Sunday, December 3, 2023

ပြည့်တန်ဆာဟု အမည်တွင်သူများ အကြောင်း ( ၂ )

ဆရာ သွန်းနေစိုး ရဲ့ ပြည့်တန်ဆာ ဟုအမည်တွင်သူများ အကြောင်း စာအုပ်မှ ကောက်နုတ်ချက် 

မိန်းမလျာတို့ အရယူတဲ့ မိန်းမကောင်း၊မော်ဒယ်၊မင်းသမီး တို့ရဲ့ ပန်းဦး (သို့) ပါကင်

ရန်ကုန် ပြည့်တန်ဆာ ကွန်ယက်အကြောင်း

...........................................................................

" အစ်ကို အကူအညီ လိုရင် ပြောပေါ့" 

ဆိုတဲ့ စကားကို ပြောခဲ့သူက ပြည့်တန်ဆာခေါင်း တစ်ယောက်ဖြစ်နေတယ်ဆိုရင် သင်ဘယ်လို ခံစားရပါမလဲ။ ပြည့်တန်ဆာခေါင်းတစ်ယောက်ကိုများ ငါက အကူအညီ ပြန်တောင်းရဦးမှာလား လို့ သူသူကိုယ်ကိုယ် တွေးမိကြမှာပါ။ ဒါပေမယ့် စာရေးသူကိုယ်တိုင် အပြောခံခဲ့ရဖူးပါတယ်။ ဒီစာအုပ်အတွက် အချက် အလတ်တွေ စုဆောင်း နေတဲ့ လွန်ခဲ့တဲ့ (၇) နှစ်လောက်ကပေါ့။ 

ဒါက ပြည့်တန်ဆာလောကအကြောင်း စာအုပ်ရေးဖို့ လေ့လာနေတဲ့ စာရေးဆရာပဲလို့ မိတ်ဆွေ တစ်ယောက် မိတ်ဆက်ပေးရာကနေ ခင်မင်သွားတော့ အဲဒီ ပြည့်တန်ဆာခေါင်းက အဲဒီအတိုင်း ပြောခဲ့တာပါ။ 

ခွန်နဲ့စတဲ့ နာမည်ပိုင်ရှင် ပြည့်တန်ဆာခေါင်းဟာ အသားဖြူဖြူ၊ ခပ်သန့်သန့်၊ အရပ်ကမြင့်မားမားနဲ့ မသိရင် အခြား အလုပ်ကြီး အကိုင်ကြီး လုပ်နေတယ်လို့ ထင်ရတာပါ။ သူတဲ့တော်တော်လေး ရင်းနှီးသွားတဲ့ နောက်မှာတော့ မေးမြန်းကြည့်တဲ့အခါ သူက ဘွဲ့တွေ ဘာတွေ ရပြီးတဲ့အထိ ပညာသင်ကြားခဲ့ပြီးတဲ့သူပါ။ 

" ဘာဖြစ်လို့ ဒီအသက်မွေးဝမ်းကြောင်းမှု လုပ်နေသလဲ"

လို့ ကျတော်က မေးတော့ ခပ်ဝါးဝါးပြုံးရင်း သူက မဖြေဘူး။ ဖော်ရွေခင်မင်တက်ဟန် ရှိတဲ့သူက အပြုံးတစ်ခုနဲ့အတူ စကား တစ်ခွန်းကို ပြောလာတယ်။ 

" အစ်ကို အကူအညီလိုရင် ပြောပေါ့၊ ဘယ်ကိစ္စမဆို ပြောတာနော် " တဲ့။

မာနကြီးတဲ့ ကျတော့် မျက်နှာပေါ်မှာ မကွယ်မဝှက်နိုင် အရိပ်သဏ္ဌာန်တချို့ ဖြစ်သွားမှာကို သူရိပ်မိလိုက်ဟန် တူလေရဲ့။ အသေးစိတ် ရှင်းပြလာပါတယ်။ 

" အခုနေ အစ်ကိုက လူကြီးတစ်ယောက်ဆီ တိုက်ရိုက်ဖုန်းဆက်ရင် ကိုင်မလား၊ လူကြီးဆိုတာက ရာထူးကြီးကြီးတွေကို ပြောတာပါ။ အကောင်လို့ ပြောကြတဲ့ သူတွေပေါ့။ အဲဒီခေတ်ကတော့ အဘ လို့ ခေါ်ကြတာပါပဲလေ။ "

