Sunday, July 15, 2018

ပြီးတော့လဲ ပြီးတာပါဘဲ အပိုင်း ( ၆ )

 ပြီးတော့လဲ ပြီးတာပါဘဲ အပိုင်း ( ၆ )

ဇာတ်သိမ်းပိုင်း

ရေးသူ - dobinpokhin

တနိုင်းကဒမ်ပါးကားတွေ မိုးမကျမီ ပြန်လာလို့မြို့ပေါ်နဲ့ဆင်ခြေဖုံးပတ်ဝန်းကျင်လုပ်ငန်းလေးတွေ လုပ်ရင်း၊ကုန်တင်ထရပ်ကားလုပ်ငန်းကိုပါ မောင်မောင် စီစဉ်ဆောင်ရွက်ပေးရပါတယ်၊လူငယ်ပညာတတ်ဖြစ်တဲ့အပြင် ကားလုပ်ငန်းမှာ အောက်သက်ကြေခဲ့လို့ တော်ရုံကားသမား သူ့ကို ညာလို့မရပါ၊ရက်လယ်ဆွမ်းသွတ်၊ဧည့်သယ်ဆွေမျိုးတွေပြန်သွားတဲ့နေ့ကစပြီး စီမံဆောင်ရွက်စရာရှိတာတွေ မနားတမ်းဇယ်ခတ်သလိုလုပ်နေရတဲ့ အတွက် မောင်မောင် မာလာနဲ့တောင် အေးအေးဆေးဆေး မတွေ့ဖြစ်ပါ၊ဒါပေမဲ့အမကြီးကတဆင့် ဒေါ်မီးကွေကို ပြောထားရတာ၊မင်္ဂလာဆောင်ကိစ္စ တစ်နှစ်လောက် နောက်ဆုတ်ပေးဖို့၊နှစ်လလောက်ရှိမှ မောင်မောင် မာလာနဲ့တွေ့ဖြစ်ပါတယ်၊

"ကိုကို အလုပ်တွေ တအားရှုတ်နေတာ သိတယ်၊ဒါကြောင့် မာလာ သိပ်တောင်မမျှော်ပါဘူး" 

မျက်နှာမကောင်းပေမဲ့မာလာ အပြုံးနဲ့ပြောတာ၊

"ညီမကို ကိုကို အားလဲနာပါတယ်ကွာ၊ပြီးတော့ ကိုကို့ကို အပြစ်မမြင်တဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်၊"

"ဘာကို အပြစ်မြင်ရမှာလဲ ကိုကိုရယ်၊ကိုကို့ရဲ့ အနေအထားကို မာလာသိနေတာဘဲ၊မာလာ ကိုကို့ကို မေတ္တာစစ်နဲ့ချစ်ခဲ့တာပါ၊အခွင့်အရေးလဲ မယူပါဘူး၊ကိုကိုအမကြီးက မေမေ့ကို ပြောတယ်တဲ့၊မင်္ဂလာကိစ္စ နောက်တစ်နှစ်လောက် ဆုတ်ပေးပါလို့၊ပြောနေစရာလိုသေးလို့လား ကိုကို၊ကိုကိုကြားဖူးမှာပါ၊ဟေမာနေဝင်းသီချင်း၊(သိပ်ချစ်ရတဲ့ကိုကိုမို့လေ၊ဟေမာ ဆိုးမိတာပါ)တဲ့၊မာလာက မဆိုးပါဘူး၊(သိပ်ချစ်ရတဲ့ ကိုကိုမို့လေ၊မာလာ ခွင့်လွတ်မှာပါ)၊နော် ကိုကို"

မချိတဲ့နှလုံးသားကို အပြုံးဆင်ပြောနေတဲ့ ချစ်သူကို မောင်မောင် စိတ်မကောင်းစွာ ကြည့်နေမိတယ်၊သူငယ်ချင်းမကတော့ ထုံးစံအတိုင်းမောင်မောင်လာတာနဲ့ အပြင်ထွက်ရှောင်ပေးပြီ၊သူတို့နှစ်ယောက်ထဲ၊

"ကဲပါကိုကိုရာ၊စိတ်မကောင်းစရာတွေ တွေးနေလို့လဲ ဘာမှဖြစ်လာမှာမဟုတ်တာ။တွေ့တုန်း အားပါးတရ ချစ်မယ်ကွာ"

"ကိုကို မာလာအပေါ် အခွင့်အရေးယူတာတွေ များနေပြိထင်တယ်" 

မောင်မောင် တွေဝေနေတာကို မာလာသိတယ်၊ဒါကြောင့်

"ကိုကို အခွင့်အရေးမယူတတ်ဘူးဆိုတာ မာလာသိပြီးသား၊အခုဟာက မာလာကိုက တောင့်တနေလို့ပါ ကိုကိုရယ်၊နော်-ကိုကိုနော်"

ကာမဘုံသား ဆုံလယ်နွားတွေဘဲလေ၊ဆားငန်ရေဆိုတာ သောက်ပြီးရင်းသောက်ချင် ဆိုတာကိုး၊မာလာကိုယ်တိုင်က တောင့်တနေမှတော့မောင်မောင် မထိန်းတော့ပါဘူး၊အတူအိပ်ဖြစ်လိုက်ကြတယ်၊

"ကိုကို့ကိုပြောမလို့၊မာလာ မန္တလေးသွားနေလိုက်ဦးမယ်" 

မောင်မောင်ပြန်ကာနီးမျ မာလာကပြောတာ

"ဘာသွားလုပ်မျာလဲညီမရယ်"

"မာလာတို့ဒေါ်ဒေါ်ငယ်လေး မန္တလေးမှာ စတိုးဆိုင်ကြီးတွေရှိတယ်၊စိတ်ချရတဲ့လူရင်းထဲကမရှိလို့ခေါ်တာ၊မန်နေဂျာရာထူးနဲ့"

"ဒေါ်ဒေါ်ငယ်လေးဆိုတော့ အမျိုးတော်တော်ရင်းလား၊စိတ်မချလို့ပါ"

"အဒေါ်အရင်းပါကိုကိုရယ်၊အပါး(ဖခင်)ရဲ့ ညီမအရင်းပါ၊စိတ်ချစမ်းပါ ကိုကိုရာ၊မာလာက ကိုကို့မယားဖြစ်ပြိးသားပါ၊ကိုကိုလက်ထပ်ယူမဲ့ အချိန်ကိုစောင့်နေမှာပါ၊ဒီမှာမနေချင်ဘူးဆိုတာ ကိုကိုနဲ့မာလာ ဝါမဝင်ခင် မင်္ဂလာဆောင်ကြမယ်လို့ မိတ်ဆွေအပေါင်းအသင်း အတော်များများ သိထားကြတာမို့၊မာလာ ရှက်လို့ပါ ကိုကိုရာ၊နော်ကိုကို၊နော်"

"ဒီလိုဆိုလဲ သွားပေါ့ညိမရယ်" 

အခြေအနေအရ မောင်မောင် ခွင့်ပြု လိုက်ရတာပါ၊

မြစ်ကြီးနားမှာ မာလာမရှိတဲ့နောက် မောင်မောင် တခြားဘာတွေမှ ခေါင်းထဲမထားတော့၊ လုပ်ငန်းအောင်မြင်ရေးနဲ့စီးပွါးရေးကိုသာ ဇောက်ချလုပ်တော့တာပါ၊အကိုကြီးဆုံးတာ(၆)လကျော်ကျော်၊အောက်တိုဘာ သီတင်းကျွတ်လထဲမှာ မရီးရဲ့အကိုကြီး မြစ်ကြီးနား ပြန်ရောက်လာပြိး ဘယ်သူမျ မျှော်လင့်မထားကြတဲ့စကားတွေ ပြောလာပါတော့တယ်၊

