Thursday, April 9, 2015

ရွာက သာဂိ အပိုင်း ( ၄ )

ရွာက သာဂိ အပိုင်း ( ၄ )

ရေးသားသူ - ဗညားပိကျိ

နောက်တော့ ထိုအရာကြီးသည် ငြိမ်းငြိမ်း၏ မိန်းမကိုယ် အပေါက်ဝလေးကို လာထိသည်။ ငြိမ်းငြိမ်း ဆတ်ကနဲ တုန်သွားမိသည်။အဲဒီဟာကြီး ငြိမ်းငြိမ်း အထဲဝင်လာလျှင် ဘာဖြစ်မည်နည်း၊ နာမှာလား…၊ လောကစည်းစိမ် တွေ့မှာလား ၊ ငြိမ်းငြိမ်းမသိ၊ လောလောဆယ် ငြိမ်းငြိမ်း သိသည်မှာ ငြိမ်းငြိမ်း အရမ်းကြောက်နေမိသည်။

ဦးလို့ ခေါ်သည့် သာဂိကိုလား…မဟုတ်ဘူး ထင်သည်။ ငြိမ်းငြိမ်းသည် ဦးသာဂိကို မကြောက်။ဒါဖြင့် ငြိမ်းငြိမ်း ဘာကိုကြောက်နေမိ သနည်း။ အမှန်ဆိုရလျှင် ငြိမ်းငြိမ်းသည် ဘယ်ဟာကို ကြောက်နေမိမှန်း မသိအောင်ကို ကြောက်နေမိသည်။

ကြောက်ကြောက်နှင့် ရုန်းကြည့်သေးသည်။ သာဂိဖိထားသောကြောင့် လှုပ်လို့ပင်မရ။ အောက်ပိုင်းလေးကား ပို၍ ဆိုးသည်။ သာဂိ ခါးကြီးနှင့် အောက်ပိုင်းတစ်ခုလုံးသည် ငြိမ်းငြိမ်း ပေါင်ကြားထဲတွင် ရောက်နေသည်။ထိုခန္ဒာကိုယ်ကြီး ဝင်သာအောင် ပေါင်လေးတွေ ကားပေးထားရ သဖြင့် ငြိမ်းငြိမ်းအောက်ပိုင်းသည် ဘယ်ညာ လူးလွန့်လို့တောင် မရ။ ထို့ပြင် ကားထားရသော ပေါင် အတွင်းကြောတွေ နည်းနည်း နာသည်။ ငြိမ်းငြိမ်း ပေါင်ကို အဲလောက်ထိအောင်တစ်ခါမှ မကားဘူးချေ။

ထိုစဉ် သာဂိက သူ့လိင်တံကို ငြိမ်းငြိမ်းကိုယ်လေးထဲသို့ ထိုးထည့်လိုက်သည်။ ငြိမ်းငြိမ်း အရေပြားတွေ တင်းကနဲ ဖြစ်သွားသည်။ လန့်ပြီး မျက်လုံးတွေကို စုံမှိတ်ထားသည့်ကြားက ထပ်ကြုံ့လိုက်ရင်း သာဂိ လက်မောင်းရင်းကို တွန်းထုတ်လိုက်မိသည်။သာဂိ လိင်တံသည် ငြိမ်းငြိမ်း၏ မိန်းမကိုယ်လေး အပေါက်ဝတွင် တစ်နေသည်။ ထိုဟာကြီးသည် ရှေ့တော့ ဆက်မတိုးသေး။ သို့သော် တိုးလိမ့်မည် ဖြစ်ကြောင်းတော့ ငြိမ်းငြိမ်းသိသည်။ 

ငြိမ်းငြိမ်းသည် အရမ်းမောလာသည်။ အောက်မှာ ငြိမ်ငြိမ်လေးနေရင်းကို မောနေသည်။ အသက်ရှုရတာလဲ မဝသလို ဖြစ်လာသည်။ထို့ကြောင့် ပါးစပ်လေးဟ၍ အသက်ရှုမိရာ သာဂိက ဘယ်လိုထင်သည် မသိ။ ဟနေသော နှုတ်ခမ်းလေးတွေကို သူ့နှုတ်ခမ်းကြီးတွေနှင့် လာငုံပြီး နမ်းသည်။

ငြိမ်းငြိမ်းသည် အသက်ကို ဘယ်လို ရှုရမှန်း မသိတော့ချေ။ နောက်ပြီး သူ့လက်ကြီးတွေက ရင်အုံလေးကို ဖျစ်ညှစ်နေပြန်သည်။ အောက်မှာလည်း သူ့ဟာကြီးသည် အဝတွင် စိုက်လျက်ရှိနေသည်။ ငြိမ်းငြိမ်း ရင်တွေ ဘယ်လို ခုန်ရမှန်း မသိတော့။ ရင်ခုန်ခြင်းသည် လူက ထိန်းချူပ်တာမဟုတ်သော်ငြား သိတော့ သိနေသည့် ခံစားမူ ဖြစ်သည်။ ယခု ငြိမ်းငြိမ်းဖြစ်နေသည်မှာ ရင်ခုန်ခြင်းကို မသိရတော့လောက်အောင် ခုန်နေမိခြင်းသာ ဖြစ်သည်။ 

နောက်ပြီး သူ့ကိုယ်လုံးကြီးနှင့် အဖိ ခံထားရ၍ အသက်ရှုမဝ၊ မောနေမိ၍ ပါးစပ်လေးဟ အသက်ရှုပါသည်။ သူက အသက်ရှုသော နှုတ်ခမ်းလေးတွေကို ပိတ်ပစ်သော အခါ ငြိမ်းငြိမ်းအသက်ရှုတွေ မှားသွားသည်။ ငြိမ်းငြိမ်းသည် သူ့ကိုယ်သူ ဒုက္ခ ခံနေရသည်ဟု ထင်လာသည်။ထိုစဉ် အောက်က တစ်ချက် တင်းကနဲ ဖြစ်သွားပြန်ကာ သူ့ဥစ္စာကြီး တိုးဝင်လာတာကို ခံစားမိသည်။

“ ကျွတ်..ကျွတ်..” 

ငြိမ်းငြိမ်း စုတ်သပ်မိသည်။ နာသည်။ ထိုအရာကြီးသည် ဘယ်လောက် ပမာဏရှိသည် ဆိုတာ ငြိမ်းငြိမ်းမသိ။ သို့ရာတွင် လက်ညိုးနှင့်တောင် နှိုက်မဆေးဘူးသော ငြိမ်းငြိမ်းကိုယ်လေးနှင့် မတန်တာတော့ သေချာသည်။ ငြိမ်းငြိမ်း ရုန်းကန်ရင်း ထထိုင်ဖို့ ကြိုးစားသည်။

သူက ငြိမ်းငြိမ်း ခေါင်းလေးကို ငယ်ထိပ်ကနေ အုပ်ကိုင်ပြီး ထိန်းလိုက်ရာ ငြိမ်းငြိမ်း မထနိုင်တော့။ သို့သော် ရလိုရငြား လက်ကလေးတွေနှင့် ကြမ်းပြင်ကို ထောက်ပြီး ထကြည့်သည်။ ထိုစဉ် သူ့ဟာကြီးက ထပ်ပြီး တိုးဝင်လာပြန်သည်။ ငြိမ်းငြိမ်း မျက်လုံးတွေ ပြာကနဲ ဖြစ်သွားသည်။ မီးပွင့်လေးတွေ ဖြာထွက်သွားသည်ကို ပါ မျက်လုံးထဲတွင် မြင်လိုက်ရသည်။ အောက်ပိုင်းရှိ တစ်ခုသော နေရာတွင် သူ့ဟာကြီးက လာထောက်နေကာ အတင်းတိုးနေသည်။ 

တိုးလေ နာလေ ဖြစ်လာသောအခါ ငြိမ်းငြိမ်းမခံစားနိုင်တော့။ မျက်ရည်လေးတွေကျလာသည်။ ထိုစဉ် သူ့ဟာကြီး နောက်ပြန်ဆုတ်သွားသည်။ ငြိမ်းငြိမ်း သက်သာရာရသွားသည်။ စိတ်နည်းနည်းလျော့ သွားသလိုဖြစ်ကာ အသက်ရှုလိုက်စဉ်မှာပင် .. 

“ ဖလောက်” 

ကနဲ အသံထွက်အောင် သူ့ဟာကြီးသည် ထိုအရာလေးကို ကျော်ဖြတ်၍ တိုးဝင်သွားသည်။

ငြိမ်းငြိမ်း အသက်ရှုနေရင်း တန်းလန်း ဆက်မရှူနိုင်တော့အောင် ဖြစ်သွားရင်း ခေါင်းလေးကို စောင်းကာ ရုန်းဖယ်ကြည့်မိသည်။မရချေ။ အောက်ပိုင်းတစ်ခု လုံးသည် စပ်ဖျင်းဖျင်းကြီး ဖြစ်နေသည်။ဝမ်းခေါင်းတစ်ခုလုံးတွင် တစ်စုံတစ်ရာသည် တံစို့ထိုးထား သလိုကြီး ဝင်နေသည်။ နာသည်။ ကျိန်းသည်။ ပြီးတော့ ပူသည်။ ငြိမ်းငြိမ်း လုပ်မိလုပ်ရာ သူ့ပါးစပ်နားရှိ သာ၈ိ ပခုံးစွန်းကို ဖက်ပြီး ကိုက်ထည့်လိုက်သည်။ 

သူ့ကိုယ်ကြီး တွန့် ကနဲ ဖြစ်သွားသည်။ သို့သော် အောက်မှာတပ်ထားကိုတော့ မချွှတ်။ မချွှတ်သည့် ပြင် လှုပ်စိလှုပ်စိဖြင့် ဝင်လိုက်၊ ထွက်လိုက် လုပ်နေပါတော့သည်။ငြိမ်းငြိမ်းသည် လှိုင်းစီးနေရသလို ဖြစ်နေသည်။ သူမကိုယ်လုံးလေးသည် သာဂိ၏ ရင်ခွင်အောက်တွင် တစ်ငြိမ့်ငြိမ့် လှုပ်ယမ်းနေသည်။ သူ့ဟာကြီးသည် ငြိမ်းငြိမ်း၏ ကိုယ်လေးအတွင်း ဝင်လိုက်ထွက်လိုက် ဖြစ်နေသည်။ အထဲတွင် ပူနွေးမူနှင့် ကျိန်းစပ်မူသည် ငြိမ်းငြိမ်းကို တစ်လှည့်စီ ဝေဒနာပေးနေသည်။ 

တစ်ခါတစ်ခါ သူ့ဟာကြီးအောက်က တွဲပါနေသော ဂွေးဥတွေက စအိုဝလေးနားကို ထိခတ်မိလျှင် ငြိမ်းငြိမ်း အူတွေ လိပ်တက်လာမိသည်။ တစ်ချက် တစ်ချက် သူ့ဗိုက်သားက အစေ့လေးကို ပွတ်မိလျှင် အာရုံကြောတွေ ဖျင်းကနဲ နေအောင် ဖြစ်ဖြစ်သွားသည်။ 

ထူးဆန်းလှသော ခံစားချက်ပေါင်းစုံကို ခံစားရင်း ငြိမ်းငြိမ်းမေ့မျောနေသလို ဖြစ်နေမိသည်။ ထိုစဉ် သူသည် လှုပ်ရှားမူတွေ မြန်လာသည်။ ငြိမ်းငြိမ်းကိုယ်ထဲကလည်း အရည်တွေ အထွက်များလာသဖြင့် “ပလွတ်၊ ပြွတ်” ဆိုသော အသံတွေပါ ထွက်လာသည်။ ခဏကြာ သူသည် ငြိမ်းငြိမ်းကို အတင်းဖက်ရင်း အပေါ်တွင် တစ်ဆတ်ဆတ် လှုပ်နေသည်။

တစ်ပြိုင်တည်း မှာပင် ပူနွေးသော အရာတွေ ငြိမ်းငြိမ်းကိုယ်ထဲ ဝင်လာကြသည်။ ထိုအရာတွေ၏ ပူနွေးမူသည် ဟိုး ရင်ခေါင်းထဲတိုင်အောင် ရောက်ရှိသွားသည်ဟု ထင်ရသည်။ သူသည် ငြိမ်းငြိမ်းကို အတင်းဖက်ထား၍ ငြိမ်းငြိမ်း အရိုးတွေ ကျိုးကုန်တော့မည်ဟုတောင် ထင်လာသည်။ အသက်ရှူ လို့လဲ မရပြန်တော့၍ တစ်အင့် အင့် ဖြစ်နေရပြန်သည်။ 

သို့သော် သူသည် ခဏမျှသာ ငြိမ်းငြိမ်းကိုယ်လေးကို ဖျစ်ညှစ်ထားပြီးနောက် မကြာခင်တင် ပျော့ဖတ်ခွေကျသွားသည်။ သူသည် ငြိမ်းငြိမ်းကိုယ်ပေါ်တွင် လူသေကောင်ကြီးလို မလှုပ်မယှက်ကြီး ငြိမ်နေသည်။ ခုနက မုန်တိုင်းတိုက်သလို လှုပ်ရှားခဲ့သူမှာသူမဟုတ်တော့သည့် အလား ငြိမ်ကျသွားသည်။

ငြိမ်းငြိမ်းသူ့ကိုယ်လုံးကြီးကို အားစိုက်ပြီး တွန်းဖယ်ကြည့်သည်။ ရသည်။ သူသည် ငြိမ်းငြိမ်း ညာဘက်ကို လိမ့်ဆင်းပြီး ပက်လက်ကြီး အိပ်နေသည်။ ငြိမ်းငြိမ်းသည် ခုမှ အသက်ကိုဝဝ ရှူရင်း ငုတ်တုပ်လေး ထိုင်လိုက်သည်။ သူမ ကိုယ်ထဲက အရည်တွေသည် တစ်စိမ့်စိမ့်နှင့် ကြမ်းပြင်ပေါ် စီးကျသွားသည်။ 

ငြိမ်းငြိမ်းမျက်ရည်တွေ ကျလာမိသည်။ ဘာဖြစ်လို့မှန်း မသိ ။ငြိမ်းငြိမ်း ငိုချင်နေမိသည်။ စိတ်ထဲတွင် ဝမ်းနည်းမူကသာ ကြီးစိုးနေသည်။ ငြိမ်းငြိမ်းသည် ငိုရင်း ရှိုက်ရင်း အဝတ်စားတွေကို ပြုပြင်သည်။ ရှုပ်ပွသွားသော ဆံပင်တွေကို ပြန်လုပ်ရသည်။ ပေပွနေသော မိန်းမကိုယ်လေးကို ဆေးကြောသည်။ ရေဆေးနေရင်း ထပ်ငိုမိပြန်သည်။ သူမ တစ်ကိုယ်လုံးနာနေသည်။

ခုနက မသိသာခဲ့သော နာကျဉ်မူများသည် အခုမှ ပေါ်လာကြသည်။ ခါးတွေ အောင့်နေပြီး နို့အုံလေးတွေ အထိမခံနိုင်အောင် နာနေသည်။ ပေါင်အတွင်းကြောတွေကလည်း ဆွဲဆန့်ခံထားရသလို ဖြစ်ကာ လမ်းလျှောက်လျှင် ခပ်ကွကွ လျှောက်နေရသည်။

အဆိုးဆုံးကတော့ မိန်းမကိုယ်ထဲက ဖြစ်သည်။ ကျိန်းနေတာလား၊ နာနေတာလား၊ ဟာနေတာလား ငြိမ်းငြိမ်း မဝေခွဲနိုင်၊ တစ်မျိုးကြီးတော့ တစ်မျိုးကြီး ဖြစ်နေသည်မှာ မနေတတ်၊ မထိုင်တတ်အောင်ပင်။သို့ရာတွင် သူမ ခံစားနေရသမျှသည် အပြစ်ကင်းစွာ အိပ်မောကျနေသော သာဂိ မျက်နှာကို ကြည့်မိသောအခါ နေလာနှင်းပျောက်သကဲ့သို့ လွင့်စင်သွားကြပြန်သည်။ 

သာဂိသည် အသက်ကို မှန်မှန်ရှူ၍ တိုးညှင်းစွာ ဟောက်ရင်း အိပ်ပျော်နေသည်။ ငြိမ်းငြိမ်းသည်ကားယားကြီး အိပ်ပျော်နေသော သူ့ကို ခေါင်းအုံးလေး ခုပေးကာ စောင်ပါးလေး ခြုံပေးလိုက်သည်။ သူသည် ကလေးငယ် တစ်ယောက်လို နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ 

ငြိမ်းငြိမ်း သူ့ရင်အုံကြီးပေါ် ခေါင်းလေး မှီအုံးကြည့်သည်။ သူ့ရင်သည် နွေးထွေးလွန်းသည်။ထိုစဉ်သူ့ လက်ကြီး တစ်ဘက်က ငြိမ်းငြိမ်းကိုသိုင်းဖက်လာသည်။ ငြိမ်းငြိမ်းစိတ်ထဲတွင် စောင်အကြီးကြီး တစ်ထည် အခြုံခံလိုက်ရသလို နွေးထွေးလုံခြုံသွားမိသည်။

မိဖြူသည် သူ့ကို ပြုံးကြည့်နေသည်။ သူ့အပြုံးသည် နုနယ် လတ်ဆတ်လွန်းနေသည်။ ပြီးတော့ သူ့ကို မော့မော့လေးကြည့်နေသည့် မျက်ဝန်းတွေသည် ရွှန်းလဲ့စိုဝင်း နူးညံ့လွန်းသည်။ သာဂိ သူမကို ဖြေးဖြးချင်း ထွေးပွေ့လိုက်သည်။ ရုတ်ချည်း သူမ၏ နှုတ်ခမ်းထောင့်စွန်းတွင် အစွယ်ပြူးပြူးတွေ ထွက်လာကြသည်။ 

သာဂိ တအံ့တသြ ကြည့်နေမိစဉ်မှာပင် မိဖြူသည် သာဂိ ၏ ပခုံးကို ကိုက်ပြီး သွေးစုတ်လိုက်သည်။ လက်သဲရှည်ကြီးတွေ ထွက်နေသော လက်ကလေးတစ်ဘက်က သာဂိ ရင်ဝထဲကို ထိုးနိုက်သည်။ သာဂိ လန့်ပြီး နောက်သို့ ဆုတ်လိုက်သော်လည်း အချိန် မမှီတော့။ သူ့လက်ချောင်းများသည် သာဂိ ရင်ထဲသို့ ထိုးနှိုက်ကာ နှလုံးသားကို ဆွဲနှုတ်သွားသည်။ သာဂိ ရင်တွေအောင့်ပြီး ပူထွက်သွားသည်။ အလန့်တကြား ထထိုင်ရင်း အော်ဟစ်မိမလို ဖြစ်သွားသည်။