ကျတော်က ပြန်မဖြေသေးဘဲ ငေးကြည့်နေတော့ သူက ဆက်ရှင်းပြလာပါတယ်။ 

" ဒီလို အစ်ကိုရ အစ်ကိုနဲ့ တော်တော်ရင်နှီးတဲ့ လူကြီးဆိုရင်တော့ သူအားတဲ့ အချိန်ဆို ဖုန်းကိုင်ကောညင်း ကိုင်မှာပေါ့၊ ဒါပေမယ့် သူအစည်းဝေးလုပ်နေတဲ့ အချိန်လိုမျိုး၊ အရေးကြီးတဲ့ အလုပ်များနေတဲ့ အချိန်လိုမျိုးဆို အစ်ကို့ ဖုန်းကို အရေးတယူ ကိုင်မလား၊ အေး .. ကျတော်တို့ ဖုန်းဆိုရင်တော့ အဓိက ထားကိုင်တယ်၊ သူဖုန်းမကိုင်လို့ miss call ထားခဲ့ရင်တောင် သူသိသိချင်း ပြန်ဆက်တာပါ။ '

ဟုတ်ပါ့မလားလို့ ကျတော် မျက်ခုံးပင့်မိတယ်။ သူကပဲ ဆက်ပြောပြတာပါ။

" ကျတော်ဆက်တဲ့ ကိစ္စက တစ်ခုတည်းလေ၊ ကျတော့်ဆီမှာ အသစ်ကလေးတွေ ရောက်လို့ အဘကို ဆက်သွယ်တာပါ ခင်ဗျ " လို ဆိုပြီး သူ့ C.S.O နဲ့ပဲ တွေ့လို့ C.S.O ကိုပြောခဲ့ရင်တောင် ဟိုက မေ့ပြီး ပြန်မပြောဖြစ်လို့ကတော့ C.S.O သေပြီသာ မှတ်၊ အဘကို ဖုန်းဆက်တာပဲ အဘနဲ့အဆက်အသွယ် မရတာနဲ့ တခြသူဆီ ထည့်လိုက်ပြီ ဆိုလို့ကတော့ အဖိုးကြီးမှာ ကျိတ်မနိုင် ခဲမရကို ဖြစ်ရော" တဲ့။

အဲဒီလို လူကြီးဆိုသူများ အတွက် ရှာပေးရတဲ့ ပြည့်တန်ဆာတွေက ဈေးအမြင့်တုံး အတန်းဖြစ်ပါတယ်။ တချို့ ဝါသနာကြီးသူလူကြီးတွေက ကိုခွန်တို့ိလို အဆင့်အတန်းမြင့် ပြည့်တန်ဆာ ခေါင်းတွေနဲ့ ဆက်သွယ်ထားသလို တချို့ ခရီုနီကြီးတွေကျတော့လည်း လူကြီးတွေ အတွက် ဆက်သဖို့ သူတို့ကို ဆက်သွယ်ထားတာပါ။ သူတို့ကို ဆက်သွယ်တက်ကြတာပါ။ 

သူတို့အတွက် သားကေင်တွေ ဘယ်လို ရှာသလဲ လို့ ကျတော်က စူးစမ်းမိတော့ အင်မတန်ကြောက်စရာကောင်းတဲ့ အကြောင်းအရာ တစ်ခုကို သွားသတိပြုမိပါတယ်။ 

ကိုခွန်ဟာ မိန်းမလျာ တစ်ယောက်ပါ။ သူတို့ မိန်းမလျာ ကွန်ယက်ကြီးက တော်တော်ကြီးမားပါတယ်။ အဲဒီ မိန်းမလျာတွေဟာ မိန်းမမျိုးစုံနဲ့ အထိအတွေ့များပါတယ်။ မိန်းမလျာတွေရဲ့ အသက်မွေးဝမ်းကြောင်း ပညာကိုက အလှပြင်လုပ်ငန်း၊ နတ်ကတော် စတဲ့ လုပ်ငန်းတွေကို လုပ်နေကြတာပါ။ မိန်းကလေးတွေကလည်း ယောင်္ကျား အစစ်ထက်စာရင် မိန်းမလျာတွေကို ပိုယုံကြတယ်လေ။ သူတို့နဲ့ အမျိုးအစား အတူတူလို့ ထင်မှတ်ပြီး တိုင်ပင်ဖော် တိုင်ပင်ဖက် အဖြစ် ပြုတက်ကြတယ်။ မိန်းမလျာတွေ အနေနဲ့ မိန်းကလေးတွေကို ချဉ်းကပ်တဲ့ အခါမှာ ယောင်္ကျားအစစ်တွေထက် ပိုပြီးတော့ လွယ်ကူပါတယ်။ ဒီတော့ မိန်းမကောင်းလေးတွေကို ပြည့်တန်ဆာဖြစ်အောင် ဖျက်ဆီးဖို့ရာ မိန်းမလျာတွေက ပိုမိုလွယ်ကူနေပါတယ်။ 