"မောင်မောင်၊မင်းနဲ့မကော့လင်မယားအဖြစ် ယူလိုက်ကြတော့ကွာ"

ဒီစကားကို ကြားလိုက်ရချိန် မောင်မောင်တင်မက မကော့ပါမျက်လုံးပြူးသွားပါတယ်၊လုံးဝ ထင်မှတ်မထားတဲ့စကားကိုး၊

"ခင်ဗျာ၊အကိုကြိး၊ကျွန်တော် အမကိုယူရမယ်၊ဟုတ်လား၊မဖြစ်နိုင်တာ" 

မောင်မောင် အံ့အားသင့်သွားတာပါ၊

"ဟုတ်တယ် ညီလေး၊အကိုကြီးတို့ဂျိန်းဖောရိုးရာမှာ အကို/ညီ သေရင် ကျန်ရစ်တဲ့မုဆိုးမကို သေသူရဲ့ညီ/အကိုက လက်ထပ်ယူရတယ်၊ရှေးတုန်းကတော့ ဒါက လိုက်နာရမဲ့ ဓလေ့ထုံးတမ်းစဉ်လာဘဲ၊အခုခေတ်မှာတော့ မယူမနေရ ရယ်လို့ အတင်းသတ်မှတ်ထားတာမျိုးတော့မရှိဘူးပေါ့လေ၊မယူချင်လဲ နေလို့ရပါတယ်၊အခု ညီလေးကို အကိုကြီးပြောနေတာကလဲ ဇွတ် တိုက်တွန်းတာတော့ မဟုတ်ပါဘူး"

မရီးရဲ့အကိုကြီးက စကားပြောရင် အေးဆေးသက်သာ စီကာပတ်ကုံးပြောတတ်တာ၊အခုလဲ မောင်မောင့်ကို နားဝင်အောင်ပြောနေတာ၊

 "ဒါပေမဲ့ညိလေးစဉ်းစားနော်၊ညီလေးရဲ့အကိုကြီး မရှိတော့တဲ့နောက် ကျ န်ရစ်ခဲ့တဲ့ ညီလေးအကိုကြီးရဲ့ မျိုးဆက်လေးတွေ၊တူ/တူမလေးတွေအတွက် စဉ်းစားပါ"

"အခုလဲ မရီးနဲ့တူ/တူမလေးတွေအတွက် ကျွန်တော်ရှာဖွေကျွေးမွေးနေတာဘဲ အကိုကြီးရာ၊မရီးနဲ့မယူဘဲနဲ့ အခုလိုနေလဲ ရတာဘဲ"

"ဒီလိုလဲ မဟုတ်သေးဘူးလေကွာ"

"မကော့၊ညိးက ဘယ်သွားမလို့လဲ၊ထိုင်နေ၊ငါပြောနေတာ နှစ်ယောက်လုံးအတွက်" 

မျက်နှာပူလို့လား၊ဒါမှမဟုတ် ရှက်လို့လား၊မရီးဖြစ်သူထိုင်နေရာက အပြင်ထွက်မယ်အလုပ် သူ့အကိုကြီးက ပြန်ထိုင်ခိုင်းတာပါ၊မကော့အနေနဲ့မောင်နှမလိုနေလာခဲ့တဲ့ မတ်ကို ပြန်ယူရမယ်လို့အကိုဖြစ်သူက ပေါ်တင်ကြီးပြောနေတာကို နားမရဲတာ အမှန်ပါ၊

"ညီလေး၊မင်းပြောတာလဲ ဟုတ်ပါတယ်၊ဒါပေမဲ့ ရေရှည်မှာ မလွယ်လှဘူးကွာ၊ငါ့ညီမ၊မင်းမရီးက အခုမှ(၃၃)နှစ်ရှိသေးတာ၊အသက်က ငယ်သေးတယ်၊ဒီတိုင်းနေမှာလဲ မဟုတ်ဖူး၊နောက်ယောင်္ကျား ယူဦးမှာဘဲ"

"ကလေးတွေနဲ့ ယောင်္ကျား တော့မယူတော့ပါဘူး အကိုရယ်" 

မကော့မျက်နှာရဲတက်ပြီး သူ့အကို ကိုပြောလိုက်တာ၊

"ငါ့ညီမ ဒီလိုကြိး အပြတ်မပြောနဲ့လေ၊ညီးအသက်အရွယ်နဲ့က နောက်ယောင်္ကျား ယူမှကို ဖြစ်မယ်၊မယူရင် ရေရှည်မှာ ညီးကို ဘယ်သူစောင့်ရှောက်မှာလဲ၊ငါတို့တွေအသက်တွေကြီးပြီ၊မင်းတို့ဘ၀ မင်းတို့နေကြရမှာ"

"မောင်မောင်ရှိတာဘဲ" 

မိုးကြိုးပစ် ထန်းလက်ကာ ဆိုသလို မကော့ပြောမိပြောရာ ပြောလိုက်တာ၊

"မောင်မောင်ရှိတာပေါ့၊အေး၊ဟုတ်ပြီ၊မောင်မောင်က သူ့မရီးနဲ့ တူ/တူမတွေကို စောင့်ရှောက်ရှာဖွေကျွေးမွေးမယ်၊ရတယ်ထား၊မောင်မောင်က မိန်းမ မယူတော့ဘူးတဲ့လား၊သူ့မိန်းမကရော ဒီလို မရီးနဲ့တူ/တူမတွေ တပုံတခေါင်းကို ရှာဖွေကျွေးနေတာကို ကြည်ဖြူ ပါ့မလား၊"

မရီးအကိုကြိးပြောနေတာက သမာသမတ်နဲ့ဖြစ်နိုင်စွမ်းကိုပြောနေတာမို့ မောင်မောင်ရော၊မကော့ပါ ဘာမှပြန်မပြောနိုင်ကြပါ၊

"ကဲ၊ဒါဖြင့်ကောင်းပြီ၊မောင်မောင်က မိန်းမ မယူတော့ပါဘူး၊မရီးနဲ့တူ/တူမတွေကိုဘဲ တသက်လုံး စောင့်ရှောက်ကျွေးမွေးပါ့မယ် ဆိုရင်"

အကိုဖြစ်သူ စကားကို မပြောသေးဘဲ ရပ်ထားတာမို့ မကော့(ဘာများဆက်ပြောမလဲ)နားစွင့်နေတာ၊မောင်မောင်ရောဘဲ၊

"ရေရှည်မှာ ဖြစ်မလား၊တစ်အိမ်ထဲမှာ နေ့တဓူ၀ အတူနေကြရမှာ၊အသက်အရွယ်ကလဲ အရွယ်ကောင်းတွေ"

 "ဘာမှမဖြစ်ပါဘူး အကိုကြီး၊မရီးကို ကျွန်တော့်အမအရင်းလို သဘောထားတာပါ" 

မောင်မောင် မခံချင်စိတ်နဲ့ ဇွတ်ပြောတာ၊

"ကျမလဲ ဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူး အကို၊ ငယ်ငယ်လေးကတဲက အတူနေလာကြတာ၊မောင်နှမအရင်းလိုဘဲ" 

