Friday, December 15, 2023

ကြုံလေဘုံဘွေ အပိုင်း ( ၇ )

 ကြုံလေဘုံဘွေ အပိုင်း ( ၇ ) 

ဂျင်ကလိ ရေးသည်။

အခန်း (၁၄)

အောင်ဘညို(၃) နောက်ထပ်နှစ်ရက်၊ သုံးရက်လောက် အိမ်တွင်းအောင်းနေမိသည်။ ချိုချို့ ဆီ မသွားဖြစ်တော့။ ဖြစ်ခဲ့တာတွေ ပြန်တွေးတိုင်း ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်မိသည်။ စိတ် လွတ် ထွက်သွားတာက ကိုယ့်အိမ်မှာဆိုလျှင် ကိစ္စမရှိ၊ ထုံးစံအတိုင်း လက်နှင့် ဖြေရှင်း လိုက်ရုံ ပင်။ ဘယ်သူ့ကိုမှ မထိခိုက်နိုင်။ အပြင်မှာ ဆိုရင်တော့ ယောက်ျားတယောက် အနေဖြင့် စိတ် ထိန်းနိုင်ဖို့ ကောင်းသည်။ အခုတော့ ကိုယ့်စိတ်ကိုယ် မနိုင်ဘဲ ချိုချို့ကို အခွင့်အရေး ယူသ လို ဖြစ်ခဲ့ရသည့် အတွက်စိတ်မကောင်းပါ။

ချိုချို အရင်က ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ခုချိန်မှာ ဘဝကို ဆယ်တင်နိုင်ဖို့ ကြိုးစားနေချိန်ဖြစ်သည်။ အိပ်ယာပေါ်လဲနေသည့် လူမမာ မိခင်ကလည်း ရှိသေးသည်။ ချိုချို့ ဖက်က ဘယ်လိုမှ သ ဘော မထားပါဟု ဆိုပေမယ့် အောင်ဘညို(၃)ကတော့ စိတ်ထဲ မှာ အပြစ်ကြီးတခု ကျူးလွန် ခဲ့မိ သလို ခံစားရသည်။ ပိုဆိုးတာက ချိုချိုက ချစ်ပါသည်ဟု ဖွင့်ဟ ပြောလာခြင်းပင်။ ဒီလို ပြော သည့် အတွက် ချိုချို့ကို အထင်မသေးပါ။ ချစ်တယ်သာ ပြောပြီး ချိုချို့ဖက်က ဘာမှ မ တောင်းဆိုခဲ့ပါ။ သူမ၏ စိတ်ထဲက ခံစားချက်ကို ပွင့်ပွင့်လင်း လင်းပြောခြင်းသာ ဖြစ်သည်။ အောင်ဘညို(၃)ကို မာယာသုံးကာ သိမ်းသွင်းဖို့ မဟုတ်ဘူး ဆိုတာကို ယုံသည်။

ဒီအချက်ကလည်း အောင်ဘညို(၃) စိတ်ကို ထိခိုက်စေသည်။ ကိုယ့်ကိုချစ်၍ လိုက်လျော ခြင်း ကို အလွဲသုံးစားမပြုသင့်ဟုထင်သည်။ သူ့ အချစ်ကို ကိုယ့်ဖက်က အသားယူသလို ဖြစ်နေ သည်။ ဒီလိုတွေ လျှောက်တွေးနေမိလေ ချိုချို့ဆီ မသွားဝံ့လေ ဖြစ်သည်။

အိမ်ထဲမှာ ကုပ်နေမိသည့် ရက်တွေမှာ ခုတလော မလုပ်ဖြစ်တာကြာပြီဖြစ်သော အလုပ် တခု ကို ပြန်လုပ်ဖြစ်သည်။ မနက်စောစောထပြီး သဲသဲ ကိုသွားစောင့်ကြည့်ဖြစ်သည်။ မနက်ခင်းနှင့် အတူ ပျိုမျစ်လန်းဆန်းနေသော သဲသဲ ကိုကြည့်ရင်း ချိုချို့ ကို သတိရသည်။ သဲသဲက အပင် ပေါ်မှာ လှပစွာဖူးပွင့်နေသော ပန်းလေးတပွင့် ဖြစ်မည်ဆိုလျှင် ချိုချိုက ခူး ချွေခံထားရပြီးသော ပန်းတပွင့် ဖြစ်သည်။ တက်ကြွသော၊ မျှော်လင့်ချက်တွေပြည့်နေသည့် အနာဂါတ်တွေ ရှိသော သဲသဲနှင့် သူမ၏ သူငယ်ချင်းမလေးတွေကို မြင်တိုင်း လမ်းစပျောက်နေသည့် ချိုချို့ ကို သနား မိရင်း ခေါင်းငိုက် စိုက်နှင့် အိမ်ကို ပြန်ခဲ့ရသည်။

