမယ့် မွေးနေ့မှာပင် ၂ ယောက် အတူ မဆင်နွှဲနိုင်ခဲ့။ “နောင်နှစ်တွေတော့ အတူတူ ဖြတ်သန်းချင်တယ် ကောင်မလေးရယ်”

ကောင်မလေး အဖေနဲ့ အမေ နယ်ကို ပြန်သွားပြီဖြစ်လို့ ကောင်မလေးရှိရာကို မနက်စောစောစီးစီး အပြေးလာခဲ့သည်။ Night off ဖြစ်သောကြောင့် အရင်လို အိပ်မှုံစုံဝါး ရုပ်ကလေးနဲ့ အထုပ်တွေသယ်လာကာ ထွက်လာသည်။ နောင်ရဲကို တွေ့သောအခါ

“ကို...ဒီမှာ အိတ်တွေ လာသယ်ပေးဦး...ပင်ပန်းလိုက်တာ....ညက လူနာတွေ ဆေးရုံတက်တာများတယ်...ဗိုက်လည်း ဆာပြီ...မနက်စာ သွားစားရအောင်နော်”

အဲ့ဒီလို ခရားရေလွှတ် စကားတွေ ပြောပြီး အိတ်ကို နောင်ရဲဆီသို့ ထိုးပေးသည်။ ထို့နောက် တက္ကစီငှားကာ မြေနီကုန်းရှိ ဒေါ်တင်တင်အေး မုန့်ဟင်းခါး သွားစားကြသည်။ မုန့်စားပြီးတော့ သူမအိမ်သို့ ပြန်ပို့သော်လည်း

“ကို...မပြန်နဲ့ဦး...ခဏစောင့်...ကိုနဲ့ လိုက်ခဲ့မယ်”

ပြောပြီး အိမ်ပေါ်သို့ တက်သွားသည်။ ထို့နောက် အပေါ်မှ နောင်ရဲကို လှမ်းခေါ်သည်။ နောင်ရဲ အိမ်ပေါ်ရောက်တော့

“သား ပါလာတာ..တခါထဲ အိမ်ပေါ်မတက်လာဘူး..သမီးက သူ့ သူငယ်ချင်းမွေးနေ့ပွဲ သွားမလို့ သားကို ချောဆွဲထားတယ်ဆို”

နောင်ရဲ ရုတ်တရက်တော့ ကြောင်သွားသည်။

“ဟုတ်တယ်..အန်တီ....ကျနော်နဲ့လည်း ခင်နေတော့ ကျနော့်ကိုပါ ခေါ်နေလို့ လိုက်ပို့ပေးမလို့....ခဏလေးပဲ ကြာမယ်ဆိုလို့ ကျနော်က အောက်ကနေ စောင့်နေလိုက်တာ...ရိုင်းသလိုဖြစ်သွားရင် တောင်းပန်ပါတယ်...အန်တီ”

“မဟုတ်တာကွယ်...ရပါတယ်...နောက်ဆိုရင် အိမ်ပေါ်တက်လာခဲ့လေ....အခုလည်း မွေးနေ့ပွဲပြီးရင် ပြန်လာမှာလား”

“မဟုတ်ဘူး..အန်တီ...ရုပ်ရှင်သွားကြည့်ဦးမယ်” ကောင်မလေး အခန်းထဲမှ လှမ်းအော်သည်။

“အေး...အေး....သား..ညီမလေးကို ဂရုစိုက်ကွယ်...သူက တဇွတ်ထိုးလုပ်တတ်တယ်”

“ဟုတ်ကဲ့...အန်တီ”

ကောင်မလေးလည်း အခန်းထဲမှ ထွက်လာသောကြောင့် အန်တီ့ကို နှုတ်ဆက်ကာ နောင်ရဲအိမ်သို့ ကားငှားကာသွားကြသည်။ ၂ ယောက်သား ကြင်စဦး ဇနီး မောင်နှံ ပုံစံဖြင့် မတွေ့တာတော်တော် ကြာသောကြောင့် စကားတွေလည်း ပြောမဝပင်။

နောင်ရဲ အိမ်တံခါးပိတ်လိုက်သောအခါ အောင့်အီးထားသမျှတွေ အတိုးချ ချစ်ပစ်ရန် ကောင်မလေးက သူ့ကို လှမ်းဖက်ပြီး နှုတ်ခမ်းကို စုပ်နမ်းပါတော့သည်။ အပြန်အလှန် နမ်းနေရင်း နောင်ရဲ အခန်းသို့ ရောက်မှန်းမသိ ရောက်သွားကြသည်။ ကုတင်ခြေရင်းနား ရောက်သည်နှင့် ကောင်မလေးကို ကုတင်ပေါ်သို့တွန်းလှဲလိုက်သည်။ ထို့နောက် ကောင်မလေးထမီကို ဆွဲချွတ်ကာ ပင်တီကိုချွတ်ပြီး ပိပိကို လျှာနဲ့ ယက်လိုက်တော့သည်။ အောင့်အီးထားတာ ကြာပြီဖြစ်သောကြောင့် အလျင်စလို လုပ်မိနေခြင်းပင်။ တဖြည်းဖြည်းနှင့် ပိပိက အရည်တွေ ရွှဲတက်လာသည်။ နောင်ရဲရဲ့ တံတွေးတွေနဲ့ ပိပိအရည်တွေနဲ့ ရောပြီး ပိပိက ပြောင်လက်လက်လေးဖြစ်နေသည်။

“အ...အ....ကို....ကောင်းတယ်”

“ကို....ခဏလေး..ညီမအလှည့်...လာ...ဒီမှာ လာလှဲချည်”

နောင်ရဲလည်း ကုတင်ပေါ်သို့ တက်ကာ လှဲနေလိုက်သည်။ နောင်ရဲရဲ့ ပုဆိုးနဲ့ အောက်ခံဘောင်းဘီကို ကောင်မလေးက ချွတ်လိုက်တော့ ညီတော်မောင်က ငေါက်ကနဲ  ထောင်နေသည်။

“အား....ကို့ဟာကြီးက ကြီးလာသလိုပဲ...မိုက်တယ်” ဟုဆိုကာ ညီတော်မောင်ကို အရင်းမှ ကိုင်ပြီး ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။

“ပြွတ်...ပြွတ်ဆိုပြီး ၂ ချက်လောက်စုပ်ပြီးတော့ ညီတော်မောင် အဆုံးထိကို ပါးစပ်ထဲ အတင်းထိုးထည့်လိုက်သည်။

“ဝေါ့.....”

ကောင်မလေး ပျို့တက်လာခြင်းပင်။ အခုမှ စစုပ်တာဆိုတော့ အနေအထား မထားတတ်တော့ အန်မလိုဖြစ်တော့တာပေါ့။

“ညီမ...အစပိုင်းက အဲ့ဒီလိုပဲလေ.....အန်ချင်နေတယ်ဆိုရင်တော့ ဆက်မလုပ်နဲ့တော့နော်...လိုရင်းကို သွားရအောင်”

ကောင်မလေးက စိတ်မကောင်းလေဟန်ဖြင့်..

“ကို့ကို ပါးစပ်နဲ့ လုပ်ပေးချင်လို့...အခုတော့ အန်ချင်သလိုဖြစ်နေပြီ...နောက်တစ်ခေါက် သေချာလုပ်ပေးမယ်နော်....အခုတော့ ကိုပြောသလို လိုရင်းသွားရအောင်...ခစ်ခစ်”

“အင်း....ဘယ်လို ပုံစံလုပ်ချင်လဲ”

“ကို အပေါ်နဲနဲတက်ပြီး ကုတင်ခေါင်းရင်းက နံရံကို မှီလိုက်နော်....ကို့မျက်နှာကို ကြည့်ပြီး ညီမက အပေါ်ကနေလုပ်မယ်လေ...နေဦး....ဒီအတိုင်းလုပ်မလို့လား...ဟိုတစ်ခါလို ဖြစ်နေဦးမယ်နော်...”

နောင်ရဲလည်း ကောင်မလေးပြောသလို နေလိုက်ရင်း သူ့ပိုက်ဆံအိတ်ထဲကနေ ကွန်ဒုံးထုတ်ကာ လှမ်းပေးလိုက်သည်။

“ရော့ပါဗျာ....ဒါတွေသိလို့ အဖော်ခေါ်ထားတာပေါ့...”

“ခစ်ခစ်....ကိုပဲ စွပ်လိုက်နော်...ညီမ ရှက်လို့..နောက်တစ်ခေါက်မှ လုပ်ပေးမယ်နော်....အခုတော့ ပညာယူလိုက်ဦးမယ်”

“အေးပေါ့....ငှက်ပျောသီးကိုပဲ စွပ်ပေးတတ်တာဆိုတော့ ဘယ်သိပါ့မတုန်းနော့”

“ကိုနော်...မစနဲ့...မြန်မြန်လုပ်....ဒီမှာ ထည့်ချင်နေပြီ“

နောင်ရဲလည်း ကွန်ဒုံးမြန်မြန်စွပ်လိုက်သည်။ ထို့နောက် နောင်ရဲ အပေါ်မှ ကောင်မလေးက တက်ထိုင်လိုက်ကာ ညီတော်မောင် အရင်းကို ကိုင်ပြီး ကောင်မလေးက ပိပိနှင့် ပွတ်နေသည်။ ပွတ်နေရင်းနဲ့မှ ဒစ်ဝင်ရုံလေး ထည့်လိုက်ကာ အသွင်းအထုတ်လုပ်နေသည်။

“အ...အ...အ....ကို..ထည့်လိုက်မယ်နော်”

နောင်ရဲလည်း ခေါင်းညိတ်လိုက်သည်။ ဒစ်ဝင်ရုံလေးထည့်နေရင်းမှ အဆုံးထိကို အားနှင့် ဆောင့်ချလိုက်သည်။ “အ..” ကောင်မလေးဆီမှ သံပြတ်လေးပေါ်လာသည်။ နည်းနည်းနာသွားပုံရသည်။ ညီတော်မောင်ကို မထုတ်သေးပဲ ခဏစိမ်ထားပြီးမှ သူ့ရဲ့ ကိုယ်လုံးလေးကို အပေါ်အောက် လှုပ်ရှားတော့သည်။ ခါးသေးသေး၊ တင်ထွားထွားကြီးအောက်ကနေ ညီတော်မောင် က “ဗြွတ်..ဗြွတ်....ဘွတ်...” လို့ အသံပေါင်းစုံမြည်ကာ ပိပိကို မိန်ရည်ယှက်ရည် စားသုံးနေတော့သည်။ တခါတခါ ကောင်မလေးက မျက်လုံးများကိုမှိတ်ကာ နှုတ်ခမ်းလေးကိုက်ရင်း ဖီးလ်ဖြစ်နေတာကို ကြည့်ရတာ နောင်ရဲအတွက်တော့ တစ်မျိုးလေးပင်ဖြစ်သည်။ အချက် ၃၀ လောက်ကြာတော့ ကောင်မလေးက

“ကို...ညီမ...ပြီးချင်နေပြီ....ပြီးလိုက်မယ်နော်....”