ပြီးတော့ သာဂိ ဘေးဘယ်ညာကို ထိတ်လန့်တကြားကြည့်သည်။ သူသည် သူ့မျက်နှာကျက်ခန်းလေး ပေါ်တွင်သာ ရှိနေသည်။ သူအိမ်မက် မက်နေခြင်းသာ။ရင်တွေကကတော့ တစ်ကယ့်ကို ပူနေသည်။ပခုံးစွန်းက လည်း တစ်ဆစ်ဆစ်နှင့် နာနေသည်။ ရေခဲသေတ္တာထဲက ရေပုလင်းကို ထုတ်ယူမော့ရင်း နာရီကို ကြည့်တော့ ၁၂ နာရီ ကျော်နေချေပြီ။ သူဘယ်လို အိပ်ပျော်သွားသနည်း။ သာဂိ စဉ်းစားရင်း ညနေကို ပြန်တူးဖော်တော့.. အား..ညနေက ငြိမ်းငြိမ်းလာသည်။ သူ သိပြီ။ 

သူသည် ငြိမ်းငြိမ်းနှင့် မိဖြူကို မှားပြီး ချစ်လိုက်မိပြီ ထင်သည်။ သူ့အာရုံထဲမှာ မိဖြူကို ချစ်သည်ဟုသာ ထင်နေခဲ့သည်။ ငြိမ်းငြိမ်း ဘယ်လို ပြန်သွားသလဲ.. သူ အဲဒါတော့ မသိတော့။ နောက်ပြီး ပခုံးစွန်း လက်မောင်းရင်းတွင် သွားရာ အကွင်းလိုက်လေးလဲ ရှိနေသည်။ ဟုတ်ပြီ။ 

ဟိုကောင်မလေး ကိုက်သွားတာ ဖြစ်မည်။ မနက်ကျလျှင် သူ့ကို ဘယ်လို စကားပြောရမလဲ.. သာဂိ ဆက်မစဉ်းစားချင်တော့။ ခုန ရေသောက်လိုက်သည်မှာ အရှိန်ပြန်တက်လာသည် ထင်သည်။ မူးလာပြန်သည်။ သာဂိ ကြမ်းပြင်က ခေါင်းအုံးနှင့် စောင်ကို ယူကာ ကုတင်ပေါ် တက်လှဲလိုက်သည်။ သူ့ ခေါင်းအုံးတွင် တစ်ထွာ သာသာ ဆံပင်လေးတွေ ကပ်နေတာ တွေ့ရသည်။ သူပြန်လည် အိပ်ပျော်သွားသည်။မည်မျှ ကြာအောင် အိပ်ပျော်သွားသည် မသိ။ သူ့ကို အတင်း လှုပ်နိုးရင်း

“ ဟေ့ကောင် ထတော့ကွ၊ နေဖင်ထိုးနေပြီ၊ ထတော့၊ ထ ..ထ .. ” 

ဆိုသည့် အသံနှင့်အတင်း လှုပ်နှိုးကာ ခံလိုက်ရတော့မှ သူနိုးလာသည်။ မျက်လုံး ဖွင့်ကြည့်တော့ ပြူးကျယ်။

“ ဟာ.. ပြူးကျယ် ၊ မင်း ဘယ်တုန်းက ရောက်လဲ ”

“ ကြာပြီကွ၊ ဟိုက မနက် ၆ နာရီကားနှင့် လိုက်လာတာ၊ မင်းကွာ ၁၂ နာရီ ထိုးနေပြီ၊ ခုထိ အိပ်တုန်းလားဟ”

“ အေးကွာ.. ညက နည်းနည်း များသွားလို့၊ ခဏစောင့်ဦး၊ သူငယ်ချင်း၊ ငါရေချိုး လိုက်ဦးမယ်”

သာဂိ ရေချိုးပြီး လက်ဘက်ရည်ဆိုင် သို့ အတူသွားကြသည်။ မတွေ့ကြသည့် ဒီ နှစ်ပိုင်းအတွင်း သူငယ်ချင်းနှစ်ယောက်မှာ ပြောစရာတွေ အများကြီး ရှိနေသည်။ သာဂိသည် သူ့လုပ်ငန်း အခြေနေကို ပြောသလို ပြူးကျယ်က သူ့ အိမ်ထောင်ရေး အခြေနေကို ပြောပြသည်။ ပြူးကျယ်နှင့် ဥမ္မာသည် သိပ် အစေးမကပ်ကြတော့။ချစ်လို့ ယူထားသည်မှာ မှန်သော်လည်း ခုချိန်တွင် ပြူးကျယ်သည် ဥမ္မာ့ကို မချစ်ချင်တော့ပေ။ သာဂိက..

“ ဟေ့ကောင် .. မင်းနောက်တစ်ယောက် တွေ့နေတယ် မဟုတ်လား၊ မှန်မှန်ပြော”

“ မဟုတ်ဘူး၊ သူငယ်ချင်း.. ငါ သူ့တစ်ယောက်ထဲကိုပဲ ချစ်တာပါ။ ဘယ်လိုကနေ ဘယ်လို စဖြစ်တယ် ဆိုတာ ငါလဲ မသိတော့ဘူး၊ ဒါပေမယ့် သူနှင့် ငါနှင့်ဆက်ဆံရေးက အရမ်းကို အေးစက်သွားတယ်။ ငါ လည်း မဖောက်ပြန်ဘူး၊ သူလည်း မဖောက်ပြန်ဘူး။ ဘာမှားနေတယ်ဆိုတာလဲ ငါ မသိဘူး”

သာဂိက တစ်ခု စဉ်းစားမိပြီး..

“ မင်း ဟိုကိစ္စရော မှန်မှန်လုပ်သလား”

“ မှန်ပါတယ်ကွာ၊ မှန်သမှ စကားများ ရန်ဖြစ်တဲ့ နေ့လည်း မှန်တယ်၊ စကားမများတဲ့ နေ့လည်း မှန်တယ်၊ နေ့တိုင်းမှန်တယ်၊ တစ်နေ့ တစ်ခါတော့ ပျက်ကို မပျက်ဘူး”

“ဒါဆို မင်းဟာက ဘာလဲ၊ ငါလည်း မသိတော့ဘူး”

ထိုစဉ် ကိုထွန်းနိုင်နှင့် လူတစ်ယောက် ဆိုင်သို့ ရောက်လာကြသည်။ သာဂိက ပြူးကျယ်ကို မိတ်ဆက်ပေးသလို ကိုထွန်းနိုင်ကလဲ သူ့မိတ်ဆွေ နေဇာ ဆိုသူနှင့်မိတ်ဆက်ပေးသည်။ ကိုနေဇာ ဆိုသောလူတွင် အရပ် ခပ်ပျတ်ပျတ်နှင့် မလိုက်ဖက်လှသော စူးရှသည့် မျက်ဝန်းတစ်စုံ ရှိသည်။ ထိုမျက်ဝန်းများသည် သူလုပ်ချင်သည့် ကိစ္စကို မဖြစ်မနေ လုပ်မည်ဟု ပြောနေကြသည် အလား ခိုင်မြဲ တည်ငြိမ်လှသည်။ သာဂိက စကားဆက်၍ ပြူးကျယ် ကိစ္စကို ပြောသော အခါကိုနေဇာ ဆိုသော လူက …

“ ကျွန်တော် ထင်တာကတော့ ခင်ဗျား .. ယောက်ခမတွေနှင့်တော့ သိပ်အဆင်မပြေဘူး ထင်တယ်”

“ ဟုတ်ပါတယ်ဗျာ၊ ဒါပေမယ့် ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး၊ သူတို့က ကျွန်တော့်ကို တစ်ခြား အလုပ် ပြောင်းလုပ်စေချင်တယ်လေ၊ ကျွန်တော်ကလဲ

ဝါသနာ မပါဘူးဗျာ။ ကျွန်တော် ဥပဒေ ဘွဲ့ယူထားတာ ရှေ့နေ လုပ်ချင်လို့ဗျ၊ လောလောဆယ် မအောင်မြင်သေးခင်တော့ ကျပ်တည်းတာပေါ့ဗျာ၊ အဲဒါကို မကျေ မလည် ဖြစ်နေကြတာ”

“ နေပါဦး၊ သူတို့က ဘာလုပ်ခိုင်းတာလဲ”

“ ဆီဆိုင်မှာ ပန့် မန်းတဲ့ဗျာ၊ စဉ်းစားကြည့်၊ ကျွန်တော် ပညာသင်ထားတာတွေ အလကား ဖြစ်ကုန်မှာပေါ့”

ပြူးကျယ်၏ စကားသည် ရယ်စရာ မဟုတ်သော်လည်း သာဂိတို့ ဝါးလုံးကွဲ ရယ်မိကြသည်။ ကိုထွန်းနိုင် ဆိုလျှင် တစ်ခိခိနှင့် အူတွေတောင် တက်နေသည်။ ကိုနေဇာက ဆက်မေးသည်။

“ အဲဒါနှင့် စကားများကြရော ဆိုပါတော့”

“ ဟုတ်တယ်ဗျ။ မိန်းမကလဲ အဲဒါကို လုပ်ခိုင်းနေတယ်လေ၊ ကျွန်တော်ကလဲ လုပ်ကို မလုပ်ချင်ဘူး”

“ စကားများပြီးတော့ ဆက်ဆံ ဖြစ်သေးလား”

“ အင်း၊ ဟုတ်ကဲ့”

“ အမြဲတမ်း ဆိုပါတော့”

“ ဆိုပါတော့ ဗျာ”

“ ကျွန်တော် သိပြီဗျ၊ ခင်ဗျားတို့ ကြားထဲက ပြဿနာကို ၊ အမှန်က ခင်ဗျား အချိန်မှားတာရယ်၊ စိတ်ကို တစ်လွဲ ထွက်ပေါက် ပေးတာရယ်က စတာဗျ”

“ ဟာ.. လုပ်စမ်းပါဦးဗျာ၊ ဖြေရှင်းနည်းလေးများ ရမလား”

“ ကျွန်တော် တစ်ခုတော့ ပြောမယ်နော်၊ ကျွန်တော်က ပညာရှင် မဟုတ်ဘူး၊ အတွေ့အကြုံနဲ့ မှန်းကြည့်တာပဲ ရှိတယ်၊ သေချာပေါက်ကြီး ဒိလိုပါလို့တော့ မပြောဝံ့ဘူးနော်”

“ ဟုတ်ပါပြီဗျာ၊ ဗဟုသုတ ရရုံဆိုရင်တောင် ကျေနပ်ပါပြီ”

“ ဒီလိုဗျ၊ ခင်ဗျားက မိန်းမနှင့် စကားများပြီး ပြဿနာရဲ့ အဖြေ မထွက်ခင်မှာ ခင်ဗျားရင်ထဲမှာရှိတဲ့ မကျေနပ်ချက်တွေကို လိင်ဆက်ဆံတဲ့နည်းနှင့် ခင်ဗျားက ရှင်းထုတ်ပစ်တာ မှားတာဗျ”

“ ဗျာ…”

“ ဟုတ်တယ်၊ ခင်ဗျားစိတ်ထဲက ထုတ်မပြောဖြစ်လိုက်တဲ့ အပြစ်တင်ချင်တဲ့ စိတ်တွေ၊ ရန်လိုတဲ့ စိတ်တွေကို သူ့အပေါ်မှာ လိင်ဆက်ဆံပြီး အာသာ ဖြေပစ်လိုက်တာ၊ အဲဒါကို ခင်ဗျား ပါးစပ်ကတော့ မပြောဘူး၊ မျက်နှာမှာ မပေါ်ဘူး၊ ဒါပေမယ့် ရင်ထဲမှာရှိနေတယ်၊ အဲဒီလိုနည်းနှင့် သူ့အပေါ် အနိုင်ယူလိုက်တာကို ခင်ဗျား မိန်းမက သွေးထဲက အလိုလို သိတယ်ဗျ”

“ …….”

“ ဟုတ်တယ်၊ ပြောရရင် အနိုင်ယူတဲ့ ဆက်ဆံမူမျိုးပဲ၊ တစ်ကယ်တော့ လိင် ဆက်ဆံတယ် ဆိုတာ ချစ်ခြင်းကို အခြေခံတဲ့ စိတ်မျိုးနှင့်မှ တစ်ဦးကို တစ်ဦး ပိုပြီး စီးပိုင်လာစေတာဗျ၊ အဲဒီ ခဏတာ သာယာ ခြင်းနှင့် မကျေနပ်ချက်တွေကို ဖုံးပစ်မယ် ဆိုရင်တော့ တစ်ခါ နှစ်ခါသာ ခင်ဗျား အဆင်ပြေမှာပဲ၊ ကြာလာရင် ခင်ဗျားတို့ ဆက်ဆံရေးက အဓိပါယ် မရှိတဲ့ အဆင်မပြေမူတွေ၊မကျေနပ်ချက်တေ၊ွ အပြစ်သေးသေးလေးတွေနှင့် အက်ကြောင်း ထင်လာတော့တာပဲ၊ အဲဒီ အခါ ခင်ဗျားတို့ရဲ့ ဆက်ဆံရေးဟာ သာမန်အချိန်မှာတောင် သာယာမှာ မဟုတ်တော့ဘူး”

ပြူးကျယ်သည် ခေါင်းငိုက်စိုက်ချရင်း စဉ်းစားနေသည်။ ပြီးတော့ ..

“ ဟုတ်တယ်၊ ကိုနေဇာ .. ခင်ဗျား ပြောတဲ့ အတိုင်းပဲ”

ကိုနေဇာက လက်ဝါး ကာပြလျက်..

“ ကျွန်တော့်ကို အထင်မကြီးပါနှင့်၊ ကျွန်တော်ပြောတာ မဟုတ်ဘူးဗျ၊ အဲဒါ ဒေါက်တာ မောင်မောင်ညို ပြောတာ”

“ ဒေါက်တာ မောင်မောင်ညို…”

“ ဟုတ်တယ်၊ သူရေးတဲ့သိပ္ပံ နည်းကျ ဖိုမ ဆက်ဆံရေးမှာ အကျယ်တဝင့်ရေးထားတယ်၊ ခင်ဗျား ရှာဖတ်ကြည့်လိုက်လေ၊ ခု ကျွန်တော်ပြောတာထက် ပိုပြည့်စုံတယ်ဗျ၊ ပြီးတော့ ပိုပြီး အသေးစိတ်တယ်၊ ဖတ်ကြည့်လိုက်ပါဗျာ။ ခုခင်ဗျား ကြုံနေရတဲ့ အဖြစ်မျိုးက လူတော်တော်များများ ကြုံတတ်တာပဲ၊ အိမ်ထောင်တွေတော်တော် များများ ပြိုကွဲကြတာလဲ ဒါ့ကြောင့်ပဲဗျ”

သာဂိသည် ကိုနေဇာကို ခင်မင်မိသွားလေသည်။ ထိုလူ၏ ခေါင်းသေးသေးလေးထဲတွင် နောက်ထပ် စာအုပ် ဘယ်နှစ်အုပ်များ ရှိနေလေဦး မည်နည်း။ ထိုနေ့က သူတို့ သည် စကားတွေ အများကြီး ဆက်ပြော ဖြစ်ကြရင်း သာဂိက သူသိချင်သော အချစ်အကြောင်းကို မေးရာ ကိုနေဇာက ..

“ ကျွန်တော်ကတော့ အချစ်ကို ဒိလို မြင်တယ်ဗျ။ သူက စိတ္တဇ နာမ် .. ဖန်တီးလို့ မရဘူး၊ ဖျက်ဆီးလို့ မရဘူး၊ ပြောရရင် လွတ်လပ်တယ် ပေါ့ဗျာ၊ အဲဒါရဲ့ဆန့်ကျင်ဘက်က ချူပ်တီးတာ၊ ထိန်းချူပ်တာ၊ စောင့်ထိန်းတာ၊ အဲဒါတွေက ဘာတွေလဲ ဆိုတော့ ဝတ္ထုတွေထဲမှာပါတဲ့ သစ္စာ၊ နားလည်မူ၊ သံယောဇဉ်တွေပေါ့ဗျာ၊ အဲဒီ သစ္စာတွေ၊ နားလည်မူတွေ၊ သံယောဇဉ်တွေက လုပ်ယူလို့ ရတယ်ဗျ၊ အဲဒီနှစ်ခုကို ရောထွေးပြီး အချစ်လို့ ခေါ်နေကြတယ်၊ 

ကျွန်တော့် အထင်တော့ အဲဒီ နှစ်မျိုးပေါင်းဟာ အချစ်မဟုတ်ပါဘူး။ အချစ်ဆိုတာ လွတ်လပ်တယ်၊ သူ့ကို ထိန်းချူပ်လို့ရတယ် ဆိုရင် အဲဒါ အချစ်ကို မဟုတ်ဘူး၊ အချစ်မှာက ချစ်နေဖို့ပဲ လိုတယ်လေ၊ ဒါဖြင့် သစ္စာတွေ၊ နားလည်မူတွေ မလိုတော့ဘူးလား ခင်ဗျားက မေးမယ်။ မလိုပါဘူးဗျာ၊ ချစ်ပြီ ဆိုတာနှင့် ချစ်နေသေး သရွေ့သစ္စာရှိနေမှာပဲ ၊ ချစ်နေသေးသရွေ့ နားလည်မူ ရှိနေမှာပဲ။ 

အချစ်ကုန်သွားရင် အဲဒါတွေလဲ မရှိတော့ဘူး။ ကျွန်တော်ပြောနေတာ အိမ်ထောင်ရေး မဟုတ်ဘူးနော်၊ အချစ်ကို ပြောနေတာ။တစ်ချို့ အချစ်တွေက ၂၄ နာရီ လောက်ခံတယ်၊ တစ်ချို့ အချစ်တွေက ၄၂ နှစ်လောက် ခံတယ်၊ ဘယ်လောက်ကြာကြာ ခံမယ် ဆိုတာ ဘယ်သူမှ ပြောနိုင်မှာ မဟုတ်ဘူး၊ ပြောနိုင်တယ် ဆိုရင် အဲဒါ အချစ် မဟုတ်ဘူး၊ အချစ်ရဲ့ ဆန့်ကျင်ဘက် ချူပ်ထိန်းမှုပဲ ဖြစ်လိမ့်မယ်”

သာဂိသည် ထို အယူအဆကြီးကို လန့်သွားမိသည်။နှစ်ရက်ခန့် နေပြီးနောက် ပြူးကျယ် ပြန်သွားသည်။ သူက ဥမ္မာကို ညိနှိုင်းကြည့်ဦးမည် ပြောသည်။ ဘယ်လို အဖြေထွက်လာမည်တော့ မသိချေ။ သာဂိ စိတ်ထဲမှာ လောလောဆယ် ရှိနေသည်က ပြူးကျယ် မဟုတ်၊ ငြိမ်းငြိမ်း ဖြစ်သည်။ ပြူးကျယ်ရောက်နေ၍ ငြိမ်းငြိမ်းတို့ အိမ်ဘက်မရောက်ဖြစ်။ 

အမှန်ဆိုရလျှင် ဘာမှဝေးတာတော့ မဟုတ်။ ဆိုင်ကယ် လီဗာ နှစ်ချက်သုံးချက် ဖြဲလိုက်ရုံနှင့် ရောက်သော ခရီးဖြစ်သည်။ သာဂိကိုယ်တိုင်က သူမကို ဘယ်လို ရင်ဆိုင်ရမှန်း မသိ ၍ မသွားဖြစ်ခြင်း ပင်။ ဒီနေ့တော့ မြို့ သစ်ဘက်မှာ ဆိုင်ကယ် သွားပြရင်း လှည့်ဝင်မည်ဟု ဆုံးဖြတ်လိုက်သည်။

သာဂိ ငြိမ်းငြိမ်း အလုပ်ပြန်လာချိန် ညနေစောင်းလောက်ကို မှန်း၍ သူမတို့အိမ်ဘက် ထွက်လာခဲ့သည်။ သာဂိ အိမ်လေးပေါ်တက်တော့ ဒေါ်အေးသည် သူ့ကို ပြုံးရွှင်စွာ ဆီးကြိုနှုတ်ဆက်သည်။ ငြိမ်းငြိမ်းကလဲ သူ့ကို ခါတိုင်းလိုသာ ဆက်ဆံသည်။ သူနည်းနည်းတောင် ဇဝေဇဝါ ဖြစ်သွားသည်။ သူအဲဒီနေ့က အမူးလွန်ပြီး ထင်ယောင် ထင်မှားတွေ ဖြစ်ခဲ့တာလား ။

ပြီးတော့မှ ခေါင်းအုံးပေါ်က ဆံပင်တိုလေးတွေနှင့် သူ့လိင်တံပေါ်က ခြောက်ကပ်နေသော ဖြူဖြူ အဖတ်လေးတွေကို ပြန်မြင်ယောင်ပြီး ဒင်းလေး ဟန်ဆောင်နေတာ ဖြစ်မည်ဟု တွေးမိသည်။ဒေါ်အေးက အလ္လာပသလ္လာပ အနည်းငယ် ပြောပြီးနောက် အိမ်ခန်းထဲ ဝင်လှဲနေသည်။ သာဂိရှေ့တွင် ငြိမ်းငြိမ်း တစ်ယောက်ထဲ ကျူံ့ကျူံ့လေးထိုင်ရင်း ကျန်ခဲ့သည်။ သူမသည် အခုမှ ရှက်လာဟန်တူသည်။ ခေါင်းကြီးကို စွတ်ငုံထားကာ ဖျာစတွေကို လက်သည်းနှင့် လျှောက်ခြစ်နေသည်။ သာဂိက …

“ ငြိမ်းငြိမ်း ..”

