Friday, December 15, 2023

ကြုံလေဘုံဘွေ အပိုင်း ( ၆ )

 ကြုံလေဘုံဘွေ အပိုင်း ( ၆ )

ဂျင်ကလိ ရေးသည်။

ချိုချို နှင့် အတူတွဲထွက်လာသည့် အမျိုးသမီးကိုကြည့်ပြီး အောင်ဘညို(၃) နည်းနည်း တွန့် သွားသည်။ ချိုချိုကလဲ ပြုံးပြနေတာကို မြင်ရက်သားနှင့် မသိသလိုအနားက ဖြတ်ထွက် သွားသည်။ မိတ်ကပ်ထူထူ ကိုယ်လုံးပြည့်ပြည့်နှင့် အမျိုးသမီးကတော့ ချိုချို့လက်ကို ဆွဲပြီး တတွတ်တွတ်နှင့် စကားတွေပြောနေလို့ အောင်ဘညို(၃) ပြုံးပြတာကို မြင်ပုံမရပါ။ အပြာ ရောင် ဇာအင်္ကျီပါးပါး အောက်မှာ အနီရောင်ဘရာစီယာ ခံထားပြီး အနက်ရောင် စကပ် တို ကြပ်ကြပ်နှင့် မိန်းမ က ဘယ်လိုမျိုးဖြစ်မည် ဆိုတာကိုတွေးမိလိုက်သည့် အခါ အောင် ဘညို(၃) သက်ပြင်းချမိပါသည်။

သူတို့ နှစ်ယောက်ကို နောက်ကနေလိုက်ငေး မိရင်း အထဲကိုဆက်မသွားတော့ဘဲ စင်္ကြ ံလမ်း ဘေးမှာ ကပ် ရပ်ရင်း ချိုချို ပြန်အလာကိုစောင့်မိသည်။ ဧည့်သည်ပြန်လိုက်ပို့ တာဆိုရင်တော့ မကြာခင်ပြန်လာမည် ဟု ထင်သည်။ ပြန်လာလို့မှ ချိုချိုက သူ့ကိုမခေါ်ရင် အကျိုးအကြောင်း မေးကြည့်ဖို့လည်း စိတ်ထဲမှာ ကြိုတွေး ထားလိုက်သည်။

အောင်ဘညို(၃) ဆေးရုံကို နေ့တိုင်းမဟုတ်ပေမယ့် ရက်ခြားဆိုသလိုရောက်တတ်ပါသည်။ ချိုချို နှင့် ပိုပြီး ရင်းနှီးလာသလို သူမ၏ မိခင် ဒေါ်အေးကြည်နှင့်လည်း တော်တော်လေး ခင်မင်မှု ရနေပြီဖြစ်သည်။ ဒါ ကြောင့် ချိုချို အခုလိုမမြင်သလိုလုပ်သွားသည်ကို နားလည်ရ ခက်နေသည်။ ဘာကြောင့် ဒီလိုဖြစ်ရသည်ကို မေးချင် ပေမယ့် လူမမာရှေ့မှာ မပြောချင်သည့် အတွက်ရပ်စောင့်လိုက်ခြင်းဖြစ်သည်။ ထင်သည့်အတိုင်းပင် ခန နေ တော့ ချိုချို ပြန်ဝင်လာ သည်။ အခန်းထောင့်ချိုးတခုကို ကွေ့အထွက်တွင် အောင်ဘညို(၃) ရပ်နေသည်ကို မြင် သွားပြီး ချိုချို အားရပါးရ ပြုံးပြ၍ သုတ်သုတ်ကလေး လျှောက်လာသည်။

နက်ပြာရောင် ထမိန်စကပ် အကွဲကြားက ဖွေးကနဲ ဖွေးကနဲ ထွက်လာသည့် ခြေတံကိုအမှတ်မဲ့ ငေးကြည့်နေ မိစဉ်မှာပင် ချိုချို အနားကို ရောက်လာသည်။ ချိုချိုဝတ်ထားသည့် အင်္ကျ ီက လည်း နက်ပြာရောင်ပင်ဖြစ်ကာ လက်မောင်း အရင်းဖက်နားမှာ ခွဲထား၍ ဖြူမွတ်သော လက် မောင်းသားတွေကို မြင်နေရသည်။

“ဘာလို့ စားစရာတွေ ဝယ်လာရပြန်တာလဲ”

လက်ထဲမှာဆွဲထားသည့် ပလပ်စတစ်အိတ်ကို ဝေ့ကြည့်ရင်းပြောသည်။

“ကြက်ဆီထမင်းလေ၊ ချိုချို့ဖို့ပါ၊ ကိုယ်လာတိုင်း ဖြစ်သလိုစားနေတာချည်းပဲ တွေ့နေလို့”

“ဒါကတော့ အကိုရယ်၊ အခြေအနေ အရလုပ်ရတာကိုး၊ ဒါနဲ့ ...ခုန အကို စိတ်မဆိုးပါဘူးနော်”

“ဘာဖြစ်လို့လဲ”

“တမင် မခေါ်တာ၊ မငြိမ်းက ..အကိုရယ်၊ သူ့ အလုပ်အကိုင်ကို အကိုရိပ်မိမှာပါ၊ အကို့ကို သူက တွေ့ချင်နေတာ၊ မေမေ ပြောလိုက်လို့၊ ဒါပေမယ့် ...မိတ်ဆက် မပေးချင်ဘူး၊ သိသွားရင် လမ်းတွေ့တဲ့အခါ ခေါ်နေရဦး မယ်လေ”

“ကိုယ်လဲ ထူးခြားတယ် ထင်လို့ ပြန်လာမှာပဲ ဆိုပြီးရပ်စောင့်နေတာ”

“မငြိမ်း သနားဖို့ ကောင်းပါတယ်၊ ကလေးက နှစ်ယောက်ရှိတယ်၊ ယောက်ျားက တရုတ်ဖက် ကမ်းမှာ အလုပ် သွားလုပ်ရင်း အစပျောက်သွားတယ်၊ သေလားရှင်သလားတောင် မသိဘူး။ သူလဲ ဒီ ဘ၀ ရောက်သွားတာပေါ့”

“အော် ..သနားပါတယ်၊ ခုလိုကျတော့ အဆင်ပြေရဲ့လား”

“ငတ်တော့ မငတ်ဘူးပေါ့၊ ဒီလိုပါပဲ၊”

“သူကရော ဘယ်ဌာနကလဲ”

“ရှင် ..အာ ...သူက စက်မှုဇုန်က၊ စက်မှုဇုန်က...ဟဲ..ဟဲ”

ချိုချိုက အောင်ဘညို(၃) ကို အစိုးရရုံးမှာ လုပ်ခဲ့စဉ်က လုပ်ဖေါ်ကိုင်ဖက်ဟု ဒေါ်အေးကြည်ကို ပြောထားသည်။ ချိုချို ကတော့ အစိုးရအလုပ်ကထွက်ပြီး ကုမ္ပဏီ သို့ ပြောင်းလုပ်ရင်း စက်မှု ဇုန်မှာ အလုပ် ဆင်းနေသည်။ အောင်ဘညို(၃) ကတော့ မကြာသေးမီ ကာလကမှ အစိုးရ အ လုပ်ကထွက်လာပြီး စာပေနယ် ကို ဝင်ရောက်ဖို့ ကြိုးစားနေသူဖြစ်သည်။ ဒါက နှစ်ဦး သဘော တူ ညှိနှိုင်းထားသည့် ဇာတ်လမ်းဖြစ်သည်။ ချိုချို၏ လက်ရှိအလုပ် အကိုင်ကို ဖျောက်ဖျက်နိုင် ရေးအတွက် ထွင်ထားရသည့် ဇာတ်လမ်းက ခပ်စင်းစင်းပဲ ဆိုတော့ ဒေါ်အေးကြည်ကလည်း လက်ခံပါသည်။

“ခုန မငြိမ်းကရော အထာပေါက်ရဲ့လား”

“ပေါက်တာပေါ့၊ အမ ကြည့်ရာတာ ပင်ပန်းနေသလိုပဲ မျက်ကွင်းတွေ ချောင်လို့ပါ လားလို့ မေး လိုက်တာနဲ့၊ ဟုတ်တယ် ညီမရေ ညဆိုင်းတွေ ဆက်ဆင်းနေရတယ်၊ အော်ဒါတွေ အရမ်းကျ နေလို့ ဘာညာနဲ့ ပြန်ဖော တာပေါ့၊ ကျန်တဲ့ သူတွေလည်း မအားကြလို့ မလာနိုင်ကြဘူးတဲ့၊ ဟဲ ..ဟဲ၊ မိုက်တယ်နော်”

ဟာသလို လုပ်ပြီးပြောနေပေမယ့် ချိုချို ရင်ထဲမှာမချိတာ အောင်ဘညို(၃) သိပါသည်။ ခု လို ဒေါ်အေးကြည်မျက်ကွယ်မှာ ခန တဖြုတ်ဆုံဖြစ်တိုင်း အားပေးစကားပြောဖို့  ကြိုးစားပေမယ့် ဘယ်က စပြောရမှန်း မသိသည့်အတွက် ဒီအတိုင်းပဲနေနေခဲ့ရသည်။ ဒီနေ့တော့ ချိုချိုကို တော်တော် သနားသွားတာနှင့်

“ချိုချို”

“ရှင် ..အကို”

“နောက်ကို အဲဒါ မလုပ်ပါနဲ့တော့လား”

“မေမေ့ကို မလိမ်လို့မှ မရတာ အကိုရယ်၊ မေမေ သိရင် ချက်ချင်း အသက်ထွက်သွားမှာပေါ့”

“အဲ ..ဒါ ပြောတာမဟုတ်ဘူး၊ ချိုချို လက်ရှိလုပ်နေတဲ့ အလုပ်ကိုပြောတာ”

“မေမေ ရန်ကုန်ရောက်ကထဲက မလုပ်တော့ပါဘူး”

ကြမ်းပြင်ကို စိုက်ငေးနေရင်း ချိုချို မပွင့်တပွင့်ပြောသည်။

“နောက်လဲ မလုပ်ပါနဲ့တော့၊ ချိုချိုတို့ သားအမိ ဘဝရပ်တည်နိုင်ဖို့ ကိုယ်လဲ ဝိုင်းကူပေးပါ့မယ်”

“အင်းပါ အကိုရယ်၊ ချိုလဲ ..မတတ်သာလို့သာ …ကဲ …မေမေ တယောက်ထဲဖြစ်နေဦးမယ်၊ အထဲသွားကြမယ်နော်”

ပြောရင်းနှင့် ဝမ်းနည်းလာပုံရသည့် ချိုချိုက စကားကိုရုတ်တရက်ဖြတ်လိုက်ပြီး ထွက်သွား သည်။ အောင်ဘညို (၃)လည်း နောက်က ကပျာကသီ လိုက်သွားရတော့သည်။ အထဲရောက် တော့ အခန်းဝဖက်ကို မျှော်ကြည့်နေသည့် ဒေါ်အေးကြည်ကို တွေ့ရသည်။ မျက်နှာက လန်း လန်း ဆန်းဆန်း ရှိနေသည့် အတွက် အောင်ဘညို(၃)က အနားရောက်သည် နှင့်

“ဒေါ်ဒေါ် ဒီနေ့တော့ ကြည်ကြည်လင်လင်ပါလား၊ နေရထိုင်ရ သက်သာတယ် မဟုတ်လား”

“အရင်ထက်တော့ ကောင်းပါတယ်ကွယ်”

“ဒါပေါ့ နောက်ဆို ဒီထက်ပို ပြီးသက်သာတော့မှာ”

“စောင့်ကြည့်ရသေးတာပေါ့ကွယ်”

“ကောင်းသွားမှာပါ ဒေါ်ဒေါ်ရယ်၊ စိတ်ချပါ”

အောင်ဘညို(၃)က ခုံတန်းရှည် အစွန်းတဖက်တွင် ဝင်ထိုင်လိုက်စဉ် ချိုချိုက လည်း တခြား ဖက်စွန်းမှာ ထိုင်လိုက်ပြီး အောင်ဘညို(၃) ဝယ်လာပေးသည့် ကြက်ဆီထမင်းဘူးလေးကို ဖွင့် ပြီးစားဖို့ ပြင်သည်။

“ဟဲ့ ဘာတွေတုန်း”

“ကြက်ဆီထမင်း မေမေ၊ အကိုဝယ်လာတာ၊ စားမလား”

“ပြစမ်း”

ချိုချိုက အနားကို တိုးကပ်ပြလိုက်တော့ ဒေါ်အေးကြည်က အနံ့ခံကြည့်လိုက်ပြီး

“အီလည်လည်ကြီး နေမှာပါ၊ ညည်းပဲစားပါအေ၊ အော် … မောင်အောင်ဘညိုကို လိမ္မော်သီး ကျွေးလိုက်ဦး၊ ခုန တယောက် ဝယ်လာပေးတာ”

ချိုချိုက လိမ္မော်သီးထည့်ထားသည့် ပလပ်စတစ်အိတ်ကလေး ထယူသည့် အတွက် ကမန်း ကတန်းတားလိုက်ရသည်။

“နေပါစေ ဒေါ်ဒေါ်၊ ကျွန်တော်က ခုပဲ ထမင်းစားလာတာဗိုက်ပြည့်နေပြီ”

“စားလိုက်တော့ ရင်ချောင်တာပေါ့ကွဲ့၊ ဒေါ်ဒေါ်က မင်းကို စားစေချင်လွန်းလို့ပါ”

ချိုချိုကလည်း အတင်းထိုးပေးနေသဖြင့် မတတ်သာဘဲ တလုံးဆွဲယူလိုက်ရသည်။

“အကို အခွံတွေကို ခြေရင်းက ထွေးခံထဲပဲ ထည့်လိုက်သိလား၊ ပြီးရင် ချို သွားသွန် လိုက် မယ်”

“အင်း ..အင်း”

အောင်ဘညို(၃) လိမ္မော်သီးစားနေစဉ် ဒေါ်အေးကြည်က စကားဆက်ပြောသည်။

“ခုန မိချို အသိတယောက်လာသွားတယ်၊ မင်း နဲ့ မသိဘူးလို့ မိချိုပြောတယ်”

“အော် ဟုတ်ကဲ့၊ အလုပ်ချင်း မတူတော့ မဆုံဖြစ်တာဖြစ်ပါလိမ့်မယ်”

“စိတ်ကလေးကတော့ ဖြူပုံရပါတယ်၊ ဒါပေမယ့် ဝတ်တာစားတာတော့ ငါ မကြိုက်ချင်ဘူး၊ မင်း မြင်လိုက်သေးလား”

“မ ..မ တွေ့လိုက်ဘူး ဒေါ်ဒေါ်”

“အင်း … လူမှာ အဝတ် တောင်းမှာ အကွပ်တဲ့၊ ရှေးစကား တယ်မှန်တာပဲ၊ လူက ကောင်းရက်နဲ့ အဝတ်အစား မတတ်တော့ လော်လီသလိုဖြစ်နေတယ်၊ ငါလဲ ပြောတော့ ပြော လိုက် ချင်သား၊ ခုမှ သိတဲ့ သူကို တွေ့တာနဲ့ တန်းပြီး ဆုံးမ သလိုဖြစ်နေမှာစိုးလို့ နေလိုက်ရတယ်”

အောင်ဘညို(၃)လည်း ခုနက မငြိမ်းကို မြင်လိုက်ရသည့် အတွက် ဘာမှ မှတ်ချက်မပေးဘဲ ငြိမ်နေမိသည်။ ချိုချိုကတော့ ဘာမှ မသိသလို ဟန်မျိုးနှင့် အစားကိုပဲ အာရုံစိုက်ထားသလို လုပ် နေသည်။ ဒါပေမယ့် သူလည်း နားထောင်နေမည်ဆိုတာ အောင်ဘညို(၃) သိသည်။ အလုပ် အကိုင်ချင်း တူပေမယ့် အဝတ်အစားမှာတော့ ချိုချိုက အိန္ဒြေရသည်။ သူမ ကို စတွေ့ သည့်နေ့ကလည်း လုံလုံခြုံခြုံ သပ်သပ်ရပ်ရပ် နှင့် မြင်ခဲ့ရသည်။

“ခု ခေတ်ကတော့ ဒီလိုပဲ ဝတ်ကြတာပါပဲ ဒေါ်ဒေါ်ရယ်”

အောင်ဘညို(၃) လေသံပျော့လေး နှင့် ပြောလိုက်သည်။ ချိုချိုကတော့ မျက်နှာလေး ငုံ့ပြီး ပြောနေကြသည့် စကားတွေကို မကြားသလို လုပ်နေသည်။ ဒါပေမယ့် ချိုချို့ လက်ကလေး တွေ တုန်နေတာ ကိုတော့ မြင်လိုက်ရပါသည်။

...............................................

ပို့မယ့်ပို့ ကူးတို့ရောက်အောင်ပို့ ဆိုသည့် စကားလိုပင် အောင်ဘညို(၃) သနားညှာတာစိတ်ဖြင့် ချိုချို့ကို ကူညီပေးခဲ့သည်။ ငွေကြေး အကူအညီလိုရင် လည်းပြောဖို့ ပြောပေမယ့် ချိုချိုက သူ မမှာ ပိုက်ဆံရှိပါသေး သည် ဟု ဆိုသည့်အတွက် ချိုချို အနားရအောင် အားတဲ့ အချိန် တွေမှာ လူနာသွားထိုင်စောင့် ပေးတာမျိုးလောက်ပဲ လုပ်ပေးနိုင်ပါသည်။ ဒါတောင်မှ လူနာက အမျိုး သမီးဆိုတော့ နေရာတိုင်း အောင်ဘညို(၃) ဝင်ပါလို့မရ။ ချိုချို အနားရသည် ဆိုတာ ကလည်း ခနတဖြုတ်သာပင်။ တခါတလေ ဒေါ်အေးကြည်ကလည်း နေရသက်သာ၍ အောင် ဘညို(၃) နှင့်စကားစမြည်ပြောနေချိန်မျိုး လောက်မှာသာ ခနတဖြုတ် နားရသည်။ခုံတန်း ရှည် လေးမှာ ထိုင်ပြီး ကုတင်ပေါ်ကိုမှောက်အိပ်နေတတ်သော ချိုချို့ကို မြင်ရင် အောင်ဘညို(၃) စိတ်မ ကောင်းပါ။ ညဖက်ဆိုရင်တော့ ထိုခုံတန်းလေးက ချိုချို့ အိပ်ယာဖြစ်သည်။ အောင်ဘညို(၃)က သူနာပြုငှားပါ သူ ပိုက်ဆံပေးပါမည် ဆိုသည်ကိုလည်း လုံးဝလက်မခံပါ။ ဒါပေမယ့် တနေ့တခြား ချိုချို ဖြူဖျော့လာတာကို မြင်ရ တာကြောင့် မတိုင်ပင်တော့ဘဲ သူနာ ပြုငှားပေးလိုက်သည်။

“အကိုကလဲ ဆင်းပဲ ဆင်းရတော့မှာကို”

“ဆင်းခါ နီးမှ ချိုချို လဲနေမှာစိုးလို့၊ အိမ်ရောက်ရင်တော့ ချိုချိုပဲ ပြုစုရမှာ မဟုတ်လား”

“အမေပဲ၊ လုပ်ပေးရမှာပေါ့”

“ပြုစုဖို့အတွက် ချိုချို ကျန်းမာဖို့လိုတယ်လေ၊ ကိုယ့် စေတနာကို မငြင်းပါနဲ့”

ရီဝေသော မျက်လုံးအစုံ နှင့် ချိုချို ကြည့်သည်။ ဘာမှတော့ ထပ်မပြောတော့ပေ။ ဆင်းခါနီး ရက် မှာ ချိုချို အိမ်ခနပြန်သည်။ ဆေးရုံမှာ ရောက်နေသောပစ္စည်း တချို့ ပြန်ပို့တာဆိုတော့ အောင်ဘညို (၃)လည်း ကူညီဖို့ လိုက်သွားသည်။ ချိုချိုက ဘတ်စ်ကားနှင့်ပဲ သွားချင် သော် လည်း အောင် ဘညို (၃)က အတင်းကားငှားလိုက်၏။ ကန့်ကွက်ချင်သလို လုပ်ပေမယ့် အောင် ဘညို(၃)က လက်ကာပြလိုက်ပြီး ကားခ ပါ တခါထဲရှင်းပေးလိုက်သည့် အတွက် ချိုချို မတားနိုင်တော့ပေ။ ကားပေါ်မှာ အောင်ဘညို(၃)က ရှေ့ခန်းမှာထိုင် ပြီး ချိုချိုက နောက်မှာ ပစ္စည်းတွေ နှင့် ထိုင်သည့်အတွက် စကားထပ်မပြောဖြစ်ကြပေ။ သူတို့ ရပ်ကွက်ထဲ ရောက် ပြီး လမ်းမေးတော့မှ စကားပြောဖြစ်သည်။