လေးရက်မြောက် နေ့မှာတော့ အိမ်ထဲမှာ ဘယ်လိုမှ မနေချင်တော့တာနှင့် မြို့ထဲမှာ လျှောက် သွားရင်း တိုက်တိုက်ဆိုင်ဆိုင် ချိုချို နှင့် တူတူ ထိုင်ဖူးသည့် ဆိုင်မှာ ပြန်ထိုင်ဖြစ် သည်။ လ ဘက်ရည်တခွက် သောက်ရင်း ဆေးလိပ်ဖွာကာ လမ်းပေါ်ကလူတွေကို လိုက် ငေးနေရင်း ချို ချို နှင့် ထိုင်ဖူးသည့် ဆိုင်ဆိုတာ ပြန်မှတ်မိသည်။ မြို့ထဲမှာ ဆိုင်တွေများတော့ အမှတ်တမဲ့ ဖြစ်နေသည်။

ခုနေသွားရင် ချိုချို ရော၊ ဒေါ်အေးကြည်ပါ ဝမ်းသာအားရ ကြိုဆိုကြမည် ဆိုတာလည်း သိနေ သည်။ မရောက်ဖြစ်တာက လှီးလွှဲပြီးလျှောက်ပြောလို့ ရသည်။ ချိုချိုက ယုံကြည်ဖို့ မသေ ချာ ပေမယ့် ဒေါ်အေးကြည်ကတော့ ဆင်ခြေစကားကို လက်ခံမှာပဲဖြစ်သည်။ အောင် ဘညို(၃) ရင် မဆိုင်ဝံ့တာကလည်း ချိုချိုပဲ ဖြစ်နေသည်။

“ငါ့ ကိုမျှော်နေကြမယ် ထင်တယ်”

ရေနွေးကြမ်းခွက်ကို မလိုအပ်ပါဘဲနှင့် အထပ်ထပ် ကျင်းကာဆေးရင်း တိုးတိုးလေးကိုယ့် ဖာ သာပြောမိသည်။ အိမ်ထဲမှာ နေစဉ်က ဒီလောက် မဟုတ်ပါ။ အပြင်ရောက်လာမှ လှုပ်ရှား သွား လာနေကြသူတွေကို ကြည့်ရင်း နှင့်မှ အထီးကျန်နေမည့် မိန်းမသား နှစ် ယောက်ကို သနားနေ မိသည်။ တယောက်က သေမင်းကို အံတုရင်ဆိုင်နေရသည့် အဖွားအို။ နောက်တယောက်က လောကဓံကို အလူးအလဲ ရင်ဆိုင်နေရသည့် ဘ၀ အကြောင်း မလှသည့် မိန်းကလေး။ သူတို့ အခုအချိန်ဆိုရင် ဘာလုပ်နေကြမှာလဲ ဟု စိတ် မကောင်းစွာတွေး နေမိသည်။

ဟိုနေ့က ကိစ္စသာ မပေါ်ခဲ့လျှင် ဒီသားအမိကို အောင်ဘညို(၃) စိတ်လက်ပေါ့ပါးစွာ ဆက်၍ ကူညီ နေမိ ပေမည်။ ခုတော့ ရှက်လဲရှက်၊ အားလည်းနာကာ ကိုယ့်ကိုယ်ကို လည်း စက်ဆုပ် ရင်း ဘာ လုပ် ရမှန်း မသိဖြစ်နေသည်။

လက်ချင်းချိတ်ကာ ဖြတ်လျှောက်သွားကြသော ချစ်သူစုံတွဲတွေကို မြင်တော့ ရည်းစားတခါ မှ မထားဖူးပါ ဆိုသည့် ချိုချို့ကို သတိရသည်။ ချိုချိုက အောင်ဘညို(၃) ကို ချစ်သည်ဟု ပြော ခဲ့ သည်။ ဒါပေမယ့် သူတို့ နှစ်ယောက်က ရည်းစားတွေ ဖြစ်လာဖွယ် မရှိနိုင်ပါ။ ဖြစ်ဖို့ လည်း ချို ချို မျှော်မှန်းပြီးပြောခဲ့တာ မဟုတ်ဟု ယုံကြည်ပါသည်။

မျက်လုံးထဲမှာလည်း ထမိန်မှာ စိုနေသည့် အကွက်ကြီးကို လက်နှင့် စမ်းရင်း သုတ်သုတ် လေး ထွက်သွားသည့် ချိုချို့ အမူအရာကို ပြန်မြင်ယောင်လာသည်။ မိန်းမတွေလည်း သူတို့ စိတ် ကျေ နပ်လျှင် အရည်ထွက်သည်ဟု အောင်ဘညို(၃) ကြားဖူးသည်။ နှာဗူးကောင် ကြည့်ကြည့် နေသည့် ဇာတ်လမ်းတွေထဲမှာဆို အရည်တွေ ထွက်ကြတာ မြင်လို့ပင် မကောင်း။ အဲဒါက တော့ အစစ် မဟုတ်နိုင်လို့ ထင်၏။ ချိုချို ကတော့ အောင်ဘညို(၃) ကို မှုတ်ပေးရင်းနှင့် အ ရည် ထွက်သည် ဆိုလျှင် ဒီလောက်လေးနှင့် ချိုချို စိတ်ကျေနပ်မှု ရ ခဲ့သည်ဟု ယူဆရမလို ဖြစ် နေသည်။ ချိုချို က ဒါကို အချစ်လို့ ပြောတာလား၊ အချစ်ကြောင့် ဒီလို ဖြစ်ရတာလား။ တွေး ရင်း နှင့် ခေါင်း တွေ မူးလာသည်။