မော့ မကြည့်၊ခေါင်းကြီးငုံ့ထားလျက်က ခေါင်းငြိမ့်ပြသည်။ သာဂိက ထပ်ခေါ်သည်။

“ ငြိမ်းငြိမ်း”

မထူး။ ဖျာပေါ်ကို လျှောက်ခြစ်ကုပ်နေသော လက်ကလေးတွေကို ဘယ်နားထားရမှန်း မသိ ဖြစ်နေသလို၊ ပေါင်ကို ကုပ်မည် ပြုသည်။ နောက် သူရှိနေတာ သတိရသွားဟန်ဖြင့် ခြေထောက်လေးတွေကို ပြင်သလို ပြုသည်။

“ ငြိမ်းငြိမ်း ၊ အလုပ် အဆင်ပြေလား”

ခေါင်းငြိမ့်ပြသည်။

“ အား .. ကိုယ့်ပခုံးက နာနေတယ်ကွာ၊ ဘယ်ခွေးမလေး ကိုက်သွားတာလဲ မသိဘူး၊ ဘာဆေး လိမ်းရမလဲ ဟင်၊ သိလား”

အမှန်ကတော့ သိပ်နာလှတယ်တော့ မဟုတ်လှပေ။ ကိုက်သည်မှန်သော်လည်း တစ်ချက်မျှသာ ခဲပြီး ပြန်လွှတ်လိုက်၍ အနက်ကြီးတော့ မဟုတ်။ သွေးစို့ ရုံမျှသာ ဖြစ်သည်။ သွားစွယ်နေရာလေးတွေ လောက်ကသာ အညို အမည်းစွဲကျန်နေကာ ကျန်နေရာတွေက အနာဖေးတောင် တက်လုပြီ ဖြစ်သည်။ ဒီတစ်ခါ တော့ ငြိမ်းငြိမ်း မော့ကြည့်သည်။ သူမ မျက်ဝန်းဝိုင်းဝိုင်းလေးတွေထဲတွင် စိုးရိမ်ခြင်းကို တွေ့ရသည်။ နောက် နောက်ဖေးထဲသို့ သုတ်ကနဲ ဝင်သွားပြီး ဆန်လက်တစ်ဆုပ်ခန့် ယူကာ ပြန်ထွက်လာသည်။

ပြီးတော့ သူ့ရှပ်အင်္ကျ ီ ကြယ်သီးတွေကို ဖြုတ်ကာ ပခုံးစွန်း လက်မောင်းရင်း ပေါ်အောင် ဖော်သည်။ ဒဏ်ရာကို မြင်သော အခါ နှုတ်ခမ်းလေးတွေ ဝိုင်းကနဲ ဖြစ်သွားပြီး ပါးစပ်လေးကို လက်ဝါးနှင့် အုပ်သည်။ နောက်ပြီးတော့ ဆန်တွေဝါးပြီး ဒဏ်ရာပေါ် အုံပေးရင်း …

“ ဦးကလည်း ..သိပ်ခက်တာပဲ၊ ဆေးခန်းသွားတာ မဟုတ်ဘူး၊ ပိုက်ဆံ မရှိတာလဲ မဟုတ်၊ ရင်းပြီး ပြည်တွေ တည်လာရင် ဘယ်လို လုပ်မလဲ”

စသည် စသည်ဖြင့် လူကြီးလေး တစ်ယောက်လို တတွတ်တွတ် ဆူပူနေသည်။ သာဂိက ပြုံးလိုက်ပြီး လေသံ တိုးတိုးလေးနှင့် ပြောလိုက်သည်။

“ ဆရာဝန် က ဘယ်သူက ဘာဖြစ်လို့ ကိုက်တာလဲလို့ မေးရင် ဘယ်လို ဖြေရမလဲ ဟင်”

“ အိုး .. မမေးပါဘူး”

ပြောရင်း သူ့ဘယ်လက်သီးဆုပ်လေးဖြင့် သာဂိ ရင်အုံကို တစ်ချက် လှမ်းထုသည်။ သာဂိက ထိုလက်ကလေးကို ဖမ်းဆုပ်၍ ဆွဲယူလိုက်တော့ သူမက တိုးတိုးလေး ပြောသည်။

“ အမေ ရှိတယ်”

သာဂိသည် လောကကြီးကို မေ့နေပြန်သည်။ သူ့ စိတ်ထဲတွင် ငြိမ်းငြိမ်း တစ်ယောက်သာ ရှိသည်။ ရှစ်မိုင်က အိမ်ကိုမှ ဝယ်ချင်သည့် စိတ်လည်း မရှိတော့ ။ တစ်ကယ်တော့ ရှစ်မိုင်လို နေရာမျိုးက အိမ်ဝယ်ရန် ဆိုသည်မှာ သာဂိအတွက် အိမ်မက်တစ်ခု သာဖြစ်သည်။ 

မဖြစ်နိုင်ဘူးလို့ မဆိုနိုင်ပေမယ့် ဖြစ်ဖို့ လွယ်သည့် ကိစ္စမျိုး မဟုတ်။ ထိုမလွယ်သည့် ကိစ္စကို သာဂိသည် ယခုအခါ စွန့်လွှတ်ပစ်လိုက်ပြီ ဖြစ်သည်။ သို့သော် အိမ်မက် အသစ်တစ်ခုက ပေါ်လာပြန်သည်။ မြို့သစ်ဘက်တွင် အိမ်နှင့် ခြံဝယ်ချင်သည့် ကိစ္စဖြစ်သည်။ သူ့လက်ထဲမှာ ရှိသည့် ငွေနှင့် မလောက်။ 

ပစ္စည်းတွေပါ ဖျောလိုက်လျှင်တော့ မှီသည်။ သို့သော် ဒါတွေ အကုန်ဖျောလိုက်လျှင် ဘာနှင့် သွားရင်းမည်နည်း။ သူ ဒေါ်အေးကို တိုင်ပင်တော့ ဒေါ်အေးက သား သဘောပါ ဟု ဆိုသည်။ ဒေါ်အေးသည် သာဂိကို သားဟု ခေါ်နေပြီ ဖြစ်သည်။

ငြိမ်းငြိမ်းသည် အရမ်းပျော်နေပုံ ရသည်။ သူမ မျက်နှာလေးသည် ဘယ်အချိန်ကြည့်ကြည့် ရွှင်လန်းနေသည်။ သူနှင့် တွေ့တိုင်းလည်း မြူးကြွ နေတတ်သည်။သာဂိ အဖို့လည်း အဲလိုလေး မြင်နေရတာကို စိတ်ချမ်းသာနေမိသည်။ အဲ..ညနေဖက် အလုပ်သိမ်းလျှင်တော့ သာဂိက ငြိမ်းငြိမ်းကို သူ့မျက်နှာကျက် အပေါ်ခန်းလေးသို့ ခေါ်ခေါ်သွားတတ်သည်။ 

သာဂိ အလုပ်ပိုလုပ်ဖို့ စဉ်းစားသော်လည်း ဘာလုပ်ရမှန်း မသိချေ။ တစ်ခါ တစ်ခါတော့ သူ့ဆိုင်ကယ်တွေကို လမ်းဘေးမှာ တစ်စီး ငါးသိန်း ၊ တစ်စီး ငါးသိန်းဟု အော်ရောင်းရ ကောင်းမည်လား ဟုတောင် စဉ်းစားမိသည်။ အရောင်းဝယ် ပါးရသည့် ကြားထဲ အသစ်ဝင်လာသည့် စားကျက်လုဖက်တွေက များလာနေသည်။သာဂိ ခါတိုင်းလို ဝင်ငွေမကောင်းချေ။ကိုထွန်းနိုင်ကတောင် ပြောသေးသည်။ ကိုနေဇာနှင့် အလုပ်ပြောင်းလုပ်ပါလားဟု ဆိုသည်။ သာဂိ စဉ်းစားနေမိသည်။ ကိုနေဇာက မိုရေးဖက်တွင် ကုန်ကူးသည်။

ဒီကြားထဲ သာဂိ ဆိုင်ကယ်တွေ ပုသိမ်အဝင်မှာ ဆပ်ပလိုင်းချက် (surprise check) နှင့် မိ၍ ပါသွားသည်။ သာဂိ နည်းနည်းတော့ ညစ်သွားသည်။ သိပ်အထိနာခြင်းမျိုး မဟုတ်ပေမယ့် သာဂိလို ခေါက်ပြန်ရင်းသမားမျိုးအဖို့တော့ ကြီးမားသော ဆုံးရှုံးမူ ဖြစ်သည်။ 

ကိုထွန်းနိုင်လို လက်ကြီးသမားကတော့ ဘာဖြစ်မည်နည်း။ ဆင်ပိန် ကျွဲလောက်တော့ ကျန်မည်သာ။ ငြိမ်းငြိမ်းကလဲ သာဂိ အခြေအနေကို သိပုံရသည်။သာဂိ မျက်နှာကို အရိပ်တကြည့်ကြည့်နှင့် နေတတ်သည်။ သာဂိ လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးဖို့ သူမသည် အမြဲလိုလို အသင့်ရှိနေတတ်သည်။ သာဂိ အတွက်တော့ တော်သေးသည် ဆိုရမည်။ငြိမ်းငြိမ်း၏ ရင်ခွင်သေးသေးလေးသည် သာဂိအတွက် အိုအေစစ် တစ်ခု ဖြစ်နေသည်။ သူမ၏ လက်ဖဝါးသေးသေးလေးသည် သာဂိကို ရှေ့ဆက်လှမ်းဖို့ ခွန်အားတွေ ပေးတတ်သည်။ 

သူမ၏ ပေါင်လုံးလေးတွေပေါ် ခေါင်းအုံးအိပ်ရလျှင် သာဂိ စိတ်ချမ်းမြေ့သည်။ သာဂိ အတွက် ငြိမ်းငြိမ်းသည် မရှိလျှင် မဖြစ်သော လူတစ်ယောက် ဖြစ်လာလေသည်။သို့ရာတွင် သိပ်မကြာခင်မှာ ငြိမ်းငြိမ်းသည် သာဂိကို စိတ်မချမ်းမြေ့ဖွယ် သတင်းကို ပေးလာသည်။ သူမတွင် ကိုယ်ဝန်ရှိလာပြီ ထင်သည်တဲ့။ ရာသီမလာတာ နှစ်လခန့် ရှိပြီဟု ဆိုသည်။ 

သာဂိ စိတ်ရှုပ်သွားသည်။ သာဂိသည် ဒီလို အခြေအနေတွင် မင်္ဂလာမဆောင်ချင်သေး။ သူ့တွင် ရှိသည်များက နောက်တစ်ကြိမ်အောဖို့ ဖြစ်သည်။ လေး၊ ငါးကြောင်းလောက် ဆွဲပြီးလျှင် ဆုံးထားသည်များ ပြန်ရနိုင်မည်။ ထိုအချိန်ကျမှ အိမ်နှင့်ယာနှင့် အတည်တကျ နေမည် စိတ်ကူးသည်။သူ့အိမ်မက်တွေကိုလည်း ငြိမ်းငြိမ်းက သိပါသည်။ ထို့ကြောင့် ထင်သည်။ သူမက ပြောသည်။

“ စိတ်မရှုပ်ပါနဲ့ .. ဦးရယ် .. သမီးဘာသာ သမီး ကြည့်ရှင်းလိုက်ပါ့မယ်၊ တစ်ပတ် နှစ်ပတ်လောက် မလာဖြစ်လောက် ဘူးထင်တယ်နော်၊ အများကြီးမသောက်နှင့်နော် ၊ ဦး …”

ထိုစကားလေးသည် ငြိမ်းငြိမ်း ပြောသွားသော နောက်ဆုံး စကားဖြစ်မည် ထင်သည်။နှစ်ရက်ခန့် အကြာတွင် နေ့လည်ပိုင်းကြီး ငြိမ်းငြိမ်းမောင်လေး ဒိုးလုံးအပြေးအလွှားရောက်လာပြီး သာဂိကို လာခေါ်သည်။ ငြိမ်းငြိမ်း အသည်းအသန် ဖြစ်နေသည်တဲ့။ ထိုအချိန်တွင် သာဂိသည် ကေတီဗွီ ခန်းထဲတွင် ဘီယာမော့ရင်း သီချင်းဆိုနေချိန် ဖြစ်သည်။ 

ကိုထွန်းနိုင်၏ ဆိုင်ကယ်နောက်မှ ပါလာသော ဒိုးလုံးသည် သာဂိကို ကြောက်မက်ဖွယ်ကြည့်ရင်း သတင်းဆိုးကိုပြောပြခြင်း ဖြစ်သည်။ သာဂိ ကမန်းကတမ်း ထပြေးပြီး ရောက်သွားတော့ ငြိမ်းငြိမ်းသည် အိပ်ယာထဲတွင် ပက်လက်ကလေး မှိန်းနေသည်။ 

အောက်ပိုင်းက ထွက်နေသော သွေး တို့မှာ ကြည့်လို့ ရှုလို့ပင် မရဲ စရာ ဖြစ်သည်။ ခြုံထားသော စောင်အစွန်းစနေရာလေးတွေမှာ ဆိုလျှင် သွေးစတွေသည် အဖတ်လိုက်၊ အခဲလိုက်ကြီး ကပ်နေသည်။ သာဂိ သဘောပေါက်ပြီ။ ငြိမ်းငြိမ်းသည် အရပ် လက်သည်နှင့် ကိုယ်ဝန်ကို ဖျက်ချခဲ့လေပြီ။

မိန်းမကိုယ်မှ ထွက်နေသော သွေးတို့မှာ ရပ်သည်ဟူ၍ မရှိတော့ဟု ထင်ရအောင် တရစပ် ထွက်နေသည်။ငြိမ်းငြိမ်း မျက်နှာလေးသည် လုံးဝသွေးစုတ်နေ ချေပြီ။ စကားလဲ မပြောနိုင်တော့။ မျက်ဝန်းက မျက်ရည်တွေ ကျရင်း ဝေဒနာကို အလူးအလဲ ခံစားနေရသည်။ သာဂိ ရင်တွေအောင့်သွားသည်။ သူသည် ငြိမ်းငြိမ်းကို ပွေ့ဖက်ရင်း ရုတ်တရက် ဘာလုပ်ရမည် မသိ ဖြစ်နေသည်။ 

သူ့ကိုယ်တွင် ငြိမ်းငြိမ်းသွေးတွေ ပေကုန်သည်။ ငြိမ်းငြိမ်းသည် သူ့ကို မျက်ဝန်းလေးလှန်၍ ကြည့်သည်။ ပြီးတော့ တစ်ခုခုကို ပြောသည်။ ဘာပြောမှန်း သာဂိ မကြားရ။ ထပ်မေးမလို ပြုစဉ် ဒေါ်အေး အသံ ထွက်လာသည်။

“ သား.. သာဂိ ၊ သမီးလေးကို ကယ်ပါဦးကွယ်”

ဟုတ်သည်။ ကယ်ရမည်။ သာဂိ ယခုမှ သတိဝင်လာသည်။ ကားတစ်စီး ငှားဖို့ လမ်းမပေါ် ဆိုင်ကယ်နှင့် ကမူးရှူးထိုးမောင်းထွက်သည်။ ကျွှမ်းကျင်လှသော ဆိုင်ကယ်ကို ဂီယာ 1 နှင့် ဆောင့်ထွက်မိပြီး သစ်ပင်နှင့် ဝင်ဆောင့်သည်။ ရှေ့မီးလုံး ကွဲသွားသလို သာဂိ ထိပ်ပေါက်သွားသည်။ 

သာဂိ ဂရု မစိုက်။ လဲနေသော ဆိုင်ကယ်ကို ပြန်ထ၍ အပြင်းမောင်းထွက်သည်။ လမ်းမပေါ် မောင်းနေကြသော တွေ့ သမျှကား အကုန်တားသည်။ တစ်စီးမျှ မရပ်။ အင်္ကျီနဲ့ ပုဆိုးပေါ်တွင် သွေးတွေ ပေနေသော သာဂိကို ဘယ်လို ထင်ကြသည် မသိ။ သာဂိနား ရောက်လျှင် ကွေ့၍ ပတ်၍ အရှိန်တင်၍ မောင်းထွက် သွားကြသည်။ လမ်းမကြီးပေါ်တွင် သာဂိသည် အရူးတစ်ပိုင်း ဖြစ်နေသည်။