မကော့လဲဝင်ပြောတာ

"အေး၊မဖြစ်ခင်တော့ ပြောနေကြတာပေါ့ကွာ၊ဒါပေမဲ့(မိုးမပြို ဘူး ပြို ခဲ့သော်)ဖြစ်သွားပါပြီတဲ့၊မရီးမုဆိုးမနဲ့လူပျို မတ်လုပ်တဲ့လူ၊မှားကြပြီတဲ့၊ ဘာဖြစ်မလဲ၊ဘယ်သူမှအပြစ်ပြောမှာမဟုတ်ပေမဲ့၊ကွယ်ရာမှာတော့ဟားနေကြမှာ"

ဆက်တိုက်ပြောနေရလို့မောသွားပုံ ခဏနားပြီးမှ

"ဒီတော့ ငါရှင်းရှင်းဘဲ ပြောမယ်ကွာ၊ငါ့ညီမကို ငါတို့နဲ့ဝေးရာအရပ်မှာ လင်မရှိတဲ့မုဆိုးမ အနေနဲ့တော့ထားခဲ့ရမှာ စိတ်မချဘူးကွာ၊မောင်မောင်၊မင်းလက်ထပ်ယူမယ်ဆိုရင်လဲယူ၊မင်းမယူနိုင်ဘူးဆိုရင် ငါ့ညီမကို ဗန်းမော်ပြန်ခေါ်သွားရမှာဘဲ၊ဒီခြံဝင်းကိုလဲ ရောင်းလိုက်ရမယ်"

မောင်မောင် ဘာစကားမှ မပြောဘဲ အသာနားထောင်နေတာပါ၊မရီးရဲ့အကိုကြီးပြောပုံအရ သူသာ မရီးကိုလက်မထပ်ဘူးဆိုရင် အခုနေတဲ့အိမ်ဝင်းကိုရောင်း၊ကားတွေကိုပါ ဗန်းမော်ကိုပြန်ယူသွားမဲ့သဘော၊မောင်မောင် ခြေမဲ့လက်မဲ့၊မြောင်းထဲရောက်ဆိုတဲ့ပုံ၊

"ဒါကတော့အကိုကြီးတို့သဘောပါ၊ကျွန်တော်ပြောပိုင်ခွင့် မရှိပါဘူး၊ကျွန်တော်က တစိမ်း မတ်ပါ၊အကိုကြီးတို့က အကိုအရင်းတွေ"

မောင်မောင်စကားကိုကြားတော့ မရီးရဲ့အကိုက ပြုံးတယ်၊သူ့မှာ မောင်မောင့်ကိုအပီကိုင်ဖို့ရာ ဝှက်ဖဲ ရှိနေတယ်လေ၊

"ဟုတ်ပါပြီ၊ညီလေးရေ၊မင်းကလဲ မကော့ကို အမအရင်းလိုဖြစ်နေလို့မယူချင်တာ အပြစ်မပြောပါဘူးကွာ၊ငါတို့ညီမကို ဗန်းမော်ပြန်ခေါ်သွားရမှာပေါ့၊ဟိုရောက်တဲ့အခါကျမှသင့်တော်တဲ့ယောင်္ကျား ရှာပေးစားရမှာဘဲ" 

သူတို့နှမ သူတို့လင်ပေးစားတာ-ပေးစားပေါ့၊ဒါပေမဲ့

"ညီလေးရေ၊ပြောတော့မပြောကောင်းဘူးပေါ့ကွာ၊ဒါပေမဲ့ကွာ၊လူတွေ အကောင်းဆုံးကိုမျှော်လင့်ကြပေမဲ့တခါတလေ အဆိုးဆုံးဖြစ်ချင်လဲဖြစ်သွားတတ်တာကွ၊နောက်ယောင်္ကျား ယူပြီ၊ကောင်းရင်တော်ရဲ့၊မကောင်းလို့ကတော့၊သမီးတွေကလဲ အပျို လေးတွေဖြစ်လာကြမှာနဲ့"

မောင်မောင် တုန်ခါသွားတယ်၊ဟုတ်တယ်၊မဖြစ်ပါဘူးလို့ပြောမရတဲ့ကိစ္စ၊ပထွေးနဲ့မယားပါသမီးဇာတ်လမ်းတွေက နေရာတကာမှာ မကြားချင်အဆုံး၊မောင်မောင် မျက်နှာတချက်ပျက်သွားတာကို မရီးရဲ့အကိုက သိလိုက်တယ်၊

"ကွာ၊ငါလဲ ငါ့ညီမအတွက် စိတ်ပူတယ်ကွာ၊ညိလေးနဲ့ဆို စိတ်ချတယ်၊ငါတို့အကိုတွေက အသက်တွေကြီးကုန်ပါပြီ၊သေတာတောင် စိတ်ဖြောင့်ဖြေင့်တန်းတန်းသေချင်တယ်ကွာ၊ညိလေးရာ၊မင်းစဉ်းစားပါကွာ၊အခုချက်ချင်းကြိး အဖြေမပေးပါနဲ့၊ညိလေးအမတွေနဲ့တိုင်ပင်ပါဦး၊အနည်းဆုံး တစ်ပတ်လောက်အထိတော့ အကိုကြိးစောင့်ပေးလို့ရပါတယ်"

ပြောစရာစကား မရှိတော့လို့ မရီးရဲ့အကို ထိုင်ရာက ထသွားပါတယ်၊မကော့မတ်ဖြစ်သူကို မျက်နှာပူလို့ဆက်ထိုင်နေရကောင်းနိုးနိုး၊ထသွားရကောင်းနိုးနိုးဖြစ်နေရာက စကားတခွန်းကို မနဲအားယူပြောလိုက်ရပါတယ်

"မောင်လေးရယ်၊မင်းအကိုကြိးချွေးနည်းစာနဲ့ ဝယ်ထားတဲ့ဒီအိမ်နဲ့ဒီခြံကြိးကို မရောင်းရက်ပါဘူးကွယ်

 ...........................................................................................................

မုဆိုးမသက်တမ်း(၆)လအတွင်း ယောင်္ကျားနဲ့အတူနေချင်တဲ့စိတ်တွေ တခါတလေမှာ ထိန်းမနိုင်တားမရ ဖြစ်ဘူးပါတယ်၊ဖြစ်တဲ့အခါတိုင်း သားသမီးလေးတွေမျက်နှာထောက်ပြီး ဒီစိတ်တွေကို ချိုးနှိမ်ခဲ့တာပါ၊နောက်ဆုံး မနေနိုင်လွန်းတဲ့အခါ စောက်ပပ်ထဲလက်နဲ့ထိုးမွှေပြီးစိတ်ဆန္ဒကိုဖြေဖျောက်တာပါ၊တအိမ်ထဲအတူနေတာပေမဲ့မတ်လုပ်တဲ့လူကို မကော့တခါမှ စိတ်ကစားခဲ့ဖူးခြင်းမရှိပါ။