နောက်ဆုံးတော့ အောင်ဘညို(၃) လဘက်ရည်ဆိုင်က ထလာကာ တရားစာအုပ် တအုပ် ဝယ်ပြီး ချိုချို တို့အိမ်ကို ထွက်ခဲ့မိတော့သည်။ နေမကောင်းလို့ မလာတာပါ ဆိုသော အရိုး ရှင်းဆုံး ဆင်ခြေကိုပေးမည်ဟု စိတ်ကူးရင်း ခြံဝကို ရောက်လာ တော့ ရင်နဲနဲ တုန်ချင်သည်။ ဒီနေရာကို ရောက်ပြန်တော့ ချိုချို့ကို ရင်မဆိုင်ဝံ့သော ခံစား မှု မျိုး မရှိတော့ဘဲ ဟိုရက်တွေက မလာဖြစ်သည့်အတွက် အားနာစိတ်က ပိုများနေသည်။ ဒေါ်အေးကြည် သက်သာနေပါစေ ဟုလည်းကျိတ်ဆုတောင်းမိသည်။

အိမ်ရှေ့တံခါးကို လှုပ်၍ အသံပြုလိုက်တော့ ချိုချို အခန်းထဲက ထွက်လာသည်။ အောင်ဘညို (၃)ကိုမြင်တော့ မျက်နှာလေး ဝင်းပသွားပြီး သုတ်သုတ်လေး ပြေးလာ တံခါး ဖွင့်ပေးသည်။

“ပျောက်လိုက်တာ အကိုရယ် ..”

“နေ ..နေ..မကောင်းဖြစ်နေလို့”

“လူနေ မကောင်းတာလား၊ စိတ်နေ မကောင်းတာလား”

“လူပါ၊ ..ဘာ..ဘာဖြစ်လို့လဲ”

ချိုချိုက အသံလေးနှိမ့်လိုက်ပြီး

“မသိပါဘူး၊ ရည်းစား စကားအပြောခံလိုက်ရလို့ ရှက်ပြီး မလာတော့တာလားလို့”

“မ ..မဟုတ်..ပါဘူး”

“ချိုတော့ မယုံဘူး၊ ဒါပေမယ့် ထားလိုက်ပါတော့၊ လာ ..လာ၊ မေမေ ကလဲ မေးနေတာ”

ဒေါ်အေးကြည်၏ ခင်မင် ကိုးစားမှုကို သတိရလိုက်တော့ အောင်ဘညို(၃) စိတ်မကောင်း ဖြစ် ရ သည်။ ချိုချိုလည်း ပိန်သွားသည်။ သုံးလေးရက် အတွင်းမှာပင် မျက်နှာက သိသိသာသာ ချောင်ကျသွားပြီး ဖြူလျော်လျော် ဖြစ်နေသည်။ အိပ်ခန်းထဲကို အောင်ဘညို(၃) ကရှေ့ ဆောင်ပြီးဝင်သွားတော့ ချိုချို နောက်က တိတ်ဆိတ်စွာပင်လိုက်လာ၏။

“မောင် အောင်ဘညို ပါလား၊ မင်း မတွေ့တော့ ဒေါ်ဒေါ်က နေထိုင်ကောင်းရဲ့လားလို့ စိတ်ပူ နေတာ”

“ဟုတ်တယ် ဒေါ်ဒေါ်ရေ၊ နေလို့ သိပ်မကောင်းတာနဲ့ ထွက်မလာနိုင်တာ”

ဒေါ်အေးကြည် နှင့် ကျတော့လည်း အောင်ဘညို(၃) ပါးစပ်က မုသားစကား အလွယ်တကူ ပင်ထွက်သွားသည်။ ချိုချို မဲ့ပြုံးလေးပြုံးလိုက်တာကို တစောင်းအနေအထားမှ မကြည့်ဘဲ မြင်လိုက်ရသည်။

“ကျန်းမာရေး အရေးကြီးတယ် သားရေ၊ ဂရုစိုက်နိုင်မှ တော်ရုံကျတာ၊ ဒေါ်ဒေါ့်ကို ကြည့်ပါ လား၊ မိုးလွန်မှ ထွန်ချသလို ဖြစ်နေတယ်”

“အို ...မေမေ ကလဲ”

ချိုချို မျက်နှာလေး အိုပြီးဝင် ဟန့်လိုက်တာကြောင့် အောင်ဘညို(၃)က စကားမြန်မြန် ဝင်လွှဲ လိုက်ရသည်။

“ခုန မြို့ထဲ ရောက်လို့ ဒေါ်ဒေါ့်ကို ဖတ်ပြဖို့ စာအုပ်ဝင်ဝယ်လာတယ်၊ (.........) ဆရာတော် ရေးတဲ့ စာအုပ်၊ ဆရာတော် ရေးတာတွေ ဒေါ်ဒေါ်သဘောကျတယ် မဟုတ်လား”

“မင်းမလဲ စာအုပ်ဖိုးတွေ ကုန်လှပါပြီ”

“ကျွန်တော် ကုသိုလ်လိုချင်လို့ပါ ဒေါ်ဒေါ်ရယ်၊ ကဲ ကျွန်တော် ဖတ်ပြမယ်နော်”