မိန်းမလျာတွေ ချဉ်းကပ်တဲ့ သူတွေထဲမှာ မင်းသမီး၊မော်ဒယ် စလို့ အရပ်သူအဆုံး မျိုးစုံပါဝင်နေပါတယ်။ နာမည်ကြီးတွေကိုကြတော့ သူတို့ခေါ်ဝေါ်တဲ့ စကားလုံးက စပွန်ဆာ ရှာပေးမယ် ဆိုတာပါပဲ။ 

တချို့မော်ဒယ် သင်တန်းတွေမှာ မိန်းမလျာဖြစ်တဲ့ သင်တန်းဆရာ ကိုယ်၌က စပွန်ဆာ ရှာပေးတက်တာပါ။ စပွန်ဆာ ဆိုတာကလည်း တနည်းအားဖြင့် ပြောရရင် ပြည့်တန်ဆာ လုပ်ငန်း တမျိုးပါပဲ။ 

နွမ်းပါးတဲ့ မော်ဒယ် သင်တန်းသူ အသစ်တွေကို စပွန်ဆာ ရှာပေးတာမျိုး လုပ်တက်သလို၊ အဲဒီမော်ဒယ်မလေး နာမည်ကြီးလာလို့ ချဉ်းက်သူတွေ များလာရင် သူ့အနားက မိတ်ကပ်ပြင်သူက စပွန်ဆာ ချိတ်ပေးတက်ပါတယ်။ အခု နာမည်ရနေတဲ့ မင်းသမီးလေး တစ်ယောက်ဆို အရင်မော်ဒယ်ဘဝက အဲလို အခြောက်တစ်ယောက်က လိုင်းသွင်းပေးခဲ့တာပါ။

အဲဒီ အခြောက်နဲ့ သိကျွမ်းရတော့ နောက်ပိုင်း သူက ခရေစေ့တွင်းကျကို ပြောပြပါတယ်။ အဲဒီတုန်းက သူက မော်ဒယ်မလေ၊ နာမည်သိပ်မကြီးသေးပါဘူး။ အဲဒီမှာ ရှုတင်ကို တရုတ်ကြီးတစ်ယောက်က လိုက်လာတယ်။ သူ့ကို လိုက်ကြောင်တာပေါ့။ ဟိုဟာလေး ဝယ်ပေး၊ ဒီဟာလေး ဝယ်ပေးနဲ့ အစပျိုးနေတာပါ။ 

အဲဒီအချိန်မှာ ကျမက ကြားဝင်လိုက်ပါတယ်။ ကောင်မလေးတွေက အဲ့ အချိန် ပိုက်ဆံလိုနေတယ်လေ၊ သူတို့ နေတဲ့ တိုက်ခန်းက ငှားထားတဲ့ရက်စေ့နေပြီ၊ အိမ်ရှင်က ဆက်မထားတော့ဘူး လုပ်နေတယ်၊ ပြောင်းရတော့မယ်၊ အိမ်အသစ်ကလည်း ရှာမရသေးဘူး၊ ပြောရရင် ဆက်ငှားဖို့တောင် ပိုက်ဆံမရှိပါဘူး၊ တော်တော်ကို ဒုက္ခရောက်နေကြတာပါ။ 

ဒီတော့ အရင်ဆုံး ဟို တရုတ်ကြီးကို သွားမေးလိုက်တယ်၊ တရုတ်က မြန်မာစကား မပီဘူး။ ဝ, ၀ နဲ့ တ,ဝတည်း ၀ နေတာ။

" ရှင် အဲဒီကောင်မလေးနဲ့ မအိပ်ချင်ဘူးလား " 

ဆိုတော့

" ၀ ဘီလို ပြောရမီလဲ "