ကားပေါ်က ပစ္စည်းတွေချပြီးတော့ ချိုချို ခြံတံခါးဖွင့် နေစဉ် အောင်ဘညို(၃) အိမ်ကို အကဲ ခတ်ကြည့်မိသည်။ ခြေတံ မတိုမရှည်နှင့် တထပ်အိမ်လေး ဖြစ်ပြီး သေးငယ်သော်လည်း သပ် သပ်ရပ်ရပ် ရှိသည်။

“မေမေ့ ကို ရန်ကုန် မခေါ်ခင်လေးကမှ ငှားလိုက်တာလေ၊ အရင်ကတော့ မငြိမ်းတို့ နဲ့ တူတူ နေတာ”

“အော်၊ အိမ်လေးက မဆိုးပါဘူး၊ ကောင်းပါတယ်”

“ဒီထက် ဈေးသက်သာတာတွေလဲ ရှိတယ်။ ဒါပေမယ့် သိပ်စုတ်လွန်းရင် မေမေ စိတ်မကောင်း ဖြစ်မှာစိုးလို့ ဖျစ်ညှစ် ငှားလိုက်ရတာ၊”

“ဒီလောက် ဆို အတော်ပါပဲ၊ ပတ်ဝန်းကျင်ကလည်း အေးအေးဆေးဆေး ရှိပုံပဲ”

“အင်း ...မဆိုးပါဘူး”

ခြံဝင်းလေးကလည်း ရန်ကုန်အနေအထား၊ ဒီရပ်ကွက် အနေအထားနှင့် ဆိုရင် ကျယ်သည် လို့တောင်ပြောလို့ ရသည်။ ဘေးခြံတွေက ဒီလောက် မကျယ်ပါ။ ပစ္စည်းတွေ အိမ်ပေါ် တင် ပြီးတော့ ခပ်ကျဉ်းကျဉ်း ဧည့်ခန်းလေးကို ကပျာကရာ တံမျက်စည်းလှဲပြီး ချိုချိုက ဖျာက လေးခင်းပေးသည်။

“ထိုင်ဦးနော် ..အကို၊ ဆေးရုံ ကို အိမ်လုပ်နေရတော့ ဘာမှလည်းဧည့်ခံစရာ မရှိဘူး၊ မီးလာ သလား ကြည့်လိုက် ဦးမယ်၊ မီးလာရင် ရေနွေးအိုးတည်ပြီး ကော်ဖီဖျော်ပေးမယ် နော် အကို”

“အာ ...မ ဟုတ်တာပဲ၊ ကိုယ်သောက်ခဲ့ပြီးပါပြီ၊ အိမ်မှာ ရှင်းမလို့ဆို၊ ပြောလေ ကိုယ်ဘာ ကူပေးရမလဲ”

“အားနာလိုက်တာ”

“အားမနာနဲ့ ရတယ်၊ အားမနာနဲ့ ကူညီချင်လို့ကို လိုက်လာတာ”

“ဒါဆို ခနလေးနော်”

ဧည့်ခန်းနှင့် ကပ်လျက်က တခန်းထဲသာရှိသော အိပ်ခန်းထဲကို ချိုချို ဝင်သွားပြီး တချိုးချိုး တချွတ်ချွတ် အသံတွေ ကြားရသည်။ ခန အကြာမှာ ပြန်ထွက်လာသည်။

“ဘာလုပ်ကူရမလဲ”

“ခန နေဦးလို့ ပြောမလို့”

ရောက်ခါစကလို မဟုတ်ဘဲ၊ ကာကီရောင် တီရှပ်ပွပွ နှင့် အစိမ်းရောင်ပါတိတ်ထမိန် အနွမ်း လေး လဲဝတ်ထား သည့် ချိုချိုက အပြုံးလေး နှင့်ပြောသည်။ လှစ်ကနဲ ပြန်ဝင်သွားပြီး ဘာမှ မကြာလိုက်ခင်မှာပင် ဝုန်းကနဲ အသံ တခု နှင့်အတူ ချိုချို ကြိတ်အော်လိုက်သည့် အသံပါ ကြားလိုက်ရ၍ အောင်ဘညို(၃) မနေနိုင်တော့ဘဲ အခန်းထဲ ပြေးကြည့်လိုက်တော့ နဖူး လေးပွတ်နေသည့် ချိုချို့ကိုတွေ့ရသည်။

“ဘာဖြစ်တာလဲ ချိုချို”

“သေတ္တာကို ကုန်းမလိုက်တာ၊ နံံရံက တန်းနဲ့ ခေါင်းနဲ့ဆောင့်မိတာ၊ အဟီး”

“မှန်းစမ်း၊ ပေါက်သွားသေးလား”

နဖူးကို ယောင်ပြီး လှမ်းကိုင်မလို လုပ်မိပြီးမှ အောင်ဘညို(၃) လက်တုံ့သွားသလို ချိုချိုလည်း ကိုယ်လုံးလေး နည်း နည်း ယို့သွားသည်။

“ဆောရီး၊ ဆောရီး၊ ဒီသေတ္တာ မ မလို့ ဟုတ်လား”

ခေါင်းရင်းပြတင်းပေါက်က ဝင်လာသည့် အလင်းရောင်မှာ သွေးစသွေးန လည်း မမြင်ရ သည့် အတွက် စိတ်အေးသွားပြီး ချိုချို့ ရှေ့က အလျား နှစ်ပေ၊ အနံ တပေခန့် ရှိမည် ထင်ရ သည့် သံသေတ္တာ ကို လက်ညိုးထိုးပြကာ မေးရင်း ကုန်းမလိုက် သည်။

“ဟာ...အကို .. နေ..နေ”

ချိုချိုကလည်း လက်ကလေးနှင့် ကုန်းဖိရင်းတားသည်။

“ဘာဖြစ်လို့လဲ”

ကိုယ်ကို အကိုင်းမှာ ပွင့်ဟသွားသည့် အင်္ကျ ီလည်ပင်းပေါက်ကနေ အလုံးစုံမြင်လိုက်ရသည့် အဝါနုရောင် ဘရာစီယာနှင့် ပင့်မထားသော အသားစိုင်ဖြူဖြူတွေဆီကနေ ကြိုးစားကာ အကြည့်လွှဲရင်း အောင်ဘညို(၃) မေးလိုက်မိသည်။ ချိုချိုကတော့ သတိထားမိပုံ မပေါ်ပါ။

“ထမိန်တွေ ပါတယ် အကိုရဲ့၊ ဘုန်းနိမ့်လိမ့်မယ်”

“ခေါင်းပေါ်ရွက်တာမှ မဟုတ်ဘဲနဲ့၊ ဖယ် ...ဖယ်”

“ကဲ ပြော၊ ဘယ်နားချရမလဲ”

သေတ္တာက ယောက်ျားသားတယောက်အတွက် သိပ်မလေးလှပါ။

“အပြင်ဖက်ကို ယူမလို့ အကို၊ ဒီအခန်းဝက ကာထားတဲ့ အခန်းလေး ထဲကို ရွှေ့မလို့”

အိပ်ခန်းဝမှာ ကဒ်ထူပြားတွေ နှင့် ကာရံထားသည့် အကန့်လေး တခုရှိသည်။ အထဲမှာ အ ဝတ်တန်း တခုလဲရှိသည်။

“ဒီနားလေးမှာ ချလိုက်နော်”

အထဲရောက်ပြီးယောင်လည်လည်ဖြစ်နေသည့် အောင်ဘညို (၃)ကို နောက်ကပါလာသည့် ချို ချိုကပြောလိုက်၍ သေတ္တာကို သူပြောသည့်နေရာမှာ ချလိုက်သည်။ ချိုချိုကတော့ ထမင်း စား ပန်းကန် လောက်ရှိမည့် ကျောက်ပျဉ်တချပ်ကို မ လာသည်။

“ဘာကျန်သေးလဲ”

“နောက်ထပ် သေတ္တာ အသေးလေး တလုံးကျန်သေးတယ်၊ ဒါပေမယ့် အဲ့လောက်တော့ ချို နိုင် ပါတယ်။ အကို ရှေ့မှာပဲ အေးအေး ဆေးဆေး သွားနေပါ။”

ချိုချို တားပေမယ့် သေတ္တာ အသေးကိုလည်းထပ်သယ်ပေးလိုက်သည်။ အိပ်ခန်းထဲမှာ အိပ် ယာ လိပ်နှင့် မြွေအရေခွံ အိတ်ကြီးတလုံးမှ အပ ဘာမှမကျန်တော့ပေ။

“ချမ်းသာ သမျှ ဒါအကုန်ပဲ အကိုရေ၊ ဟဲ ..ဟဲ၊ ကဲ အကို ရှေ့မှာပဲ ထိုင်နေပါတော့၊ ချို တံမျက် စည်းလှည်း မလို့ အမှုန်တွေ ထလိမ့်မယ်၊ သွားသွား”

လုပ်စရာမရှိတော့တာနှင့် အောင်ဘညို(၃) အိမ်ရှေ့ခန်းမှာ သွားထိုင်ဖို့ ထွက်လာရင်း ခြေရင်း ဖက်မှာတွဲထား သည့် မီးဖိုကို သွားကြည့်လိုက်မိသေးသည်။ မီးဖို ချောင်က အိမ်ထက်နိမ့်လို့ လှေခါးလေး နှင့် ဆင်းရသည်။ မီးဖိုဆောင် နောက်ဖက်မှာ အိမ်နောက်ကိုထွက်သည့် တံခါး ရှိသည်။ မီးဖိုထဲက အိုးခွက်တွေ အနည်းအကျဉ်းပဲ ရှိပေမယ့် အသစ်တွေဖြစ်နေသည်။ ဒေါ်အေးကြည်လာမည် ဆိုတော့မှ ချိုချိုဝယ် ထား တာပဲ ဖြစ်ရမည်။ မီးဖိုထဲက ပြန်တက် လာတော့ အိပ်ခန်းထဲမှာ ချိုချို ဖုန်ခါနေသံကြားရသည်။ အိမ်ရှေ့မှာ ပြန်ထိုင်လို့ ဘာမှ မကြာသေးခင် ချိုချို ပြန်ထွက်လာသည်။

“အထဲ တော့ ပြီးပြီ အကိုရေ”

အောင်ဘညို(၃) ကို အပြုံးလေးနှင့် ပြောလိုက်ပြီး အိမ်ရှေ့မှာပါ တံမျက်စည်းလိုက်လှည်းနေ၍ ထရပ်လိုက်ရသည်။

“အဲဒီနားက ပြီးပြီလေ အကိုရဲ့”

“ရတယ်လုပ်ပါ။”

“အိပ်ယာက တခါထဲခင်းခဲ့ရင် ကောင်းမလားမသိဘူး၊ မနက်ဖြန် မေမေလာမှ ခင်းရင် ရောက်ရောက်ချင်း မနားရဘဲ ထိုင်စောင့် နေရဦးမယ်”

“အင်းပေါ့၊ တခါထဲပြင်ထားလိုက်ပေါ့”

အိပ်ယာပြင်တော့ အောင်ဘညို (၃) ဝိုင်းကူလုပ်ပေးသည်။

“တော်ပါသေးရဲ့၊ အကိုပါလာလို့၊ တယောက်ထဲဆို မြန်မြန်ပြီးမှာ မဟုတ်ဘူး၊ ကျေးဇူးတင် ပါ တယ် အကိုရယ်”

“ရပါတယ်၊ ဘာ အပန်းကြီးလို့လဲ”

“ဟို ဒင်းလေ၊ အကို အချိန်ရတယ် မဟုတ်လား၊ ညီမ သန့်ရှင်းရေး လုပ်ထားလို့ ချွေးပြန်နေပြီ၊ ရေချိုး လိုက်ချင်လို့”

“ချိုး ချိုး”

ရေချိုးမည် ဆိုတော့ ချိုချို အဝတ်အစားလဲနိုင်ရန် အလိုက်တသိနှင့် ဧည့်ခန်းမှာ သွားထိုင် နေ လိုက်သည်။ ခန နေတော့ ချိုချို အခန်းထဲကထွက်လာသည်။ ဘာရယ်မဟုတ် လှမ်းကြည့် မိတော့ ချိုချိုက ပြုံးပြသည်။ ထမိန်ရင်လျား ထားပေမယ့် ပုခုံးပေါ်မှာ တဘက်ကြီးခြုံလာ သည့်အတွက် လုံလုံခြုံခြုံ ရှိပါသည်။

“စောင့်ရမှာ အားနာလိုက်တာ”

“ဘာမှ မဖြစ်ဘူး၊ ကိုယ်အားတယ်”

ပြန်လိုက်လာခဲ့မည်ဟု ဒေါ်အေးကြည်ကို ကတိပေးခဲ့သည့် အတွက် အောင်ဘညို(၃) အိမ် မပြန်နိုင်သေးဘဲ ဆေးရုံပြန်လိုက်ရမည် ဖြစ်သည်။ အိမ်မှာလည်း ဘာမှ လုပ်စရာမရှိလို့ အောင်ဘညို(၃) မှာ အချိန်တွေပိုနေပါ သည်။

မီးဖိုဆောင်ဖက်ကို ချိုချိုဆင်းပြီးပျောက်ကွယ်သွားတော့မှ အောင်ဘညို(၃)  မျက်နှာပြန် လှည့်လိုက်သည်။ ချိုချို့ ကို လိုက်ကြည့်မိသည် မှန်သော်လည်း ရင်ထဲမှာ ဘယ်လိုမှ မနေပါ။ ဒါပေမယ့် စာရေးဆရာ စိတ်ပေါ် လာသည့် အခါ မိန်းမပျက်ကလေးတယောက် မှန်းသိနေလို့ ရင်မခုန်တာလား၊ ဒီနေရာမှာ တခြား အပျိုစင် မိန်းကလေး တယောက်ဖြစ်နေရင် ရင်ခုန်မှာလား ကိုယ့်ဟာကိုယ် သရုပ်ခွဲစဉ်းစားနေမိသည်။

ချိုချို လည်း ကြည့်ကောင်းသော မိန်းကလေး တယောက်ပင်။ ကိုယ်လုံးကိုယ်ထည်ကလည်း မဆိုးပါ။ အသား အရေ ကလည်းဖြူဖြူစင်စင် ရှိသည်။ တကယ်လို့များ အခုနေခါတွင် အောင် ဘ ညို(၃)က သူမကို အလိုရှိတယ် ဆိုရင် လိုက်လျောမှာလားလို့လည်း တွေးမိပြန်သည်။ ယောက်ျားတယောက် နှင့် လိင်ဆက်ဆံဖို့ ဆိုတာ ချိုချို့အတွက် အဆန်းတကြယ် မဟုတ်ပါ။

“ဟာ ... ငါ ..ဘာတွေတွေးနေတာလဲ”

ဝင်လာသည့် ပေါက်ကရအတွေးတွေ လွင့်စင်ထွက်သွားအောင် ခေါင်းကို သွက်သွက်ရမ်း လိုက်မိသည်။ လုပ် ရမှာက ချိုချို့ကို ဒီနွံထဲက လွတ်အောင်ကူညီဖို့ ဖြစ်သည်။ ကိုယ့်အလို ရမ္မက်တခုအတွက် နှင့် သနားစရာမိန်းကလေးကို ပြန်ဆွဲနှစ်ဖို့ မဟုတ်ပါ။ ချိုချိုက သူမ၏ အလုပ်အကိုင်ကို မသိဘူး ဆိုလျှင် လူတိုင်း နှစ်သက် ကြမည့် မိန်းကလေး ဖြစ်သည်။ ဝတ်တာ စားတာ နေတာထိုင်တာ အလွန်သေသပ်ပိရိသည်။ ကိုယ် နှင့် လိုက်ဖက်အောင်လည်း ဝတ်စား တတ်သည်။ သပ်ရပ်ကျော့မော့နေသော ချိုချို့ကို ဒေါ်အေးကြည် နှင့် သားအမိ ဆို တာ မယုံကြသူတွေ ဆေးရုံမှာ ရှိသည်။ ရုပ်ချင်း ဆင်သလိုလိုရှိပေမယ့် နဂိုထဲက အသား သိပ် မဖြူသည့် ဒေါ်အေးကြည်သည် ဝေဒနာဒဏ်ကြောင့် လူလည်းမွဲခြောက်ညိုးရော်ကာ အဝတ် အစားက နွမ်းဖတ်နေသည့် ဒေါ်အေးကြည် နှင့် သပ်ရပ်တောက်ပြောင်သည့် ချိုချို့ကို သား အမိ ဟု တော်ရုံလူက မထင်ကြပါ။ ကွယ်ရာ မှာ အတင်းပြောကြတာတွေ လည်းရှိ သည် ဟု ချိုချို တခါပြောဖူးသည်။

“အမေ ကျတော့ စုတ်ပြတ်နေအောင် ထားပြီးတော့ ချိုက ကျတော့ မင်းသမီး လုပ်နေတယ်တဲ့၊ ချို့မှာလဲ ဒါတွေပဲ ဝတ်စရာ ရှိတာကိုး..ဟဲ ..ဟဲ၊ ဒီလို မနေလို့လဲ မရဘူးလေ၊ မားကက်တင်း ပေါ့၊ သားသားနားနား နေ မှ ဈေးခေါ်လို့ ပိုကောင်းမှာ ကိုး”

ပြောရင်း နှင့် မျက်နှာပျက်ပြီး ငိုမလိုဖြစ်သွား၍ အောင်ဘညို(၃) စကားအမြန်လွှဲ ပစ်ခဲ့ရသည်။ တချိန်ချိန်မှာ အေးအေးချမ်းချမ်း အဆင့်အတန်းရှိရှိ နေနိုင်အောင် တတ်စွမ်းသမျှ ကူညီပေး ဖို့လည်း ဆုံးဖြတ်ချက် အကြိမ်ကြိမ် ချမိသည်။

“ဟာကွာ ...”

အတွေးထဲမှာ နစ်မျောရင်း ရင်ထဲက ခံစားချက်တခုနှင့် ကိုယ်ခန္ဓာတနေရာက တင်းမာမှု တခုကို သတိထားလိုက် မိပြီး ကမန်းကတန်း လက်နှင့် စမ်းကြည့်လိုက်တော့ ဖွားဖက်တော်က အ တွင်းခံကိုသာမက အပေါ်က လုံချည်ကိုတောင် ဖေါက်ထွက်လာတော့ မတတ်အစွမ်းကုန် မာ နေသည်။

အောင်ဘညို(၃) ရင်တွေပူလာပြီး လည်ချောင်းထဲမှာ ခြောက်ကပ်နေသည်။ တခုခုကို အာသာ ငမ်းငမ်းလိုချင်နေသည့် စိတ်ကို အတင်းလိုက်ဖမ်းချုပ်နေဆဲ တွင် စောစောက တဘက် က လေး ခြုံပြီး အနားက ဖြတ်လျှောက်သွားသည့် ချိုချို့ကို မျက်လုံးထဲမှာ ပြန်မြင်ယောင် လာ သည်။ အနားက ဖြတ် သွားတုန်းက လှမ်းမဆွဲလိုက်မိသည်ကို နောင်တတွေရနေသည်။ ထမိန် ရင်လျားထားသည့် ချိုချို့ကို တွန်းလှဲပြီး တက်ခွလိုက်ရုံပင်။ ချိုချိုကလည်း ငြင်းမည်မထင်ပါ။

“ဟာကွာ ..ဟာကွာ”

ကိုယ့်ပေါင်ကိုယ်လက်သီး နှင့်ထုရင်း စိတ်ကို ထိန်းချုပ်ကြည့်သော်လည်း လုံးဝမရပါ။ ဖြူဖွေး နေမည့် ချိုချို့ ကိုယ်တွင်းသားတွေကို မြင်ချင်စိတ်က ပိုကြီးလာသည်။ နောက်ဆုံးကြံရာ မရ တော့သဖြင့် ဒီကနေထွက်သွား တော့မည် ဟု စိတ်ကို အတင်းဆုံးဖြတ်ကာ ဝုန်းကနဲ ထထွက် လာခဲ့မိသည်။

“ဟင် ..အကို”

ရှေ့မှာတွေ့သည့် တံခါးတချပ်ကို ဝုန်းကနဲဆောင့်ဖွင့်ထွက်လိုက် ပြီးသည့်နောက်တွင် ချိုချို့၏ အာမေဋိတ်သံ နှင့် အတူ တကိုယ်လုံးရေတွေရွှဲနေသည့် ချိုချို့ကို မြင်လိုက်ရတော့မှ ခြေ ထောက်တွေက အိမ်နောက်ဖေး ဖက်ကို သယ်လာတာ သိလိုက်ရသည်။ ညိုတိုတို ထမိန် ပါးပါးလေး က ချိုချို့ကိုယ်မှာ ကပ်နေသည်။ ထမိန် ကို အောက်သို့လျှောချထားသောကြောင့် ရင်သားဖြူဖြူတွေက အပြင်ကို တဝက်နီးပါးပေါ်နေ၏။ အောင်ဘညို(၃) ဒူးတွေ တဆတ် ဆတ်တုန်ခါလာသလို ရင်ထဲမှာလဲ ဝုန်းဒိုင်း ကျဲသွားစေသည့် မြင်ကွင်း ဖြစ်ပါသည်။  အလန့် တကြားဖြင့် ပေါင်ကြားက အနည်းငယ်ဖောင်းကြွနေသည်ကို မသိသာအောင် ခါးကို နည်း နည်းကိုင်း လိုက်စဉ် ချိုချို့နောက်ဖက်က အိမ်သာကို မြင်လိုက်သဖြင့် ကယောင်ကတန်း နှင့် လက်ညိုးထိုးပြလိုက်မိသည်။