“ခုမှ ရောက်တယ် နားပါဦးလားကွယ်၊ ဒေါ်ဒေါ်လဲ ဒီမှာ ပုတီး တပတ်ကျန်နေသေးလို့”

“ဒါဆိုလဲ လုပ်ပါ ဒေါ်ဒေါ်ရယ်”

ဘေးမှာ ဝင်ထိုင်ချလိုက်ပြီး စာအုပ်ဖွင့် နေသည့် အောင်ဘညို(၃)ကို ဒေါ်အေးကြည်က တားလိုက်၍ စာအုပ်ကို ပြန်ပိတ်လိုက်ရသည်။

“အကို ...ကော်ဖီ သောက်မလား”

“ခုလေးတင် လဘက်ရည် သောက်လာတယ်”

ဘေးနားမှာ ပုဆစ်တုပ်ဝင်ထိုင်ရင်း ချိုချို မေးသည့် အတွက် လှည့်မကြည့်ဘဲပြန်ဖြေလိုက် သည်။ ငြင်းလိုက်ပေမယ့် ချိုချို ထမသွားဘဲ ငြိမ်ငြိမ်လေး ဆက်ထိုင်နေသည်။ ဒေါ်အေးကြည် ကို မလုံမလဲနှင့် လှမ်းကြည့်လိုက်ရာ မျက်စိမှိတ်ထားရင်း ပုတီးလုံးလေးတွေ ကို ဖြေးဖြေး ချင်း ဆွဲနေတာ တွေ့ရသည်။ အခန်းထဲမှာလည်း ခနမျှတိတ်ဆိတ်သွားသည်။ နားထဲမှာ ခပ်မျှဉ်း မျှဉ်း အသက်ရှုသံလေးကို ကြားရ၍ ချိုချို့ အသက်ရှုသံဟု တွေးလိုက် မိသည်။ မသိမသာ လေး စောင်းကြည့်လိုက်တော့ ကြမ်းပြင်ကို ငေးရင်း ငြိမ်နေတာ တွေ့ရ၏။ ချိုချို တော်တော် ချောင်ကျသွားသည်။ သူလာ မကူနိုင်သည့် ရက်တွေမှာ ချိုချို ပင် ပန်းခဲ့လေသလားဟု တွေး မိတော့ သနားစိတ် ဝင် လာ ရသည်။

“ချို ချို”

“ရှင်”

“ကိုယ်လဲ ရှိနေတာပဲ၊ နားလိုက်ပါလား”

“အင်းလေ၊ ခနလောက် နားလိုက်မိချို၊ တော်ကြာ နင်ပါ အားပြတ်လဲနေရင် မောင်အောင် ဘညို ဒုက္ခရောက်နေဦးမယ်”

ပုတီးစိပ်လို့ ပြီးသွားပုံရသည့် ဒေါ်အေးကြည် ကပါ ဝင်ပြောလိုက်လို့ ချိုချို မျက်နှာ မသာ မယာနှင့် ထရပ်လိုက်သည်။

 “ဘာမှ မဖြစ်ပါဘူး ဆိုနေမှ”

မကြားတကြားလေး ပြောလိုက်သည်ကို အောင်ဘညို(၃) နှင့် ဒေါ်အေးကြည်က ဘာမှ ပြန် မပြောကြသည့် အတွက် ချိုချို တချက် မဲ့လိုက်ပြီး ဒေါ်အေးကြည်၏ တဖက်မှာ သွားလှဲချ လိုက်သည်။ သို့သော် ချက်ချင်းပြန်ထပြီး ခေါင်းအုံးလေး ပိုက်ပြီး အခန်းထဲကထွက်သွား သည်။

“အောက်မှာပဲ အေးအေးဆေးဆေး သွားအိပ်တော့မယ်”

ဘယ်သူ့ကိုမှ မကြည့်ဘဲ သူမဖာသာတယောက်ထဲ ပြောပြီးထွက်သွားသည့် ချိုချို့ ကို ဒေါ်အေး ကြည် ခေါင်းတညိတ်ညိတ် နှင့်လိုက်ကြည့်ရင်း အနားမှာ မရှိတော့တာ သေချာ သည့် အချိန်လောက်ရောက်မှ လေသံတိုးတိုး နှင့်

“ညဖက်ဆိုလဲ မအိပ်ဘူး ထင်တာဘဲ ဘေးနားမှာ တချွတ်ချွတ် တလှိမ့်လှိမ့်လုပ်နေတာ ကြားနေရတယ်၊ ဒေါ်ဒေါ်က ခေါ်ကြည့်လိုက်ရင် ချက်ချင်းထထိုင်တယ်”

“ဒေါ်ဒေါ့် ကို စိတ်မချလို့ နေမှာပေါ့”

“ဒေါ်ဒေါ်က အမြဲတမ်းဖောက်နေတာမှ မဟုတ်ဘဲ၊ မင်းလဲ ပြောပါဦးကွယ်၊ မှန်မှန် အိပ်ဖို့၊ စားဖို့”

“ဟုတ်၊ ဟုတ်ကဲ့ဒေါ်ဒေါ်၊ ကျွန်တော် ပြောပါ့မယ်၊ လောလောဆယ်တော့ ဒေါ်ဒေါ့်ကို စာ ဖတ် ပြလိုက်ဦးမယ်”