သွားရည် တမြားမြားဖြစ်သွားတယ်။ 

" ရှင် ပိုက်ဆံတော့ းသုံးရလိမ့်မယ်နော်" 

အဲလိုပြောတော့ 

" ရတယ် သုံးမယ် " တဲ့။

ကောင်မလေး အမေကို နားချရတာပေါ့။ သိပ်အများကြီး နားမချလိုက်ရပါဘူး။ သူတို့က ပိုက်ဆံလိုနေတာပဲ။ သိန်း (၃၀) လိုချင်တယ်တဲ့။ အဖွားကြီးက ပြောတယ်။ တရုတ်ကို ပြန်ပြီး ဈေးညှိပေးရတယ်။ ဒီလိုနဲ့ပဲ ဈေးတည့်သွားတော့တယ်။ 

" ဘယ်လောက်နဲ့ ဈေးတည့်သွားတာလဲ"

" (၄၅) သိန်းနဲ့လေ "

" ဟင်း" 

လို့ ကျတော် ကယောင်ကရမ်း ထွက်လိုက်မိတယ်။ ဒီအကြောင်းကို ပြောပြနေတဲ့ မိန်းမလျာ နှစ်ယောက်က ရယ်ကြတယ်။ ပိုတဲ့ (၁၅) သိန်းက သူတို့အတွက် အကျိုးဆောင်ခ ဖြစ်ကြောင်း ဆက်ပြောပြပါတယ်။ 

ဒါတောင် ကောင်မလေး အမေက လုပ်နေသေးတယ်။

" ငါ့သမီးကျတော့ ပင်ပင်ပန်းပန်း ခန္ဓာကိုယ် ရင်းပြီး သိန်း (၃၀) ပဲ ရတယ်။ အခြောက်က လေပဲရင်းပြီး (၁၅) သိန်း ရသွားတယ် " တဲ့။

အဲဒီ အချိန်တုန်းကဆို အဲဒီငွေပမာဏက တော်တော်ကို များတာပါ။ ဟို မော်ဒယ်ပလေးတောင် တိုက်ခန်းဝယ်သွားနိုင်တာပဲ။ အဲဒီကနေ ပို နာမည်ကြီးလာပြီး အခုဆို မင်းသမီးတောင်ဖြစ်ပါပေါ့။ 

မိန်းမလျာတွေက စည်းရုံးရေးလည်း အတော်ကောင်းကြပါတယ်။ မိန်းကလေးတစ်ယောက်က ဘယ်လိုဖြစ်နေသလဲ၊ ဘယ်လိုစိတ်ရှိသလဲ၊ ဘာအခက်အခဲတွေ ရှိသလဲ၊ ဘာနဲ့ ဖျားယောင်းရင် ရမလဲ ဆိုတာတွေကို သူတို့က အသိဆုံးပါ။

တစ်ခါကဆို အဒေါ်တစ်ယောက် စတိုးဆိုင်မှာ ကောင်တာထိုင်ပေးနေတဲ့ ကောင်မလေး၊ အဲဒီကောင်မလေးကို ကျတော် ချဉ်းကပ်နေတုန်း မရလို့ စိတ်ညစ်နေချိန် အဲဒီ ကိုခွန်က ပြောလာတယ်။ သူစည်းရုံးပေးမယ် ဆိုတာနဲ့ အစက ယုံတောင် မယုံဘူး၊ နောက်ပိုင်း ပိုက်ဆံနဲ့ပါ ခေါ်လို့ ရတယ်ဗျာ တဲ့။ 

ကိုခွန်နဲ့ မိတ်ဆက်ပေးသည့် မိတ်ဆွေက သူ့ကိုယ်တွေ့ကို ပြန်ပြောပြတာပါ။

ကိုခွန်တို့လို မိန်းမလျာတွေဟာ အဲဒီကိစ္စတွေကို အသက်မွေးဝမ်းကြောင်း တစ်ခုလို လုပ်ကိုင်နေတာဖြစ်လို့ တော်တော်ကို ကျင်ကျင်လည်လည် ယဉ်ပါးနေပါပြီ။ 

