Thursday, April 9, 2015

ရွာက သာဂိ အပိုင်း ( ၂ )

ရွာက သာဂိ အပိုင်း ( ၂ )

ရေးသားသူ - ဗညားပိကျိ

မနက်မိုးလင်း၍ စာကြည့်ပြီးသည်နှင့် သာဂိ တစ်ယောက် ကိုမောင်ကြီးထံပြေးတော့သည်။ အဒေါ်က..

“ ဟဲ့..သာဂိ၊ မနက်စာ မစားဘဲ ဘယ်သွားမလို့တုန်း၊ ကျောင်းချိန်နောက်ကျမယ်နော် ” 

ဟုလှမ်းအော်၏။ သာဂိ ခြေလှမ်းတွေကို မရပ်ပဲ

“ ကို မောင်ကြီးခေါ်ထားလို့ ဒေါ်လေးရေ … ” 

ဟု အော်ပြေးပြေးရင်း ကိုမောင်ကြီးတို့ အိမ်ဘက်သို့ သုတ်ခြေတင်၏။ သို့ရာတွင် ကိုမောင်ကြီးကား အိမ်တွင် မရှိတော့။ ကျောင်းကားစောင့်ရန် လမ်းထိပ်သို့ ထွက်သွားပြီ ဖြစ်ကြောင်း ပြူးကျယ်က ဆို၏။ ဘာအကြောင်းကြောင့်လာသည်ဆိုသည်ကို ရိပ်မိသော ပြူးကျယ်က သာဂိကို တိုးတိုးလေး ကပ်ပြော၏။

“ သာဂိ..မင်း ဒစ ်ပြုတ်ပြီ မဟုတ်လား၊ ဘာဆက်လုပ်ရမယ် ဆိုတာ ငါ သင်ပေးမယ်၊ ဆရာလို့ တစ်ခွန်းပဲ ခေါ်ကွာ”

သာဂိ ပြူးကျယ်ကို စိတ်မဝင်စား၊ ပြူးကျယ်ကလည်း ဆရာသာ အခေါ်ခံပြီး အကောင်းသင်ပေးမယ့်လူ မဟုတ်ဟု သာဂိထင်၏ ထို့ကြောင့် ပြူးကျယ်အား မကြည်ကြည့်သာ တစ်ချက်ကြည့်လိုက်ပြီး ကိုမောင်ကြီး ကားစောင့်သည့် လမ်းထိပ်ဖက်သို့ သုတ်ခြေတင်ပြန်သည်။ 

သာဂိ ကံကောင်း၏ ကားမှတ်တိုင်တွင် လွယ်အိတ်ကို ဖုထုံးလေးထုံး၍ ပခုံးတစ်ဖက်တွင် လွယ်ထားသော ကိုမောင်ကြီးကို တွေ့ရသည်။ သို့ရာတွင် ဘေးနားမှာ ကျောင်းသူ အစ်မကြီးများလည်း ရှိနေပြန်သည်။ ကိုမောင်ကြီးက သူ့ကို တွေ့သွားသည်။ ပြုံးကြည့်သည်။ သာဂိက မဝံ့မရဲ အိုးတိုး အတ နှင့် ဖင်ကုတ် ခေါင်းကုတ် လုပ်နေသောအခါ ကိုမောင်ကြီးက လက်ယပ်ပြီး လှမ်းခေါ်သည်။

အနားရောက်တော့ သာဂိခေါင်းလေးကို ပွတ်၍ ..

“ ညနေ ငါစောစော ပြန်လာမယ်၊ ဘောလုံး မကန်ခင် ဗံဒါပင်အောက်မှာ စောင့်နေ ၊ဟုတ်လား ”

ဟုဆို၏။ သာဂိ စပ်ဖြဲဖြဲဖြင့် ခေါင်းလေးငြိမ့်ပြရတော့သည်။

ညနေ ကျောင်းဆင်းတော့ သာဂိ လွယ်အိတ်ကို စားပွဲပေါ် ပစ်တင်၊ အဝတ်စားလဲပြီးသည်နှင့် ဗံဒါပင်အောက် ကထိုင်စောင့်တော့သည်။ကိုမောင်ကြီးကလည်း ကတိတည်ပါသည်။ သိပ်ကြာကြာတော့ မစောင့်ရချေ။ ခဏမျှ အကြာတွင်ပင် ရောက်လာသည်။ ကိုမောင်ကြီး၏ နည်းလမ်းများကား ဤသို့ ဖြစ်သည်။

“ အိပ်ခါနီးကျရင် ဆီ လိမ်းရမယ်ကွ ”

“ ဘာဆီလဲ ကိုမောင်ကြီး ”

“ မင်းမှာ အုန်းဆီတော့ ရှိမှာပေါ့ ”

“ ရှိတယ် ”

“ အေး၊ အုန်းဆီလည်း ရတယ်၊ အဲဒီ အုန်းဆီကို မင်း လက်မှာ စွတ်ပြီး ခါတိုင်း ဂွင်းထုသလိုပဲ ထု၊ ခါတိုင်းထက် ပိုကောင်းတယ်ကွ၊ နောက်ပြီး နောက်ပိုင်း မင်းမိန်းမယူတဲ့ အခါကျတော့လည်း မြန်မြန်မထွက်တော့ဘူး၊ အကောင်းဆုံးက မုန်ညင်းဆီကွ၊ ငါ့မှာ ကုန်ခါနီးနေလို့ မင်းကို မပေးတာ၊ မနက်ဖြန် ဝယ်တော့မှ မင်းဖို့ ပိုဝယ်ခဲ့မယ်၊ ဒီညတော့ အုန်းဆီနှင့် စမ်းကြည့်ပေါ့၊ ဟုတ်လား”

ဤသို့ဖြင့် သာဂိ အိပ်ယာထဲရောက်တော့ အုန်းဆီလေး ဆွတ်ပြီးစမ်းကြည့်သည်။ ထိပ်ဖျားကို နှစ်ချက်လား၊ သုံးချက်လားပဲ ဆွဲလိုက်ရသည်။ သာဂိ အရည်တွေ ထွက်ကုန်၏။ 

ကောင်းချက်ကလည်း ပြောဖွယ်ရာမရှိ။ ခါတိုင်း လက်ချည်းသက်သက် လုပ်ရတာနှင့်များ တစ်ခြားစီဖြစ်နေ၏။ သာဂိ ကျေနပ်စွာဖြင့် အိပ်ပျော်သွား၏ ထိုနေ့က ဘုရား မရှိခိုးဖြစ်။သာဂိ တစ်ယောက် အတတ်ကောင်းတတ်ပြီးသည့် နောက်ပိုင်း မျက်တွင်းတော့ နည်းနည်းကျသည်။ အတန်းထဲက ကောင်မလေးတွေကို ကြည့်ရတာလည်း သူတို့ အများကြီး လှလာသည်ဟု ထင်လာမိသည်။ 

အထူးသဖြင့် အောက်ထပ်ခန်းက မိဖြူ၊ မိဖြူနှင့် သာဂိသည် အပေါ်ထပ်အောက်ထပ်၊ အခန်းချင်း နီးသလို ကျောင်းတက်တော့လည်း တစ်ခန်းထဲ ဖြစ်သည်။ကျောင်းက သူတို့ တိုက်တန်း၏ ရှေ့နားလေးမှာတင် ဖြစ်၏ ခြေလှမ်း ၁၀၀ လောက်လှမ်းရသည့် ခရီးအတွက် သူနှင့် မိဖြူသည် ကျောင်းသွားဖော် တော့ဖြစ်မလာကြပေ။ 

ဇတ်ဇတ်ကြဲ မိဖြူနှင့် အဆော့သန်၊ အစသန်သော သူသည် ရန်ဖက်တွေသာ ဖြစ်ကြသည်။ သို့ရာတွင် ခါတိုင်း သူကြည့်မရလေ့ရှိသော မိဖြူသည် ခုတစ်လော လှလာသည်ဟု ထင်မိသည်။ ကျောင်းမှာဆိုလျှင် သူ့မျက်နှာလေးကို မှုန်မှုန်လေးဖြစ်အောင် ဘယ်လိုလုပ်လာသည်မသိ။ သာဂိကတော့ ကြည့်ရင်း အသဲတွေ ယားမိသည်။ အသဲယားမိသော သာဂိသည် မိဖြူကို မကြည့်ပဲ မနေနိုင်အောင် ဖြစ်နေသည်။ ကြည့်မိလို့ မျက်ဝန်းချင်းဆုံလျှင်လည်း ပြောင်ပြမိသည်ချည်း ဖြစ်၏။ 

ထိုအခါ မိဖြူကလည်း အယုတ္တ၊ အနတ္တဆဲနည်းပေါင်းစုံဖြင့် တုန့်ပြန်တတ်သည်။ ခုတလော သူ မိဖြူကို ပို၍ တိုးစမိသည်။ တစ်ရက် သူ ကျောင်းသွားရန် လှေကားမှ အဆင်း မိဖြူကလည်း လွယ်အိပ်လေး လွယ်၍ သူတို့ အိမ်တံခါးကို အပိတ် သူနှင့် ဆုံမိကြသည်။

ပါးပြင် ဝင်းဝင်းမို့မို့လေးပေါ်တွင် တင်ထားသော သနပ်ခါးကွက်လေးသည် တစ်ဝက်စို၊ တစ်ဝက်ခြောက်လျက်၊ မျက်တောင် ကော့လေးများဝန်းရံခနေသော မျက်ဝန်းတောက်တောက်လေးများက သူ့ထံသို့ မော်ကြည့်နေသည်။တံခါးပိတ်ရက် ကိုယ်လုံးလေးကို တစ်စောင်းလေး လိမ်ပြီး သာဂိကို ကြည့်နေမိသော မိဖြူသည် ကိုယ်ဟန်ပြနေသကဲ့သို့။

ခါးတို ရင်ဖုံးလေး ဝတ်ထားသော မိဖြူ၏ ကိုယ်အထက်ပိုင်းသည် သာဂိအမြင်တွင် မယ်မြန်မာ ထက်လှသည်။ ကျောင်းစိမ်းထမီလေးနှင့် ပျိုမျစ်နေသော မိဖြူသည် သာဂိအတွက်တော့ ဖိုဘီကိတ်ပုံတွေ လွှင့်ပစ်ချင်စရာ ဖြစ်သည်။

မိဖြူကလည်း အမှတ်တမဲ့ မော့ကြည့်မိရင်း သာဂိ၏ မျက်ဝန်းအစုံနှင့် အတွေ့ခေတ္တ မှိန်းမောသွားဟန် ရှိသည်။ ခဏလောက်လေး ကြောင်ပြီး သာဂိ ကို ပြန်ကြည့်နေမိ၏။ သာဂိ၏ မျက်ဝန်းတွေကလည်း မိဖြူ၏ မျက်နှာမှ တစ်ပါး….ခဏအကြာ အရင်ဆုံး သတိပြန်ဝင်လာသူက မိဖြူဖြစ်သည်။ ဂုတ်ဝဲရုံလေး ညှပ်ထားသော ဆံပင်တိုတိုလေးများ ဝဲကနဲဖြစ်အောင် ခါရမ်းလိုက်ရင် လှေကားမှ ဆင်းပြေးတော့သည်။ 

သာဂိ နိမ့်တုံ၊ မြင့်တုံ ဖြစ်နေမည့် မိဖြူ၏ တင်ပါးဆုံများကို လိုက်မငေးမောအားပါ။ တစ်ဒိတ်ဒိတ်လေး တိုးနေသော သွေးတို့နှင့် တစ်ဆတ်ဆတ်လေး လှုပ်ခုန်နေသော နှလုံးကို ညာလက်နှင့် ဖိမိရင်း ငါဘာဖြစ်သွားတာလဲ ဟု တွေးမိပြန်သည်။ သို့သော် ကြာကြာတွေးနေဖို့တော့ အချိန်မရပေ။ ကျောင်းချိန်နီးပြီ ဖြစ်သည်။အတန်းထဲတွင် ခါတိုင်း အဆော့သန်လှသော သာဂိ ကနေ့ငြိမ်နေ၏။ သူ့နေရာ နောက်ဆုံးတန်း၏ ဘယ်အစွန်တွင် ထိုင်ရင်း သူငယ်ချင်း များနဲ့ စကားတွေ ဖောင်ဖွဲ့နေသော မိဖြူကိုသာ ငေးနေမိသည်။ 

မိဖြူကား သာဂိနှင့် ပြောင်းပြန်။ ခါတိုင်း စာအုပ်တစ်အုပ်အုပ်နှင့် အလုပ် ရှုပ်နေတတ်သော မိဖြူသည် ဒီနေ့တော့ တစ်ဆိတ်လေး စကားများလွန်းသည် ထင်သည်။ သူ့ဘေးဘယ်ညာ ရှေ့နောက်တင်မက တစ်တန်း ကျော် နှစ်တန်းကျော်က သူငယ်ချင်းများကိုပါ စကားလှမ်းလှမ်းပြောနေ၏။ သူ့ကို ငေးနေမိသော သာဂိတောင် ခေါင်းမူးချင်သလိုလို ဖြစ်လာ၏။

ဒါပေမယ့် သာဂိ ငေးမောစဲ။ မနက်တုန်းကလို အကြည့်လေးများ ပြန်ရမလား မျှော်လင့်စဲ။ မိဖြူသည် ဒီနေ့ကျမှ သာဂိကို လုံးဝ လှည့်မကြည့်။ အဲ..မကြည့်ဘူးတော့ မဟုတ်ချေ။ မျက်နှာတစ်ခုလုံးတော့ လှည့်မကြည့်။ ညာဘက် သို့မဟုတ် ဘယ်ဘက်မျက်ဝန်းနက်လေးက ရံဖန်ရံခါ စွေ၍ စောင်း၍ သာဂိဘက် ရောက်လာတတ်သည်။

နောက်တော်တော်လေး အကြာတွင်ဖျတ်ကနဲ ဆိုသလို သာဂိ ကိုတစ်ချက်လောက်ကြည့်၏။ နောက်ချက်ချင်းဆိုသလို မျက်တောင်တစ်ခတ်မျှအချိန်တွင်း တစ်ခြားဘက် လှည့်သွားပြန်၏။ သူ့ နှုတ်ခမ်း ထောင့်စွန်းလေးတွေ ပြုံးနေသလား..သေတော့ မသေချာပေ။ 

သေချာသည်ကတော့ ဒီလို အကြည့်လေးတစ်ချက်ရဖို့ သာဂိမိနစ်တော်တော်ကြာ စောင့်ရခြင်းပင် ဖြစ်သည်။ ထပ်ပြီး သေချာသည်က သာဂိတွင် မိဖြူကို ခါတိုင်းလို ပြောင်ပြလိုစိတ် မရှိတော့ခြင်းပင်။ညနေကျောင်းဆင်းသော အခါတွင်လည်း ခါတိုင်းလို အိမ်ကို ဒုန်းစိုင်း မပြေးတော့။ အဖော်တစ်ယောက်နှင့် စကားပြောရင်း လှုပ်လီလှုပ်လဲ့လေးလှမ်းနေသော မိဖြူနောက်နားကသာ ကပ်လိုက်လာမိသည်။ 

မိဖြူကလည်း သိပုံရသည်။ မျက်စောင်းလေး ဝေ့ရင်း တစ်ချက်တစ်ချက် ကြည့်တတ်သည်။ တိုက်ခန်းလှေကားနားရောက်တော့မှ မိဖြူကို ကျော်တက်ပြီး ဒုတိယထပ်နှင့် တတိယထပ်ကြား လှေကားထောင့်ချိုးကွေ့လေးတွင် ရပ်စောင့်သည်။ 

မိဖြူ လှေကားက တက်လာသည်။ ခါတိုင်း ဇိုးဇိုးဇတ်ဇတ် နှင့်ပြေးလွှားတက်ဆင်းနေကြလှေကားကို မိဖြူသည် တစ်လှမ်းချင်းတက်နေသည်။ အပေါ်ကိုကား မော့မကြည့်။ သာဂိရင်မောလာသည်။ မနက်တုန်းကလိုမျိုး အကြည့်လေးမှ ရပါ့မလား…သူတို့ အခန်းနှင့်လည်း တစ်ဖြည်းဖြည်း နီးလာ၏။ သာဂိ မျက်နှာပျက်ချင်လာသည်။ သူ ငါ့ကို မကြည့်တော့ဘူးထင်တယ် ဟု တွေးမိလာသည်။ ဟော..သူ အခန်းဝ ရောက်ပြီ။ တံခါးကို တွန်းဖွင့်လိုက်သည်။ 

သာဂိ ရင်ထဲတွင် မိုးတိမ်တောင်တို့ ပြိုတော့မလို အုံမှိုင်းလာကြသည်။ ထို့နောက် မိဖြူသည်အခန်း ထဲ လှမ်းဝင်လိုက်၏။ သာဂိ ရင်ထဲတွင် ဟာကနဲ ဖြစ်သွားသည်။ သို့သော် မိဖြူသည် အောက်ဘက် ခြေထောက်က အခန်းထဲသို့ လှမ်းရက်နှင့် မျက်နှာလေးကို နည်းနည်းလေးစောင်းပြီး သာဂိကို လှစ်ကနဲ မော့ကြည့်၏။

နောက် ချက်ချင်းဆိုသလို သူ့ခန္ဒာကိုယ်လေးက အခန်းတွင်းဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ ခဏလေးမှ တစ်ကယ့် ခဏလေး..သို့သော် သာဂိ၏ မှတ်ဉာဏ် မျက်ဝန်းတွင် ထိုအကြည့်သည် ဓာတ်ပုံရိုက်ထားသကဲ့သို့စောစောက အုံမှိုင်းနေသော မိုးတိမ်တောင်ထုကြီးသည် လေပြင်းတိုက်ခတ်ခံလိုက်ရသလို လွှင့်စင်ထွက်သွားကြသည်။ 

ထိုနေရာတွင်ကျေးငှက်ငယ်တို့ အော်မြည်သံများ အစားထိုးလာကြသည်။ သာဂိ အလိုလို ပျော်နေမိသည်။ လေလေးတစ်ချွန်ချွန်ဖြင့် အဒေါ့်ကို အိမ်အလုပ်တွေ ဝိုင်းကူပေးတော့ အဒေါ်က မုန့်ဖိုးရှိသေးရဲ့လားဟု မေးသည်။ ရယ်စရာ မဟုတ်ပါပဲ ရယ်မောမိရင်း ရှိပါတယ်ဟု ပြန်ဖြေရသည်။

ဒီလိုနှင့် သာဂိနှင့် မိဖြူသည် မျက်လုံးချင်းရင်းနှီးမူ ပိုလာကြသည်။ သာဂိက ခုဆိုလျှင် ပြုံးတောင်ပြတတ်နေပြီ ဖြစ်သည်။သာဂိအပြုံးကို မြင်လျှင် မိဖြူက ရှက်ပြုံးလေးနှင့် ခေါင်းငုံ့သွားတတ်သည်။  ဒီဆင့်ကနေတော့ သာဂိ မတက်ရဲသေးချေ။ အဒေါ့်အိမ်မှာနေရင်း အဒေါ်အုပ်ချူပ်သည့်ကျောင်းမှာ ရည်းစားထားမိလျှင် နောင်ရေးမကောင်းနိုင်ကြောင်း သာဂိသိသည်။ထို့ပြင် ရည်းစားထားတာ ၁၀ တန်းအောင်မှ ထားရတယ်ကွ ဆိုသော ကိုမောင်ကြီး၏ဆုံးမစကားကိုလည်း သဘောကျသည်။

သဘောကျတာထက် မလွန်ဆန်ရဲတာလည်း ပါမည် ဖြစ်သည်။ ပြူးကျယ် ရည်းစားစာခိုးရေးတာ မိသွားစဉ်က ကိုမောင်ကြီးသည်ပြူးကျယ်ကို လက်ချာ တစ်နာရီလောက်ပေးသည်ဟု ကြားသည်။ ပြူးကျယ်ကတော့ ဆိုသည်။

“ နေနှင့်ဦး။ အိမ်နှင့်ဝေးတဲ့ ကျောင်းကြီးရောက်မှ ရည်းစားတွေ ပတ်ထားပစ်မယ် ”

သာဂိကတော့ ရယ်နေလိုက်သည်။ ပြူးကျယ်ပြောတာကတော့ စိတ်ဝင်စားစရာပင်။ သူတို့ရပ်ကွက်သည် ယခုမှ ရပ်ကွက်ဟု သုံးနှုန်းခြင်း ဖြစ်ပြီး ဟိုးယခင်က ရွာနာမည်နှင့် ဖြစ်သည်။ 

ယခုတော့ ကားဂိတ်နာမည်ကို အစွဲပြု၍ သူတို့ နေရာလေးကို ခေါ်ဝေါ်နေကြသည်။အထက်တန်းကျောင်း မရှိပေ။ အလယ်တန်း အောင်သည်နှင့် ထောက်ကြံ့ အဝင် က ကျောင်းသို့ ပြောင်းတက်ကြရသည်။ဝေးတော့ အရမ်းကြီး မဝေးလှပေ။ ဘတ်စ်ကားစီးလျှင် လေး၊ငါးမိနစ်ခန့်၊ စက်ဘီးနှင့်ဆိုလျှင် မိနစ် ၂၀၊ နာရီဝက်ခန့်သာသာ ခရီး ပင်ဖြစ်သည်။ 

သာဂိလည်း ပြူးကျယ်လို တွေးမိသည်။ ၉ တန်းတက်လို့ ကျောင်းကြီး ရောက်လျှင်ရည်းစား ထားမည်ဟု သို့ရာတွင် တစ်ကယ်တမ်း ၉ တန်းတက်သော အခါတွင်မူ ပြူးကျယ် ရည်းစားထားချိန် မရလိုက်ရှာ။ သာဂိလည်း အတူတူ ဖြစ်သည်။ 

အစ်ကို ကိုမောင်ကြီး၏ ဦးဆောင်မူနှင့် ဘောလုံးကန်နေကျ သူတို့သည် ကျောင်းလက်ရွေးစင်များ ဖြစ်လာပြီး ထရိန်နင် ဆင်းခြင်းပြိုင်ပွဲများ ဝင်ကန်ခြင်း၊ ရံဖန်ရံခါ ချိန်းပွဲများကန်ခြင်းနှင့် မအားနိုင်အောင်ဖြစ်နေကြသည်။သူမိဖြူအပေါ် သွေးနည်းနည်းအေးသွားသည်။ ဒါပေမယ့် လုံးလုံးစိတ် မဝင်စားတာတော့ မဟုတ်။ ညမအိပ်ခင် ဂွင်းတိုက်ဖြစ်သော အခါများတွင် လည်းကောင်း၊ ရံဖန်ရံခါ အိမ်မက်များထဲတွင် လည်းကောင်း မိဖြူက စိုးမိုးနိုင်ဆဲ ဖြစ်သည်။ 

မိဖြူ မိဘများကလည်း သူနှင့် ပြူးကျယ်ကို အားကိုးသည်။ သူတို့နေရာကနေ ကျောင်းအရောက် စက်ဘီးနှင့် သွားရသော ခရီးသည် အဝေးကြီး မဟုတ်သလို နီးနီးလေးဟုလည်း မဆိုနိုင်ချေ။ တစ်ချို့နေရာများတွင် အိမ်ခြေကျဲပါးသော နေရာများလည်း ရှိနေသည်။

ထိုအခါ မိန်းမဖော်များထက် အားကိုးရမည်ထင်သော အခန်းနီးချင်း သာဂိနှင့် ပြူးကျယ်တို့က စောင့်ရှောက်ပေးပါရန် မိဖြူမိဘများက အပ်နှံထားကြလေကုန်သည်။ သာဂိနှင့်ပြူးကျယ်တို့ကလည်း စောင့်ရှောက်ပါမည်ဟု အာမဘန္တေ ခံပြီးကာမှ ဘောလုံးဘက်အာရုံရောက်၍ အတူတူ အသွားအပြန် မလုပ်ဖြစ်သည်မှာပင် ကြာနေပြီ ဖြစ်သည်။ သို့သော် မိဖြူနှင့်တွေ့၍ မျက်နှာချင်းဆုံလျှင်ကား သာဂိ တစ်ယောက် မိဖြူကို အငမ်းမရ ငေးမောမိဆဲဖြစ်၏ ။ စိတ်ထဲတွင်လည်း မိဖြူသည် ငါ့အတွက်သာ လို့ သာဂိ ထင်ထားမိသည်။ ရိပ်မိနေပြီဖြစ်သော ပြူးကျယ်ကမူ ..