မျက်ရည်တွေပါ ကျချင်လာသည်။ သူသည် ဒိတစ်ခါ လာသော ကားရှေ့ပိုင်းကို ဆိုင်ကယ်နှင့် ပြေးအောင်းရင်း ရပ်အောင် လုပ်မည်ဟု စိတ်ကူးသည်။ ထို့ကြောင့် လမ်းဘေးတွင် ရပ်ထားသော ဆိုင်ကယ်ကို တက်အခွတွင်မှ ဖုန်းဆိုင်ကို တွေ့သည်။ ဖုန်းကို မြင်တော့ သူ ကိုထွန်းနိုင်ကို သတိရသွားသည်။ ကိုထွန်းနိုင်တွင် ရှမ်းစတားဂျစ်တစ်စီး ရှိသည်။ သို့ရာတွင် ကိုထွန်းနိုင်၏ စကားကို ပြန်ကြားရသော အခါ သာဂိ ငိုချင်သလိုလို ဖြစ်မိပြန်သည်။

သူ့ကား အင်ဂျင် ချထားတယ် ဆိုသည်။ ဒါပေမယ့် စိတ်မပူဖို့ ဆက်ပြောသည်.။ သူ့မိတ်ဆွေတစ်ယောက်၏ ကားတစ်စီး ဖြင့် ခုလာမည်ဟု ဆက်ပြောသည်။ သာဂိသည် လမ်းဘေးတွင် ငုပ်တုက်ကြီး ထိုင်ရင်း ကိုထွန်းနိုင်ကို စောင့်ရသည်။

ကိုထွန်းနိုင်ရောက်လာပြီး ငြိမ်းငြိမ်းကို ဆေးရုံပို့ဖို့ ကားပေါ်တင်သော အခါတွင်မူ ငြိမ်းငြိမ်းသည် အသက်မရှူတော့ပေ။ လှုပ်ရှားခြင်း၊ ညည်းညူခြင်း၊ မျက်ရည်ကျခြင်း အလျင်းမရှိတော့ပဲ လုံးဝ ငြိမ်သက်နေပြီ ဖြစ်သည်။သာဂိသည် သွေးရူးသွေးတမ်းဖြင့် ငြိမ်းငြိမ်းကို ဆေးရုံပို့သည်။ ဆရာဝန်များက ဆုံးသွားပါပြီ ဟု ဆိုသည့်တိုင် သာဂိသည် မယုံချေ။ 

ကိုထွန်းနိုင်က ဖြောင်းဖျချော့မော့၍ ဒေါ်အေးကို အကြောင်းကြားရန် ပြောသည်။ သူက ဆေးရုံမှာ နောက်ပိုင်းကိစ္စတွေ စီစဉ်ပေးမည် ဟုဆိုသည်။သာဂိသည် အသိမရှိတော့သူ တစ်ယောက်လို ထုံထုံထိုင်းထိုင်းကြီး ဒေါ်အေးအိမ်လေးသို့ ပြန်ရောက်လာသည်။ ဒေါ်အေးက မျက်ရည်တွေ ကျနေရင်းမှ တစ်ခွန်းထဲ ပြောသည်။

“ သမီးက မှာသွားတယ်၊ ဦးကို သိပ်မသောက်ခိုင်းပါနှင့်တဲ့”

သာဂိ ဘယ်လိုမှ ခံစား၍ မရတော့ ငိုချင်လာသော စိတ်ကို အနိုင်နိုင် ထိန်းချူပ်ရင်း ခြံလေးထဲမှ အထွက် သူ့မေးရိုးကို ဖြောင်းကနဲ လာထိသော တစ်စုံတစ်ရာနှင့် အတူ ဘေးကို ယိုင်ထွက်သွားသည်။ထိုးလာသူက ရပ်ကွက်ထဲက လူငယ်လေး တစ်ယောက်၊ သူ့နောက်တွင် ဒိုးလုံးအပါအဝင် တစ်ခြား ကောင်လေး တစ်ချို့။ သာဂိ ရှင်းပြရန် လက်ဝါးကာရင်း တစ်စုံတစ်ခု ပြောမည် အကြံ ခုန ကောင်လေးက …

“ သောက်ကျင့် မကောင်းတဲ့ လူယုတ်မာ” 

ဟု ဆိုကာ ညာလက်သီးဖြင့် သာဂိ မျက်နှာကို ထပ်ထိုးပြန်သည်။ ထိုလက်သီး၏ လက်ကောက်ဝတ် အဆစ်နားကိုဘယ်လက်နှင့် ပုတ်ထုတ်ပြီး သာဂိကာလိုက်ရင်း ..

“ မဟုတ်ဘူး၊ ညီလေးတို့ မင်းတို့ မှားမယ်”

ထိုကောင်လေးသည် သူ့လက်သီး အရာမရောက် ဖြစ်သွားသည်ကို ဒေါသဖြစ်သွားဟန် တူသည်။ ဘယ်ညာ တွဲလုံးတွေ ဆက်တိုက် ဝင်လာသည်။ သာဂိ ဘေးကို ခြေ တစ်လှမ်းခွဲထုတ်၍ ရှောင်ကာ လက်သီးတွေကို ပုတ်ထုတ်ရင်း

“ တော်လောက်ပြီ .. ညီလေး”

ဟုတားသည်။ မရချေ။သူသည် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ် အခြား တစ်ယောက်က ဘေးက ဝင်လာသည်။ သာဂိ ရိပ်ကနဲ မြင်၍ စွေအကြည့် ဝင်လာသူက ဒိုးလုံးဖြစ်သည်။ သူ့အရွယ်နဲ့ မလိုက်ဖက်သည့် ဝါးရင်းတုတ် တစ်ချောင်းကို ကိုင်သာ သာဂိ ခေါင်းကို လွှဲရိုက်လိုက်ခြင်း ဖြစ်သည်။ သာဂိ မြင်သော်လည်း မရှောင်ချင်တော့။ ထိုဒုတ်၏ လားရာ အတိုင်း ငြိမ်ငြိမ်လေး ရပ်နေပေးလိုက်ရာ ဒုတ်သည် သာဂိ ချိုစောင်းကို “ဂေါင်” ကနဲ ထိသည်။ 

သာဂိ မူးဝေသွားကာ မျက်လုံးတွေ ပြာထွက်သွားသည်။ ထိုစဉ် ဟိုကောင်လေးက ဝင်ထိုးသည် ထင်သည်။ သာဂိ ပုံကျသွားသည်။ ပြီးတော့ သူတို့ သာဂိကို ဝိုင်းကန်ကြသည်။ သာဂိသည် မြေပေါ်တွင် ဖရိုဖရဲ၊ အလဲလဲ အကွဲကွဲ …..

ငြိမ်းငြိမ်းသည် သူ့ကို ထာဝရ ခွဲခွာသွားလေပြီ။ သူ့အိမ်မက်တွေကို နားလည်ပေးတတ်သော၊ သူ့အလို မှန်သမျှကို မဆန့်ကျင်တတ်သော၊ ဘယ်အချိန် ကြည့်ကြည့် ချစ်စဖွယ် ပြုံးနေတတ်သော ငြိမ်းငြိမ်းသည် သူ့ဆန္ဒတွေကို လိုက်လျောရင်း ပျောက်ကွယ်လွင့်ပါး သွားချေပြီ။ 

သာဂိသည် ငြိမ်းငြိမ်း၏ ဈာပန ကိုသော်မှ လိုက်ပို့ခွင့် မရခဲ့ချေ။ သူတို့ အကြောင်းကို သိသော ဒေါ်အေး ကိုယ်တိုင်က လာပါစေဟု ခွင့်ပေးသည့်တိုင် သားဖြစ်သူ ဒိုးလုံးက ခွင့်မပြုခဲ့။သာဂိ သည် ငြိမ်းငြိမ်း ၏ မျက်နှာလေးကို ကြည့်ချင်မိခဲ့သည်။ နောက်ဆိုလျှင် သူသည် ငြိမ်းငြိမ်း၏ ပကတိ အသားရေ မျက်နှာမျိုးကို ဘယ်တော့မှထိတွေ့ကိုင်တွယ် ကြည့်ရှုခွင့် ရမည်မဟုတ်တော့။ 

သို့သော် ဆန္ဒကို ထိန်းချူပ်ထားမှသာ ငြိမ်းငြိမ်းချစ်သော သူ့မောင်လေး စိတ်အေးချမ်းရှာမည်။သာဂိသည် လူကောင်းတစ်ယောက် မဟုတ်သလို လူဆိုးတစ်ယောက်လဲ မဖြစ်လိုပေ။ သူသည် အတွေးထဲတွင် မျောလွင့်ရင်း အရက်ခွက်ကြီး ရှေ့ချကာ ငိုင်နေမိသည်။ ထိုစဉ်မှာပင် ကိုနေဇာ ရောက်လာသည်။ ကိုထွန်းနိုင် ခေါ်ထားခြင်း ဖြစ်မည်။ ကိုနေဇာသည် စိတ်မကောင်းစွာ သူ့ကို ကြည့်ရင်း နှစ်သိမ့်သည်။ ပြီးတော့ ကာကွယ်ဆေးတွေ ရှိကြောင်း ပြောပြသည်။ 

ပထမဆုံး 72 နာရီအတွင်း သုံးနိုင်သော morning after pill သို့မဟုတ် plan B ခေါ် emergency post-coital contraception ကိုအသုံးပြုနိုင်ကြောင်း၊ နောက်ပြီး တစ်ရက် တစ်ပြား စားရတဲ့ ဆေးကဒ် မျိုးစုံလည်း ဆေးရောင်းသည့် ဆိုင်တိုင်းတွင် မက ကွမ်းယာဆိုင်တွေမှာပါ အလွယ်တကူ ဝယ်ယူ ရရှီနိုင်ကြောင်း၊ ထို့ပြင် သုံးလ ခံ ၊ ခြောက်လခံ ထိုးဆေးတွေလဲ ရှိနေပြီ ဖြစ်ကြောင်း ပြောပြသည်။

သာဂိ ထိုဆေးတွေကို ကြားဖူးပါသည်။သို့သော် ငြိမ်းငြိမ်းသည် ဆေးလိပ်ခုံ တစ်ခုမှာ အလုပ်လုပ်သော ရိုးအသည့် ကောင်မလေးသာ ဖြစ်သည် ဆိုတာ သာဂိ မေ့သွားခဲ့သည်။သူသည် ငြိမ်းငြိမ်းကို အစ်မပြည့်လို အသိမျိုး ရှိမည် ထင်ခဲ့မိသည်။ မှားသွားခဲ့ချေပြီ။ အစ်မပြည့်လို အသိမျိုး ရှိဖို့ အစ်မပြည့် လို အတွေ့ကြုံ့ ရှိမှ ဖြစ်မည်ဆိုတာ သာဂိ လုံးလုံး မေ့သွားခဲ့သည်။

ကိုနေဇာသည် သာဂိကို စိတ်ပြေလက်ပျောက် သူနှင့်လိုက်ခဲ့ရန် ခေါ်သည်။ သာဂိ မငြင်း။ ချက်ချင်း ကျောပိုး အိပ် လွယ်ကာ အဝတ်စားတွေ ထိုးထည့်၍ လိုက်လာခဲ့သည်။ ကိုနေဇာသည် အရင်ဆုံး မန္တလေးသို့ တက်သည်။ ပြီးတော့ ပခုက္ကူကို ဆင်းသည်။ သူ့လုပ်ငန်း အချိတ်ဆက်တွေနှင့် သူလိုက်ချိတ်နေခြင်းဖြစ်မည်။ သာဂိသည် ယခင်အခါ များဆိုလျှင် ကြီးပွားချင်စိတ်ဖြင့် စီးပွားရေးကို စိတ်ဝင်စားကောင်း ဝင်စားမိမည် ဖြစ်သော်လည်း ယခုချိန်တွင် သူသည် အရက်သောက်ရင်း ပတ်ဝန်းကျင်ကို ငေးဖို့သာ စိတ်ပါနေသည်။ 

ကိုနေဇာကလဲ ဘာမျှ မပြော။ ပခုက္ကူတွင် ရှိစဉ် ကိုနေဇာက တမူးမြို့သို့ သွားမည် ပြောသည်။ သာဂိသည် လည်း တစ်ခါမှ မရောက်စဖူး။ သွားကြည့်ချင်သည်။ သို့ရာတွင် ကိုနေဇာက မုံရွာတွင် လိုင်စင် ကိစ္စ၊ ပါမစ် ကိစ္စ လုပ်ရန် ရှိနေ၍ မုံရွာသို့ အရင်သွားရမည် ဆိုသည်။ သာဂိ မုံရွာထိ မလိုက်ချင်တော့။ မြို့ခံတွေထံ စုံစမ်းကြည့်သောအခါ့ ရထားနှင့် သွားလို့ရသည် ဆိုသည်။

ထို့ကြောင့် သာဂိသည် ကိုနေဇာကို ကလေးမြို့တွင် ဆုံမည်ဆိုကာ နှုတ်ဆက် လမ်းခွဲ၍ ဂန့်ဂေါ ရထားပေါ် တက်လိုက်လာခဲ့သည်။ လမ်းတွင် နာမည်ကျော် ယောမြို့၊ ဆောမြို့ တို့ကို ကျော်ဖြတ်ခဲ့ရသည်။ သာဂိ တွေ့သမျှတော့ ဖြူဖြူချောချောလေးတွေ ဖြစ်သည်။ ပခုက္ကူ လိုလည်း မပူသည့်ပြင် အအေးဓာတ်တောင် နည်းနည်း ပိုသည်ဟု ထင်ရသည်။ 

ဂန့်ဂေါကျတော့ နည်းနည်း အညာဆန်သွားပြန်သည်။ အပူ နှင့် ဖုန်လုံးကြီးတွေသည် နေရောင်အောက်တွင် ပျံံ့လွင့်နေသည်။ရထားက ဂန့်ဂေါ ဘူတာတွင် ချိန်းသည်။ ပခုက္ကူကလာသော ရထားသည် ဂန့်ဂေါတွင် ဂိတ်ဆုံးပြီး ကလေးက လာသော ရထားက ဂန့်ဂေါတွင် ဂိတ်ဆုံးသည်။ ဘာ့ကြောင့်မှန်းတော့ သာဂိမသိ။

မသိသော်လည်း ပြောင်းစီးရမည်မို့ ဆင်းရသည်။ ဆင်းပြီး နောက်ရထားပေါ် ချက်ချင်းတက်ရသည်တော့ မဟုတ်။ ကလေးက လာသော ရထားသည် နက်ဖြန်မှ ရောက်မည် ဟုဆိုသည်။ ကိစ္စမရှိ။ အိပ်ပြီး စောင့်လိုက်ရုံသာ။ စားစရာ သောက်စရာ ပူစရာမလို။

ဘူတာရုံရှေ့တွင် စားသောက်ဆိုင်တန်းကြီး နှစ်တန်းတောင် ရှိသည်။ သာဂိသည် ခရီး ထွက်ခြင်း၏ လန်းဆန်းမူဖြင့် ငြိမ်းငြိမ်းကို ခေတ္တမေ့နေသည်။ သူမအရွယ် ကောင်မလေးမျိုးကို မြင်ပါမှ ဖျပ်ကနဲ သတိရလာတတ်သည်။ ဘူတာရုံထဲက ကွမ်းယာဆိုင်လေး တစ်ဆိုင်တွင် သူမ အရွယ်ကောင်မလေး နှစ်ယောက် ရှိသည်။ ထို့ကြောင့် ကွမ်းယာဝယ်တိုင်း ငြိမ်းငြိမ်းကို သတိရမိသည်။

သူမတို့ နှစ်ယောက်နှင့် သာဂိသည် တစ်ညနေစောင်း အတွင်းမှာပင် ခင်မင်သွားကြသည်။ သူတို့က ညီအစ်မ နှစ်ယောက်ဖြစ်ပြီး ယခု ပထမနှစ် တက်ကြမည်ဟု ဆိုသည်။ သာဂိက တက္ကသိုလ် အတွေ့ကြုံတွေ ရယ်စရာ ပြောသောအခါ သူတို့လေးနှစ်ယောက်သည် အားကျစွာ ငေးမောရင်း နားထောင် နေတတ်ကြသည်။နောက်တစ်နေ့ သာဂိ ကလေး ရထားပေါ် တက်ခါနီး သူတို့က လိပ်စာ တစ်ခုပေးသည်။ သူတို့ သူငယ်ချင်း ချင်း အမျိုးသမီးလေး အက်စ်တာ ထံသို့ ခရစ်စမတ် လက်ဆောင် ယူသွားပေးပါဟု တောင်းဆိုသည်။ 

သာဂိ လက်ခံလိုက်သည်။ လက်ဆောင်ကလဲ ကလေးကြိုက် ဝက်ဝံရုပ်တစ်ရုပ်သာ ဖြစ်၍ သိပ်မလေးတာလဲ ပါသည်။ နောက်ပြီး မနေ့က ခြင်ထောင်နှင့် စောင် ငှားပေးတာကို ကျေးဇူးတင်တာလဲ ပါသည်။ သို့ဖြင့် သာဂိသည် ကျောပိုးအိပ် တစ်လုံးလွယ်၍ ဝက်ဝံရုပ်တစ်ကောင်ကို ပိုက်ရင်း ကလေးမြို့သို့ ရောက်ရှိလာခဲ့သည်။

တောင်တန်းတွေဝိုင်းနေသော လွင်ပြင်စိမ်းစိမ်းလေးသည် သာဂိကို ငြိမ်းချမ်းစွာ ဆီးကြိုသည်။ သာဂိသည် ကိုနေဇာနှင့် ချိန်းထားသည့် ကားကြီးဝင်းနားမှ ချင်းတောင်တန်း တည်းခိုခန်းသို့ သွားသည်။ မြို့လေးသည် သူလာခဲ့သည့် ပြည်မြို့နှင့် ခပ်ဆင်ဆင်တောင် တူသည်။ ဘာမှ မဆိုင်ပါပဲ သူ ငြိမ်းငြိမ်းကို သတိရသည်။ထို့ကြောင့်သူသည် နာမည်ကျော် တာဟန်းရပ်ကွက်တွင် ဘီယာ သောက်သည်။ ချင်းမလေးတွေ ချောတာကို ခုမှ သူလက်ခံမိသည်။ 

သက်မွန်မြင့်ထက် ကြည့်ကောင်းတာတွေ ပေါသည်ပင်။ သူသည်ကိုနေဇာကို တစ်ရက်ပဲ စောင့်လိုက်ရသည်။ ကိုနေဇာက ချက်ချင်း တမူးဆက်သွားမည် ပြောသည်။ ဘာငြင်းစရာ ရှိမည်နည်း။ 