အဲဒီမိန်းကလေးကို ခေါ်ပြီးရင်လည်း အပြီးထိ တာဝန်ယူပေးရတယ်လေ။ ကုန်ကုန်ပြောရရင် သူတို့ယောင်္ကျားနဲ့ အိပ်နေရင်တောင် ကိုယ်က ဟိုတယ် အပြင်ကနေ စောင့်ပေးရတာပါ။ ဒါကတော့ အဲဒီလို အဆင့်မြင့်ပြည့်တန်ဆာ မျိုးတွေအတွက် ပြည့်တန်ဆာခေါင်း မိန်းမလျာတွေက ပေးတဲ့ ဝန်ဆောင်မှုပဲ ဖြစ်ပါလိမ့်မယ်။ 

သူတို့မိန်းမလျာတွေဆီကနေ ပြည့်တန်ဆာအကြောင်း တော်တော်များများကို သိခဲ့ရတာပါ။ ပြည့်တန်ဆာနဲ့ မိန်းမလျာ ဆိုတာ တော်တော်ကြီးကို ဆက်စပ်နေတဲ့ ရန်ကုန်ရဲ့ ပြည့်တန်ဆာ ဈေးကွက်ဟာ အဆင့်တန်း အမျိုးမျိုးရှိပါတယ်။ 

ခုနက ကိုခွန် လို လူတန်းစား မျိုးကတော့ ဖုန်းဇယား လို့ခေါ်ပါတယ်။ မိန်းကလေးတွေကို စုထားတာမျိုး မရှိဘူး။ သူဟာနဲ့သူ ကိုယ့်အိမ်မှာကိုယ် နေကြတဲ့ မိန်းကလေးတွေပဲ။ အရပ်သူတွေ များပါတယ်။ အနုပညာလောကမှာ နာမည် အတန်အသင့် ရနေသူတွေလည်း ပါပါတယ်။ လိုအပ်သူက ဆက်သွယ်လာမှ ကောင်မလေးတွေကို ဖုန်းနဲ့ချိတ်ပြီး အလုပ်လုပ်ကြတာမျိုးပါ။ တစ်ခေါက်တစ်ခေါက်ကို ကြေးကြီးကြီး ပေးရတာမို့ ကိုခွန်တို့ အတွက်လည်း အတော်များများ ကျန်ပါတယ်။ အဲဒီလို ပြည့်တန်ဆာမျိုးကို အိမ်ဇယားလို့ ခေါ်တယ်။ ဖုန်းဇယားလို့လည်း ခေါ်တာပေါ့။ 

တချို့ကျတော့လည်း အစတုန်းက အနုပညာလောက က မဟုတ်ပါဘူး၊ ဒါပေမယ့် ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ တမင် ပိုက်ဆံပေးပြီး ထည့်ကြတာပါ။ ဘယ်ဂျာနယ်၊ ဘယ်မဂ္ဂဇင်းမှာ ပါဖူးတဲ့ ကောင်မလေး၊ ဘယ်သူဆိုပြီး ပြောတော့ ကြေးခေါ်လို့ ပိုကောင်းသွားတာပေါ့။ 

အဆောင်ဇယား ဆိုတာကလည်း ရှိသေးတယ်။ အဆောင်မှာ မိန်းကလေးတွေကို စုထားပြီး လိုအပ်လာမှ ဖုန်းဆက်ခေါ်ပေးတာပါ။ တချို့ အဆင့်မြင့်ပါတယ်။ အယ်လ်ဘဏ် ဓါတ်ပုံလေးတွေ လုပ်ထားပြီး ကြိုက်ရကိုမှ ခေါ်ပြပေးတာမျိုးတွေ ရှိတက်ပါတယ်။ 

Night Club နိုက်ကလပ်တွေမှာ ရှိတဲ့ ပြည့်တန်ဆာ အတန်းအစားကတော့ တွေ့ရအများဆုံးပါပဲ။

ရန်ကုန်မြို့ရဲ့ ညနေခင်းတွေမှာ သိမ်ကြီးဈေးရယ်၊ မင်္ဂလာဈေးရယ်မှာ ရှိကြတဲ့ နိုက်ကလပ်တွေဟာ ရန်ကုန်မြို့ရဲ့ အထင်ရှားဆုံး ပြည့်တန်ဆာ ဈေးကွက်ပါပဲ။ 