“အင်း....ပြီးလိုက်လေ....ကို့ကို ဖက်ထားလိုက်...” ဟုဆိုကာ နောင်ရဲက အောက်ကို လျှောချလိုက်သည်။ ထိုင်နေတဲ့ ပုံစံမဟုတ်တော့။ ပြီးတော့မှ ပေါင်နည်းနည်းကားလိုက်ကာ ကောင်မလေး တင်ပါးထွားထွားကြီးကို လက်နှင့် အားရပါးရကိုင်ရင်း အောက်ကနေ ညီတော်မောင်ကို ပင့်ပင့်ပြီး ဆောင့်ထိုးလိုက်သည်။

“အ...အား......ကို....ညီမ...ပြီးပြီ...ညီမ...ပြီးပြီ” ဟုအော်ဟစ်ကာ တကိုယ်လုံး တုန်ခါသွားတော့သည်။ နောင်ရဲလည်း ဆောင့်နေရာမှ အရှိန်လျှော့လိုက်ကာ လှုပ်ရုံလောက်လေးသာ လှုပ်ပြီး အသာငြိမ်နေလိုက်တော့သည်။ ကောင်မလေးလည်း မောနေသောကြောင့် အပေါ်ကနေ နောင်ရဲကိုဖက်ပြီး နားနေသည်။ တအောင့်ကြာတော့မှ ညီတော်မောင်ကို ချွတ်ကာ ကုတင်မှာလှဲလိုက်ပြီး နောင်ရဲကို ကျောပေးကာ တဘက်လှည့်နေသည်။

“ကို....အနောက်ကနေ ထည့်ပေးလေ..”

ကောင်မလေးက နောင်ရဲမပြီးသေးတာကို သိသောကြောင့် ဆက်လုပ်ခိုင်းနေခြင်းပင်။ နောင်ရဲလည်း မထည့်သေးပဲ အနောက်ကနေ သိုင်းဖက်လိုက်ကာ ပိပိကို ပွတ်ပေးနေသည်။ ခဏအကြာမှာတော့ ပိပိကနေ အရည်တွေ ပြန်ထွက်လာသည်။ အဲ့ဒီတော့မှပဲ အနောက်က ပိပိကို ဖြည်းဖြည်းချင်းထည့်လိုက်သည်။ တဇောင်းလှဲနေသောကြောင့် ကောင်မလေးတင်ပါးက ဖုထစ်ကာ ထွက်နေသည်။ 

တင်ပါးပေါ်ကို နောင်ရဲလက်တင်လိုက်ကာ ဖစ်ညှစ်နေရင်း ပိပိထဲသို့ ညီတော်မောင်ကို အသွင်းအထုတ်လုပ်နေတော့သည်။ တချက် တချက်မှာတော့ “ဖြန်း...ဖြန်း” ကနဲ မြည်အောင် တင်ပါးဖြူဖြူလေးကို ရိုက်လိုက်သည်။ တင်ပါးဖြူဖြူလေးက ရိုက်လိုက်တဲ့အရှိန်နဲ့ နီရဲလာသည်။ ကောင်မလေးကလည်း ရိုက်လိုက်သောအခါမှ ပိုပြီး ဖီးလ်ဖြစ်သလို အော်နေတော့သည်။ နောင်ရဲလည်း တင်ပါးနီနီလေးကို ကြည့်ကာ ပြီးချင်လာသည်။

“ညီမ...ခဏထဦး...ကို့ကို  ဖင်ကုန်းပေးနော်....ဒေါ့ကီဆွဲချင်လို့”

နောင်ရဲပြောသလို ထလိုက်ကာ ဖင်ကုန်းပေးသည်။ နောင်ရဲလည်း လိုချင်တဲ့ပုံစံဖြစ်အောင် ပြုပြင်ပေးလိုက်သည်။ ခုဏက ရိုက်ထားသော တင်ပါးနီနီလေးကြားထဲမှ ပိပိလေးက ဖောင်းဖောင်းလေး ပြူထွက်လာသည်။ နောင်ရဲလည်း ညီတော်မောင်ကို ကိုင်ကာ ပိပိတလျှောက် ပွတ်ပေးနေလိုက်သည်။ ပြီးတော့မှ ဆောင့်ကာ ထိုးထည့်လိုက်သည်။

“ဗြောင်း...ဗြောင်း...ဗြောင်း....ဘုတ်...ဘုတ်....ဘုတ်....ဘွတ်”

“အ.....အ.......အင်း.......အ.....ကို....ကောင်းး.....အ...တယ်....”

“ကိုလည်း.......ကောင်းတယ်...”

ကောင်မလေးရဲ့ ခါးသိမ်သိမ်လေးကို လက်ဝါးနဲ့ အုပ်ကိုင်လိုက်ကာ ဆောင့်ထည့်တော့သည်။ အရှိန်ကို မြှင့်လိုက်တော့ ပိပိကြားထဲမှ အရည်များ ပန်းထွက်လာကာ ကောင်မလေး ပြီးသွားတော့သည်။ နောင်ရဲလည်း ညီတော်မောင်ကို ဖွင့်ချခွင့်ပေးလိုက်သည်။ ကွန်ဒုံးမခံလို့ကတော့ ပိပိလေးထဲသို့ ဆောင့်ပြီး ဝင်သွားမှာ အသေအချာပင်။ ထို့နောက် ၂ ယောက်သား အိပ်ရာပေါ်လှဲချကာ ခဏအမောဖြေလိုက်သည်။ ကွန်ဒုံးကို ချွတ်လိုက်သောအခါ သုတ်ရည်ဖြူဖြူဖွေးဖွေးတွေက ကွန်ဒုံးအထဲကနေ တွဲလောင်းလေးကျနေသည်။

“ဟာ..ကို အများကြီးပဲ.....ဘယ်လောက်တောင် အောင့်ထားတာလဲ...”

“ကြာပေါ့...ညီမနဲ့ နောက်ဆုံးတွေ့ထဲကလေ”

“လက်နဲ့ မလုပ်ဘူးလား...”

“မလုပ်ဘူးလေ...”

“ဘာလို့လဲ...”

“သြော်...ညီမ တစ်ယောက်လုံးရှိတာကို ညီမကလွဲရင် ကျန်တဲ့မိန်းမ မပြောနဲ့ လက်ကိုတောင် လုပ်ခွင့်မပေးထားဘူး...”

“ကိုကတော့ ပိုပြီ...အဲ့ဒါလေးတွေကြောင့် ဟော့ဒီက ညီမကလည်း ကို့ကို အသည်းစွဲချစ်တာပေါ့ရှင်...ခစ်ခစ်.”

 ၂ ယောက်သား စကားပြောကာ ခဏနားနေရင်းမှ နေ့လည် ၂ နာရီလောက်မှာ ရေချိုးလိုက်သည်။ ဒီတစ်ခါတော့ ရေချိုးခန်းထဲမှာ ဖက်ထားရင်းနဲ့ တစ်ယောက်ကို တစ်ယောက် လက်နှင့် လုပ်ပေးကြသည်။ ပြီးသွားတော့မှ အဝတ်အစားလဲကာ နေ့လည်စာကို Feel 3 မှာ သွားစားကြသည်။ ၂ ယောက်သား အားပျက်နေသောကြောင့် စားလိုက်ကြတာမှ ဝေသာလီပြည်ကြီး ဘီလူးဝင်စီးနေသလိုပင်။ ဗိုက်တင်းအောင် စားပြီးမှ ကောင်မလေးကို အိမ်ပြန်ပို့ပေးလိုက်သည်။ ညနေဘက်ကျတော့ နောင်ရဲလည်း ဆေးခန်းသွားထိုင်သည်။ ညဘက် အိပ်ရာဝင်တော့ ကောင်မလေးဆီ ဖုန်းဆက်တာပေါ့။ ပြောနေကျစကားလေးပဲ ပြောဖြစ်သည်။

..................................................................................................................................................