သာဂိသည် ကိုနေဇာနှင့် လိုက်သွားသည်။ ကလေးနှင့် တမူးလမ်းသည် တော်တော်ကို ကောင်းသည့် လမ်းဖြစ်သည်။ အိန္ဒိယ ဘက်က အင်ဂျင်နီယာတွေ လာခင်းပေးထားသည် ပြောသည်။ ကောင်းတာကတော့ တော်တော့်ကို ကောင်းသည်။ သို့သော်အနည်းငယ် ကျဉ်းသည်။ တစ်ခု အံ့သြရသည်မှာ ကလေးမြို့လယ်ခေါင်တွင် ရှိသည်က ဗိုလ်ချူပ်ကြေးရုပ် မဟုတ်။

စစ်သူကြီး မဟာဗန္ဒု လ ၏ မြင်းစီးကျောက်ရုပ် ခန့်ခန့်ညားညားကြီး ဖြစ်သည်။ မဟာဗန္ဓုလကြီး အာသံ၊ မဏိပူရကို တိုက်ခိုက်အောင်မြင်ခဲ့သည့် အမှတ်တရ များလား မဆိုနိုင်။မည်သို့ပင် ဖြစ်စေ မြင်ရသည်ကတော့ ဇာတိမာန် တက်ချင်စရာ ဖြစ်သည်။

တမူးမြို့သည် ကလေးနှင့် မိုင် ၈၀ ခန့်တော့ ဝေးသည်။ နယ်စပ်နားနီးလာလို့လားတော့ မဆိုနိုင်ပေ။ အစောင့်ကြပ်နှင့် အစစ်ဆေးတွေလဲ တွေ့ရသည်။ ကိုနေဇာကပြောပြတာကတော့ တစ်ဘက်နယ်စပ်တွင် မဏိပူရ ခွဲထုတ်သူပုန်တွေ ရှိ၍ဟု ဆိုသည်။ 

ခန်းပတ်မြို့တွင် ခဏရပ်ကာ ကားတွေ အုပ်စုဖွဲ့ပြီး ကွန်ဗွိုင် ဆန်ဆန် သွားကြရသည်။ ခရစ်စယန် ကိုးကွယ်သူ များ၍ထင်သည်။ လမ်းမများပေါ်တွင် နေ့ခင်းပိုင်းလည်း ခရစ်စမတ် ကာရိုးသီချင်း လှည့်လည်ဆိုနေကြတာတွေရရသည်။

တမူးရောက်တော့ မြို့အဝင်ကားဝင်းကြီးတွင် မှတ်ပုံတင်နှင့် ကျောပိုးအိပ်ကို စစ်ဆေးခံကြရသည်။ထို့နောက် ကိုနေဇာ၏ မိတ်ဆွေအိမ်တွင် တည်းသည်။ နောက်တစ်နေ့တွင် သာဂိသည် နယ်စပ်ကိုရောက်သည်။ လက်ဖဝါးမှာ နိုင်ငံခြားသွားရမည့် အရေးအကြောင်းများ ပါ၊ မပါ ဆိုတာတော့ သာဂိ မသိ။ 

သာဂိ နိုင်ငံခြားတော့ ရောက်ဖူးပြီ ဖြစ်သည်။ တမူးမြို့နှင့် မနီးမဝေး ဆယ်မိနစ်ခန့် ခရီးတွင် နန့်ဖာလုံဈေးဆိုတာ ရှိသည်။ နန့်ဖာလုံရွာတွင် ဆောက်ထားသော ဈေးဖြစ်၍ နန့်ဖာလုံဈေးဟု ခေါ်ကြသညိဟုတော့ ပြောသည်။ ဟုတ် မဟုတ်တော့ သာဂိ မသိချေ။သာဂိကတော့ တစ်ဘက်နိုင်ငံလို့ဆိုရမည့် ဂိတ်ပေါက် ဟိုဘက်ကို ငေးမော့ကြည့်ရင်း အံ့သြနေမိသည်။ ဈေးက ဒီမှာရှိသော်လည်း ရောင်းမယ့်လူ အများစုသည် ဟိုဘက်ကို သွားရောင်းနေကြသည်။

သာဂိလဲ မရှင်း၍ ကိုနေဇာကို မေးကြည့်တော့မှ ယခုကဲ့သို့ ရှင်းပြသည်။ ဈေးထဲတွင် လူသုံးကုန် ပစ္စည်း မျိုးစုံကို ရောင်းသည့် ဆိုင်ကြီးများရှိသည်။ ထိုဆိုင်များတွင် အိန္ဒိယလုပ် ပစ္စည်းမျိုးစုံ၊ တရုတ်လုပ် ပစ္စည်းမျိုးစုံတွေသည် ဝယ်ချင်စရာတွေချည်း ဖြစ်သည်။

ကိုနေဇာက မန္တလေးက တရုပ်ကုန်တွေကို ဒီနေရာမှာ အိန္ဒိယကုန်နှင့် လာဖလှယ်ခြင်း ဖြစ်သည်။ သူတို့လို မတတ်နိုင်သည့် ခေါင်းရွက်ဗျတ်ထိုး မြန်မာနိုင်ငံသား အများစုက မိုးရေးဘက်တွင် ခြံထွက်သီးနှံများ သွားရောင်းသည်။ 

နယ်စပ်ဖြတ်ကျော်ဂိတ်တွင် ကာစတန်ခ တစ်ရာကျပ်ပေး၍ ဖြတ်ပြီး သွားရောင်း ကြခြင်းဖြစ်သည်။ (ထိုခေတ်ဈေး) အံ့သြရသည်မှာ ထိုဈေးထဲတွင် အစိုးရ လက်နက်ကိုင်အဖွဲ့များရှိသလို ဆန့်ကျင်သူတွေလည်း ရှိသည်။မြန်မာဈေးသည် တစ်ဦးကို စစ်သားတစ်ယောက်က ငါးပိမှာပြီး သူပုန်က ငါးခြောက်မှာသည်။ မည်သို့ပင် ဖြစ်စေ သူ့အရပ်နှင့် သူ့ဇာတ်ကတော့ အဆင်ပြေနေသည်မှာ အမှန်ဖြစ်သည်။ ဈေးသည်တွေကတော့ ပြောပါသည်။

“ ကျွန်တော်တို့ကတော့ အားလုံးနှင့် အဆင်ပြေအောင် ပေါင်းရတာပဲ၊ ဈေးရောင်းရမှ ငွေပေါ်တာဆိုတော့ တန်ရာတန်ကြေး ပေးရင် ဘယ်သူလာဝယ်ဝယ် ရောင်းရတာပေါ့ဗျာ” 

အင်း .. မနက်ခင်း ဈေးသည်၊ ညခင်းကြွေးသည် ဘဝတွေဆိုတော့ သာဂိ ကိုယ်ချင်း စာမိပါသည်။ ရံဖန်ရံခါတော့လဲ သူတို့အချင်း ပစ်ကြခတ်ကြသည်။ ထိုအခါ ပြေးရလွှားရ ပုန်းကြ အောင်းကြနှင့် သွေးပျက်ကြသော်လည်း ပြီးသွားပြန်တော့ရယ်ရယ်မောမော စမြုံပြန်ကြပြန်သည်။ သာဂိသည် ကိုနေဇာ အလုပ်လုပ်နေတာကို စောင့်ရင်း ဟိုဘက်ကူးလိုက် ဒီဘက်ပြန်ဝင်လာလိုက်နှင့် နိုင်ငံခြားကို ထွက်ချင်တိုင်းထွက်နေသည်။ သည်တင် နောက်ထက်အံ့သြစရာ တစ်ခုတွေ့ပြန်သည်။ 

ဟိုဘက်က အရက်ကြိုက်သူ ယမကာလုလင်များက ဒီဘက်တွင် လာသောက်ကြကာ၊ ဒီဘက်က ဆေးသမားများက ဟိုဘက်တွင် သွားရှုကြ၊ သုံးကြသည်။သြော် ..သူ့ဥပဒေနှင့်သူကတော့ အဆင်တွေပြေကြပြန်သည်။ အဲ ..ဘယ်လိုကဲကဲ ညနေမမှောင်ခင်တော့ ဒီဘက်ပြန်ဝင်ကြရသည်။ မှောင်သွားလျှင် တမူးမြို့ထဲဘက်အဝင်တံခါး ပိတ်သည် ဟုဆိုသည်။

တမူးမြို့လေးသည် ညဘက်တွင် မီးတစ်ခါပဲ လာပြီး ခဏ ခဏ မလာတာကိုလဲ သာဂိ အံ့သြရသည်။ ကြာကြာတော့ မအံ့သြနိုင်။ သူနှင့် ကိုနေဇာ စကားကောင်းနေတုန်း ခရစ်စမတ် ကာရိုး သီချင်းလှည့်ဆိုသူတွေ ရောက်လာ၍ ဖြစ်သည်။ထိုအဖွဲ့ထဲက ဦးဆောင်လာသူ ဘုန်းတော်ကြီး ဆရာ ဦးထန်ခိုထန်း သည် ကိုနေဇာနှင့် ရင်းနှီးသူဖြစ်၍ အလှူလာခံကြသည်။ တစ်ပျော်တစ်ပါး ချီးမွမ်းဖွယ် သီချင်းများကို သီဆိုကြသည်မှာ ကြည်နူးစရာ ဖြစ်၏။ 

သာဂိလဲ နားမလည်ပါပဲ လိုက်ဆိုမိသည်။ တစ်ချို့သီချင်းများသည် ကျောင်းတုန်းက သူငယ်ချင်းများနှင့် အပျော်လိုက်ဆိုခဲ့ဖူးရာ မှတ်မိနေ၍လဲဖြစ်သည်။ ဦးထန်သည် သာဂိကို ခင်မင်သွားပုံရသည်။သီချင်းဆိုချင်လိုက်ခဲ့ဟု ဆိုသည်။ သာဂိက ကိုနေဇာကို လှမ်းကြည့်မိတော့ သူက အနွေးထည်တောင် ဝတ်ပြီးချေပြီ။

သို့ဖြင့် သာဂိသည် ဒီဇင်ဘာည၏ နှင်းမှုန်များအောက်တွင် ကာရိုး အဖွဲ့လေးနှင့် အတူ သီချင်းများလိုက်ဆိုမိသည်။ သူတို့ အဖွဲ့လေးတွင် ဂစ်တာသမားလေးယောက် နှင့် အော်ဂင်သမား တစ်ယောက်ပါသည်။ အမှန်တော့ သာဂိသည် ဘယ်သီချင်းကိုမှ ဟုတ်တိပတ်တိ ရသူမဟုတ်။ မစ္စတာဘီးန်ကဲ့သို့ ဟာလေလုယာ ပိုဒ်ရောက်မှ အသံကျယ်ကျယ်နှင့် ဝင်အော်တတ်သူ ဖြစ်သည်။ ဒါကို မိန်းကလေးအဖွဲ့က တခိခိနှင့် ရယ်နေတတ်သည်။ သာဂိက မရှက်ပါ။ 

ညနေကတည်းက အချမ်းဒဏ် ကာကွယ်ရေး အစီစဉ်အဖြစ် သောက်ထားသော ဝီစကီတန်ခိုးက သူ့မျက်နှာကြီးကို တစ်ဟီးဟီး ဖြစ်နေစေသည်။ ထိုစဉ် သူသည် နာမည် တစ်ခုကို အမှတ်မဲ့ကြားမိသည်။ “အက်စ်တာ”ဟု ခေါ်သံဖြစ်သည်။

သာဂိ

“ အက်စ်တာ” 

ဆိုမှ ဂန့်ဂေါကကောင်မလေးတွေ ပေးလိုက်သော ဝက်ဝံရုပ်လေးကို သတိရသည်။ သူသည် အလည်လွန်နေရင်း အဲဒါကို မေ့နေမိသည်။ 

ဒီကောင်မလေးက သူတို့ လက်ဆောင် ပေးခိုင်းလိုက်သော အက်စ်တာ ဆိုတာများလား။ သေချာအောင်မေးကြည့်ဖို့ ငေးကြည့်မိတော့ ထိုကောင်မလေးသည် သီချင်းစာအုပ်ကြည့်ကာ ဆိုနေရင်းမှ ဖျပ်ကနဲ သူ့ကို မော့ကြည့်သည်။ ပြီးတော့ လှစ်ကနဲ ပြုံးပြရင်း ဆိုလက်စ သီချင်းကို ဆက်ဆိုသည်။ ခေါင်းစွပ် အနီရောင်လေးနှင့် မာဖလာ ပန်းရောင်လေးကြားထဲက မျက်နှာလေးသည် ဝင်းကနဲ လက်သွားသည်။ 

သီချင်းဆိုသောအခါ ခံတွင်းထဲမှ ထွက်လာသော အာငွေ့လေးတွေသည် တိမ်မျှင်တစနှယ်ပင် ဖြစ်၏။ တိုင်းရင်းသူပီသစွာ ကျယ်သောပခုံးနှင့် ကားသော တင် လဲရှိသည်။ အရပ်ကလဲ သာဂိ မေးစေ့လောက်တောင် ရှိမည် ထင်သည်။ သူမ၏ အဖော်တွေမှာလည်း သူမအရပ်လောက် ရှိနေကြသည်။ လေကောင်း လေသန့်နှင့် လတ်ဆတ်သော အစားအသောက်များကြောင့် ဖြစ်မည် ထင်သည်။ ကျန်းမာ သန်စွမ်း တောင့်တင်းကြသည်။

နှုတ်ဆက်ခဲ့ပါတယ် .. သွားတော့မယ် … သူမသည် နှုတ်ဆက် သီချင်းကို သီဆိုပြီးသည်နှင့် မော့အကြည့် သူ့ကို ငေးမောနေသော သာဂိ မျက်ဝန်းတွေကိုတွေ့သွားသည်။ ရှက်ကိုး ရှက်ကန်း ဖြစ်မသွားပါ။ ကြည်လင် ရှင်းသန့်သော အပြုံးလေးဖြင့် သာဂိကို ပြုံးပြသည်။ ကြည့်နေမိသော သာဂိသာ ရှက်သွားရသည်။ မျက်နှာကို ဟိုဘက် လှည့်ရမလို၊ ဒီဘက်ထားရမလို နှင့် ဘာလုပ်ရမှန်း မသိဖြစ်သွားသည်။ 

နောက်တစ်အိမ် အကူးတွင် “Merry Christmas to you all ” ဟုအော်သူများထဲတွင် သာဂိ အသံသည် အကျယ်ဆုံးဖြစ်မည်။ တစ်ဖြည်းဖြည်း အချိန်လင့်လာသလို အအေးဒဏ်သည် ပိုလို့ တိုးလာသည်။ သို့ရာတွင် သာဂိသည် ချမ်းဖို့မေ့နေသည်။ အချမ်းဒဏ်ကိုသာမက မိဖြူကို လည်းကောင်း၊ ငြိမ်းငြိမ်းကို လည်းကောင်း သာဂိသည် မေ့နေချေပြီ။

သူတို့ အဖွဲ့လေးကို ဆရာမ မိုင်ရင်ထွေးက သူမအိမ်တွင် ဆန်ပြုတ်ကျွေးမည်ဆိုကာ ခေါ်ဖိတ်သည်။ အဖွဲ့သားအားလုံး တစ်ပျော်တစ်ပါး လိုက်သွားကြသည်။ ဆန်ပြုတ်သည် သာဂိတို့ စားဖူးသည့် ဆန်ပြုတ်နှင့် မတူချေ။ သူတို့က 

“ ဘူကျင်” 

ဟုခေါ်သည်။ နွားနောက်သား အတုံးကြီးတွေနှင့် ဆန်ကို ရောကြိုချက် ထားခြင်းဖြစ်သည်။ ပူပူနွေးနွေးနှင့် စားလို့တော်တော်ကောင်းသည်။ အဲ ..မစားခင် ဦးထန်က သာဂိကို ခေါင်ရည် တစ်ဗူး လာပေးသေးသည်။ သာဂိ ငြင်းလိုက်သည်။ မသောက်ချင်လို့ မဟုတ်။ သူများဘာသာရေးပွဲတော်တွင် သောက်စားနေဖို့ မသင့်ဖူးထင်၍ ဖြစ်သည်။ စားအပြီးတွင် ဆရာမက သူတို့အဖွဲ့လေးကို

တောင်းဆိုသည်။ Silent Night, Holy Night သီချင်းနှင့် ချီးမြှင့်ဆုတောင်းပေးဖို့ ဖြစ်သည်။ မိန်းကလေးလေးယောက် တစ်ယောက်တစ်ပိုဒ်စီ ဆိုကြသည်။သာဂိသည် သိပ်နားမလည်သော်လည်း ဆွတ်ပျံ့ကြည်နှုးဖွယ် သံစဉ်အောက်တွင် လုံးဝမျောပါ သွားသည်။ (အင်္ဂလိပ်ဗားရှင်း သီချင်း ) ထိုအထဲတွင် အက်စ်တာ၏ အသံသည် အသာယာဆုံးဟု ထင်သည်။

နောက်တစ်နေ့ သာဂိသည် ကိုနေဇာနှင့် မလိုက်တော့။ နိုင်ငံခြားထွက်ဖို့လဲ စိတ်မဝင်စားတော့။ သူသည် ဝက်ဝံရုပ်လေး ပိုက်ရင်း ဦးထန်နေထိုင်ရာ ဘုရားကျောင်းသို့ ထွက်လာခဲ့သည်။ သူ့ကို ဦးထန်က လှိုက်လှဲစွာ ဆီးကြိုသည်။ သူက ဂန့်ဂေါက ကောင်မလေးတွေ ပေးလိုက်သော လိပ်စာကို ပြကာ အက်စ်တာ ထံသွားချင်သည်ဟု ဆိုတော့ ဦးထန်က ခဏကြာလျှင် လာလိမ့်မည်ဟု ပြောသည်။ 

သာဂိ သိပ်ကြာကြာတော့ မစောင့်လိုက်ရပါ။ နာရီဝက်ခန့် အကြာတွင် သူမ ရောက်လာသည်။ မနေ့ညက အနွေးထည်ကြီးဝတ်ထား၍ ဖုံးကွယ်နေသာ အလှတရားများသည် ယခုလို ကိုယ်ကြပ်အင်္ကျီလေးနှင့် ထမီ စကပ် လေးဝတ်ထားသောအခါ ဘွားကနဲ ထွက်ပေါ်လာကြသည့် အလား သူမသည် ခပ်ယဉ်ယဉ်လေး လှနေသည်။