ည (၁၂) နာရီ ဝန်းကျင်လောက်ဆို သိမ်ကြီးဈေးနဲ့ မင်္ဂလာဈေးရဲ့ မှောင်ရိပ်တွေမှာ ပြည့်တန်ဆာလေးတွေ ခြေချင်းလိမ်နေပြီး နိုက်ကလပ် တော်တော်များကလည်း မိန်းကလေးတွေ အခမဲ့၊ ဒါမှမဟုတ် တဝက် (ထက်ဝက်) ဈေးနဲ့ ခွင့်ပြုထားတာမျိုး ဆိုတော့ သူတို့အတွက် ဈေးကွက်ကြီးလို ဖြစ်လို့နေတာပေါ့ဗျာ။ 

ဒီလို သိမ်ကြီးဈေးနဲ့ မင်္ဂလာဈေးက နိုက်ကလပ်တွေမှာ ရှိသမျှ မိန်းကလေးတိုင်း လိုလိုဟာ ပြည့်တန်ဆာတွေချည်းပဲလို့တောင် ပြောရမလို ဖြစ်နေပါပြီ။

အဲဒီ ကလပ်တွေမှာ ဖျောဖြေရေးဆိုပြီး လာကြတဲ့ မော်ဒယ် အဖွဲ့တွေ၊ ညအက အဖွဲ့တွေက မိန်းကလေးတွေဟာလဲ ခေါ်လို့ရကြတာပါပဲ။ သူတို့ကျတော့ ပန်းကုံးတွေ စွပ်ရတာမျိုး၊ စပွန်ဆာ ဆိုပြီး ဝယ်ခြမ်းပေးရတာမျိုးတွေ ရှိပါတယ်။ 

နေ့ခင်းကြောင်တောင်ကျတော့ ကားမှတ်တိုင်တွေမှာ ပြည့်တန်ဆာမလေးတွေ ကျတ်စားတက်ကြပါတယ်။ ဒါမျိုးကိုတော့ ရန်ကုန်ပြည့်တန်ဆာ လောကမှာ အဆင့်အနိမ့်ဆုံးအဖြစ် သတ်မှတ်ကြပါတယ်။ 

အနော်ရထာ လမ်းမပေါ်က လမ်း (၄၀) ထိပ် ကားဂိတ်တွေမှာ မယောင်မလည်တဲ့ ရပ်နေတဲ့ မိန်းကလေး တချို့ ရှိတက်ပါတယ်။ ဘယ်ကားလာလို့မှ မစီးပါဘူး။ လာတဲ့ ယောင်္ကျားသားတွေကိုချည်း လိုက်ကြည့်နေတက်တဲ့ သူတို့အသွင်ကိုက အများသူငါနဲ့ ခြားနားသိသာနေပါတယ်။

တချို့ မိန်းမကောင်းတွေက ညဉ်းကြပါတယ်။ အဲဒီလို မကောင်းတဲ့ မိန်းမတွေက ကားဂိတ်တွေ၊ လူစည်ကားရာ အရပ်တွေမှာ ဖောက်သည်ရှာနေတာက မကောင်းပါဘူး။ ကျန်တဲ့ မိန်းမကောင်းတွေပါ အထင်လွဲ ခံရပါတယ်။ မြို့ထဲကားဂိတ်တွေမှာဆို မိန်းမကောင်းလေးတွေ အဖို့ တစ်ယောက်ယောက်ကို စောင့်ဆိုင်းဖို့ အဆင်မပြေတော့ပါဘူး။ ကားပေါ် မတက်ဘဲကြာလာရင် ယောင်္ကျားတွေက ယုန်ထင်၊ကြောင်ထင် လာကြည့်ကြရော။ 

ပြည့်တန်ဆာလေးတွေ လောကထဲ ကျတော်လည်း ရဲ အဖမ်းမခံရအောင် ဒီလိုပဲ လူတောထဲ ဝင်ပြီး ဖျောက်မှဖြစ်မယ် မဟုတ်ဘူးလား။ ရဲတွေက တော်တော့်ကို ဒုက္ခပေးပါတယ်။ 

သူတို့ပျော်ပါးချင်လာရင် ငွေပေး၊ခေါ်ယူ ဆက်ဆံတယ်။ ပြီးတော့ အသွင်ယူ ဖမ်းဆီးတယ် ဆိုပြီး လုပ်လိုက်ရော။ ပေးထားတဲ့ ပိုက်ဆံကိုလည်း ပြန်သိမ်းတယ်။ လူကိုလည်း ထောင်ချသေးတယ် တဲ့။ 

ညဘက် တစ်ယောက်တည်း လမ်းထွက်မိတဲ့ မိန်းမကောင်းကိုတောင် ပြည့်တန်ဆာ ပုဒ်မ တပ်ပြီး ဖမ်းဆီးတာတွေ၊ အိတ်ထဲ ကွန်ဒုံးပါတာနဲ့ ပြည့်တန်ဆာ ပုဒ်မ တပ်လိုက်တော့တာတွေ မကြာခဏ ကြားရတက်ပါတယ်။

.........................................................................