“ ဟကောင်..သာဂိရေ..ဖူးစာဆိုတာ ဦးရာလူနော်..ပါသွားဦးမယ်..သတိထား ” ဟုဆို၏။

ပြူးကျယ် မည်သို့ပင် ဆိုစေကာမူ သာဂိ မလှုပ်ရှားဝံ့ချေ။ ပြူးကျယ်၏ တိုက်တွန်းစကားထက် ပြူးကျယ်အစ်ကို၏ ဆုံးမစကားကို ကြောက်နေမိသည်။ 

သို့ဖြင့် သာဂိ အခြေအနေမှာ ရှေ့မတိုးနောက်ဆုတ်သာ ဖြစ်နေခဲ့တော့သည်။ သို့ရာတွင် ယင်းအခြေအနေမှာ သိပ်တော့ ကြာလှသည် မဟုတ်။ နေဝင်စောသော ဆောင်းဦးပေါက်၏ ညနေခင်းတစ်ခုတွင် သာဂိ နှင့် ပြူးကျယ် စက်ဘီးအတူစီး၍ ကျောင်းမှပြန်လာကြသည်။

မိဖြူကား ပြန်နှင့်ချေပြီ။ ကျောင်းကောင်စီ၊ မော်နီတာ တာဝန် ယူမထားသော သာဂိနှင့် ပြူးကျယ်က ပြတင်းပေါက်တွေ ချက်ကျမကျကြည့် ၊ အခန်း တံခါးသော့ခတ်၊ လူရှင်းမှ စက်ဘီးလေးတွေ ထုတ်၍ ပြန်လာကြရာ သူတို့ပြန်ချိန်တွင် လူအတော် ရှင်းနေပြီ ဖြစ်၏။ 

နှစ်ယောက်သား ဟေးလား၊ ဝါးလား ပြောရင်း ပြန်အလာ ညောင်ပင်ကြီး အောက် ပန်းများ ရောင်းသည့် ဆိုင်တန်းနားတွင် မိဖြူနှင့် သူ့ သူငယ်ချင်း တစ်ယောက်ကို တွေ့လိုက်ရ၏ အခြေအနေကတော့ ကောင်းပုံမပေါ်။ မိဖြူတို့သည် သူနှင့် ပြူးကျယ်ကို မြင်သည်နှင့် အတင်းလှမ်းခေါ်ကြသည်။

တစ်ပြိုင်တည်းမှာပင် ဘေးမှ ကောင်လေး လေး၊ငါးယောက်တို့၏ သံသေးသံကြောင် အော်သံများလည်း ထွက်လာ၏။ သာဂိ သိလိုက်ပေပြီ။ မိဖြူကို နှောင့်ယှက်နေကြခြင်းပင်။မိဖြူနှင့် သူ့သူငယ်ချင်းသည် ကျောင်းမှနေ စက်ဘီးလေးတွေကိုယ်စီ စီး၍ ပြန်အလာ ထို ငါးယောက်က နောက်ကပါလာကြသည်။

အားချင်းမတူ၍ လွတ်အောင် နင်းမပြေးနိုင်သည့်အဆုံး လူများရာ ဤ ညောင်ပင်အောက်တွင် သာဂိတို့အလာကို စောင့်နေခြင်း ဖြစ်သည်။ သာဂိနှင့် ပြူးကျယ်သည် အခြေအနေကို အကဲခတ်၍ ပန်းရောင်းသည့် ဆိုင်ခန်းတွင် သူတို့ စက်ဘီးနှစ်စီးကို အပ်လိုက်ကြသည်။

ထို့နောက် မိဖြူ၏ စက်ဘီးကို သာဂိကနင်း၍ မိဖြူသူငယ်ချင်း ဥမ္မာ စက်ဘီးကို ပြူးကျယ်ကနင်း၏။ ပြီးလျှင် မိဖြူနဲ့ ဥမ္မာကို တင်ကာ သူတို့ ရပ်ကွက်ဘက်သို့ နင်းလာခဲ့ကြသည်။ နောက်ဘက်နားတွင်ဟိုလူ တစ်သိုက်လည်း ကပ်လျက်ပါလာကြသည်။ မိဖြူသည် မျက်နှာလေး ပျက်ကာ နီရဲလျက်ရှိသည်။ ကြောက်နေပုံလည်းရသည်။ 

နောက်ခုံပေါ်တွင် ထိုင်ရင်း သာဂိ အင်္ကျီစလေးကို ခပ်တင်းတင်းလေး ဆုပ်ထားသည်။ သာဂိအဖို့တော့ ထိုအပြုမူလေးသည်ပင် မိုက်တိုင်ဆန်ကို စိန်ခေါ်ဖို့ လုံလောက်ပြီး ဖြစ်သည်။မကြာပါချေ။ နောက်ကလိုက်လာသော အဖွဲ့ သာဂိတို့ကို မှီလာသည်။ နောက် သာဂိ စက်ဘီး ရှေ့ကို ပိတ်ရပ်လိုက်သည်။ သာဂိ ဆက်နင်း၍ မရတော့။ စက်ဘီးပေါ်က အဆင်း …

“ ကောက်ရိုးပုံစောင့်တဲ့ ခွေးတွေ၊ ချကွာ ”

အဲဒီ အသံပဲ သာဂိ ကြားလိုက်မိသည်။ သာဂိခေါင်းတွင် ပူခနဲ ဖြစ်ကာ လူက ဘေးကို ယိုင်သွားသည်။ခေါင်းကို ကိုင်ကြည့်မယ် အလုပ် ခန္ဒာကိုယ် အနှံ့သို့ ထိခတ်လာသော နာကျင်မူများ၊ သာဂိ လမ်းပေါ်ပုံရက်သားကျသွားသည်။ မိဖြူ၏ စူးစူးရှရှ အော်သံလို ကြားရသည်။ပြီးတော့ သူ့ကို ထွေးပွေ့လာသော နွေးထွေးနူးညံ့သည့် ရင်ခွင် တစ်ခု၊ သာဂိ ရုတ်တရက် ဘာတွေ ဖြစ်သွားမှန်း သေချာ မဝေခွဲနိုင်ဖြစ်နေသည်။

ခဏလေး မျက်လုံးမှိတ်ပြီး ပြန်ဖွင့်ကြည့်တော့ သူ့ကို ပွေ့ထားရင်း ဒေါသတကြီး အော်ဟစ်နေသောမိဖြူကို မြင်ရသည်။ နောက်သူ့ကို ငုံကြည့်နေသော တုတ်ကိုင်ထားသည့် လူနှစ်ယောက်၊ သာဂိ မှတ်မိချေပြီ။ ဒါ မိဖြူကို နှောင့်ယှက်တဲ့ ကောင်တွေ၊ ခု သူ့ကို ရိုက်လိုက်ပြီ။ သာဂိ မိဖြူ ရင်ခွင်ထဲကနေ ဝုန်းကနဲ ခုန်ထပြီး ဦးတည့်ရာတစ်ယောက်ကို ခုန်အုပ်လိုက်သည်။ 

မိဖြူ၏ အလန့်တကြား အော်ဟစ် တားမြစ်သံလိုလို ကြားရသည်။ သာဂိ ဂရုမစိုက် သူ့လက်ထဲတွင် မိထားသော ကောင်၏ လည်မြိုကို ညှစ်ရန်သာ သူကြိုးစားသည်။ နောက်ကျောကို တစ်ဗုန်းဗုန်းနှင့်လာထိသော ထိချက်များကို အသက်အောင့်ခံရင်း ရှေ့ကကောင်၏ လည်မြိုကို သူညှစ်သည်။

ထိုအချိန်တွင် သူတို့ဖြစ်ပျက်နေရာ လမ်းဘေးနားသို့ ဘတ်စ်ကား ဒိုင်နာ တစ်စီး ထိုးရပ်၏။ သာဂိ မော့အကြည့် ခေါင်းတွင် ပူကနဲ တစ်ချက် ဖြစ်ကာ ဘေးသို့ လဲကျသွားပြန်သည်။သို့ရာတွင် ကားပေါ်မှ ဆင်းလာသူများသည် ကိုမောင်ကြီး ဦးဆောင်သော ရပ်ကွက်ထဲက ဘောကန်ဖက်များဆိုတာကိုတော့ မြင်လိုက်ရသည်။ 

ပြီးတော့ သာဂိ ခေါင်းတွေ မူးနေပြီး ဘာတွေ ဖြစ်မှန်း မသိ ဖြစ်နေပြန်သည်။သတိပြန်ဝင်ချိန်တွင် သူသည် မိဖြူ၏ ရင်ခွင်ထဲမှာပင် ရှိနေပြန်၏။ မိဖြူသည် သူ့ကို စိုးရိမ်တစ်ကြီးကြည့်နေသည်။မိဖြူ၏ ရင်ခွင်သည် အိစက်လွန်းသည်။ သူ အိပ်နေကျ ခေါင်းအုံးထက် ပိုအိရုံမက နွေးနွေးထွေးထွေး လည်းရှိလှသည်။

သူမျက်လုံးဖွင့်ကြည့်တော့ မိဖြူကနေသာရဲ့လားဟု မေးသည်။ သာဂိ ခေါင်းငြိမ့်ပြရင်း လက်ထောက်ပြီး လူးလဲထသည်။ မိဖြူက

“ အို .. မထနဲ့ဦးလေ..အို ..အို.. ”

သာဂိ လူးလဲ အထတွင် ယောင်ပြီး လက်ထောက်မိရာ ထောက်မိသော လက်ကနာသွား၍ ပြန်အယိုင် မိဖြူက လှမ်းအဆွဲ သာဂိ မျက်နှာသည် မိဖြူ၏ ရင်နှစ်မွှာပေါ် တည့်တည့်ကျသွားလေသည်။

သာဂိ ရုတ်တရက် ကြောင်ပြီးခဏ ငြိမ်နေသလို မိဖြူလည်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားပုံရသည်။ သာဂိ လက်တွေကတော့ သူ့ပေါင်တံလေးပေါ်မှာ.. ခဏမျှ ငြိမ်နေပြီးနောက် မိဖြူသည် သာဂိခေါင်းကို အမှတ်မဲ့ ဆတ်ဆို တွန်းထုတ်လိုက်၏။ 

သတိလွတ် မှိန်းမောနေသော သာဂိ ခေါင်းနှင့် ကတ္တရာ ဆောင့်မိပြန်သည်။ သို့ရာတွင် ဒီတစ်ချီမှာတော့ သာဂိသည် နာတယ် မထင်တော့ချေ။

ထိုအဖြစ်ပျက်နောက်ပိုင်းတွင် သာဂိနှင့် မိဖြူတို့ ပိုရင်းနှီးလာကြသည်။ မိဖြူသည် သာဂိတို့ အပေါ်ထပ်သို့ တက်တက်လာတတ်သည်။သာဂိသည် ခေါင်းနှစ်ချက်ချူပ်ရပြီး ဘယ်ဘက်လက်ဖျံ အရိုးအက်သွားခဲ့ရာ တစ်လလောက် နားနေခဲ့ရသည်။ သူ့ကို ရိုက်သည့်သူများက အဒေါ့်ထံတွင် လာတောင်းပန်ကြသည်။ အဒေါ်ကလဲ ကျေအေးပေးပါသည်။ သူကလဲ နည်းနည်း ကျေနပ်သလိုတောင် ဖြစ်နေမိသည်။အဘယ့်ကြောင့် ဆိုသည် မိဖြူသည် သူ့ထံ နေ့တိုင်းလာရျ် စာရှင်းပြ၊ ထမင်းခွံကျွှေး လုပ်ပေးနေသောကြောင့် ဖြစ်သည်။

မိဖြူ ခဏ ခဏ တက်လာလွန်းရျ် အဒေါ်ကပင် တားယူရသည်။ သာဂိကတော့ စပ်ဖြဲဖြဲနှင့် ကျေနပ်နေသည်။ တစ်ခု အံ့သြရသည်မှာ သာဂိကို ဝိုင်းရိုက်ကြတာ နှစ်ယောက်ဖြစ်ရျ် ပြူးကျယ်ကို ရိုက်တာ သုံးယောက်ဖြစ်သည်။

သို့သော် သာဂိမှာ ထိပ်ပေါက် ခေါင်းကွဲကျောက်ပတ်တီး စည်းရပြီး ပြူးကျယ်ကတော့ နံစောင်းနှင့် ကျောကုန်း အနည်းငယ် အညို၊ အမည်း စွဲရုံမျှသာ။ သာဂိကိုပင် ပြူးကျယ်က လူမမာ လာကြည့်သေးသည်။ သာဂိက တအံ့တသြမေးတော့ ပြူးကျယ်က ကိုကျော်ကြီး သင်ပေးထားလို့ဟု ဖြေသည်။သာဂိ သဘော ပေါက်သွားသည်။ ပြူးကျယ်၏ အစ်ကိုလတ်၊ ကိုမောင်ကြီးအောက်က ကိုကျော်ကြီးသည် အတိုက်အခိုက် ဝါသနာပါသည်။ 

ဘယ်နေရာမှာဘာသင်တန်းဆိုသည်နှင့် ရောက်အောင် သွားတက်သည်။ ရန်ကုန်အနှံ့ သူမတက်ဖူးသည့် သိုင်းသင်တန်း မရှိသလောက်ပင် ဖြစ်၏။ သာဂိလဲ ပြူးကျယ်ကို အပူကပ်ရ၏။ သူနေကောင်းသွားလျှင် ကိုကျော်ကြီးကို သိုင်းသင်ပေးဖို့ ပြောပေးပါဟု ဆိုတော့ ပြူးကျယ်က ဖြစ်ရစေ့မည်ဟု အာမခံသည်။မိဖြူက့ ဘေးနားတွင်ထိုင်၍ ငြိမ်ပြီး သူ့ကို ကြည့်နေသည်။ ခဏနေတော့ ပြူးကျယ် ပြန်သွားသည်။ အဒေါ်က နောက်ဖေးတွင် ထမင်းချက်နေသည်။

သာဂိက အိမ်ရှေ့ ဧည့်ခန်းရှိ ပက်လက်ကုလားထိုင်တွင် လှဲနေခြင်းဖြစ်သည်။ မိဖြူသည် ပြူးကျယ်ပြန်သွားသည်နှင့် ကျောက်ပတ်တီး စည်းထားသော သူ့လက်ကို ဖွဖွလေး ထိရင်း မျက်ဝန်းလေးတွေ အရည်လည်လာသည်။ အဲဒီ လက်ကလေးကို သာဂိက ညာလက်နှင့် ဖမ်းဆုပ်လိုက်တော့ မိဖြူက မရုန်းချေ။

သူ့လက်ကလေးသည် သာဂိလက်နှင့် စာလျှင် သေးကွေးလွန်းသည်။ သို့ရာတွင် နွေးထွေးမူသည် သာဂိ လက်မှတစ်ဆင့် နှလုံးသို့တိုင် စီးဆင်းသွားသည်ဟု ခံစားရသည်။ သာဂိရင်တွေ နွေးလာသည်။မိဖြူသည် ခေါင်းလေးငုံ့ထားသည်။ သူသည် ကြမ်းပြင်ပေါ်တွင် ပဆစ်တုပ်ထိုင်နေခြင်းဖြစ်သည်။ သာဂိ အပေါ်က မိုးကြည့်တော့ မိဖြူ၏ ပါးပြင်လေးသည် ပန်းသွေးရောင် လွှမ်းလာသလို မြင်ရသည်။

လည်တိုင် ကျော့ကျော့ လေးနှင့်ရင်ဘတ် အစပ်နားလောက်ဆီက သွေးကြောစိမ်းလေးတစ်ခုသည် တစ် ထုတ်ထုတ်နှင့် လှုပ်နေသည်။ သာဂိရင်ခုန်သံတွေ မြန်လာသည်။အောက်က အတံကလည်း ထောင်ထလာသည်။

သာဂိ သူ့ကို ပွေ့ဖက်ပစ်လိုက်ချင်စိတ် ဖြစ်လာသည်။ လက်က ဒဏ်ရာနှင့် နောက်ဖေးက အဒေါ်ကြောင့် အဲဒီစိတ်ကို သာဂိ မနည်းထိန်းပြီး သူ့လက်ကလေးကို ဆွဲယူလိုက်သည်။ မရုန်းသော်လည်း သူ့လက်လေးသည် နည်းနည်း တောင့်တင်းနေသည်။

ရှက်ရှက်နှင့် မတောင့်သာ တောင့်သာ တောင့်ထားပုံရသည်။ သာဂိ နည်းနည်းလေး အားစိုက် ဆွဲယူရင်း သူ့လက်ခုံလေးကို နှုတ်ခမ်း အစုံနှင့် ဖိနမ်းလိုက်ပြီး တိုးတိုးလေး ပြောမိသည်။

“ နင့် အတွက်ဆိုရင် ငါ သေသွားတောင် ဘာမှ မဖြစ်ပါဘူး”

မိဖြူ မျက်လုံးဝိုင်းလေးတွေနှင့် မော့ကြည့်သည်။ အို..ကြည့်စမ်း..မိဖြူ၏ မျက်ဝန်းတောက်တောက်လေးသည် အရည်လေးတွေ လည်လျှက်ရွှန်းရွှန်းစိုကာ တောက်ပြောင်နေသည်။ သာဂိ အဲဒီ မျက်ဝန်းလေးတွေရဲ့ ဆွဲအားဒဏ်ကို မခံနိုင်ချေ။ ထိန်းထားတဲ့ ကြားက လွှတ်ကနဲ ထုတ်ပြောမိဧ။်

“ တက္ကသိုလ်ရောက်ရင် နင့်ကို ငါ ချစ်မယ်နော်”

မိဖြူ ခေါင်းလေး ငြိမ့်ပြ၏။ သူ့ နှုတ်ခမ်းလေးတွေက တစ်လှုပ်လှုပ် တစ်ရွရွနှင့်။ သို့သော် ဘာသံမှတော့ ထွက်မလာချေ။ ဘာပြောချင်လို့လဲဟုသာဂိ မေးရန် ကြံလိုက်စဉ်မှာ နောက်ဖေးက အဒေါ့် အသံထွက်လာ၏။

“ မိဖြူရေ.. သာဂိဖို့ ထမင်းရပြီ၊ ယူကျွှေးလိုက်စမ်းပါဦး”

သာဂိ သည် ယခုမှ သူလူဖြစ်လာသည်ဟု ထင်မိသည်။သူ့တွင် ရည်မှန်းချက်ရှိသည်။ သူ တက္ကသိုလ် မြန်မြန်ရောက်ချင်သည်။ မိဖြူကို အားရပါးရ ချစ်ချင်သည်။ အတူတူ ကျောင်းတက်ကြမည်။ ကျောင်းပြီးလျှင် လက်ထပ်ကြမည်။ သူက အလုပ်ဝင်ရျ် မိဖြူ က အိမ်မှာ …တွေးကြည့်ရုံနှင့်ပင် သူ့ကြည်နှုးမူသည် တစ်ကိုယ်လုံးကို လွှမ်းသွားသည်။

တစ်လကျော် လောက် အနားယူပြီးနောက်တွင် သာဂိ ပြန်လည် နာလန်ထလာ၏။ သို့ရာတွင် ကိုကျော်ကြီးက သင်မပေးသေးချေ။ သူက စာမေးပွဲပြီးအောင် ဖြေပါဦးဟု ဆိုသည်။ သာဂိကလည်း အတင်းကြီးတော့ မတောင်းဆို။ အဘယ့်ကြောင့်ဆိုသော် စာကျက် ချိန်နည်းပြီး စာမေးပွဲ မအောင်မည် စိုးသောကြောင့် ဖြစ်သည်။ စာမေးပွဲဖြေဖို့ကလည်း နှစ်လလောက်သာ လိုတော့သည်ကိုး။

သို့နှင့် စာမေးပွဲ ဖြေပြီးမှသာ ကိုကျော်ကြီးဧ။် သင်တန်းကို တက်ခွင့်ရသည်။ ကိုကျော်ကြီးက သင်တန်းသားသစ် သာဂိကို ဒိုက်ထိုးခိုင်း ဧ။် ဘောကန်နေကျ သာဂိက ပြုံးသည်။ ဒါကို ကိုကျော်ကြီးက တွေ့တော့ပြူးကျယ်ကို နမူနာပြခိုင်း၏။ ပြူးကျယ်သည် သံမံတလင်းပေါ် လက်သီးထောက်ပြီး ဒိုက် ၂၅ ခါ ထိုးပြသွား၏။

ဒီအရေအတွက်ကတော့ သာဂိကလဲ ပျင်းသည်ပင်။ သူလဲ ပြူးကျယ်လို လက်သီးထောက် ပြီး လိုက်ထိုးကြည့်၏။မရချေ။ သုံးခါလောက်ထိတောင် မနည်း ထိုးရ၏။ လက်ဆစ်တွေ နာသည်။ သာဂိ သဘောပေါက်သွားသည်။ ဒီပညာ က ဟို ပညာလို သက်သက်သာသာတော့ ရှိလိမ့်မည် မဟုတ်ဟူ၍

အရင်ဆုံး သာဂိသည် ဘောလုံးကွင်းထောင့်က ကားတာယာတွေ ပတ်ထားသော သရက်ပင်ကြီးကို လက်သီးထိုးကျင့်ရ၏။ဘယ်လို ထိုးရမလဲ ဟု ကိုကျော်ကြီးကို မေးတော့ ကိုကျော်ကြီးက လက်သီးဆုပ်နည်းသာ ပြပေးပြီး ထိုးချင်သလို ထိုးဟုဆို၏။

ကိုကျော်ကြီးပြောသည့် လက်သီး ဆုပ်ရန်နည်းမှာ လက်ဖဝါးကို ဖြန့်ရျ် လက်ချောင်းများကို လက်ဖနှောင့်ဘက်မှနေရျ် ဖြေးဖြေးချင်း ကျစ်နေအောင် ဆုပ်ပြီး လက်မကို လက်ချောင်းလေးများဧ။်ဒုတိယဆစ် အပြင်ဘက်တွင် ကွေးထားရန်သာ ဖြစ်သည်။

သာဂိသည် သရက်ပင်ကြီးကို ထိုးလိုက်၊ လက်သီးဆုပ်ရျ် ဒိုက်ထိုးလိုက်ဖြင့် နေ့စဉ်ကျင့်ရဧ။် နောက်တော့သူလဲ သံမံတလင်းပေါ်တွင် လက်သီး ဆုပ်ရျ် ဒိုက်ထိုးနိုင်သွား၏။ထို့နောက် မြင်းထိုင်ထိုင်ရပြန်သည်။ ခြေဖဝါး နှစ်ဖက်ကို ပခုံး နှစ်ဖက်နှင့် အညီ ခပ်ကျဲကျဲ ရပ်ရျ် ဒူးနှင့် ပေါင်တံ တစ် လျှောက်ကို မျဉ်းတစ်ဖြောင့်တည်း ဖြစ်အောင် ထိုင်ရလေသည်။

ထို့နောက် ဘာမှ မရှိသော လေဟာနယ်ထဲသို့ အသက်ကို ပြင်းပြင်း ရှုထုတ်ရင်း လက်သီးကို ဖြည်းဖြည်းချင်း ထိုးရသည်။ လက်တစ်ဆုံး ဖြောင့်သွားလျှင် လက်သီးကို ခါးအထက်နားဆီ ပြန်ဆွဲရင်း အသက်ကို တစ်ဝကြီး တစ်ကိုယ် လုံး တုန်ခါသည် အထိရှုရသည်။ 