သူတို့အကိုကြိးနဲ့ယူတုန်းက မောင်မောင်က (၉)နှစ်သားရှိသေးတာ၊ဘောင်းဘီတိုလေးနဲ့တကဲ့ပီဘိ ကလေး လေး၊မင်္ဂလာဆောင်လက်ထပ်ပွဲကအပြန် သပိတ်ကျင်းအနီးလေနီကြမ်းမိလို့ သင်္ဘောနစ်တဲ့အထဲ သူတို့မိဘနှစ်ပါး တိမ်းပါးသွားကြလို့သူ့ပယောဂ မကင်းဘူးရယ်လို့မကော့ခံယူထားတာ၊ဒါကြောင့်လဲယောင်းမတွေနဲ့မတ်ကို ညီမအရင်း၊မောင်အရင်းလို သဘောထားခဲ့တာ။

လင်ယောင်္ကျားသေပြီးတဲ့နောက်မှာ သူတွေးပါတယ်၊သူ့အသက်(၃၃)နှစ်၊အရွယ်ရှိသေးတယ်၊သွေးဆုံးသေးတာမဟုတ်ဖူး၊မိန်းမတစ်ယောက်အဖို့(၃၃)နှစ်ဆိုတဲ့အရွယ်က တဏှာပေမစိတ် အထန်ဆုံး၊အတက်ကြွဆုံးအချိန်၊အရင် ဖာသိဖာသာနေလာရာက အကိုဖြစ်သူရောက်လာပြီး၊မောင်မောင်နဲ့ယူဖို့ရာ ပြောလာတော့မီးခဲပြာဖုံးဖြစ်နေတဲ့မကော့ရဲ့ကာမစိတ်တွေ ကြွတက်လာတာ အမှန်ပါ။

အရင်က မောင်မောင့်ကိုမြင်ပေမဲ့ဘာဆိုဘာမှ မဖြစ်ခဲ့တဲ့မကော့၊သူ့အကိုစကားလမ်းကြောင်းပေးလိုက်မှဘဲ မတ်ဖြစ်သူအပေါ် စိတ်ဂနာမငြိမ် ဖြစ်လာတာ၊ခါတိုင်း ညမှာ ဒီအတိုင်းအိပ်နေရာက အိပ်မရဖြစ်လာပြိး မတ်ဖြစ်သူကိုမျက်စိထဲမြင်နေမိတာပါ၊ပြီး တွေးရင်း တွေးရင်း စောက်ပပ် ယားယံလာတာနဲ့ စိတ်တိုပြီး "ကဲဟယ်-ကဲဟယ်"နဲ့လက်ဝါးစောင်းတိုက်လိုက်ရပါတယ်၊

ဒေါ်လေးလုပ်သူက မိန်းမချင်း မြင်တယ်၊သူ့တူမ ယောင်္ကျား နဲ့ကင်းကွာနေလို့အလိုးခံချင်နေပြီဆိုတာ ရိပ်မိတယ်၊မတ်နဲ့မရီးမို့အိန္ဒြေသိက္ခာထိန်းနေတာကိုလဲသိတယ်၊အခု သူ့တူကြိးရောက်လာပြိး မတ်နဲ့မရီး ယူချင်ယူ၊မယူဘူးဆိုရင် ဗန်းမော်ပြန်ခေါ်မယ်ဆိုတဲ့အခါ သူ့တူမမလိုက်ချင်မှန်းသိတယ်၊သူကလဲ တူမကလေးကို သနားတယ်၊အရွယ်ကျန်သေးတယ်လေ၊အိမ်ထောင်ပြု ကိုပြု ရမှာပါ၊ဒါကြောင့်ဒေါ်လေးက သူ့တူမကို ပြောရတယ်၊

"ညီး၊ဗန်းမော်ပြန်မလိုက်ချင်ရင်တော့၊မတ်ဖြစ်သူ ကိုယ့်ကို ကြို က်ချင်လာအောင် သိမ်းသွင်းပေတော့"

"ရှက်စရာဒေါ်လေးရယ်၊ကိုယ့်ထက်(၁၀)နှစ်လောက်ငယ်နေတာ၊ပြီး သူ့မှာလဲ ရည်းစားနဲ့" 

မကော့စကားကို ဒေါ်လေးက

"တို့ကချင်ထုံးစံ၊မတ်နဲ့မရီးယူကြရတာဘဲလေ၊ရှက်စရာမဟုတ် ရှက်မနေနဲ့၊သူ့ရည်းစားဆိုတာကလဲ ခဏနေ မေ့သွားမှာပါ၊ညီးသာ ဂျီးထူမနေနဲ့၊ငါပြောသလိုသာလုပ်"

ဒီနောက်မှာ ဒေါ်လေးက သူ့တူမကို လက်ချာပို့ချပါတော့တယ်၊

"ယောင်္ကျား တော်တော်များများ မိန်းမကသာ မျက်ရည်ကျ ပြလိုက်၊တော င့်မခံနိုင်ပါဘူးအေ"

မရီးရဲ့အကို ပြောစကားအရ မရီးကို သူလက်မထပ်ဖြစ်ရင် ဗန်းမော်ကို ပြန်ခေါ်သွားမယ်လို့သိလိုက်ရပြီးတဲ့နောက် မောင်မောင် စိတ်တွေတအုံနွေးနွေးဖြစ်နေတာပါ၊မရီးရဲ့အကိုက ခြံကိုရောင်း၊ကားတွေကိုပါယူသွားမှာ၊သူ့ကိုတော့တစိမ်းတရံစာလို ဥပက္ခာပြု ထားခဲ့မှာ၊လက်ရှိလုပ်ကိုင်နေတဲ့ ကားတွေမရှိတော့ကော၊သူအနေနဲ့ ပူစရာမလိုပါ၊တခြားအလုပ်ပြောင်းလုပ်ရင် ရပါတယ်၊မရီးကိုလဲ နောက်ယောင်္ကျား ယူမှာ/မယူမှာတွေက သူနဲ့မဆိုင်လှပါ၊အကိုနဲ့ပတ်သက်လို့သာ မရီးတော်နေတာ၊အကိုသေပြိးတဲ့နောက် တစိမ်းတရံစာဘဲလေ။

ဒါပေမဲ့ သူ့အကိုကြီးရဲ့သားသမီးတွေ၊သူ့ရဲ့တူ/တူမတွေကိုရော၊သူ ပစ်ပစ်ခါခါ လုပ်ရက်ပါ့မလား၊သူ့တူမကလေးတွေ မတော်မရော်တွေဖြစ်သွားခဲ့မယ်ဆိုရင် သူ့အကိုကြီးသင်္ဂြုဟ်စဉ် ရေစက်ချရင်း သူသစ္စာဆိုခဲ့တာက အလကားဖြစ်သွားတော့မှာပါလား၊တွေးရင်းတွေးရင်း မောင်မောင် မချိတင်ကဲဖြစ်လာတယ်၊ဒါကြောင့် နောက်တနေ့ညဦးပိုင်းမှာ စိတ်ကူးအကြံဉာဏ်လေးများ ရလိုရငြား အမကြီးတို့အိမ်ဘက်ထွက်လာခဲ့တယ်၊

"လာ မောင်လေး၊အမကြီးတောင်မှ မောင်လေးဆီလာခဲ့မလို့၊ပြောစရာလေးတွေရှိလို့" 

ရောက် ရောက်ချင်း အမကြိးက ဆီးပြောတာ၊

"ကျွန်တော်လဲ အမကြိးကို ပြောစရာရှိလို့၊မနေ့က မရီးရဲ့အကိုကြီးက ကျွန်တော်နဲ့မရီးကို----"