ကောက်နုတ်ချက်အပေါ် သုံးသပ်ချက်

စာအုပ်နာမည်ကိုက ပြည်တန်ဆာဟု အမည် တွင်သူများ လို့ ဆိုတော့ ပြည့်တန်ဆာလို့အမည်မတွင်ဘဲ ပြည့်တန်ဆာအလုပ် လုပ်ကိုင်နေသူတွေ လည်း ရှိကြနေကြောင်း တဖက်လက်နဲ့ လှစ်ဟဖော်ပြနေပါတယ်။
 
ဒိထက် ပိုသိချင်ရင် စာအုပ်ကိုသာ ဝယ်ဖတ်ကြပါ။ ကျတော်ကတော့ ခုထိ စာအုပ်ကို အပြင်မှာ မမြင်ဖူးသေးပါ။ You Tube က Knowledge by Heart Channel ကနေ အသံကို နားထောင်ပြီး စာရိုက်ပေးတာပါ။ စာ အထားအသို၊ စာပိုဒ်ခွဲ၊ သတ်ပုံ၊ ခွဲထား စတာတွေ လွဲတာရှိရင် ခွင့်လွှတ်ကြပါ။ 

........................

ဒီအကြောင်းတွေ ဖတ်မိတော့ စိတ်ထဲပြုံးမိတယ်။ ခုခေတ်ဆို ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ ကလပ်တွေ၊ ကာရာအိုကေ ဘားတွေ လှိုင်လှိုင်ပေါလာတာ သတိပြုမိနေမှာပါ၊ အဲဒီမှာ စိတ်ကြွဆေးတွေကလည်း အလွယ်တကူ ရနေပါတယ်။ တကယ်တော့ မူးယဇ်နဲ့ပြည့်တန်ဆာ ဆိုတာ လက်ဖဝါးနဲ့ လက်ဖမိုးပါပဲ။ အဲဒီ ကလပ်၊ဘားတွေ နောက်မှာ မူးယဇ် ရာဇကြီးတွေ။ ခရိုနီကြီးတွေက ပါဝင် ပတ်သတ်နေတာ မြေကြီးလက်ခတ် မလွဲပါဘူး။

ဘယ်မီဒီယာမှလည်း ပါးစပ် မ,ဟ ရဲပါဘူး။ မူးယဇ်နဲ့ ပတ်သတ်လာရင် မင်္ဂလာဒုံ က လေးလောင်ပြိုင် တမိသားစုလုံး ခုထိ တရားခံ မပေါ်သေးတဲ့ အမှုက မီဒီယာ တွေ အားလုံးကို ခြောက်လှန်နေဆဲပါ။ ( ပြောကိုမပြောရဲဘူး၊ ရယ်စရာကြီး၊ တကယ့် ဟာသပါ။)

ခုရက်ပိုင်း ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေတာရော ရခိုင်ဘက်မှာ A A နဲ့ တိုက်ပွဲ ဖြစ်နေတာရော မဆန်းပါ။ အဲဒီ နေရာတွေက ခေတ်အဆက်ဆက် ဘိန်း သယ်ယူခဲ့တဲ့ လမ်းကြောင်းကြီးပါ။ တိုက်ပွဲ တွေ မဖြစ်ခင်လေးမှာ မူးယစ် အဖမ်းအဆီးတွေ များခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် မှာ ဒေါ်လာ ဘီလီယံချီ မိတာတွေဟာ မကြာခဏပါပဲ။ ဘိန်းအပေါ် မှီခိုနေရတဲ့ လက်နက်ကိုင် အဖွဲ့တွေအတွက် အတော် တင်းသွားတာပေါ့။ (KIA,KNU လည်း ဘိန်းအပေါ် မှီနေတဲ့ အဖွဲ့တွေပါပဲ။)