တွန်း သို့မဟုတ် ထိုးထုတ်လိုက်သော အချိန်တွင် မိမိကိုယ်တွင်းရှိ မကောင်းသော ဓာတ်များ ရှုထုတ်လိုက်သော လေနှင့် အတူ ပါသွားကြသည်ဟု မှတ်ရမည်၊ ဆွဲယူလိုက်ချိန် သို့မဟုတ် လက်သီးကို ပြန်လည် ထားချိန်တွင် လေထဲမှ စွမ်းအားများ မိမိကိုယ်တွင်း ဝင်ရောက်လာသည်ဟု မှတ်ရမည်လို့ ကိုကျော်ကြီးက သင်ပြ၏။

အထူးသဖြင့် မနက်စောပိုင်းဆိုလျှင် ထွက်ပြူစ နေလုံးကြီးကို ကြည့်ပြီး နေစွမ်းအင် များ မိမိကိုယ်ထဲ ဝင်လာသည်ဟု သဘောထားကာ ကျင့်ကြရသည်။သာဂိ ကိုကျော်ကြီးကို ကြောက်ရျ်သာ လိုက်လုပ်နေရသည်။ သူသင်ချင်သည်က ဒါမျိုး မဟုတ်။ ဝတ္ထု တွေထဲမှာပါသည့် အကွက်တွေ ဖြစ်သည်။

နဂါးနိုင်ဓားတို့၊ ပိုးသိုင်း ၁၈ ကွက်တို့ တီဗွီက လာနေချိန်ဖြစ်ရျ် ထိုအရာမျိုးကို သင်ချင်သည်။ ပြူးကျယ်က လာမည်ဟုတော့ ဆိုသည်။ ဘယ်တော့လဲတော့ မသိချေ။ နောက်မကြာခင်တင် သာဂိ နောက်တစ်မျိုး ကျင့်ရပြန်၏။ ဘော်လီဘောဘောလုံးကို မြေကြီးပေါ် လက်ဝါးနှင့် ၅ မိနစ်တိတိ ပုတ်ရသည်။

စပုတ်စက သာဂိ သုံးချက် လားပဲ ပုတ်ရသည်။ ဘောလုံးက ဘယ်ထွက်သွားမှန်း မသိ လိုက်ကောက်ရသည်။ သို့ဖြင့် သာဂိသည် ပုတ်လိုက် ကောက်လိုက် ဖြင့် နာရီဝက်ခန့်ထိ ဘယ်၊ညာ မနားတမ်း ဆက်တိုက် ပုတ်နိုင်လာသည်။ ဘောလုံး ပုတ်နေချိန်တွင်လည်း ကျန်နှစ်ခုကို ဆက်တိုက်လုပ်ရသည်။ 

သာဂိ သည် ညဘက်တွင် ပရုတ်ဆီ လိမ်းပြီးမှ အိပ်ရတော့သည်။ ကိုမောင်ကြီးဧ။် လေ့ကျင့်ခန်းကိုလည်း မအိပ်ခင်ကျင့်ရသေးဧ။်။ မိဖြူကိုတော့ အိပ်မက်ထဲရောက်မှပင် တွေ့နိုင်သည်။မိဖြူက သူတို့ အဖိုး၊ အဖွားတွေ ရှိရာ မကွေးဘကိသို့ သွားလည်နေ၍ ဖြစ်သည်။ တစ်မျိုးတော့လည်း ကောင်းသည်။ သာဂိသည် တစ်နေကုန်ကိုကျော်ကြီးနှင့် အချိန်ကုန်နေရာ မိဖြူကို သတိရဖို့ မေ့နေသည်။

အိပ်ခါနီးကျမှ သတိရပြီး ဂွင်းတိုက်အပြီးတွင် မောမောနှင့် အိပ်ပျော်သွားပြန်ရာ နောက် တစ်နေ့မှ နိုးသည်။ သာဂိ ဘော်လီဘော ဘောလုံးကို နာရီဝက်ထိ ပုတ်နိုင်ပြီးချိန်တွင် ကိုကျော်ကြီးက သူ့ကို ဝါယာလက်ဘက်သို့ ခေါ်သွားသည်။ ပြူးကျယ်လဲ ပါ၏။

ကိုကျော်ကြီးက သူ့ဆရာ ဆီသို့ ခေါ်သွားခြင်းဖြစ်သည်။ ကိုကျော်ကြီး ဆရာသည် အရပ်ခပ်ပြတ်ပြတ် နှင့် မျက်နှာလေးထောင့်ရှိပြီး တိုင်းရင်းသား တစ်ဦး ဖြစ်ပုံရသည်။ ထိုဆရာက သာဂိနှင့် ပြူးကျယ်ကိုသင်တန်းကြေးတောင်းဧ။်။ သာဂိအိပ်ထဲတွင် ဘတ်စ်ကားခသာသာ ၅ ကျပ်လောက်သာ ပါခဲ့၏။

ထို့ကြောင့် သာဂိက နောက်တစ်ခေါက်မှ ယူပါရန် တောင်းပါ၏ ဆရာက ပိုက်ဆံ မဟုတ်။ ကတိ စကား ဟု ဆိုမှသာ သာဂိ သက်ပြင်းချနိုင်၏ အားကစားရုံ ဆန်ဆန် ဂိုဒေါင်တစ်ခု၏ ဘုရားစင်ရှေ့တွင် သာဂိ တို့ ရွတ်ဆိုခဲ့ရသော သင်တန်းကြေးမှာ အောက်ပါ အတိုင်းဖြစ်သည်။

“ ဘုရား တပည့်တော်သည် ယနေ့မှ စ၍ ဆရာ၏ပညာရပ်များကို သင်ကြားပါမည်။ ဤပညာဖြင့် အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ပါမည်။ ဤပညာဖြင့် လူကောင်းများကို အနိုင်မယူပါ။ ဤ ပညာကို မျက်ရည်ပေါက်ကြီးငယ် သုံးခါ မကျမချင်း ထုတ်မသုံးပါ ဟု ကတိ သစ္စာ ပြုပါသည်”

...............................................................................................................

မိုးလေး တစ်ပြိုက် နှစ်ပြိုက် ကျလာ၏ မကြာခင် ကျောင်းပြန်ဖွင့်တော့မည်။ မိဖြူကို သာဂိ မျှော်နေမိသည်။ မိဖြူသည် တစ်နွေလုံး မကွေးဘက် အလည်သွားရာမှ ကျောင်းဖွင့်ဖို့ နှစ်ပတ်ခန့်လိုမှ ပြန်ရောက်လာ၏ သူ အသားနည်းနည်း မည်းသွားသည်။ 

သို့ရာတွင် ပိုလှလာသည်။ သူပြန်လာသည့်နေ့က သာဂိသည် ထုံးစံအတိုင်း ကိုကျော်ကြီး၏ သင်တန်းတွင် ရှိနေသည်။ ညနေဘက် အိမ်ပြန်လာချိန့် ဗံဒါပင်ခြေရင်း ကွတ်ပျစ်လေးပေါ်တွင် ထိုင်နေသော မိန်းကလေးတစ်ဦးနောက်ကျောကို မြင်တော့ မိဖြူလားဟုတော့ ထင်မိသည်။

သို့ရာတွင် ဆံပင်က ပခုံးကျော်နေရျ် မဟုတ်လောက်ဘူး ထင်ပြီး ပြူးကျယ်နှင့် စကားပြောမပျက် စက်ဘီးစီးလာစဉ် သူတို့ဘက်ကို လှည့်ကြည့်လိုက်သော မိဖြူ မျက်နှာလေးကို မြင်ရတော့မှ သာဂိ ရုတ်တရက် အသက်ရှု ရပ်မတတ်ဖြစ်သွားမိသည်။

 နင်းလက်စ စက်ဘီးပေါ်တွင် ပါးစပ် အဟောင်းသားနှင့် မိဖြူကို ငေးရင်း တိုက်ခန်းကို ကျော်မလို တောင်ဖြစ်သွားရျ် မိဖြူက ပါးစပ်ကို လက်ဝါးလေးအုပ်ရျ် ရယ်သည်။ သာဂိသည် ချွှေးစိုနေသော ခန္ဒာကိုယ်ဖြင့်မိဖြူရှေ့တွင် ရပ်ရင်း ဘာပြောရမှန်းမသိ ဖြစ်နေသည်။ မိဖြူက သွား ရေချိုးဦး..ငါ ဒီမှာစောင့်နေမယ် ဟုဆိုမှ သာဂိ ကမန်းကတမ်း အပေါ်ထပ်ပြေးတက် ရေချိုးရသည်။

ထိုနေ့က မိဖြူ သူ့ကို စကားတွေ အများကြီး ပြောသည်။ မကွေးက သူ့ အဒေါ်အကြောင်း၊ ညီမ ဝမ်းကွဲတွေ အကြောင်း၊မြသလွန် ဘုရားအကြောင်း၊ ဧရာဝတီ အကြောင်း..ဘာအကြောင်း၊ ညာအကြောင်း သာဂိ အားလုံးတော့ မမှတ်မိတော့။

မိဖြူပြောသမျှ စကားတိုင်းသည်လည်း သူ့နားထဲ ဝင်တစ်ချက်၊ မဝင်တစ်ချက်သာ။ သူ မြင်နေ၊ သိနေ၊ ကြားနေရသည်မှာ မိဖြူ ၏လက်ကလေးများ လှုပ်ရှားပုံ။ နှုတ်ခမ်းပါးပါးလေး၏ အဖွင့်အပိတ်၊ ခေါင်းလောင်းသေးသေးလေးတွေ စုပြီး တီးလိုက်သလို ထွက်လာသော အသံစာစာလေး …အဲဒါပဲ ဖြစ်သည်။ 

သာဂိ သည် မိဖြူ၏ လှုပ်ရှားမူ မှန်သမျှကို ငြိမ်ငြိမ်လေး ထိုင် ကြည့်ရင်း မိဖြူ ပြောသမျှ ခေါင်းငြိမ့် ထောက်ခံနေသည်မှာ မိဖြူ အမေက ထမင်းစားမယ်ဟေ့ ဟု မအော်မချင်း ဖြစ်သည်။မိဖြူသည် မအေ ခေါ်သံကြားတော့ ငါ သွားတော့မယ်ဟု ဆိုကာ ဂါဝန်လေးမ၍ လှေကားပေါ် အပြေးလေးတက်သည်။

သာဂိ နောက်က ကပ်လိုက်သွားရာ လှေကားတစ်ဝက်လောက် အရောက်တွင် မိဖြူက လှည့် အကြည့် သာဂိက မိဖြူ ခါးလေးကိုဆတ်ကနဲ ဖက်၍ စကားများလွန်းသော နှုတ်ခမ်းလေးတွေကို နမ်းလိုက်သည်။ မိဖြူသည် မျက်လုံးလေး အကြောင်သားဖြင့် မင်တက်သွားပုံ ရသည်။ 

သာဂိမှာ မိဖြူဧ။် နှုတ်ခမ်းများကို ငုံသာနမ်းလိုက်ရသော်လည်း သူကိုယ်တိုင်က အတွေ့ကြုံမရှိသေးသည်က တစ်ကြောင်း၊ မိဖြူက သူ့မျက်နှာလေးကို မထားတတ်သည်က တစ်ကြောင်းတို့ကြောင့် မိဖြူသွားလေးနှင့် သူ့သွားထိခိုက်မိသည်။

မိဖြူ အသိဝင်လာပုံရသည်။ ဆတ်ဆို သူ့ကို တွန်းထုတ်လိုက်ရင်း လှေကားအတိုင်း ပြေးတက်ကာ အခန်းထဲ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။ သာဂိတစ်ယောက်ကတော့ လှေကားပေါ်တွင် ပြုတ်မကျအောင် မနည်းထိန်းလိုက်ရရင်းယောက်ယက်ခတ်ကာ ကျန်ခဲ့တော့သည်။ သာဂိ အဲဒီညကလည်း ဘုရား မရှိခိုးဖြစ်။

မကြာမှီ ကျောင်းတွေ ပြန်ဖွင့်သည်။ နတ်ကြီးသည် ဆိုသော ဆယ်တန်းကို သာဂိ တက်နေချေပြီ။ သို့သော် သာ၈ိ မမှုပါ။ စာကြည့်ရင်း ခေါင်းမကြည်သလို ဖြစ်လာလျှင် မိဖြူ မျက်နှာလေးကို လှမ်းငေးလိုက်သည်။ မိဖြူကလည်း သာဂိမြင်သာ အောင် အစွန်ဆုံးတွင် နေရာယူထားသည်။ တစ်ကယ်တော့ မိဖြူနှင့် သာဂိကြားတွင် လူသွားလမ်းလေးသာ ခြားသည်။

အဲဒါကိုပင် သာဂိက ရံဖန်ရံခါ တစ်မေ့တစ်မောကြီး ငေးနေတတ်သည်။ သို့သော် ဆရာ စာသင်သွားရျ် နားမလည်သည် များ၊ မမှီလိုက်သည်များကို ပြန်မေးရသူမှာ မိဖြူဖြစ်သည်။ပြူးကျယ်ကတော့ နောက်ဆုံးတန်းတွင် ထိုင်မြဲဖြစ်၏ သူလဲ ဥမ္မာနှင့် အဆင်ပြေနေပြီဟု ပြောသည်။ ရံဖန်ရံခါ လှော်ကားဥယျာဉ် ဘက်သို့ သွားသွား ချိန်းတွေ့တတ်သည်။ 

သာဂိကိုလဲ အဖော်ခေါ်လေ့ရှိသည်။ သာဂိက မိဖြူကို မခေါ်ဝံ့။ ကိုမောင်ကြီး သိမှာစိုးသည်။နောက်ပြီး အဒေါ်သိမှာကိုလဲ အားနာသည်။ နောက်တစ်ခုက ခုထိ သာဂိသည် မိဖြူကို ရည်းစားစကားမပြောရသေး။ ပြူးကျယ်မြှောက်ပေးသော်လည်း သာ၈ိသည် တက္ကသိုလ်ရောက်မှပြောမည်ဆိုသော သူ့ဆုံးဖြတ်ချက်ကို မပြင်တော့ချေ။

သို့နှင့် စာမေးပွဲကြီးနီးလာသော အခါ သာဂိတို့တွေ စာစုကျက်ကြသည်။ ပြူးကျယ်တို့ အိမ်တွင် ဖြစ်ဧ။်။ ပြူးကျယ် အစ်ကိုများက တက္ကသိုလ် ကျောင်းသားများချည်း ဖြစ်၍ မသိတာဆိုလျှင် မေးလို့ရသည်။ သူတို့ ညီအစ်ကို များကလည်း တစ်ယောက်ကို ဝါသနာတစ်မျိုးစီ ဖြစ်၏။

မည်သို့ပင်ရှိစေ သူတို့အားလုံး သဘောကောင်းသူများဖြစ်ရျ် သာဂိကတော့ ခင်သည်။ အဲ..ခင်သည်ဆိုသည်ထက် အစ်ကိုရင်းများကဲ့သို့ အားကိုးမိသည်။ တစ်ကောင်ကြွက် ဆန်ဆန် သာဂိသည် ညီအစ်ကို၊မောင်နှမ ငတ်နေသူ ဖြစ်သည်။

သူနှင့် ပြူးကျယ် စာကျက်ရာသို့ မိဖြူနှင့် ဥမ္မာလည်း လာသည်။ အပြန် ဆိုလျှင် သာဂိနျင့် ပြူးကျယ်က မိဖြူတို့ကို လိုက်ပို့သည်။ ဥမ္မာက သာဂိတို့တိုက်တန်း၏ နောက်ဖက် တိုက်တန်းတွင် နေသည်။ အမှန်တော့ ဘာမှ ဝေးလှသည်မဟုတ်။ ထို့ပြင် ဒိနားတစ်ဝိုက် သူတို့ကို မည်သူမျှ နှောင့်ယှက်မည် မဟုတ်။ သို့ရာ တွင် စိုးရိမ်သည်ကို အကြောင်းပြရျ် သာဂိတို့က လိုက်ပို့သည်။

နွေဦးပေါက်ချိန် ဖြစ်ရျ် လေသရမ်းတို့ မြူဆော့သော ညချမ်းတွင် သာဂိသည် မိဖြူနှင့် ဘေးချင်းယှဉ်လျှောက်ရင်း ကြည်နှုးနေမိသည်။ ဓာတ်မီးတိုင်တို့၏ တစ် ဝက်တစ်ပျက် အလင်းရောင်အောက်တွင် မိဖြူဧ။် မျက်နှာလေးသည် နုနုထွေးထွေး၊ ဝါဝါပြေးလျှက် ရှိ၏။စာအုပ်လေးတွေ ပိုက်ပြီး လမ်းလျှောက်နေသော မိဖြူသည် ရုတ်တရက် ကောင်းကင်ကို မော့ကြည့်ရင်း…

“ ဒီနေ့ လသာတယ်နော်” 

ဟု တစ်ယောက်ထဲ ရေရွတ်သလို သာဂိကို ပြောသလို ပြောဧ။်။ သာဂိလဲ မော့ကြည့်မိရာ ဟုတ်ဧ။် ။ ငွေသော်တာသည် အာကာလွင်ပြင်တွင် ကြယ်ညီနောင်တို့ကို ခြံရံလျှက် သာဂိကို ဖြူဝါဝါကြီး ပြန်ကြည့်နေဧ။်။ မိဖြူက …

“ လမင်းကြီးက အရမ်းလှတာပဲ၊ တစ်ညလုံး ထိုင်ကြည့်နေရင် ကောင်းမယ်နော်..သာဂိ”

“ လမင်းက နင့်လောက်မလှ ပါဘူး ၊ မိဖြူရယ် ”

မိဖြူသည် ခြေလှမ်းလေး တုံ့သွားဧ။်။ နောက် ဖြေးဖြေးချင်း သာဂိကို မော့ကြည့်သည်။ သူ့မျက်လုံးလေးတွေသည် ဟိုအရင်တစ်ခါ အရည်လည်သလိုမျိုးလေးလည်လာပြန်သည်။ 

ပါးပြင်လေးတွေရော နီနေသလား။ သိပ်တော့ မမြင်ရချေ။ သူတို့သည် ဓာတ်တိုင် နှစ်တိုင်ကြား အလင်း မမှီသော နေရာတွင် ရောက်နေကြ၍ ဖြစ်သည်။ သို့ရာတွင် မိဖြူချစ်သော ငွေလရောင်ကတော့ ဖြူလွှလွှလေး ရှိနေသည်။ သာဂိ မိဖြူဘက်သို့ လှည့်ရျ် ပခုံးလေး နှစ်ဖက်ကို ကိုင်လိုက်သည်။

မိဖြူသည် သာဂိမျက်ဝန်းကို သာကြည့်နေသည်။ သူ့ နှုတ်ခမ်းလေးတွေ တစ်ဆတ်ဆတ် လှုပ်နေသည်။ သာဂိ မိဖြူ ပါးပြင်လေးကို ဖွဖွလေး နမ်းလိုက်သည်။သနပ်ခါးနံ့ သင်းသင်းလေးရသည်။ သာဂိ စိတ်မထိန်းနိုင်တော့ မိဖြူ ကိုယ်လုံးလေးကို သိမ်းကြုံးပြီး သိုင်းဖက်ထားလိုက်မိသည်။ မိဖြူ လက်ထဲက စာအုပ်တွေပြုတ်ကျသွား၏။

သို့ရာတွင် ပြန်မကောက်တော့ချေ………

စာမေးပွဲ ဖြေပြီးတော့ သင်္ကြန်နားပင် ရောက်လုပြီ ဖြစ်သည်။ နောက် တစ်လလောက်ဆို သင်္ကြန်ကျတော့မည်။ မနှစ်က သာဂိ နှင့် ပြူးကျယ်သည် ကိုကျော်ကြီး ဆရာဦးဆောင်မူနှင့် ဘုန်းကြီးကျောင်းလိုက်နေရ၍ သင်္ကြန်လည်ဖို့ အခွင့်ရေး မရခဲ့ကြ။ ဒီနှစ် တော့ လည်ဖြစ်အောင် လည်မည်ဟု တေးထားမိသည်။

မိဖြူလည်း ဒီနှစ် ဘယ်မှ မသွားချေ။ သူ့အိမ်မှာ သူ့အမေက ထမင်း၊ဟင်းချက်ခိုင်း၍ အချက်သင်ရင်း ချက်နေရသည် ဟုဆိုသည်။ လမ်းထိပ် ကားဂိတ်နားက ဈေးတန်းလေးမှာ ဈေးဝယ်နေတာ တွေ့သည်။ သာဂိက အနားနား ကပ်၍ ..

“ မိဖြူရေ..ဒီနေ့ ကြက်သားသုပ် ပေးစမ်းဟာ”

“ နင်..တစ်ကယ် စားချင်လို့လား၊ ဝယ်လိုက်မယ်လေ၊ ပြီးရင် ငါလာပို့ပေးမယ်”

“ ငါ စားချင်လို့ မဟုတ်ဘူးဟ၊ အငယ်ကောင်က စားချင်တယ်ဆိုလို့၊ နင်ကလည်း ကလေးတွေကို အသားလေး၊ ဘာလေး ကျွေးပါဦး၊ အဝတ်စားတွေချည်း စွတ်ဝယ်မနေနှင့် လေ”

မိဖြူသည် ရုတ်တရက် ကြောင်သွားသည်။ သူသည် သာဂိပြောတာကို ချက်ချင်း သဘောမပေါက်။ တော်ကြာနေမှ..မျက်နှာလေး ရဲပြီး

“ သာဂိ!!!” 

ဟု ဆိုကာ ကျောကုန်းကို 

“ အုန်း”

ကနဲ ထုလေသည်။ သူ့ဟာသူ ထုပြီး နာသွား၍ လက်ဝါးလေးတစ်ခါခါ ဖြစ်နေသဖြင့်သာဂိက ဥုံဖွ လုပ်ပေးဖို့ သူ့လက်ကလေးကို ကိုင်တော့…

“ သာဂိ၊ လမ်းပေါ်ကြီးမှာ..လွှတ်ဟာ..” 

ဟု ဆိုကာ ရုန်းထွက်သွားသည်။ သာဂိ စပ်ဖြဲဖြဲနှင့် ကျန်ခဲ့သည်။ ဈေးသည်တွေကတော့ ဒါမျိုး ရိုနေပြီဆိုရမည်။ သူတို့နှစ်ယောက်သည် ဟိုးလွန်ခဲ့တဲ့ နှစ်တွေကတည်းက ဒီလမ်း၊ ဒီဈေး၊ ဒီကျောင်းနားမှာ ရန်ဖြစ်နေကြ မဟုတ်ပါလား။

သို့ရာတွင် သူတို့ မသိသည်မှာ ထိုစဉ်က ရန်ဖြစ် ထုရိုက် ဆဲဆိုခြင်းသည် ဒေါသကြောင့် ဖြစ်ပြီး ယခု ဆဲဆို ထုရိုက်ခြင်းမှာ အကြင်နာကြောင့် ဖြစ်သည်ဆိုသည်ပင်။သာဂိသည် မိဖြူကို စနောက်ပြီး ကြည်နှုးစွာ အိမ်ပြန်လာရာ အခန်းထဲရောက်တော့ ဒေါ်လေးက ….

“ သာဂိရေ.. ပစ္စည်းတွေ သိမ်းဖို့ ကူစမ်းပါဦး၊ မင်းဦးလေးကလည်း တော်တော်ကြာတာပဲ။ ခုချိန်ထိကို မရောက်နိုင်သေးဘူး”

သာဂိက အံ့သြစွာဖြင့်..

“ ဘာပြုလို့ ..ဘာပြုလို့ သိမ်းတာလဲ၊ ဒေါ်လေး”

ဒေါ်လေးသည် သာဂိကို ကြင်နာစွာ တစ်ချက်ကြည့်လိုက်ပြီး..