ဒီဇင်ဘာလရဲ့ အတန်ငယ်အေးသော ရန်ကုန်ဆောင်းရဲ့ နေ့တစ်နေ့မှာ နောင်ရဲတို့ ဘွဲ့ယူကြသည်။ ဘွဲ့ဝတ်စုံများ ဝတ်ကာ ချွေးတဒီးဒီးကျနေသော်လည်း ဓါတ်ပုံရိုက်ရာတွင် အပြုံးမပျက်သော သူငယ်ချင်းကောင်မလေးများကို ကြည့်ကာ နောင်ရဲတစ်ယောက် ရယ်မိသည်။ နောင်ရဲလည်း မိဘ ၂ ပါးနှင့် အတူ ဓါတ်ပုံရိုက်နေစဉ်

“သား ကောင်မလေးကော မလိုက်လာဘူးလား” အမေကလှမ်းမေးသည်။

“သူ ဂျူတီရှိလို့ ...မေမေ...ညဘက် ဒင်နာတောင် မလိုက်ဖြစ်ဘူး...အခု ဒီမှာ ဘွဲ့ယူပြီးရင် သူ့ခဏသွားတွေ့လိုက်ဦးမယ်နော်..”

“အေး..အေး”

နေ့လည် ၂ နာရီလောက်မှ မိဘ ၂ ပါးနှင့် အတူ အပြင်မှာပင် ထမင်းအတူစားပြီးနောက် နှုတ်ဆက်ကာ ကောင်မလေးဆီကို သွားလိုက်သည်။ ကောင်မလေးနှင့်တွေ့တော့ သူ မလိုက်နိုင်သည်ကို ခွင့်လွှတ်ရန်တောင်းပန်စကား ဆိုသည်။ နောင်ရဲလည်း ဘာမှ မဖြစ်ကြောင်း ပြန်ပြောကာ ကောင်မလေး အလုပ်တွေကို ကူလုပ်ပေးလိုက်သည်။ 

ညနေ ၅ နာရီလောက်မှာတော့ ဆေးရုံမှ ပြန်ထွက်ကာ အိမ်ပြန်၊ ရေချိုး၊ အဝတ်အစားလဲပြီး ဂုဏ်ပြုပွဲဒင်နာ ကို သွားသည်။ ကောင်မလေးမလိုက်နိုင်သော်လည်း သူငယ်ချင်းများနှင့် ပျော်ကာ ဒင်နာအပြီး ၁၉ လမ်းတွင် ဘီယာသွားသောက်ကြသည်။ ကောင်မလေးဆီ ဖုန်းဆက်ပြောတော့

“ကို ပျော်ရင်ပြီးတာပါပဲ...အမြဲတမ်းတော့ မသောက်နဲ့နော်...အများကြီးလည်း မသောက်နဲ့ဦး”

“အင်းပါ...ဒါ့ကြောင့် ညီမကို ချစ်တာ...ဆေးသောက်ပြီးပြီလား....”

“ဟုတ်”

“ဒါဆို ကို အခု သူငယ်ချင်းတွေနဲ့ ဆိုတော့....မနက်ဖန်မှ လာခဲ့တော့မယ်နော်...ချစ်တယ် သိလား”

“ဟုတ်...ညီမလည်း ချစ်တယ်”

နောင်ရဲ တစ်ယောက် ဘွဲ့လည်း ရပြီးပြီဆိုတော့ သူ့ အနာဂါတ်အတွက် plan ဆွဲတော့သည်။ နောင်ရဲ အဖြစ်ချင်ဆုံးက ခွဲစိပ်ဆရာဝန်၊ ကောင်မလေး အဖြစ်ချင်ဆုံးက ဆေးပညာဆရာဝန်၊ လောလောဆယ် အစိုးရဆီမှာ အလုပ်ဝင်ရန် ဆုံးဖြတ်ထားသည်။ သူငယ်ချင်းတွေကတော့ Master ကို တခြားနိုင်ငံမှာ သွားတတ်တဲ့သူနဲ့၊ ဂျမေကာနိုင်ငံမှာ ဆရာဝန်သွားလုပ်တဲ့သူနဲ့၊ အမေရိကန်တို့ အော်စီတို့မှာ ဆရာဝန်လုပ်ဘို့ စာမေးပွဲ ဝင်ဖြေမယ့်သူနဲ့။ နောင်ရဲလည်း သူတို့လို ဆက်တက်ချင်သော်လည်း ပိုက်ဆံ အခက်အခဲကြောင့် သွားလို့ မရနိုင်။ 

နောင်ရဲ စီစဉ်ထားသည်က ၂ နှစ်ခန့် အလုပ်ဝင်၊ ပြီးရင် ဒီမှာပဲ Master degree အတွက် ကျောင်းဆက်တက်မယ်။ ဘွဲ့လွန် ပြီးတော့မှ အလုပ်အခြေကျတော့မှ ကောင်မလေးနှင့် အတူနေနိုင်အောင် ကြိုးစားရမည်။ အနည်းဆုံး ၅-၇ နှစ်ကြာနိုင်သည်။ ကောင်မလေးကလည်း အဲ့ဒါကို သဘောတူသည်။ ကောင်မလေးက သူ့အတွက် ဘာမှ မရှိရင်နေပါ၊ ဂိမ်းအတူတူ ဆော့ရရင် ကျေနပ်ပြီတဲ့။ ၂ ယောက်လုံးက ဂိမ်းသရဲတွေ။ အိပ်ခန်းထဲမှာ Flat TV အကြီးကြီးထားပြီး home theatre လို ထားကာ ဆော့ချင်နေကြသည်။ ဘယ်အရာမဆို အကြိုက်တူကြသည်။ အနာဂါတ်အတွက် ရင်ခုန်ရင်းနဲ့ ၂ ယောက်သား အချိန်တွေကို အလုပ်ထဲမှာ နှစ်ရင်း၊ အားတဲ့ အချိန်လျှောက်လည်ရင်းနဲ့ ကုန်ဆုံးလိုက်သည်။

နောက်တစ်နှစ်အကြာ ဇန်နဝါရီလ။

ကောင်မလေးလည်း အလုပ်သင်ဆရာဝန်တာဝန်ပြီးလို့ ဘွဲ့မယူခင်ကြားမှာ သူနေထိုင်ရာ မြို့လေးသို့ ပြန်မည်။ နောင်ရဲတို့ ၂ ယောက်အကြောင်းကို ကောင်မလေး မိဘတွေက သဘောမတူသေး။ တစ်ရက်မှာတော့ ကလေးဆေးရုံကအပြန် အမေရိကန်စင်တာရှိရာ လမ်းလေးမှ ဖြတ်ကာ ပြည်လမ်းမကြီးဆီသို့ လမ်းလျှောက်လာကြသည်။ အဲ့ဒီ လမ်းမကြီးက လူရှင်းတယ်လေ။ ချစ်သူ ၂ ဦး စကားတွေ တပြောပြောနဲ့ လမ်းလျှောက်လို့ အကောင်းဆုံး နေရာပေါ့။

“ကို...ညီမကို တကယ်ချစ်တာလားဟင်”

“မေးဘို့ လိုသေးလို့လား...ညီမ.............ညီမဟာ ကို့ရဲ့အချစ်ဦးပါ...နောက်ထပ်တခြားသူကို ချစ်နိုင်မယ်ဆိုရင်တောင် ညီမလောက်ချစ်မှာမဟုတ်ဘူး...အခု ဘာဖြစ်လို့လဲ....ညီမအိမ်က ယတိပြတ် ပြောလိုက်လို့လား...သဘောမတူဘူးဆိုပြီး”

“ဖုန်းဆက်တိုင်း ညီမလည်း မေးတာပဲ....ဘာမှ ပြတ်ပြတ်သားသား မသိရသေးဘူး...”

နောင်ရဲ နှုတ်ဆိတ်နေလိုက်သည်။

“ဒါပေမယ့် စိတ်မပူပါနဲ့ ကို.....ကို့ကို ညီမ တအားချစ်တယ်....ကို့အနားမှာပဲ ရှိနေမှာပါ...”

“ညီမကို ကို ယုံပါတယ်...မယုံတာက ကံကြမ္မာကိုပဲ....ညီမ ကို့ဘက်ရှိနေတယ်ဆိုရင်ပဲ ကိုကျေနပ်ပါတယ်...ဘာဖြစ်ဖြစ် ညီမကို ကိုချစ်တယ်နော်...သြော်...တကယ်လို့ ကိုနဲ့ ဝေးရမယ်ဆိုရင်လည်း  ဆေးသောက်ဘို့တော့ မမေ့နဲ့နော်”

“သြော်...ကိုရယ်....”

 ကောင်မလေး မျက်ဝန်းမှာ မျက်ရည်စက်တွေ တွဲလွဲခိုလာသည်။ နောင်ရဲလည်း ကောင်မလေးရဲ့ ပုခုံးကို အသာအယာ ညှစ်ကာ အားပေးလိုက်သည်။ နောင်ရဲ ပုခုံးကို မှီကာ လက်မောင်းကို ချိတ်ပြီး လမ်းလျှောက်ကြသည်။ ရန်ကုန်ဆောင်းရဲ့ ညနေခင်း လေအေးက နောင်ရဲတို့ ၂ ယောက်ရဲ့ ရင်ထဲက အပူမီးကို မငြိမ်းသတ်ပဲ ဘေးကနေ ဖြတ်သွားသည်။

ညဘက်ကျတော့  နောင်ရဲဆီသို့ ကောင်မလေးက ဖုန်းဆက်သည်။ သူ မနက်ဖန် မနက် လေယာဉ်နှင့် သူမမြို့သို့ ပြန်မည်ဖြစ်ကြောင်း ပြောသည်။ နောင်ရဲ ရုတ်တရက် တွေဝေသွားသည်။

“ကို့ကို ဘာလို့ ကြိုမပြောတာလဲ...ညီမရယ်...”

“ကို..ဝမ်းနည်းနေမှာစိုးလို့....မနက် ၈ နာရီ လေယာဉ်နဲ့ သွားမှာ....လိုက်မပို့နဲ့တော့နော်....ရန်ကုန်ရောက်နေတဲ့ မောင်အလတ်က လိုက်ပို့မှာမို့လို့”

“ညီမကလည်းလေ...လုပ်လိုက်ရင် အလျင်စလိုပဲ....ကို့ကိုတော့ ပြောပြထားသင့်တာပေါ့”

“စိတ်မဆိုးပါနဲ့နော်....ကို...”