ရှင်းရှင်းပြောပြရင် တကမ္ဘာလုံးကို အဲဒီနေရာတွေက ဖြန့်နေတာပါ။ အမေရိကန်လည်း သိ၊ တရုတ်လဲ သိနေတာပါပဲ။ မကြာခင်လေးကပဲ တရုတ်နဲ့ အမေရိကန် သမ္မတနှစ်ယောက် တွေ့ဆုံပွဲမှာ အဲဒီ မူးယဇ်အကြောင်းပါလာတယ်။ ပူး ရှင်းကြမယ်ပေါ့။

တော်ရုံ ပြည်သူတယောက် အနေနဲ့ အိမ်၊ ခြံ တကွက်ကို သိန်း (၄၀၀) လောက်နဲ့ မဝယ်နိုင်ပါဘူး။ မူးယဇ်က ရလာတဲ့ ငွေမည်းကိုင်ထားသူတွေက သိန်း ထောင်ချီ၊ သောင်းချီ ပုံပေးနိုင်ပါတယ်။ ဒါကြောင့် စစ်တွေလို နေရာမျိုးမှာ သိန်း ထောင်ချီ ဈေးတွေ မြောက်နေတာပါ။ မန်းလေးဆို မန်းသားစစ်စစ်တွေ မြို့သစ်ရောက်သွားပါပြီ။  

ဒါကလဲ ဖိုးခင်ညွန် ကိုယ်တိုင်က မူးယဇ်နဲ့ မကင်းခဲ့ပါဘူး။ ဒီတော့ ဝ,တွေ လူပါးဝကြတယ်။ မန္တလေး က (ဟိုတယ်) ကလပ် တစ်ခုမှာ ဖာ လုကြရင်း ရဲအုပ်တယောက်ကို ပေါ်တင် ပစ်သတ်သွားတာပါပဲ။ ဘယ်သူမှ အသံမထွက်ရဲခဲ့ကြပါဘူး။

ဘိန်းသူဌေးတွေ၊ ခရိုနီတွေ၊ အဘတွေကို အပျိုစင် ဈေးကွက် ပွဲစားလုပ်ပေးတဲ့ သူတောင် ဘန်ကောင်မှာ ကွန်ဒို ပွဲစားဘက် လိုင်းကူးသွားပြီ။ ဘိန်း မကိုင်တော့ဘူး။ ခိုင်သွားပြီလေ။

တခါတလေ သူက ဘာဖခင်ကြီး ညာဖခင်ကြီး ဆိုပြီး မီဒီယာမှာ ထထ အာ,သေးတယ်။ စောက်ခြောက်ကြီး ငါလေ ရယ်လိုက်ရတာ အူပါတက်တယ်။

ခုလဲ တိုက်ပွဲတွေ ဖြစ်လာကြတော့ နီးပိန်း အုပ်စုက ပျော်ကြတယ်။ တော်လှန်းရေးယောင်ယောင် အမည်တပ်ပြီး ဝင်ပူးနေကြတာ တွေ့ရတော့ ရယ်ရသေးတော့။ တခါ ဘောမ အုပ်စုတွေကလည်း ဒီသူပုန်တွေကို နိုင်အောင် မတိုက်နိုင်ဘူးလား နဲ့ ခနဲကြ၊ ပြောင်ကြ ၊ လှောင်ကြနဲ့ ။ ငါလေ ရယ် လိုက်ရတာ အူတွေ တက်လို့။ ဘာတော်လှန်ရေး မှ မဟုတ်ပါဘူး။ 

အဲဒီ ဘိန်း ဂိုဏ်းတွေအပေါ် ရပ်တည်နေတဲ့ သူပုန် အဖွဲ့တွေကို ဘယ်တော့မှလည်း ရှင်းလို့မရပါဘူး။ ရှင်းလည်းမရှင်းပါဘူး။ အစ ဖော်လိုက်တာနဲ့ မြန်မာပြည် ခရိုနီ တဝက် (ထက်ဝက်) လောက်က မြောင်းထဲ ရောက်ပြီပဲ။ အဲ သူတို့မြောင်းထဲ ရောက်ရင် အကောင်ကြီးကြီး လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ သူတွေလည်း အကုန် ဂွမ်းကုန်မှာပါ။ 
 
ခေတ် အဆက်ဆက် ဘိန်း မှိန်းသလို ဝေစား မျှစား လုပ်လာပြီးကာမှ ...... ရက်စက်ရပြန်ရင်လဲ......





Print Friendly and PDF

No comments:

Post a Comment