“ ဒေါ်လေး ..ရာထူးတက်လို့ ပြောင်းရမယ်။ လှိုင်မြို့နယ်ထဲကို လေ..သား ကျောင်းတက်တော့ နီးသွားတာပေါ့၊ ဒီကနေ တက်မယ်ဆိုရင် သားအကြာကြီး ကားစီးရမှာ”

သာဂိ တွေတွေကြီး ဖြစ်သွားသည်။ ဒေါ်လေး၏ ပစ္စည်းများကို ကူသိမ်းထုပ်ပိုးနေရင်း သာဂိသည် ငိုချင်သလိုလို ဖြစ်နေသည်။ ဒီတိုက်ခန်း၊ ဒီတိုက်တန်းတွင် သူ့ကို မွေးတာမဟုတ်သော်လည်း သူသည် ဒီမှာ ကြီးပြင်းလာသူဖြစ်သည်။ ဒီနေရာကို သူမခွဲချင်၊ နောက်ပြီး မိဖြူ၊ မိဖြူကို သူ နေ့တိုင်းတွေ့နိုင်မည် မဟုတ်တော့၊ ညီရင်းအစ်ကိုလို ခင်ရသော ပြူးကျယ်တို့နှင့်လည်း ကစားနိုင်မည် မဟုတ်တော့။ ငေးငေး ငေါင်ငေါင် ဖြစ်နေသော သာဂိကို ဒေါ်လေးက..

“ စိတ်မကောင်း မဖြစ်ပါနဲ့ကွယ်၊ ဝန်ထမ်းဘဝ ဆိုတာ ဒီလိုပဲ သားရဲ့၊ ကိုယ့် ဘဝကိုယ် ပိုင်တာ မဟုတ်ဘူးလေ၊ ဟိုရောက်တော့လည်း သား သူငယ်ချင်း အသစ်တွေနဲ့ ပျော်သွားမှာပါ” 

ဟု နှစ်သိမ့်သည်။ဒါပေမယ့် သာဂိ မရွှင်နိုင်ပါ။ ဒေါ်လေး အထက်တန်းကျောင်းအုပ် ဆရာမကြီးဖြစ်သွားတာလည်း ဝမ်းမသာနိုင်။ လဒကြီး လည်လိမ်သလို၊ ငေါင်စင်းစင်း ဖြစ်နေတော့သည်။ ည…၁၂ နာရီ ထိုးတော့မည်။ သာဂိ လှေကားပေါ်မှာ ထိုင်နေသည်။ သူ မိဖြူကို ညနေက ချိန်းထားခဲ့သည်။ ၁၂ နာရီတိတိ လှေကားက စောင့်မည်ဟူ၍ ..မိဖြူက ခေါင်းငြိမ့်ပြရုံသာ ပြပြီး ဘာမှ ပြန်မပြောခဲ့ချေ။ သူလည်း မျက်နှာတော့ မကောင်း။ 

ဒေါ်လေး ပြောင်းရမည့် သတင်းကြားပြီး ဖြစ်ပုံရသည်။ ၁၂ နာရီ၊ ၁၀ မိနစ်..မိဖြူ မလာသေးချေ။ စောင့်ရသည့်အလုပ်သည် တော်တော်မောရကြောင်း သာဂိ ခုမှ သိသည်။ ဟိုတွေး..ဒိတွေး ဟိုငေး ဒီငေးနဲ့ မှောင်ရိပ်ထဲတွင် ခြင်တွေနဲ့လည်း စစ်ခင်းရသေးသည်။ 

အတော်ကြာတော့မှ မိဖြူတို့ အခန်းတံခါးလေး အနည်းငယ်ဟသွားပြီး မိဖြူ မျက်နှာလေး ထွက်လာသည်။ သာဂိသည် မတ်တပ်ထရပ်လိုက်မိသည်။ မိဖြူက တံခါးကို အသံမမြည်အောင် ဖြေးဖြေးချင်း ပြန်ပိတ်နေသည်။ ထို့နောက် သာဂိ ဘေးက လှေကားထစ်ပေါ် ထိုင်ချလိုက်ပြီးသာဂိကို မော့ကြည့်သည်။ သာဂိလည်း မိဖြူဘေးတွင် ဝင်ထိုင်ရင်း..

“ နင်ကလည်းဟာ..စောင့်ရတာ ကြာလိုက်တာ”

“ အမေတို့ မအိပ်သေးလို့ဟ..ဒါနဲ့ နေပါဦး..နင်တို့ ဘယ်နေ့သွားမှာလဲ”

“ အဒေါ်ကတော့ နောက်တစ်ပတ်လို့ ပြောတာပဲ”

“ နင် တစ်ကယ်သွားမှာပေါ့နော်..မသွားလို့ မရဘူးလားဟင်..ဟို..ပြူးကျယ်တို့ အိမ်မှာနေဟာ..မုန့်ဖိုး မရှိရင် ငါပေးမှာပေါ့။ ငါ့မှာ စုထားတာလေ..ဗူးကြီးနဲ့ အပြည့်ရှိတယ်..သိလား..နင် ဘာမှပူစရာ မလို ဘူး၊ ကိုကြီးမောင်တို့ ၊ကိုကျော်ကြီးတို့လည်း သဘောကောင်းတာပဲ၊ အဲဒီမှာပဲ နေဟာ ..နော်..ဟင်းတွေ မကောင်းလို့ မစားချင်ရင် ငါတို့အိမ်လာစားလို့လည်း ရတယ်လေ..အမေကလည်း နင့်ကို ခင်တာပဲဟာ၊ နင် သာ အားနာမနေရင် နေ့တိုင်းစားလို့တောင်ရ….”

မိဖြူသည် စကားတွေကို တိုးတိုး တိုးတိုးနဲ့ အဆက်မပြတ်ပြောရင်း မျက်ရည်လေးတွေ ကျလာသည်။ သာဂိ ဘယ်လိုမှ မခံစားနိုင်တော့။ သူ့ကိုယ်လုံးလေးကို ဆွဲယူ ပွေ့ဖက်လိုက်ရင်း ခေါင်းလေးကို ပွတ်ပြီး..

“ မိဖြူ ရယ်..”

ဟူ၍သာ ရေရွတ်မိသည်။ မိဖြူသည် ယခု စကားမပြောတော့။ သာဂိ ရင်အုံပေါ်မျက်နှာ အပ်ရင်း တိုးတိုးလေး ရှိုက်နေသည်။ သာဂိက သူ့ ခေါင်းလေးကို ဖွဖွလေးကိုင်ပြီး ဆံပင်လေး ကို သပ်ရင်း..

“ ငါတို့ ကောလိပ်မှာ တွေ့လို့ရတာပဲ။ အရင်လို နေ့တိုင်းမတွေ့နိုင်တာပဲ ရှိတာပါဟာ၊ တစ်ပတ် ၅ ရက်တော့ တို့တွေ တွေ့နေကြရမှာပါ၊”

မိဖြူသည် သာဂိရင်အုံပေါ် မှီနွဲ့နေရာမှ ဆတ်ဆို ခေါင်းထောင်လာရင်း..

“ ဟင်..နင်က ငါ့ကို နေ့တိုင်း မတွေ့လည်း ရတယ်ပေါ့လေ၊ ဟုတ်လား၊ သာဂိ၊ ငါ့မှာတော့ သူသွားတော့ မယ်ဆိုလို့ အမေ မသိအောင် ခိုးငိုလိုက်ရတာ၊ သူကတော့ ..ဟင့်၊ ဟင့်၊ ဟင့်”

သာဂိ ပြာပြာသလဲလဲ ခတ်သွားရင်း..

“ ဟာ..မိဖြူ ငါပြောတာ အဲလိုမဟုတ်ဘူးလေ၊ ဟိုဒင်း..ဟာ မငိုနဲ့လေဟာ..၊ ငါက နင့်ကို အချိန်တိုင်း စက္ကန့်တိုင်း တွေ့ချင်နေတာပါ၊ အမြဲတမ်း ငါ့ စိတ်ထဲမှာရှိနေတာ နင်ပါဟာ..ငါလေ ဖြစ်နိုင်ရင် နင့်ကို သေးသေးလေး လုပ်ပြီး ငါ့ အိပ်ကပ်ထဲ ထည့်သွားချင်တာပါ”

သာဂိ မချော့တတ်၊ ချော့တတ်နဲ့ ချော့တော့ မိဖြူ မျက်နှာလေး ပြန်ကြည်လာရင်း .

“ နင် တစ်ကယ် ပြောတာနော်” 

ဟု ဆိုသည်။ သာဂိက ခေါင်းငြိမ့်ပြသောအခါ မျက်ရည်တွေ စိုနေသော မျက်နှာလေးသည် ပြုံးယောင်သမ်းလာသည်။ ထိုအချိန်တွင် ကာလသား အစ်ကိုကြီးများပြောသောမျက်ရည်စိုနေသော မျက်လုံးသည် အလှဆုံး ဆိုတာကို သာဂိ လက်ခံချင်သွားသည်။ 

မိဖြူ၏ မျက်နှာလေးသည် မိုးရွာသွန်းပြီးစ နေရောင်ခြည်၏ ထိတွေ့ခြင်း ခံရသော ပန်းပွင့်လေးကဲ့သို့.. မျက်နက်ဝန်း လေးသည် နှုးညံ့ခြင်းကို အရည်ဖျော်ထားသော စိန်ပွင့်လေး ကဲ့သို့… ပါးပြင်မို့မို့ လေးပေါ်မှ သနပ်ခါးကွက်လေးသည် ရေစီးကြောင်းလေးတွေ ပေါ်နေသော သဲသောင်ပြင်ကဲ့သို့…..သာဂိ၏ ရင်သည် နှုးညံ့စွာ လှုပ်ခုန်လာသည်။

ပျိုရွယ်ခြင်း၏ သွေးသားကလည်း ဆူပွက်လာ၍ အောက်က ပစ္စည်းကလည်း ထောင်လာသည်။ သာဂိ မိဖြူ၏ ကိုယ်လုံးကို သိမ်းဖက်ကာလှဲချလိုက်ပြီး ထောင်ထားသော ဘယ်ဘက်ပေါင်ပေါ်တွင် သူ့ခေါင်းလေးကို တင်လိုက်သည်။

မိဖြူသည် သာဂိ ဆန္ဒ အတိုင်း ပျော့ပြောင်းစွာပင် လိုက်လျောသည်။ ယခု မိဖြူသည် သာဂိ၏ ပေါင်ပေါ်တွင် ပက်လက်လေးလှန်လျက် သာဂိကို မော့မော့လေး ကြည့်နေသည်။ မိဖြူ၏ ကြည်စင်သော မျက်နှာဝင်းဝင်းလေးသည် သာဂိ ဘာလုပ်လုပ် တားမြစ် ငြင်းဆန်ခြင်း မရှိ၊ ပျော့ပြောင်းနှုးညံ့လွန်းနေသော မျက်ဝန်းများကလည်း သာဂိကို ချစ်ခင် ကြင်နာစွာ ကြည့်နေကြသည်။

သို့ရာတွင် မိဖြူ၏ ရင်နှစ်မွှာကမူ ကန်ရေပြင်ထဲ ခဲလုံးလေး ကျသကဲ့သို့ လှိုင်းထ လှုပ်ရှားလျက်ရှိ၏။ သာဂိက ဘယ်လက်ကို မိဖြူ၏ ခေါင်းလေး အောက်ထိုးသွင်းကာ ခုပေးထားပြီး ညာလက်က မိဖြူ၏ မျက်ရည်စ အကြွင်း အကျန်လေးများကို သုတ်ပေးလိုက်သည်။

မိဖြူ မျက်လုံးလေး မှိတ်၍ ခံယူသည်။ ပြီးတော့ သာဂိကို မျက်ဝန်း တောက်တောက်လေးနဲ့ ကြည့်ရင်း လက်ကလေး တစ်ဘက်က သာဂိ ရင်ဘတ်က အင်္ကျီစကို ကိုင်ကာ

“ သာဂိရယ်”.

ဟု ဆိုသည်။ သာဂိ သူ့ နှုတ်ခမ်းလေးတွေကို ငုံ့နမ်းလိုက်သည်။ ဒီတစ်ခါတော့ သွားချင်း မထိတော့ပေ။ သာဂိနှုတ်ခမ်းချင်း နမ်းသည့် ပညာကို တတ်သွားပြီ ဖြစ်သည်။ အောက်နှုတ်ခမ်းလေးကို ငုံ နမ်းရင်း လက်တစ်ဘက်က…

မိဖြူ၏ ခါးလေးကို တင်းတင်းဖက်မိရာ မိဖြူ ထံမှ

“ အွန်း”

ကနဲ အသံလေးနဲ့ အတူ ရုန်းထွက်လိုက်ပြီး …..

“ ဖြေးဖြေးဖက်၊ သာဂိရာ၊ အသက်ရှုကျပ်တယ်၊ ငါမနေတတ်တော့ဘူး”

ဆိုသည်။ သို့နဲ့ သာဂိလည်း အားနေသော ညာလက်ကို ဘယ်နားထားရမှန်းမသိပဲ မိဖြူ၏ လက်ကလေးကို ဆုပ်ကိုင်ထားမိသည်။ မိဖြူသည် မောသွားဟန် တူသည်။ မျက်လုံးလေး စင်းရင်း အသက်ကို မြန်မြန်ရှုနေသည်။ သူ့ လက်ဖျံလေးတစ်လျှောက်တွင် ကြက်သီးဖုလေးများ ထလျက်၊ မွှေးညှင်းနုလေးတွေ ထောင်ထလျက် ရှိသည်ကို သာဂိ တအံ့တသြတွေ့ရသည်။ 

ထိုမွှေးညှင်းဖုလေးတွေ တစ်လျှောက် လက်ဝါးဖြင့် ဖြေးဖြေးချင်း ပွတ်လိုက်သောအခါ မွှေးညှင်းဖုလေးတွေ ပျောက်မသွားသည့်ပြင် လက်သဲချွှန်ချွှန်လေးတွေ သာဂိပေါင်ထဲ စိုက်တဲ့အထိ သာဂိကို ဖျစ်ညှစ်ဆုပ်ကိုင်လေသည်။ 

သာဂိ စိတ်မထိန်းနိုင်တော့။ သူ့ ခေါင်းလေးကို ဆွဲထူလိုက်ပြီး နှုတ်ခမ်း နုနုလေးတွေကို တရကြမ်း နမ်းတော့သည်။မိဖြူသည် သာဂိ၏ ရင်ခွင်ထဲတွင် အရုပ်လေး တစ်ရုပ်ကဲ့သို့ ဖြစ်နေသည်။ သူသည် မိန်းမောစွာ ငြိမ်နေရင်း အသိမဲ့နေသကဲ့သို့ ရှိသည်။ သွေးတွေ ပွက်ပွက်ထမတတ် ဆူနေသော သာဂိ ရှေ့တော့ ဆက်မတိုးဝံ့ချေ။ အောက်က လိင်တံကလည်း တင်းပြီး ထောင်မတ်နေကာ မိဖြူခါးလေးကို ဖောက်ထွက်တော့ မတတ်ဖြစ်သည်။ သို့ရာတွင် သာဂိသည် သူ့ကိုယ်သူ ထိန်းဖို့ ကြိုးစားလိုက်သည်။ 

အတင်း တရစပ်နမ်းနေမိရာမှ ခွာထုတ်လိုက်ရင်း သက်ပြင်းကိုချကာ မိဖြူ ခေါင်းလေးကို သူ့ပခုံးစွန်းပေါ်တင်ပြီး နောက်ကျောလေးကို သိုင်းဖက်ထားလိုက်သည်။ မိဖြူသည်လည်း ဘာဖြစ်သည် မသိ၊ သက်ပြင်းလေးချသံ ကြားရသည်။

ထိုနေ့ညက သာဂိသည် မနက်လေးနာရီထိုး ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သည်ထိ မိဖြူကို ထွေးပွေ့ထားခဲ့သည်။ မိဖြူကတော့ ကလေးလေး တစ်ဦးနှယ် သာဂိ ပခုံးစွန်းပေါ်တွင် အိပ်ပျော်သွားခဲ့သည်။ သာဂိသည် အပြစ်ကင်းစွာ အိပ်ပျော်နေသော မိဖြူကို မနိုးရက်၍ ဤပုံစံအတိုင်း တစ်လျှောက်လုံး ငြိမ်ငြိမ်လေး နေပေးခဲ့ရသည်။ သူ့ရင်ထဲတွင်လည်း ရိုင်းစိုင်းသော သွေးခုန်နှုန်းတို့ မရှိတော့။

နှုးညံ့သော တစ်စုံတစ်ရာသည် သူ့ နှလုံးထဲတွင် စီးဆင်းလှည့်လည်ရင်း နှမလေးတစ်ယောက်ထက် အနည်းငယ်ပိုသော မေတ္တာဖြင့်ဆက်လက်ထွေးပွေ့ရင်း မိဖြူသည် ငါ့ညီမလေးဖြစ်ရင် ကောင်းမှာပဲဟု တွေးမိသွားသည်။ပြီးတော့ နှမဆို ဒီလို ဖက်နမ်းလို့တော့ ရမှာမဟုတ်ဟု တွေးမိပြန်ကာ ကိုယ့်ဟာကိုယ် ကျိတ်ရယ်မိသည်။ထိုတော့မှ မိဖြူသည် အင်း ကနဲ အသံပြုရင်း နိုးလာသည်။ ပြီးတော့ သာဂိကို ပြူးကြောင်ကြောင်လေး ကြည့်ကာ

“ အိမ်မက်ကလည်း တစ်ကယ်လိုပဲ”

ဟု ဆိုကာ ပြန်အိပ်ရန် ပြင်သည်။ သာဂိ သူ့ကို မနိုးရက်သော်လည်း နိုးရတော့သည်။ မကြာမီ မိုးလင်းတော့မည် မဟုတ်ပါလား။တစ်ပတ်ကျော်ကြာပြီးနောက် ဟီးနိုးကားကြီး တစ်စီးဖြင့် သာဂိတို့ အိမ်ပြောင်းခဲ့ရသည်။ မိဖြူသည် ကားနောက်ခန်း ပစ္စည်းပုံတွေပေါ် ထိုင်နေသော သာဂိကို သူတို့ ပထမထပ် ပြတင်းပေါက်မှ လက်ကလေးဝှေ့ယမ်း နှုတ်ဆက်ရှာသည်။ 

သူ့မျက်ဝန်းတွေကို အနီးကပ် မတွေ့ရသော်လည်း မျက်ရည်ဝဲနေလိမ့်မည်ဆိုတာ သာဂိ သေချာပေါက် ခန့်မှန်းနိုင်ပါသည်။ ပြူးကျယ်ကတော့ သာဂိကို ပခုံးပုတ်၍ အားပေးသည်။ ကိုမောင်ကြီးကတော့ မမြင်ချင်ယောင် ဆောင်နေသည်။ ကိုကျော်ကြီးကတော့ သူ့ထုံးစံအတိုင်း ရှုတည်တည် ရုပ်ကြီးဖြင့် ကြည့်နေသည်သာ..

သူတို့ သုံးယောက်လုံး ကားပေါ်တွင် ပါလာကြသည်။ သာမန်ဝန်ထမ်းမျှသာ ဖြစ်သော ဒေါ်လေးသည် ပစ္စည်းများများ စားစား မရှိရှာသော်လည်း လင်မယား နှစ်ယောက် ဝယ်ထားသည့် စာအုပ်သေတ္တာတွေက ၈ -လုံးခန့် ရှိပြီး အိမ်ထောင် ပရိဘောဂ၊ ဘာညာနဲ့ ပေါင်းသောအခါ တူဝရီးနှစ် ယောက်ထဲ ပင်ပန်းမည်စိုး၍ လုပ်အားပေးရန် ထို ညီအစ်ကိုတစ်သိုက် လိုက်လာကြခြင်း ဖြစ်သည်။ ပြန်လျှင်တော့ ပဲခူး၊ မှော်ဘီ ကားတစ်စီးစီးစီး၍ ပြန်ကြမည် ပြောသည်။

သာဂိတို့ နေရာသစ်သည် အင်းစိန်၊လှည်းတန်း လမ်းမကြီးနဲ့ မနီးမဝေး တွင် တည်ရှိသည်။ အဒေါ်နေရမည့် နေရာသည် လိုင်းခန်း ချမပေးနိုင် သေး၍ ကျောင်းဆောင် ဟောင်း တစ်ခုကို အိမ်လုပ်ပေးထားသော နေရာဖြစ်သည်။ 

သာဂိတို့ တူဝရီး တစ်သိုက် အတွက်မူ ကျယ်လွန်းနေသည်။ အခန်းကျယ်ကြီးထဲတွင် အိပ်ခန်းများ ကန့်ထားပေးသည်။ သို့သော် သာဂိ မျက်စိထဲတွင်မူ အရာအားလုံး ဟာလာ ဟင်းလင်းချည်းသာ ဖြစ်သည်။  သို့ရာတွင် သာဂိ ကံကောင်းသည် ဆိုရမည်။အဘယ့်ကြောင့်ဆိုသော် ကလေးချစ်တတ်သော ကျောင်းစောင့်ကြီး ဦးညို ရှိနေ၍ ဖြစ်ပါသည်။ရောက်စကမူ သာဂိသည် ဦးညိုကို ကြည့်၍ မရချေ။

ကွမ်းချိုးတက်၍ မည်းနေသော သွားတို့ဖြင့် အရက်ဆီပြန်နေသော မျက်နှာတွန့်တွန့်ကြီးသည် ဝန်ထမ်းလိုင်းခန်းကလာခဲ့သူ သာဂိအတွက် အနားမကပ်ချင်စရာ ဖြစ်သည်။ သို့ရာတွင် တစ်ရက် သာဂိ မိဖြူကို လွှမ်း၍ ကော်ရစ်တာပေါ်ထိုင်ပြီးငေးနေစဉ် ဦးညို ရောက်လာပြီး…

“ အလွမ်းဆိုတာ သူ့ချည်းသက်သက်တော့ မကောင်းဘူးကွ”

သာဂိ လှည့်ကြည့်ရင်း…

“ ဗျာ.. ဘာပြောတာလဲ.. ဦးကြီးညို”

“ ဒီလိုလေကွာ..ငါတို့ အရက်သောက်ရင် အမြည်းလေးပါမှ သောက်ရတာ စည်းစိမ်ရှိသလို လွမ်းတဲ့ အခါမှာလည်း သီချင်းလေးရေး၊ ကဗျာလေးစပ်မှ လွမ်းလို့ကောင်းတာကွ ..သာဂိရ”

“ ကျွန်တော်မှ ကဗျာ မရေးတတ်ပဲ”

“ အံမယ်ကွာ..လွယ်လွန်းလို့..မင်းကရေးချင်စိတ် ရှိဖို့ပဲ လိုတာပါ ငါ့ကောင်ရာ..မင်းသာတတ်ချင်ရင် ဒီကမ္ဘာပေါ်က ဘယ်ပညာမဆို မင်း တတ်နိုင်ပါတယ်ကွ”

သာဂိ ဦးညိုကို စိတ်ဝင်စားသွားသည်။ ဦိးညိုသည် ကျောင်းဝင်းထဲတွင် သူ့ဇနီး ဒေါ်တင်နွယ်နဲ့အတူ တဲထိုးနေသူ ဖြစ်သည်။ သူတို့ တဲအိမ်လေးထဲသို့တော့ သာဂိ တစ်ခါမှ မရောက်ဖူးသေး။ သို့ရာတွင် ဦးညိုရင်တွင်းကိုတော့ သာဂိ လှမ်းမြင်လိုက်ရသလို ရှိသည်။

“ ဒါနဲ့ ဦးညို အချစ်ဆိုတာ ဘာလဲဟင်..အဲဒီ အဓိပ္ပါယ်ကို ကျွန်တော် သေချာ မသိဘူး။ ဒါပေမယ့် ကျွန်တော် သူ့ကို ချစ်တယ် ဦးကြီးညို”

“ ဟားဟားဟား..မင်းဟာက ကျွန်တော် မသိဘူး။ တတ်တယ် ဖြစ်နေပြီ။ ဟုတ်လို့လားကွာ..လောကမှာ မသိပဲ တတ်တဲ့ ပညာဆိုတာ ရှိလို့လားကွာ.. မှတ်ထား..သာဂိရဲ့ ..ဟောဒီ ကမ္ဘာမှာ မင်းတို့ ပြောပြောနေတဲ့ အချစ်ဆိုတာ မရှိဘူးကွ”