“အော် ...အိမ်သာသွားမလို့ လား၊ နေဦး ...ချို ..ရေ ရှိလားကြည့်လိုက်ဦးမယ်”

ရေချိုးနေသည့် နေရာနှင့် ငါးပေ အကွာလောက်မှာ ရှိသည့် အိမ်သာဖက်ဆီသို့ ချိုချို လျှောက် သွားပြီး သွပ်ပြားကာ တံခါးကို ဖွင့်ကာ အထဲကိုကြည့်လိုက်သည်။

“နဲနေ တယ် အကို ..ခနနေဦးနော် ချို ရေထည့်ပေးမယ်”

ချိုချိုက ရေချိုးလက်စခွက် နှင့်ပင် အုတ်ကန်လေးထဲက ရေကိုကဲ့ထည့်ပေးသည်။ ခွက်ကသေး တော့ လေးငါး ခေါက်ထည့်ရသည်။ အုတ်ကန်ထဲက ရေကို ငုံ့ခပ်သည့် အခါ လျော့တိလျော့လျဲ ပတ်ထားသည့် ထမိန်ကြောင့် ရင်သားတွေကို နှစ်ဖက်လုံး အလုံးလိုက်နီးပါး မြင်ရသည်။ရေခပ် ကာ အိမ်သာဖက်သို့ လျှောက်သွားပြီး အထဲကို မဝင်ဘဲ အပြင်ကနေ ကုန်းပြီးရေလောင်းလိုက် သည့် အချိန်တွင် ရေစိုပြီး တင်း နေသည့် တင်ပါးတွေ ကြောင့် အောင်ဘညို(၃) ရင်ထဲမှာ တ ဖျင်း ဖျင်းဖြစ်သွားစေသည်။ နောက်ကနေ ပြေး ပြီး ဆောင့်ပစ်လိုက်ချင်စိတ်ကို အစွမ်းကုန် ထိန်း ချုပ်ရင်း လက်သီးကို ကျစ်ကျစ်ပါ အောင်ဆုပ်ကာ မျက်စိကို စုံမှိတ်ထားလိုက်ရသည်။ ရင်ထဲမှာ ဗြောင်းဆန်ကာ ဗလောင်ဆူနေသည်ကို နားက အတိုင်းသား ကြားနေ ရ၏။

“ဟောတော် ...အကို တော်တော်သွား ချင်နေပါလား ကြည့်ရတာ တော်တော် ခံရခက်နေတယ်နဲ့ တူတယ်၊ လာ ..လာ ..ရပြီ”

အားတုံ့ အားနာလေးပြောလာသည့် ချိူချိုကို ဘာမှ တုန့်ပြန်မနေနိုင်တော့ဘဲ အောင်ဘညို (၃) အိမ်သာထဲကို လွှားကနဲပြေးဝင်လိုက်သည်။ တံခါးချက်ကို ခပ်မြန်မြန်ထိုး ပြီး အကာ အကွယ်တွေ ဖယ်ပစ် လိုက်သည်နှင့် သံချောင်းတမျှ တင်းမာနေသည့် အချောင်းကြီးက ဝုန်းကနဲ ထောင်ထွက်လာသည်။ ထို့ ကြောင့် အချိန်ဆိုင်းမနေတော့ဘဲ လက်နှင့် တင်းတင်း ဆုပ်လိုက်ကာ အမြန်ဆုံးပြေလျော့သွားစေဖို့ အားကုန် ထုတ်ရတော့၏။

................................................................

ဒေါ်အေးကြည် ဆေးရုံကဆင်းသည့် နေ့မှာလည်း အောင်ဘညို(၃)ပဲ အစအဆုံးလိုက်ကာ ကူညီပေးရသည်။ “အားနာလိုက်တာ အကိုရယ်” ဟု ချိုချို တဖွဖွ ပြောနေသော်လည်း အား နွဲ့သည့် မိန်းမသား နှစ်ယောက်သာ ရှိသည့် အနေအထားတွင် ယောက်ျားသားတယောက်၏ အကူအညီကို အမှန်တကယ်လိုအပ်သည်ဖြစ်ရာ ချိုချို မငြင်းပယ်နိုင်ရှာပေ။ အိမ်တိုင် ရာ ရောက် လိုက်ပို့ပေးပြီး နေသားတကျဖြစ်အောင် လုပ်ပေးကာ သူတို့ သား အမိအတွက် ညနေ စာ ပါ ဝယ်ပေးခဲ့ပြီးမှ အိမ်ပြန်ခဲ့သည်။

ဆေးရုံတက်တုန်းက ရက်ခြားပြီးရောက်တတ်ပေမယ့် ပြန်ဆင်းလာသည့် နောက်မှာတော့ နေ့ တိုင်းရောက်ဖြစ် သည်။ ဆေးရုံမှာ တုန်းကသွားရတာလည်း မလွတ်လပ်။ ဒီမှာတော့ ချိုချိုတို့ သားအမိပဲရှိလို့ အေးအေးဆေးဆေး နေလို့ရသည်။ ချိုချို့ ကို စိတ်မချတာလည်းပါသည်။ လမ်းဟောင်းကို ပြန်လှည့် သွားမိမှာ စိုးသည်။ မိခင်ကို ဆေးကုရင်း ချိုချို ငွေတွေ ဘယ် လောက် ကုန်ခဲ့ပြီဆိုတာ အောင်ဘညို(၃) ရိပ် မိနေသည်။ ဒီအလုပ်ကို ချိုချို မလုပ်ချင်မှန်းလဲ သိနေသည်။ ဒါကြောင့် ငွေလိုလာသည့် အခါ ပြန်မလုပ်မိစေ ချင်။

အိမ်မှာကလည်း အောင်ဘညို(၃)က လူပိုလိုဖြစ်နေသဖြင့် နေ့လည်စာ စားပြီးတာနှင့် ဒီဖက် ကို ထွက်လာ လိုက်သည်။ ညနေ စောင်းချိန်ရောက်မှ ပြန်ဖြစ်တာများသည်။ နောက်တော့ ချို ချို လမ်းထဲက စာအုပ်ဆိုင်မှ မဂ္ဂဇင်း စာအုပ်တွေ ငှားငှားဖတ်တာကို ကြည့်ပြီး စိတ်ကူး တခု ရတာနှင့် တရားစာအုပ်ကလေးတွေ လမ်းကြုံဝင်ဝယ်လာပြီး ဒေါ်အေးကြည် ကိုဖတ်ပြဖြစ် သည်။

လုပ်စရာမရှိရင်ချိုချိုက အိမ်ရှေ့မှာ စာဖတ်ချင်ဖတ်သည်။ ဒါမှမဟုတ်ရင်လည်း မိခင်ဘေးမှာ အသာ ကပ်လှဲပြီး အောင်ဘညို(၃) ဖတ်ပြတာကို နားထောင်သည်။ ဖတ်ပြနေရင်း ဒေါ်အေး ကြည် အိပ် ပျော်သွား ပြီဆိုရင်တော့ အိမ် ရှေ့ခန်းမှာ ဖြစ်ဖြစ်၊ မီးဖို ခန်းထဲမှာ ဖြစ်ဖြစ် ချိုချို နှင့် စကားထိုင်ပြောဖြစ်ကြ သည်။ လူတရပ် ကောင်း ကောင်း မလွတ်သည့် အိမ်အောက်ဖက် မှာ လည်း ဖျာကြမ်းနှင့် ကဒ်ပြား တွေကာ ထားသည့် မြေစိုက် အခန်းလေးတခန်းရှိသည်။ မြေပေါ် မှာ သစ်သားပျဉ် အဟောင်းလေးတွေ ကို ကြမ်း ခင်း သဖွယ် စီခင်းထားပြီး ဖျာကြမ်းခင်း ထား သည့် ကွပ်ပျစ်ဟောင်းလေး တခုလည်း ရှိသည်။ ဒေါ်အေးကြည် ရောက်လာစက အိမ်ပေါ်ကို တောင်မတက်နိုင်သဖြင့် ဆေးရုံ မတင်မီ ဒီမှာပဲ နေခဲ့ရသည်ဟု ချိုချိုက ပြောပြသည်။

“ချိုကလည်း မေမေ့ ကိုယ်ကို ပွေ့မတင်နိုင်ဘူးလေ၊ အဲဒီတုန်းက အကိုနဲ့ လည်း မခင်သေးဘူး မဟုတ်လား”

ဆေးရုံဆင်းလာသည့် နေ့က အောင်ဘညို(၃)က ဒေါ်အေးကြည် ကို အိမ်ပေါ် ပွေ့တင်ပေးခဲ့ တာ ကို သတိတရဖြင့် ချိုချိုက ပြောပြသည်။

“အရင် လူတွေတုန်းကတော့ ပစ္စည်းဟောင်းတွေ ထားတယ်ပြောတာပဲ၊ အမေ အပေါ် မတက်နိုင်တော့ ဒါလေး ရှိတာ အဆင်ပြေသွားတယ်”

တခါတလေ လည်း ထိုနေရာလေးက အေးသည်ထင်လို့ အောင်ဘညို(၃) ဆင်းထိုင်ရင် ထိုင် နေမိသည်။ အိမ် လခ သက်သာအောင် အဲဒီမှာ လာနေပါလားဟုချိုချိုက နောက်တတ်သည်။ ချိုချိုနှင့် စကားပြောရင်း ဒေါ်အေးကြည် အခန်းထဲကနေ ကြားသွားမှာစိုးတာတွေရှိရင်တော့ သူတို့ နှစ်ယောက် အိမ်အောက်က ထိုအခန်း လေးထဲမှာ လာတိုင်ပင်တတ်ကြသည်။ ချိုချို ကလည်း တိုင်ပင်ဖေါ် တိုင်ပင်ဖက်ဆို၍ အောင်ဘညို (၃) သာ ရှိသည် မဟုတ်ပါလား။သူ မ အမေ၏ အခြေအနေက တိုးတက်လာသည် ဆိုသော်လည်း ချိုချိုက သိပ်အားမရပါ။ ဝေဒနာ ပြန်ထသည့် အခါမျိုးဆိုလျှင် သမီး မသိအောင် ကျိတ်မှိတ်ခံနေတာကို ချိုချိုရိပ်မိသည်။ ဒါ ပေမယ့် ဘယ်လိုဖြစ်ဖြစ် တတ် နိုင်သည့် နည်းလမ်းဖြင့် အမေကို ကုသပေးမည် ဆိုသည့် စိတ်ကိုတော့ ချိုချိုလုံး၀ မလျှော့ပါ။

“အင်း ပေါ့၊ ဒီလိုပဲ လုပ်ရမှာပေါ့၊ အရမ်းလဲ စိတ်မလျှော့ပါနဲ့ ချိုချိုလဲ ဆရာဝန်မှ မဟုတ်တာပဲ၊ လက်ရှိ အမြင်နဲ့ တင် အလောတကြီး စိတ်မပူပါနဲ့၊ ဆရာဝန်တွေ ကုပေးနေတာပဲ”

အောင်ဘညို(၃) အားပေးလျှင်တော့ ချိုချို့ မျက်လုံးလေးတွေ အရောင်ပြန် လက်လာတတ် သည်။ ရွှန်းရွှန်းစားစား စိုက်ကြည့်ရင်း “အကို ရှိပေလို့ပဲ” ဟု ခပ်တိုးတိုးလေး ပြောတတ်သည်။

“ငွေရေး ကြေးရေး လဲ စိတ်မပူပါနဲ့၊ လိုအပ်ရင် ကိုယ်ကူညီနိုင်ပါတယ်”

“ရှိပါသေးတယ် အကိုရယ်၊ ချိုရှာထားပါတယ်”

ဘယ်နည်းနှင့် ရှာခဲ့သည်ကို သိနေသော အောင်ဘညို(၃) ရင်ထဲမှာ နင့်ကနဲဖြစ်သွားရသည်။ ဒီ ဘဝမျိုးကို ချိုချို ပြန်ရောက်မသွားအောင် ဘယ်လို ကူပေးနိုင်မလဲဟု အားတိုင်း အကြံထုတ် မိသည်။ ဒါပေမယ့် လတ်တ လော အနေအထားမှာတော့ အသည်းအသန် ဖြစ်နေသည့် မိခင် ကို ပစ်ပြီး ချိုချို တခြားအလုပ် အကိုင်ရှာဖို့ မဖြစ်နိုင်ပါ။ ထို့ကြောင့် ချိုချို ငွေလိုသည့် အချိန် ရောက်လာရင် သူပဲ ကြံဖန်ရှာဖွေပေးမည်ဟု အောင်ဘညို(၃) တွေးထားသည်။

ချိုချို့ ဘဝကို နားလည်စာနာမိသည် ဆိုသော်လည်း အောင်ဘညို(၃)၏ ရင်ထဲက စာရေး ဆ ရာ ဖြစ်လိုစိတ် ဗီဇတွေ ထကြွလာပြီဆိုရင်တော့ ချိုချို ဘာကြောင့် ဒီလိုဘ၀ ရောက်ခဲ့ရသည် ဆိုတာကို အရမ်းသိချင်လာပြီး မေးကြည့်မိသည်။ ထိုနေ့ က အောင်ဘညို(၃) နှင့် ချိုချို အိမ် ရှေ့ခန်းမှာ စကားထိုင်ပြောနေကြရင်း လွှတ်က နဲ မေးလိုက်မိခြင်းဖြစ်သည်။

“အကို ဘာလို့ သိချင်တာလဲ”

မျက်နှာပေါ်ဝဲကျလာသည့် ဆံပင်တွေကို လက်နှင့် ပြန်သပ်တင်လိုက်ရင်း ချိုချိုမေးသည်။

“ဟို ..လေ ..ကိုယ်က ..စာရေးဆရာ လုပ်ဖို့ ကြိုးစားနေတာဆိုတော့”

“အော် ..ကုန်ကြမ်းရှာတယ်ပေါ့”

“အဲ လိုလဲ မဟုတ်ပါဘူး၊ ဘယ်လိုပြောရမလဲ”

“စာရေး ဆရာကြီးက ဒီမှာ လူနာ လာစောင့်နေတော့ ဘယ်အချိန်ရေးမှာ မို့လဲ”

အပြုံးတဝက်နှင့် ကြည့်ရင်း ချိုချိုကပြောလိုက်တော့ အောင်ဘညို(၃) အားနာစိတ်တွေ ပြန် ဝင် လာသည်။သူမ၏ ဘဝမှ မှောင်မဲသော ညစ်ပေသော အပိုင်းတွေကို ချိုချို ပြန်တွေးမိအောင် မလုပ်ချင် တော့ပါ။

“နောက်တာပါ၊ ကိုယ်လဲ စာရေးဖြစ် တာမှ မဟုတ်တာ”

“အကို ..အဲဒါမျိုး မနောက်တတ်ပါဘူး၊ ကဲ ..ပါ၊ ချိုကလည်း ပြောပြချင်ပါတယ်၊ အကို ရေး သည် ဖြစ်စေ၊ မရေးသည်ဖြစ်စေပေါ့”

“တကယ်လား”

“တကယ်ပါ၊ အားလုံး ပြောပြမယ်”

“ခုလား”

“ကလေး ကျနေတာပဲ၊ အကိုကတော့၊ အောက်ကို သွားရအောင်နော်၊ ချို မေမေ့ကို ခန သွားကြည့်လိုက်ဦးမယ်”

ချိုချို အိပ်ခန်းဖက် ထွက်သွားချိန်တွင် အောင်ဘညို(၃) က အရင်ဆင်းလာခဲ့သည်။ အောက်က အခန်းလေးထဲမှာ ထိုင်ရင်း ယောက်ျားတန်မယ့် အရမ်းစပ်စုသလိုများ ဖြစ်သွား မ လား ဟု တွေးနေ မိဆဲမှာ ချိုချို ရောက်လာသည်။

“အိပ်ပျော် နေတယ်၊ နှစ်နှစ်ချိုက်ချိုက်ကို အိပ်နေတာ”

အောင်ဘညို(၃) ရှေ့နားလေးမှာ ချိုချို ဝင်ထိုင်လိုက်သည်။

“ဘယ်က စပြောရင် ကောင်းမလဲ ...မသိဘူး”

သူမ၏ ဘေးမှ တိုင်ကို မှီလိုက်ရင်း ချိုချိုပြောသည်။ စိတ်ထဲမှာ လေးလေး နက်နက်စဉ်းစား ကြည့်နေပုံ မျိုး ဖြင့် မြေပြင်ကို စိုက်ကြည့်ရင်း လက်ကလေးတွေက ရင်သား မို့မို့တွေပေါ်ဖြတ် ဆင်းကျနေသည့် ဆံပင်ရှည် တွေကို ပွတ်သပ်နေကြ၏။

................................................................................

အခန်း (၁၂)

နယ်မြို့လေးတမြို့က မူလတန်းကျောင်းဝင်းထဲက အိမ်လေးတလုံးမှာ ချိုချို ကြီးပြင်းခဲ့သည်။ အဖေ ဖြစ်သူ ဦးလှမောင်က ကျောင်းမှာ ညစောင့်လုပ်ရင်း နေ့ခင်းဖက် ဆိုရင် မြင်းလှည်း ထွက်မောင်းသည်။ ဒေါ်အေးကြည်က ကျောင်းဈေးတန်းမှာ ဘိန်းမုန့် ရောင်းသည်။ မိသားစု သုံးယောက်သာရှိသည့် အတွက် မပေါများ မပိုလျှံသော်လည်း အေးအေးချမ်းချမ်း နေနိုင် ခဲ့သည်ဟု ချိုချိုကပြောသည်။

“ထမင်း မငတ်ပေမယ့် ဟင်းတော့ မကောင်းဘူးပေါ့ အကိုရယ်”

မျက်နှာပေးက ရယ်ကျဲကျဲပေမယ့် မျက်လုံးတွေက ရီဝေနေသည်ကို အောင်ဘညို(၃) မြင်ရ သည်။ ငယ်ဘဝကို ပြန်လည်တမ်းတနေခြင်းလားဟု တွေးမိ၏။ ချိုချိုကတော့ သူမ ကို သေသေချာချာ ကြည့်နေသည်ကို သတိမပြုမိသလို မျိုးနှင့် ဆက်ပြောသည်။

“ကျောင်းဝင်းထဲက အိမ်လေးမှာပဲ တသက်လုံးနေခဲ့တော့ တခြားနေရာတွေက ကိုယ့်အတွက် မဟုတ်သလိုပါပဲ။ အဲဒီမှာ အားလုံးအဆင်ပြေတယ်၊ မြက်တွေပေါ တော့ မြင်းစာလည်း ရ တယ်လေ”

အဲဒီ အိမ်လေးကနေပဲ ချိုချို ဆယ်တန်းအောင်ခဲ့သည်။ မြို့ကြီးပြကြီးမှာ တက္ကသိုလ် သွား တက် ဖို့ က မလွယ်သည့်အတွက် အဝေးသင်တက်ရင်း ဆရာအင်အား နည်းသည့် ဒီကျောင်း လေး မှာပဲ ဆွဲခန့် ဆရာမ ဝင်လုပ်သည်။ ခန ဆိုပြီးဝင်လုပ်လိုက်ရင်း ဘွဲ့ရသည် အထိလုပ်ဖြစ် သွားသည်။

“ချိုက ဆင်းရဲတော့ ချမ်းသာချင်တယ်၊ တိုးတက်ချင်တယ်၊ ပညာတတ်ချင်တယ်၊ ဆယ်တန်း တုန်းက အမှတ်ကောင်းအောင် ကြိုးစားပြီး ဆေးကျောင်းတက်ဖို့ တောင် စိတ်ကူးယဉ် မိသေး တယ်။ ဟဲ ...ဟဲ... တကယ် အမှတ်ကောင်းရင်တောင် အိမ်က တတ် နိုင်မှာမှ မဟုတ်တာ၊ တော်သေးတယ်၊ အမှတ်က အောင်ရုံပဲ ရလို့”

ချိုချိုက တခြားကြေးစားမိန်းမ တွေလို မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်ရှိတာ ကျောင်းဆရာမ လုပ်ခဲ့လို့ ဖြစ်မည်ဟု အောင်ဘညို(၃) ထင်မိသည်။

“ဆယ်တန်းမှာရော၊ အဝေးသင်တက်တော့ရော ရည်းစား တောင်မထားခဲ့ဘူး။ စာကျိုးစား မယ်၊ ပညာတတ်ကြီး ဖြစ်အောင်လုပ်မယ်၊ မိဘကို တင့်တင့်တယ်တယ် ထားနိုင်အောင် လုပ်မယ်ပေါ့”

