Sunday, December 3, 2023

ပြည့်တန်ဆာဟု အမည်တွင်သူများ အကြောင်း ( ၁ )

ဆရာ သွန်းနေစိုး ရဲ့

ပြည့်တန်ဆာဟု အမည်တွင်သူများ အကြောင်း စာအုပ်မှ ကောက်နုတ်ချက်

အမျိုးသားပြည့်တန်ဆာ၊ယောင်္ကျားပြည့်တန်ဆာ သို့မဟုတ် ယောင်္ကျားဖာ

ကျတော်တို့ ငယ်ငယ်က ကောလဟလလို့ သိခဲ့ကြတဲ့ တခုရှိပါတယ်။ အဲဒါက ဗိုလ်ချုပ်ဈေးထိပ်မှာ ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ ယောင်္ကျးလေးတွေ ရှိနေတက်ပါတယ်။ ရှပ်အင်္ကျီ အဖြူသန့်သန့်ဝဲဘတ် အင်္ကျီအိတ်ကပ်ထဲမှာ နှင်းဆီပွင့်လေး တစ်ပွင့်ထိုးထားတယ်ဆိုရင် အဲဒါ သေချာပါတယ်။ ယောင်္ကျား ပြည့်တန်ဆာပဲတဲ့။

သူတို့ကို အသက်ကြီးကြီး မိန်းမတွေက အထူးသဖြင့် ခင်ပွန်းယေင်္ကျားက ရေခြားမြေခြားတွေမှာ အလုပ်သွားလုပ်နေတဲ့ ငွေကြေး ကြွယ်ကြွယ်၀၀ မိန်းမကြီးတွေက ခေါ်ပြီးတော့ သုံးကြတယ်လို့ ဆိုပါတယ်။ 

တကယ့်တော့ ယောင်္ကျားပြည့်တန်ဆာ လောကဟာ အဲဒီကောလဟလတွေနဲ့ အတော်ကို ခြားနားနေပါတယ်။ ယောင်္ကျားပြည့်တန်ဆာတွေဟာ အဲဒီလို ဗိုလ်ချုပ်ဈေးရှေ့က လမ်းပေါ်မှာ ရင်ဘတ်နှင်းဆီပန်း ထိုးပြီး ခပ်ကြောင်ကြောင် ရပ်စောင့် မနေသလို သူတို့ရဲ့ ဖောက်သည်တွေကလည်း မိန်းမကြီးတွေပဲ မဟုတ်ကြပါဘူး။ 

သူတို့ရဲ့ အဓိက ဖောက်သည်ကတော့ မိန်းမလျာတွေသာ များပါတယ်။ မိန်းမလျာတွေကြောင့်ပဲ ဒီအလုပ်ထဲကို ရောက်လာတာများပါတယ်။ အစကတော့ မော်ဒယ်ဖြစ်ချင်လို့ ရန်ကုန်တက်လာတာပါ။ သင်တန်းမှာက သင်တန်းစရိတ်အပြင် ဝတ်ဖို့ စားဖို့ကလည်း လိုသေးတယ်လေ။ အများနည်းတူ အဝတ်အစားတွေ ဝယ်ဖို့ လွယ်တာမှ မဟုတ်တာ။ ဒီလိုအချိန်မှာ သင်တန်းဆရာက သူ့ဆရာသမား မာမီတစ်ယောက်နဲ့ ချိတ်ဆက်ပေးတယ်။ 

အစကတော့ စပွန်ဆာပေါ့လေ၊ ကျတော်လိုတာကို ဝယ်ပေးတယ်။ နောက်တော့ သူတစ်ယောက်တည်း သုံးနေရာကနေ သူ့မိတ်ဆွေ မာမီတွေအတွက်ပါ ကြေးနဲ့လိုက်ဖြစ်တော့တာပါပဲ။ 