မျက်နှာချင်း မဆိုင်ရဲသူကိုမှ ဆုံးမ ခိုင်းနေသဖြင့် အောင်ဘညို(၃) စကားမြန်မြန်ဖြတ်ပြီး စာ အုပ်ဖွင့်လိုက်ရသည်။

အောင်ဘညို(၃) စာဖတ်ပြနေချိန်တွင် ဒေါ်အေးကြည် မျက်စိမှိတ်ပြီး ငြိမ်ငြိမ်လေး နား ထောင် သည်။ မရှင်းလင်းလျှင် ပြန်မေးတတ်သည်။ ထိုအခါမျိုးဆိုရင် ကိုယ်တိုင် သိပ် နားမလည်ပေ မယ့် အောင်ဘညို(၃)က တတ်သမျှ မှတ်သမျှ စဉ်းစားပြီး ရှင်းပြပေး တတ် သည့် အတွက် အရမ်း သဘောကျသည်။

“မောင် အောင်ဘညို”

“ခင်ဗျာ”

“မိချို ကို ခနလောက်ခေါ်ပေးပါလားကွယ်”

“ဘာလုပ်မလို့လဲ ဒေါ်ဒေါ် ကျွန်တော် လုပ်ပေးမယ်လေ”

“အပေါ့ သွားချင်လို့ပါကွယ်၊ မိချိုကိုပဲ ခေါ်ပေးပါ”

“ဟုတ်...ဟုတ်ကဲ့”

ချိုချို နှင့် မျက်နှာချင်းဆိုင်လိုက်ရမှာ စိုး၍ လောကွတ်ချော်နေမိသော အောင်ဘညို(၃) စာအုပ်ကလေး ဘုတ်ကနဲပစ်ချပြီး အခန်းထဲက ကမန်းကတန်းထွက်ကာ အိမ်အောက်မြန်မြန် ဆင်းခဲ့ရသည်။

ကြမ်းခင်းနှင့် ခေါင်း မတိုက်မိအောင် ခေါင်းငုံ့ဝင်လာရင်း ယောင်ပြီး အခန်းထဲကို ဝင်မိတော့ မလို ဖြစ်ပြီးမှ အပြင်နားကပဲ လှမ်းအသံပေးလိုက်ရသည်။

“ချိုချို ...ချိုချို”

ခပ်အုပ် အုပ်အသံပြုလိုက်သော်လည်း အထဲမှာက ငြိမ်သက်နေသည်။ ထို့ကြောင့် တံခါး၀ နား ကို ကပ်လာခဲ့မိသည်။ တံခါးဆိုသော်လည်း တံခါးရွက် မဟုတ်ပါ။ အရံအတား သဘောမျိုး နှင့် ဝါးကပ် အဟောင်းလေးတခု နှင့် ပိတ်ထားခြင်းသာ ဖြစ်သည်။ အောင်ဘညို (၃)၏ ခါးလောက် ပဲ အမြင့်ရှိမည့် ဝါးကပ်က ခွေးတွေကြက်တွေလောက် သာ တားဆီးနိုင်မည် ဖြစ်သည်။ဝါးကပ် ပေါ်ကနေ ခေါင်းကျော်ပြီး အတွင်းကိုကြည့်လိုက်တော့ တစောင်းလေး အိပ်ပျော်နေ သည့် ချို ချို့ကို တွေ့ရသည်။ ထမိန်လွတ်နေသော ခြေသလုံး ဖြူဖြူလေးတွေနှင့် ကားစွင့် သည့် တင် ပါးကို အောင်ဘညို(၃) အာရုံမပြုနိုင်အားပါ။

“ချို ချို၊ ချိုချို”

ဒီတခါ အသံနည်းနည်းမြှင့်လိုက်သည့် အပြင် အကွာအဝေးကလည်း ပိုနီးသွား၍ ချိုချို နိုးသွား သည်။ ဆတ်ကနဲ ထထိုင်လိုင်ရင်း

“ဟင် ..ဘာလဲ ..အကို..ပြန်တော့မလို့ ...”

“ဒေါ်ဒေါ်က အပေါ့သွားချင်လို့ ခန လာပါဦးတဲ့”

“အင်း ..အင်း”

ပြေကျနေသည့် ဆံပင်ကို ခေါင်းအုံးဘေးမှာ ချထားသည့် ကလစ်နှင့် ကောက်ညှပ်ရင်း ချိုချို ထ ထွက်သွားတော့ အောင်ဘညို(၃) အောက်မှာပဲနေခဲ့သည်။ ချိုချိုက ဒေါ်အေးကြည် အခန်းထဲမှာပဲ အပေါ့အလေးသွား နိုင်အောင် စီစဉ်ပေးထား၏။ ကိစ္စပြီး လောက်မှ ပြန်တက် သွား တော့မည်ဟု စိတ်ကူးမိသည့် အတွက် ကွပ်ပျစ်လေးပေါ်မှာပဲ ထိုင်ချလိုက်သည်။ ပြန်ရင် ကောင်းမလား စဉ်းစားမိသေးပေမယ့် ဒီတိုင်းကြီးပြန်မသွားသင့်ဟု တွေးမိတာကြောင့် ဆက် ထိုင်နေလိုက်ရသည်။