သာဂိ နည်းနည်း စိတ်ပျက်သွားသည်။ ဦးညိုကြီး မူးနေသည် ထင်သည်။ အချစ်ဆိုသည့် အကြောင်းကို ဒေါ်လေးနဲ့ ဦးလေး စုဆောင်းပိုင်ဆိုင်ထားသည့် စာအုပ်တွေထဲတွင် နာမည်ကြီး စာရေးဆရာပေါင်းစုံက နည်းလမ်းပေါင်းစုံဖြင့် ထုတ်ဖော်ထားကြသည်။

ဒါကို ကျောင်းစောင့် ဦးညိုကြီးက မရှိပါဘူး လုပ်နေသည်။ အင်း..သူ ဒီနေ့ နည်းနည်း များသွားလို့ နေမှာပါ။ နောက်နေ့မှ ဆက်မေးရမယ်ဟု သာဂိတွေးမိသည်။ မှန်သည်။ သာဂိ အတွက်တော့ ဦးညိုသည် အရက်သောက်တတ်သော စာအုပ်တစ်အုပ် ဖြစ်သည်။ဟောင်းနွမ်းနေသော ထိုစာအုပ်ကြီးတွင် သဘောကောင်းသော ပိုင်ရှင်လည်း ရှိသည်။ ထိုသူက သူ့ဇနီး အန်တီ တင်နွယ် ဖြစ်သည်။ သာဂိသည် သူတို့နှစ်ယောက်ကို ကြည့်ပြီး တအံ့တသြ ဖြစ်ရသည်။ 

သူက ဦးကြီးညိုဟု ခေါ်သော ဦးညိုသည် ရံဖန်ရံခါ အင်္ဂလိပ်လို ရေးထားသောသတင်း အပိုင်းစများပါသည့် ကွမ်းယာ ထုပ်သော စက္ကူကို ဖြေရင်း ဘိုလို မွှတ်နေအောင် ဖတ်တတ်သည်။ အန်တီ တင်နွယ်ကတော့ သူ့ကို ခေါ်သည့် အန်တီဆိုသည့် စာလုံးကလွဲလျှင် ကျန်တာ ဘာမျှ နားမလည်ချေ။ 

သူတို့ နှစ်ယောက်သည် တော်တော်တော့ အသွင်မတူကြချေ။ အန်တီတင်နွယ်သည် ရိုးသားအေးဆေးသူ ဖြစ်ပြီး သူ့ဟာသူ ငြိမ်းချမ်းစွာနေထိုင်ရင်းဦးကြီးညို ရှိနေလျှင် ပြည့်စုံနေပြီဖြစ်သည်။ ဦးကြီးညိုကတော့ ဒီလို မဟုတ်ချေ။

“ ဟကောင်..သာဂိရဲ့..ယောက်ကျားတစ်ယောက်ရဲ့ ဘဝအရသာကို ဒင်းပြည့် ကျပ်ပြည့် ခံစားဖို့ အချက်သုံးခုထဲက တစ်ခုခု လုပ်ရမယ်လို့ ဆရာသော်တာဆွေ ကပြောတယ်ကွ၊ တစ်..အရက်..နှစ်..မိန်းမ..သုံး..လောင်းကစား..မင်းရော ဘာဝါသနာပါလဲ၊ ငါကတော့ သုံးခုလုံးကွ”

ဟု ဆိုသည့်လူကြီး ဖြစ်သည်။တစ်ခါ တစ်ခါ စိတ်လို လက်ရရှိချိန်မျိုးဆိုလျှင်လည်း ဤသို့ ပြောတတ်ပြန်၏။

“ အချစ်ဆိုတာ ..more then sex..တော့ more then sex ပဲ။ ဒါပေမယ့် based on sex ဆိုတာလည်း သေချာတယ်ကွ။ ထိန်းချူပ်နိုင်သူအဖို့ကတော့ love= sex ပဲ။ခံစားချက်တွေ မထိန်းနိုင်တဲ့ မင်းလို အရူးလေးကတော့ love= crazy ပဲကွ..ဟားဟား”

ထိုယူဆချက်ကို သာဂိက သဘောမတူနိုင်ချေ။ ရှေးရာဇဝင် အဆက်ဆက်ကစလို့ ယခုချိန်ထိ ယုံကြည်စွာသုံးစွဲခဲ့သော စကားလေး တစ်ခွန်းကိုဦးညိုကြီး စကားတစ်ခွန်းထဲနဲ့တော့ဖြင့် လွှင့်မပစ်နိုင်ချေ။ ထို့ကြောင့် စောဒက တက်မိသည်။

“ အဲဒီလို ချည်းပဲတော့ မဟုတ်လောက်ပါဘူး။ ဦးကြီးညိုရယ်..အချစ်အတွက်နဲ့ အသက်တောင် စွန့်တာတွေ ဘာတွေ ဦးညိုကြီးလည်း သိတာပဲ မလား၊ ရှင်မွေးလွန်းနဲ့ မင်းနန္ဒာတို့၊ ရိုမီယိုနဲ့ ဂျူးလိယက်တို့..အဲဒီလိုတွေကျတော့ ဘာပြောမလဲ”

ဦးညိုကြီးကရယ်သည်။ ပြီးတော့..

“ သူတို့က ကြိုက်နေတာကွ..အချစ်မဟုတ်ဘူး..အဲတစ်ကယ်တော့ အချစ်မဟုတ်ဘူးလို့တောင် ပြောစရာ မလိုဘူး။ ဘာလို့လဲဆိုတော့ အချစ်ဆိုတာ ရှိကို မရှိလို့ပဲ။ ထားပါတော့လေ။ ငါဆက်ပြောပြမယ်။ အကြိုက်ဆိုတာ ရမ္မက်ကို အခြေခံတာကွ။သူ့ လောင်စာ အားကောင်းနေတုန်းဆို မီးညွှန့်က သိပ်ကောင်းပြီး အရှိန်က တစ်ဟဲဟဲနဲ့ပေါ့။ အဲ..လောင်စာလည်း လျှော့သွားရော ခုန မီးတောက်ကြီး ဘယ်ရောက်သွားမှန်း ကိုမသိတော့ဘူး။ ငါပြောတာ သဘောပေါက်လား။ အေး..အကြိုက်ဆိုတာလည်း ရမ္မက်တွေ ပြင်းထန်နေတုန်း မှာတော့ အရှိန်က ပြင်းမှ ပြင်းပေါ့။ ရမ္မက်လည်း သွေးအေးသွားရော အရှိန်လည်း ကျကရောပဲ။သူတို့က အရှိန်ပြင်းနေတုန်း အဲလိုဖြစ်သွားကြတာကွ။ တစ်ကယ်လို့ နောက်တစ်လလောက်နေမှ ပေးတွေ့ကြည့် အဲ့လို မဖြစ်ဘူး။”

“ ဟာဗျာ..ဦးကြီးညိုကလည်း.. အဲလောက်ကြီး စောင့်လို့ ဘယ်ရမလဲဗျ။ ဟိုက ဘုရင်တွေ ခေတ်လေ၊ ယောကျ်ားပေးစားပစ် ဘယ်လိုလုပ်မလဲ။”

“ မင်းကို သူချစ်တယ်လို့ ယုံတယ်ဆိုရင် သူယောင်္ကျားပေးစားခံရမှာ မင်းကဘာလို့ ကြောက်နေတာလဲ၊ သူက မင်းကို ချစ်တယ်လေ။ မင်းကလွဲပြီး ဘယ်သူ့မှ မချစ်ဘူးလေ၊ မင်း အဲဒါကို မယုံဘူးလား”

“ ဟို..အင်း..ယုံတယ်လေ။ ဒါပေမယ့်…”

“ ဒါပေမယ့် ဆိုတာ သံသယ စကားကွ၊ သံသယဆိုတာ မင်းတို့ပြောတဲ့ ချစ်ခြင်း မဆိုထားနဲ့ မိတ်ဆွေတွေမှာတောင် အဲဒါဝင်လာရင် ပျက်တော့တာပဲ ငါ့ကောင်ရေ…ဟားဟားဟား”

သာဂိ ဦးညိုကြီးကို နိုင်အောင် မပြောနိုင်ချေ။ သို့သော် ဦးညိုကြီးပြောတာကိုတော့ အကုန်လုံး မယုံ။ မူးမူးနဲ့ ရွှီးတာ များသွားသည်ဟုသာ မှတ်ထားလိုက်သည်။သာဂိ သည် လှိုင်ကောလိပ်တွင် စိတ်ပညာ မေဂျာကို ရသည်။ မိဖြူကတော့ ဓာတုဗေဒကို ယူသည်။ သာဂိက 

“ နင် အဲဒီဘွဲ့ကြီး ယူပြီး ဘာလုပ်စားမလဲ” 

ဟု မိဖြူကိုမေးသောအခါ မိဖြူက

“ နင်ကရော..နင်လည်း အဲဒီ ဆိုက်ကိုကြီးနဲ့ ဘာလုပ်စားမှာလဲ” 

ဟု ပြန်မေးလေသည်။ သာဂိလည်း ပြန်မဖြေတတ်။ ဝါသနာ ပါလို့သာ ယူထားခြင်းဖြစ်ပြီး ထိုပညာနဲ့ ဘယ်လို လုပ်ကိုင်စားရမယ်မှန်း ဒုတိယနှစ်လောက်ထိ သာဂိ မသိချေ။တက်ရောက်သင်ကြားနေရသည့် ပညာရပ်ကိုသာ မသိရှိမည်။ မိဖြူကို ဘယ်လို ကိုင်တွယ်ရမည်ဆိုတာတော့ သာဂိကျွှမ်းနေပြီဖြစ်သည်။ 

မိဖြူကလည်း သာဂိကို ဘယ်လို အနိုင်ကျင့်ရမည်ဆိုတာ ကောင်းကောင်းသိနေပြီ ဖြစ်သည်။ ပြူးကျယ် နဲ့ ဥမ္မာတို့ကတော့ စိတ်တူသဘောတူ လော (Law) ကို ယူပြီး မခွဲမခွာ ရှိနေကြသည်။သူတို့သည် လှိုင်နယ်မြေ၏ သစ်ပင်ရိပ်ကြီးများအောက်တွင် အတူတူ ပျော်ခဲ့ကြသည်။ အတူတူ စိတ်ကောက်ခဲ့ကြသည်။

အတူစား၊ အတူသွား၊ အတူလာနဲ့ နှစ်ကိုယ့် တစ်စိတ်သဖွယ် ပျော်နေခဲ့ကြသည်။ စင်စစ် ထိုအပျော်သည် မုန်တိုင်းမလာ ခင် တိုက်သည့် လေညှင်းဖြစ်ကြောင်း သူတို့ မရိပ်မိခဲ့ကြချေ။သူတို့ ဒုတိယနှစ် အောင်အပြီးတွင် လှိုင်ကောလိပ်ကို ဖျက်သိမ်းကြောင်း မကြော်ငြာပဲ သူတို့ ကျောင်းပြောင်းကြရသည်။ 

တစ်ချို့က အရှေ့ပိုင်း တက္ကသိုလ်(သန်လျင်) သို့ရောက်ပြီး အချို့က ဒဂုံ တက္ကသိုလ်သို့ ရောက်သွားကြသည်။ ကံဆိုးစွာပင် သာဂိနဲ့ ဥမ္မာသည် အရှေ့ပိုင်း တက္ကသိုလ် စာရင်းထဲပါသွားပြီး ပြူးကျယ်နဲ့ မိဖြူက ဒဂုံတက္ကသိုလ်သို့ ရောက်သွားကြသည်။

ထို စာရင်းထွက်သည့်နေ့က သူတို့ လေးယောက် အင်းယားကန်ဘောင်ပေါ်တွင် စကားမပြောဖြစ်ပဲ မှိုင်နေမိကြသည်။ အရင်ဆုံး လှုပ်ရှားသူများက ပြူးကျယ်နဲ့ ဥမ္မာဖြစ်၍ တစ်နေရာ သွားဦးမည်ဆိုကာ ထွက်သွားကြသည်။ မိဖြူသည် ငိုတော့မယောင် မျက်ဝန်းများနဲ့ သာဂိကိုကြည့်ရင်း ..

“ ဘယ်လို လုပ်ကြမလဲ..သာဂိ..ဟင်..ဘယ်လိုလုပ်ကြမလဲ” 

ဟူသော စကားကိုသာ ထပ်ကာထပ်ကာ ရေရွတ်နေသည်။

သာဂိလည်း ဘယ်လို ပြန်ဖြေရမှန်း မသိချေ။ မိဖြူလက်လေးကို ခပ်ထွေးထွေးဆုပ်ရင်း အင်းယားရေပြင်ကိုသာ အဓိပ်ပါယ်မဲ့ကြည့်နေမိသည်။ ထိုနေ့က သာဂိ အိမ်ပြန်နောက်ကျသည်။အိမ်ရောက်တော့ ရေချိုးပြီး ဝရံတာပေါ်ထိုင်ငေးနေစဉ် ဦးညို ရောက်လာပြီး..

“ ဘာဖြစ်လို့လဲ သာဂိရ..တစ်နေကုန်တွေ့တာတောင် မင်းဟာက လွမ်းတုန်းပဲလားဟ”

“ မဟုတ်ပါဘူး။ ဦးကြီးညိုရာ..သူနဲ့ ကျွန်တော် ကျောင်းကွဲသွားပြီဗျ။ သူက ဒဂုံမှာ..ကျွန်တော်က သန်လျင်မှာ..ရှေ့လျှောက် ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူးဗျာ”

“ အလို..မင်းက ဘာလုပ်ချင်လို့တုန်း”

“ သူနဲ့ အတူနေချင်တာဗျ”

“ ဘယ်လောက်ကြာကြာလဲ”

“ တစ်သက်လုံးဗျ၊ တစ်သက်လုံး”

“ အံ့ပါရဲ့..သာဂိရယ်၊ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ်နေနိုင်တဲ့ ဘဝမှာ မနေချင်ပဲကိုး။ မင်း ချစ်တဲ့ထိတော့ ဦးကြီးကဘာမှ မပြောချင်သေးဘူး။ လက်ထပ်ဖို့တော့ မစဉ်းစားနဲ့ သာဂိရေ..မင်း အမှားကြီး မှားလိမ့်မယ်”

“ ဟာဗျာ..မှားမှားဗျာ..ကျွန်တော် သူ့ကို ချစ်တယ်။ သူ့ကို ယူမယ်”

“ ဟားဟား..ချစ်တယ် တဲ့လား..အဲဒီ ချစ်တယ်ဆိုတဲ့ စကားကို မင်း ဂွေးတန်းလန်းနဲ့ ပြေးနေတုန်း အရွယ်လောက်ကတည်းကခံစားတတ်ခဲ့တဲ့ ကောင်ပါကွ၊ လူပျို မဖြစ်ခင်ကတည်းက ကဗျာတွေ ရေးလိုက်၊ ဝတ္ထုတွေရေးလိုက်နဲ့ ကြိုက်ရမယ့် လူရှာပြီး ဖျပ်ဖျပ်ခါနေခဲ့တာ..ငါ့ မိန်းမ နွယ့်ကို တစ်ခြားယောက်ကျားတစ်ယောက်က စကားပြောနေတာများ မြင်ရင် အဲဒီည ငါ အိပ်လို့ကို မပျော်တာဟေ့။ သူနဲ့သာဆိုရင် ငါဟာ တဲအိုပျက် တောင်မလိုဘူး။ ထမင်းရေတောင် မလိုဘူး။ သူ့မျက်နှာ ကြည့်နေရရင် သစ်ပင်အောက်မှာ ရေသောက်ပြီး တစ်သက်လုံး နေနိုင်တယ်လို့ ထင်ခဲ့တဲ့ ကောင်ပါ ..သာဂိရ..”

“ အင်းလေ..ဦးကြီးကျတော့ ယူခဲ့ပြီးတော့ ကျွန်တော့်ကျမှ မယူနဲ့ဆိုတော့..ဦးကြီး တရားသလားလို့ …”

“ အေး..ငါက မင်းကို ငါ့လို မမှားရအောင် ပြောနေတာကွ သာဂိရ..ဒီတွင်းကြီးက အနက်ကြီး ။ အထဲမှာလည်း ရေမရှိဘူးဆိုတာကို တွင်းထဲကျနေတဲ့ငါက မင်းသိအောင် လှမ်းအော်ပြောနေတာ၊ အဲဒါကို မင်းက မနာလိုလို့ ပြောတယ်ထင်လည်း မင်းသဘောပါပဲကွာ”

ဦးကြီး ညိုသည် စိတ်ပျက်လက်ပျက်ခေါင်းခါရင်း ထိုင်ရာမှ ထသည်။ ထိုစဉ်မှာ ကျောင်းဝင်းတံခါးရှေ့သို့ လူတစ်ချို့ ရောက်လာ၍

“ ဟေ့ ဘယ်သူတွေလဲကွ” ဟု ဦးညိုက လှမ်းအော်ရာ.. ထိုလူသိုက်ဆီက

“ သာဂိရေ..သာဂိ..သာဂိနဲ့ တွေ့ချင်လို့ပါ” ဟူသော အော်သံများ ထွက်လာ၏။ ကိုကြီးမောင်တို့အုပ်စုပင်ဖြစ်သည်။ သာဂိ အပြေးအလွှားသွား တံခါးဖွင့်ပေးတော့ ကိုကြီးမောင်က ပြူးကျယ်ဒီမှာလား ဟုမေးသည်။ သာဂိ ပြူးကြောင်ကြောင်နဲ့ ခေါင်းခါပြတော့ ကိုကြီးမောင်က သက်ပြင်းချပြီး

“ မင်းကောင် ပြူးကျယ်ကတော့ ပြသ၁နာပဲကွာ.. ဥမ္မာ့ကို ခိုးပြေးသွားပြီ ထင်တယ်”

“ ခင်ဗျာ..”

သာဂိ ခင်ဗျာ တစ်လုံးသာ ရွတ်နိုင်ပြီး ပါးစပ်အဟောင်းသားဖြင့် အံ့သြတစ်ကြီး ဖြစ်သွားလေသည်။

ဦးညိုကြီးက ..

“ သွားပြီ တစ်ကောင်တော့ တွင်းထဲ ပြုတ်ကျသွားရှာပြီ”

ဟု ရေရွတ်လိုက်သည်။ ကိုကြီးမောင်က သဘောပေါက်စွာ ရယ်သည်။ ပြီးတော့ သာဂိကို

“ မနက်ကျရင် ဒီကောင် သွားတတ်တဲ့ နေရာတွေ ရှာပြီး ပြောပါဦးကွာ..ဥမ္မာ့ကို ပြန်အပ်ရဦးမယ်လို့၊ သူတို့ကို ဘယ်သူကများ သဘောမတူဘူးပြောလို့ ခိုးပြေးရတာလိမ့်ကွာ၊ တော်တော်ဆိုးတဲ့ ကောင်ပဲ”

သာဂိ ခေါင်းငြိမ့်ပြရင်း မနက်ကျ တွေ့အောင်ရှာပြီး ပြောပေးပါ့မည်ဟု အာမခံလိုက်သည်။ အာမလဲ ခံရဲပေသည်။ သူငယ်ချင်းချင်းဖြစ်သော ပြူးကျယ် ဘယ်ဘိမှာ နားခိုနေနိုင်မလဲ ..ဝေးဝေး စဉ်းစားစရာမလိုချေ။ ဒီကောင် လှည်းတန်းက သန်းအေးတို့ အိမ်မှာပင်ဖြစ်ရမည်။ တောသူဋ္ဌေးသားများ ဖြစ်သော သန်းအေးနဲ့ သူ့သူငယ်ချင်း တစ်ယောက်သည် လှည်းတန်းတွင် အိမ်ခန်းတစ်လုံးငှားပြီး နှစ်ယောက်ထဲနေခြင်း ဖြစ်သည်။

ယခု ဒိကောင်တွေ ရွာပြန်ချိန်အခန်းသော့သည် သူငယ်ချင်းများလက်ဝယ်တွင်သာ ရှိပေလိမ့်မည်။ ဒါကို ပြူးကျယ်က ဂွင်ကြုံနှိုက်ခြင်း ဖြစ်မည်မှာသေချာသည်။ သာဂိသည် ချက်ခြင်းထသွားရန် စဉ်းစားပြီးမှ ခုလို ချိန်ကြီး ပြူးကျယ် ဘာလုပ်နေမည်ကို စဉ်းစားရင်း ပြုံးစိစိဖြင့် တခွိခွိ ဖြစ်နေလေတော့သည်။

သူ မနက်အိပ်ယာထတော့ မိဖြူရောက်နေချေပြီ။ူ ပုဆိုးစွန်တောင်ဆွဲရင်း အိပ်မှုံစုံမွှား ထွက်လာသော သာဂိသည် ဧည့်ခန်းထဲတွင် ပုံ့ပုံ့လေးထိုင်နေသော မိဖြူကို မြင်သောအခါ ပါးစပ်ကြီး ပြဲသွားပြီး ..ကမန်းကတမ်း ရေချိုးခန်းဘက်သို့ ပြေးလေသည်။ မိဖြူကတော့ မျက်နှာ အမ်းအမ်းလေးဖြင့် ပြုံးစိစိလေးဖြစ်ကာကျန်ခဲ့သည်။ သာဂိ ရေချိုးပြီး အပြင်ထွက်လာတော့ ဒေါ်လေးက..

“ ဟဲ့..သာဂိ ထမင်းကြမ်း စားသွားဦးလေ..သမီး..မိဖြူရော တစ်ခါထဲ စားလေ..လာ”

နှစ်ဦးသား တစ်ပြိုင်တည်း..

“ မစားတော့ဘူး ..ဒေါ်လေး”

“ အံမယ်..လေသံကိုက…ဟေ့..ဟေ့..ပြောထားပါရဲ့နော်..မင်းတို့..မင်းတို့ကို ငါတို့က သဘောတူပြီးသားနော်..ဟို နှစ်ယောက်လို ပေါက်ကရ လုပ်ဖို့ မစဉ်းစားနဲ့ ကြားလား..အလုပ်ကိုင်လေး အတည်တကျ ဖြစ်မှ စဉ်းစားကြ..ဟုတ်ပြီနော်”

“ ဟုတ်”

“ ဟုတ်ကဲ့ပါ..ဒေါ်လေး”

သာဂိနဲ့ မိဖြူသည် ဆင်ရေတွင်းမှတ်တိုင်တွင် ကားစောင့်ရင်း တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ရမှာ မျက်နှာပူသလို ဖြစ်နေသည်။ သို့သော် မကြည့်ပဲလဲ မနေနိုင်ချေ။ ကြည့်မိပြန်တော့ မိဖြူက

“ ဘာကြည့်တာလဲ” 

ဟုဆိုကာ မျက်နှာနီနီလေးနဲ့ မျက်စောင်းထိုးရင်း ပြုံးချင်နေသော နှုတ်ခမ်းလေးကို သွားနဲ့ ကိုက်ထားလေသည်။ သာဂိက ရယ်ကြဲကြဲနဲ့ ခေါင်းကုတ်ရင်း 

“ နင်ကရော ဘာကြည့်တာလဲ၊ နင်လဲကြည့်လို့ ငါကြည့်တာ မြင်တာမှတ်လား”

ဘာပြောရမှန်းမသိတော့သော မိဖြူသည် သာဂိ ဗိုက်ခေါက်ကြောကို လိမ်ဆွဲရာ သာဂိ ထိုးထိုးထွန့်ထွန့် ဖြစ်သွားလေသည်။ အမှန်တော့ သူတို့နှစ်ယောက်သည် ပြူးကျယ်နဲ့ ဥမ္မာအစား ရင်ခုန်နေကြခြင်းသာဖြစ်သည်။ညက အိပ်ယာထဲတွင် သာဂိသည် ပြူးကျယ်က ဥမ္မာ့ကို ဘယ်လို ချစ်မှာပါလိမ့်ဟု တွေးရင်း အိပ်ပျော်သွားရာ မမက်စဖူး အိပ်မက်ထဲတွင် သူနဲ့ မိဖြူ ချစ်ဗြူဟာကျင်းသည်ဟု မက်မိသည်။ 

သူက အိပ်မက်ကြောင့် ရင်ခုန်နေခြင်းဖြစ်ပြီး မိဖြူက ဘာကြောင့် ရင်ခုန်နေသည် ဆိုတာတော့ သာဂိလည်းမသိချေ။သာဂိတို့ သန်းအေး၏ တိုက်ခန်းရှေ့ရောက်ချိန်တွင် တံခါး မဖွင့်သေးချေ။ သာဂိက တံခါးကို တစ်ဝုန်းဝုန်းထုရင်း အသံကိုဖျက်၍…

“ လူကြီးမင်းတို့..လူကြီးမင်းတို့ ခင်ဗျ..ဧည့်စာရင်းစစ်ဖို့ လာပါတယ် ခင်ဗျ..တံခါးလေးဖွင့်ပေးပါဦး ခင်ဗျ”

အတွင်းက ဘာသံမျှ မကြားရ..ထပ်၍ တစ်ဝုန်းဝုန်း ထုလိုက်ပြီး..အသံသြသြကြီးဖြင့်..