ချစ်စရာ ကောင်းပြီး သိမ်မွေ့သည့် ချိုချို့ကို အပျိုစင်လေး ဘဝတုန်းက ချစ်သူ ခင်သူတွေ မလွဲမသွေ ကိုရှိပါလိမ့်မည်။

“ခုတော့ ရည်းစား မထားခဲ့တာကိုပဲ နောင်တရနေမိတယ်”

“ဘာဖြစ်လို့ လဲ ချိုချို”

“အော် ...အကိုရယ်၊ ကိုယ့်မြို့ ကိုယ့်ရွာမှာပဲ ရည်းစားလေး ဘာလေးရ၊ ကိုယ့်ကို ချစ်တဲ့ တန် ဖိုး ထားတဲ့ သူ၊ သင့်တော်တဲ့သူမျိုးနဲ့ အိမ်ထောင်ရက်သားကျသွားလဲ အနည်းဆုံးတော့ အား ကိုးအားထားပြုလို့ ရတာပေါ့၊ ဒီလို ဘ၀ ဘယ်ရောက်မလဲ”

“ဒါနဲ့ ချိုချို ရန်ကုန် ကို ဘယ်လိုရောက်လာတာလဲ”

အသံနည်းနည်း တုန်နေတာကို သတိထားလိုက်မိ၍ အောင်ဘညို(၃)က စကားလွဲစေရန် ဖြတ် မေးလိုက်သည်။ ချိုချိုက မျက်စောင်းတခု မသိမသာလေး ထိုးလိုက်ပြီး

“လာမှာပေါ့ အကိုရဲ့၊ ဒီမှာ မရလိုက်တဲ့ ကောင်လေးတွေကို လွမ်းတုန်းရှိသေးတယ်၊”

“အင်းပါ၊ ပြောပါ၊ ပြောပါ၊ ဒါဆို ချိုချို ရည်းစားမထားပေမယ့် ချစ်တဲ့သူတော့ ရှိဖူးတယ်ပေါ့ ဟုတ်လား”

“ဘယ်ကလာ ရှိရမှာလဲ ရှိမှတော့ ခုလောက်ဆို ကလေးသုံးယောက်လောက်ရနေပြီ၊ ကံဆိုး တာလား ကံကောင်းတာလားတော့ မသိပါဘူး အကိုရယ်၊ ချို့ကို စိတ်ဝင်စားတဲ့သူတွေရှိ ပါတယ်၊ ကျောင်းတက်တုန်းကရော၊ ချိုတို့ မြို့မှာရောပေါ့၊ ဒါပေမယ့် ချိုမှ သူတို့ကို စိတ်မ ဝင်စားတာ”

“စာပဲ ကြိုးစားတယ်ပေါ့”

“အဲလို လဲပြောလို့ မရပါဘူး။ အိမ်ကလည်း ချို့ကို အရမ်းကြီး မတင်းကျပ်ထားပါဘူး၊ ချို ကိုယ်တိုင် မချစ်မိတာလဲ ပါချင်ပါမှာပေါ့လေ၊ မိဘက မပြည့်စုံတော့ ကိုယ့်ဖက်ကလဲ လိမ်မာ ချင်တဲ့ သဘောပါပဲ”

မိဘကို ကိုယ်နှင့်ရင်းပြီး ရှာကျွေးသော မိန်းကလေးကို မလိမ္မာသည့် မိန်းကလေးဟု စာနာ စိတ်ရှိသူတိုင်း ဆိုဝံ့ကြမည် မဟုတ်ပါ။

“အဝေးသင် တက်ရင်း ခင်ခဲ့တဲ့ သူငယ်ချင်းတယောက်က အစိုးရ အလုပ် လုပ်မလားလို့လာ မေးတယ်၊ စာရေးမ ဝင်လုပ်ရမှာပေမယ့် ဘွဲ့ရဆိုရင် တက်လမ်းရှိတယ်၊ စာမေးပွဲတွေ ဘာ တွေ ဝင်ဖြေပြီး အရာရှိဖြစ်နိုင်တယ်တဲ့၊ နည်းနည်းပါးပါး ဘေးပန်းခွင်ကလေးတွေလဲ ရှိတယ် တဲ့၊ ဟင်း…ဟင်း….။မေမေ တို့ကလည်း အစိုးရအလုပ် ဆိုရင် အိန္ဒြေ ရတယ်ပေါ့နော်၊ လုပ် ကြည့်ပေါ့ ဆိုတာနဲ့ သူငယ်ချင်း ပြောပေးတဲ့ အလုပ်ဝင်လုပ်လိုက် တယ်၊ သူနဲ့ တူတူပေါ့၊ သူ ကတော့ သိပ်မကြာပါဘူး၊ စစ်ဗိုလ် တယောက်နဲ့ လက်ထပ်ပြီး အလုပ် ထွက်သွားတယ်”

“နယ်မှာ လုပ်တာလား”

“ရန်ကုန်မှာ အကိုရဲ့၊ ဒါပေမယ့် အလုပ်က အဆောင်ပေးတော့ နေရတာ အဆင်ပြေတယ်၊ ရောက်ခါစ ကတော့ အရမ်းပျော်တာပဲ၊ ရန်ကုန်မှာ နေရတာကို ကျေနပ်နေတာ၊ ရုံးပိတ်ရက် တွေဆိုရင် သူငယ်ချင်းတွေနဲ့ လျှောက်လည်တယ်၊ ရုံးမှာက နည်းနည်းပါးပါး အပိုရတာလေး တွေလဲ ရှိတယ်လေ။ နောက်ပြီး ဒီလိုမြို့ကြီးမှာ နေရပြီဆိုတော့ ကိုယ့်ဘ၀ တိုးတက်ဖို့လည်း အခွင့်အလမ်းတွေ အများကြီးရှိမယ်ပေါ့၊ အိမ် ကိုတောင် သိပ်မပြန်ဖြစ်ဘူး၊ မေမေ တို့ကလဲ ပိုက်ဆံမပို့နဲ့ ရတယ်တဲ့၊ သူတို့ ပိုက်ဆံ နဲ့ လောက်တယ် ပေါ့၊ ဒါပေမယ့် အကိုရယ် .....”

ချိုချို ရပ်လိုက်ပြီး အောင်ဘညို(၃) ကိုမော့ကြည့်သည်။

“ချို ..အလုပ်ရတဲ့ နှစ်မှာပဲ အဖေက အသက် ၆၀ပြည့်လို့ ပင်စင်ယူလိုက်ရတယ်လေ၊ ကျောင်း စောင့် လူသစ်ခန့် လိုက်တော့ အိမ်က ဖယ်ရရော၊ အပြင်မှာ အိမ်ငှားနေရင်း အဖေက မြင်း လှည်း မောင်းတယ်၊ အမေက ကျောင်းမှာပဲ မုန့် ရောင်းတယ်၊ အဲလိုနေရင်း ကနေ အဖေ လေ ဖြတ်သွားတယ်၊ ဆေးကုစရာ ငွေပိုငွေလျှံက လည်း မရှိတော့ မြင်း နဲ့ လှည်းကို ရောင်း လိုက်ရ တယ်၊ ဖေဖေ နဲ့ မေမေ က အတိုးသိပ်ကြောက်တတ်တော့ သူများဆီကလည်း ငွေမချေး ချင် ကြဘူးလေ၊ မေမေလည်း မုန့် မရောင်းနိုင်တော့ဘဲ ဖေဖေ့ကို ပြုစုရတယ်၊ ချို ခနပြန်တဲ့ ရက် တွေဆိုရင် သူတို့က အကျိုးအကြောင်း အကုန်မပြောကြဘူး၊ ဖေဖေ နေမ ကောင်းလို့ မြင်း လှည်းကို သူများ မောင်းခိုင်းထားတယ်တဲ့၊ ဒါပေမယ့် မေမေ ဈေး မထွက်နိုင်ဘူး ဆိုတာ တွေ့ တော့ နောက်လ တွေကျတော့ ချို ရန်ကုန်မှာ ချွေတာပြီးတော့ ငွေပို့ပေးပါတယ်၊”

စကားအရှည်ကြီးပြောပြီးမှ ချိုချို မောသွားဟန်နှင့် ငြိမ်သွားသည်။

“ရေသောက်မလား၊ ကိုယ်သွား ခပ်ပေးမယ်၊ ချိုချို့ ကိုကြည့်ရတာ မောနေသလိုပဲ”

ချိုချို ခပ်စူစူးလေးကြည့်သည်။ စေတနာနှင့် ပြောတာကို နောက်သည် ထင်သွား ပုံရ၍ အောင်ဘညို(၃) ပျာပျာသလဲ ရှင်းရသည်။

“ချိုချို့ ကို စတာ မဟုတ်ပါဘူး၊ ပင်ပန်းသလိုဖြစ်နေလို့ ပြောမိတာ”

“သိပါတယ်၊ အကို့ အကြောင်းကို၊ ချို မမောပါဘူး၊ ဖေဖေ့ကို သတိရလို့ နည်းနည်း စိတ် မ ကောင်းဖြစ်သွားတာပါ”

“ဒါဆိုလဲ နောက်မှ ပြောပေါ့၊ အချိန်တွေ အများကြီး ရှိသေးတာပဲ”

“အင်းပါ၊ ဒါပေမယ့် အကို တကယ်ရေခပ် တိုက်မှာလား”

“တိုက်မှာပေါ့၊ ခန စောင့်”

အောင်ဘညို(၃) ထရပ်လိုက်ရာ ချိုချိုက ကမန်းကတန်း လက်ကိုလှမ်းဆွဲသည်။

“ခေါင်း ..ခေါင်း သတိထား၊ အကို့ အရပ်နဲ့ မလွတ်ဘူး”

“အဟီး ...မေ့သွားတယ်”

ဒီအောက်မှာက ချိုချို့ အရပ်တောင် လွတ်သည် မဟုတ်ပါ။ ခါးကို ကုန်း၍ ထွက်လာပြီး အိမ် နောက်က ပတ်ကာ မီးဖိုထဲမှာ ရေသွားခပ်သည်။ ချိုချို ကြိုက်သလောက် သောက် နိုင်ဖို့ အဖုံး ပါ စတီးမတ်ခွက် အရွယ် ခပ်လတ်လတ် ထဲကိုရေ အပြည့်ထည့်ပြီးနောက် ဒေါ်အေး ကြည်ကို သွားချောင်းကြည့်လိုက်သေးသည်။ အသက်မှန်မှန်ရှူပြီး ငြိမ်သက်နေ သည်ကို တွေ့ရသည်။ အိပ်ပျော်နေသလား မှိန်းနေသလား မသိရပေမယ့် အခြေအနေ က အေးအေး ဆေးဆေး ရှိ နေသည့် အတွက် အောင်ဘညို(၃) အိမ်အောက်ကို ပြန်ဆင်းလာ ခဲ့သည်။

.................................................

အခန်းလေးထဲကို ငုံ့ဝင်လိုက်တော့ ဒူးလေးပိုက်ကာ ထိုင်နေသည့် ချိုချိုက မော့ကြည့်သည်။

“ဒေါ်ဒေါ်ကတော့ အိပ်တုန်းပဲ၊ ကိုယ်ဝင်ကြည့်ခဲ့သေးတယ်”

“ဟုတ်လား၊ မေမေ ညက ကောင်းကောင်း မအိပ်ဘူးလေ။ အဲဒါကြောင့် အခုမှ အိပ်နေတာ ဖြစ်မယ်”

“မသက်သာလို့လား၊ နာနေသေးလို့လား”

“နာရင် သောက်တဲ့ဆေးရှိပါတယ်၊ အဲဒါက အိပ်လဲ အိပ်တယ်၊ မေမေ က သူ့ဖာသာ မအိပ် တာ”

“ချိုချိုလဲ မအိပ်ရဘူးပေါ့”

“ဘေးမှာ စောင့်ရင်း နဲ့ ဘယ်အချိန် အိပ်ပျော်သွားမှန်း တောင်မသိပါဘူး.... ဟင်း ..ဟင်း”

“အခု ပြန်အိပ်ချင် အိပ်လေ၊ ကိုယ် ဒေါ်ဒေါ့်ကို စောင့်ပေးမယ်”

“အကိုပဲ ချို့ အကြောင်းပြောပြဆို”

“နောက်မှ ပေါ့၊ ရပါတယ်”

“စိတ်ညစ်စရာတွေကို နောက်တခါ စိတ်ထဲမှာ ပြန်မမွေးချင်တော့ပါဘူး၊ ခု တခါထဲ ပြောပြမယ်၊ မေမေ မနိုး မချင်းပေါ့”

အောင်ဘညို(၃) လက်ထဲက ရေခွက်ကို လှမ်းယူကာ တကျိုက် ကျိုက်ချလိုက်ပြီး နောက် ချိုချို ခွက်ထဲက ရေလက်ကျန်တွေကို စိုက်ကြည့်နေရင်း သူမ၏ ဘ၀ အကြောင်းကို ဆက် သည်။

“ခပ်တိုတို ပြောရရင် အကိုရယ်၊ ငှားနေတဲ့ အိမ်နှစ်စေ့လို့ ပြန်ငှားရခါ နီးမှာ မေမေတို့ လက် ထဲမှာ ငွေမရှိတော့ဘူး၊ တိုက်တိုက်ဆိုင် ဆိုင် ချိုကလည်း ရုံးပိတ်လို့ အိမ်ခန အပြန်မှာ ဖေဖေနဲ့ မေမေ ပြောနေကြတာတွေကို ကြားလိုက်ရတယ်၊ အိမ်တံခါးဝမှာ ချိုရောက်နေတာကို မသိကြ ဘူးလေ၊ ချို လည်း အိမ်ထဲတောင် မဝင်တော့ဘဲ သူတို့ မသိအောင် တိတ်တိတ်လေး လှည့် ပြန်လာခဲ့တယ်”

မိဘတွေ၏ အခက်အခဲ ကို သိချိန်မှာ ချိုချို့ မှာလည်း မဖြစ်စလောက်ငွေကလေးသာ လက် ထဲမှာ ရှိသည်။ အိမ်လခ၊ ဆေးကုသစားရိတ်၊ အိမ်စားရိတ်၊ အားလုံးက ချိုချို့ဝင်ငွေလေး တ ခုထဲနှင့် ဘယ်လိုမှ လမ်းလှမ်းမမှီနိုင်ပါ။ နောက်ဆုံးတော့ ချိုချို မျက်စိမှိတ်လိုက်သည်။ သူတို့ ရုံးက အရာရှိတယောက်၏ အငယ်အနှောင်းဘဝကို လက်ခံမိတော့သည်။

“သူက စ နေတာကြာပြီ။ ချို အလုပ်ဝင်ပြီးထဲကပဲ၊ သားကြီး သမီးကြီးနဲ့ အိမ်ထောင်သည် ဆိုတော့ ချိုလဲ အ လိမ္မာသုံးပြီး ရှောင်နေခဲ့တာ၊ သူအတည် ကြံတာ မဟုတ်ဘူးဆိုတာလဲ သိနေတာကိုး၊ ဒါ ပေ မယ့် မတတ် နိုင်တော့ဘူးလေ၊ ဝင်တိုးရတော့တာပဲ၊ အဲဒီ အချိန်မှာ ချိုဘာမှ မစဉ်းစား တတ် တော့ဘူး”

ထိုနည်းနှင့် မိဘတွေကို ချိုချို ဆက်လက်ထောက်ပံ့နိုင်ခဲ့သည်။ ထိုပုဂ္ဂိုလ်က ရုံးမှာ နေရာ ကောင်း ထိုင်မိထားသူဆိုတော့ တော်တော်လေး ခွင်တည့်လို့ ချိုချို့ကို ပေါပေါများများ ပေး နိုင်သည်။

“သူ့လက်ထဲ ရောက်တဲ့ အချိန်မှာ ချိုက အပျိုစစ်စစ် ကိုး၊ ဒါကြောင့် ချို့ကို တော်တော် ကျ တယ်။ မေမေ တို့ကိုတော့ ရုံးမှာ သူငယ်ချင်းတွေနဲ့ ထီစပ်တူထိုးတာ ပေါက်တယ် လို့ ပြော လိုက်တယ်၊ နောက်ပြီး လူကြီးကလည်း ချို မပြေလည်တာသိလို့ ရေ ရတဲ့ နေရာကို ရွှေ့ ပေး တယ် ပေါ့၊ မိဘကို ညာတာ ငရဲကြီးပေးမယ့် မတတ်နိုင်ဘူး အကိုရယ်”

“ချိုချိုက မကောင်းတဲ့ စိတ်နဲ့ ညာတာမှ မဟုတ်တာ”

အောင်ဘညို(၃)၏ အားပေးစကားက ချိုချို့ မျက်နှာပေါ်က ခပ်မဲ့မဲ့ အပြုံးလေးကို ပျောက် ကွယ် သွားအောင် မစွမ်းဆောင်နိုင်ပါ။

“ချို့ကို တိုက်ခန်း တခန်းငှားပေးထားတယ်၊ အဆောင်မှာ နေရင် သူ လာတွေ့ဖို့ အဆင် မပြေဘူးလေ၊ တလ တလ သူပေးတဲ့ ပိုက်ဆံကလဲ ချို့ လခ ဆယ်ဆ မကတော့ အလုပ် ထွက် မ လားတောင် စဉ်းစားမိသေးတယ်၊ အောက်ခြေလွတ်သွားတာ”

နောက်တော့ ထိုသူ၏ အထောက်အပံ့ဖြင့် ချိုချို သုံးလိုက်စွဲလိုက် ဝယ်လိုက် ခြမ်းလိုက်နှင့် ထင်တိုင်း လုပ်ခဲ့သည်ဟု သိရသည်။ ဒါကို ချိုချို ပြောသလို အောက်ခြေလွတ်သွားတာလို့ မထင်မိပါ။ ချိုချို ကိုယ့်ဘဝကိုယ် မကျေနပ်လို့ လျှောက်လုပ်နေခဲ့သည်လို့ ပဲ ထင်မိသည်။ အောင်ဘညို(၃)က သူ့အမြင်ပြောပြတော့ ချိုချိုရယ်သည်။

“အဲဒါတော့ မပြောတတ်ဘူး အကိုရယ်၊ အဲဒီတုန်းက ချို မနက်ဖြန်၊ သဘက်ခါတွေ သိပ် မ စဉ်း စားဘူး၊ ရုံးမှာတော့ လူပြောလွတ်အောင် ထိန်းထိန်းသိမ်းသိမ်း နေပါတယ်၊ သူ့ သိက္ခာ က လည်း ရှိသေးတယ် မဟုတ်လား။ ဒါပေမယ့် သူကလဲ ချို တယောက်ထဲ မဟုတ် ဘူး ဆရာ၊ တခြားတွေလဲ ရှိသေးတယ်”

“တော်တော် ဆိုးပါလား”

“အင်း.... သိခါစကတော့ စိတ်ထဲ တမျိုးပေါ့၊ ဒါပေမယ့် နောက်ကျတော့လဲ ငါသက်သာတာ ပေါ့လို့ သဘောထား လိုက်ပါတယ်”

ပွင့်လင်းသော အပြောကြောင့် အောင်ဘညို(၃) မျက်နှာ နည်းနည်းထူချင်ချင် ဖြစ်သွားသည်။

“ကန်တော့ နော် အကို”

“ရပါတယ်၊ ကဲ ..ဆက်ပါ ဦး အဲဒီလူ နဲ့ အဆင်ပြေနေရာကနေ ဘယ်လို ဖြစ်သွားတာတုန်း”

“ဒီလိုလေ အကို ရဲ့ သူ ဝါးတာတွေ တော်တော်များသွားတော့ အလုပ်ပြုတ်ပြီး ထောင် ခုနစ်နှစ် ကျ သွားတယ်၊ သူ့ ပစ္စည်းတွေ အသိမ်းခံရ၊ အိမ်တွေလည်း ချိတ်ပိတ်ခံရတယ်၊ ချိုနေတဲ့ အ ခန်း တောင်ငှားထား ဖြစ်နေလို့ လွတ်သွားတာ။”

သူမ၏ စပွန်ဆာ ထောင်ကျသွားချိန်တွင် ချိုချို့ လက်ထဲမှာ လက်ဝက်လက်စား အနည်း ငယ် နှင့် ငွေ အတော်အသင့်ကျန်ခဲ့သည်။ အဲဒါလေးတွေကို ထုခွဲ သုံးစွဲရင်း တဖြည်းဖြည်း လျော့ လာသည်။ တိုက်ခန်းက နှစ်စေ့လို့ ဆင်းလာတော့ ရုံးက အဆောင်မှာ လူပြည့်နေလို့ နေစရာ ပြန်မရ။ ဒါကြောင့် ဈေးနည်းသည့် နေရာမှာ ရှာငှားရသည်။ ရုံး နှင့် ဝေးလို့ ခရီးစားရိတ် က လည်း ထပ်တက်လာသည်။ ဒီကြားထဲ အဖေဖြစ်သူက လည်း ဘယ်လောက်ကြိုးစားကု ပေ မယ့် နာလံထူလာခြင်းမရှိပါ။  ချိုချို အဆင်ပြေနေစဉ်က ရန်ကုန်မှာ လာကုဖို့ ပြော ပေ မယ့် သူ့ကိုယ်သူ အဆုံးလို့ တွက်ထားသည့် ဦးလှမောင်က ခေါ်လို့မရပါ။ ချိုချိုကလည်း ရန်ကုန် ရောက်လာရင် ကိုယ့်အကြောင်းပေါ်ကုန်မှာစိုးလို့ အတင်းမခေါ်ရဲခဲ့။  ဒါကြောင့် ကိုယ့်မြို့ ကိုယ့် ရွာမှာပဲ ဆရာပေါင်းစုံ နှင့် ကုရင်း ပိုက်ဆံတွေ ကုန်ခဲ့ရသည်။ လက်ထဲမှာ လက်ကျန် မရှိသ လောက် ဖြစ်သွားသော အခါ ချိုချို ဘယ်လိုကြံရမည် မသိဖြစ်ရသည်။