အများသား ပြည့်တန်ဆာ တစ်ယောက်က သူ့အကြောင်းကို ရင်ဖွင့်ပြောပြလာတာပါ။

နောက်တစ်ယောက်ကို ထပ်တွေ့တာကျတော့ အဲဒီလို အနုပညာလောကထဲက မဟုတ်ပါဘူး။ ကျတော်က လက်ဖက်ရည်ဆိုင်ကစားပွဲထိုးပါ။ ကျတော်တို့ ဆိုင်နားမှာ ဖက်ရှင် အလှပြင်ဆိုင် ရှိတယ်။ အခြောက်တွေပေါ့ဗျာ။ အဲဒီအခြေညက်တွေနဲ့ သိကျွမ်းသွားရာက သူတို့က မုန့်ဖိုးပေးပြီး ခေါ်သုံးတာပါ။

အဲဒီနောက်ပိုင်း တဖြေးဖြေးကို ဖြစ်သွားတာပါပဲ။ အခြောက်တွေသာမက မိန်းမကြီးတွေလည်း ခေါ်သုံးကြပါတယ်။ သူကတော့ အဲဒီလောကမှာ ခုချိန်ထိ ကျင်လည်နေဆဲပါ။ ကျတော်က အတန်းပညာလည်း မတက်တော့ဒါကလွဲပြီး ဘာမှ မလုပ်စားတက်တော့ဘူးဗျာ..။

အဲလိုပြောပြခဲ့တဲ့ တစ်ယောက်ကတော့ အဲဒီလောကနဲ့ ကင်းအောင် နေထိုင်နိုင်ခဲ့ပါပြီ။ 

ယောင်္ကျားပြည့်တန်ဆာ ဆိုတာ မလွယ်လှဘူးဗျ။ အခြောက်တွေနဲ့ စခန်းသွားရတာ များလာတဲ့အခါ မျိုးစုံကြုံရတယ်။ အခြောက်တွေထဲမှာ လိင်စိတ်ဖောက်ပြန်နေသူတွေ၊ ကာမဂုဏ် လွန်ကြူးကြတာတွေ ပါတာကိုး၊ သူတို့လို ဖြစ်အောင်ပါ တစ်ပြန်တစ်လှည့် လိုင်းသွင်းချင်ကြတာမျိုးကို အတော်ရှောင်ခဲ့ရတယ်။ ပြောပြရင် အခြောက်လင် တော်တော်များများက ကြာလာတဲ့အခါ သူတို့ပါ အခြောက်ဖြစ်သွားတက်ကြတာ များပါတယ်။

မိန်းမတွေထဲက ယောင်္ကျားပြည့်တန်ဆာ ခေါ်သူတွေ ရှိပေမယ့် နည်းတော့နည်းပါတယ်။ ခေါ်ရင်လည်း မိန်းမကြီးတွေပဲ များပါတယ်။ ယောင်္ကျားနဲ့ ကင်းကွာနေသူတွေ၊ လိင်ကိစ္စ အလိုလောဘ မပြည့်သူတွေမျိုးက သာ ခေါ်တာများပါတယ်။

အပျိုကြီး နာမည်ခံထားပြီး ယောင်္ကျားပြည့်တန်ဆာ ခေါ်တက်တဲ့ မိန်းမကြီးတစ်ယောက်လည်း ရှိတယ်လို့ သိရပါတယ်။ ကျတော့်ကိုတော့ မဟုတ်ဘူး။ ကျတော့် သူငယ်ချင်းကို ပင်တိုင်ခေါ်လေ့ ရှိပါတယ်တဲ့။ 

အဲလို မိန်းမတွေက ယောင်္ကျားပြည့်တန်ဆာ ခေါ်တာထက် သူတို့ကြိုက်တဲ့ ယောင်္ကျားမျိုးတွေကို စပွန်ဆာ သဘောမျိုးပေးပြီး တစ်လက်ကိုင်အဖြစ် ခေါ်သုံးကြတာ များပါတယ်။ 