“ မောင်သန်းအေး..တံခါးဖွင့်ဦးကွယ့်..အိမ်လခ ကိစ္စလဲ ပြောရဦးမယ်ကွယ့်”

အထဲက ချိုးချိုးချွှတ်ချွှတ် လှုပ်ရှားသံများကြားရသည်။ မိဖြူကတော့ ပါးစပ်ကို လက်ဝါးလေး အုပ်ရင်း အူတက်နေချေပြီ။ သာဂိက ဆက်၍..

“ ကဲ..ရပ်ကွက်လူကြီးမင်းတို့ ..တံခါးဖွင့်မပေးရင်လဲ ဖျက်သာဝင်ပါတော့ဗျာ” 

ပြောရင်း တံခါး မျောက်လက်ကို တစ်ချွင်ချွင် ကစားလိုက်ရာ

“ လာပါပြီရှင်..လာပါပြီ”

“ ဟာ..ဥမ္မာ..မဖွင့်နဲ့..ဟာ…ကောင်းကောင်းမနေရတော့ပါဘူး၊ အဲဒါ သာဂိတို့ဟ.. အဲ့ဒီကောင့်အသံကို ခွေးချီသွားတောင်ငါမှတ်မိတယ်”

သို့ရာတွင် တံခါးက ပွင့်သွားချေပြီ။ ဆံပင် ဖရိုဖရဲလေးနဲ့ ဥမ္မာသည် အပေါက်ဝတွင် ရပ်နေသော သာဂိနဲ့ မိဖြူကိုမြင်ရသည်တွင် မျက်လုံးလေးပြူးသွားပြီး ယောင်၍ တံခါးကို ပြန်ပိတ်မည် ပြုသည်။ သာဂိက ..

“ အံမယ်..အံမယ်..ဥမ္မာ..နင်က ငါတို့ကိုတောင် လက်မခံချင်တော့ဘူးပေါ့လေ..”

ဥမ္မာသည် အိုးတို့အမ်းတမ်း ဖြစ်သွားလျှက်..

“ မဟုတ်ပါဘူးဟာ..ဟို…ငါက ယောင်သွားလို့ပါ” 

ဟု ပြုံးဖြဲဖြဲလေးနဲ့ လေပြေထိုးရင်း ဝင်လေဟု ဆိုသည်။ ဥမ္မာသည် ယောက်ကျားဝတ် ရှပ်အင်္ကျ ီလက်ရှည်ကြီးကို ဝတ်၍ ပုဆိုးတစ်ထည်ကို ထမီ လုပ်ဝတ်ထားသည်။

သာဂိက..

“ ဟ.. ဥမ္မာတို့ ဖက်ရှင်က မိုက်လှချည်လားဟ..နင့် အသစ်စက်စက် ယောက်ျားဆင်ပေးထားတာလား ”

သာဂိက ရယ်စရာပြောတာ ဖြစ်သော်လည်း ဥမ္မာက မရယ်ပဲ ရှက်စနိုးဖြင့် ခေါင်းလေးငုံသွားလေသည်။ ထိုစဉ် ဧည့်ခန်းထဲက ဖျာပေါ်တွင်မိန့်မိန့်ကြီး လှဲနေသော ပြူးကျယ်က ..

“ ဟာ..ဒီကောင် သာဂိကတော့.. အေးဟုတ်တယ်ဟေ့..ငါ ဆင်ပေးထားတာ။ အဆင်မတတ်တော့ မိန်းမတစ်ယောက် ရတာပဲကွာ..ဟားဟား”

သာဂိက ပြူးကျယ်ဘေးတွင် ဝင်ထိုင်လိုက်ရင်း..

“ သြော်..ဇာတ်ကြောင်းတွေ ရှိသေးတယ်ပေါ့ ..လုပ်စမ်းပါဦးဟ”

 ဟု ဆိုသောအခါ ဥမ္မာက ..

“ ပြူးကျယ်နော်..နင်ပြောရဲ ပြောကြည့်” 

ပြောပြောဆိုဆို ပြူးကျယ်ကို တစ်ခုခု လုပ်မည့်ဟန်လေး အပြင်တွင် မိဖြူက ရယ်ရယ်မောမောနဲ့ ဥမ္မာ့ ပခုံးလေးကို

ဖက်ပြီး အတွင်းခန်းထဲသို့ ဝင်သွားကြလေသည်။

ထိုအခါမှ ပြူးကျယ်က စပ်ဖြဲဖြဲနဲ့…

“ ဒီလိုကွ..သာဂိရ..မနေ့က ငါတို့ ကန်ဘောင်ကနေ ဆင်းပြီး မြို့ထဲ သွားမယ် အလုပ်မှာ စဖြစ်တာကွ”

ပြူးကျယ်သည် ဥမ္မာနဲ့ လက်ချင်းတွဲ၍ လမ်းလျှောက်နေရင်း ဓာတ်ပုံသွားရိုက်မည်ဟု တွေးမိသည်။ ဥမ္မာ့ကို ပြောပြတော့ ဥမ္မာကလည်း သဘောတူသည်။သို့နဲ့ ဘတ်စ်ကားစီး၍ လှည်းတန်းလမ်းဆုံသို့ သွားကြသည်။ လမ်းဆုံတွင် ဆင်းပြီး ဓာတ်ပုံဆိုင်တွေဘက် အသွားတွင် ဥမ္မာက ..

“ ဈေးမှာ ပန်းသွားဝယ်ရအောင်ဟာ..ငါ ဓာတ်ပုံရိုက်ရင် ပန်းလေးတွေနဲ့ ရိုက်ရတာ သဘောကျတယ်ဟ..သွားဝယ်မယ် နော်”

နော်.. လို့ ပြောလို့မှ မဆုံးခင် ပြူးကျယ်က ခေါင်းငြိမ့်ပြီးသား ဖြစ်ကာ နှစ်ယောက် လှည်းတန်းဈေးတွင် ပတ်ကြပြန်သည်။ ဥမ္မာသည် ဟိုပန်း၊ဒီပန်း ရွေးရင်း ဈေးဆစ်ရင်း တစ်ဆိုင်ကနေ တစ်ဆိုင်ပြောင်းရင်း ပြူးကျယ်ကို လှည့်လှည့်ကြည့်၍ လှလားဟင်ဟု မေးရင်း အလုပ်တွေရှုပ်နေလေသည်။ ပြူးကျယ်ကတော့ ဥမ္မာ ဘာလုပ်လုပ် ပြုံး၍ ကြည့်နေမိရင်း ချစ်စိတ်တေါသာ တိုးနေမိသည်။

တစ်ချက်တွင်…ဥမ္မာသည် ရေမွှေးနှင်းဆီတွေကို ကြည့်နေရင်းမှ ဟိုဘက်ဆိုင်က သစ်ခွကို လှမ်းအမြင်တွင် အမှတ်မဲ့ ခြေလှမ်းလိုက်ရာ အောက်က ဗွက်အိုင်ကိုနင်းမိပြီး ယိုင်ထွက်သွား၏။ ပြူးကျယ်က မြင်၍ လှမ်းအဆွဲတွင် သူပါ ခြေထောက်က ချော်ထွက်သွားပြီး နှစ်ယောက်သား ဗွက်အိုင်ထဲ လဲတော့သည်။ ဥမ္မာ သည် ရှက်တာရော၊ နာတာရော ပေါင်း၍ ငိုမဲ့မဲ့လေးဖြစ်နေသည်။ 

အောက်ပိုင်းတစ်ခုလုံးကား ဗွက်ရေတွေစိုလျှက်။ မျက်နှာလေးတွင်လည်း ရွှံစက်လေး တစ်ချို့ ကပ်ပေလျှက်။ ပြူးကျယ်လည်း ပုဆိုးတစ်ထည်လုံး ညစ်ပတ်သွား၏။ဥမ္မာသည် ရှက်ရှက်နဲ့ ဗွက်ထဲတွင် ထိုင်နေရင်း ပြူးကျယ်ကို ထုရင်း နင် အသုံးမကျလို့ ဟုဆို၏။ ပြူးကျယ်လဲ စပ်ဖြဲဖြဲနဲ့ အေးပါဟာ ဟုတ်ပါတယ်။ ခုတော့ ထဦး။ 

နင်က ထိုင်နေတော့မှာလား ဟုဆိုကာ ဆွဲထူရသည်။ ဥမ္မာသည် ရှက်ရှက်နဲ့ ထရင်း ငါ ဘယ်လိုလုပ်ပြန်တော့မလဲ၊ ဒိပုံကြီးနဲ့..ငါ ထမီ ဝယ်ပေးမယ်လေ..လာသွားမယ် ဆိုကာ နီးစပ်ရာ မျက်စောင်းထိုးက ဆိုင်တစ်ခုထဲ လှမ်းရန်ပြင်စဉ် ဥမ္မာက ငါမလိုက်ချင်ဘူး။ဒီကစောင့်နေမယ်ဟာ..နင့်ဟာနင် သွားဝယ်လိုက်ပါဟာနော်..ငါ လမ်းမပေါ်မထွက်ချင်လို့ပါ ..ဆိုတော့ ပြူးကျယ်လဲ ခေါင်းကုပ်ရင်း တွေ့ရာဆိုင်ထဲ ထမီဝင်ဝယ်ရာ ချူပ်ပြီးသား မရှိချေ။ 

ပုဆိုးတစ်ထည်လုံး ဗွက်တွေ ပေလျှက် ထမီ လာဝယ်နေသော ပြူးကျယ်ကို အရောင်းစာရေးမလေးတွေက ကြည့်ပြီးတခိခိ ရယ်ကြ၏။ ပြူးကျယ် ရှက်တော့ ရှက်မိသော်လည်း သူ့ထက်ရှက်ရှာမည် ဖြစ်သော ချစ်သူကို ဦးစားပေးရမည် ဖြစ်သည့်အတွက် ရှက်ရှက်နဲ့ပဲ ထမီစကပ်တစ်ထည် ဝယ်လိုက်လေသည်။ဝယ်ပြီး ပြန်လာတော့ ဥမ္မာသည် မျက်ရည်လေးတွေဝဲလျက် သူ့ကို စောင့်နေသည်ကို တွေ့ရသည်။ ပြူးကျယ်သည်ဝယ်လာသော စကပ်ကို ဥမ္မာ့လက်ထဲထိုးထည့်လိုက်ရင်း ရော့..ရော့ ..မြန်မြန် လဲလိုက် ဟုဆိုမိသည်။ 

ဥမ္မာက မျက်ရည်လေး ဝဲလျက်..ကောင်စုတ်..ဒီမှာ လဲလို့ ရမလားဟဲ့..အိမ်သာဘက်သွားရအောင်ဟာ..ဆိုကာ အများသုံး အိမ်သာဘက် သွားရန် ပြင်စဉ် ပြူးကျယ်သည် ချက်ကနဲ အကြံရပြီး…လာ..လာ..ဥမ္မာ သန်းအေးတို့ အိမ်သွားမယ်၊

ဟိုမှာ နင်ရေချိုးလို့တောင် ရတယ် ဆိုကာ ဥမ္မာ့လက်ကိုဆွဲကာ သန်းအေးတို့ အိမ်ပေါ်သို့ တက်လာခဲ့သည်။ သော့ကား ဘယ်သူငယ်ချင်းမဆို အလွယ်တစ်ကူဝင်နိုင်ရန် ခြေသုတ်ဖုံ အောက်တွင်ထိုးထားကြောင်း မနက်က ဘော်ဒါတွေပြောတာ ကြားခဲ့သည်။

အိမ်ရောက်တော့ အဆင့်သင့်ပင် သော့တွေ့၍ ဖွင့်ဝင်ကာ ဥမ္မာ့ကို ရေချိုးခိုင်းရသည်။ ဖြစ်ချင်တော့ သန်းအေးတို့ ဒိတစ်ချီရွာပြန်ရာတွင် နည်းနည်းကြာမည်ဆိုကာ ရှိသမျှ အဝတ်တွေ သယ်သွားကြ၍ ရေလဲပိုင်းလုပ်ဖို့ အဝတ်မရှိဖြစ်နေသည်။ ဥမ္မာက ရတယ်..ပေနေတဲ့ ထမီကို လျှော်ရင်း ဝတ်လိုက်မယ်ဆိုကာ ရေချိုးခန်းထဲ ဝင်သွားသည်။ ရေချိုးခန်းထဲရောက်မှ နင့် ပုဆိုးရော ပေးလေ.. တစ်ခါတည်း လျှော်လိုက်မယ်ဆိုသော အသံကြားရသည်။ 

ပြူးကျယ် ပုဆိုးချွှတ်မည် ကြံပြီးမှ နေပါစေ.. ရတယ်.. ငါ့ဟာငါ လျှော်လိုက်မယ်.. ဟုပြန်အော်လိုက်သည်။ သို့ရာတွင် မရချေ။ အခန်းထဲက ဥမ္မာက

“ ပေးစမ်းပါဟာ လျှာ မရှည်ပါနဲ့ ..ဒီမှာ ငါ တစ်လက်စတည်း လျှော်လိုက်မယ်” 

ဆိုတော့ ပြူးကျယ်လည်း ပုဆိုးချွှတ်၍ စောင်တစ်ထည်ပတ်ကာ ပုဆိုးပေးရန် ရေချိုးခန်း တံခါးကိုဖွင့်လိုက်သည်။ဥမ္မာသည် ရေချိုးခန်း ကြမ်းပြင်ပေါ်တွင် ပုံ့ပုံ့လေး ထိုင်နေသည်။ ရေစက်၊ ရေမှုန်လေးများက ဖြူဝင်းသော လက်မောင်း၊ လက်ဖျံများပေါ်တွင် ခိုသီးလျက်၊ ရင်လျားထားသော ထမီ အထက်ဆင်စ အနက်ရောင်လေး၏ အထက်နားတွင် ဝင်းမို့သော ရွှေရင်နှစ်မွှာ၏ အစသည် မောက်မောက်ကလေး ပြူထွက်နေ၏။

ပြူးကျယ် ပုဆိုးကို ကိုင်ရင်း မတ်တပ်ကြီး မေ့နေသကဲ့သို့ ဥမ္မာ၏ ရေစိုစို အလှတွင် နစ်မြောသွားမိသည်။ ဥမ္မာ့ မျက်နှာလေးရဲတွတ်သွားက ပုဆိုး ကို လှမ်းဆောင့်ဆွဲယူလိုက်ရင်း .. သွား အပြင်ကို ထွက်ဟု ဆောင့်အော်ကာမှ ပြူးကျယ် ယောင်ကန်းကန်းနဲ့ အပြင်ပြန်ထွက်လာသည်။

သို့ရာတွင် သူ့မျက်လုံးထဲ၌ ဥမ္မာ၏ ရင်လျားပုံသည် မထွက်တော့ချေ။ ရေချိုးခန်းထဲကလည်း တခိခိနဲ့ ရီသံကြားရသည်။ ပြူးကျယ် ခုမှ ရင်တွေ ခုန်လာသည်။ သူတို့သည် ခဏ ခဏ ချိန်းတွေ့ဖူးသော်လည်း အဆုံးစွန်ထိတော့ မချစ်ဖူးသေးချေ။ ပြူးကျယ် သွေးတိုးနှုန်းတွေ မြန်လာသည်။အောက်က လိင်တံကလည်း တင်းမာ ထောင်ချင်လာသည်။ ရေချိုးခန်းထဲက ရေတစ်ဗွမ်းဗွမ်း လောင်းချိုးသံကြားရသည်။ ပြူးကျယ် မြင်ယောင်လာပြန်သည်။ 

ထို့နောက်သက်ပြင်းကြီးကို …ဟင်း…ကနဲ ချကာ မျက်လုံးမှိတ်၍ အိပ်ရန်ကြိုးစားကြည့်သည်။ အပူပင် ကင်းသူ ဖြစ်သည့် အတိုင်း ချက်ချင်းကြီး မှေးကနဲ ဖြစ်သွားစဉ် ဥမ္မာ၏ ပြူးကျယ်..ပြူးကျယ်ဟု ခေါ်သံလိုလို ကြားလိုက်ရမှ ဆတ်ကနဲ ထကာ ကြည့်လိုက်တော့ ဥမ္မာက အိပ်ခန်းထဲက ခေါ်နေခြင်းဖြစ်သည်။

“ ဘာလဲဟ..ဥမ္မာ..ဘာဖြစ်လို့လဲ..”

“ နင် ဝယ်လာတဲ့ စကပ်က မတော်ဘူးဟ…”

“ ဟေ..ဟုတ်လား..”

“ အေး..စွပ်လို့ မရဘူးဟ၊ နင့်ဟာက ကလေးဆိုက်လေး”

“ ဟင်..ဟုတ်လား..ငါ သွားပြန်လဲပေးမယ်၊ ဟာနေဦးဟ..ငါ့ ပုဆိုး နင်လျှော်လိုက်ပြီလား”

“ အေး..လျှော်လိုက်ပြီ”

“ ရပါတယ်လေ.. ရေစိုနဲ့ သွားလည်း ဘာမှ မဖြစ်ပါဘူး”

ပြောပြောဆိုဆို ပြူးကျယ်သည် အိပ်ခန်းတံခါးကို ဆွဲဖွင့်လိုက်ရာ..ဥမ္မာသည် မတော်သော ထမီစကပ်လေးကို သူ့ဖင်လုံးကြီးတွေထဲ ဝင်အောင် ကိုယ်လုံးလေးကို ကိုင်းကိုင်းလေးလုပ်ရင်း ဆွဲသွင်းနေသည်ကို တွေ့ရသည်။ 

ခန္ဒာကိုယ်အပေါ်ပိုင်းတွင်မူ ဘရာစီယာလေးတစ်ထည်သာ ရှိနေသည်။ ဥမ္မာသည် တံခါးဖွင့်သံကြား၍ လှည့်အကြည့်တွင် တံခါးဝ၌ ပြူးကျယ်ကို တွေ့ရသောအခါ ယောင်ပြီး မတော်သော စကပ်လေးကို အတင်း ဆွဲမပြီး ဝတ်သည်။သို့ရာတွင် မရ ချေ။ စကပ်ကလေး၏ အကျယ်နိုင်ဆုံးနေရာသည် ဥမ္မာ၏ ပေါင်လည်ခန့်တွင် ဆုံးနေလေသည်။

နောက်မှ မတော်တာကို သတိရကာ ဘေးကတန်းပေါ်တွင် တင်ထားသော ရေစိုထမီကို လှမ်းအဆွဲ ခြေထောက်တုပ်ပြီး လဲတော့သည်။ ပြူးကျယ်လည်း ရပ်ကြည့်နေမိရာမှ ပြေးသွားပြီး ထူလိုက်ရာ ဥမ္မာက ရှက်ရှက်နဲ့ အတင်းတွန်းလွှတ်သည်။

သို့နဲ့ ပြူးကျယ်က လွှတ်အပေး ခြေထောက်များကို စကပ်ကတုပ်ထားသလိုဖြစ်နေ၍ အခြေမခိုင်ကာ ယိုင်သွားပြန်သည်။ ပြူးကျယ်က ထိန်းပေးလိုက်ရပြန်သည်။ ယိုင်သွားသော ကိုယ်လုံးလေးကို မိရာ လှမ်းအထိန်းပြူးကျယ်လက်တစ်ဘက်က ဥမ္မာ့ နို့အုံကို သိမ်းဖက်လိုက်သလို ဖြစ်သွား၏။

ပြူးကျယ်သည် ဥမ္မာ့ကို အကြိမ်ပေါင်းများစွာ နမ်းဖူးသော်လည်း နို့တွေကိုတော့ တစ်ခါမှ မကိုင်ဘူးသေးချေ။ သူ့ဘယ်လက်သည် နှုးညံ့ အိစက်သောပျော့စိစိ အရာတစ်ခုကို အုပ်မိထားသည်။ နှုးညံ့နွေးထွေးလွန်းသော အာရုံတစ်ခုက သူ့လက်မှ တစ်ဆင့် သွေးကြောတွေထဲ စီးဆင်းကာ စိတ်တွေ လှုပ်ရှားလာမိသည်။ ဥမ္မာသည် ပြူးကျယ်လက်ထဲကနေ ယောင်ယောင်လေး ရုန်းရင်း… 

“ လွှတ်ကွာ..ပြူးကျယ်..”