“အဲဒီနေ့ က ရုံးမှာ အိုဗာတိုင် ဆင်းရတယ်၊ ပြန်တော့ ည ရှစ်နာရီခွဲ လောက်ရှိနေပြီ။ မိုးတွေ အုံ့ ပြီး လေတွေကလည်း အရမ်းတိုက်တာပဲ၊ လျှပ်စီးတွေ က တဝင်းဝင်းနဲ့ ချို သေသေချာချာ မှတ် မိ နေတယ်”

ရုံးကားက ချိုချို့ ကို အနီးဆုံး မှတ်တိုင်နားမှာ ချထားပေးခဲ့သည်။ ချိုချို စီးရမည့် ကားက တော် တော် နှင့် ရောက်မလာ၊ နောက်ဆုံး မှတ်တိုင်မှာ ချိုချို တယောက်ထဲ ကျန်ခဲ့သည်။ ပြို တော့မလို ဟန်ပြရင်း ချိမ်းခြောက်နေသော ကောင်းကင်ကို မော့ကြည့်ရင်း အိမ်မရောက် မီ မ ရွာပါစေနှင့် ဦးဟု ဆုတောင်းနေစဉ် ချိုချို့ ရှေ့ကို ကိုယ်ပိုင်ကား တစီးလာရပ်သည်။

“ချို့ ကို ဈေးလာမေးတာလေ၊ လူပြတ်တဲ့ နေရာမှာ တယောက်ထဲရပ်နေမိတော့ တမျိုးထင်မှာပေါ့။ ချို့ရုပ်ကလဲ အဲဒီရုပ်ပေါက်နေသလားမှ မသိတာ။ ဒေါသထွက်တာရော၊ ဝမ်းနည်းတာရော ပေါင်းပြီးတော့ ဘာ ပြော ရမှန်းတောင် မသိတော့ဘူး၊ ဘာလုပ်ရမှန်းလဲ မသိဘူး၊ လေတွေကလည်း တအားပို ကြမ်းလာတယ်၊ ဘာကိုမှန်း မသိဘူး အရမ်းကြောက်တာပဲ။ လက်တွေ တဆတ်ဆတ်တုန် နေလို့ ခြင်းတောင်းကို အတင်းဆုပ်ထားရတယ်”

ဝင်းကနဲ လက်သွားသည့် လျှပ်ရောင်တွင် ကားပေါ်က လူကို ငွေကြေးတတ်နိုင်ပုံရသည့် လူ ရည် သန့် တယောက်ဆိုတာ ကိုမြင်လိုက်မိပြီးနောက် ဘယ်လိုမှ ပေးမည် မထင်သော ပမာဏ တခု ချိုချို့ ပါးစပ်က ထွက်သွားသည်။

“သူက  အိုကေပါတယ်၊ ကားပေါ်တက်တဲ့”

အဲဒီအချိန်မှာ တွေဝေဖို့ ချိုချို မေ့နေခဲ့သည်။ “ငါက အပျိုမှ မဟုတ်တာ၊ ငါက အပျိုမှ မဟုတ် တော့တာ” ဟု စိတ်ထဲက နေ ဂါထာရွတ်သလို တဖွဖွရွတ်ဆိုရင်း ချိုချို လိုက်သွားသည့် အချိန်တွင် မိုးတွေ ကလည်း သဲ ကြီး မဲကြီး စလို့ ရွာတော့သည်။

.....................................................................

“ဟေ့ ကောင် အခုတလော မင်း အိမ်သိပ်မကပ်ပါလား”

ကွန်ပျူတာရှေ့မှာထိုင်ပြီး ကဗျာလေး တပုဒ်လောက်တော့ ရေးဦးမည်ဟု ထိုင်စဉ်းစားနေစဉ် အနား ကို ရောက်လာသော ဆရာကြီးက အောင်ဘညို(၃) ကိုမေးလိုက်သည်။

“အိမ်ထဲ နေရတာလည်း ပျင်းတာနဲ့ လျှောက်သွားနေတာ၊ ဘာရယ်တော့ မဟုတ်ပါဘူး၊ ဟို သွား ဒီသွား လုပ်ရင်း လူတွေကိုလည်း လေ့လာလို့ ရတာပေါ့ကွာ”

ဆရာကြီးက နှာဗူးကောင်ထက်စာရင် နည်းနည်းတော်သေးသည့် အတွက် အောင်ဘညို(၃) ပြေပြေ လည်လည် ပြန်ပြောလိုက်ပါသည်။ ဟိုနှာဗူးဆိုရင်တော့ “မင်းနဲ့ ဘာဆိုင်လဲ” ဟု ပြန် မေးချင်မေး မိလိမ့် မည်။ အိမ်မှာ နေရင် အပြာကားတွေသာ မထတမ်းကြည့်နေတတ်ပြီး သူ့ကို အရွယ်မရောက်သေးသည့် ကလေး တယောက်လို ဆက်ဆံသော နှာဗူးကို အောင်ဘ ညို(၃) သဘောမကျပါ။ အခုတောင်မှ ဆရာကြီးက စကားလာပြောသည့် အတွက် စောစော က စဉ်းစားထားတာလေးတွေ အာရုံထဲက လွင့် ထွက်သွားလေပြီ။

“အင်း ..အင်း၊ ငါနဲ့ တော့ လမ်းမှာ မတိုးစေနဲ့ ပေါ့ကွာ၊ သဲသဲ ပါမြင်သွားရင် ရှုပ်ကုန်လိမ့်မယ်”

“တယောက်နဲ့ တယောက် မမြင်ချင်ယောင် ဆောင်နေလိုက်ရင်ပြီးတာပဲကွာ”

“ဟိုတခါတုန်းက မင်းကို ကောင်မလေးတယောက်နဲ့ ဆူးလေ ဘုရားမှာ သဲသဲ သူငယ်ချင်း တယောက်ကတွေ့လို့ သဲသဲကို ငါရှင်းရပြီးပြီလေ”

“အင်းလေ … ငါ့ကို သဲသဲ အပြင်မှာ မြင်လိုက်ရင် ပိုတောင်ကောင်းသေးတယ်၊ ရုပ်တူ တ ယောက် ရှိတယ်ဆိုတာ ပိုသေချာသွားတာပေါ့”

“အေးပါ၊ ဒါနဲ့ အဲဒီတုန်းက မင်းက ဘာသွားလုပ်တာလဲ၊”

“ဘုရားသွားဖူးတာပေါ့ကွ၊ ကောင်မလေး ကလည်း သူ့ဟာသူ ယတြာလာချေရင်းနဲ့ ဘုရား ပေါ်မှာ တွေ့တာပါ”

“ခုနောက်ပိုင်းမှ သိတာလား”

“အေး”

ဘယ်လိုသိတာလဲ၊ ဘယ်တုန်းက သိတာလဲ ဆိုတာတွေ ဆရာကြီးထပ်မမေးတော့ဘဲ နောက် လှည့်ထွက်သွားသည်။ ဆက်မမေးဘဲ နေသည့် အတွက် ရှင်းရသက်သာ သွား သည်။

အောင်ဘညို(၃) အခုစဉ်းစားနေတာကလည်း ချိုချို့ အကြောင်းဖြစ်သည်။ ကံဆိုးမိုးမှောင်ကျ ကာ ဘဝဆိုးရောက်ခဲ့ရသည့် မိန်းကလေး တယောက်အကြောင်း  ကဗျာရေး ချင်နေသည်။

ချိုချို တယောက်ထဲ အကြောင်းမဟုတ်၊ သူမ နှင့် ဘဝတူ အခြားမိန်းမတွေ နှင့်ပါ တိုက်ဆိုင်မှု ရှိစေချင်သည်။ ဒါကြောင့် လေးလေး နက်နက် စဉ်းစားနေစဉ် မှာ ဆရာကြီး လာ ပြီး စကားများတာ နှင့် အတွေးတွေ ပျောက်ကုန်သည်။

ဟိုတနေ့ က ဖြစ်ကြောင်းကုန်စင် ပြောပြအပြီးမှာ ချိုချို မျက်ရည်ကျသည်။ ပြောရင်း နှင့် ဝမ်း နည်း လာပုံရသည်။ ချိုချို့ အဖြစ်ကလည်း ဆိုးသည်။ မမျှော်လင့်ဘဲ ငွေရလမ်းတခုကို တွေ့ခဲ့ ပြီး ထိုနောက်သို့ လိုက်ရင်း အရှက်တကွဲတွေ ဖြစ်ခဲ့ရသည်။

ချိုချို့၏ ပထမဆုံးဖောက်သည်က တဏှာကြီးသော်လည်း သဘောကောင်းသည်။ တညလုံး နီးပါး အိပ်ရေးပျက်ပြီး နောက်တနေ့တွင် ရုံးကို နောက်ကျမှရောက်၍ အဆူပါ ခံလိုက်ရသော် လည်း အိမ်ကို ပိုက်ဆံပို့ လို့ရပြီဆိုသည့် အသိကြောင့် ချိုချို ပေါ့ပါးစွာပင် နေနိုင်ခဲ့သည်။ ည တုန်းက လူက ချိုချို့ကို သဘောကျသွားပြီး မကြာခန လာခေါ်တတ်သည်။ သူ့ မိတ်ဆွေ တွေ နှင့်လည်း ချိတ်ပေးသည်။

“အစပိုင်းတော့ ရက်ခြားလောက်ပါပဲ၊ နေ့ဖက်လည်း ရုံးမှာ ဟန်မပျက်အလုပ်ဆင်းတယ်၊ နေ့ တိုင်း မလိုက်ဘူး၊ နောက်ကျတော့လဲ မထူးပါဘူး ဆိုပြီး ခေါ်တဲ့သူ ရှိရင် လိုက်သွားတော့တာပါ ပဲ၊ ရုံးရောက်မှ ငိုက်ရတာပေါ့”

“အော် …အလုပ် မထွက်ဘူးလား”

“ထွက်တော့ ထွက်ချင်တယ်၊ ဒါပေမယ့် အကိုရယ်၊ အစိုးရ ရုံးမှာလည်း လုပ်တယ်ဆိုတာက ဂုဏ်တခုပဲ၊ လိုင်း အစစ် မဟုတ်သေးတော့ သန့်တယ်ပေါ့နော်၊ ဈေးပိုရတယ်လေ ..ဟင်း …ဟင်း”

ဒါပေမယ့် နောက်ဆုံးတော့ ကိုယ်ကထွက်စရာ မလိုဘဲ အထုတ်ခံလိုက်ရသည်။ ရုံးက လူ တ ယောက်က အမှတ်မထင် ချိုချို့ကို တည်းခိုခန်းတခုမှာ ညဖက်တွေ့လိုက်ရာကနေ သတင်း ပြန့်သွားပြီး အရှက်တကွဲ နှင့်ထွက်ခဲ့ရသည်။ ရည်းစားနှင့် သွားတာပါဟု ချိုချိုက ဖြေ ရှင်းခဲ့ သေးသော်လည်း ကိုယ့်ထမင်းကိုယ်စားပြီး သူများအကြောင်း စုံစမ်း စပ်စုချင်သူတွေဆီ မှာက အချက်အလက်တွေ တော်တော်ရောက်နေခဲ့လေပြီ။

“အဲဒီ အချိန်က စပြီး ပတ်တိုင်း မဟုတ်တော့ဘဲ ပါမင့်နင့် ဖြစ်သွားတော့တာပေါ့ အကိုရယ်၊ အိမ်ပြန်ဖို့ စဉ်းစားပါတယ်၊ ဒါပေမယ့် မေမေတို့ ဆီပြန်သွားလည်း ဘာလုပ်စားရမှာလဲ၊ လုပ်စ ရာ ရရင်တောင် ရတဲ့ငွေက လောက်မှာလား၊ မေမေကလဲ အဲဒီ အချိန်ထဲက ရောဂါ စဖြစ်နေ လောက်ပြီ၊ ဖေဖေက ပိုပြီးအခြေအနေ ဆိုးလို့ သူကြိတ်ခံနေတာဖြစ်မယ်”

“ချိုချို့ ကိုပြောပြလို့လား”

“မပြောပါဘူး၊ မှန်းကြည့်ရတာပါ၊ အကို စဉ်းစားကြည့်ပါဦး၊ ချို အဲဒီအချိန်က ပြန်သွားရင် မိ သားစု သုံးယောက် လုံး ဒုက္ခရောက်ဖို့ ပဲရှိတယ်၊ ဒါကြောင့် ရန်ကုန်မှာပဲ ဆက်ပြီး လုပ်စား မယ်လို့ ဆုံးဖြတ်လိုက်တယ်၊ အဲဒါ မှန်သလား အကို”

“ကိုယ် …ကိုယ်…မပြောတတ်ဘူး၊ ဒါပေမယ့် ချိုချိုက မိဘအတွက် လုပ်ခဲ့တာပဲ၊ အဲဒါတွေ စဉ်း စားပြီး စိတ်မကောင်းဖြစ်မနေပါနဲ့ တော့၊ နောက်ဆို ရင် အားလုံး အဆင်ပြေသွားတော့မှာ ပါ၊ ကိုယ်လဲ ကူညီမှာပဲလို့”

စိတ်မကောင်းမဖြစ်ပါ နှင့်ဟု ပြောလိုက်တော့မှ ချိုချို ငိုတော့သည်။ အောင်ဘညို (၃)လည်း ဘယ်လိုပြောရမှန်း မသိတော့တာနှင့် ရင်ထဲပေါ့သွားအောင် ငိုပါစေဟု ထိုင်ကြည့်နေလိုက် သည်။ ချိုချို အကြာကြီးတော့ မငိုပါ။ သူ့ ကိုယ်သူ ရအောင်ပြန်ထိန်းပြီး ဒေါ်အေးကြည်ကို သွား ကြည့်ဖို့ ပြန်တက်သွားသည်။ အောင်ဘညို(၃) သာ ငေါင်စင်းစင်း နှင့် ကျန်ခဲ့သည်။ ထို အချိန်တုန်းကတော့ တခုခု ရေးဖို့ စိတ်ကူးမရခဲ့ပါ။ ဒီမနက်မှ ချိုချို့ အကြောင်းတွေးရင်း ရေး ချင်စိတ် ပေါက်လာတာနှင့် စကားလုံးတွေ ရှာနေစဉ် ဆရာကြီး လာ စကားပြောတာနှင့် အာရုံ လွင့်သွားသည်။

“ငါ အပြင်သွားဦးမယ်၊ မင်း ရော ထွက်ဦးမှာလား”

“အေး”

အတွေးတွေ၊ စကားလုံးတွေ ပြန်ဖမ်းကြည့်နေချိန်မှာ ဆရာကြီးက ရောက်လာပြန်သည်။

“ဒါဆို လည်း ငါ အရင်သွားလိုက်မယ်၊ မင်း က နဲနဲကြာမှ ထွက်ပေါ့”

“အေး အေး”

ဆရာကြီး ထွက်သွားပြီး နောက် ကဗျာလည်းဆက်ရေးလို့ မရတော့တာနှင့် အောင်ဘညို(၃) လည်း ရေ ထချိုးပြီး ထမင်းစားလိုက်သည်။ အဝတ်အစားလဲ ပြီးနောက် အိမ်ရှေ့ခန်းမှာ ခန ထိုင်အချိန်ဖြုန်းပြီးမှ ဒေါ်အေးကြည်ကို ဖတ်ပြဖို့ ဝယ်ထားသော စာအုပ်ကလေး ဆွဲပြီး အိမ်က နေ ထွက်လာခဲ့သည်။

လမ်းမှာ လူတချို့က စူးစမ်းသလို အကြည့်မျိုးနှင့် ကြည့်တာခံရသည့် အခါ ဆရာကြီး၏ စေ့စပ် မှုကို စိတ်ထဲကနေ ချီးမွမ်းမိသည်။ အဝတ်အစား အမျိုးမျိုးလဲပြီး ဝင်လိုက် ထွက်လိုက်လုပ်နေ တာကို လူတွေ သတိထားမိကြနိုင်သည်။ ဒါပေမယ့် ဆရာကြီးက အချိန်ခွဲပြီးသွားဖို့ စီစဉ်ခဲ့ လို့ အခုထိ အိမ်ထဲမှာ လူသုံးယောက်ရှိနေတာကို လူမသိအောင် လုပ်ရတာကလည်း မလွယ်ပါ။ အိမ်တံခါးတွေ ပြတင်းပေါက်တွေကို အမြဲပိတ်ထားရတော့ စိတ်ထဲမှာ မွန်းကြပ်သည်။ သို့သော် လည်း မတတ်နိုင်။

ကိုယ့်ဟာကိုယ် အေးအေးငြိမ်းငြိမ်းနေတတ်သည့် အောင်ဘညို(၃) နှင့် ဆရာကြီးကတော့ အ ကြောင်း မဟုတ်ပါ။ ဟို နှာဗူးကောင် အိမ်မှာရှိရင်သာ အပြာကားတွေကို ကျယ်ကျယ် လောင် လောင် ဖွင့်ကြည့်နေတတ်လို့ လိုက်တားနေရသည်။ မသုံးမဖြစ်သုံးရသည့် ရေချိုးခန်း နှင့် အိမ် သာက အိမ်အတွင်းထဲမှာ ရှိလို့တော်သေးသည်။ လူမြင်ကွင်းမှာသာ ရေချိုးရမည် ဆိုရင် အနား ကလူတွေက တနေ့ကို ရေသုံးခါချိုး၍ အဝတ်အစားသုံးခါလဲသော အောင်ဘညို ဆိုသည့် ကောင်ကို အရူးလို့ မြင်ကောင်းမြင်သွားကြနိုင်သည်။

ချိုချိုတို့ အိမ်က ကားနာရီဝက်ကျော်လောက် စီးရင် ရောက်ပါသည်။ ကားပြတ်သည့် အခါမျိုး၊ လမ်း ပိတ်သည့် အခါမျိုးမှသာ ၄၅ မိနစ်၊ တနာရီလောက်ကြာတတ်သည်။ အိမ်ရှေ့ ရောက် ချိန်မှာ နေ့ခင်း နှစ်နာရီလောက်တော့ ရှိပြီထင်သည်။ တံခါး ခေါက်လိုက်တော့ ချိုချို တံခါး လာ ဖွင့် ပေး သည်။

“အကို ဒီနေ့ မလာဘူးလို့ တောင်ထင်နေတာ”

“အင်း ... အိမ်မှာ အလုပ်လေးနည်းနည်း ရှိတာနဲ့ နောက်ကျသွားတယ်”

“အလုပ်ရှိရင် မလာလဲ ရပါတယ်၊ မလာစေချင်လို့ မဟုတ်ဘူးနော်၊ အကို ပင်ပန်းမှာစိုးလို့”

“ကိုယ် အတွက် အပန်းမကြီးပါဘူး၊ ကိုယ်လာတော့ ချိုချို နားရတာပေါ့”

“ခုလဲ အဆင်ပြေပါတယ် အကိုရဲ့၊ မေမေ က နေရသက်သာတယ် ဆိုလို့ ချို က ရေချိုး ထ မင်းစား တောင်လုပ်ပြီးသွားပြီ”

“ခေါင်းပါလျှော်လိုက်တယ်ပေါ့”

“အင်း”

ဖားလျားကျနေသည့် ဆံပင်တွေမှာ ရေနည်းနည်းစိုနေတာကို မြင်လို့ မေးလိုက်သည်။ ဖြူသန့် သော မျက်နှာလေးမှာ ပါးကွက်နှစ်ခုက ထင်းနေသည်။ သနပ်ခါးနံ့ မွှေးမွှေးလေးက အောင်ဘ ညို (၃) နှာဝကို တိုးဝင်လာသည်။ ချိုချို့ကို ဒီလို အပြစ်ကင်းစင် လန်းဆန်းစွာပဲ အမြဲ မြင်ချင် ပါ သည်။ အောင်ဘညို(၃) သူမ ကိုကြည့်နေမိသည်ကို ချိုချိုကလည်း ပြန်စိုက်ကြည့်၏။ ဟို တလောက စိတ်တွေထလာသည့် အချိန်မှာ ချိုချို ဒီလိုပုံမျိုးနှင့် အနားမှာရှိမနေတာ ကံကောင်း သည် ဒီလို အသွင်အနေ အထားမျိုးနှင့် သာ အနားမှာရှိနေရင် အောင်ဘညို(၃) မလုပ်သင့် တာတွေ လုပ်မိလိမ့်မည်။

“အကို ...”