တခါတလေ ကျရင် အတော် အံ့သြစရာ ကြုံရတာလည်း ရှိပါတယ်။ ပြင်ပလောကမှာ တကယ့် ဂုဏ်ဒြပ်နဲ့ နေတက်တဲ့ မိန်းမကြီးတွေထဲက ကျတော်တို့ကို ခေါ်သုံးတာမျိုးတွေ ရှိပါတယ်။  ဒါကလဲ သူဘာလဲ ဆိုတာ အပြင်မှာ ပြန်တွေ့တော့မှ သိရတာပါ။ အဲဒီကျတော့ သူ့ဂုဏ်သိက္ခာကို ငဲ့ပြီး ကိုယ်က မသိသလို နေပေးရပါတယ်။ ကိုယ်ဖောက်သည် အကြောင်း လျှိုဝှက်ထားပေးရတာက ယောင်္ကျားပြည့်တန်ဆာတွေရဲ့ ဖော်ပြမထားတဲ့ ကျင့်ဝတ်တစ်ခုလို ဖြစ်လာပါတယ်။ 

တချို့ဆို မိန်းမလျာ ဖြစ်ပေမယ့် ဘယ်သူမှ မသိအောင် အုန့်ပုံးဖြစ်နေတာပါ။ မနက်ဖြန်လို သတိုးသားအဖြစ် လက်ထပ်တော့မယ့် အချိန်မှာ ဒီနေ့လိုမျိုး ကျတော်တို့ကို ခေါ်သုံးတာမျိုး ရှိပါတယ်။ သူက အကောင်ကြီးကြီးအမြီးရှည်ရှည်ဆိုတဲ့ ထဲကပါ။

မိန်းမလည်း ယူလိုက်တယ်။ သူခြောက်နေတာ ဘယ်သူမှ မသိကြဘူး။ အိမ်ထောင်ပြုပြီးတော့လည်း လစ်ရင်လစ်သလို ကျတော်တို့ကို ခေါ်သုံးနေတာပဲ တဲ့။ 

ဗိုလ်ချုပ်ဈေးရှေ့က နှင်းဆီပန်းလေး ရင်ဘတ်ထိုးထားတာမျိုး ယောင်္ကျားပြည့်တန်ဆာ ဈေးကွက်ကိုတော့ သူတို့လည်း မတွေ့ဖူးဘူးလို့ ပြောကြပါတယ်။ ယောင်္ကျားပြည့်တန်ဆာ ဈေးကွက်ဟာ ဒိထက် ပိုပိရိပြီး ဒိထက် ပိုငြိမ်ဆိတ်ပါတယ် တဲ့။

မာမီတွေရဲ့ အလှပြင် ခန်းမတွေမှာ အယ်လ်ဘမ်လေးတွေ ထားတက်ကြပါတယ်။ ယောင်္ကျားပြည့်တန်ဆာတွေရဲ့ ပုံတွေပေါ့။ ခေါ်ချင်တဲ့သူတွေက အဲဒီပုံတွေထဲကကြည့်ပြီး ရွေးရုံပါပဲ။ ပုံတွေမှာ နံပါတ်လေးတွေ တပ်ထားပါတယ်။ ကြိုက်တဲ့ နံပါတ်ကို ပြောခဲ့လိုက်ပြီး အနီးက ဟိုတယ် တစ်ခုခုမှာ သွားနေလိုက်ရတယ်။ လာနေကျ ဖောက်သည်တွေကျတော့ ဟိုတယ်မှာ အခန်းကြိုယူတက်နေပြီ။ အဲဒီလို ကိုယ်သွားနေမယ့် အခန်းနံပါတ်ကို ပြောပြခဲ့ပြီး စောင့်နေရုံပါပဲလို့ ရှင်းပြပါတယ်။ 