ဒီလိုကြီး မနေတတ် မထိုင်တတ်ဖြစ်နေမည့် တူတူ မလာခဲ့မိရင် ကောင်းသားဟု တွေးမိပြန် သော် လည်း ဒီသားအမိကို ပစ်မထားရက်တာ ကိုယ့်ဖာသာ ကိုယ်သိနေသည်။ တော်တော် လေးကြာတော့ ချိုချို ပြန်ရောက်လာသည်။ လာနေသည့် ခြေသံလေးကြားကထဲက အောင် ဘညို(၃) ရင်တွေတုန်နေသည်။ ခေါင်းလေး ငုံ့ပြီးဝင်လာတာကို တချက်လှမ်းကြည့်လိုက်ပြီး နောက် မျက်နှာ မသိမသာလွှဲထားမိသည်။ ချိုချိုကတော့ ပြုံးလို့နေ၏။

ဘေးမှာ ချိုချို ဝင်ထိုင်လိုက်သည့်အခါ ကွပ်ပျစ်ကြမ်းပြင်က သိမ့်ကနဲတုန်သွားသည်။ ဒီကွပ်ပျစ် က လူနှစ်ယောက် အလေးချိန်ကိုတော့ ကောင်းကောင်း ထမ်းနိုင်ပါလိမ့်မည်။ အောင်ဘညို (၃) ရင်ထဲမှာ တုန်သွားတာလဲဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

နှာသီးဖျားနှင့် ကုပ်ပိုးမှာ ချွေးတွေစိုလာသလိုလို ယားကျိကျိခံစားရသလိုနှင့် အောင်ဘညို(၃) မတည်မငြိမ်ဖြစ်နေပေမယ့် ချိုချိုကတော့ တည်တည်ငြိမ်ငြိမ်ပင်ရှိသည်။ မျက်နှာလေး ကတော့ အနည်းငယ် ညိုးနေသည်ကို ခိုးကြည့်မိချိန်မှာတွေ့ရသည်။

“အကို့ ကို မေးစရာရှိတယ်”

“မေး ..မေးလေ”

“မှန်မှန် ဖြေရမယ်နော်”

“အင်း”

ချိုချို ဘာမေးမှာလဲဆိုတာသိချင်စိတ်က တဝက်၊ မဖြေနိုင်မှာတွေကို မေးလာရင် ခက်မှာကို ကြောက်စိတ်က တဝက်နှင့် အောင်ဘညို(၃) ရင်တွေခုန်နေသည်။

“ဟိုရက်တွေက ဘာဖြစ်လို့ မလာတာလဲ၊ အမှန်ပြောနော်”

မလုံမလဲ ကြည့်လိုက်ချိန်မှာ ချိုချို့ မျက်နှာပေါ်က အပြုံးလေးတစကြောင့် အောင်ဘညို(၃) ပိုပြီးနှုတ်ဆွံ့ သွားရသည်။ ချိုချို့ အပြုံးက သရော်ပြုံးလှောင်ပြောင်သည့် အပြုံးမျိုးမဟုတ်ပါ။ ညာနေတာကို သိပါတယ်ဆိုပြီး မခန့်လေးစား လုပ်ပြနေခြင်းမျိုးလဲ မဟုတ်ဘဲ နူးညံ့ညင် သာ သည့် အပြုံးမျိုးဖြစ်နေ၍ ခပ်ပေါ့ပေါ့ မုသားပြောလိုက်ဖို့ကို စိတ်ထဲ မှာ မရဲတော့ပါ။

“ပြောလေ အကို၊ ချို စိတ်မကောင်းမှာ စိုးလို့လား”

“အမှန်အတိုင်းပြောမယ်”

“အင်း ..ပြော”

“အားနာတယ်၊ စိတ်မကောင်းဘူး”

“ဒါပဲ ပြောနေတာပဲ၊ ချိုက ..ချိုက ..ဘာပြောနေလို့လဲ၊ ခက်တာပဲ အကိုရယ်”

“ဒါ ..ဒါပေမယ့်”

“အကိုရယ်”

ချိုချို့ ကိုယ်လုံးလေး ယိုင်ကျလာသည်။ အိသော နွေးသော အထိအတွေ့က အောင်ဘညို(၃) ကိုယ်ပေါ်က အကြောတွေကို တောင့်တင်းသွားစေသည်။ လူလည်း အနည်းငယ် မတ်သွားမိ၏။ အောင်ဘညို(၃) လက်မောင်းကို ပါးနှင့် အပ်ရင်း ချိုချို တိုးတိုးညင်ညင် အသံလေး နှင့် ဆက်ပြောသည်။

“ချို ကျေနပ်တယ်လို့ ပြောပြီးပြီလေ။ ကိုယ်ချစ်တဲ့ သူကိုပေးဆပ်ရတာ ချို့ အတွက် သုခပါ ကို ရယ်၊ ကို မယုံဘူးလား”

အခေါ်အဝေါ်ပြောင်းသွားတာကို ထူပူနေသည့် ကြားထဲမှ သတိထားလိုက်မိသည်။ လှိုက်လှိုက် လှဲလှဲ မေးနေသူကို အဖြေမပေးဘဲ မနေရက်တာကြောင့်

“ယုံပါတယ်၊ အဲဒါကြောင့် လဲ စိတ်မကောင်းတာပေါ့”

“စိတ်မကောင်းလဲ မဖြစ်နဲ့ အားလဲမနာနဲ့၊ ချို ..ချို ..စိုးရိမ်တာက၊ ကို ..ချို့ကို မသတီလို့ လား လို့ ...အဲဒါက...ကို ...ရယ်၊ ချို ရန်ကုန်ရောက်စက ဘာလို့ ချိုတို့ မတွေ့ကြတာလဲ မသိဘူး နော်၊ အဲဒီတုန်းထဲက တွေ့ခဲ့ရင် သိပ်ကောင်းမှာပဲ၊ ချို ..အပျို ဘဝနဲ့သာ တွေ့ခဲ့ ကြရင်...”