“အင်”

အတွေးထဲ နစ်နေရာမှ ချိုချို ခေါ်လိုက်၍ အောင်ဘညို(၃) သတိပြန်ကပ်သွားသည်။

“ငိုင် တိုင်တိုင်နဲ့ နေ မကောင်းဘူးလား”

“ကောင်းပါတယ်၊ ဒေါ်ဒေါ် အိပ်နေလား၊ ကိုယ်သွားလိုက်ဦးမယ်”

“မအိပ်ဘူး ထင်တယ်၊ ခုနတော့ ပုတီးစိပ်နေတယ်”

“ကိုယ် သွားကြည့်လိုက်ဦးမယ်”

အညိုရောင်ဖျော့ဖျော့ ဝတ်စုံလေးနှင့် လန်းဆန်းလှပနေသော ချိုချို့ကို ကျောခိုင်းခါ အိပ်ခန်း ထဲ ဝင်ခဲ့တော့ နောက်ကနေ သက်ပြင်းချသံလေးတခု ကြားလိုက်ရသလိုလို ရှိသည်။ အောင် ဘ ညို(၃) ရင်ထဲမှာလည်း တမျိုးကြီး ဖြစ်သွားသည်။

“မောင် အောင်ဘညို ဒီနေ့ မလာတော့ဘူးလို့ တောင်ထင်နေတာ”

“ကိစ္စလေး နည်းနည်း ရှိလို့ ဒေါ်ဒေါ်ရေ၊ ဒီမှာ ဒေါ်ဒေါ်ကို ဖတ်ပြဖို့ စာအုပ်တအုပ် ထပ်ယူလာ တယ်၊ ဆရာတော် ........ရဲ့ စာအုပ်၊ ဒေါ်ဒေါ် ပုတီးစိပ် ပြီးရင်ပြော”

“ပြီးပါပြီကွယ်၊ သာဓု၊ သာဓု၊ မောင်မင်းကြီးသား ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ လိုရာ ဆန္ဒပြည့် ပါစေ တော်”

.........................................................................

အခန်း (၁၃)

ကြမ်းပြင်မှာ ကျနေသော သတ္တုရောင် ပင်တီလေးကို မမဖြူ ကုန်းမကောက်မီ အောင်ဘညို (၁) က လှမ်းကောက်လိုက်ပြီး ပေါင်နှင့် တဖတ်ဖတ်ရိုတ်ကာ ခါပေးလိုက်သည်ကို မမဖြူ ပြုံး၍ ကြည့်နေသည်။ ဒီလောက်သေးသည့် ဘောင်းဘီလေးက မမဖြူ၏ တင်ပါးကြီးတွေနှင့် တော် တာကို လည်းအံ့သြနေမိသည်။

အောင်ဘညို(၁)က ကြမ်းပြင်မှာ ခြေပစ်လက်ပစ် ထိုင်နေဆဲဖြစ်ပြီး မမဖြူကတော့ သူ့ရှေ့မှာ ရပ်ကာ ဘောင်းဘီပြန်ပေးမှာကို စောင့်နေသည်။ စကပ်ကို ခါးအထိလိပ်တင်ထားသည့် မမဖြူ ၏ ကိုယ်အောက်ပိုင်းက ဝင်းဝင်းအိအိဖြင့် မိမွေးဖမွေးတိုင်းလှနေသည်။မျက်လုံးနှင့် တည့်တည့်မှာက အမွှေးရှည်ရှည် ကျဲကျဲကြီးတွေဝိုင်း ထားသည့် ငါးပူ တင်းကြီး တကောင်ရှိသည်။ လောလောလတ်လတ်ကမှ ချစ်ပွဲနွှဲထားသည့် ငါးပူတင်းကြီးက အရှိန် မ သေ သေးဘဲ အဆီတဝင်းဝင်း ဖြင့် ဖောင်းချင်တိုင်းဖောင်း ကားချင်တိုင်းကားနေသည်။

“ဟေ့ ဒီမှာ စောင့်နေတယ်လေ၊ သူများဟာ ပြန်မပေးသေးဘဲနဲ့ ဘာကြည့်နေတာလဲ၊ မမြင်ဖူး တာကျနေတာပဲ”

“လှလို့၊ ချစ်လို့”

“ပိုပြီကွာ၊ လုပ်ပါ၊ အချိန် မရှိတော့ဘူး၊”

“လက်ထပ်ကြရအောင် မမရယ်၊ ကျွန်တော် မနေနိုင်တော့ဘူး”

မမဖြူလက်ထဲကို ဘောင်းဘီလေး ပြန်ထည့်ပေးရင်း အောင်ဘညို(၁) ပြောမိသည်။

“မောင်လေးကလည်းကွယ်”

အောင်ဘညို(၁) စကားကြောင့် မမဖြူ ညည်းလိုက်ပြီး ဘာမှဆက်မပြောတော့ဘဲ ဘောင်း ဘီ ပြန်စွပ်နေသည်။ အောင်ဘညို(၁) ဒူးထောက်လိုက်ပြီး စကပ်ကို ပြန်ဆွဲချဖို့ လုပ်နေသော မမ ဖြူ၏ အောက်ပိုင်းကို သိမ်းကျုံးဖက်လိုက်သောကြောင့် ဆွဲချလို့ မရတော့။

“မမ ကို ချစ်တယ်၊ ချစ်ချင်တယ်၊ အခုလိုလေး ခိုးကြောင်ခိုးဝှက် ချစ်ရတာ အားမရဘူး၊ အဝတ် အစားတွေ မဝတ်ချင်ဘူး၊ လွတ်လွတ်လပ်လပ် အားရပါးရချစ်နေချင်တယ်၊ တူ တူ နေရအောင် မမရယ်၊ အဲဒါဆို ကျွန်တော်တို့ ဘာမှဂရုစိုက်နေစရာ မလိုတော့ဘူး မဟုတ် လား”

ဆီးခုံပြည့်ပြည့်ကြီးပေါ်ကို ပါးအပ်ရင်းပြောလိုက်တော့ မမဖြူ အောင်ဘညို(၁)၏ ဆံပင်တွေကို ရွရွလေး ပွတ်ပေးသည်။

“ခုလဲ တွေ့နေရ၊ ချစ်နေရတာပဲ မဟုတ်လား”

“မတူဘူးလေ မမရဲ့၊ ဒါက တရားဝင် မဟုတ်ဘူး၊ နောက်ပြီးတော့ မဝဘူး၊ ကျွန်တော့် က မမ ကို အချိန်တိုင်း ချစ်နေချင်တာ”

“အဲဒါဆို မမ ..သေသွားမှာပေါ့ မောင်လေးရဲ့၊ ကဲပါ ဖယ်ပါဦး မမ က မင်းကို နမ်းချင်လို့ပါ”

အောင်ဘညို(၁)က လက်တွေကို ဖြေပေးလိုက်သည့် အခါ စကပ်ကို သပ်သပ်ရပ်ရပ် ဖြစ် အောင် ဆွဲချလိုက်ပြီး နောက် မမဖြူလည်း အောင်ဘညို(၁) ရှေ့မှာ ဒူးထောက် ထိုင်ချ လိုက်သည်။

“နောက်က ချိတ်ပြန်ချိတ်ပေးနော်”

အောင်ဘညို(၁)က ဘရာစီယာချိတ်ကို လက်နှင့် စမ်းပြီး ပြန်တပ်ပေးနေစဉ် မမဖြူက သူ့ လည်တိုင်ကို ဖက်ပြီး မျက်နှာ အနှံ့လိုက်နမ်းသည်။

“မမ လည်း ...မောင်လေးနဲ့ ချစ်ချင်တာပေါ့ကွယ်၊ ဒါပေမယ့် အခြေအနေ အချိန်အခါ ဆိုတာ က ရှိသေးတယ် မဟုတ်လား”

“အချိန်ဆိုတာက လူက လုပ်တာပါ၊ အခြေအနေဆိုတာလည်း လူက ဖန်တီးတာပဲ မဟုတ်လား မမရယ်”

ချိတ်တပ်ပေး ပြီးလို့ လက်အားသွားသည့် အောင်ဘညို(၁)က မမဖြူပေါင်ကြားထဲကို လက်ထိုး နှိုက်ရင်း ပြောလိုက်သည်။ ဒါပေယ့် စကပ်က တင်းကြပ်နေသည့် အပြင်ပေါင်တံ တုတ်တုတ် ကြီးတွေကလည်း စေ့နေလို့ နှိုက်လို့ မရပါ။

“တော်တော့ မောင်လေးရယ်”

“ဟာ ...မ၀ သေးဘူး မမရယ်၊ ချစ်ချင်သေးတယ်”

“အလုပ်တွေ ရှိသေးတယ်၊ မောင်လေးရဲ့”

“ကျွန်တော် သိပါတယ်၊ မမက ကျွန်တော် ချစ်သလို မချစ်ပါဘူး၊ မမရဲ့ လုပ်ငန်း၊ ဂုဏ်သိက္ခာ နဲ့ အသိုင်း အဝိုင်းကိုပဲ အလေးထားတာပါ”

“ပေါက်ကရတွေ ပြောတော့မယ်၊ မမ မင်းကို ချစ်လို့ မင်း အတွက် အကုန်လုပ်ပေးတယ်လေ၊ မမ မှာ မင်းနဲ့ ပတ်သက်ရင် ရှက်တာလဲ မရှိတော့ဘူး၊ ရွံတာလဲ မရှိတော့ဘူး၊ ဘာကိုမှ မတွန့် တိုဘူးဆိုတာ သိရက်သားနဲ့ ကွယ်”

“ဒါဆို တူတူ နေကြမယ်လေ”

“မမ မှာ စဉ်းစားစရာတွေ၊ ချိန်ဆရမှာတွေ အများကြီး ရှိသေးတယ် မောင်လေးရဲ့၊ မိန်းမသား ဘ၀ ဆိုတာ ယောက်ျားလေး တွေလို လွယ်လွယ် လုပ်လို့ မရဘူး”

“အဓိက က စိတ်ပါပဲ မမရယ်၊ ဖြစ်ချင်တဲ့ ဆန္ဒရှိရင် ဖြစ်ရမှာပေါ့”

ပြောရင်း နှင့် အောင်ဘညို(၁)က မမဖြူကို အတင်းနမ်းသည်။ ပေါင်ကြားထဲကိုလည်း အတင်း လက်ထိုးနှိုက်နေသည်။

“ကဲ ..ကိုယ်တော်လေး၊ မမ ခနနေရင် အပြင်သွားစရာရှိတယ်၊ ပြီးရင် အိမ်ကို တန်းပြန်ဖို့ပဲ၊ ဒါ ပေမယ့် ရုံးပဲ ပြန်လာတော့မယ်၊ အဲဒီကျမှ ရှင့် သဘောရှိနေတော့ ဟုတ်ပြီလား”

“မမ တကယ်နော်”

“တကယ်ပြောတာပါကွယ်၊ မမ မလာရင် အိမ်အထိလိုက်လာပြီး လုပ်ချင်ရာလုပ် ဟုတ်လား”

မမဖြူ မညာမှန်း သိတာနှင့် အောင်ဘညို(၁) လွှတ်ပေးလိုက်သည်။ သူသာ မဟုတ် မမဖြူ သည် လည်း သူတို့ နှစ်ယောက်ကြားက ရမ္မက်မှာ ဘယ်လောက်အထိ တွယ်ငြိနေသည် ကို သိနေသည်။

..................................................

ရင်ထဲမှာ တငွေ့ငွေ့နှင့် ပူလာသောခံစားမှုကြောင့် အောင်ဘညို(၃) ခေါင်းနပန်းကြီးသွားရသည်။ ကြုံတွေ့နေကျ ဆိုတော့ ဘာကြောင့် ဖြစ်လာသည်ကို သိနေသည့်အတွက် လက်ဖဝါး မှာချွေးတွေပျံလာသည်။ လက်ထဲက စာအုပ်လွတ်ကျမသွားအောင်း တင်းတင်းကိုင်ထားရင်း ဒေါ်အေးကြည်ကို မလုံမလဲနှင့် ကြည့်မိတော့ မျက်စိမှတ်ပြီး မှိန်းနေတာကို မြင်လိုက်ရလို့ နည်း နည်းတော့ စိတ်သက်သာသွား ပြီး ဖတ်လက်စ စာပိုဒ်ကို ဆက်ဖတ်နေမိသည်။ စာအုပ်က သုံး မျက်နှာ မရှိ တရှိလောက်ပဲ ကျန်တော့၍ မြန်မြန်ပြီးဖို့ စိတ်ကို နှစ်ပြီး အသံကိုမြှင့်ကာ ဖတ်မိသည်။

ဒီကို မလာခင်အိမ်မှာကထဲက စိတ်တွေထနေလို့ မလာခင် တခါထုခဲ့ရသေးသည်။ ဒီနေ့ အ တွက်တော့ ထဖောက်စရာ မရှိတော့ဟု ထင်ထားတာမှားသွားလေပြီ။ စာဖတ်နေရင်း နှင့် ရင် က ပူသထက်ပူလာသည်။ ထိုင်နေလို့သာတော်တော့သည်။ အောက်မှာ ဘယ်လိုဖြစ်နေ မည် ဆိုတာ စိတ်က အလိုလို သိသည်။ အထဲကနေ ရုန်းကန်တွန်းထိုးနေသည့် အတွက် အ တွင်းခံ ဘောင်း ဘီက ကျပ်သထက်ကျပ်လာသည်။ ထို့နည်းတူ စာဖတ်နေသည့် အသံက လည်း ပို ကျယ်ပြီး ပို မြန်လာ၍ ဒေါ်အေးကြည်တောင် မျက်လုံးဖွင့်ကြည့်သည်။

“နေ မကောင်းဘူးလား မောင် အောင်ဘညို”

“ကောင်း ..ကောင်း ..ပါတယ်၊ ဒေါ်ဒေါ်”

“မင်းကို ကြည့်ရတာ တမျိုးကြီးဖြစ်နေလို့”

“ဘာ ..ဘာမှ မဖြစ်ပါဘူး”

ပျာပျာသလဲ ငြင်းလိုက်ပြီးနောက် စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ မြန်မြန်ပြီးအောင် တွန်း ဖတ်ရသည်။ အသံကိုလည်း မကျယ်လာအောင် သတိထားရသည်။ နောက်ဆုံးစာပိုဒ်ကို ဖတ်နေစဉ် လက်တွေကပို တုန်လာသည်။ နောက်ဆုံးစာကြောင်းပြီးသည် နှင့် စာအုပ်ကို ပစ် ချလိုက်ပြီး

“ဒေါ် ..ဒေါ်..ကျွန်တော် ..အိမ်..အိမ်သာ”

“အော်ကွယ်၊ ဒါကြောင့် တမျိုးဖြစ်နေတာကိုး အဲဒါများ ပြောရောပေါ့၊ မင်းနှယ် ကြံဖန်ပြီး အား နာ...”

ဒေါ်အေးကြည်စကား မဆုံးမှီပင် အောင်ဘညို(၃) ထိုင်ရာက ထလိုက်သည်။ ပေါင်ကြားထဲမှာ ဖောင်းထနေတာကို လက်နှင့် ယှက်၍ ကာရင်း ခါးကလေးကိုင်းပြီး ခပ်သွက်သွက်ထွက်လာခဲ့သည်။ စိတ်ထဲမှာ အိမ်သာမြန်မြန်ရောက်ဖို့ပဲ ရှိနေသည်။

“အင့် ..”

“အမေ့”

ဇောကပ်နေသောကြောင့် မီးဖိုထဲက တက်လာသည့်ချိုချိုနှင့် ဝင်တိုက်မိသည်။ အိကနဲ နွေးကနဲ အထိအတွေ့နှင့် ရနံ့မွှေးမွှေးလေး တခုက အောင်ဘညို(၃)၏ ရင်ကို ပိုပြီးဆူဝေသွားစေ သည်။ ခြေလှမ်းတွေရှေ့ဆက်မသွားနိုင်တော့ဘဲ ချိုချို့ကို ကြောင်ကြည့်နေမိသည်။ ဖြူသလို ဝါသလို အင်္ကျ ီပျော့ပျော့ပါးပါး လေးကြောင့် ဝတ်ထားသည့် ဘရာစီယာပေါ်က ပန်းခက်လေး တွေသာမက ဗိုက်သားပြေပြေပေါ်က ချက်နက်နက်ကလေးကို ပါထွင်းဖောက်မြင်နေရသည်။

“အကို၊ ဘာဖြစ်လို့လဲ”

ချိုချို့ အသံက အဝေးကြီးကနေ လွင့်လာသလိုပင်။ ထူးခြားနေသည့် အမူအရာကြောင့် အောင် ဘညို(၃)၏ လက်မောင်းကို ချိုချိုလှမ်းကိုင်လိုက်သည်။ လက်ဖဝါးနုနု၏ အထိအတွေ့ က အောင်ဘညို(၃)ကို အရာရာမေ့လျော့သွားစေတော့သည်။ ချိုချို့ တကိုယ်လုံးကို သိမ်း ကျုံး ဖက်လိုက်မိသည်။

“အကို ..အကို ...ဘာဖြစ်တာလဲ”

ခပ်တိုးတိုးမေးနေသံလေးကို အောင်ဘညို(၃) မကြားနိုင်ပါ။ ချိုချို့ မျက်နှာ အနှံကို အငမ်းမရ လိုက်နမ်းနေမိသည်။ လက်တဖက်က ချိုချို့ ခါးကို တင်းတင်းဖက်ထားမိစဉ် နောက်လက် တ ဖက်က အင်္ကျ ီအောက်ကို တိုးဝင်သွားပြီး ကျောပြင်မွတ်မွတ်လေးကို အတင်းပွတ်နေမိ၏။ လက်က ဘရာစီယာချိတ်ကို သွားတိုက်မိသည့်အခါ ဆွဲဖြုတ်ဖို့ ကြိုးစားမိသည်။ အလော တ ကြီး ကတုန်ကရင် ဖြစ်နေသောကြောင့် ဖြုတ်လို့မရပါ။ ထို့ကြောင့် မဖြုတ်တော့ဘဲ ချိုချို့ တင် ပါး တွေက လိုက်ပြီး ဖြစ်ညှစ်နေမိသည်။ ထမိန်အောက်မှာ အတွင်းခံမပါသည့် အတွက် ချော အိသည့် တင်ပါးတွေက ထမိန်အသား၏ ပါးလွှာမှုကြောင့် ပကတိအတိုင်း ကိုင်ရသည့်ပမာ လက်မှာ ခံစားရသည်။

“အကိုရယ်”

စိတ်ကို ထိန်းမရနိုင်တော့ပြီဖြစ်သည့် အောင်ဘညို(၃)က ကော့ကာကော့ကာနှင့် ဆီးခုံခြင်း ထပ်၍ ဖိပွတ်လိုက်သည့် အခါ ချိုချို လည်းအထဲက တင်းမာမှုကို ခံစားသိသွားပုံရသည်။ အောင်ဘညို(၃) ကျောပြင်ကို ပြန်လည်သိုင်းဖက် ပြီး နားနားကပ်၍ တိုးတိုးမေးသည်။

“အကို ..ချို့ကို လိုချင်တာလား၊ ချိုနဲ့ နေချင်တာလား”

အောင်ဘညို(၃) ခေါင်းကို ဘယ်နှစ်ကြိမ် ညိမ့်ပြလိုက်မိမှန်းတောင် မသိတော့ပါ။ ချိုချို တင်ပါး တွေကို တဖက်တချက်က ကိုင်ကာဆွဲရင်း အတင်းကော့ပြီး ချိုချို့ ပေါင်ကြားထဲကို လိုက်တေ့ ထိုးနေမိသည်။

“ခန လေးလွှတ်နော် အကို၊ မေမေ့ကို ကြည့်လိုက်ဦးမယ်၊ ပြီးရင် အကို့ သဘောအတိုင်း ဖြစ်စေရမယ် ဟုတ်ပြီလား”

“တ...တကယ်”

“တကယ်ပါ အကိုရယ် ၊ ခနလေးနော်”

အောင်ဘညို(၃) လွှတ်ပေးလိုက်တော့ ချိုချို အခန်းဝဆီသို့ ချွတ်နင်းသွားပြီး ချောင်းကြည့် သည်။ ပြီးတော့ သူမ အဝတ်အစားတွေ ထားသည့် အကန့်လေးထဲ ဝင်သွားပြီး ပြန်ထွက် လာသည်။ အချိန် အားလုံးက စက္ကန့်ပိုင်းလောက်သာ ကြာပေမယ့် အောင်ဘညို(၃) အတွက် တော့ ကမ္ဘာကြီးတခုကို ကျော်ဖြတ်နေရသလိုပင်။ ချိုချို အနားကိုရောက်လာတော့ လက်ကို အငမ်းမရလှမ်းဆွဲမိသည်။