လိုအပ်ရင် ဒီလို ယောင်္ကျားပြည့်တန်ဆာ ဆက်သွယ်ပေးတဲ့ အလှပြင်ခန်း အနီးနားက ဟိုတယ်တွေမှာ အခန်းယူဖို့ကိုလည်း အဲဒီအလှပြင်ခန်းကပဲ ဝန်ဆောင်မှုပေးပါတယ်။ အစကတော့ တစ်ယောက်စ နှစ်ယောက်စလောက် လက်သိပ်ထိုး လုပ်နေရာကနေ အခုဆို ယောင်္ကျားပြည့်တန်ဆာ လောကကြီးဟာ အတော်ကျယ့်ပြန့်နေပါပြီ။ 

သူတို့လို သက်သက် ဆွဲဆောင်လိုင်းသွင်း ခံရသူတွေသာမက ဒီလုပ်ငန်းနဲ့ နီးစပ်သူတွေလည်း ယောင်္ကျားပြည့်တန်ဆာ ဖြစ်ကုန်ကြတာ များပါတယ်။ အထူးသဖြင့် ဟိုတယ်တွေ၊ တည်းခိုခန်းတွေက ဝန်ထမ်းတွေနဲ့ ယောင်္ကျားလေး အနှိပ်ခန်းက ကောင်လေးတွေပါပဲ။

နိုင်ငံခြားသားတွေထဲမှာ ဟိုတယ် လာတည်းကြတဲ့အခါ လိင်ကိစ္စ အပျော်အပါး ရှာကြသူတွေရှိတယ်။ တချို့က မိန်းကလေး ပြည့်တန်ဆာကို ရှာပေမယ့် တချို့ကြတော့လည်း ယောင်္ကျားလေးပြည့်တန်ဆာကိုမှ တောင်းဆိုကြတာပါ။ ဒီအတွက် ဟိုတယ်က ဝန်ထမ်းကို ရှာပေးခိုင်းတာရှိသလို ဟိုတယ်ဝန်ထမ်းကို သွေးဆောင်သိမ်းသွင်းတာမျိုး ၊ ဟိုတယ် ဝန်ထမ်းကိုယ်တိုင်က အပြင်ငွေ ရပေါက်အဖြစ် လုပ်ကိုင်တာမျိုးတွေ ရှိတက်ပါတယ်။ ယောင်္ကျားလေး အနှိပ်ခန်းကတော့ အညောင်းအညာပြေဖို့ ဖွင့်ထားတာပါ။

ဒါပေမယ့် မိန်းကလေး အနှိပ်ခန်းက လူတွေ ပြည့်တန်ဆာလိုင်းထဲ သွေးဆောင်သိမ်းသွင်း ခံရသလို ယောင်္ကျားလေး အနှိပ်ခန်းက လူတွေလည်း ယောင်္ကျားပြည့်တန်ဆာ အဖြစ် သွေးဆောင်ခံရတာတွေ ရှိပါတယ်။ ယောင်္ကျားလေးဆိုတော့ ကိုယ်က နစ်နာတာမှ မဟုတ်ပဲ လို့တွေးပြီး လုပ်ကိုင်သူတွေ အများကြီးပါပဲ အစ်ကို။ 

ယောင်္ကျားပြည့်တန်ဆာတွေက မိန်းကလေးတွေလို ဒီအလုပ်ကြီး သက်သက် လုပ်ကိုင်သူတွေ မဟုတ်ဘဲ တခြားအလုပ်လုပ်ရင်း တွဲပြီး လုပ်ကိုင်ကြသူတွေ များပါတယ်။ ဟိုတယ် ဝန်ထမ်းလုပ်နေပေမယ့် ခေါ်ရင် လိုက်တယ် ဆိုတာမျိုး၊ အနှိပ်ခန်းမှာ လုပ်နေပေမယ့် ခေါ်ရင်လိုက်တယ် ဆိုတာမျိုးပေါ့။ 

အခုဆို ရန်ကုန်မှာ ယောင်္ကျားလေး အနှိပ်ခန်းတွေ အတော်များနေပါပြီ။ အများစုက ယောင်္ကျားလေးတွေ လအနှိပ်ခံကြတာ များတယ်ဆိုပေမယ့် မိန်းမလျာတွေ အသက်ကြီးကြီး မိန်းမကြီးတွေလည်း လာအနှိပ်ခံကြတာ ရှိပါတယ်။ 