“ကဲပါ....ဖြစ်ပြီးသွားပြီဆိုမှတော့ အပြစ်မပြောတော့ပါဘူး....ဟိုရောက်ရင် ကျန်းမာရေး ဂရုစိုက်နော်...ကို့ဆီကိုလည်း ရောက်ရောက်ချင်း ဖုန်းဆက်နော်...ဆေးသောက်ဘို့လည်း မမေ့နဲ့နော်”

“ဟုတ်...ကို”

ဘာလို့လဲတော့မသိ၊ အဲ့နေ့က ဖုန်းနဲ့ စကားပြောတာပင် နာရီဝက်လောက်ကြာသွားသည်။ အဲ့ဒီလောက်ထိ နောင်ရဲတို့ ဖုန်းနဲ့ စကားကြာကြာ မပြောဖူးဘူး။

စနေနေ့ မနက် ၇ နာရီမှာ နောင်ရဲဆီသို့ ဖုန်းလာသည်။ ကောင်မလေးဆီက နှုတ်ဆက်ကြောင်းပေါ့။ ဖုန်းအဆက်အသွယ်လုပ်ရန် အထပ်ထပ် အခါခါ ပြောသည်။ နောင်ရဲကို အကြိမ်ကြိမ် အခါခါ ကတိပေးသည်။ သူမ ပြန်လာပါမည်လို့။ လူကိုယ်တိုင်ချင်း တွေ့ပြီး မနှုတ်ဆက်ရတော့ ဖုန်းထဲမှာပင် ပြောလိုက်သည်။

“ချစ်တယ်...ညီမ....ဒီစကားကို နောက်မပြောရတော့မှာပဲ ကို စိုးရိမ်မိတယ်....ဒါပေမယ့် ညီမ ကို့ဘက်မှာ ရှိမယ်လို့တော့ ယုံကြည်ပါတယ်....ထပ်ဆုံတွေ့ပါရစေနော်...ကို့ဆီ ပြန်လာနော်”

“ဟုတ်”

ကောင်မလေး အသံက လှိုက်မောကာ တုန်ရီနေသည်။

“ကို...check-in ဝင်တော့မှာမို့လို့...ဒါပဲနော်...ကိုလည်း ဂရုစိုက်နော်....ကို့ကို ကျေးဇူးတင်ပါတယ်...ညီမကို အဲ့ဒီလောက်ထိ အလိုလိုက်ပြီး ချစ်လို့..တာ့တာနော်”

နောင်ရဲ ဘာမှ မပြောခင် ဖုန်းချသွားသည်။ ကောင်မလေးနှင့် ဖုန်းပြောကာ နှုတ်ဆက်ပြီး နေ့တစ်နေ့တာကို ဘာမှန်းမသိ ဖြတ်သန်းနေရသည်။ ကောင်မလေးဆီက သူမမြို့ကို ပြန်ရောက်ပြီ ဖြစ်ကြောင်း ဖုန်းကို မျှော်နေမိသည်။ ညကုန်ဆုံးသွားသည်အထိ ဖုန်းသံမမြည်ပါ။ နောင်ရဲတစ်ယောက် ကြိတ်မှိတ်ကာ ဘုရားရှိခိုးဆုတောင်းနေရသည်။

“ထင်ထားသလို ဖြစ်မလာပါစေနဲ့ ကောင်မလေးရယ်....မင်းကို ငါ....တအားချစ်တာ...”

.........................................................................................................................

စောင့်ဆိုင်းရတဲ့သူအတွက် ကြာချိန်တွေက ငရဲဆိုရင် နောင်ရဲတစ်ယောက် အခု ငရဲခန်းထဲမှာ လူးလိမ့်နေရပေပြီ။ ကောင်မလေးဆီက ဖုန်း မျှော်သော်ငြားလည်း မလာပါ။ နောင်ရဲကို နယ်က ဖုန်းနံပါတ် မပေးသွားပါ။ ဟန်းဖုန်းကို ခေါ်သော်လည်း မကိုင်ပေ။

“ရင်ထဲမှာ ပူဆွေးရပါလား ကောင်မလေးရယ်...မင်း အဆင်မှ ပြေရဲ့လား....ကိုယ့်ဆီ အမြန်ဆက်သွယ်ပါကွာ” နောင်ရဲ တစ်ယောက်ထဲ ရေရွတ်နေသည်။ အလုပ်ထဲမှာလည်း စိတ်မပါပေ။ ဘာလုပ်လုပ် အဆင်မပြေ။

ညဘက် ဆေးခန်းက ပြန်တော့ ရေမိုးချိုးကာ ထမင်းကို စားတယ်ဆိုရုံလေး စားလိုက်သည်။ လူလည်း လုံးပါးပါးကာ ဒီ အတောအတွင်း ကိုယ်အလေးချိန်ပါ ကျလာသည်။ ထမင်းစားပြီးတော့ ကုတင်ပေါ်မှာ လှဲနေကာ နဖူးပေါ်လက်တင်ပြီး ကောင်မလေးအကြောင်း စဉ်းစားနေသည်။ ထိုအချိန်တွင် နောင်ရဲ အမေက လှမ်းခေါ်သည်။

“သားရေ....ဖုန်းလာနေတယ်...သား ကောင်မလေးဆီက”

နောင်ရဲ ပျော်သွားသည်။ ဖုန်းရှိရာသို့ မပြေးရုံတမယ် လျှောက်လာသည်။

“အမယ်...အမယ်...ကောင်မလေးဆီကဆိုတာနဲ့ ပျော်သွားလိုက်တာ...ငါ့သားလေး...ကျန်းမာရေးလည်း ဂရုစိုက်ဦး”

“ဟုတ်ကဲ့...မေမေ”

နောင်ရဲအမေလည်း သူ့အခန်းထဲ သူပြန်ဝင်သွားသည်။ နောင်ရဲ လက်က ကတုန်ကယင်နှင့် ဖုန်းကို ကောက်ကိုင်လိုက်သည်။

“ဟယ်လို”

“ဟယ်လို...ကို.....နေကောင်းလား.....”

“နေကောင်းပါတယ်...ညီမ...ညီမဆီက ဖုန်းကို မျှော်နေတာ...ဘာလို့မဆက်တာလဲဟင်”

“အဲ့အကြောင်းပြောမလို့....ညီမလည်း စိတ်ညစ်တယ်.....လေယာဉ်ပေါ်က ဆင်းတာနဲ့ အိမ်အပြန်လမ်းမှာတင် အမေက ပြောတာ...ကိုနဲ့ ဖြတ်ဘို့ဆိုပြီး”

နောင်ရဲတစ်ယောက် ဆုတောင်းသော်လည်း မပြည့်ပါလား။ အခုတော့ ဖြစ်လာပြီ။

“အင်း....ဘာတွေ ပြောလို့လဲ...ညီမကကော ဘယ်လို ဖြစ်စေချင်တာလဲ”

“ပြောတာကတော့....ကို စိတ်လည်း မဆိုးပါနဲ့နော်......ကိုနဲ့ လုံးဝ သဘောမတူဘူးတဲ့.....ကိုက ဘာကြီးပဲ ဖြစ်နေနေ...ဘာတွေပဲ လုပ်နေနေ.....ကို...နားထောင်နေလား”

“အင်း...ဆက်ပြောပါ...ညီမ...ကို နားထောင်နေတယ်”

“စိတ်မဆိုးနဲ့လို့တော့ မပြောချင်ပေမယ့် တောင်းဆိုပါရစေ”

“အင်း...ပြောမှာသာ ပြောပါကွယ်”

“ဟုတ်....ဘယ်လိုပြောရမလဲ....ကိုတို့မိသားစုနဲ့ ညီမတို့မိသားစုက အတူတူပဲတဲ့..ပြောရရင်တော့ ၀ နဲ့ ၀ ပေါင်းလို့ ဘယ်တော့မှ ၁ မဖြစ်ဘူးတဲ့...နှုတ်ခမ်းပဲ့ချင်း မီးမမှုတ်ပါနဲ့တဲ့.....”

နောင်ရဲ တစ်ယောက် ဒေါသဖြစ်သွားသည်။ ငယ်ငယ်လေးထဲက ဖြူဖြူစင်စင် ကြိုးကြိုးစားစားနေလာသည်။ တစ်နေ့ အောင်မြင်သော ခွဲစိပ်ဆရာဝန် ဖြစ်ရန်လည်း ဇွဲမလျော့ပေ။ သူ့မာန်မာနကို စော်ကားတာ ဒါ ပထမဦးဆုံးပင်။ သူ သိပ်ချစ်သော ကောင်မလေးရဲ့ မိဘတွေ ဖြစ်နေလို့ ဘာမှတော့ ပြန်မပြောဖြစ်။ ဒေါသနဲ့ ပြောသလို ဖြစ်မည်စိုးသောကြောင့် လေသံကို တိုးနိုင်သမျှ တိုးကာ မေးလိုက်သည်။

“အဲ့တော့ ညီမကကော ဘယ်လို ဆုံးဖြတ်ထားလဲ”

“ညီမက ငယ်ငယ်လေးထဲက မိဘနဲ့ ခွဲနေရတော့ မိဘတွေကို စိတ်မဆင်းရဲစေချင်ဘူး...ညီမလည်း မပြောတတ်တော့ဘူး...ကိုရယ်...”