မောင်မောင် ရှေ့ဆက်မပြောထွက်တော့၊

"မောင်လေးကို မကော့နဲ့ယူခိုင်းတာ မဟုတ်လား၊မနေ့က ဒိလူကြီး အိမ်ကိုရောက်လာပြိး အမကြိးကိုလဲ ဒီအကြောင်းပြောပြတယ်၊"

"ဟုတ်ကဲ့၊အဲဒါ အမကြိးရာ၊ကျွန်တော်မရီးမျက်နှာကို ဘယ်လိုကြည့်ရမှာလဲ၊မယူနိုင်ပါဘူးပြောရင်လဲ မရီးကို ဗန်းမော်ခေါ်သွားပြီး ယောင်္ကျား ပေးစားမယ်တဲ့၊သူတို့ဖာသာ ယောင်္ကျား ပေးစားတာ အကြောင်းမဟုတ်ပါဘူး၊တူမလေးတွေ ပထွေးနဲ့နေကြရမှာ၊ပထွေးဆိုတဲ့လူမျိုးဆယ်ယောက်တစ်ယောက် ကောင်းတဲ့သူ ရှားတယ်"

"အမကြီးကိုလဲ သူက ဒီလိုဘဲ ပြောသွားတာဘဲ၊သူ့ညီမက အရွယ်ငယ်သေးတယ်၊တသက်လုံး ဒိအတိုင်း နေသွားလို့မဖြစ်ဘူးပေါ့လေ၊နောက်အိမ်ထောင် ပြု မှကိုဖြစ်မယ်ပေါ့၊သူတို့ဆွေမျိုးတွေက ရိုးရာဓလေ့ထုံးစံအရ မင်းနဲ့ပေးစားချင်တာ နောက်အိမ်ထောင်ထူမဲ့အတူတူတခြားယောင်္ကျား ဆိုရင် ကံစမ်းမဲထိုးရသလို မသေချာဘူး၊မင်းနဲ့ကျတော့အတွင်းသိ အစင်းသိမို့ပါလို့ ပြောသွားတာ"

"ကျွန်တော်လဲ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ကို ဖြစ်နေပြိ အမကြီး၊မာလာလေးအပေါ်မှာလဲ သစ္စာဖောက်ရာဖြစ်နေမလားလို့"

"ဒါလဲဟုတ်တာဘဲ၊အမကြီးနေ့ခင်းက ဒေါ်မီးကွေကို ဒါနဲ့ပတ်သက်ပြီး အကျိုးအကြောင်းလေးတော့ ပြောပြထားတယ်"

"သူကဘာပြန်ပြောလဲ အမကြီး " 

ဒေါ်မီးကွေရဲ့သဘောထားကို မောင်မောင်သိချင်နေတာ၊

" သူ့အနေနဲ့တော့ ဘာမှပြောစရာမရှိပါဘူးတဲ့၊မင်းနဲ့သူ့သမီးနှစ်ယောက်ရဲ့သဘောအတိုင်းပါဘဲလို့ ပြောတယ်ကွ၊နောက်သူ ပြောတာကသူကသာ မာလာကို မင်းနဲ့ပေးစားဖို့သဘောတူနေတာ၊သူ့သားအိရှန်က သဘောမတူဘူးဆိုဘဲ" 

အမကြီးစကား ကြားရတဲ့အခါ မောင်မောင်စိတ်ထဲ မခံချိမခံသာ ဖြစ်သွားတယ်၊အိရှန်ဆိုတဲ့အကောင် သူ့ညီမနဲ့သဘောမတူဘူးဆိုရအောင် ကိုယ်ကသူ့လို အရက်သမား ဖဲသမားလဲမဟုတ်၊သူကသာ အမေနဲ့မိန်းမလုပ်စာထိုင်စားနေတဲ့အကောင်၊

"အိရှန်က သဘောမတူဘူးပြောရအောင် သူက အကိုဘဲ၊အမေတယောက်လုံးကတောင် သဘောတူပြီးသားဘဲဟာ"

"ညီလေးနားထောင်မယ်ဆိုရင်တော့ အကိုပြောချင်တယ်ကွာ" 

အမကြိးယောက်က ျ ားက စကားစတယ်၊ဒီယောက်ဖကြီးကလူအေး၊စကားလဲနည်းတယ်၊စကားပြောခဲတဲ့ယောက်ဖကြီးက ပြောချင်တယ်ဆိုတော့ဘယ်လိုငြင်းကောင်းပါ့မလဲ၊

"ဟုတ်ကဲ့အကို၊ပြောပါ၊ကျွန်တော ်နားထောင်ပါ့မယ်"

"အခုဖြစ်နေတဲ့ကိစ္စက ညီလေးဖာသာ ဆုံးဖြတ်ရမဲ့ကိစ္စ၊အိရှန်သဘောတူတာ/မတူတာ တွေးမနေနဲ့၊တကယ်တမ်းဆို ဒေါ်မီးကွေနဲ့တောင်မဆိုင်ဘူး၊မာလာသဘောတခုထဲဘဲ။ဒါပေမဲ့ညီလေးစဉ်းစားစေချင်တယ်၊မာလာနဲ့က သမီးရည်းစားအဆင့်ဘဲ ရှိသေးတယ်၊နောက်ဆုတ်မယ်ဆိုဆုတ်လို့ရသေးတဲ့အဆင့်၊မင်းအမရှေ့ပြောလို့တော့မကောင်းဘူးပေါ့ကွာ၊ညီလေးနဲ့မာလာ သမီးရည်းစားအဆင့်ထက် ကျော်နေပြီဆိုတာအကိုသိတာပေါ့၊ဒီကိစ္စတွေက ဒီခေတ်ထဲမှာ အဆန်းမှမဟုတ်တော့တာ၊ဒီခေတ်လူငယ်တွေ သမီးရည်းစားဖြစ်တာနဲ့၊သိပ်မကြာဘူး၊ညားကြတယ်ဆိုတာ၊မယူဖြစ်ကြရင်လဲ သူလဲမနစ်နာပါဘူး၊ဒီခေတ်ထဲမှာ ဘယ်ယောက်ကျားလေးကမှလဲ အပျို စစ်/မစစ် စီစစ်မနေကြပါဘူး "

ယောက်ဖလုပ်တဲ့သူက စကားအရှည်ကြီးပြောလိုက်ရလို့ထင်ပါရဲ့၊ထိုင်နေရာကထပြီး ရေသွားသောက်တယ်၊

"မောင်လေး၊မင်းဟာမင်းသာ ဆုံးဖြတ်ပါဟယ်၊အမကြိးတော့ ဘာမှ မပြောတတ်တော့ဘူး"

မောင်နှမနှစ်ယောက် ဒိထက်ပိုမပြောတတ်ကြ၊

"နောက်တခုက "

ရေသောက်ပြီးပြန်ရောက်လာတဲ့ ယောက်ဖက ဆက်ပြောတာ၊

"အကို အကြံပေးချင်တာ မကော့ကို ယူစေချင်တယ်၊ညိလေးကပြောမယ်၊အသက် (၁၀)နှစ် ကြီးတောင် ကြီးတာ၊ကလေး(၄)ယောက်အမေ၊မုဆိုးမနဲ့လူပျို လေး၊ပြောရက်လိုက်တာလို့၊ကိုယ်က စောင့်ရှောက်ရမဲ့ဝတ္တရားရှိတယ်လေ၊ကိုယ့်အကိုကြိးကို ကျေးဇူးဆပ်ရာလဲ ရောက်တယ်"