ယောင်္ကျားပြည့်တန်ဆာ လောကမှာ အနုပညာသမားတွေ ပါဝင်မှုကို စုံစမ်းတဲ့ အခါမှာလည်း အထက်ကအတိုင်းပဲ ကောက်ချက်ချလို့ ရပါတယ်။ ယောင်္ကျားပြည့်တန်ဆာအဖြစ် ပုံမှန်လုပ်ကိုင်နေတာမျိုး မဟုတ်ဘဲ အနုပညာ အလုပ်တွေ လုပ်ကိုင်နေရင်းက လိုက်တာမျိုးပါ။ စပွန်ဆာ ရှာကြတာကတော့ အနုပညာသမားတွေထဲမှာ တော်တော်များများတွေ့ရပါတယ်။ 

မော်ဒယ်ကောင်လေးတွေ မင်းသားလေးတွေကို မိန်းမလျာတွေက စပွန်ဆာပေးထားတာ ရှိသလို မိန်းမအစစ်တွေကလည်း စပွန်ဆာ ပေးထားတာ ရှိပါတယ်။ 

ဟိုနေ့ကတောင် မိတ်ကပ်နာမည်ကြီးတစ်ယောက်က သူ့ချစ်သူတွေအကြောင်းဆိုပြီး လူသိရှင်ကြား လုပ်လာပါရောလား၊ တကယ်တော့ သူ့ကိုချစ်သူထားတယ် ဆိုကတည်းက အချစ်မေတ္တာ အစစ် ဘယ်လိုရှိတော့မှာလဲ၊ စပွန်ဆာ ထားတာပဲပေါ့။ တနည်းပြောရရင် သူနဲ့ ပက်သတ်တဲ့မင်းသားလေးကလည်း ယာင်္ကျားပြည့်တန်ဆာ တမျိုးပဲပေါ့ အစ်ကို။

ယောင်္ကျားပဲ နစ်နာစရာ မရှိဘူး ဆိုတဲ့ အမြင်က အနုပညာသမားတွေကို ယောင်္ကျားပြည့်တန်ဆာအလုပ် လုပ်မိစေတဲ့ အကြောင်းခံ တစ်ခု ဖြစ်ပါလိမ့်မယ်။ 

နာမည်တော်တော်ကြီးတဲ့ အဆိုတော်တွေ မင်းသားတွေတောင်မှ မိန်းမတွေက ချိန်းခေါ်တာမျိုး လိုက်ကြတာ ရှိတယ်။

ဟိုတယ်မှာ အခန်းကြိုယူထားပြီး သူတို့ဆီဖုန်းဆက်၊ အဆက်အစပ်နဲ့ အဆင်ပြေသွားတာမျိုးတွေ ရှိပါတယ်။ 
အနုပညာ လောကကြီးကိုက စပွန်ဆာနဲ့ မကင်းတာပါ အစ်ကို။ ဒီခေတ်ကြီးမှာ စပွန်ဆာနဲ့လုံး၀ ကင်းအောင် နေနိုင်သူကို အတော် လက်ချိုးနေနေရမယ့် အဖြစ်။ ဒါပေမယ့် ကျတော်တို့လို နာမည်မကြီးတဲ့ သူတွေကိုကျ နှိမ်ချချင်သူတွေ ပေါပါတယ်။ သူတို့လို နာမည်ကြီး အနုပညာရှင်တွေကျ ဝိုင်းဝန်းချီးမြှောက်ကြတာ များပါတယ်လို့ စာရေးသူ အင်တာဗြူး ခဲ့တဲ့ ယောင်္ကျားပြည့်တန်ဆာလေးက နာနာကျည်းကျည်း ပြောပြရှာပါတယ်။ 