ကောင်မလေး စကားကို ကြားရတော့ မိုးကြိုးပစ်ချခံလိုက်ရသလိုပင်။ ကောင်မလေး စိတ်ကို မြင်လိုက်ရသောကြောင့်ပင်။

“ညီမက ကိုနဲ့ သူတို့ ပြောသလို လမ်းခွဲမယ်ပေါ့...”

“ကို...ညီမကို စိတ်မဆိုးနဲ့နော်...”

“မဆိုးပါဘူး...ညီမ...ညီမကို ကိုက တအားချစ်တာကိုး...ဘာလုပ်လုပ်ခွင့်လွှတ်ပါတယ်....တစ်ခုပဲ မေးချင်တယ်....”

“ဟုတ်”

“ကိုမရှိလည်း ညီမ အဆင်ပြေလား...ဒီအခြေအနေအတိုင်း ညီမ အဆင်ပြေလား...”

“အဆင်ပြေအောင်တော့ နေရမှာပေါ့...ကိုရယ်.....”

“အိုကေ....ညီမ ဘက်က အဆင်ပြေတယ်ဆိုရင် ကို့အတွက် မစိုးရိမ်နဲ့တော့...ကိုက ဘာမှ မဖြစ်ဘူး.....ကို စိုးရိမ်တာ ညီမကိုပဲ...”

“ဟုတ်....ဒါဆို ဖုန်းချလိုက်တော့မယ်နော်”

“နေဦး....”

“နောက်ဆုံးအနေနဲ့ ပြောပါရစေ........ညီမကို တအားချစ်တယ်”

ဒီတစ်ခါတော့ နောင်ရဲ ဖုန်းချလိုက်သည်။ ရင်ဘတ်ထဲက ဒေါသရယ်၊ ချစ်သူကို ဆုံးရှုံးရတဲ့ ပူလောင်မှုရယ်က ရင်ဘတ်ထဲ အောင့်စေသည်။ နောင်ရဲ အခန်းထဲသို့ ပြန်လာသည်။ ကုတင်ပေါ်လှဲချကာ သက်ပြင်းရှည်ကြီးချလိုက်သည်။

“နောင်ရဲ...မင်းမငိုနဲ့...မိန်းမတစ်ယောက်အတွက်နဲ့ မင်းမငိုနဲ့....”

သို့သော် မျက်ဝန်းထဲက အလိုလို လှိမ့်ကျလာသော မျက်ရည်တွေကိုတော့ နောင်ရဲ မတားနိုင်တော့ပါ။

.........................................................................................................................................

နောင်ရဲကို ကောင်မလေးက မေ့ပစ်ရန် ပြောသော်လည်း အဆက်အသွယ်တော့ မပြတ်ပါ။ ညတိုင်း ကောင်မလေးက ဖုန်း လှမ်းဆက်သည်။ နောင်ရဲ ပထမ တစ်ရက်သာ ကြေကွဲနေသော်လည်း ကောင်မလေးနဲ့ အချိန်တိုင်း စကားပြောရလို့ ပျော်သည်။ ကောင်မလေးနှင့် ပြတ်သွားသည်ဟုပင် မထင်တော့။ ခြွင်းချက်ကတော့ “ချစ်တယ် ကောင်မလေးရေ” ဆိုတဲ့ စကားလေးကို တိုးတိုးလေး တကိုယ်တည်း ပြောနေခြင်းပင် ဖြစ်သည်။ ကောင်မလေးနဲ့ ပြောတဲ့ စကားတွေက တနေ့ တနေ့ မရိုးနိုင်။ 

နောင်ရဲ အလုပ်အကြောင်း၊ ကောင်မလေး အလုပ် အကြောင်းပေါ့။ နောင်ရဲကတော့ clinic တစ်ခုမှာ ဆက်လုပ်နေတုန်းပင်။ ကောင်မလေးကတော့ သူ့မြို့က ဆေးရုံမှာ ဝင်လုပ်သည်။ ဘွဲ့ မရသေးသော်လည်း နယ်ခံ ဆရာဝန်ဖြစ်တာက တစ်ကြောင်း၊ သူ့အဖေနှင့် ဆေးရုံအုပ်ကြီးက ရင်းနှီးတာတစ်ကြောင်းကြောင့် လခ မရသော်လည်း ဝင်လုပ်နေသည်။ တစ်ခါတစ်ခါ အလုပ်ကအကြောင်း ပြောသည်။

“အစ်ကို သိလား...ဟိုတနေ့ကလေ....ခွဲစိပ်ခန်းထဲကို ကောင်လေး တစ်ယောက် ဝင်လာတယ်....ဆရာဝန်ဆိုလို့ ညီမတစ်ယောက်ထဲရယ်..နပ်စ်မတွေတော့ ရှိတာပေါ့...အဲ့ဒါ ဘာလုပ်ရတယ်ထင်လဲ”

“အင်း...ပြောပါဦး...ဘာဖြစ်လဲ”

“လိင်အင်္ဂ ါထိပ် အရေပြားဖြတ်ဘို့ လာတာတဲ့..အသက်က ၂ဝ ဝန်းကျင်ပဲရှိဦးမယ် ထင်တယ်....ညီမကလည်း mask တပ်ထားပေမယ့် ရယ်ချင်တာပေါ့...ရှက်လည်းရှက်တာပေါ့...အမယ်....ကိုယ်တော်ချောက ညီမထက် ပိုရှက်နေတယ်လေ...မျက်နှာကြီး နီရဲပြီးတော့ မျက်စိကို အတင်းမှိတ်ထားတာ..အဲ့ဒါ ဖြတ်မယ့် ဝန်းကျင်တဝိုက်ကို သန့်ရှင်း လုပ်ပေးရတယ်လေ..နောက်တော့မှ ဆရာဝန်ကြီး ဝင်လာလို့ တော်သေးတယ်”

“ဟားဟား...အဲ့ဒါ မိန်းကလေး ခွဲစိပ်ဆရာဝန်တွေ အရင်ကြုံရမယ့် ဟာပေါ့....”

အဲ့လိုလေးတွေ ရယ်စရာ ပြောဖြစ်သလို တခါတလေလည်း ရင်ထဲ မကောင်းတာလေးတွေ ပါသည်။

“ညနေ ညီမက ဆေးခန်းတစ်ခုမှာ ဝင်ထိုင်တယ်လေ..အဲ့မှာ ကောင်လေး၊ ကောင်မလေး စုံတွဲရယ် ကောင်မလေး အမေရယ် ဆေးခန်းထဲ ဝင်လာကြတယ်...ဘာဖြစ်တာလဲဆိုတော့ အမေလုပ်သူက ပြောတာပေါ့...အခု ကောင်မလေးမှာ ကိုယ်ဝန်နဲ့ပေါ့....အဲ့ဒါ ကောင်လေးဘက်ကလည်း ဘာမှ အဆင်သင့်မဖြစ်သေးတော့ ဖျက်ချချင်တယ်ပေါ့....အစ်ကို့ကိုတောင် သတိရသွားသေးတယ်...ခိခိ..”

“အင်း....ပြီးတော့ကော”

“အင်း..အဲ့မှာ ညီမလည်း ကောင်လေးတွေကို ကြည့်တာပေါ့...ငယ်ငယ်လေးပဲ ရှိသေးတယ်..အစ်ကိုရ....အလွန်ဆုံး ရှိမှ ၁၈-၁၉ လောက်ပေါ့....ဒါပေမယ့် ညီမ သူတို့ကို ရှင်းပြရတာပေါ့..ကောင်မလေးကို စမ်းသပ်လိုက်တော့ ၂ လ ကျော်ကျော် ရှိနေပြီ...ဒါနဲ့ ညီမလည်း သားအိမ်ပုံကို ဆွဲပြပြီး ရှင်းပြတာပေါ့”

“အင်း...ဘယ်လိုရှင်းလိုက်လဲ...လုပ်ပါဦး...ဆရာမကြီး”

“ခစ်ခစ်...ဟုတ်.....သားအိမ်ပုံကို ဆွဲလိုက်တာပေါ့...ဘေးနားမှာက မမျိုးဥအိမ် တစ်ဘက်တစ်ချက်မှာ ရှိတာပေါ့...အဲ့တော့ ယောကျ်ားနဲ့ မိန်းမ ဆက်ဆံပြီးသွားရင် ယောကျ်ားမျိုးဥတွေက (sperm) သားအိမ်ခေါင်းကနေ တဆင့် မမျိုးဥပြွန်ထဲကို ဝင်သွားတာပေါ့...အဲ့ကနေမှ မျိုးဥအိမ်ထဲကနေ ကြွေကျလာတဲ့ မမျိုးဥ (ovum) နဲ့ ပေါင်းပြီး သန္ဓေသားကို ဖန်တီးတာပေါ့....

အမှန်က မျိုးဥ ၂ ခု ပေါင်းပြီးတာနဲ့ သန္ဓေသားရဲ့ ခန္ဓာကိုယ်ကို ဆဲလ်ပွားခြင်းနည်းနဲ့ တည်ဆောက်တယ်လေ...၃-၄ ပတ်ဆိုတာနဲ့ပဲ အသည်းတို့ နှလုံးတို့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာတယ်လေ....အဲ့တော့ လူတစ်ယောက် နီးနီး ဖြစ်လာတာဆိုတာ ကိုယ်ဝန်ဖျက်ချလိုက်တယ်ဆိုရင် လူသတ်သလို ဖြစ်မနေဘူးလား..တခြားနိုင်ငံတွေမှာတော့ ကိုယ်ဝန်ဖျက်ချတာကို လူမှုရေးရှုထောင့်ကနေကြည့်ပြီး တရားဝင် ဖျက်ချခွင့်ပေးထားတယ်...မြန်မာနိုင်ငံမှာတော့ မရဘူးပေါ့....မောင်လေးတို့ ညီမလေးတို့ အန်တီကောပေါ့...လူ့လောကကြီးထဲကို တိုးဝင်လာတော့မယ့် ကလေးလေး တစ်ယောက်ကို သတ်ပစ်ကြတော့မလား....မောင်လေးက အခု ငယ်သေးပေမယ့် အလုပ်လုပ်တယ်လို့ ပြောတယ်နော်...ဒီ့ထက် ကြိုးစားရင်ကော မဖြစ်ဘူးလား...”