“မဟုတ်ဘူး ...ဒီသဘော မဟုတ်ပါဘူး”

ပြောရင်းနှင့် အသံက တိမ်ဝင်ပျောက်သွားသော ကြောင့် အောင်ဘညို(၃) ကပျာကရာ ပြော လိုက်ရသည်။ အရမ်းလည်း သနားသွားသည့် အတွက် ချိုချို့ ပုခုံးလေးကို ခပ်ဖွဖွပွတ် ရင်း နှစ်သိမ့်မိသည့် အခါ နဂိုထဲက ညွှတ်ချင်နေသော ချိုချို့ ကိုယ်လုံးလေးက အောင်ဘညို(၃) ရင်ခွင်ထဲကို ပျော့ခွေကျလာသည်။

“ကို့ ကို မချုပ်ပါဘူး။ ဖမ်းတာလဲ မဟုတ်ပါဘူး။ မတန်မရာ လဲ မမှန်းပါဘူး၊ ကိုက အရမ်း အား နာနေလို့ ရှက်နေလို့ ချို့ စိတ်သဘောကို ကိုသိအောင်ပြောပြတာ သက်သက်ပါ”

“ချိုချို ရယ်”

ကျောပြင်လေးကို ပွတ်ပေးရင်း အောင်ဘညို(၃) မချင့်မရဲ ရေရွတ်လိုက်မိပါသည်။

....................................................

စကားလှည့်ပြောလိုက် လုပ်စရာရှိတာ လုပ်လိုက်နှင့် မအားနိုင်အောင် ဖြစ်နေသည့် ချိုချို့ကို အောင်ဘညို(၃) နောက်ကနေကြည့်ရင်း လွန်ခဲ့သည့် တပတ်ကျော်လောက်က အခုထိုင် နေသည့် လှေခါးထစ်မှာပဲ ထိုင်နေသည့် သူ့ကို ချိုချို မှုတ်ပေးခဲ့တာကို ပြန်သတိ ရမိသည်။ ခုချိန်ကျတော့လဲ ပေါင်ကြားက ဟာကြီးက ထကြွသောင်းကြမ်းခဲ့တာ သူမဟုတ် သလို ငြိမ် သက် ပျော့ခွေလို့ နေပြန်သည်။

“ကို ...ကလဲ ထမင်းစားပါဆို မစားဘူး”

ချိုချိုက လှည့်ကြည့်ပြောလိုက်သောကြောင့် ကိုယ့်ပစ္စည်းကိုယ် မကျေမနပ်ဖြင့် ငုံ့ကြည့်နေရာမှ ကမန်းကတန်း ပြန်မော့လိုက်ရသည်။

“ကိုယ် စားခဲ့ပြီးပါပြီ”

“အင်းလေ ...ညနေ စာကိုပြောနေတာ”

“အိမ်မှာလဲ ညနေ အတွက်လုပ်ပြီးခဲ့ပြီလေ၊ မစားဖြစ်ရင် နှမျောစရာ”

ပါးစပ်ထဲရှိတာ ဖြေလိုက်တော့ ချိုချို နှာခေါင်းလေး ရှုံ့ပြပြီး ပြန်လှည့်သွားသည်။ အမှန်က အောင်ဘညို(၃) ပြန်သွားပြီးမှ ကိုယ့်အတွက်ရေ ဟိုနှစ်ယောက်အတွက်ပါ စီစဉ်ရမည် ဖြစ် သည်။ ချိုချိုကျွေးသည့် ညစာ စားသွားလည်း ဘာမှမဖြစ်ပါ။ ဒါပေမယ့် မစားချင်။ ဒီအစား အသောက်တွေဝယ်ဖို့ ချိုချို သုံးတဲ့ ပိုက်ဆံကို ဘယ်လိုရှာခဲ့ရသည် ဆိုတာကိုတွေးမိရင် စားရက်စရာ မျိုလို့ကျစရာ မရှိပါ။

“ချို ချက်တာကို ရွံလို့လား”

“ဟာ ...မဟုတ်ပါဘူး”