ယောက်ဖပြောစကားနားထောင်ရင်း အမကြီးဖြစ်သူဘက် လှဲ့ကြည့်တဲ့အခါ အမကြိးကပါ သူ့ယောက်ကျားပြောတာကို လက်ခံချင်တဲ့ပုံ၊

"နောက်ပြိးတော့ကာ" ယောက်ဖဆက်ပြောနေတာ

"ညီလေး၊မင်းအခု ဦးစီးလုပ်နေတဲ့ကားတွေအားလုံး တကယ်ဆိုရင် မကော့ဘဲပိုင်တာ၊သူ့အကိုတွေနဲ့ ဘာမှမဆိုင်ဘူး၊မင်းနဲ့မကော့သာယူလိုက်ကြပြိးရင် ပိုနေမြဲ ကျားနေမြဲ၊အခုအတိုင်း ဥမကွဲ သိုက်မပျက် ညိလေးဘဲ ဆက်ဦးစီးလုပ်ကိုင်သွားရမှာ၊အကောင်းဆုံးကတော့ ညိလေးမာလာကို အကျိုးအကြောင်းဖုန်းဆက်ဆွေးနွေး ပြောပြပေါ့ကွာ၊အကိုထင်ပါတယ်၊မာလာလဲ ခေတ်မီပါတယ်၊သူ့မှာလဲ Plan.B တော့ရှိမှာပါ "

အဲဒိညက မောင်မောင် အိမ်ကို မိုးကြီးချုပ်မှ ပြန်ရောက်တာပါ၊ဆိုင်ကယ်မီးရောင်မြင်တာနဲ့ မရိးခြံတံခါးလာဖွင့်ပေးပြီး

"မိုးချု ပ်လိုက်တာ မောင်လေးရယ်၊စိတ်ညစ်လို့များ ရှောက်သွားနေတာလား"

 "ဟုတ်ကဲ့ပါ အမ၊ကျွန်တော ်တောင်းပန်ပါတယ်၊အမကြိးတို့အိမ်သွားတာ၊ယောက်ဖကြီးနဲ့စကားကောင်းနေလို့"

"ဟုတ်ပါပြီကွယ်၊အမကြောင့်များ မောင်လေး စိတ်သောကရောက်နေမလားလို့ပါ"

"ဒီအတွက်တော့ ပူမနေနဲ့အမရေ၊ကျွန်တော ်စိတ်ညစ်တတ်တဲ့လူ မဟုတ်ပါဘူး"

........................................................................................................

နောက်တရက်မှာ မောင်မောင် မာလာဆီကို ဖုန်းခေါ်ပြိး ဒိအကြောင်းတွေ ပြောပြတဲ့အခါ

"ကိုကို မပြောခင် မာလာသိနေပြိးသားကိုကို။ဒါကြောင့် မာလာ မန္တလေးကိုထွက်လာတာ" 

မာလာစကားသံက ခံစားချက် ကင်းမဲ့နေပုံပါ၊

"ကိုကိုတောင် တနေ့ကမှ သိရတာပါ မာလာရယ်" 

မောင်မောင့်အပြောကို မာလာ ရယ်တယ်၊

"ဟုတ်မှာပေါ့၊ကိုကိုက ဒိပြင်နေရာမှာသာ လယ်တာ၊ဒီကိစ္စမျိုးကိုကို နားမလယ်ပါဘူး၊အသုဘကိစ္စ ရက်လယ်ဆွမ်းကျွေးတဲ့နေ့မှာ ကိုကို့မရီးဘက်ကအမျိုးတွေပြောနေကြတာ၊ကိုကိုမှမကြားတာ၊သူတို့ထုံးစံ၊ကိုကိုနဲ့မရီးကို ပြန်ပေးစားဖို့ပြောနေကြတာ၊မာလာ အဲဒီကတဲကတွေးမိလိုက်တာပါ၊မာလာကို ကိုကိုယူလိုက်ရင် မရီးဘက်ကအမျိုးတွေက ကိုကို့ကို အိမ်ပေါ်ကနှင်ချမယ်၊ဒါဆိုရင် ကိုကို ဆင်းရဲဒုက္ခရောက်မှာလေ၊မာလာ ကိုကို့ကိုချစ်တာက ရယူပိုင်ဆိုင်လိုခြင်းမဟုတ်ပါဘူး ကိုကို၊ခွင့်လွတ်ခြင်းနဲ့စွန့်လွတ်ခြင်းရယ်ပါ၊ဒီတော့ကိုကို့မရီးဘက်က ဆွေမျိုးတွေ ဖြစ်စေချင်တဲ့အတိုင်း မရီးကိုဘဲ ယူလိုက်ပါ၊မာလာ ခွင့်ပေးပါတယ်"

"မာလာရယ်၊ကိုကို ဘာပြောလို့ ပြောရမယ်တောင် မသိတော့ပါဘူးကွာ"

"ဘာမှမပြောပါနဲ့ကိုကိုရယ်၊မချစ်လို့မှ မဟုတ်ဘဲ၊ကံကြမ္မာအကျိုးပေးလို့ဘဲ မှတ်ကြတာပေါ့၊ဒါဘဲနော်ကိုကို၊ကိုကို့ဘ၀ ပျော်ရွင်ပါစေ"

မာလာ ဖုန်းပိတ်ပြီး စကားကို အဆုံးသတ်လိုက်တာပါ၊

မာလာ ရင်နာနာနဲ့ပြောနေရတာပါ၊ဒီလိုတွေဖြစ်လာမယ်ဆိုတာ မာလာရိတ်စားမိပြီသားပါ၊ဆွမ်းကျွေးမှာ ဟိုဘက်ဆွေမျိုးစုတိုင်ပင်နေတာကိုမာလာကိုယ်တိုင်ကြားတာ၊သူတို့ကတော့ မာလာကို မောင်မောင်နဲ့သက်ဆိုင်တဲ့မိန်းကလေးလို့ မသိကြလို့ပြောနေကြတာလေ၊သူတို့စကားတွေကြားပြိးကတဲက မာလာ ကိုကို့ကိုလက် လွတ်ရလိမ့်မယ်လို့ဆုံးဖြတ်ထားတာပါ၊ကိုယ့်ချစ်သူကို ဆင်းရဲဒုက္ခနွံထဲကို ဆွဲမခေါ်ရက်ဘူးလေ၊

ဒါကြောင့်မာလာ မန္တလေးကိုပြေးခဲ့တာ၊မန္တလေးမှာရှိနေတဲ့ အဖေရဲ့ညီမအရင်း အဒေါ်က သူ့တူမကို ဗမာ ယောင်္ကျား နဲ့ယူစေချင်တာမဟုတ်ဘူး၊သူတို့လိုလူမျိုးတူတရုတ်ယောင်္ကျား နဲ့ဘဲပေးစားချင်နေတာ၊အစကတော့ မာလာ ဒေါ်လေးကို ယူမယ်လို့ပြောမထားသေးဘဲအခြေအနေကို စောင့်ကြည့်နေတာပါ၊အခု မောင်မောင် ဖုန်းဆက်ပြောတဲ့အခါမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တစ်ခု ချလို့ရသွားတာပါ၊