“ညီမလည်း အဲ့လို ပြောလိုက်ရော..ကောင်မလေးက ငိုချပါလေရော....သူ ဖျက်မချတော့ဘူးတဲ့...ဒီကလေးလေးကို သနားတယ်တဲ့....မရရအောင် မွေးမယ်တဲ့...ကောင်လေးကလည်း သူ ကြိုးစားပါတော့မယ်တဲ့...အန်တီကြီးကတော့ ငိုနေတဲ့ သူ့သမီးလေးကို ချော့ရင်း သူတို့ကို ပေးစားမယ်တဲ့...ဘယ်သူတွေ ဘာပြောပြော..ညီမကတော့ ဝမ်းသာသွားတယ်...နောက်လိုတဲ့ အကူအညီရှိရင်လည်း လာခဲ့လို့ ပြောထားတယ်...ပီတိဖြစ်တယ်..အစ်ကိုရ”

“အင်းပေါ့....ငါ့ညီမ အရမ်းတော်တယ်...အစ်ကိုတောင် အဲ့လို မပြောတတ်ဘူး...”

“အစ်ကို....ညီမကို ချစ်သေးလားဟင်”

နောင်ရဲ ရင်ခုန်ရပါသည်။

“အရမ်းချစ်တာပေါ့ ကောင်မလေးရယ်”

“ညီမကို အိမ်က တခြားတစ်ယောက်နဲ့ မိတ်ဆက်ပေးနေတယ်....သူလည်း နိုင်ငံခြားမှာ ကျောင်းတက်နေတာ...အခုတော့ အင်တာနက်ကနေပဲ တွေ့တာပေါ့”

“အင်း...အဲ့တော့ ...”

“ညီမ..အစ်ကို့ဆီကို ပြန်လာချင်တယ်....အစ်ကို့ကို တအားချစ်တယ်...”

“အင်း...လာခဲ့ပေါ့...ညီမရဲ့....အစ်ကိုက ညီမအတွက်ဆို အမြဲတမ်း အဆင်သင့်ပဲ”

“ဟုတ်...အစ်ကို...ညီမလည်း စဉ်းစားနေတာ....ဆုံးဖြတ်ချက် ချရမှာပေါ့လေ...သြော်...ညီမတို့ ဘွဲ့ယူရတော့မှာနော်...၄ လပိုင်းမှာ....အဲ့ဒါ ကို လာမလား”

“အင်း...အစ်ကို လာခဲ့မယ်....ညီမအတွက် လက်ဆောင်ပေးချင်တယ် ဘာလိုချင်လဲ...”

“အင်း.....ဟယ်ရီပေါ်တာ ရဲ့ ဘာသာပြန်စာအုပ်လိုချင်တယ်...အဲ့ဒါပေးပါလား”

“အိုခေ...အစ်ကို လက်ဆောင်အနေနဲ့ ပေးမယ်နော်...”

“ဟုတ်...ဒါဆို တာ့တာနော်...”

“ဆေးကော သောက်ပြီးပြီလား...ညီမ...”

“ဟုတ်...သောက်ပြီးပြီ...”

“ဒါဆို တာ့တာနော်...”

မုန်တိုင်း မတိုက်ခင် လေပြည်အေး တိုက်ခြင်းလား။ မုန်တိုင်းပြီးလို့ လေနုအေးသွေးခြင်းလား။ ဘာပဲ ဖြစ်ဖြစ် အခု အခြေအနေလေးမှာ နောင်ရဲ ပျော်နေသည်။ ဘွဲ့လာယူမယ့် ရက်ကို မျှော်လင့်ရင်း ရင်ခုန်နေဆဲပါ ကောင်မလေးရယ်။

..............................................................................................................................

သင်္ကြန်မတိုင်ခင်လေးမှာ ကောင်မလေးတို့ ဘွဲ့ယူကြသည်။ အစမ်းလေ့ကျင့်တဲ့ရက်မှာ နောင်ရဲ ဘွဲ့နှင်းသဘင်ကျင်းပရာသို့ ရောက်သည်။ လူအုပ်များကြားထဲမှာ ကောင်မလေးကို ရှာလို့မရ။ နောင်ရဲနှင့် ခင်တဲ့ သူငယ်ချင်းတွေကို တွေ့သောကြောင့် နောင်ရဲ တစ်ယောက်ထဲ ကြောင်မနေခြင်းဖြစ်သည်။ ဒီလိုနဲ့ ၅ မိနစ်လောက် လူအုပ်ကြားထဲ တိုးဝှေ့ ရှာတော့ ကောင်မလေးကို တွေ့ရသည်။ 

အစိမ်းရောင်ဝမ်းစက်လေးနဲ့ နည်းနည်းလေး ဝလာတာက လွဲရင် အရင်အတိုင်းပဲ လှနေသည်။ နောင်ရဲကို ကောင်မလေးတွေ့တော့ မျက်ရိပ်ပြသည်။ ဘေးနားမှာ သူ့မိဘတွေ ရှိနေသည့်သဘော။ နောင်ရဲလည်း အနားမကပ်ဝံ့တော့။ ထို့နောက် ကောင်မလေး သူငယ်ချင်းတစ်ယောက် လာပြောသည်။ မနက်ဖန် ဘွဲ့နှင်းသဘင် ဂုဏ်ပြုညစာကို လာခဲ့ရန် ဖြစ်သည်။ ကောင်မလေးနဲ့ စကားတွေ တဝကြီးပြောချင်သော်လည်း အောင့်အီးထားကာ နောက်ပြန်လှည့်လာခဲ့သည်။ မနက်ဖန်ည တွေ့ရမှာပဲလေဆိုကာ မိမိကိုယ်ကို နှစ်သိမ့်ခဲ့သည်။

ညစာ စားပွဲသို့ လာရန် အလုပ်အားလုံးကို ခွင့်ယူထားသည်။ နွေရာသီ ဖြစ်သောကြောင့် ၁၀ တန်း ဂိုက်တော့ မရှိ။ ညဘက် ဆေးခန်းထိုင်တာကိုတော့ ၂ ပါတ်အကြိုလောက်ထဲက ခွင့်ယူထားသောကြောင့် ပြသနာတော့ မရှိ။ ကောင်မလေးတို့ သူငယ်ချင်းထဲတွင် နောင်ရဲတို့ နှစ်မှ စာမေးပွဲကျသွားပြီး ကောင်မလေးတို့နှင့် တစ်နှစ်ထဲ ဖြစ်သွားသော သူငယ်ချင်းများလည်း ရှိသည်။ ထို့အတွက် သိပ်ပြီး ကိစ္စမရှိ။ 

ကျောင်းကြီးရဲ့ အလယ် ကွင်းပြင်ထဲမှာ စားပွဲခုံနှင့် ထိုင်ခုံများ အစီအရီ ချထားသည်။ ကျောင်းဝန်းထဲ ဝင်သည်နှင့် ဟိုနား တစ်အုပ်စု၊ ဒီနား တစ်အုပ်စု တွတ်တွတ်ထိုးနေကြသည်။ ဓါတ်ပုံတွေ ရိုက်နေကြသည်။ ဒီနေ့က သူငယ်ချင်းများနှင့် အတူရှိခြင်းမှာ နောက်ဆုံးဖြစ်နိုင်သောကြောင့်ပင်။ နောင်ရဲလည်း ကောင်မလေးကို ရှာတော့ သူ့သူငယ်ချင်းတွေနဲ့အတူ ဓါတ်ပုံရိုက်နေသည်။ နောင်ရဲကို တွေ့တော့ နောင်ရဲအနားသို့ ကောင်မလေး လျှောက်လာသည်။ အနက်ရောင်ဝမ်းဆက်မှာ ဘော်ကြယ်လက်လက်လေးနဲ့၊ ဒေါက်ဖိနပ်အနက်ရောင် အမြင့်လေးနှင့် တအားလှနေသည်။

“အစ်ကို...မတွေ့တာကြာပြီ...နေကောင်းလား...”

“အင်း.....ကောင်းပါတယ်....ညီမကော”

“ဟုတ်...ညီမလည်း ကောင်းတယ်...အစ်ကို နေကောင်းတယ်သာ ပြောတယ်...မျက်ကွင်းတွေလည်း ချောင်လို့...တအားပိန်သွားတယ်...”