သူတို့ခမျာ တစ်နေ့လုပ်အားခ မစို့မပို့လေး ရတာပါ။ ကြားထဲမှာ ဆက်သွယ်ပေးတဲ့ အလှပြင်ခန်းမကိုလည်း ကော်မရှင် ခွဲပေးရသေးတယ်။ ဒီကြားထဲ သူတို့ကို ခေါ်သူတွေက ဓမ္မတာ မဟုတ်တဲ့နည်းတွေနဲ့ လိင်ဆက်ဆံခိုင်းတာမျိုး၊ လိင်ကျွန်ပမာ ပြုမူတာမျိုး အစုံအလင်ကြုံရပါတယ်။ ဒီခေတ်ကြီးမှာ နာမည်ကြီးရင် အားလုံးကောင်းတယ်လေ အစ်ကို၊ နာမည်ကြီးကို ကားဝယ်ပေးရတာနဲ့ ခြံဝယ်ပေးရတာနဲ့ ၊ တိုက်ဝယ်ပေးရတာနဲ့ ၊ တကယ်တော့ လုပ်ဆောင်ရတဲ့ လုပ်ဆောင်မှုကတော့ ယောင်္ကျားပြည့်တန်ဆာချင်း အတူတူပါပဲ အစ်ကို။ 

ကျတော်တို့ တိုင်းပြည်ကိုက စာရိတ္တပျက်ပြားနေတာပါ။ လူကြီး မယားငယ်ဆိုတာတွေ၊ လူကြီးမိန်းမရဲ့ လူကြီးသမီးရဲ့ လင်ငယ်ဆိုတာမျိုးတွေက ဂုဏ်သရေရှိ လူကြီးလူကောင်းတွေအဖြစ် ပွဲလယ်တင့်နေကြတဲ့ ခေတ်ကြီးမှာ ယောင်္ကျားပြည့်တန်ဆာ ဖြစ်ဖြစ်၊ မိန်းမပြည့်တန်ဆာ ဖြစ်ဖြစ် နှိမ်ချဆက်ဆံနေစရာ ဘယ်မှာရှိပါတော့မလဲ။

ယောင်္ကျားပြည့်တန်ဆာထဲမှာ စိတ်ဝင်စားစရာ နောက်တမျိုးကတော့ မိန်းမလျာပြည့်တန်ဆာတွေလည်း ရှိနေပြန်ပါတယ်။ ဖြတ်၊ဖောတ်၊ချုပ်လို လိင်ပြုပြင်ထားတာ မဟုတ်ဘဲ မိန်းမလျာ သက်သက်ကိုမှ လိင်ဆက်ဆံချင်သူတွေက ရှိပြန်ပါသတဲ့။ သူတို့ကိုတော့ မိန်းမလျာတွေ အခေါ် "အဖွယ်" လို့ ခေါ်ကြောင်းသိရပါတယ်။ ယောင်္ကျားတွေကပဲ ခေါ်ပြီး ဆက်ဆံကြတာပါ။ ဟိုး အရင်ကတော့ ရန်ကုန်မြို့ရဲ့ နေရာအနှံ့အပြားမှာ ရှိကြတဲ့ အများသုံး အိမ်သာတွေမှာ သူတို့ ကျတ်စားလေ့ရှိကြပြီး အခုနောက်ပိုင်းမှာတော့ လမ်းတွေပေါ်မှာ အင်တာနက် အွန်လိုင်းနဲ့ ဖုန်းတွေက တဆင့် ဆက်သွယ် လုပ်ဆောင်ကြတာပါပဲ။ 

မိန်းမလျာတွေချည်း ဖွင့်ထားတဲ့ ဆံပင်၊မိတ်ကပ်၊အလှပြင်ဆိုင် တချို့မှာ ပါးစပ်နဲ့ အခြားလိင်ပိုင်းဆိုင်ရာတွေ လုပ်နေတက်တယ်လို့ သိရပါတယ်။ 