သာဂိက သူမ သူငယ်ချင်းတွေ ပေးလိုက်သော ဝက်ဝံရုပ်လေးကို ပေးလိုက်သောအခါ သူမက ကလေးတစ်ယောက်လို ခုန်ဆွ ခုန်ဆွနှင့် ပျော်နေသည်။ သူမကို ကြည့်ရင်း သာဂိလဲ ပျော်သလိုလို ဖြစ်လာသည်။ထို့နောက် သာဂိကို ကျေးဇူးတင်သောအားဖြင့် သူမတို့မြို့လေး၏ နာမည်ကျော် ချစ်တီး ထမင်းဆိုင်တွင် ထမင်းလိုက်ကျွေးသည်။ သူမတွင် အိန္ဒိယလုပ် ဆိုင်ကယ် တစ်စီးပါလာသည်။ ထို့ကြောင့် ထိုဆိုင်ကယ်ကို သာဂိက မောင်းပြီး သူမက နောက်မှာထိုင်သည်။ လမ်းကြောင်း သိပ်မသိသော သာဂိက ခဏခဏ လမ်းမှားမလို ဖြစ်သည်။ ထိုအခါ ဘရိတ် ခဏခဏ နင်းရသည်။

နင်းလိုက်တိုင်း အိကနဲ ယိုင်ဆင်းလာသော သူမကိုယ်လုံးအိအိလေးသည် သာဂိရင်ကို နွေးကနဲ ဖြစ်သွားစေသည်။ ထို့ကြောင့် သာဂိသည် လမ်းမမှားပဲလဲ ဘရိတ်ကို နင်းချင်နေသည်။

ထိုသို့ဖြင့် ခရစ္စမတ်ရက်တိုင်သည် အထိ သာဂိသည် အက်စ်စတာတို့နှင့် သီချင်းလိုက်ဆိုဖြစ်သည်။ ဆိုနေကျလာသောအခါ သီချင်းတွေကို အလိုက်ရလာသလို အက်စ်စတာနှင့်လဲ ရင်းနှီးမူတွေ ပိုလာသည်။ ခုဆိုလျှင် သူသည် အက်စ်စတာနှင့် သီချင်းစာအုပ် တစ်အုပ်ထဲကို ခေါင်းချင်းဆိုင်ကာ ကြည့်ပြီး သီချင်းဆိုနေပြီ ဖြစ်သည်။ 

“ ဤအိမ်ပေါ်မှာ ကောင်းချီး မင်္ဂလာ(ရောက်စေသော်ဝ်)၂ ” 

ဒီလိုသီချင်းမျိုး ဆိုလျင်ကား သာဂိ စာအုပ်ကြည့်စရာ မလိုတော့ အက်စ်စတာ မျက်နှာလေးကို ကြည့်ပြီး အလွတ်ဆိုနိုင် နေချေပြီ။ ထိုအခါ အက်စတာက သီချင်းဆိုနေရင်း တန်းလန်း သာဂိကို ပြုံး၍ ကြည့်နေတတ်သည်။ ထိုအပြုံးလေး၏ အောက်တွင် သာဂိသည် အိမ်ပြန်ဖို့ကို မေ့နေတတ်သည်။

ခရစ္စမတ်ပြီးသည် အထိ သာဂိသည် အက်စ်စတာနှင့် တစ်တွဲတွဲ ရှိနေသည်။ ခရစ္စမတ်ပြီးသည့် ၂၆ ရက်နေ့တွင် သာဂိသည် မနေတတ်၊ မထိုင်တတ်ကို ဖြစ်နေသည်။ သူသည် အက်စတာထံသို့ ဘယ်လိုအကြောင်းရှာပြီး သွားရမည်နည်း။ နောက်ဆုံး ခပ်ပြောင်ပြောင်ပင် အလည်လာတယ်ဆိုကာ သွားတွေ့သည်။ အက်စ်တာ မိဘများက နန့်ဖာလုံဈေးထဲတွင် လျှပ်စစ်ပစ္စည်းများရောင်းသည်။ 

မနက်ကတည်းက ဈေးရောင်းထွက်သည်မှာ ညနေမိုးချူပ်သည် အထိဖြစ်သည်။ အက်စတာက တစ်ခါတလေ ဈေးထဲ လိုက်သွားတတ်သလို တစ်ခါတစ်လေ သူငယ်ချင်းတွေ အိမ်လျှောက်လည်တတ်သည်။ သာဂိ သွားလည်သော နေ့ကသူမသည် အိမ်မှာရှိနေသည်။

ပေါက်ကရတွေ ထိုင်ပြောကြရင်း သူမက ဆိုသည်။ ၃၁ ရက်နေ့ကျလျှင် နယူးယီးယားပါတီလုပ်ကြမည်။ မြို့ပြင်ကို ထွက်သည့် ကားလမ်းဘေးတွင် သူမတို့ အမျိုးတွေပိုင်သော ယာခင်းတွေရှိသည်။ ထိုယာခင်းတွေထဲတွင် မီးဖို ဖိုပြီး ပျော်ကြမည် လာခေါ်မည် ဟုပြောသည်။ သာဂိသည် ၃၁ ရက်နေ့ကို မြန်မြန် ရောက်ချင်နေမိသည်။ ၃၁ ရက်နေ့ ညနေခင်းကတည်းက သာဂိကို အက်စ်စတာက လာခေါ်သည်။ 

ကိုနေဇာက

“ ဟေ့ …ငါ့ရော မခေါ်ဘူးလား” 

ဟု နောက်သည်ကို သူမက နည်းနည်းမှ အားနာခြင်းမရှိပဲ 

“ လူကြီးတွေ မခေါ်ဘူး”

ဟု အတည်ပေါက် ပြန်ပြော၍ ကိုနေဇာ ပါးစပ်ကြီး ပြဲ ကျန်ခဲ့သည်။ သာဂိကတော့ ဆိုင်ကယ်ပေါ်ကနေ အားနာနာဖြင့် ကြည့်မိသော်လည်း ပြန်ဆင်းဖို့တော့ စိတ်မကူးချေ။ အက်စ်တာတို့ စတည်းချမည့် နေရာလေးသည် ကားလမ်းဘေးမှ အနည်းငယ် အထဲဝင်ရသည်။ ကျယ်ပြန့် ပြန့်ပြူးသော ယာခင်းများကြားတွင် သစ်ပင် အုပ်တွေက ဟိုတစ်နေရာ၊ ဒီတစ်နေရာ ရှိနေသည်။ ထိုသစ်ပင်တွေကြားထဲတွင်ယာစောင့်တဲလေးများကိုလည်း တွေ့ရသည်။

ထိုအထဲက တစ်ခုသော တဲလေးသည် သာဂိတို့ စခန်းချမည့် နေရာဖြစ်သည်။ သူမသည် စောင်ထုပ်ကြီးကို ပိုက်ရင်း ဆိုင်ကယ်နောက်တွင် ထိုင်ကာ ဟိုဟာက ဘာအခင်း၊ ဒိဟာက ဘာအခင်းနှင့် သာဂိကို ရှင်းပြနေသည်။ တဲအိမ်လေးဘေးသို့ ဆိုင်ကယ် ထိုးရပ်လိုက်သော အခါ ရောက်နှင့်နေသူများက ဆီးကြိုနှုတ်ဆက်သည်။

မျက်နှာစိမ်းများတော့ မဟုတ်။ ကာရိုးသီချင်းဆိုစဉ်က ဆုံဖူးကြသူများချည်းသာ။ တစ်ချို့က မီးဖို ဖိုရန် ပြင်ဆင်နေကြသည်။ တစ်ချို့က တဲအိမ်လေးနောက်တွင် စားစရာများ ပြင်ဆင်နေသည်။ 

တစ်ဖြည်းဖြည်း မှောင်လာသောအခါ မီးဖိုကြီးကို စတင်ဖိုလိုက်ကြသည်။ ပြီးတော့ ထိုမီးဖိုကြီးကို ဝိုင်းပတ်ကာ ထိုင်ကြသည်။ ယောက်ကျားလေး တစ်ယောက်ခြားစီတွင် မိန်းကလေးတစ်ယောက်စီ ထိုင်ကြခြင်းဖြစ်သည်။သာဂိက အူကြောင်ကြောင်နှင့် ဘယ်မှာ ထိုင်ရမှန်းမသိဖြစ်နေ၍ အက်စ်စတာက လက်ကို ဆောင့်ဆွဲကာ ထိုင်ခိုင်းတော့မှ ကမန်းကတမ်း ထိုင်ချရသည်။ 

အချမ်းဒဏ်ကာကွယ်ရန် အတွက် ဘောင်းဘီရှည် ဝတ်လာမိ၍ထိုင်ရတာ နည်းနည်းတော့ ခက်သည်။ အကြာကြီးတော့ မဟုတ်။ တစ်ယောက် တစ်လှည့်နှင့် လက်ဆင့်ကမ်းလာသော ခေါင်ရည်ကို နှစ်ကြိုက်မျှ စုပ်ပြီးချိန်တွင် သာဂိ နေရထိုင်ရ အဆင်ပြေလာသည်။ထို့အတူ အက်စ်တာ ၏ မျက်နှာလေးသည်လည်း ပန်းရောင်သန်းလာသည်။ မီးဖိုက မီးရောင်ကြောင့်လား၊ ခေါင်ရည်တန်ခိုးလား၊ ပခုံးစွန်းချင်း ထိနေလို့လားအက်စ်တာ …။ 

သာဂိသည် ဂစ်တာသံကို လက်ခုပ်တီး၍ စည်းလိုက်ရင်း ယိမ်းနွဲ့ ပျော်ရွှင်နေသော သူမကို ကြည့်ကာ သွေးတွေ နွေးလာသည်။ သီချင်းတွေ အမျိုးမျိုး ပြောင်းသွားသလို ခေါင်အိုးတွေလည်း အလွတ်တွေ များလာသည်။အက်စ်တာသည် သူ့လက်မောင်းကို မှီနွဲ့ရင်း သီချင်းကို တိုးတိုးလေး လိုက်ဆိုနေသည်။ ထိုစဉ် မြောက်ပြန်လေက သုတ်ကနဲ တစ်ချက် တိုးဝှေ့သွားရာ သူမပခုံးလေးကြုံ့၍ သူ့လက်မောင်းကို တိုးဖက်သည်။ 

သာဂိ သူမလက်လေးတွေကို ဖြေထုတ်လိုက်တော့ သူမက မော့ကြည့်သည်။ သာဂိက ဂျာကင်ဇစ်ကို ဖြုတ်၍ဆွဲဟလိုက်ကာ သူမကို ဂျာကင် တစ်ခြမ်းနှင့် ထွေးပွေ့ရင်း ဖက်ထားလိုက်သည်။ သူမက ကျေနပ်သလို ပြုံးရင်း သူ့ရင်ခွင်ထဲတွင် မှီနွဲ့ကာနေသည်။

သာဂိ ဂျာကင်ဇစ်ကို ဖွင့်လိုက်တော့ အေးစက်သော လေသည် သာဂိရင်ကို ကျီစားသည်။ သို့သော် ချက်ချင်းပင် သူမကိုယ်လေးက နံပါးကို မှီတွယ်လာသောအခါ သာဂိ ရင်သည် နွေးထွေးလာပြန်သည်။ သာဂိ သူမနှင့်သာ ဆိုလျှင် အာတိတ်စက်ဝိုင်းတောင် ဂျာကင်မပါပဲ သွားရဲဝံ့သည်။

သာဂိသည် ဘေးပတ်ဝန်းကျင်ကို ကြည့်တော့ ..အလို .. ဂစ်တာတီးနေသူ တစ်ယောက်နှစ်ယောက်နှင့် လူလေးငါးယောက်မှ လွဲ၍ ကျန်တဲ့လူတွေ ဘယ်ရောက်ကုန်သည် မသိတော့။ ဂစ်တာတီးသူသည် ယမကာနှင့် အနုပညာကလွဲပြီးကျန်တာကို အာရုံလာပုံမပေါ်။ သူတို့ ချင်းတိုင်းရင်းသား သီချင်းများကို တိုးတိုးလေး ညည်းရင်းတီးခတ်နေသည်။

ဘေးကလူတွေက ခေါင်အိုးတွေနှင့် စည်းလိုက်နေကြသည်။ သာဂိ သူမဘက်ကို ပြန်လှည့်ပြီး ငုံ့ကြည့်လိုက်တော့ သူမက သူ့ကို မော့မော့လေး ကြည့်နေသည်။ သူမ နှုတ်ခမ်းတွေက မဟ တဟ။ ဆေးဆိုးထားသော နှုတ်ခမ်းလေးတွေသည် မီးရောင်အောက်တွင် စိုဝင်း

နေသည်။ သာဂိ ငုံ့နမ်းလိုက်သည်။ သူမက ချက်ချင်း တုန့်ပြန်၏။ သာဂိက အောက်နှုတ်ခမ်းကို ငုံနမ်းခြင်းအား သူမက သာဂိ အထက်နှုတ်ခမ်းကို စုပ်နမ်းခြင်းဖြင့် တုန့်ပြန်သည်။ သာဂိ အံ့သြသွားသလို ရင်ခုန်နှုန်းတွေလည်း မြင့်လာသည်။ သူမကိုယ်လုံးလေးကို ပွေ့ဖက်ပြီး အတင်းနမ်းတော့မည် ဟန်ပြင်စဉ် သူမကပြောသည်။

“ ကို … ဟိုဘက်ကို သွားရအောင်”

သာဂိသည် သူမလက်ကလေးကို ဆွဲ၍ ခပ်လှမ်းလှမ်းက သစ်ပင်တွေ အောက်သို့ ထွက်လာခဲ့သည်။ နှင်းမှုန်လေးတွေပါဝင်နေသော လေသရမ်းသည် အခွင့်ရေးရသည်နှင့် သူတို့ကို ကလူကျီဆယ်တော့သည်။ အက်စ်စတာက သာဂိဘယ်လက်မောင်းကို ယီးလေးခိုမတတ် ဖက်ထားရာ သာဂိလက်မောင်း တစ်ခုလုံးသည် သူ့ရင်ခွင်ကြားတွင် နစ်မြုပ်နေသည်။ 

သာဂိတို့ အပင်ကြိးနားရောက်တော့ သူတို့ထက် ဦးနေသူတွေ ရှိနေချေပြီ။ အပင်ကြီးခြေရင်းနားတွင် ပူးကပ်နေသော ခန္ဒာကိုယ်တွေကို ယိုးတိုးရိပ်တိပ်တွေ့ရသည်။ သာဂိခေါင်းကုပ်သည်။ ဘယ်နေရာ သွားရမည် မသိတော့။ထိုစဉ် အက်စတာက သာဂိလက်ကို ဆွဲ၍ တစ်ဘက်သို့ ခေါ်သွားသည်။ သြော်.. သိပြီ။ အဲဒီဘက်တွင် ချောင်းကောလေး ရှိကြောင်း သာဂိ ညနေက တွေ့ထားသည်။

အက်စ်စတာသည် သာဂိလက်ကို ဆွဲခေါ်လာရင်း ချောင်းကောလေး၏ သဲနှုန်းတွေပေါ် အရောက်၌ သာဂိလက်ကို လွှတ်လိုက်သည်။ ပြီးတော့ သာဂိဘက်ကို တစ်ဖြည်းဖြည်းလှည့်ရင်း မော့ကြည့်သည်။ သာဂိ သူမကို ထွေးဖက်လိုက်ပြီး ပါးချင်းအပ်လိုက်သည်။ သူမ ပါးလေးတွေသည် အအေးဒဏ်ကြောင့် ထင်သည် အေးစက်စက်လေး ဖြစ်နေသည်။ သို့သော် ရင်ခွင်ကတော့မူ နွေးထွေးလွန်းလှသည်။

ချောင်းကောလေး၏ လက်ကျန်ရေ အိုင်လေးတွေထဲမှ ထွက်လာသော ဖြူလွှလွှ အငွေ့တစ်ချို့နှင့် လေထဲတွင် ဝေ့ဝဲ လှုပ်ရှားနေသော မြူနှင်းမှုန်တစ်ချို့တို့သည် သာဂိကို နတ်ဘုံနတ်နန်း တစ်ခုသို့ ရောက်ရှိသွားစေသည့် အလား အထင်မြင် ရောက်နေစေသည်။သာဂိသည် ဒီအတိုင်းလေးငြိမ်နေမိရင်း အနောက်မြောက်ပိုင်းဒေသ၏ ဆောင်းတွင်းကို နွေးထွေးစွာ ခံစားနေမိသည်။ လောကကြီး တစ်ခုလုံးသည် တိတ်ဆိတ်နေသည်။

တစ်ချက်ချက် ပေါ်လာသော လေတိုးသံ သဲ့သဲ့မှ တစ်ပါး အရာအားလုံးသည် ငြိမ်းချမ်းစွာ တည်ရှိနေကြသည်။ ကောင်းကင်ပြင်က လမင်းသော်တာနှင့် ကြယ်ညီနောင်တစ်စုတို့သည် သာဂိတို့ကို မမြင်ချင်ယောင် ဆောင်ကာ ချောင်းကြည့်နေသည်။

ခေါင်းစွပ်စွပ်ဖို့ မေ့လာမိသော သူ့နားရွက်တွေကတော့ ထုံကျင် အေးစက်နေပြီ ဖြစ်၏။ သာဂိက သူမကို ပြန်ငုံ့ကြည့်လိုက်သည်။ သူမသည် သာဂိ ပခုံးပေါ်တွင် မှေးနေရာမှ မျက်တောင်လေး တစ်ချက်၊ နှစ်ချက်ခတ်၍ သာဂိကို ပြန်ကြည့်သည်။ သာဂိ သူမကို နမ်းမည့်ဟန် ခေါင်းကို ငုံ့လိုက်စဉ် သူမကအရင် ခြေဖျားလေး ထောက်၍ သာဂိ နှုတ်ခမ်းတွေကို လာနမ်းသည်။ 

သူမ နမ်းပုံက တစ်မျိုးဖြစ်၏။ သာဂိနှုတ်ခမ်းသားတွေကို ငုံရင်း လျှာလေးနှင့် လာလာ ထိကစားခြင်း ဖြစ်သည်။ အေးစက်စက် ဖြစ်နေသော သာဂိနှုတ်ခမ်းတွေ နွေးထွေးလာသလို တစ်ကိုယ်လုံးရှိ သွေးတွေပါ ဆူတက်လာသည်။

သာဂိ သူမကို ဖက်ပွေ့ကာ သဲပြင်ပေါ် လှဲချမည့် ဟန်ပြင်စဉ် သူမက သာဂိကို တားသည်။ ပြီးတော့ လည်ပင်းက မာဖလာလေးကို ချွတ်ကာ သဲပြင်ပေါ်ခင်းလိုက်သည်။ ပြီးတော့ မာဖလာပေါ် ခေါင်းတင်ကာ လှဲလိုက်သည်။ သြော်.. ဆံပင်တွေထဲ သဲဝင်မည် စိုးရျ် ထင်သည်။ သာဂိ ဂျာကင်ကို ချွတ်လိုက်သည်။ ပြီးတော့ သူမ ခေါင်းလေးအောက်တွင် ခင်းပေးလိုက်သည်။

ပြီးတော့ သူမ ကိုယ်လေးပေါ်တက်ခွရင်း နှုတ်ခမ်းတွေကို နမ်းလိုက်သည်။ လက်က သူမ ဆွယ်တာ အောက်မှ လျှို၍ နို့အုံလေးတွေကို လိုက်ရှာရင်း စမ်းတော့ သူမဆီက