“ကောင်းပါတယ်...ညီမ.....အခုတလော အလုပ်ပင်ပန်းလို့ပါ...သြော်....ရော့...ညီမအတွက် လက်ဆောင်”

ကောင်မလေး မှာထားသော စာအုပ်ကိုပေးလိုက်သည်။ စာအုပ်ကို ကောင်မလေး လှန်ကြည့်သည်။ စာအုပ်အစတွင် နောင်ရဲရေးထားသော စာကို တွေ့သွားသည်။

"ညီမအတွက် လက်ဆောင်

ချစ်တဲ့

နောင်ရဲ"

“သြော်...အစ်ကိုရယ်...ညီမ...အစ်ကို့ကို ဘယ်လိုပြောရမှန်းတောင် မသိပါဘူး”

“ဟင်...ဘာဖြစ်လို့လဲ....ညီမပဲ..အစ်ကို့ဆီလာမယ်ဆို...အစ်ကိုနဲ့အတူ ဘဝကို ဖြတ်သန်းမယ်ဆို...အစ်ကို့အနားမှာ သေအတူ ရှင်မကွာဆို”

“ညီမ တောင်းပန်ပါတယ်..အစ်ကိုရယ်....ညီမ...အစ်ကို့ကို ချစ်ပါတယ်...ဒါပေမယ့် မိဘတွေကိုလည်း စိတ်ချမ်းသာစေချင်တယ်...ညီမမှာ ရွေးစရာလမ်း မရှိလို့ပါနော်...ငယ်ငယ်လေးထဲက မိဘနဲ့ ခွဲနေရတော့ မိဘတွေကို လိုလားတယ်...သူတို့တွေ စိတ်ဆင်းရဲတာကို ညီမ မလိုချင်ဘူး”

နားထောင်နေရင်း နောင်ရဲ မျက်နှာတွေ နီလာသည်။ ဒေါသတွေ ထွက်လာသည်။ တပြိုင်တည်း သိမ်ငယ်လာသည်။ သူ့မှာ ဘာချို့ယွင်းချက် ရှိလဲ။ သူ့မှာ ဘာအားနည်းချက် ရှိလဲ။ သူဟာ မကြိုးစားတဲ့ သူတစ်ယောက်လား။ မေးခွန်းပေါင်းများစွာ ခေါင်းထဲဝင်လာသည်။ ခဏလေးအတွင်း စိတ်တွေ လှုပ်ရှားသွားသည်။ ဒါဆို ကောင်မလေးကို ဘယ်လို စည်းရုံးမလဲ။

“ညီမရယ်...အစ်ကို့ဘက်လည်း လှည့်ကြည့်ပါဦး...ကို....ညီမကို တအားချစ်တယ်...ညီမနဲ့ မခွဲနိုင်ဘူး...ညီမ မိဘတွေနဲ့ စကားလာပြောမယ်လေ...ကို့မှာ အားနည်းချက်ရှိရင်လည်း ပြင်ပါ့မယ်...သူတို့ လိုချင်တဲ့ ပုံစံဖြစ်အောင် ကြိုးစားမယ်လေ...”

“အစ်ကိုရယ်...လက်လျှော့လိုက်ပါ...အစထဲက ညီမက မိဘတွေကို အဲ့အကြောင်းပြောပြီးသားပါ...လုံးဝ လက်မခံဘူးတဲ့...ပြီးတော့ ဟိုတလောက သူတို့ သဘောတူတဲ့သူက နိုင်ငံခြားကနေ ပြန်လာလို့ ညီမနဲ့ တွေ့ပြီးပြီ....ညီမလည်း မိဘတွေ စိတ်ချမ်းသာစေချင်တာရယ်...ငြင်းစရာမလိုလောက်ဘူးလို့ ထင်တာရယ်ကြောင့် ခေါင်းညိတ်လိုက်တယ်”

"ဘာ"

နောင်ရဲ အသံ ဟိန်းပြီးထွက်လာသည်။ ဘေးနားမှာ လူသိပ်မရှိသောကြောင့် တော်သေးသည်။ စိတ်ထဲမှာ နာကျည်းစိတ်၊ ဝမ်းနည်းစိတ်၊ ဒေါသစိတ်၊ သိမ်ငယ်စိတ်၊ အားလုံးပေါင်းကာ လက်ကလည်း တဆတ်ဆတ်တုန်နေသည်။ ကောင်မလေး ပုခုံးကို ညှစ်ပြီး ကိုင်လိုက်သည်။ ကောင်မလေး က ခေါင်းငုံ့ပြီး ငိုနေသည်။

“ခေါင်းမော့ပါဦး...ညီမ”

ကောင်မလေး မျက်ရည်စတွေနှင့် နောင်ရဲကို လှမ်းကြည့်သည်။

“ညီမကို ကို တအားချစ်တယ်....ကို မရှိတော့တဲ့ အချိန် ဆေးမှန်မှန်သောက်ပါ...ဂရုစိုက်ပါ....”

နောင်ရဲ ကောင်မလေး နဖူးကို နမ်းလိုက်သည်။ ဒေါသဖြစ်စိတ်တွေ၊ နာကျည်းခြင်းတွေက ကောင်မလေးကို သတ်ပစ်ချင်လောက်အောင် ဖြစ်သည်။ သို့သော် နောင်ရဲ အရမ်းချစ်သော ကောင်မလေး ဖြစ်သောကြောင့် အနမ်းနှင့်ပင် ကောင်မလေးကို သတ်ပစ်လိုက်သည်။

“ညီမကို ကို့အနမ်းနဲ့ သတ်ပစ်လိုက်ပြီ...ကို့ နှလုံးသားထဲကနေ ပြန်လည် ရှင်သန်မလာပါနဲ့တော့...” 

နောင်ရဲ စိတ်ထဲကနေ ပြောခြင်းပင် ဖြစ်သည်။ခပ်တင်းတင်း ဆုတ်ထားသော ကောင်မလေး ပုခုံးကို လွှတ်ပြီး ကောင်မလေးလက်ထဲက စာအုပ်ကို ပြန်ယူလိုက်သည်။

“ညီမဘဝမှာ ကို မရှိမှတော့ ဒီလက်ဆောင်လည်း မလိုတော့ပါဘူးလေ”

စာအုပ်ကို ဆုတ်ဖြဲပြီး နင်းခြေလိုက်သည်။ လူကို သတ်ပစ်ချင်လောက်အောင် ဖြစ်နေသော်လည်း အရမ်းချစ်တဲ့ ကောင်မလေး ဖြစ်သောကြောင့် မျက်စိထဲ မြင်ရာ စာအုပ်ကိုပင် ယိုးမယ်ဖွဲ့လိုက်သည်။

ထို့နောက် ကောင်မလေး မျက်ဝန်းကို စူးစူးစိုက်စိုက်ကြည့်ကာ “သွားပြီ”ဟူသော တစ်ခွန်းထဲသော စကားကိုဆိုပြီး နောင်ရဲ လှည့်ထွက်လာသည်။ ဘာဆိုဘာမှ သူ့ခေါင်းထဲမှာ မရှိတော့။ ကောင်မလေးရဲ့ မျက်ရည်စလည်း မမြင်တော့။ ကောင်မလေးရဲ့ ခေါ်သံသဲ့သဲ့ကိုလည်း မကြားတော့။ 

သူ့ကို ခွင့်လွှတ်ပါလို့ ဆိုတာကိုလည်း လျစ်လျူရှုထားလိုက်တော့သည်။ ဘာမှ လည်း မစဉ်းစားနိုင်တော့။ ခြေလှမ်းတွေက ခဏသာ မေ့မြောသွားစေနိုင်မည့် အရက်ရှိရာ နေရာလေးတစ်ခု။ အရက်ဘားတွင် လူတော့ သိပ်မရှိ။ အရက် တခွက်ပြီး တခွက် မှာသောက်လိုက်သည်။ စားချင်စိတ်လည်း မရှိသောကြောင့် အရက်ချည်းဖိသောက်လိုက်သည်။ လူလည်း ခေါင်းက ချာချာလည် ဖြစ်နေသည်။ နောက်ဆုံးကြားလိုက်ရတဲ့ စကားတစ်ခွန်းကတော့

“ဟိတ်...ယူ...တစ်ယောက်ထဲလား”

.........................................................................................................................................

နောင်ရဲ မျက်စိ ၂ လုံးကို အားယူပြီး မနည်းဖွင့်ရသည်။ ခေါင်းက မူးနေတုန်း။ ပြူတင်းပေါက်ကနေ တဆင့် အပြင်ဘက်က ကောင်းကင်ပြာပြာကို လှမ်းမြင်ရသည်။ ဘေးနားက စားပွဲခုံပေါ်တင်ထားတဲ့ နာရီက ၇ နာရီ ၁၀ မိနစ်ကို ညွှန်ပြနေသည်။ နေဦး။ ဒါ သူ့အခန်းမဟုတ်။ ဘေးနားက ကုတင်စောင်းကို အားပြုပြီး ထကြည့်သည်။ မရ။ ချာလပတ်ရမ်းပြီး အိပ်ရာပေါ် ပြန်ကျသည်။ 

သို့နှင့် ဘယ်ဘက်ကို စောင်းလိုက်သည်။ နောင်ရဲ အံ့သြသွားသည်။ သူ့ဘေးနားမှာ အမျိုးသမီးတစ်ယောက်၊ အဆစ်အပေါက် အချိုးကျကျ ရှိလှသည်။ အဝတ်အစားတွေ ဝတ်ထားသော်လည်း ကိုယ်ကျပ် ဘောင်းဘီနှင့် အင်္ကျီကလည်း ကျပ်ကျပ် ဖြစ်သောကြောင့် အဖုအထစ်တွေ ပေါ်နေသည်။ ဒါဘယ်သူလဲ။

နောင်ရဲ တဖြည်းဖြည်း အမျိုးသမီးနားသို့ ကပ်လိုက်သည်။ ညက အကြောင်းတွေ ပြန်စဉ်းစားတော့ ဘာမှ မမှတ်မိ။ ဟိုဘက်လှည့်ပြီး အိပ်နေသော အမျိုးသမီး ခန္ဓာကိုယ်ကို သူ့ဘက် ဖြေးညင်းစွာ လှည့်လိုက်သည်။ အုပ်နေသော ဆံပင်တွေကြားထဲက မျက်နှာကို တွေ့ပြီး နောင်ရဲ အံ့သြသွားသည်။ ဒီကောင်မလေးကို သူသိသည်။ သူတို့ ရပ်ကွက်ထဲက နာမည်ပျက် ရှိနေသည့် တစ်ယောက်။ ရည်းစားတွေ မှိုလိုပေါက်အောင် ထားသည်။ တခါတလေ အိမ်ပြန်မအိပ်တတ်။ မိဘတွေက မနိုင်သောကြောင့် လွှတ်ထားသော ကောင်မလေး။ နာမည်က။ နေဦး...နာမည် ဘာလဲ။ နောင်ရဲ မသိ။ “ဂျစ်တူးမ” လို့တော့ ခေါ်သံကြားဖူးသည်။ ကောင်မလေး မျက်စိတွေ ပွင့်လာသည်။