ဒါကိုတော့ မောင်မောင် မသိနိုင်ပါ၊

အကယ်၍သာ မောင်မောင် ဒီအကြောင်း သိခဲ့မယ်ဆိုရင် သူ့ယောက်ဖကြိးပြောတဲ့ (မာလာမှာလဲ Plan B တော့ရှိမှာပါ)ဆိုတဲ့စကားမှန်ကန်ကြောင်း သိရမှာပါ၊ခုတော့မာလာအတွက် သူ စိတ်မကောင်းဖြစ်ရတာပေါ့။မာလာနဲ့ဖုန်းပြောအပြိးမှာ မောင်မောင် ဒေါမီးကွေအိမ်ကိုသွားပါတယ်၊ဈေးမှာပြောမကောင်းလို့အေးအေးဆေးဆေး ပြောရအောင် အိမ်ကိုသွားလိုက်တာပါ၊မောင်မောင်လာတာတွေ့လို့ မညိမ်းပါ အောက်ကိုဆင်းလာပါတယ်၊

"အော ်မောင်မောင်၊လာ ထိုင်ကွယ်၊ဘာတွေများ ပြောချင်လို့လဲ" 

ဒေါ်မီးကွေပုံစံကြည့်ရတာ မခေါ်မပြောချင်တဲ့ပုံ၊ဒါကြောင့်

" စောစောကတင် မာလာနဲ့ဖုန်းပြောရတယ်ဒေါ်လေး၊ကျွန်တော်တို့လက်ထပ်ဖို့ကိစ္စ အဆင်မပြေချင်ဘူး၊ဒေါ်လေးကို လာပြောတာ"

"အဲဒါ မင်းတို့နှစ်ယောက်ဘဲ ပြောကြရမဲ့ဟာလေ၊ဒေါ်လေး ဘာပြောရမှာလဲ"

"ဟုတ်ကဲ့ပါ၊မာလာရဲ့ခွင့်ပြု ချက် ရပြီးပါပြီ၊အဲဒါ ကျွန်တော့်ကို ခွင့်လွတ်ပါလို့ဒေါ်လေးကို လာတောင်းပန်တာပါ၊ကျွန်တော့်ရဲ့အပြု အမူတွေကြောင့် ဒေါ်လေးတို့သားအမိ စိတ်အနှောင့်အရှက်ဖြစ်ခဲ့ကြတာကို ကန်တော့ပါတယ်"

မောင်မောင် ဒေါ်မီးကွေကို ထိုင်ကန်တော့ခဲ့ပါတယ်၊အရင်က ဒေါ်မီးကွေနဲ့ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့၊မတော်လိုက်ရတဲ့ယောက္ခမလောင်းအနေနဲ့ ကန်တော့ခဲ့တာပါ၊

ဒေါ်မီးကွေ မောင်မောင် သူ့ကိုထိုင်ကန်တော့နေတဲ့အခိုက်အတန့်လေးမှာ ဆုတောင်းစကား မပြောနိုင်ဘဲ မျက်ရည်ကျ လာတာပါ၊အမှန်က ဒေါ်မီးကွေ မောင်မောင်ကို သူ့သမီးနဲ့ပေးစားချင်တဲ့အကြောင်းက သူပါ သမက်ကို လူမသိသူမသိ ခိုးစားဖို့ပါ၊သူ တဏှာရမက်ထန်တယ်။

ဒီအသက်အရွယ်အထိ ယောင်္ကျားနဲ့အတူအိပ်ချင်တုန်း၊တရားဝင်ယူဖို့ရာကလဲ မြေးတောင်ရနေပြီးမို့ လူကဲ့ရဲ့မှာလဲ ကြောက်သေးတာ၊မောင်မောင်ဆိုတာက သူ့ရဲ့အရင် တိတ်တိတ်ပုန်းလင်ဖြစ်ပြီးသား၊သမက်ဖြစ်သွားရင် စားဖို့ရာ ထူးမကြံရတော့ဘူး၊ဒါပေမဲ့ကြံတိုင်းဖြစ်မလာတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ၊

..........................................................................................

မောင်မောင် အိမ်ပြန်ရောက်မလာသေးလို့မကော့စောင့်ပေးနေတာ၊သူ့အကိုကြီးပြောတဲ့ရက်ကလဲ ကပ်လာပြီ၊အခုဆို အကိုကြီးပြောထားတဲ့ရက် (၅)ရက်တောင်ရှိနေပြီ၊နောက် (၂)ရက်မှာ အဖြူ အမဲ သဲကွဲအောင် လုပ်ကြရတော့မယ်၊နေ့ခင်းကတောင် ဒေါ်လေးနဲ့ဒီအကြောင်းပြောဖြစ်သေးတယ်၊ဒေါ်လေးကတော့အကြံပေးတာဘဲ၊(ကောင်လေးဘက်က အင်းမလုပ်၊အဲမလုပ်ဆိုရင်၊ညိး ငိုပြီးတော့သာပြောတော့အေ၊မြင်းကမလှုပ်တော့လဲ ခုံကလှုပ်လိုက်တော့၊ရှက်မနေနဲ့၊ရက်က မကျန်တော့ဘူး)၊

အကိုက အိမ်မှာမတည်းဘဲ စီတာပူက အမျိုးတွေအိမ်မှာသွားတည်းတာ၊အရက်သောက်တတ်လို့၊မောင်မောင် သူ့အပေါ် အရိုသေတန်မှာစိုးလို့မတည်းတာပါ။

ည(၈)နာရီလောက်မှ မောင်မောင်ပြန်ရောက်လာတာပါ၊မကော့ဝင်းတံခါးဖွင့်ပေးလိုက်တဲ့အခါ

"နဲနဲမိုးချု ပ်သွားတယ်အမရယ်၊တောင်းပန်ပါတယ်" 

ပြောပြီး ကောင်လေး သူ့အိမ်လေးထဲ ဝင်သွားတဲ့အခါ သားငယ်လေးက သူ့ဦးလေးနောက်ကို လိုက်သွားလေရဲ့၊

"ကဲ၊မရွှေစာ၊ညိး ဘာဆက်လုပ်မလဲ၊ဆုံးဖြတ်တော့လေ၊တွေဝေမနေနဲ့" 

ဒေါ်လေးကပြောလာပြီ၊နာရီဝက်အကြာ ညရှစ်နာရီခွဲမှာ မကော့ မောင်မောင်ရဲ့အိမ်လေးဆီ လိုက်သွားပါတယ်၊အိမ်လေးထဲမှာက သားငယ်က သူ့ဦးလေးရဲ့အိပ်ရာပေါ်ရောက်နေပြီ၊

"သားလေး၊မအိပ်ချင်သေးဘူးလား" 

ပြောမဲ့သာပြောတာ၊သူ့ပါ ကုတင်ပေါ် ဝင်ထိုင်လိုက်တာ၊မရီးဖြစ်သူ သူ့ကုတင်ပေါ် ဝင်ထိုင်လိုက်တဲ့ အတွက် မောင်မောင် ထိုင်နေရာက ထရမလို၊ဆက်ထိုင်နေရမလို ချီတုံချတုံ ဖြစ်နေတာ၊သူနဲ့မရီးနဲ့က တစ်ပေလောက်ဘဲကွာတာ၊

"ငါဖြင့် မကော့မတွေ့လို့ဒီမှာရှိမယ်တွက်ပြီး လိုက်လာတာ" 

စောစောက စီးဝါးရိုက်ထားတဲ့အတိုင်း ဒေါ်လေးပေါက်ချလာတာ၊

"အတော်ဘဲဒေါ်လေး၊ဒေါ်လေးမြေးကို သိပ်ပေးလိုက်စမ်းပါ၊ကျမ မောင်မောင်နဲ့ပြောစရာလေးတွေ ရှိလို့"