“ အရို….. …စီးးးးး” 

ဆိုသော အသံလေး ထွက်လာသည်။ သူတို့ ချင်းမလေးတွေသည် ယောင်လျှင်

“ အရို ၊ အရို”

ဟုယောင်တတ်သည်။ ယခု သာဂိလက်တွေက အေးစက်နေ၍ သူမ ရင်တွင်းသားလေးတွေနှင့်ထိသော အခါ အအေးဒဏ်ကြောင့် ယောင်အော်ခြင်း ဖြစ်မည်။ သာဂိလက်ကတော့ လုံးဝကြီးကို နွေးထွေးသွားသည်။ခဏကြာမျှ ထိကိုင်မိသည်နှင့်ပင် သူမနို့အုံလေးတွေ တင်းလာပြီ ဖြစ်ကြောင်း သာဂိ သတိပြုမိသည်။ သာဂိ ဘောင်းဘီကို ခက်ခက်ခဲခဲ လက်တစ်ဘက်ထဲနှင့် ရအောင် လျှောချသည်။ 

ပြီးတော့ သူမ ထမီကို အောက်ကနေလှန်ရင်း ပေါင်သားလေးတွေကို ပွတ်တော့ အောက်တွင် ဘောင်းဘီ တစ်ထပ် ရှိနေသေးတာ တွေ့ရသည်။ ထရပ်စု အမျိုးအစား ဘောင်းဘီ ဖြစ်၍ ဒူးခေါင်းလောက်သာရှိသည်မို့ သာဂိသတိမထား မိခြင်းဖြစ်သည်။သာဂိက ထိုဘောင်းဘီလေးကို ဆွဲချွတ်ဖို့ ကြိုးစားသည်။ သူမက

“ မချွတ်နှင့်၊ အေးတယ်”

ဟု ပြောရင်း ရုန်းသည်။ သာဂိ ဒုက္ခရောက်ချေပြီ။ ဘောင်းဘီကို ဘယ်လိုမှ ချွတ်လို့မရ။ ယောက်ကျားအားနှင့် အတင်းချွတ်မည်ဆိုလျှင် ဖြစ်နိုင်သော်လည်း အဲလိုကြီးလဲ မလုပ်ချင်။ မချွတ်ပြန်လျှင် လည်း ခရီးဆုံးရောက်ဖို့ ဘယ်ပုံနှင့် သွားမည်နည်း။ သာဂိ ခေါင်းတွေ ကုပ်မိသည်။ သူမကတော့ အောက်မှာ ပြုံးစိစိနှင့် သာဂိကို ကြည့်နေသည်။ သာဂိ စိတ်ထဲတွင် နည်းနည်းတော့ တင်းသွားသည်။ 

“ နေနှင့်ဦး၊ ကလိပြီး ဒီအတိုင်းထားပစ်ခဲ့ဦးမယ်” 

ဟု တွေးကာ ဆွယ်တာလေးကို လှန်ပြီး ဗိုက်သားလေးတွေကို နမ်းစုပ် ပစ်လိုက်သည်။ သူမ ခါးလေးကော့ပြီး ထွန့်ထွန့်လူးရင်း တစ်ခစ်ခစ်နှင့် ရယ်သည်။လက်တွေကက သူမ ပေါင်အတွင်းသားလေး တွေတစ်လျှောက် ပွတ်သပ်ရင်း ခွဆုံသို့ ရောက်လာသည်။ အဲတော့မှ သာဂိ အံ့သြရသည်။ သူက ဒါ့ကြောင့် မချွတ်နှင့် ပြောတာကိုးဟု ခုမှ သဘောပေါက်ရသည်။

သူမသည် ဘောင်းဘီကို ခွဆုံနေရာတွင် အပေါက်ဖောက်ထားသည်။ သာဂိအချိန်ဆိုင်းမနေတော့။ ဘောင်းဘီကို အောက်လျှောထားတာ နည်းနည်းကြာလာ၍ တင်ပါးတွေတောင် အေးစက်စက် ဖြစ်နေပြီ မဟုတ်ပါလား။ သာဂိ လိင်တံကို ကိုင်ကာ သူမ ဖောက်ထားသော အပေါက်ထဲ ရှာဖွေထိုးထည့်လိုက်သည်။ ရသည်။

ဖောက်ထားသော အပေါက်က ဟိုအပေါက်နှင့် ကွက်တိဖောက်ထားခြင်းဖြစ်၍ ပထမတစ်ပေါက် ဝင်သည်နှင့် နောက်တစ်ပေါက်က အော်တို အလိုလို လျှောကနဲ . …အဲ ..လျှောကနဲ မဖြစ်။ထိပ်ဝမှာကွမ်းသီးခေါင်း ပင်မမြုပ်သေး။ အထဲက တစ်စုံတစ်ရာသည် သာဂိ အောက်ငယ်ထိပ်ကို လာဖိထားသည်။ ရှေ့ဆက်တိုးရမှာတောင် ခပ်ခက်ခက်ဖြစ်၏။ 

အထဲက တစ်စုံတစ်ရာသည် ငြိမ်းငြိမ်းတုန်းက ဟာမျိုးနှင့် မတူချေ။ သူက အထဲကနေ ကာနေတာမျိုး မဟုတ်။ ဆို့နေတာမျိုး မဟုတ်။ အပေါ်က လာဖိထားတာ ဖြစ်သည်။ သာဂိ အဲဒါကို ကျော်ဖို့ အတန်ငယ် အားစိုက်လိုက်ရသည်။ သို့ရာတွင် နောက်တစ်ခုနှင့် ထပ်ဆုံပြန်၏။ 

ပထမဂိတ်ကို ကျော်လာ၍ ကျိန်းကနဲ ဖြစ်သွားတာပင် မပျောက်သေး။ နောက်တစ်ဂိတ် နှင့် ဆုံပြန်၏။ သာဂိသည် ခြောက်လက်မခန့် ခရီးကို အံကြိတ် လက်သီးဆုပ်ပြီး မနည်းကျော်ဖြတ်ရသည်။ အဆုံး ပန်းတိုင်ရောက်၍ ဆီးခုံ ချင်းထိသွားတော့မှ “ဟား” ကနဲ ရေရွတ်ရင်း သူမ ကိုယ်လုံးလေးပေါ် မှောက်ရင်း ခဏ အနားယူနေမိသည်။သူမသည် သာဂိ မျက်နှာကို လက်ဖဝါး နှစ်ဖက်နှင့် ညှပ်ကိုင်ကာ သာဂိ နှုတ်ခမ်းသား တစ်ခုလုံးကို ငုံခဲလိုက်သည်။ 

ထိုစဉ် အောက်ပိုင်းက .. အောက်ပိုင်းက သူမ၏ အတွင်းသားတွေသည် စည်းချက်ကျကျ လှိုင်းထသလို တစ်ရွေ့ရွေ့ လှုပ်ရှားလာနေသည်။ သာဂိ ဇဝေဇဝါ ဖြစ်သွားသည်။သူမ လက်နှင့် ကိုင်လိုက်တာလား။ မဟုတ်။ သူမ လက်များသည် သာဂိမျက်နှာပေါ်မှာ ရှိသည်။ သာဂိ ပဲ လှုပ်မိသလား .. မဟုတ်။ ခုနက နည်းနည်း ကျိန်းသွား၍ ခဏ မှိန်းနေမိစဉ် လုံးဝမလှုပ်။ 

ဒါဖြင့် .. သူမ အတွင်းသားတွေက လှုပ်တာပေါ့။ မှန်သည်။ သာဂိ ဝဋ်လည်ပြီ ဖြစ်သည်။ သူ့ လိင်တံကို အက်စ်တာ့ အတွင်းသားတွေက ဖျစ်ချည်တစ်လှည့်၊ ညှစ်တာ တစ်ခါ၊ လျှော့တာ တစ်မျိုးနှင့် ဆော့ချင်တိုင်း ဆော့နေရာ သာဂိ တစ်ရှီးရှီး … တစ်အားအား နှင့် အော်လိုက်ချင်သည်။

အော်လို့မရ ။ သူ့နှုတ်ခမ်းတွေသည် ဖွင့်လိုပင် မရအောင် အက်စ်တာ ခံတွင်းထဲမှာ ရောက်နေကြသည်။ သာဂိ လုပ်နိုင်တာ တစ်ခုပဲရှိတော့သည်။ အက်စ်တာ့ ပေါင်လုံးကြီးတွေကို ဆွဲမလိုက်ကာ အတင်း နင်းဆောင့်မိခြင်းပင် ဖြစ်ပါတော့သည်။ဒါတောင် သိပ်ကြာကြာတော့မဟုတ်။ လေး၊ ငါးမိနစ်ခန့် အကြာတွင် သာဂိပြီးသွားသည်။ ပြီးနေစဉ်မှာ မချိမဆန့် တစ်ချက် ခံလိုက်ရသေးသည်။ 

သာဂိ လိင်တံက အရည်တွေ ထွက်နေစဉ် သူမက ပွစိပွစိ လုပ်ကာ အတင်းရှုံ့ပြီး ဆွဲစုပ်ထား၍ သာဂိ ကိုယ်ထဲက သွေးတွေပါ ထွက်ကရော ထင်ရအောင် သုတ်ရည်တွေ တစ်စက် မကျန် ထွက်ကုန်သည်။ ပြီးတော့ သာဂိသည် မောဟိုက်စွာ သူမဘေးတွင် လှဲလိုက်ရင်း သူမကိုယ်လေးကို ဖက်ထားလိုက်မိသည်။ သူမက သာဂိ ခေါင်းကို ရင်ခွင်ထဲထည့်ကာ ကလေးတစ်ဦးကို ထွေးဖက်သလို ထွေးဖက်ထားသည်။

ထို့နောက် သာဂိသည် မှေးကနဲ အိပ်ပျော်သွားသည် ထင်သည်။ ၁၂ နာရီ ထိုးတော့မယ်ဟေ့ .. လာကြ … လာကြ ..ဆိုသော အသံကိုကြားရတော့မှ သတိပြန်ဝင်လာသည်။သာဂိ နှင့် အက်စ်စတာသည် ကမန်းကတမ်း ထပြီးကိုယ့်အဝတ်ကိုယ် ပြုပြင်ကြရသည်။ ဘောင်းဘီကြီး ကျွတ်ရင်း မေ့ကနဲ အိပ်ပျော်သွားမိသော သာဂိ တင်ပါးတွေကား ထုံနေချေပြီ။

ကိစ္စမရှိ၊ နှလုံးသားက နွေးထွေးဆဲ ဖြစ်သည်။ သာဂိတို့ Happy New Year ကို အားပါးတရ အော်ဟစ်ရင်း ကြိုဆိုခဲ့ကြသည်။ ပြီးတော့ ဘေးနားက တဲအိမ်လေးထဲတွင် စုပေါင်းပြီး ကွေးသည်။ သာဂိကို အက်စ်စတာက သိုးမွှေးစောင်ကြီး တစ်ထည်ပေးသည်။ သာဂိက စောင်လာပေးသော လက်ကလေးတွေကို ဖမ်းဆုပ်ထားလိုက်တော့ သူမက မျက်စောင်းထိုးရင်း

“ ခဏနေမှ လာခဲ့မယ်” 

ဟု တိုးတိုးလေး ပြောသည်။ သာဂိဘေးတွင် ကောင်လေးတစ်ချို့ လှဲနေကြပြီ။ သူတို့ စောင်တွေကလဲ နှစ်ယောက်ခြုံ စောင်များချည်းသာ ဖြစ်သည်။မီးဖိုကြီးက အလင်းရောင်များသည် တစ်ဖြေးဖြေး လျော့ပါးလာနေသည်။ တစ်ချို့ကတော့ အိမ်ပြန်ကြပုံ ပေါ်သည်။ ဆိုင်ကယ်စက်နှိုးရင်း အားလုံးကိုအော်ဟစ် နှုတ်ဆက်နေသံ ကြားရသည်။ 

ထိုအသံတွေ တစ်ဖြည်းဖြည်ဝေး၍ တိုးတိတ်သွားချိန်တွင် သာဂိ စောင်ထဲကို တစ်စုံတစ်ယောက် တိုးဝင်လာတော့သည်။နွေးထွေးနူးညံ့လှသော ရင်ခွင်တစ်ခုသည် သာဂိ၏ ဘယ်လက်မောင်းနှင့် ဘယ်ရင်အုံပေါ်လာပိသည်။ သာဂိ သူမကို ပြန်လည်ထွေးဖက်ထားလိုက်သည်။ 

သူမက ဝိုးတစ်ဝါးလေးတောင် မမြင်ရအောင် ပိန်းပိတ်နေသော အမှောင်ထုထဲတွင် သာဂိ မျက်နှာကို လက်လေးနှစ်ဖက်နှင့် စမ်းပြီး ရှာဖွေသည်။ သို့ရာတွင် သာဂိက သူမထက် ဦးစွာ သူမနှုတ်ခမ်းလေးတွေကို ရှာဖွေ တွေ့ရှိသွားသည်။ အပြန်အလှန် နမ်းကြရင်း သာဂိစိတ်တွေပါလာသည်။ မရတော့။ သူမပေါ်တက်ဖိလိုက်သည်။ သူမက လေသံလေးနှင့် ပြောသည်။

“ လူတွေရှိတယ်…”

“ ရှိ .. ရှိ …”

သာဂိသည် နွားသိုးကြိုးပြတ်သည့်နှယ် ဖြစ်နေချေပြီ။ သူမက အစပိုင်း ငြင်းဆန်သေးသော်လည်း ခဏအကြာတွင်မူ လိုက်လျောလိုက်တာလား၊ စိတ်ပါလာတာလားတော့ မသိ။

“ ဇွတ်ကြီးပဲ.. အဲဒါဆို ထ.. အိမ်သွားရအောင်” ဟုဆိုသည်။

သာဂိ ချက်ချင်းပင် လူးလဲထသည်။ ပြီးတော့ သူတို့ နှစ်ယောက် တိတ်တိတ်လေး ချွတ်နင်းပြီး ဆိုင်ကယ်ရှိရာသို့ သွားသည်။အတော် ခပ်လှမ်းလှမ်းထိ ဆိုင်ကယ်ကို တွန်းပြီးကာမှ စက်နှိုးပြီး မောင်းထွက်လာကြသည်။ သူမသည် သာဂိ ဂျာကင် အောက်ထဲကနေ သာဂိခါးကို အားရပါးရ ဖက်ထားသည်။ထိုနေ့ညက သာဂိ အက်စ်စတာတို့ အိမ်မှာ အိပ်သည်။ အပေါ်ထပ်က သူမအခန်းထဲတွင် နွေးထွေးစွာ မှေးစက်ရင်း သုံးခါလောက် လုပ်ဖြစ်သေးသည်။ သူမ၏ ပစ္စည်းကား သာဂိအတွက် အံ့သြဖွယ်ရာ အတိဖြစ်ချေသည်။

သာဂိ အရမ်းကို ကြိုက်နေမိသည်။ သူမ နည်းနည်းလေး လူးလွန့်မိ၍ သာဂိ နိုးလာသည်နှင့် တစ်ခါ လုပ်ဖြစ်နေသောအခါ နောက်ဆို သူမသည် ရင်ခွင်ထဲတွင် ငြိမ်ငြိမ်လေးသာ ခွေနေတော့သည်။ မနက် လေးနာရီခန့်တွင်မူ သူမက သာ၈ိကို အတင်းနှိုး၍ ပြန်တော့ဟု ပြောသည်။ ဆိုင်ကယ်ယူသွား မနက်ကျမှ လာပေးဟုဆိုသည်။သာဂိ အိပ်ချင်မူးတူးဖြင့် တစ်ချီ ဆွဲဖို့ ကြံသေးရာ သူမက အတင်းတွန်းလွှတ်ပြီး “ နင်တို့ ..ဗမာတွေ ဆိုးကို ဆိုးတယ်၊ မနက်ဖြန်မှ လာနော် ၊ အမေတို့ သိသွားမယ်၊ ပြန်တော့” ဟုဆိုသည်။ ထိုအခါမှ သာဂိလဲ 

“ မန်းထန်မော” 

ဆိုကာ ပြန်ခဲ့ရသည်။ (မန်းထန်မော=အိမ်မက်လှလှ မက်ပါစေ၊ ခွဲခွာခါနီး နှုတ်ဆက်စကား)

သာဂိ နိုးလာတော့ ကိုနေဇာကို ဧည့်ခန်းထဲမှာ ထိုင်နေတာ တွေ့ရသည်။ ကိုနေဇာက ပြုံးပြပြီး ညက အခြေအနေကို မေးသည်။ သာ၈ိသည် ကိုနေဇာ မမေးလဲ ပြောပြဖို့ စိတ်ကူးရှိပြီးသား ဖြစ်သည်။ ညက သူ့လိင်တံကို ကစားချင်သလို ကစားထားခဲ့သော အက်စ်စတာ၏ ပစ္စည်း အကြောင်းလဲ သိချင်သည်။ သာဂိ ပြောပြ အပြီး ကိုနေဇာက ရှင်းပြသည်မှာ ဤသို့ ဖြစ်သည်။

“ ဒါက သူတို့ တိုင်းရင်းသူတွေရဲ့ အားသာချက်လို့ ပြောရမှာပဲ။ ဟိုးအရင်တုန်းက ဒီတောင်တန်း ဒေသတွေမှာ ဆေးဆရာတွေ၊ သမားတော်တွေ မရှိခဲ့ကြဘူး မဟုတ်လား။ သူတို့ မိန်းမတွေမှာလည်း ယောက်ကျားတွေလို အူကျတတ်တဲ့ ရောဂါ ရှိတယ်ဗျ။ တစ်ကယ်ပြောတာ။ 

တစ်ချို့ဆို အထဲကနေ လိပ်ခေါင်း ထွက်သလိုကို ပြူထွက်နေတာ။ အဲဒါကို သွားရင်း လာရင်း ပေါင်နှင့် တိုက်မိတဲ့ အခါ ပွန်းပြီး အနာဖြစ်၊ ပြည်တွေတည် တော့မှ ဆေးခန်းရောက်ကြရတာ။ တစ်ကယ်တော့ အဲဒါ အူကျတာ မဟုတ်ပါဘူး။

သားအိမ်ကျတာ၊ ဆီးအိမ်ကျတာ၊ အစာဟောင်း အိမ်ကျတာ အဲဒါမျိုးတွေ ဖြစ်တာလေ။ ဘာဖြစ်လို့ ကျသလဲ ဆိုတော့ ကျွှန်တော်တို့ ဒီ တင်ပဆုံရိုးကွင်းထဲမှာ အင်္ဂါတွေ အများကြီးရှိတယ်ဗျ။အဲဒါတွေကို သူ့နေရာနှင့်သူ ပုံမှန် ရှိနေအောင် အထဲမှာရှိတဲ့ အရွတ်တွေ၊ အကြောတွေက ထိန်းပေးထားတာ။ အဲဒီ ထိန်းပေးထားတဲ့ ကောင်တွေ အားနည်းလာရင် ခုန ပြောသလို ဖြစ်တော့ တာပဲ။ 