ဟု ဆိုသည်။ ပြူးကျယ်သည် လွှတ်လိုက်သည်။ ကိုင်မိထားသော နို့အုံလေးကို မဟုတ်။ သူဖမ်းထိန်းထားသော လက်မောင်းလေးကို လွှတ်ပြီး ဥမ္မာ့ မေးစေ့လေးကို ဆွဲမလိုက်ကာ အောက်နှုတ်ခမ်းတွေကို စုပ်နမ်းပစ်လိုက်သည်။

ဥမ္မာသည် ခါးလေးကော့ ခြေဖျားလေးထောက်ရင်း ပြူးကျယ်၏ အနမ်းကို ခံယူရှာသည်။ သူ့လက်ကလေးတွေကလည်း ပြူးကျယ်၏ ဇက်ကို သိုင်းဖက်လာကြသည်။ ပြူးကျယ်သည် ဘယ်လက်နဲ့ သူ့ခါးလေးကို ပွေ့ဖက်ထိန်းရင်း ညာလက်က ဘယ်နိ့အုံလေးကို ဖွဖွလေး ပွတ်သပ် ဆုပ်နယ်နေမိသည်။

သူတို့သည် ခုမှ ချစ်ပြီး ခုမှ နမ်းဖူးသူများ မဟုတ်ကြပါ။ စာသင်ခန်း လွတ်များထဲတွင် လည်းကောင်း၊ လှေကားထောင့်ချိုး၊ ကော်ရစ်တာထောင့်ချိုး၊ ပန်းခြံစသည်တို့တွင် မကြာခဏဆိုသလို တွေ့လေ့ရှိပြီး မကြာခဏဆိုသလို နမ်းဖူးသူများ ဖြစ်သည်။သို့ရာတွင် ယခု တစ်ခါ နမ်းရသည်မှာ တော်တော်လေးရင်ခုန်စရာ ကောင်းသည်ဟု ပြူးကျယ် ထင်နေသည်။ ဘာဖြစ်လို့လဲ ဆိုတာတော့ ပြူးကျယ် မပြောတတ်ပေ။ 

ဥမ္မာက ထမီ မရှိပဲ ဘယာစီယာလေးနဲ့မို့လို့လား..ဒါမှ မဟုတ် သူက လည်း အဝတ်စားမပါပဲ စောင်ပတ်ထားလို့လား သေချာ မဝေခွဲနိုင်။ သို့သော် ထိတွေ့နေရသော ဥမ္မာ၏ အဝတ်မရှိသည့်အသားဆိုင်များများမှာ ခါတိုင်းထက် နွေးထွေး အိစက် ရင်ခုန်စေသည်ဟု ထင်မိသည်။

ပြူးကျယ် သည် ဥမ္မာ့နို့အုံလေးကို ဘရာစီယာ ပေါ်မှ အုပ်ကိုင်နေရင်းကနေ ဘရာစီယာလေးကို အပေါ်သို့ တွန်းပင့်လိုက်သည်။ လိမ္မော်သီး လုံးလုံးလေးတင်ထားသကဲ့သို့ မို့မောက်လုံးဝန်းကာ ပန်းသွေးရောင်ထနေသော နို့အုံလေးတစ်လုံးသည် အချူပ်နှောင်မှ လွှတ်ခြင်းခံရ၍ ပျော်မြူးသွားသည့်အလားဖျတ်ကနဲ တစ်ချက် ခုန်ပြီး နောက် တုံတုံ တုံတုံ လေးဖြစ်လျက် ပြူးကျယ် ရှေ့တွင် ပြူထွက်လာလေသည်။

ပြူးကျယ်သည် ထို နို့အုံလေးကို လက်နဲ့ ဖွဖွလေး ပွတ်ကိုင်ကြည့်ရင်း ထိပ်သီးခေါင်းလေးကို ကုန်းစို့မိသည်။ ဥမ္မာသည် ပြူူးကျယ် ခေါင်းကို အုပ်ကိုင်လိုက်ရင်း ခါးလေးကော့ကာ ဘာမှန်းမသိသော ညည်းသံလေးကို ပြုသည်။ ပြူးကျယ်သည် နောက်နို့သီးလေး တစ်လုံးကိုပါ လှန်လိုက်ပြန်သည်။

ထို့နောက် ဗိုက်ဆာနေသော သားသငယ်ကဲ့သို့ ဘယ်ညာ တစ်လှည့်စီစို့ရင်း လက်က တစ်လုံးစီကိုင်ရင်း ဆက်တိုက် စို့နမ်းနေရာ ဥမ္မာ့ ဗိုက်သားပြင်လေးတွင်ကြက်သီး မွှေးလေးများ ထောင်ထလာသည် အထိဖြစ်၏။အရပ်ချင်း မတူသည့်ပြင် ခါးကိုင်း၍ နို့စို့နေရသောကြောင့် ဒူးကွေးထားရသော ပြူးကျယ်သည် အနည်းငယ် နေရာရွှေ့လိုက်ရာ ကိုယ်တွင် ပတ်ထားသော စောင် ပြေကျသွား၏။ သို့သော် ပြူးကျယ် ပြန်မကောက်တော့။ သတိထားလိုက်မိသော ဥမ္မာက ..

“ တော်ပြီကွာ.. ပြူးကျယ်ရာ.. တော်ပြီနော်..တော်လောက်ပြီဟာ..”

ပြူးကျယ်က ဘာမှ ပြန်မပြောချေ။ စို့နေသော နို့အုံလေးများဆီမှ မျက်နှာကို ခွာပြီး ဥမ္မာ့ မျက်နှာကို သေချာကြည့်သည်။ ဥမ္မာ၏ မျက်နှာလေးသည် ပန်းသွေးရောင် ထကာ နီဆွေးဆွေး ဖြစ်လျက် အနည်းငယ် မောနေဟန်ဖြင့် နှုတ်ခမ်းလေးဟလျှက်ရှိ၏ ပြူးကျယ်သည် ဘာမပြော၊ ညာမပြောနဲ့ ဥမ္မာ့ကို ကောက်ပွေ့ချီလိုက်ကာ ကုတင်ပေါ် တင်လိုက်သည်။ 

ဥမ္မာသည် ရှေ့ဘာဆက်ဖြစ်တော့မည်ကို ရိပ်မိဟန်ရှိသည်။ မျက်လုံးလေးတွေကို စုံမှိတ်၍လက်ဝါးလေး နှစ်ဘက်ဖြင့် အုပ်ထားသည်။ပြူးကျယ်သည် ဥမ္မာ၏ ကိုယ်အောက်ပိုင်းတွင် ခုထိ တစ်နေသေးသော စကပ်ကိုဆွဲချွှတ်ပစ်လိုက်သည်။ ထိုအခါ စကပ်နဲ့တုပ်နေ၍ စေ့ထားသလို ဖြစ်နေသော မိန်းမကိုယ်လေးသည် ဟသွားသော ပေါင်လုံးလေးများကြားတွင် မည်းကနဲ ပေါ်လာတော့သည်။

ပြူးကျယ်သည် ထိုနေရာလေးကို လက်ဝါး နဲ့ အုပ်၍ ကိုင်ကြည့်လိုက်သည်။ ဥမ္မာ တွန့်ကနဲ ဖြစ်သွားပြီး ပေါင်လုံးလေးတွေ လိမ်ပစ်လိုက်ရာ ပြူးကျယ်လက် ညှပ်နေသည်။ထိုအခါ ပြူးကျယ်က ကျန်သည့်လက်တစ်ဘက်ဖြင့် ယှက်လိမ်ထားသော ပေါင်လုံးကြီးကို ဆွဲခွာသည်။ တော်တော်နဲ့ မရချေ။ ဥမ္မာက တောင့်ထား၍ အလွယ်နဲ့ ခွာမရ ဖြစ်နေပြန်သည်။အတင်းလုပ်ပြန်လျှင်လည်း ဥမ္မာ နာသွားမှာ စိုးသည်။ မလုပ်ပြန်လျှင်လည်း သူဘာမှ ရှေ့ဆက်လို့ ရတော့မည် မဟုတ်ချေ။

ပြူးကျယ်သည် ချော့မော့သည့်အနေဖြင့် ဥမ္မာ့ ပေါင်လုံးလေးတွေကို နမ်းလိုက်သည်။ နှုတ်ခမ်းနဲ့ ထိရုံရှိသေး ၊ ပေါင်တံ အတွင်းသား တစ်လျှောက် ကြက်သီးဖုလေးတွေ တန်းစီ ထသွားကာ အမွှေးနုလေးတွေ ဖြိုးဖြုးဖျင်းဖျင်း ထောင်ထလာသည်ကို တွေ့လိုက်ရသည်။ပြူးကျယ်သည် ပေါင်တံတစ်လျှောက် နှုတ်ခမ်းနဲ့ ပွတ်နမ်းရင်း အထက်သို့ တက်သွားရာ ဥမ္မာ့ မျက်နှာလေးဆီ အရောက်၌အောက်နှုတ်ခမ်းသားလေးကို ငုံခဲလိုက်သည်။ 

လက်က နိ့သီးခေါင်း ထိပ်သီးလေးတစ်ခုကို ဖွဖွလေး ချေမိရာ ဥမ္မာ နာလို့လား မသိ၊ ခါးလေးကော့ရင်း ပေါင်လုံးလေး နည်းနည်းဟသွားရာ ပြူးကျယ်က သူ့ပေါင်ကြီးကို ထိုးသွင်းလိုက်သည်။ထိုအခါမှ ဥမ္မာလည်း ပြန်သတိရပြီး သူ့ပေါင်တံလေးတွေကို ပြန်စေ့ရန်ကြိုးစားပါသော်လည်း ကြားထဲတွင် ခံနေသော ပြူးကျယ်ပေါင်တံကြီးကို တွန်းမဖယ်နိုင် ရှာတော့ပေ။

ပြူးကျယ်သည် ဝင်လို့ရနေသော ပေါင်လုံးဘေးတွင် နောက်တစ်ချောင်းကိုပါ ထပ်ထည့်ရင်း ဥမ္မာ့ ပေါင်နှစ်လုံးကြားတွင် တစ်ကိုယ်လုံး နေရာယူလိုက်သည်။ဥမ္မာ၏ ပေါင်လုံးလေး နှစ်လုံးသည် ကြားထဲတွင် ပြူးကျယ်၏ ခန္ဒာကိုယ်ကြီး ဝင်ရောက်လာ၍ တော်တော်လေး ဟပေးလိုက်ရရာ မိန်းမကိုယ်လေးမှာ ပို၍ပြူးပြူးပြဲပြဲလေး ပေါ်လာတော့သည်။ 

ပြူးကျယ်သည် သူ၏ ငယ်ပါကို ကိုင်ပြီး ဥမ္မာ၏ မိန်းမကိုယ် အပေါက်ဝတွင် တေ့လိုက်သည်။ ဥမ္မာအောက်နှုတ်ခမ်းလေးကိုက်ထားသည်။ ပြူးကျယ် နည်းနည်း ဖိသွင်းလိုက်သည်။ မဝင်ချေ။ဥမ္မာသည် ကြောက်ကြောက်နဲ့ ပေါင်လုံးလေး နှစ်ချောင်းကို တောင့်ထားသော ကြောင့် ပြူးကျယ်က ခါးအားနဲ့ လိင်တံကို ဖိအသွင်းတွင် ဥမ္မာ၏ ပေါင်တံလေးတွေကို တွန်းရွှေ့သလို ဖြစ်ပြီး ကိုယ်လုံးလေးက အပေါ်ဘက်သို့ ရွေ့ကနဲတက်သွားသည်။ 

ဝင်သာ မဝင်သော်လည်း ထိပ်ဖျားက မိန်းမကိုယ် နှုတ်ခမ်းသားတွေကို ပွတ်တိုက်သွား၍ ဥမ္မာ့တစ်ကိုယ်လုံး ကြက်သီး တစ်ဖြန်းဖြန်း ဖြာသွားလေသည်။တော်ရုံနဲ့ စိတ်မလျှော့တတ်သော ပြူးကျယ်သည် နောက်တစ်ကြိမ် ကြိုးစားပြန်သည်။ မရပြန်ချေ။ ရွေ့သွားပြန်သည်။ ကလိခံနေရသလို ဖြစ်လာ၍ ဥမ္မာ့မိန်းမကိုယ်ထဲမှ အရည်ကြည်များ ရွှဲထွက်လာသည်။ ပြူးကျယ် အားနည်းနည်း တက်သွားသည်။ 

သူသည် တစ်ခါမှ မလုပ်ဖူးသော်လည်း ကြားဖူးနားဝ အတွေ့အကြုံတော့ ရှိသည်။ ဒီလို အရည်တွေ ထွက်လာလျှင် လုပ်ရ ကိုင်ရ လွယ်တော့မည်။ပြူးကျယ် ဘယ်လက်နဲ့ ဥမ္မာ့ ခေါင်းအောက်ကို လျှိုကို ပခုံးတစ်ခုလုံးကိုဖမ်းချူပ်လိုက်သည်။ ညာလက်က ငယ်ပါကို ကိုင်ပြီး မိန်းမကိုယ် အပေါက်ဝတွင် တေ့သည်။ 

ဒူးခေါင်း နှစ်လုံးကို မွေ့ယာပေါ် ခပ်ကြဲကြဲ ထောက်ပြီး ဥမ္မာ့ပေါင်တံတွေကို ပိုကားစေလိုက်သည်။ နောက် .. တစ်ဖြေးဖြေးချင်း ဖိချလိုက်သည်။အိကနဲ ဆိုသလို ကွမ်းသီးခေါင်း မြုပ်ဝင်သွားသည်။ ဥမ္မာ မေးလေးကော့ထိုး၍ ပြူးကျယ် ပခုံးစွန်း နှစ်ဘက်ကို အတင်းဆုပ်ထားသည်။ ပြူးကျယ် ထပ်ဖိချလိုက်ပြန်သည်။ မဝင်ချေ။ 

တစ်ခုခု ခံနေသလိုလို.. အတွင်းတွင် တစ်ခုခုက တားထားသလိုလို ဖြစ်နေသည်။ ဥမ္မာသည် ကုတင် ခေါင်းရင်းက တန်းကို လက်နောက်ပြန် လုပ်၍ အတင်းဆုပ်ပြီး တောင့်ခံထားသည်။ ပြူးကျယ် ခါးကို နည်းနည်း ပြန်ကြွပြီး ဖိချလိုက်ပြန်သည်။ ခပ်ကြပ်ကြပ် ဝါရှာကွင်းတွင်းသို့ မတန်တရာ မူလီ ထည့်လိုက်သည့်အလား တစ်ချက် တင်းကနဲ ခံနေပြီး

“ ပလွတ်” 

ကနဲ အသံ ကြားလိုက်သလား ထင်ရအောင် တိုးဝင်သွားသည်။ဥမ္မာသည် ခေါင်းလေးထောင်ထလာရင်း..

“ နာတယ်..ပြူးကျယ်..နာတယ်ဟာ..နင်အရမ်းလုပ်တာပဲ..နာတယ်ဟာ” ဟု တိုးတိုးလေး ရေရွတ်နေသည်။ ပြူးကျယ် ဥမ္မာ့ကို သနားသွားမိသည်။ ဘာဖြစ်ဖြစ် သူမသည် သူ့ချစ်သူဖြစ်သည်။ မနာကျင်စေချင်ပါ။

သို့ရာတွင် ဒိကိစ္စသည် တစ်နေ့ မဟုတ် တစ်နေ့ ကြုံကိုကြုံရမည့် ကိစ္စလည်း ဖြစ်သည်။ ပြူးကျယ် ချစ်သူကို နှစ်သိမ့်သည့် အနေဖြင့် နှုတ်ခမ်းလေးတွေကို ဖိနမ်းလိုက်သည်။ ဥမ္မာသည် မည်သို့မျှ တုန့်ပြန် လှုပ်ရှားခြင်း မရှိပေ။ အတွေ့ကြုံသစ်ကြောင့် မိန်းမောနေသလား.. နာကျင်ခြင်းကြောင့် တွေဝေနေသလား မဆိုနိုင်။ လုံးဝ မလှုပ်မယှက် မျက်လုံးလေး စုံမှိတ်ထားသည်။

ပြူးကျယ် ခါးကို ပြန်ကြွလိုက်သည်။ ကျပ်တည်းသော အသားဆိုင်များက ဝိုင်းညှပ်ထား၍ ထိပ်ဖျားတစ်ခုလုံး ကျိန်းနေအောင် အားစိုက်ပြီး ပြန်ထုတ်ရသည်။ နောက် ဖြေးဖြေးမှန်မှန်လေး ကပ်ပြီး တစ်လက်မခန့်သာ အဝင် အထွက်လုပ်ရင်း ညှောင့်နေမိသည်။ ဥမ္မာ့ ကိုယ်လုံးလေးသည် လှိုင်းကြက်ခွပ်လေးထဲတွင် ရေလွှာစီးသကဲ့သို့ ငြိမ့်ငြိမ့်လေး လှုပ်နေ၏။ အောက်က မိန်းကကိုယ်ကလည်း အရည်တွေ ပိုထွက်လာသဖြင့် ပြူးကျယ်အဖို့ လုပ်ရတာ စီးစီးပိုင်ပိုင် ဖြစ်လာသည်။ 

ပြူးကျယ် မထိန်းနိုင်တော့။ ပြီးချင်လာပြီ ဖြစ်သည်။ ထိန်းဖို့လည်း သူမကြိုးစားချင်တော့။ အဘယ့်ကြောင့်ဆိုသော် ဤအကြိမ်သည် သူ့အတွက်လည်း ပထမဆုံးဖြစ်သောကြောင့် ဖြစ်သည်။ ပြူးကျယ် ခပ်မှန်မှန် လုပ်နေရာမှ လေးငါးချက်ခန့် တရကြမ်း ဆောင့်ချ မိသည်။ ဥမ္မာ့ တင်ပါးခွက်နဲ့ သူ့ဆီးခုံရိုက်မိ၍ ဖောင်းကနဲ ဖောင်းကနဲ မည်အောင်ကို ဆောင့်မိခြင်းဖြစ်ရာ ဥမ္မာသည် ပခုံးလေး တစ်ဘက်စောင်းပြီး ကိုယ်လုံးလေးလိမ်လျှက် တစ်အင့်အင့် ဖြစ်နေသည်။

ပြူးကျယ်သည် ထလာသော ရာဂစိတ်၏ ခိုင်းစေမူကို မငြင်းဆန်နိုင်တော့ပဲ နာကျင်မူမှ သက်သာရာ ရလိုရငြား ကိုယ်လုံးလေး စောင်းထားသော ချစ်သူ၏ပခုံးကို အတင်းဆွဲပြီး ဆက်တိုက် ချလိုက်ရင်း လရေတွေ တစ်ဗြင်းဗြင်းထွက်လျှက် ပြီးသွားတော့သည်။

သူ့ အရေတွေသည် အရှိန်ပြင်းစွာ ဥမ္မာ့ကိုယ်တွင်းသို့ ပန်းဝင်သွားကြပြီးမှ မိန်းမအရေတွေကို အဖော်ခေါ်ပြီး ပြန်ထွက်လာကာ ဥမ္မာ့ ဖင်ကြားတစ်ဝိုက်နဲ့ တပ်ရက်ကြီး အမောဖြေနေသော ပြူးကျယ် ဂွေးဥတွေပါ မကျန် ပေရေဖြတ်သန်းစီးဆင်းလျက် မွေ့ယာအခင်းလေးပေါ်တွင် အကွက်လိုက်ကြီး ပျော်မြူးနေကြတော့သည်။ပြူးကျယ် နည်းနည်း မောသွားသဖြင့် ဥမ္မာ့ကိုယ်ပေါ်တွင် မှောက်ရက်ကြီး အမောဖြေနေစဉ် တစ်ဟင့် ဟင့် နဲ့ ငိုသံကို ကြားမှ သတိဝင်လာပြီး ချစ်သူကို ကြည့်မိစဉ် သူကား ငိုနေလေပြီ။

မျက်ရည်လေးတွေ တွေတွေကျလျက် တိုးတိုးလေးငိုရှိုက်နေသော ဥမ္မာ့ကို မြင်သောအခါ ပြူးကျယ်သည်ဘေးသို့ လှိမ့်ဆင်းလိုက်ရင်း ပါးပြင်ပေါ်က မျက်ရည်လေးတွေကို သုတ်ပေးမိသည်။ထိုအခါကျတော့မှ ဥမ္မာသည် ပြူးကျယ် ရင်ခွင်တွင်းသို့ ကလေးငယ် တစ်ဦးလို ခေါင်းထိုးဝင်လာရင်း တစ်သိမ့်သိမ့်ငိုပါလေတော့သည်။ ပြူးကျယ် ကိုယ်ချင်းစာနိုင်ပါသည်။ 

သူ နှစ်ရှည်လများ အမြတ်တနိုးထိန်းသိမ်း ယုယလာသော ပန်းပွင့်လေး ယနေ့ ခူးယူခံလိုက်ရ၍ ဝမ်းနည်းလိမ့်မည် ဖြစ်ကြောင်း သိပါသည်။ ထို့ကြောင့် ဘာမျှ မပြောတော့ပဲ သူ့ရင်အုံပေါ်တွင် မှီတွယ်ရင်း ငိုရှိုက်နေသော ချစ်သူ ခေါင်းလေးကိုသာ ဖွဖွလေး ပွတ်သပ်ချော့မြူနေမိသည်။ အချိန်အနည်းငယ် ကြာတော့ ဥမ္မာ့ရှိုက်သံလေးတွေ တိုးတိုးလာပြီး သူ့ကို …

“ ပြူးကျယ်..နင် ငါ့ကို လက်ထပ်ရမယ်နော်”

ပြူးကျယ် ခေါင်းငြိမ့်ပြသည်။ သူမက မမြင်။ ထို့ကြောင့် ပြူးကျယ်ကို အလန့်တကြား မော့ကြည့်ရင်း..

“ နင် ငါ့ကို လက်မထပ်ချင်ဘူးလား..ဟင်..ပြူးကျယ်”

“ ဒီမှာ ငါ ခေါင်းငြိမ့်ပြနေတယ်လေဟာ..”

“ ဘယ်လိုလုပ် မြင်မှာလဲလို့”

“ အေးပါဟာ..ဆောရီး..ငါ နည်းနည်း မောသွားလို့ပါ”

“ အောင်မယ်..နင်က မောရုံတင်၊ ငါဘယ်လောက် နာလဲ၊ နင်သိလား၊ နင့်ကို ချစ်လို့သာ၊ နို့မို့ဆို ငါ ထွက်ပြေးတယ်”

ပြူးကျယ်သည် ချစ်သူကို သနားစိတ်ဖြင့် မြတ်နိုးစွာ ထွေးဖက်ထားလိုက်မိသည်။ ဥမ္မာက သူ့ ရင်အုံပေါ်တွင် မှီတွယ်ရင်း..

“ နင် ကျေနပ်ပြီ မဟုတ်လားဟင်..နင်ကျေနပ်ဖို့ဆို ငါ ဘာမဆို လုပ်ပေးချင်ပါတယ် ပြူးကျယ်ရယ်”

“ ပြူးကျယ်..မင်း အဲဒီ တစ်ခါထဲ လုပ်တာလား”

“ အေး”

“ အဲဒါနဲ့များ ဘာလို့ အိမ်မပြန်တာလဲ၊ အရမ်းစွဲသွားလို့လား”

“ စွဲတာတော့ စွဲတာပေါ့ကွာ၊ ငါတို့လည်း ပြန်ဖို့ပါပဲ၊ ဒါပေမယ့် အိပ်ပျော်သွားကြလို့ကွ၊”

“ ဟေ..”

“ အေး..ဟုတ်တယ်၊ မှေးကနဲ ပျော်သွားတာကွ၊ နိုးလာတော့ ၁၂ နာရီလောက် ရှိပြီလေ..အဟီး”

“ ဟ..မင်းကလည်း..ဒီလောက်ကြီးတောင် အိပ်ရတယ်လို့….ဟေ့ကောင် မင်းမှန်မှန်ပြော..နောက်တစ်ချီ ဆွဲသေးတယ် မလား..”

“ အဟီး..အေးကွ..ပထမတစ်ခါ ချပြီး တော်လေးကြာတော့ စိတ်ပါလာတာနဲ့ နောက်တစ်ခါ လုပ်ဖြစ်သေးတယ်..ဟီး

“ မင်းကတော့လေ..ကဲ ..ထားပါတော့..မင်းကို ကိုကြီးမောင်က မှာလိုက်တယ်၊ ဥမ္မာ့ကို ပြန်အပ်ရဦးမယ်တဲ့၊ ပြန်လာခဲ့ပါတဲ့၊”

“ နေဦးကွာ..ဒီမှာနေဦးမယ်၊ ဒီမှာက လူရှင်းတယ်ကွ၊ ဟီးဟီး”

“ ခွေးကောင် ၊ဒါပဲ စဉ်းစားနေ..ကိုကြီးမောင်ကို ဘာပြောလိုက်ရမလဲ”

“ တစ်ပတ်၊ နှစ်ပတ်လောက်နေမှ ပြန်လာမယ် ပြောလိုက်ကွာ၊ ခုချိန် သူ့ကို ပြန်အပ်လိုက်ရင် ပြန်တောင်းရမှာနဲ့ မင်္ဂလာဆောင်ရမှာနဲ့ တစ်လလောက်ခွဲနေရမှာကွ၊ ခွဲချင်သေးဘူးကွာ”

“ နှာဘူး..၊တဏှာရူး”

“ အောင်မယ်..မင်းရော ဘာထူးလို့လဲ”

“ ဟား ဟားဟားဟား….”