“မောနင်း ကိုနောင်”

“ဟင်....မင်းက ဘယ်လိုဖြစ်ပြီး ငါနဲ့ အတူရှိနေတာလဲ... နေဦး...ဒါ ဘယ်နေရာလဲ....ငါနဲ့ နင်နဲ့ ဘာဖြစ်ပြီးပြီလဲ...ငါ့ကို အမှန်အတိုင်းပြော”

“ကိုနောင်ကလည်း လောလိုက်တာ...တခုချင်းစီ ဖြေမယ်နော်...ဒါက ဟော်တယ်လ်တစ်ခု...ဘာဖြစ်လို့ မီးနဲ့ အတူရှိနေလဲဆိုတော့.....ခစ်ခစ်”

“မြန်မြန်ပြော......ငါ့ကို ဒေါသထွက်အောင် မလုပ်နဲ့”

“ညတုန်းက မီး သူငယ်ချင်းတွေနဲ့  ကလပ်သွားပြီး အပြန်၊ အိမ် မပြန်ချင်သေးလို့ တစ်ယောက်ထဲ အရက်ဘားလာတာ...အဲ့မှာ ကိုနောင် တစ်ယောက်ထဲ အရက်တွေ လှိမ့်သောက်နေတယ်လေ...အဲ့ဒါနဲ့ မီးလည်း အိမ်ပြန်ဘို့ အဖော်ရတယ်ဆိုပြီး ကိုနောင့်ကို နှုတ်ဆက်တာ....ကိုနောင်က မီးကိုတွေ့ရော မူးပြီး မှောက်ပါလေရော....အဲ့ဒါနဲ့ ဝိတ်တာတွေကို ခေါ်ပြီး ကိုနောင့် ကို မခိုင်းပြီး မီးရဲ့ ကား ဆီကို ခေါ်လာတာ...မီးလည်း ဘာလုပ်ရမှန်းမသိလို့ ဒီဟော်တယ်လ်ကို ရောက်လာတာ....ဒီက ဝန်ထမ်းတွေပဲ ကိုနောင့်ကို ထမ်းခေါ်လာရတာပေါ့...”

“အင်း....ဆက်ပြောဦး...”

“အခန်းထဲရောက်တော့ ကိုနောင်က တအင်းအင်းနဲ့ ရေလှမ်းတောင်းတယ်...မီးလည်း ရေခပ်ပြီး ကိုနောင့် ကို ရေတိုက်တာပေါ့.....အဲ့မှာ ...မီးကို...မီးကို”

“ဟင်....ငါ နင့်ကို ဘာလုပ်လိုက်လဲ...မြန်မြန်ပြော...ဆက်ပြောစမ်း”

“ကိုနောင်ကလည်း ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကြီးနဲ့လား လုပ်နေတယ်...မီး မပြောချင်တော့ဘူး...မီး ရှက်တယ်”

“ဟင်....ဒါဆို ငါမသိလို့ ဖြစ်သွားတာ...ငါ့မှာ တာဝန်မရှိဘူး...ငါသွားတော့မယ်...မင်းနဲ့လည်း နောက် ပတ်သက်စရာ အကြောင်းမရှိဘူး....”

နောင်ရဲ ...ဂျစ်တူးမ ပြောနေတာကို မယုံ။ သူ ညကမူးနေသည်။ ဖြစ်ပျက်တာတွေကိုလည်း မမှတ်မိ။ သို့ပေမယ့် ညထဲက ဝတ်ထားတဲ့ အင်္ကျ ီဘောင်းဘီက ကိုယ်ပေါ်မှာ ရှိနေတုန်း။ သူ့ကို သူ ပြန်ဆန်းစစ်သည်။ လိင်ဆက်ဆံခဲ့သလို ဖြစ်မနေ။ အရက်မူးထားလို့သာ ငြီးစီစီ ဖြစ်နေတာ။ သို့နှင့် ကုတင်ပေါ်ကနေ အား သုံးကာ ထလိုက်သည်။ ဂျစ်တူးမကတော့ ဘာမှ မပြော။ သူ လုပ်နေတာကို ပြုံးစိစိ ကြည့်နေသည်။ 

နောင်ရဲတစ်ယောက် ကုတင်ကနေ အခန်းတံခါးနား ရောက်ဖို့ကိုပင် ခြေလှမ်းတွေ မနည်း လှမ်းရသည်။ တံခါးဖွင့်ရန် လက်ကိုင်ဘုကို လှမ်းကိုင်လိုက်စဉ်မှာပင် တံခါးက အလိုလို ပွင့်လာသည်။ နောင်ရဲ ငေးကြောင်ကာ ကြည့်နေခိုက် အခန်းထဲသို့ ဝင်လာတာကတော့ ဟော်တယ်လ်ဝန်ထမ်းများနှင့်အတူ နောင်ရဲ မိဘများကို တွေ့လိုက်ရသည်။ နောင်ရဲ ခေါင်းက မိုက်ကနဲ ဖြစ်ကာ လောကကြီးနှင့် အဆက်ပြတ်သွားတော့သည်။

နောင်ရဲ သတိရလာတော့ ဟော်တယ်လ်အခန်းထဲမှာပင် ရှိသေးသည်။

“သား မေ့သွားတာ ၁၀ မိနစ်လောက်ရှိပြီ...တော်သေးတာပေါ့ သတိရလို့....အမေတို့က ဆေးရုံသွားဘို့တောင် စီစဉ်နေတာ”

“သား ခုဏက အိမ်မက်မက်နေတာလားဟင်”

“မဟုတ်ဘူး..သား...တကယ်....ဒီက ကလေးမလေးက အဖေတို့ဆီကို မနက် ၆ နာရီလောက်က ဖုန်းဆက်တယ်....သားက သူ့ကို ခေါ်သွားပါတယ်ဆိုပြီးလေ...နောက် သိပ်မကြာဘူး ကလေးမ မိဘတွေလည်း အဖေတို့အိမ်ကို ရောက်လာတော့ အဖေတို့လည်း လိုက်လာကြတာ”

“မဟုတ်ဘူး...သား ရှင်းပြတာ နားထောင်ပါဦး”

“သား....ဒီအချိန်ရောက်မှ မရှင်းပြပါနဲ့တော့...ငါ့သားကို အဖေယုံတယ်....တစ်ဘက်သားရဲ့ ဂုဏ်သိက္ခာကိုလည်း ငဲ့ရဦးမယ်လေ....သားနဲ့ ဒီကလေးမလေးကို အိမ်ထောင်ချပေးရမှာပေါ့”

“မဟုတ်ဘူး...အဖေ...မဟုတ်ဘူး....အမေ...ပြောပေးပါဦးဗျာ....ကျနော် ဘာမှ မလုပ်ဘူး...ကျနော့်ကို ကယ်ပါဦးဗျာ”

အမေကလည်း မျက်ရည်စမ်းစမ်းနှင့် “သား....သားက လိမ္မာတယ်နော်....အမေက မိန်းကလေးချင်း ကိုယ်ချင်းစာလို့ပါ....ပြီးတော့ ဟော့ဒီက ဦးလေးတွေကိုလည်း ငဲ့ညှာပါဦးသားရယ်”

နောင်ရဲ ဘာမှ မပြောလိုတော့။ လူတွေကိုလည်း မကြည့်ချင်တော့။ ပြူတင်းပေါက်တံခါးကနေသာ အပြင်ကို    လှမ်းကြည့် နေလိုက်တော့သည်။

“အမေတို့ ကောင်းသလိုသာ စီမံပေးပါတော့...”

“နေ့ကောင်းရက်သာ ရွေးပြီးတော့ သားတို့ကို နေရာချပေးရမှာပေါ့ကွယ်”

“ကျေးဇူးတင်လိုက်တာ အစ်မကြီးရယ်....ကျနော်တို့မှာလည်း ဒီသမီးလေး တစ်ယောက်ထဲ ရှိတော့ စိတ်ပူနေရတာ....အစ်မကြီးတို့ရဲ့ သားလိမ္မာလေးကို သားမက်တော်ရတော့ သမီးလေး နောင်ရေး စိတ်အေးရပါပြီ....သားကိုလည်း ကျေးဇူးတင်ပါတယ်....ဦးလေးတို့ရဲ့ အရှက်နဲ့ သိက္ခာကို ကြည့်ပေးတဲ့ အတွက်ပါ”

နောင်ရဲ နှုတ်ဆိတ်နေသည်။ သူ့ကို ကြည့်နေသော ဂျစ်တူးမကိုသာ ဒေါသမီးတွေနဲ့ စိုက်ကြည့်နေလိုက်သည်။

“မင်း...ငါ့အကြောင်း သိစေရမယ်...ဂျစ်တူးမ” ဟု စိတ်ထဲမှ ရေရွတ်လိုက်သည်။

(ဒီဇာတ်လမ်းက ၂၀၁၃ လောက်က အတွေးပင်လယ်ပြာ မှာ စတင်ရေးသားခဲ့တဲ့ ဇာတ်လမ်းပါ။ ၂၀၁၇ မှ ဇာတ်သိမ်းနိုင်တော့တယ်။ ကျောင်းထဲက သူတွေကိုလည်း ဖတ်စေချင်လို့ ဒီမှာ တင်လိုက်ပါတယ်။ #credit to atwaypinlel)


အပိုင်း ( ၃ ) ဆက်ရန် >>>>




Print Friendly and PDF

No comments:

Post a Comment