အားနည်းရခြင်း ကလဲ အမျိုးမျိုး ရှိတယ်တဲ့။ များသော အားဖြင့်တော့ လိင်ဆက်ဆံမူ များတာ၊ ကလေးတွေ တဗြွတ်ဗြွတ် မွေးတာ၊ နောက်ဆုံး အလေးပင် မတာ၊ ချောင်းဆိုးတာ၊ ရယ်တာကိုတောင် သတိမထားတတ်ရင် အဲဒီကောင်တွေကို အားနည်းစေတယ်။ အဲဒါကြောင့် ရှေးလူကြီးတွေက တစ်ဘက်လှည့်နဲ့ ပြောဆိုဆုံးမခဲ့တာ ဖြစ်မယ်။ မိန်းကလေးတွေ အားရပါးရ ရယ်တာကို တားမြစ်တာလေ။ တစ်ကယ်တော့ သူတို့က စေတနာနဲ့ပါဗျာ။

အဲ ..စကားက ဘယ်ရောက်သွား.. ဟုတ်ပြီ။ ဒီမှာက ဆေးဆရာတွေ မရှိတော့ သူတို့မှာက ကုဖို့ခက်တယ်လေ။ အဲတော့ ကိုယ့်ဘာသာကိုယ် ကာကွယ်ကုသကြရတာပေါ့။

ဘယ်လိုလဲ ဆိုတော့ စစချင်း ဆီးသွားနေရင်း ဆီးမကုန်ခင် ဆီးသွားတာကို ခဏ ရပ်အောင် လုပ်ကြည့်တာပဲ။ ပြီးရင် ပြန်သွား။ ရပ်လိုက်၊ သွားလိုက်နှင့် ကြာလာတော့ ဘယ်နေရာကို ဘယ်လို ညှစ်ကျုံ့လိုက်ရင် ရတယ်ဆိုတာ ကိုယ့်ဟာကိုယ် သိလာပါတယ်။

တစ်ခုပဲ သတိထားရမယ်တဲ့။ ပေါင်တွေ ခြေထောက်တွေ တောင့်ပြီး ညှစ်တာမျိုး မဖြစ်ရဘူး။ အသက်တွေ ဘာတွေ အောင့်ပြီး အတင်းကြီး ရှုံ့တာမျိုး မဖြစ်ရဘူး။ သက်သက်သာသာလေးပဲ ။အဲ ခုန ဆီးသွားတာကို ရပ်တတ်ပြီဆိုရင်တော့ ပက်လက်အိပ်ရင်း စမ်းကြည့်၊ ထိုင်ပြီးတော့ စမ်းကြည့်၊ ဆီးသွားဖို့ ပြောတာ မဟုတ်ဘူးလေ။ ဆီးသွားရင် ရပ်အောင် ညှစ်တဲံ့ ဟာတွေကို ညှစ်ခိုင်းကြည့်တာ။ 

နောက်ဆိုရင် အချိန်မရွေးလုပ်နိုင်တယ်။ အလုပ်လုပ်ရင်၊ တီဗွီ ကြည့်ရင်း ကလေးထိန်းရင်း ကျင့်နေလို့ရတယ်။ ညှစ်တဲ့ အချိန်ကိုတော့ တစ်ဖြေးဖြေး တိုးယူပေါ့။စစချင်း နှစ်စက္ကန့်လောက်ကနေ ကြာနိုင်သလောက် ပိုကောင်းတာပေါ့။ ခင်ဗျား အက်စ်စတာဆို နာရီဝက်လောက်တောင် ညှစ်နိုင်တယ် မဟုတ်လား..ဟားဟား ။ 

ဒီလိုကျင့်တာ ဘာကောင်းသလဲ ဆိုတော့ ခုနပြောတဲ့ ရောဂါတွေ ဖြစ်ဖို့ အခွင့်အလမ်း အရမ်းကို နည်းသွားမယ်။ နောက်ပြီး ကိုယ့် လင်သားက အပျိုတွေနှင့်တောင် ကိုယ့်ကို လဲနိုင်မှာ မဟုတ်တော့တဲ့ အကျိုးရမယ်။အပြင်ထွက်ထွက်ပြီး အသစ်မြည်းချင်တဲ့ ဒင်းတို့ကို ကောင်းကောင်း နှိပ်ကွပ်လို့ရတာပေါ့ဗျာ။ ခု ခင်ဗျားတောင် အဲလို ဖြစ်နေပြိ မဟုတ်လား။ ဟဲဟဲဟဲ..”

“ ဟုတ်တယ်ဗျာ.. ကျွန်တော် တစ်သက်နှင့် တစ်ကိုယ် ဒီလောက်ကောင်းတာ တစ်ခါမှ မတွေ့ဘူးသေးဘူး။ ငြိမ်းငြိမ်း အကြောင်း အစ်ကို သိပါတယ်။ သူနှင့်တောင် ဒိလောက် မကောင်းဘူးဗျ။ ခုဟာက တော်တော် မိုက်တာ”

“ ဟားဟားဟား ..အဲဒီတော့လဲ ရှိတ်စပီးယားကြီး ပြောသလို သူမရဲ့ ပေါင်ကြားမှာပဲ သေသွားပါစေ၊ ငါဟာ သွေးနားထင်ရောက်နေတဲ့ သတို့သားလို သတ္တိရှိရှိနှင့် သေသွားမယ် လို့သာ ကြုံးဝါးလိုက်ပေါ့ဗျာ။ အဲ.. ဒါနှင့် ခင်ဗျား တစ်ခုတော့ သတိထားနော်။ ခင်ဗျားတို့ နှစ်ယောက် ကိုးကွယ်တဲ့ ဘာသာ မတူကြဘူး။”

သာဂိသည် ကိုနေဇာ့စကားကို ဆုံးအောင် နားထောင်ဖို့ စိတ်ကူးမရှိတော့။ အက်စ်တာထံသို့ သွားချင်နေပြီ ဖြစ်သည်။ ဘာသာရေးနှင့် ပတ်သက်ပြီး သူက အယူသည်းလှသူ မဟုတ်၍လည်း ထိုကိစ္စကို သိပ်မစိုးရိမ်။ အက်စ်တာတို့ အိမ်ရောက်သောအခါ အက်စ်တာကို မနည်းခေါ်ယူရသည်။ သူမက အိပ်နေ၍ဖြစ်သည်။ သူမ မိဘတွေကတော့ နန့်ဖာလုံဈေးသို့ ဈေးရောင်းထွက်သွားကြပြီ။ သာဂိ သိပ်တွေးနေစရာ မလို။ 

သူမအိပ်ယာထဲတွင် ဝင်ကွေးလိုက်သည်။ တစ်ကယ်တော့ သူလဲ အိပ်ရေးဝသေးတာ မဟုတ်ချေ။ အိပ်မပျော်ခင် ခဏတာ ခွဲခွာရမူ အလွမ်းပြေ အဖြစ် တစ်ခါလောက် ချစ်လိုက် ကြသေးသည်။သာဂိသည် ကိုနေဇာ အလုပ်လုပ်နေသည့်နှစ်ပတ်အတွင်း အက်စ်စတာ့အိမ်တွင်သာ အချိန်ကုန်နေသည်။ သူနှင့် အက်စ်စတာသည် ညဘက် အတူမနေရသည်မှ လွဲ၍နေ့ဘက် တစ်ချိန်လုံး လင်မယားလိုသာ နေကြသည်။

အတူစားသည်၊ အတူရေချိုးသည်၊ အတူတူ ချက်ပြုတ်ကြသည်၊ ပြီးတော့ အတူတူ ချစ်ကြသည်။ သာဂိ ပျော်နေပြန်ချေပြီ။ သို့ရာတွင် လွတ်လွတ်လပ်လပ်လည်း မပျော်နိုင်ချေ။ သူ့ အပျော်တွေသည် ဘယ်တော့မှ တာရှည် မခံတတ်မှန်း သာဂိ ခံစားနေကြဖြစ်လာ၍ စိုးရိမ်နေမိသည်။ အက်စ်တာ့ကို ကြည့်ရတာတော့ ဘာမျှအပူအပင် မရှိသလို ပုံမှန်ပဲ ဖြစ်သည်။

သူ့အပေါ်တွင်တော့ တစ်ကယ့်ကို ယုယုယယရှိသည်။ ခပ်ဝဲဝဲလေး ပြောသော မပီတပီ စကားသံလေးများအောက်တွင် သာဂိသည် ပျော်ဝင်နေပြန်သည်။ ဘာပဲဖြစ်ဖြစ် တစ်ရွာသား ဖြစ်သည့် သူသည် အချိန်တန်လျှင် အိမ်ပြန်ရမည်သာ ဖြစ်သည်။

သူတို့ ပြန်ရမည့်ရက်သည် သိပ်မကြာခင်တင် ရောက်လာတော့မည် ဖြစ်ကြောင်း ကိုနေဇာက အသိပေးလာသည်။ အလုပ်တွေပြီးပြီ။ နှစ်ရက်၊ သုံးရက်ကြာလျှင် ပြန်မည်ဟု ဆိုသည်။ သာဂိ အက်စ်စတာကို ခေါ်သွားချင်သည်။ သူ ငွေလဲရှာတတ်နေပြီ ၊ နောက်ပြီး မတွေ့တာကြာပြီ ဖြစ်သော အဖေနှင့် အမေတို့ဆီလည်း အလည်သွားရင်း သူမကို ခေါ်သွားချင်သည်။ 

အန်တီက မြို့နယ် ပညာရေးမှုးဖြစ်နေပြီဟု ကြားရသည်။ သူနှင့် အက်စ်တာကို အန်တီက မည်သို့ သဘောထားမည်နည်း။ သာဂိသည် အက်စ်တာကို လက်ထပ်ပြီး ခေါ်ယူသွားနိုင်ဖို့ သူ့မိဘတွေနှင့် ဆွေးနွေးရသည်။သာဂိ ဘက်က လူကြီးကတော့ ကိုနေဇာပင်ဖြစ်သည်။ အက်စ်တာတို့ ဘက်တွင် သူ့မိဘများသာမက ဦးထန်ပါ ပါဝင်ဆွေးနွေးသည်။ အက်စ်စတာတို့ဘက်က တောင်းဆိုသည်မှာ မများလှပါ။

ခေတ်ဆန်သော အမြင်ကျယ်သည့် လူကြီးများ ဖြစ်သည့်အတိုင်း တင့်တင့်တယ်တယ် ဘုရားကျောင်း တွင် လက်ထပ်ပေးလျှင် ရပြီဟု ဆိုကြသည်။စကားတတ်သလောက်၊ စပ်စုတတ်သော ကိုနေဇာကြောင့် ဆွေးနွေးပွဲ၏ အစသည် စိတ်ဝင်စားဖို့တော့ ကောင်းသည်။

ကိုနေဇာက အက်စ်တာတို့ အိမ်ဧည့်ခန်းနံရံတွင် ချိတ်ထားသော ပန်းချီကားထဲမှ ပါးရဲထိုး အမျိုးသမီးပုံကို ညွှန်ပြ၍သူတို့က ဘာလို့ အဲလို ထိုးရတာလဲ ဟု စပ်စုသည်။ သာဂိ အားနာသွားမိသည်။ကြားဖူးတာက မြန်မာ ဘုရင်တွေ ချင်းမလေးတွေကို တော်ကောက်မှာစိုး၍ ပါးရဲထိုးရသည်ဟု ကြားဖူးသည် မဟုတ်ပါလား။ သို့ရာတွင် ဦးထန်က ရယ်၍ ပြောသည်။

“ ဘယ် ဗမာ ဘုရင်မှ ဒီလို တောတောင်ထဲလာပြီး တော်ကောက်မနေပါဘူး၊ တစ်ကယ်လို့ တော်ကောက်လို့ ထိုးရတယ် ဆိုရင်တောင် အဆက်သွယ် ခက်ခဲတဲ့ ကျွန်တော်တို့ တောင်ပေါ်ဒေသမှာ ဒီသတင်းပြန့်ဖို့ တစ်ကယ်ကို မလွယ်လှပါဘူး။ အဲဒါက ကိုလိုနီခေတ် နယ်ချဲ့တွေ သွေးခွဲ ရန်တိုက် ပေးတဲ့ စကားပါ။တစ်ကယ်တော့ ကျွန်တော်တို့ အမျိုးသမီးတွေ ပါးရဲထိုးတာက ဟိုး နတ်ကိုးကွယ်စဉ်တုန်းက နတ်ဆရာတွေရဲ့ အစီအရင် တစ်ခုပါ။ ပါးရဲကွက် မပြည့်ပဲ အိမ်ထောင်ပြုရင် နတ်က စိတ်ဆိုးတတ်တယ်လို့ ဆိုကြတယ်။ခုတော့ နတ်ကိုးကွယ်တာ နည်းသွားသလို ပါးရဲထိုးကြတာလည်း ပျောက်သလောက် ဖြစ်သွားပါပြီ ” 

ဟုဆိုသည်။ပြီးတော့ ကျွန်တော်တို့ လက်ထပ်ပွဲ အကြောင်းရောက်သွားပြန်သည်။ ထုံးစံ အတိုင်းဆိုလျှင်တော့ မိန်းကလေး တန်ဖိုးအဖြစ် နွားနောက် ငါးကောင်နှင့် ရွှေနားကွင်း ဆယ်ကွင်း ချက်ချင်းပေးရမည် ဆိုသည်။ 

သာဂိ နည်းနည်း နင်သွားတာကို မြင်၍လား မသိ။ ခုခေတ်မှာတော့ ဒါတွေ အဓိကမထားတော့ပါ ဟု ဆက်ပြောသည်။ နောက် .. ပြောရင်း ဆိုရင်း သာဂိကို နှစ်ခြင်းဘယ်တော့ခံမလဲ ဟုမေးသည်။ သာဂိ မဖြေတတ်တော့။ ကိုနေဇာကို လှည့်ကြည့်မိတော့ ကိုနေဇာက စကားကို လှည့်ပတ်ပြောသည်။

အိမ်ထောင်ရေးမှာ ချစ်ခြင်းသာ အဓိက ဖြစ်ပြီး ကိုးကွယ်မူကို နားလည်မူနှင့် ညှိနှိုင်းကြမည် ဖြစ်ကြောင်း သူ့ဘာသာကို ကိုယ်အားပေးသလို၊ ကိုယ့်ယုံကြည်မူကိုလည်း အားပေးစေချင်ကြောင်း စသည်ဖြင့် ဝေ့လည်လည် ဖြေပေးတော့ လူရိုးကြီး ဦးထန်က သဘောကျပုံမရ။ မျက်မှောင်သာ ကုပ်သွားပြီး ဘာမှ မပြောတော့။ဆွေးနွေးပွဲ၏ အရိပ်ယောင်သည် မုန်တိုင်း အစလို ချက်ခြင်းငြိမ်သက်သွားသည်။ ပြီးတော့ ဝုန်းကနဲ တိုက်ခတ်လိုက်သော လေပြင်းလို အက်စ်တာ့ ဖခင်၏ စကားတစ်ခွန်းက သာဂိရင်ကို ဝင်မွှေသွားသည်။

“ ထမ်းပိုး မညီတဲ့ အိမ်ထောင်ရေးကို ကျုပ် သဘောမတူနိုင်ဘူး ”

အက်စ်တာကို သူ့မိခင်က အိမ်ခန်းထဲ ခေါ်သွားသည်။ အက်စ်တာသည် ထိုင်ရာမှ အထ သာဂိ မျက်ဝန်းတွေကို တစ်မျိုးလေး စိုက်ကြည့်သွားသည်။ 

သူမ မျက်ဝန်းတွေက သာဂိကို တစ်ခုခု ရွေးချယ်ဖို့ တောင်းပန်နေသည် ထင်သည်။ ကိုနေဇာက သာဂိကို ရွှေဘုံသာ ဘုရားရင်ပြင်တော်ပေါ်သို့ ခေါ်လာခဲ့သည်။ သာဂိ စိတ်သည် ဆည်းလည်း သံလေးများအောက်တွင် အနည်းငယ်တော့ တည်ငြိမ်မှုရလာသည်။ ကိုနေဇာက သာဂိကို စကားလုံးအေးအေးလေးများနှင့် တစ်လုံးချင်းပြောသည်။

“ ခင်ဗျား .. စဉ်းစားပါ၊ ကိုသာဂိ။ လတ်တလော ချက်ချင်းကြီး မဆုံးဖြတ်ပါနှင့်ဦး။ ဘယ်ဘာသာတရားကိုမှ ကျွန်တော် မကောင်းမပြောပါဘူး။ 

ကျွန်တော်တို့ ဘာသာကိုမှ ကောင်းပါတယ်လို့လဲ အမွှန်း မတင်ချင်ဘူး။ ခင်ဗျားဟာ ခင်ဗျား မိဘတွေက မွေးထုတ်လိုက်ပေးတဲ့လူ၊ သူတို့ ကိုးကွယ်တဲ့ အတိုင်း ခင်ဗျား လိုက်ကိုးကွယ်ရတာပဲ။

ဒါဟာ အမှန်တရားပဲ။ အကျိုးကျေးဇူးတွေ၊ နောင်ဘဝတွေ အသာထားဦးဗျာ။ အကယ်လို့ ခင်ဗျားသာ ဘာသာ ပြောင်းလိုက်မယ် ဆိုရင် ခင်ဗျား မိဘတွေ ရင်ထဲမှာ ဘယ်လို ခံစားရမယ် ထင်သလဲ၊ နောက်ပြီး ခင်ဗျားကို တစ်သက်လုံး ပြုစု ထိန်းကျောင်းလာတဲ့ ခင်ဗျား အဒေါ် .. သူ ရော ဘယ်လို ခံစားရမလဲ။တွေးကြည့်စမ်းပါ။ ခင်ဗျား တစ်ယောက် စိတ်ချမ်းသာဖို့ ဘယ်နှစ်ယောက် စိတ်ဆင်းရဲကြမလဲ။ တစ်နုံ့နုံ့နှင့် သူတို့ရင်တွေ ဘယ်လို ဖြစ်နေမယ် ထင်သလဲ၊ ခင်ဗျား .. ကိုရင်စည်းဖူးတယ် မဟုတ်လား၊ အဲဒီ တုန်းက သူတို့တွေ ဘယ်လောက် ပျော်တယ် ဆိုတာကို ပြန်မြင်ယောင် ကြည့်စမ်းပါဗျာ။ ခင်ဗျားလဲသင့်သလား၊ သေချာ စဉ်းစားပါ .. ကိုသာဂိ ”


အပိုင်း ( ၅ ) ဆက်ရန် >>>>



Print Friendly and PDF

No comments:

Post a Comment