သူငယ်ချင်းနှစ်ယောက် သဘောကျစွာ ရယ်မိစဉ်မှာပင် အိပ်ခန်းထဲကလည်း ခိုးခိုးခစ်ခစ် ရယ်သံလေးတွေ ကြားရသည်။ ထို့နောက် သာဂိက ပြူးကျယ်ကို အိပ်ထဲက ပိုက်ဆံရှိသမျှကို ကားခသာချန်၍ ထုတ်ပေးသလို မိဖြူကလည်း စလင်းဘတ်အိပ်ထဲတွင် ထည့်လာသော အဝတ်နှစ်စုံကို ဥမ္မာအား ပေးလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက် ပြူးကျယ်တို့ကို နှုတ်ဆက်ပြီး ထွက်လာခဲ့ကြသည်။ နှစ်ယောက်စလုံး၏ အတွေးအာရုံတွင် လန်းဆန်း ပျော်မြူးနေသော ပြူးကျယ်တို့ စုံတွဲကို မြင်ယောင်ကာ တိတ်တိတ်လေး အားကျလျှက်ရှိနေကြသည်။

သာဂိသည် မိဖြူကို သူမ ကားစီးမည့် ပြည်လမ်းမဘက်သို့ လိုက်ပို့သည်။ သူသည် နဖူးကြောရှုံ့အောင် တွေးရင်း လမ်းလျှောက်လာရာ ဘေးက မိဖြူကိုပင် မေ့နေသကဲ့သို့ ရှိသည်။ မိဖြူကလည်း ဘာမျှမပြောချေ။ ကားလမ်းကို ဖြတ်ကူးတော့မှ မိဖြူလက်ကလေးကို ဆုပ်ကိုင်စဉ် မိဖြူသည် သူ့လက်ကို တင်းကနဲနေအောင် တစ်ချက်ဆုပ်ညှစ်လိုက်သည်။

မိဖြူဘာပြောချင်သနည်း၊ အားကျနေမိသော သူ့ကို စိတ်မပျက်ဖို့ ပြောတာလား ဒါမှမဟုတ် သူတို့ကို အတုယူလိုက်ဖို့ ပြောတာလား ဘာမှန်းမဝေခွဲနိုင် ဖြစ်နေသည်။မိဖြူမျက်နှာလေးကို ကြည့်တော့လည်း သူမမျက်နှာလေးသည် ငြိမ်သက်နေသော ကန်ရေပြင်ကဲ့သို့ ပကတိ တည်ငြိမ်လျှက်။ သာဂိ ရင်ထဲက လေပူတွေကို

“ ဖူး”

ကနဲ မှုတ်ထုတ်လိုက်ရင်း ခေါင်းထဲက အတွေးတွေကို ထုတ်ပစ်လိုက်သည်။ ဘာပဲ ဖြစ်ဖြစ် ကျေးဇူးရှင် ဒေါ်လေးစကားကိုတော့ နားထောင်ရပေမည်။နှစ်ပတ်ခန့် အကြာတွင် ပြူးကျယ်တို့ လက်ထပ်သည်။ သူတို့ တိုက်တန်းဘက်ရှိ ဥမ္မာ့ မိဘများ အိမ်တွင်ပင် အကျွေးအမွေးနဲ့ ဧည့်ခံပွဲလုပ်သည်။ ပြူးကျယ်သည် ဥမ္မာတို့အိမ်တွင် လိုက်နေရမည် ဖြစ်သည်။

ဥမ္မာ့မိဘများက တစ်ဦးတည်းသော သမီးကို မခွဲနိုင်သကဲ့သို့ ပြူးကျယ်တို့ အိမ်ကျတော့လည်း ညီအစ်ကိုတစ်စုဖြင့် လူများနေပြန်သည် ဖြစ်ရာ နောက်ဆုံးတွင်တော့ အခြေနေ ကြောင်း ပေါင်းစုံ၍ ပြူးကျယ်သည် ယောက္ခမအိမ်တက် သားမက် ဖြစ်သွားလေသည်။သာဂိသည် ကျောင်းချိန်အမှီရောက်ဖို့ မနက် ၆ နာရီခန့်ထရလေသည်။ ခါတိုင်းကဲ့သို့ ဇိမ်ယစ်၍ နေဖင်ထိုးသည်အထိ မှိန်းမနေနိုင်။ ကမန်းကတမ်း ရေချိုးထမင်းစားပြီးသည်နဲ့ ညကတည်းက ဒေါ်လေးထည့်ပေးထားသော ထမင်းချိုင့်လေးဆွဲကာ ဖယ်ရီ အမှီပြေးရလေသည်။ 

သူတို့တက်ရသော ကျောင်းရောက်ဖို့ ကားပေါ်တွင် နှစ်နာရီခန့် အိပ်ငိုက်ပြီး ပါသွား၏။ ဒုန်းဒုန်း ဒိုင်းဒိုင်း ဂလုံးဂလွမ်း သံကြားလျှင် မျက်စိ မှိတ်ထားလျှက်က သိ၏။ တံတားပေါ်ရောက်ပြီ။ တစ်ကိုယ်လုံး ယိမ်းထိုးသွားအောင် ကွေ့လိုက် ဂီယာချိန်းသံ တဂီးဂီး သံပေါ်လိုက် ဆိုလျှင် သံလျင် ရောက်ပြီ။ ကျောင်းရောက်၍ ကားပေါ်က ဆင်းတော့ လယ်ကွင်းတွေကြားက ကျောင်းတော်ကြီးသည် ခန့်ငြားထည်ဝါစွာ သူ့ကို ပြုံးဖြီးဖြီးကြီး ငုံကြည့်နေတာတွေ့ရသည်။ 

သာဂိက ကျောင်းတော်ကြီးကို စိုးရွံလေးစားစွာ ပြန်လည် နှုတ်ဆက်ဖို့ကြံလိုက်သော်လည်း ဆိုးရွားလှသော အနံ့ဆိုးများကြောင့် နှာခေါင်းပိတ်လိုက်ရသဖြင့် နှုတ်မဆက်ဖြစ်တော့ပေ။ကျောင်းတော်ကြီးသည် ခန့်ညားသော်လည်း ရေမချိုးသောကြောင့် အနံ့ဆိုးထွက်သည် ထင်သည်။ သာဂိသည် ရုတ်တရက်မို့ အဆင်မပြေဖြစ်သွားသော်လည်း တောကလာတဲ့ ရွာသားပေပဲ။ 

ခဏချင်းဆိုသလို လယ်တောဘေးက ချူံပုတ်တို့နဲ့ ရင်းနှီးသွားတော့သည်။ အန္တရာယ်သည် လွယ်ထားလို့ရကောင်းသော အရာမဟုတ်ချေ။ မလွယ်နိုင်သော အန္တရာယ်ကို ထုတ်အန်ပြီးသော အခါတွင်လည်း သန့်စင်ခြင်းမလုပ်ပြန်က သာဂိကို ဘယ်ကားသမားကမှ တင်ခေါ်မည် မဟုတ်။ ထို့ကြောင့် ထိုနှစ်က သာဂိ ဗလာစာအုပ် အများအပြားကုန်သည်။

ထိုသို့ သာဂိတစ်ယောက် ဆူးခြုံ၊ခရာ ၊ဗလာစာအုပ်၊ အိပ်ငိုက်ခြင်းတို့နဲ့ လုံးထွေးရင်း ရံဖန်ရံခါ ဖယ်ရီမမှီသော ရက်များဆိုလျှင် ချစ်သူရှိရာ ဒဂုံသာသို့ ကြွလှမ်းတော့သည်။ဒဂုံကတော့ အဝင်ကတည်းက မဆိုးဟု ဆိုရမည်ဖြစ်သည်။ မူရင်းဌာန လှိုင် နယ်မြေကို မမှီဟုထင်သော်လည်း သူတို့ သန်လျင်ထက်တော့ နေချင်စဖွယ်ရှိ၏ ဟုထင်မိသည်။ 

သို့သော်လည်း သာဂိ မပျော်မိချေ။ ချစ်သူကို ကော်ရစ်တာ ထောင့်စွန်း ခေါ်ထုတ်ပြီး စကားပြောမည် ကြံသော် ဆရာမ ငယ်ငယ်လေးက တိုက်ချင်းပစ် ဒုံးကျည်ထက် ပြင်းသော မျက်စောင်း ဒုံးကျည်ဖြင့် ဒိုင်းကနဲ ထိုးလွှတ်သည်။သာဂိ လန့်သွားပြီး သေဖော်ညှိဖို့ ဘေးဘီဝဲယာ ကြည့်တော့ ကော်ရစ်တာ တစ်လျှောက်လုံး သူတစ်ဦးတည်းသာ ရှိ၏။

သာဂိ ကုပ်ကုပ်ကလေး ခေါင်းလေးငုံ့၍ ကင်းတင်းပြေးရတော့သည်။ သာဂိသည် စာထဲတွင် စိတ်မပါတော့ချေ။ အရင်တုန်းကရော စိတ်ပါသလားဆိုတော့ အရင်တုန်းကလည်း သိပ်တော့ပါလှသည် မဟုတ်။ သို့သော် ကိုယ်စိတ်ဝင်စား၍ ယူထားသော ဘာသာဖြစ်၍ နှစ်သက်သော ခေါင်းစဉ်မျိုးဆိုပါက သာဂိ အကျေအလည် သဘောပေါက်သည်အထိ သင်ကြားဆွေးနွေးတတ်သည်။ 

ယခု ထိုစိတ်မျိုးပေါ်မလာတော့ချေ။ စာသင်ခန်းထဲ ရောက်တာနဲ့ ဖယ်ရီပေါ်က ပါလာသောအိပ်ချင်စိတ်သည် သာဂိကို ဆက်လက် မင်းမူထားဆဲဖြစ်ကာ လက်ချာချိန်တိုင်းသာဂိသည် ငုပ်တုပ် အိပ်ပျော်နေတတ်သည်။တစ်နေ့ သာဂိ အတန်းထဲတွင် ထိုင်ငိုက်နေစဉ် ပြူးကျယ်ရောက်လာ၏။ ပြူးကျယ်၏ မျက်နှာသည် တော်တော်လေး တစ်မျိုး ဖြစ်နေသည်။ ဘာဖြစ်သည် ဆိုတာတော့ သာဂိ မသိချေ။ 

ပြူးကျယ်သည် သာဂိကို ကင်းတင်းသွားရအောင် ဆိုသည်။ သာဂိလည်း အလွယ်တကူပင် ထလိုက်လာခဲ့၏။ ကင်းတင်းရောက်တော့ ကျစိမ့် နှစ်ခွက်မှာပြီး ပြူးကျယ်ကို ကြည့်သည်။ ပြူးကျယ်သည် တော်တော် အခက်ခဲ တွေ့နေဟန်ရှိသည်။ တော်လေးကြာမှ…

“ သာဂိ ငါ တစ်ခုပြောမယ်”

“ နှစ်ခုပြောကွာ”

“ မင်း မနောက်နဲ့၊ ငါ အကောင်းပြောမလို့”

“ အကောင်း ဒီနေ့ကျောင်းမတက်ဘူး၊ အတယ် နေမကောင်းလို့တဲ့”

“ ဟာကွာ…မင်း ကွာ …”

ပြူးကျယ်သည် ခေါင်းကို ကုပ်ရင်း စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ထိုအခါမှ သာဂိက ရယ်ကြဲကြဲနဲ့ …

“ စတာပါ သူငယ်ချင်းရာ..မင်းကြည့်ရတာ စိတ်ညစ်နေပုံ ပေါက်လို့ ပျော်သွားအောင်ပါ..ကဲ..ပြော..ပြော..”

“ ငါ့ ကိစ္စမဟုတ်ဘူး..မင်း ကိစ္စကွ”

“ ဟေ..ငါ့ ကိစ္စ…”

“ အေး..မင်းကို ငါ ပြောသင့် မပြောသင့် အမျိုးမျိုး စဉ်းစားပါသေးတယ်၊ နောက်ဆုံး မင်းသိအောင်တော့ ပြောပြထားသင့်တယ် ထင်လို့ ငါလာပြောရတာ”

“ မင်းဥစ္စာက ကြီးကျယ်လှချည်လားဟ..ဘာကိစ္စတုန်း..မင်း မိန်းမ ဥမ္မာက ငါ့ကို သတိရနေသတဲ့လား..အဲ…နေဦး..မင်းပြောမှာ မိဖြူကိစ္စလား”

“ အေး..ဟုတ်တယ်”

“ မိဖြူ ..မိဖြူ ဘာဖြစ်လို့လဲ…ငါတို့ ပြီးခဲ့တဲ့ တစ်ပတ်ကတောင် တွေ့သေးတယ်”

“ အင်း..မိဖြူ ခုတလော ကျောင်းအသွားအပြန် ဘာနဲ့ သွားနေလဲ ..မင်းသိလား”

“ အေး..သိတယ်လေ..သူ့ သူငယ်ချင်း ကားနဲ့တဲ့၊ ဘာလဲ သူ့သူငယ်ချင်းက ရှစ်မိုင်နားမှာ နေတယ်ဆိုလား၊ ဘာဖြစ်လဲကွာ..မိန်းကလေးချင်းပဲ”

“ အဲဒီကား ဘယ်သူမောင်းလဲ သိလား”

“ ဟင့်အင်း ၊ မသိဘူး”

“ သူ့ အစ်ကိုမောင်းတာကွ၊ သူ့ အစ်ကိုမောင်းတာ ”

“ အေးလေ..ဘယ်သူ မောင်းမောင်း ဘာဖြစ်လို့လဲ”

“ မောင်ရုံ မောင်းတာဆို မင်းကို ငါ တကူးတက လာပြောနေဖို့ လိုမလားကွာ၊ သူတို့က ရိုရိုပုံ မဟုတ်လို့ပေါ့။ မနက်ဆို ဟိုကောင်က ငါတို့ တိုက်တန်းနားထိ တစ်ယောက်ထဲ ကားမောင်းလာရင်း လာကြိုတာ၊ အပြန်ဆို မိဖြူသူငယ်ချင်း သူ့ညီမကို အိမ်မှာထားခဲ့ပြီးမှ ရပ်ကွက်ကို လိုက်ပို့တာ၊ မင်း စဉ်းစားကြည့်စမ်း၊ ဒါ ရိုရိုသားသား အပြုအမူလား၊ နောက်ပြီး တစ်ရက်ထဲ မဟုတ်ဘူးနော်..နေ့တိုင်းကွ..၊ မိဖြူအမေကတောင် အဲဒီကောင်ကို သား၊ သားနဲ့ ဖြစ်နေပြီ၊ ”

“ မိဖြူ..မိဖြူကရော..မိဖြူကရော ဘယ်လိုနေလဲ”

သာဂိ ရင်ထဲတွင် ဘလောင်ဆူချေပြီ။ ရည်းစားလူလု အူနုကျွဲခတ် ၊ အူနုကို ကျွဲအခတ်ခံရပါက ဘယ်လိုနေမည်ဆိုသည်ကို သာဂိ မသိချေ။ သို့ရာတွင် ကိုယ့်ရည်းစား၏ သတင်းကို ဤသို့ ကြားရသောအခါ သာဂိ ရင်ဘတ်တွေ အောင့်လာသည်။ ငါ့ ချစ်သူဆိုသော ငါပိုင် ပစ္စည်းလေး လက်လွှတ်ရတော့မည်လောဟု တွေးကာ လောဘစိတ်၏ ကြောင့်ကြခြင်းဖြင့် ဒေါသတွေပါထွက်လာတော့သည်။ 

ဒေါသ၏ စီးမိုးခြင်း ခံရသောအခါ ဘာမျှစဉ်းစားမနေတော့ပဲ ကင်းတင်းဘေးက ဖုန်းဆိုင်သို့ ပြေးသွားလေသည်။ ပြူးကျယ်က လှမ်းအော်၏။

“ ဟေ့ကောင် ..သောက်ရူး..မိဖြူမှာ ဟမ်းဖုန်းရှိလို့လား..ဒီအချိန်က ကျောင်းချိန်ကြီးလေကွာ..အိမ်ရောက်ချိန်လောက်မှ ဆက်လို့ရမှာပေါ့”

သာဂိ သည်တော့မှ ခြေလှမ်းတုံ့သွားရင်း…

“ သွားမယ်ကွာ..ဒဂုံသွားရအောင်”

ပြောပြောဆိုဆို ကားဂိတ်ဘက် ထွက်ပြန်သည်။ ပြူးကျယ်က လှမ်းဆွဲရင်း..

“ ဒီကောင်နဲ့တော့ ခက်ပြီ၊ နာရီလည်း ကြည့်ဦးလေကွာ..၂ နာရီတောင်ထိုးနေပြီ၊ အခုမှ ဒဂုံကိုသွားရင် မင်းကျောင်းရောက်တဲ့ အချိန် မှောင်နေပြီကွ”

“ ပြူးကျယ်..ငါ..ငါ ဘာလုပ်ရမလဲ..ငါ သူ့အပေါ် သစ္စာ မမဲ့ခဲ့ဘူးလေ..သူ ဒီလိုလုပ်ရသလား..ဟာ..မိဖြူရာ..နင်..”

သာဂိသည် စကားကို ရှေ့မဆက်နိုင်တော့။ ကင်းတင်းထဲတွင် စားပွဲပေါ်မျက်နှာမူပြီး ဇက်ကျိုးလျက် ရှိနေသည်။ သာဂိသည် ကျစိမ့်သောက်ပြီး မူးသွားလေပြီ။ ဥမ္မာလည်း ရောက်လာ၏။ သာဂိ အခြေအနေကို မြင်တော့ စိတ်မကောင်းစွာ…

“ သာဂိရာ..နင်ဒီလောက်ကြီးလည်း ဖြစ်မနေပါနဲ့၊ မိဖြူက ခဏတစ်ဖြုတ် စိတ်ကစားသွားတာ နေမှာပါဟာ..နင်သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူသိတာပဲ၊ နောက်ပြီး သူတို့ပုံကလည်း သိပ် အလွန်ကြီး မဟုတ်ပါဘူး၊ မစိုးရိမ်ပါနဲ့ဟာ၊ ငါတို့လည်း မိဖြူကို ပြောပေးမှာပေါ့” ဆိုသည်။

သို့ရာတွင် သာဂိခေါင်းသည် ပြန်မတ်မလာတော့ချေ။ သူ့စိတ်ထဲတွင် တွေးနေမိသည်။ မိဖြူသည် စိတ်ကစားတာလား၊ ဦးဏှောက်ကစားတာလား…..ထိုနေ့က သာဂိအိမ်ရောက်လို့ ရေချိုးပြီးသော်လည်း လန်းမလာတော့ချေ။ သူ့ ထုံးစံအတိုင်း စိတ်ရှုပ်လျှင် ထိုင်နေကြ ကော်ရစ်တာပေါ် တက်ထိုင်နေမိပြန်သည်။

သာဂိ ကျောင်းက ပြန်ရောက်ကတည်းက သာဂိမျက်နှာကို ကြည့်နေခဲ့သော ဦးညိုလည်း ရောက်လာ၏။ ပြီးတော့ သာဂိဘေးတွင် ဝင်ထိုင်ရင်း..

“ ဘာဖြစ်ရပြန်တုန်း သာဂိရဲ့..ဒီတစ်ခါရော ကျောင်းပြောင်းပြန်ပြီလား”

“ မဟုတ်ပါဘူး..ဦးကြီးညို..ဒါပေမယ့် သူ ကျွန်တော့်ကို သစ္စာဖောက်တော့မယ် ထင်တယ်၊သူ တစ်ခြားလူနဲ့ တွဲနေပြီ”

“ ဟေ..ဟားဟား..မင်းတို့ပြောတဲ့ အချစ်က သစ္စာဖောက်တာရော ပါပြန်သတဲ့လားကွ..ဟက်ဟက်..နေပါဦး..သာဂိရဲ့..သူက မင်းကို ဖြတ်ပြီလို့ ပြောပြီလား”

“ မပြောသေးပါဘူး၊ ဒါပေမယ့် ပြောတော့မယ်ထင်တယ်။ သူ အခုတွဲနေတဲ့လူနဲ့ ကျွန်တော်က ဘာမှ ယှဉ်လို့မရဘူးလေ..သူက သဌေးသား၊ ကျွန်တော်ကအဒေါ် အိမ်မှာ ကပ်နေရတဲ့ကောင်၊ သူ ရွေးတာလည်း မှန်ပါတယ်လေ….၊ ဘယ်သူမဆို ဒီလိုပဲ ရွေးမိမှာပါပဲ၊ ဟုတ်တယ် မလား ဦးကြီးညို”

“ အကုန် မမှန်ဘူးကွ၊ နေပါဦး ..ငါ မေးပါဦးမယ်၊ မင်း သူနဲ့ ဆက်ဆံဖူးလား..မင်းကလည်း လိင်ဆက်ဆံတာကို ပြောတာကွာ..မဆက်ဆံဖူးဘူး၊ နမ်းရော နမ်းဖူးသလား၊ အင်း..နမ်းဖူးတယ်၊ ဘယ်လောက်ထိ နမ်းလဲ၊ ဘယ်လောက်ကြာကြာ ချိန်းတွေ့ဖူးလဲ မေးတာကွာ .. ဘာ .. တစ်ညလုံးနီးပါး .. အံ့ပါရဲ့ .. တယ်ထိန်းနိုင်တဲ့ ကောင်ကိုး .. ကိုယ်လုံးတွေရောကိုင်သလား .. နည်းနည်းပါးပါး ကိုင်တယ် .. အင်း.. ဒါဆိုရင်တော့ မင်းလိုကောင်ကို သူဖြတ်တော့မှာ သေချာပါတယ်”

“ အင်းလေ..ကျွန်တော်ပြောသားပဲ..သူ ဖြတ်တော့မှာပါဆို..ဟိုကောင်က သူဌေးသားပဲဟာ ..”

“ အေး..အဲ့ကောင်..သူဌေးသားဆိုတာကလည်း တစ်ကြောင်းတော့ တစ်ကြောင်းပေါ့ကွာ၊ ဒါပေမယ့် မင်းကောင်မလေး မင်းကို ဖြတ်တော့မယ့် ကိစ္စမှာ ပိုက်ဆံဟာ အဓိက မကျဘူးကွ၊”

“ ဗျာ..ဒါဖြင့် ဘာကြောင့်…”

“ ခံစားချက်က အဓိကကျတယ်ကွ”

“ ဟာ..ဒိအချက်ကြောင့်တော့ မဖြစ်နိုင်ပါဘူး၊ ကျွန်တော်ပြောရဲတယ်၊ ဟိုကောင်ဟာ ကျွန်တော် မိဖြူကို ချစ်သလို လုံးဝမချစ်နိုင်ဘူး၊ သေချာတယ်”

“ အဲဒါကြောင့် မင်းကို ဟိုး အစောကြီးထဲက ငါပြောတာပေါ့။ 

လောကမှာ မသိပဲ တတ်တဲ့ပညာ မရှိပါဘူးလို့၊ မင်းက အချစ်ဆိုတာ ဘာမှန်းမသိပဲ ချစ်ချင်နေတာကိုး၊ မှတ်ထား..သာဂိရဲ့၊ အချစ်မှာ သံယောဇဉ်တွေ၊ နားလည်မူတွေလို အရာတွေတင် မကဘူး၊sex ဆိုတဲ့ အထိအတွေ့ကလည်း အရေးကြီးတဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါတယ်ကွ၊ အဲဒီ နှစ်မျိုးဟန်ချက်ညီနေတာကို အချစ်လို့ခေါ်တယ်ကွ၊ မသေမချင်း မှတ်ထား..ဟားဟား”

“ အေး..ငါဆက်ပြောပြမယ်..သာဂိရဲ့၊ မင်းက ကောင်မလေးကို မထိတထိ ရိုးတိုးရွတ ဖြစ်အောင် သွားသွားစပေးတာကိုး၊ ပြီးတော့ တန်းလန်းကြီး ထားခဲ့ပြန်ရော၊ ဟုတ်တယ်မလား..”

“ ကျွန်တော်က..ကျွန်တော်က သူ့ကို မင်္ဂလာဦးညကျမှ..ဟိုဒင်း….”

“ အင်းလေ..မင်္ဂလာဦး ညကျမှဆိုရင် ဘာလို့ ဟိုကိုင် ဒီကိုင်တွေ လျှောက်လုပ်တုန်း၊ မင်္ဂလာဦး ညကျမှ လုပ်ပါလား၊ ခုတော့ သွားစထားတာ၊ သူက သူ့ဟာသူ အဆုံးသတ်ပေးမယ့်လူ ရှာရတော့တာပေါ့..သာဂိရဲ့၊ အဲဒါ ကောင်မလေး အပြစ်မဟုတ်ဘူး၊ မင်းအပြစ်ကွ”

“ ဗျာ …. ”


 အပိုင်း ( ၃ ) ဆက်ရန် >>>



Print Friendly and PDF

No comments:

Post a Comment