"မြေးလေး၊လာ လာ။ဖွါးကြီးနဲ့အိပ်ရအောင်၊ပုံပြောပေးမယ်" 

ဒေါ်လေး သားငယ်ကို ချော့ခေါ်တာကို

"ဟင့်အင်း၊အိပ်ချင်သေးပါဘူးဆို၊ဦးရေး ရေးနဲ့နေမှာ" 

မရီး သူ့ကို စကားပြောချင်နေမှန်းသိလို့ တူတော်မောင်ကို ချော့ပြောရတယ်၊

"သွားအိပ်လိုက်တော့ကွ၊မနက် ဈေးမလိုက်ဖူးလား၊ဝက်သားပေါင်းစားဖို့"

ပြောလိုက်မှ တူတော်မောင် သူ့အဖွါးလေးနဲ့မလိုက်ချင်လိုက်ချင်လိုက်သွားတာ၊ဒေါ်လေးတို့ပြန်သွားတဲ့အခါ

"အစကတော့ ငါ့မောင်ကို မပြောဘူးလို့ နေတာပါဘဲကွယ်၊ဒါပေမဲ့အမ ပြန်တွေးနေတာ၊ဒီခြံကြီးကိုရောင်းလိုက်ပြီး ဗန်းမော်ပြန်သွားပါပြီ၊ဟိုမှာ အမ ဘာလုပ်စားရမှာလဲ၊ကလေးတွေကလဲ စကောစက အရွယ်တွေ၊အကိုကြီးပြောသလို နောက်ယောင်္ကျားယူပါပြီတဲ့၊နောက်ယူတဲ့ယောင်္ကျားက ဒီကလေးတွေကို သည်းခံနိုင်ပါ့မလား၊ဒါကိုတွက်ရမယ်"

"အမ က ဗန်းမော်မပြန်ဘဲ ဒီမှာဘဲ ဆက်နေချင်တာလား" 

မရီးရဲ့စကားအသွားအလာကိုထောက်ချင့်ပြီး မောင်မောင် မေးလိုက်တာပါ၊

"အမ---အမ--ပြောရတာ" 

မရိးစကားမပြောနိုင်တော့ဘဲ ငိုနေပါပြီ၊မောင်မောင် ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်း မသိ၊

"အမ--ဒိနေရာ---မင်းအကိုကြိးရဲ့ချွေးနည်းစာနဲ့ဝယ်ထားခဲ့တာ---ဘယ်ကိုမှလဲ မသွားချင်ဘူး---ဒါပေမဲ့---အကိုကြိးက---ပြန်လိုက်"

မောင်မောင် နားလယ်လိုက်ပါပြီ၊မရီး ဒီအိမ် ဒီခြံကြီးက ဘယ်ကိုမှ မသွားချင်ဘူးဆိုတာ၊ဒီအိမ် ဒီခြံက ဘယ်ကိုမှ မသွားဖို့ဆိုတာက တနည်းဘဲရှိတော့တာလေ၊မောင်မောင် စိတ်ပိုင်းဖြတ်လိုက်ပါပြီ၊

"အမရယ်၊အမ ဒီအိမ်နဲ့ဒီခြံက မခွါချင်ရင်လဲ မခွါရပါဘူး၊ကျွန်တော်ဆုံးဖြတ်ပြီးပါပြီ၊ကျွန်တော်အမနဲ့တူ/တူမတွေကို ပစ်မသွားပါဘူး"

မောင်မောင့်စကားကြားရတာနဲ့ မရီး မောင်မောင့်ကို ဖက်ပြီး ရင်ခွင်ထဲ ခေါင်းထိုးကာ ငိုတော့တာပါဘဲ

"အီး--ဟီး-ဟီး--ငါ့မောင်ရယ်--အိး--အိး"

"မငိုပါနဲ့ အမရယ်၊အမတို့မိသားစု ဥမကွဲ အသိုက်မပျက် ဒီအိမ်လေးမှာ ဆက်နေကြရပါ့မယ်"

မရီးကျောကို ပြန်ဖက်ရင်းပြောတဲ့အခါ

"အမတို့ မိသားစုတင်လားကွာ၊ငါ့မောင်ရော" 

မရီး သူ့မျက်နှာကို မော့ကြည့်ပြိးမေးတာ၊

"ပြောနေရဦးမှာလား အမရယ်"

မရီး မောင်မောင်ရဲ့လယ်ဂုတ်ကို ဆွဲနှိမ့်ပြီး နုတ်ခမ်းတွေကို ကစ်စုတ်ပါတော့တယ်၊ကစ်စုတ်တာမှ ရိုးရိုးစုတ်တာတင် မက၊ပါးစပ်ထဲ လျှာပါထိုးသွင်းပြိး ကလိနေတာပါ၊ယောင်္ကျားသေပြီးတာ (၆)လရှိနေပြီမို့ စိတ်ဆန္ဒကလဲ ပြင်းပြနေပါပြီ၊အရင်ကသာ မတ်ဆိုပြိး ထိန်းထိန်းသိမ်းသိမ်းနေလာတာ၊အခု တယောက်နဲ့တယောက် ပွင့်လင်းပြီးကြပြိမို့ မကော့စိတ်ကို လွှတ်ပေးလိုက်တာပါ၊

မရီးရဲ့နုတ်ခမ်းစုတ်၊ပါးစပ်ထဲလျှာထိုးသွင်းကလိတာ ခံနေရလို့ မောင်မောင် မရီးကို ပြန်ပြီး နုတ်ခမ်းတွေ စုတ်ပေးလိုက်ပါတယ်၊

"ငါ့မောင်ရယ်၊အမကို လောကကြီးအလယ်မှာ တယောက်ထဲ မထားခဲ့ပါနဲ့ကွယ်"

"ခဏနော် အမ" 

မရီးဖက်ထားတဲ့လက်ကို အသာဖြေပြိး ကုတင်ပေါ်ထိုင်နေရာက မောင်မောင်ထပြီး အိမ်တံခါးကို ပိတ်လိုက်တယ်၊ပြီးမှ

"မထားခဲ့ပါဘူး အမရယ်၊ကျွန်တော်အမနဲ့သေတပန် သက်တဆုံး နေသွားမှာပါ"

မရီးဖြစ်သူရဲ့ ပခုံးနှစ်ဘက်ကို အသာလေးတွန်းလိုက်ရင်း အိပ်ရာပေါ် လှဲချပေးလိုက်ပါတယ်၊မရီးအပေါ် မှောက်အိပ်ရင်းက

"ပြီးခဲ့တာတွေ ပြီးပါစေတော့အမရယ်၊ရှေ့ဆက်ပြီး ဝမ်းနည်းပူဆွေးမှု မရှိနိုင်တော့ပါဘူး" 

သူ မရီးဖြစ်သူကို ယုယုယယ နမ်းလိုက်တာ၊မတ်ဖြစ်သူရဲ့အားပါတဲ့အနမ်းတွေအောက်မှာ မိန်းမူးရင်း

"ပြိးခဲ့တာတွေထားလိုက်ပါ၊အခု အမကို ပြီးအောင် လုပ်ပေးပါလား ငါ့မောင်ရယ်"


ပြီးပါပြီ။

                   



                                                          

Print Friendly and PDF

No comments:

Post a Comment