“လာလေ အကို”

ချိုချိုက မီးဖိုထဲဆင်းခိုင်းတော့ အောင်ဘညို(၃) ယောင်ချာချာ နှင့်ပါသွားသည်။ စိတ်ဆန္ဒ တွေ ကို လက်တွေ့ကျကျ ဖြေဖျောက်ခွင့် ရတော့မည် ဆိုသည့် အသိကြောင့် ရင်ထဲမှာလည်း တ ဝုန်း ဝုန်း နှင့် ခုန်နေပြီး ဘာမှမလုပ်ရပါဘဲ မောနေသည်။

“ဒီနားပဲ ကောင်းပါတယ်လေ”

ချိုချိုက မီးဖိုခန်းကို ဆင်းသည့် လှေခါးသုံးထစ်၏ အလယ်ထစ်မှာ အောင်ဘညို (၃)ကို ထိုင် ခိုင်း လိုက်ပြီး သူမက တော့ကြမ်းပြင်မှာ ဒူးထောက် ထိုင်လိုက်သည်။ ထို့နောက် အောင် ဘညို (၃)၏ ပေါင်နှစ်ဖက်ကို ကားထုတ်လိုက်ပြီး လုံချည်ကိုဆွဲ ဖြေလိုက်၏။ အတွင်းခံကို ဖေါက် ထွက်တော့မတတ် တလှုပ်လှုပ်နှင့် ဖြစ်နေတာကို မြင်သည့် အခါ ချိုချို မျက်လုံးလေး ဝိုင်း သွားသည်။

“တကယ်ပါပဲ ..အကိုကတော့၊ ကဲ ..နဲနဲ ကြွ အဲဒါချွတ်လိုက်မယ်”

အတွင်းခံကို အောက်သို့ ဆွဲလိုက်သည် နှင့် အထဲက ဟာကြီးက ဗြောင်းကနဲ ကန်ထွက်လာပြီး တဆတ်ဆတ်ခါနေသည်။ ချိုချိုက အတွင်းခံရော၊ ပုဆိုးကိုပါ ချွတ်ပေးလိုက်သည်။ ပြီးတော့မှ ပေါင်ပြန်ကား ခိုင်းပြီး ထိပ်မှာ အရည်တရွှဲရွှဲ နှင့် ခါနေသည့် ဟာကြီးကို လက်ကလေး နှင့် ဖွဖွ လေးကိုင်ပြီး ထုပေးသည်။

“သံချောင်းကြီးကျနေတာပဲ”

ချိုချို ပြောတာကို အောင်ဘညို(၃) မကြားပါ၊ ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်ပြီး ချိုချို့ အင်္ကျ ီ လည်ပင်းပေါက်ကနေ နှိုက်ပြီး ရင်သားတွေကို ဝင်ညှစ်နေမိသည်။ ဘရာစီယာ ခံနေတာ တောင်မှ အိကနဲ အိကနဲ နှင့် ညှစ်လို့ ကောင်းလွန်းသောကြောင့် အံကိုကြိတ်ကာ ကြိတ်ကာ ညှစ် မိသောကြောင့် ချိုချို ဆီက ညည်းသံထွက်လာသည်။

“အား ...ကျွတ် ..ကျွတ် ... အကို...အကို ...ကိုင်ချင်လို့လား”

အောင်ဘညို(၃) ပုတ်သင်ညိုကြီးတကောင် ဖြစ်သွားသည်။ ခေါင်းကို ပြုတ်ကျမတတ် ညိတ်မိ တော့ ချိုချို ပြုံးသည်။

“ခနလေး နော်၊ ဒီမှာပြီးရင် ချို ချွတ်ပေးမယ်”

ချိုချို့ လက်ထဲမှာ ပြောင်ပြောင် အထုပ်လေးတခု။ အပေါ်က တံဆိပ်ကိုကြည့်၍ ကွန်ဒွန် ဖြစ် သည် ဆိုတာ သိလိုက်သည့် အချိန်တွင် စိတ်က ပိုပြီးလှုပ်ရှား လာသည်။ အထုပ်ကို ဖောက် လိုက်ပြီး ရမ်းခါနေသည့် အတံကြီးပေါ်မှာ ကျွမ်းကျွမ်းကျင်ကျင် စွပ်ပေးလိုက် ပြီးနောက်တွင် အောင်ဘညို(၃) အသက်ရှူဖို့ပင်မေ့လျော့နေမိသည်။ ချိုချိုက သေချာအောင်လက်နှင့် သပ် ကြည့် ပြီးတော့မှ သူမ၏အင်္ကျ ီကြယ်သီးတွေ ဖြုတ်ပြီး ဘရာစီယာကိုလည်း နောက် ပြန်ဖြုတ် လိုက်သည်။ ခုနက အောင်ဘညို(၃) ဖြုတ်မရသည့် ချိတ်က တချက်ထဲနှင့် ပြုတ်ထွက်သွားပြီး အစည်း အနှောင်လွတ်သွားသည့် ဖြူဖြူဝင်းဝင်း ရင်သားတွေက အောင်ဘညို(၃) ကို ပိုပြီး မရိုးမရွဖြစ်စေသည်။

“မချွတ်တော့ ဘူးနော်၊ အကို ကိုင်လို့ ရတယ် မဟုတ်လား”

ပြောလို့ မှ မဆုံးခင် အတင်းဝင်ညှစ်တော့ ချိုချိုရယ်သည်။

“ရှေ့က မကိုင်နဲ့လေ၊ လက်အောက်က နှိုက်၊ ဒီမှာ ချိုလုပ်စရာရှိတယ်”

ဘာလုပ်မှာလဲဟု အောင်ဘညို(၃) ကြောင်ကြည့်နေစဉ်မှာပင် ချိုချိုက အစွပ်စွပ် ထားလို့ ပြောင်လက်နေသည့် ဟာကြီးကို လက်နှင့် ဆုပ်၍ တချက်နှစ်ချက် ထုပေးလိုက်ပြီး နောက် ဗိုက်နှင့် ကပ်သွားအောင် အပေါ်ကို တွန်းထောင်လိုက်ပြီး အရင်းမှနေ၍ အဖျားအထိ လျှာလေး နှင့် အစုန် အဆန်လျက်ပေးသည်။

“ဟား ..အင်း”

လျှာနှင့် လျက်တာ ယားကျိကျိနှင့် ကောင်းသားပဲ ဟု တွေးနေမိဆဲမှာ ချိုချိုက သူမ၏ ပါးစပ် နွေးနွေးလေး ထဲကို စွပ်ကနဲ ထိုးသွင်းလိုက်သည်။ အထစ်မြုပ်ရုံလောက်လေး ငုံပြီး ထိပ်ကို ခပ် ပြင်းပြင်းလေး စုပ်လိုက်ရာ အောင်ဘညို(၃) တကိုယ်လုံးတုန်တက်သွားရသည်။

“အား …ဟီး”

ဟိုတခါ တွေ့ခဲ့သည့် ချိုချို ဆိုသည့် မိန်းမ ကို မှုတ်ပေးဖို့ တောင်းဆိုခဲ့သော်လည်း လုပ်မပေးခဲ့ ပါ။ အခု ချိုချိုက မတောင်းဆိုပါဘဲနှင့် လုပ်ပေးသည်ကို အောင်ဘညို(၃) အရမ်းကျေနပ်နေမိ သည်။ အိမ်မှာ နှာဘူးကောင်ကြည့်သည့် အပြာကားတွေထဲမှာ ပုလွေမှုတ်သည့် အခန်းတွေ မြင်ခဲ့ရစဉ်က ဖီးလ်တက်နေသည့် ယောက်ျားတွေကို ကြည့်ရင်း အဖြစ်သဲလိုက်တာဟု ထင်ခဲ့ မိတာ မှားသွားသည်။ ချိုချို့၏ အပြုအစုကို ခံယူရင်း အောင်ဘညို(၃) တကိုယ်လုံးတုန်ရီနေ ရသည်။ ကြားထဲမှာ အစွပ်တထပ်ခံနေသည့် တိုင်အောင် ချိုချို့၏ လျှာ၊ နှုတ်ခမ်း၊ သွားကလေး တွေ နှင့် ပါးစပ် အတွင်းပိုင်းမှ အထိအတွေ့က အသည်းခိုက် လောက်အောင် ကောင်းသည်။ အောင်ဘညို(၃) ချိုချို့ ရင်သားတွေကို ကိုင်ဖို့မေ့သွားလေပြီ။ ချို့ချို့ ဆံပင်တွေ၊ နားရွက်က လေးတွေ နှင့် ဂုတ်သားလေးကိုပဲ ရွရွ ပွတ်ပေးရင်း မျောနေမိသည်။ တချက်တချက် တွင် တကိုယ်လုံးတွန့်ပြီး ညည်းမိသည်။

“အကို ..အဆင်ပြေလား”

နဖူးစပ်မှာ ချွေးကလေး အနည်းငယ်စို့နေသည့် ချိုချိုက ခန ရပ်ပြီးမေးသည်။

“ပြေတယ်…ပြေတယ်”

အဖျားတက်သလို ဖြစ်နေသော အသံကို ကိုယ့်အသံမှန်းတောင် အောင်ဘညို (၃) မသိနိုင် တော့ ရင်ထဲက တလှပ်လှပ်အပူက ချိုချို့ကြောင့် ပို၍လောင်မြိုက်နေသည်။ မော့နေသော ခေါင်းလေးကို အတင်းပြန်ဖိပြီး သူ့ဟာကြီးကို ပါးစပ်နားဆီ အတင်းကော့ပေးလိုက်၏။ ချိုချို က လည်း မငြင်းရှာပါ။ အောင်ဘညို(၃)၏ တင်ပါးကြီးတွေ အပေါ်ကို ကြွကြွ တက်လာအောင် ထပ်ပြီး အစွမ်းတွေပြသည်။

ပလစ် ပလစ်၊ ပလပ် ပလပ် နှင့် စည်းချက်ညီညီ မြည်နေသံကို နားထောင်ရင်း အောင်ဘညို (၃) ကိုယ်ထဲမှာ သွေးတွေပို၍ ဆူပွက်လာသည်။

“ချိုချို၊ တော်ပြီ၊ လုပ်တော့မယ်၊ ထည့်ချင်တယ်”

ချိုချို့ ခေါင်းလေးကို ပွတ်ရင်း တစာစာပြောမိပေမယ့် ချိုချိုက လုံးဝလွှတ်မပေးဘဲ အမိအရ ခဲ ထားသည်။ ပိုပြီးလည်း ကြမ်းလာသလိုထင်ရသည်။ နောက်တော့ အောင်ဘညို(၃) စိတ်နှင့် ကိုယ် မကပ်သလိုဖြစ်သွားသည်။ ဘာတွေဖြစ်နေသည်ကို သိသလိုလို မသိသလိုလို နှင့်။ ချိုချို့ ခေါင်းကို မိမိရရ ဆုပ်ကိုင်ပြီး သူမ၏ ပါးစပ်ထဲကို အတင်းဆောင့်ကာဆောင့် ကာ ထိုးနေ မိသည့် အဖြစ်ကို အားရပါးရ အရည်တွေပန်းထုတ်ပြီးချိန်ကျမှ သိသည်။ ချိုချိုကတော့ အောင် ဘညို(၃) သူ့ဟာကြီးကို ပြန်ဆွဲထုတ်သွားချိန်တွင် အောင်ဘညို(၃)၏ ပေါင်တဖက် ပေါ်ကို ခေါင်းမှောက်ချလိုက်ပြီး ငြိမ်သွားသည်။ လူက ငြိမ်ပေမယ့် ကျောပြင်လေးက တ လှုပ် လှုပ် ဖြစ်သဖြင့် မနေနိုင်တော့ ဘဲ ဆွဲမတ်ပြီး ကြည့်လိုက်မိသည်။

“ဆော ..ဆောရီး ..ချိုချို”

“ရပါတယ်”

ချိုချို့ မျက်နှာလေးက ရဲတွတ်နေပြီး ချွေးတွေရွှဲနေသည်။ စောစောက ဆံပင်ကို နောက်မှာ စည်းထားသည့် ကလစ် လည်း ပြုတ်ထွက်ကာတွဲလောင်း ကျနေပြီး ဆံပင်တွေလည်း ဖရို ဖရဲ ဖြစ်ကာ ရင်ဘတ်ကလေးဖိရင်း အသက်ကို ပြင်းပြင်းရှူနေသည်။ မျက်လုံးမှာလည်း မျက်ရည် စတွေနှင့်။

အားနာစိတ်ကြောင့် အောင်ဘညို(၃) ဘာဆက်ပြောရမည်ကို မသိနိုင်အောင်ရှိသည်။

“ကိုယ် …ကိုယ်..လေ…တောင်းပန်ပါတယ်”

“ရပါတယ် ဆိုမှပဲ၊ ဒီမှာ မောရတဲ့ကြားထဲ …ဟင်း”

ချွဲချွဲ နွဲ့နွဲ့ ပြောလိုက်သည့် အသံလေးမှာ ဒေါသဟူ၍ တစွန်း တစမတွေ့ရ။ မျက်ရည်ပြည့်နေ သော မျက်ဝန်းတွေ နှင့် စိုက်ကြည့်ရင်း

“ဆိုး တုန်းက ဆိုးပြီးတော့”

“ချိုချိုရယ် ..ကိုယ်…ကိုယ်”

“တော်ပါတော့၊ ဘာမှ မပြောနဲ့တော့ဆိုနေမှ၊ တကထဲမှပဲ ..ဟင်း”

အောင်ဘညို (၃) ခေါင်းငိုက်စိုက် ကျသွားရာမှ ကိုယ်အောက်ပိုင်းကို မြင်ပြီး အလန့်တကြား ထ ရပ်လိုက်မိသည်။ ပုဆိုးကို ဘယ်နားချမိပါလိမ့်ဟု လိုက်ကြည့်ရင်း ပေါင်ကြားကို လက်နှင့် အုပ်ထားမိသည်။

“အကိုကတော့လေ ….ကဲပါ၊ ပြန်ထိုင်ပါ၊ ချို လုပ်ပေးပါမယ်”

“ဘာလဲ ..ဘာလဲ”

“ဘာမှ မလဲဘူး၊ ပြန်ထိုင်၊ လုပ်ပေးစရာရှိလို့”

ယောင်ချာချာ နှင့် ပြန်ထိုင်လိုက်သည့် အခါ ချိုချို့ လက်က ပေါင်ကြားကို ဝင်လာ၍ တွန့်သွား သည်။

“အခုမှ အဖြစ်သဲနေတယ်၊ ဒီမှာချွတ်ပေးမလို့”

ခုချိန်ထိ စွပ်လျက်သားဖြစ်နေသည့် အစွပ်ကို ချိုချိုက ဖြေးဖြေးဆွဲချွတ်ယူလိုက်သည်။ ပြီးတော့

“အဲ ဒီအတိုင်း ခနနေဦး ပြန်လာခဲ့မယ်”

ထိုင်ရာက ထပြီး အိမ်နောက်ဖေးတံခါးဖက် ထွက်သွားသည့် ချိုချို့ကို နားမလည်စွာ လိုက် ကြည့်နေမိစဉ် ချိုချို့ ဝတ်ထားသည့် ထမိန်နီနီ လေး၏ တင်ပါး အောက်နားနေရာတွင် စိုနေသော အကွက်ကြီးတကွက်ကို မြင်လိုက်ရသည်။ ချိုချိုလည်း သတိထားမိပုံရသည်။ သွား နေ ရင်း နှင့် လက်နှင့် နောက်ပြန်စမ်းကြည့်တာတွေ့သည်။

အောင်ဘညို(၃)မှာ လှေခါးထစ်တွင် ကားယားကြီးထိုင်ရင်း ဘာလုပ်ရမှန်း မသိဖြစ်ကာ ကျန် နေခဲ့သည်။ ဖြစ်နိုင်ရင် ဒီနေရာကနေ ထပြေးလိုက်ချင်သည်။ ဒါပေမယ့် ကိုယ့် အပြစ် နှင့် ကိုယ် ဆိုတော့ မလှုပ်ရဲပါ။ ချိုချိုက ထိုင်နေဆိုသည့် အတိုင်းဆက်ထိုင်နေမိသည်။ မလှမ်း မကမ်း မှာ ကျနေသည့် ဘောင်းဘီနှင့် ပုဆိုးကို လှမ်းကောက်လိုက်ဖို့ပင် မတတ်နိုင် သလိုဖြစ် နေသည်။

ယောက်ျားတယောက်ကို ဒီလိုပြုစုပေးရခြင်းသည် ချိုချို့ အတွက်အဆန်းတကြယ် ကိစ္စ ဖြစ် မည် မဟုတ်ပါ။ ဒါပေမယ့် ဒီမိန်းကလေး ကို ဘဝဆိုးကနေ လွတ်အောင်ကူညီပေးမည်ဟု ဆုံး ဖြတ်ထားသူတယောက် အနေနှင့်တော့ ခုလိုမျိုး မဖြစ်သင့်။ စိတ်ထနေတုန်း ချိုချို နှင့် တိုး မိတာ ကပဲ ကံဆိုးသည်ဟု ယိုးမယ် ဖွဲ့ရမလိုဖြစ်နေသည်။ ရှက်လဲ ရှက်သည်။ အား လည်း နာသည်။ ချိုချို့ ဖက်က မနစ်နာဘူး ဆိုသည့် အတွေးမျိုးတွေးရမှာကိုပင် လက် မခံ နိုင်ပါ။

စိတ်ပျက်လက်ပျက်နှင့် ကိုယ့်ကိုယ်ပြန်ငုံ့ကြည့်လိုက်တော့ အရည်တရွှဲရွှဲ နှင့် အခုအခါ ပျော့ခွေ နေသည့် ဟာကြီးက သရော်နေသယောင်ရှိသည်။

“တော်ပါသေးရဲ့၊ ထွက်ပြေးသွာပြီလားလို့”

အနောက်ဖက်တံခါးပေါက်က ပြန်ဝင်လာသည့် ချိုချို့ အသံကြားလိုက်တော့မှ ကိုယ့်ဟာကိုယ် ပြန် ကသိုဏ်းရှုနေရာမှ အလန့်တကြားလှမ်းကြည့်မိသည်။ ဒါပေမယ့် ချိုချို့ မျက်နှာ ပေါ်က ကြည်ကြည်လင်လင် အပြုံးကို ရင်မဆိုင်ရတာကြောင့် ချက်ချင်းမျက်နှာပြန်လွှဲ လိုက်မိ၏။

“အကို ကတော့လေ”

ရယ်သံတဝက်နှင့် ပြောရင်း ရှေ့မှာဒူး ထောက်ထိုင်ချလိုက်ပြန်၍ အောင်ဘညို(၃) ရင်တွေ တုန်ပြီး အာခေါင်တွေ ခြောက်လာရပြန်သည်။ ချိုချို့ မျက်နှာကို မကြည့်ရဲပါ။

“ဟိုတခါ တုန်းကတော့ သူပဲ ပိုက်ဆံပေးပြီး လာခေါ်ပြီးတော့”

“အဲ ...အဲ ဒီတုန်းက”

“သိပါတယ်၊ မူးနေတာ မဟုတ်လား၊ မမူးရင် အကို ဒီလိုဘယ်လုပ်ရဲမလဲ၊ ဒီနေ့ ရော သောက် လာသေးလား မသိဘူး”

“မ ..မသောက်”

ကိုယ်အောက်ပိုင်းဆီက အေးစက်စက် အထိအတွေကြောင့် ငုံ့ကြည့်မိလိုက်ရာ ရေဆွတ် ထား သည့် တဘက်သေးသေးလေးဖြင့် အားရပါးရပန်းထုတ်ထားသည့် အရည်တွေလူးပြီး ချော ပြောင် နေ သည့် ဟာကြီးကို ချိုချို သုတ်ပေးနေတာကို မြင် လိုက် ရသည်။ ဥတွေကိုရော ပေါင် ရင်း ပိုင်းကိုပါ စိတ်ရှည်လက်ရှည် လိုက်သုတ်ပေးနေသည့် ချိုချို့ အောင်ဘညို(၃) မသိမသာ လေး ကြည့်မိသည်။ ချိုချိုက ခေါင်းလေးငုံ့ပြီး လုပ်ပေး နေခြင်းဖြစ်လို့ သူကြည့်တာကို မသိနိုင် လို့ ကြည့်ရဲခြင်းလည်း ဖြစ်ပါသည်။

ချိုချို့ ကိုယ်ပေါ်က အင်္ကျ ီကိုတောင်ကြယ်သီးပြန်မတပ်ရသေးပါ။ ဝဲကျနေသည့် ဆံပင် တွေ ကြားကနေ အဖြူရောင် ဘရာစီယာနှင့် အသားစိုင်ဖြူဖြူလေးတွေကို မြင် နေရသေးသည်။

“ကဲ ..ပြီးပြီ၊ အကို ပြန်ဝတ်လို့ ရပြီ”

ပြုံးစိစိ နှင့် မော့ကြည့်ရင်းပြောလိုက်သည့် အချိန်မှာ ကိုယ့်မျက်နှာထားက ဘယ်လိုဖြစ်နေ မည် နည်းဟု အောင်ဘညို(၃) မတွေးရဲပါ။