တချို့ယောင်္ကျားတွေကျတော့ ဓမ္မတာ မဟုတ်တဲ့ လိင်ပိုင်းဆိုင်ရာ ပြုစုမှုတွေ လိုချင်တာမို့ မိန်းမလျာတွေကို ပိုမို စိတ်ဝင်စားတယ်လို့ သိရပါတယ်။ ကာမဂုဏ်နောက်ကို လိုက်သူတွေရဲ့ လေကမှာတော့ အရှုပ်ထဲက အရှုပ်၊အမှောင်ထဲက အမှောင်နဲ့ သြချစရာ အကြောင်းအရာတွေကိုချည်း တွေ့နေရတာပါပဲ။

....................................................................

ကောက်နုတ်ချက်အပေါ် သုံးသပ်ချက်

စာအုပ်နာမည်ကိုက ပြည်တန်ဆာဟု အမည် တွင်သူများ လို့ ဆိုတော့ ပြည့်တန်ဆာလို့အမည်မတွင်ဘဲ ပြည့်တန်ဆာအလုပ် လုပ်ကိုင်နေသူတွေ လည်း ရှိကြနေကြောင်း တဖက်လက်နဲ့ လှစ်ဟဖော်ပြနေပါတယ်။
 
ဒိထက် ပိုသိချင်ရင် စာအုပ်ကိုသာ ဝယ်ဖတ်ကြပါ။ ကျတော်ကတော့ ခုထိ စာအုပ်ကို အပြင်မှာ မမြင်ဖူးသေးပါ။ You Tube က Knowledge by Heart Channel ကနေ အသံကို နားထောင်ပြီး စာရိုက်ပေးတာပါ။ စာ အထားအသို၊ စာပိုဒ်ခွဲ၊ သတ်ပုံ၊ ခွဲထား စတာတွေ လွဲတာရှိရင် ခွင့်လွှတ်ကြပါ။ 

ဒီ ကောက်နုတ်ချက်လေး ဖတ်ပြီး ယနေ့ မျက်မှောက်ခေတ်မှာ မိက်ကပ်ပြင်တဲ့ မာမီကြီးတွေကို ပေါ်ပေါ်တင်တင် ပဲ မီဒီယာတွေက အသားပေး အလေးထားပြီး အင်တာဗျူးနေတာတွေ ၊ အနားမှာ မော်ဒယ်ပေါက်စ ၊ မင်းသားပေါက်စလေးတွေ နဲ့ တဟီးဟီ တဟားတဟား လူမြင်ကွင်းမှာ နေနေကြတာတွေ မြင်ရတော့နောက်ကွယ်မှာသာ ဆိုရင် ဘယ်လောက်တောင်များ.....။

အံမယ် သူ့တို့ကြွယ်ဝမှုကလဲ တော်ရုံ မော်ဒယ်ပေါက်စ၊ မင်းသားပေါက်စ၊ တက်သစ်စ သရုပ်ဆောင် ပေါက်စလေးတွေလောက်ကိုတော့ သွားကြားတောင် ညှပ်မယ့်ပုံ မပေါ်ပါဘူး။ 

ဒီတော့ ကိုယ့်သား၊ ကိုယ့်သမီးတွေမှာ အနုပညာ ဓါတ်ခံလေးတွေပါလာပြီ ဆိုရင် မိဘတွေ အနေနဲ့ ကိုယ့်ရင်သွေးက မာမီတွေ နဲ့ တရောရော တရုန်းရုန်း နေလာပြီဆိုရင် အထူး သတိချပ်သင့်ပါပြီ။ မချပ်ရင်လည်း ဆရာ သွန်းနေစိုး ရဲ့ စာအုပ်ခေါင်းစဉ် နောက်ကွယ်က အုပ်စုထဲ ပါသွားမှာပါ။

ကျန်တာတွေ ကိုယ့်ဘာသာ ဆက်သာတွေးကြပါတော့။




https://rammatthawe.blogspot.com/

Print Friendly and PDF

No comments:

Post a Comment