“အကို ...ပြီးရင် မေမေ့ကို တချက်သွားအကဲ ခတ်ပေးဦးနော်၊ အဆင်ပြေတယ်ဆိုရင် ချို လုပ် စရာလေးတွေ နည်းနည်းရှိလို့”

“အင်း ...အင်း”

အိမ်ပြန်ပြေးမလို့ ကြံနေချိန်မှာမှ ချိုချိုက အကူအညီတောင်းလာသည့် အတွက် မတတ်နိုင်ဘဲ ခေါင်းညိတ်ပြလိုက်ပြီး အတွင်းခံ ဘောင်းဘီနှင့် လုံချည်ကို ခပ်မြန်မြန် ကောက်စွပ်ပြီး ထွက် လာ ခဲ့ရသည်။ ချိုချို ပြုံးပြီး ကျန်ခဲ့သလား၊ မဲ့ပြီး ကျန်ခဲ့သလား လို့ တောင် မကြည့်နိုင်တော့ပါ။

အောင်ဘညို(၃) အခန်းထဲဝင်သွားတော့ ပုတီးစိတ်နေသော ဒေါ်အေးကြည်က မျက်လုံးဖွင့် ကြည့် သည်။

“ပေါ့ ပါးသွားပြီလား”

“ဟုတ် ..ဟုတ်”

ဗိုက်နာလို့ အိမ်သာပြေးသည်ဟု ထင်ထားသော ဒေါ်အေးကြည်၏ ဆိုလိုရင်းကို သိပေမယ့် ကိုယ့် လိပ်ပြာကိုယ်မလုံသည့် အတွက် အောင်ဘညို(၃) နှုတ်ဆွံ့နေရသည်။

“မိချို ရော...ဘာလုပ်နေလဲ”

“သူ ..သူ အလုပ်နည်းနည်း ရှိလို့တဲ့၊ ကျွန်တော့် ကို ဒေါ်ဒေါ့် နားမှာနေခိုင်းထားတယ်”

“ဒီကောင် မလေးကတော့လေ”

“ရပါတယ် ဒေါ်ဒေါ်ရဲ့၊ ကျွန်တော် ဘာလုပ်ပေးရမလဲ၊ အားနာစရာ မလိုပါဘူး”

“ဒါဆိုလဲကွယ် မင်းစောစောက ဖတ်ပြသွားတဲ့ နောက်ဆုံး အပိုင်းလေး ပြန်ဖတ်ပြပါလား၊ မင်း က ကိုယ့် အကြောင်းနဲ့ ကိုယ်မြန်မြန်ဖတ်သွားတော့ သိပ်မရလိုက်ဘူး၊”

“ဟုတ်ကဲ့ ဒေါ်ဒေါ် ကျွန်ပြန်ဖတ်ပြမယ်”

ပိုပြီးသေချာအောင် နောက်ဆုံး အခန်း၏ အစကနေ ပြန်ဖတ်ပြလိုက်သည်။

“မင်းသွားတုန်း ဒေါ်ဒေါ် ယူကြည့်လိုက်သေးတယ်ကွဲ့၊ စာလုံးတွေ ကောင်းကောင်း မမြင်တာ နဲ့”

“ဒေါ်ဒေါ်ကလဲ ကျွန်တော် ဖတ်ပြမှာပေါ့”

ခြောက်ကပ်နေသည့် လည်ချောင်းကို တံတွေးမျိုချကာ ပြန်လည်စိုစွတ် အောင်လုပ်လိုက် ပြီး စာအုပ်ဖတ်ပြနေသော်လည်း စိတ်ကလွင့်နေသည်။ ချိုချို အခန်းထဲကို ဘယ်အချိန်ဝင် လာမှာ လဲဟု စိတ်က တထင့်ထင့်ဖြစ်နေသည်။ ချိုချိုက အခန်းထဲကို တော်တော်နှင့် ဝင်မ လာပါ။ အပြင်မှာ လှုပ်ရှားသွားလာနေသည့် ခြေသံလေးတွေကိုတော့ တရှပ်ရှပ် နှင့်ကြား နေရသည်။ ညနေစာချက်ဖို့ လုပ်နေတာလည်း ဖြစ်ချင်ဖြစ်မည်။ ဘာပဲပြောပြော ချိုချို ရှိမ နေတာက မျက် နှာပူ သက်သာသည့် အတွက် စာဖတ်စရာရှိတာကို ဖြောင့်အောင် ဖတ်ပြ လိုက်နိုင်သည်။

ဒီကြားထဲ သူ အခုနက ဖြစ်ချင်တိုင်းဖြစ်နေသည့် အသံဗလံတွေကို ဒေါ်အေးကြည်များ ကြား သွားသေးသလားဟု အတွေးဝင်လာသည့် အခါ စိုးရိမ်စိတ်ပေါ်လာပြီး နည်းနည်း အရှိန်တန့် သွားတာမျိုး ကြုံရသည်။ ဒါပေမယ့် ဒေါ်အေးကြည်ပုံစံက အေးအေးသက်သာ ရှိနေသည့် အ တွက် ပြန်ပြီးစိတ်သက်သာရာရသည်။ ဒေါ်အေးကြည် အသံဗလံတွေ သေသေချာချာ ကြား သည့်ပုံမပေါ်ပါ။ ကြားခဲ့ပါလျှင် တမျိုးတဖုံ မတွေးလျှင်တောင်မှ ဘာဖြစ်တာလဲ ဆိုတာ လောက် တော့ သွေးရိုးသားရိုး မေးပေလိမ့်မယ်။ ထို့ ကြောင့် အောင်ဘညို(၃) စိတ်ပူစရာ ဆို လို့ ချိုချို တယောက်ပဲရှိတော့သည်။

ချိုချိုကလည်း တမင် မလာတာတာလား၊ တကယ် အလုပ်ရှုပ်နေတာလားတော့မသိပါ။ ခါတိုင်း လို မသိမသာလာကြည့်တာမျိုးတွေတောင် မရှိဘဲ ငြိမ်နေသည်။ စာအုပ် ကုန်လို့ ဒေါ်အေး ကြည် နှင့် ရောက်တတ်ရာရာ စကားပြောနေချိန်ကျမှ ဝင်လာသည်။ အနက် နှင့် အဖြူ ရော နေသည့်အင်္ကျ ီနှင့် လိမ္မော်ရောင် ထမိန်လဲ ဝတ်ထားသည့် ချိုချို့ အသွင်က သပ်သပ်ရပ်ရပ် နှင့် ကြည်လင်လန်းဆန်းနေသည်။

“အကို ညောင်းနေပြီလား၊ ချိုလည်း နည်းနည်းကြာသွားတယ်”

 “ရပါတယ်”

မျက်နှာလွှဲကာ ဖြေလိုက်ရင်း အောင်ဘညို(၃) ထိုင်ရာက ထလိုက်သည်။

“ဒေါ်ဒေါ်၊ ကျွန်တော် ပြန်လိုက်ပါဦးမယ်...ချို .ချို...ကိုယ်ပြန်ဦးမယ်”

ဒေါ်အေးကြည်ကို ပြောရင်းနှင့် မတတ်သာ၍ ချိုချို့ ကိုပါ တလက်စထဲနှုတ်ဆက်လိုက်ရာ သူမ အမေဘေးတွင် ဝင်ထိုင်ခါစ ရှိသေးသည့် ချိုချို မျက်လုံးလေးဝိုင်းသွားသည်။ အောင်ဘညို(၃) ထရပ်လိုက်တော့ သူလည်း လိုက်ရပ်သည်။ အားတင်းကာ ပြုံးပြလိုက်ပြီး ခေါင်းငုံ့၍ ထွက် အ လာတွင်

 “မောင်အောင်ဘညို မင်း ..စာအုပ်တွေ ..ပြန်မယူသေးဘူးလား”

ဒေါ်အေးကြည့်က လှမ်းပြောလို့ အခန်းဝမှာ အောင်ဘညို(၃) ရပ်ပြီးလှည့် ကြည့်လိုက်ချိန် တွင် နောက်က ကပ်ပါလာသည့် ချိုချို နှင့်ဝင်တိုက်မိသော လက်မောင်းတွေက အိကနဲ အထိ အ တွေ့ကို ရလိုက်သည်။ စောစောလေးတင်ကမှ အငမ်းမရ ကိုင်တွေခဲ့သော ရင်သားတွေ၏ အ တွေ့အထိကို ခုချိန်မှာတော့ အောင်ဘညို(၃) အလန့်တကြားနှင့် ပြန်ခွာ လိုက်မိသည်။

“ဒေါ် ဒေါ့်ဖို့ ဝယ်လာတာလေ၊ ဟိုဒင်း ..ကျွန်တော် မအားလဲ ..ချို ...ချို ချို ..ဖတ်ပြလို့ရတာ ပေါ့”

အောင်ဘညို(၃)၏ လေသံကြောင့် ချိုချို မသိမသာလေးပြုံးသည်ကို ခိုးကြည့်မိလို့ မြင်လိုက် ရသည်။ ဒီအပြုံးကို ရင်မဆိုင်ရဲသော သည့်အတွက် ဒေါ်အေးကြည် ကို စကားဖြတ် ပြီးအပြင် ကို သုတ်သုတ်ထွက်လာစဉ် ဒေါ်အေးကြည် တခုခု လှမ်းပြောသလိုလို ကြားလိုက်မိပေမယ့် ပြန်လှည့်မကြည့်တော့ပါ။ ချိုချို နောက်ကပါမလာတော့တာကြောင့် သူမ ကို တခုခုလှမ်းပြော လို့ ကျန်နေခဲ့တာဖြစ်နိုင်သည်။ ဒါပေမယ့် ဖိနပ်စီးပြီး အိမ်ပေါ်ကနေ ဆင်းဖို့ တံခါး ဖွင့်နေစဉ်မှာ တော့ ချိုချို နောက်ကို ရောက်လာသည်။

“အကို ..နေပါဦး”

ပြောလဲပြော လက်ကိုလဲဆွဲထားလို့ အောင်ဘညို(၃) ဆက်သွားဖို့ မဖြစ်နိုင်တော့ပါ။ ချိုချိုက အောင်ဘညို(၃) လက်ကိုဆွဲထားရင်းက သူမ လည်း ဖိနပ်ယူစီးလိုက်ပြီး

“အောက်ရောက်မှ ပြောမယ်နော်”

လေးတွဲ့စွာခေါင်း ညိတ်လိုက်ပြီး အောင်ဘညို(၃) လေးတွဲ့သော ခြေလှမ်းတွေနှင့် အိမ် ပေါ် က ဆင်းခဲ့သည်။ အပြင်မှာ နေအတော်စောင်းခဲ့လေပြီ။ ကောင်းကင်က တိမ်နီနီတွေကို စိတ်မ သက်မသာနှင့် မော့ကြည့်လိုက်ပြီး နောက်က ကပ်လျက်ဆင်းလာသည့် ချိုချို ဘာပြောမည်ကို စောင့်မိသည်။

“အကို ..ရယ်၊ ချို့ကို ကြည့်ပါဦး၊ တကထဲမှပဲ”

ကြည့်ပါဆိုလို့ ကြည့်လိုက်မိရာ အရုပ်ဆိုးသူတောင် လှသည်ဆိုသော တိမ်တောက်သည့် နေ ဝင် ချိန်တွင် အရုပ်မဆိုးသည့် ချိုချို အလွန်ကြည့်ကောင်းနေကြောင်း စိတ်ထဲမှာ ဝန်ခံ လိုက်ရ သည်။ သူမ၏ အလှကို ပြဖို့အတွက် ချိုချို လိုက်လာတာတော့ မဖြစ်နိုင်ပါ။

“ဘာပြောမလို့လဲ၊ ပြောလေ”

အောင်ဘညို(၃)၏ အသံက ခြောက်ကပ်နေသည်။

“အကိုက ဘာလို့ ဒီလောက်ရှက်နေတာလဲ၊ ချို ...ချို ...ဘာလဲဆိုတာ သိရက်နဲ့ အကိုရယ်၊ အခု အကိုဖြစ်နေတဲ့ ပုံကြီးက ..မေမေ တောင် ခုနပြောတယ်၊ ကောင်လေး နေမကောင်းဘူး လား မသိ ဘူး တဲ့၊ သူက ယောက်ျားဖြစ်ပြီးတော့”

ရှက်တော့ နည်းနည်းရှက်သည်။ ဒါပေမယ့် အားနာတာက ပိုသည်။ အသိစိတ်ပျောက်သွား သည့် အချိန်မှာ မညှာမတာလုပ်ခဲ့မိတာကို လည်း နောင်တရနေသည်။ ဒီလို ခံစားမှုကို ချိုချို နားလည်အောင် ဘယ်လိုရှင်းပြရမှန်းလဲ မသိတော့ပါ။

“အား ..အား..နာလို့”

“နာစရာလား၊ ချိုက ဘာပိုပြီး နစ်နာသွားလို့လဲ”

အဲဒါကပဲ အဓိက အချက်ဖြစ်နေသည်။ ကိုယ့်ဘဝကိုယ် တန်ဖိုး အောက်ဆုံးချထားသည့် မိန်း ကလေးကို ပြန်မြှင့်တင်ပေးရန် ကြိုးစားပါမည်လို့ ဆုံးဖြတ်ထားသူက ချိုချို့ကို အပျက်မ ကို လုပ် သလို လုပ်မိခဲ့ခြင်း အတွက် အောင်ဘညို(၃) စိတ်မကောင်း ဖြစ်ရသည်။

“ကိုယ် စိတ်ထိန်းသင့်တယ်၊ ချို ..ချိုချို့ ကို ...ဟိုဟာလို ပြန်မလုပ်စေချင်ဘူး၊ ရင်ထဲက ဆန္ဒ အမှန်ပါ။ ဒါပေမယ့် ကိုယ် ကိုယ်တိုင်က ကိုယ့်စိတ် မထိန်းနိုင်ဘဲနဲ့ ....”

အောင်ဘညို(၃) အသံက တိမ်ဝင်သွားသည်။ သူ ဘာဆက်ပြောရမှန်း မသိတော့ပါ။

“အကို ..ရယ်၊ အကို့ စေတနာတွေ ချိုမသိဘဲ နေမလား၊ ဒါကြောင့် ....၊ အကို”

“ဟင်”

ချိုချို က အောင်ဘညို(၃)၏ လက်မောင်းတွေကို သူ့လက်ကလေးတွေ နှင့်ဆုပ်ကိုင်လိုက် သည်။ မျက်နှာချင်းဆိုင် အနေအထားမှာ လူချင်းကလည်း ကပ်နေလို့ ရနံ့သင်းသင်းလေး တခု ကို ရနေသည်။ ချိုချို့ ဆံပင်ရှည်တွေကို ညနေခင်းလေက သယ်လာပြီး အောင်ဘညို(၃) ၏ ရင်ခွင်ကို လာတို့ထိသည်။

“အကို”

“ပြော ပါ ချိုချို၊ ကိုယ်နားထောင်နေပါတယ်”

အောင်ဘညို(၃)၏ လေသံက သူ့ခန္ဓာကိုယ်လိုပင် တောင့်တောင့်ကြီး ဖြစ်နေသည်။

“အရေး အကြီးဆုံး အချက်က အရင် စပြောမယ်၊ အရှက်မရှိတဲ့ အလုပ် လုပ်လာတယ် ဆို တော့ ရှက်မနေတော့ပါဘူး။ ချို ... အကို့ ကိုချစ်တယ်၊ ဒါပေမယ့် မကြောက်ပါနဲ့၊ ချို နဲ့ အ ကိုက မတန်မှန်းသလို့ ချို့ကို အကို ဘာမှပြန်ပြောဖို့ မလိုပါဘူး၊ ချို့ခံစားမှု ကိုပြောပြ တာ သက်သက်ပါ”

စကားခနရပ် ပြီး ချိုချို ပြုံးလိုက်သည်။ အောင်ဘညို(၃)က တော့ မမျှော်လင့်သည့် စကားတွေ ကြောင့် ကြက်သေ သေနေသည်။

“ဒါကြောင့် အားနာစရာလဲ မလိုဘူး၊ ရှက်စရာလဲ မလိုဘူး၊ ချိုကိုယ်တိုင်ကိုက လုပ်ပေး ချင်လို့ လုပ်ပေးတာ၊ ချို့ကြောင့် အကို စိတ်ကျေနပ်မှု ရတဲ့ အတွက် ချိုလဲပျော်တယ်၊ တကယ် ပြော တာပါ အကိုရယ်”

ချိုချို့ မျက်နှာပေါ်က အပြုံးလေး ပျောက်မသွားသော်လည်း အသံက တုန်ခါလာပြီး အောင် ဘ ညို(၃) ကို စိုက်ကြည့်နေသည့် မျက်လုံးတွေကတော့ ရီဝေမှုန်မှိုင်းလာသည်။ ထိုမျက်ဝန်းကို အောင် ဘညို(၃) ရင်မဆိုင်ရဲပါ။ အကြည့်လွှဲရင်း သက်ပြင်းချမိသည်။ ချစ် တယ်ဆိုတာ ချိုချို တကယ်ပြောတာမှန်း ရင်ထဲက သိလိုက်ပါသည်။ ဒါပေမယ့် သူ့မှာက သဲသဲ ရှိပြီး သားဖြစ်နေ သည်။ ချိုချို ကလည်း တုန့်ပြန်အချစ်ကို မမျှော်လင့်ပါဟု ဆိုနေသည်။ အောင်ဘညို(၃) ဘာ ပြန် ပြော ရမှန်း မသိတော့ပါ။ ခုချိန်မှာ ချိုချို့လက်က ရုန်းထွက်သွား ရင် ရနိုင်ပေမယ့် ချိုချို အ လွန် ဝမ်း နည်းသွား အောင်မလုပ်ချင်ပါ။

“ကိုယ် ...ကိုယ် ..ဘာပြောရမှန်းတောင် မသိတော့ဘူး”

“မသိရင်လဲ မပြောပါနဲ့ ချိုပြောတာပဲ နားထောင်ပါ”

“ဒါပေမယ့် ကိုယ်က ချို့ကို တန်ဖိုး မထားသလို၊ ဟို ...ကိုယ်က ...ချိုချို အရင်တွေ့ဖူးတဲ့ သူ တွေ နဲ့ ဘာထူးတော့မှာလဲ”

“ထူးတာပေါ့၊ တူမှ မတူတာ၊ အကို က ချိုချစ်တဲ့သူလေ၊ အကိုရယ် ...အဲလိုပြောလို့လဲ စိတ် မဆိုးနဲ့နော်၊ မိန်းမ တွေအကြောင်း အကိုမသိပါဘူး၊”

အဲဒါတော့ ဖြစ်နိုင်သည်။ နှစ်နှင့် ချီ၍ ရည်းစားဖြစ်ခဲ့သော သဲသဲ စိတ်ကိုပင် အခုထိမှန်အောင် မဖတ်နိုင်သေး၊ အဆင်ပြေအောင် မနေနိုင်သေးပါ။

“ဒါကြောင့် အကို စိတ်ထဲဘာမှ မထားပါနဲ့၊ ရှက်မနေနဲ့၊ အားနာ မနေနဲ့၊ အရင်လိုပဲ နေ၊ ဟုတ်ပြီ လား”

“အင်းပါ ချိုချိုရယ်၊ နောက်ကို ဒါမျိုး မဖြစ်စေရပါဘူး၊ ကိုယ် ကတိပေးပါတယ်”

ကိုယ်လေး တသိမ့်သိမ့်တုန် အောင် ချိုချိုရယ်သည်။

“အကို ကတော့လေ..တကယ်ပဲ၊ အကိုက မဖြစ်ချင်ပေမယ့် ချိုက ဖြစ်စေချင်ရင် ဘယ်လို လုပ် မလဲ ..ကဲ”

“ဘယ် ..ဘယ်လို”

ရယ်သံတဝက်နှင့် ပြောလိုက်တာဆိုတော့ သဲသဲကွဲကွဲ မကြားလိုက်ရ၍ ပြန်မေးမိသည်။

 “ဘာမှ မဟုတ်ဘူး သွားတော့၊ နောက်ကျရင် ကားတွေကြပ်နေဦးမယ်၊ မနက်ဖြန်လာမယ် မဟုတ်လား”

“လာမှာပါ”

“ဒါဆိုလဲ ..တာ့တာ နော်အကို”

ဆုပ်ထားသည့် လက်မောင်းနှစ်ဖက်ကို ပြန်လွှတ်ပေးလိုက်ပြီး ချိုချို အိမ်ပေါ်ပြန်တက်သွားတာ ကို နောက်ကလိုက်ကြည့်မိရင်း အောင်ဘညို(၃) ခုန ချိုချို ပြောသွားသည့် ကိစ္စကို ပြန်သတိ ရပြီး သက်ပြင်းချလိုက်မိသည်။


အပိုင်း ( ၇ ) ဆက်ရန် >>>>



Print Friendly and PDF

No comments:

Post a Comment