ပျာပျာသလဲ နှင့် ညင်းမိတော့ ချိုချို ပြုံးစိစိ နှင့် ပြန်လှည့်သွားသည်။ ချိုချို အခုတလော သွက် သွက်လက်လက် ဖြစ်လာသည်ဟု စိတ်ထဲမှာ ထင်မိ၏။ ဆူးလေ ဘုရားမှာ ပြန်တွေ့ ကြပြီး က ထဲက မိခင်အတွက် သောကနှင့် ပင်ပန်းမှုကြောင့် ချိုချို့ကိုကြည့်လိုက်တိုင်း ဒီလို ရွှင်ရွှင် ပြပြ အမူအရာတွေ့ရခဲသည်။ ဒါပေမယ့် ခုနောက်ပိုင်းမှာ တော့ သိသိသာသာ လန်း ဆန်းလာ သည်။ မျက်နှာလေးတောင် ပြန်ပြည့်လာသည်ဟု ထင်မိသည်။

ဇာအကျီ ၤအဖြူလက်ပြတ်ကြောင့် အချိုးကျသည့် လက်မောင်းဖြူဖြူလေးတွေကို မြင်ခွင့်ရ သည်။ ဇာပေါက်တွေကြားက မြင်ရသည့် ကျောပြင်ကပိုလို့တောင် ဖွေးနုနေသည်။ အဖြူ ရောင် ဇာသားနှင့် အဖြူရောင်ကျောပြင်ကြားမှာ အဝါရောင် ဘရာစီယာလေးက ထင်းနေ သည်။ ပုခုံးသိုင်းကြိုးကတော့ ပလပ်စတစ်ကြိုး အကြည်လေးဆိုတာကို အနည်း ငယ်ရွဲ့နေ သည့် အကျီ ၤ လည်ပင်းပေါက်မှာ မြင်ရ၏။ ဆံပင်ကို ခပ်မြင့်မြင့်တင်စည်းထား ပြီး ကျားပါး စပ်လို ကလစ်ကြီး နှင့် ထိန်းညှပ်ထားသည့် အတွက် ဆံနွယ်နုနုလေးတွေ တဝက် တပျက် လွှမ်းထားသည့် ကုပ်သားနုနုဝင်းဝင်းလေး ကို အမှတ်မဲ့ စိုက်ငေးမိရင်း အောင်ဘညို(၃) သက်ပြင်းချလိုက်မိသည်။

အကြောင်းမလှလို့ ဘ၀ ဆိုးခဲ့ရခြင်းမျိုးသာ မရှိခဲ့ပါလျှင် အားကိုးအားထားပြုနိုင်စရာ ယောက်ျား ကောင်း တယောက်ကို ချိုချို စိတ်ကြိုက်ရွေးလို့ ရနိုင်သည်။ ဘ၀ နွမ်းခဲ့ရတာ တောင်မှ ကြည့်လို့ ကောင်းနေသေးသည်။

“ကို”

“အင်”

“ပျင်းနေပြီလား”

“မပျင်းပါဘူး”

“ကို့ နားကို လာထိုင်မလို့ပဲ၊ ချွေးစော် နံမှာစိုးလို့”

“ဒီနားကတော့ အနံ့မရပါဘူး”

မီးဖိုရှေ့မှာ ထိုင်နေရာက ထလာပြီး မျက်စောင်းလေး တခုနှင့် အတူ အောင်ဘညို(၃) နားကို ကပ်လာသည်။ တကယ်တော့လည်း သူတို့ နှစ်ယောက်က မဝေးပါ။ မီးဖိုခန်း ကျဉ်းကျဉ်း လေးထဲမှာ ခြေလှမ်းသုံးလှမ်းလောက် လှမ်းလိုက်သည် နှင့် အနားကို ရောက် လာပါသည်။ ဒီရက်တွေ အတွင်းမှာ ချိုချို နှင့် အလိုက်သင့် နေတတ်ဖို့ အသားကျခဲ့ပြီဖြစ် သော အောင် ဘညို(၃)က ချိုချို ဘေးမှာ ထိုင်နိုင်အောင် နေရာရွှေ့ထိုင်ပေးတော့ ချိုချို ပြုံးသည်။

“ရေချိုး ဦးမယ်၊ ကို မေမေ့ကို ကြည့်ပေးမယ် မဟုတ်လား”

“အဲဒါ ပြောနေစရာလား ချိုချို့ကို ကူပြီး ဒေါ်ဒေါ့်ကို ကြည့်ပေးဖို့ လာတာပဲဟာကို”

“မေမေ နေကောင်းသွားရင် မလာတော့ဘူးပေါ့”

“အဲလို လဲ မဟုတ်ပါဘူး၊ ဒေါ်ဒေါ့် ကိုစောင့်ပေးဖို့ ပြောနေစရာ မလိုပါဘူးလို့ ပြောတာ”

“အင်းပါ၊ အင်းပါ၊ ချိုလဲ ပြီးတော့မှာပါ၊ အိုးသွားဆေးလိုက်ဦးမယ် ..နော်”

ကြမ်းပြင်မှာ ချထားသည့် အိုးတလုံး နှင့် ပန်းကန်ခွက်ယောက်တွေကို ယူပြီး ချိုချို နောက်ဖေး က ရေပြင်ဆီထွက်သွားသည်။ အောင်ဘညို (၃)လည်း ဒေါ်အေးကြည် အခြေအနေကို ကြည့် ဖို့ ထလာခဲ့သည်။ အေးအေး ဆေးဆေး အိပ်မောကျနေသည် ကို မြင်ရ၍ စောစောက ဖတ်ပြ လက်စ စာအုပ်ကို စာမျက်နှာ မှတ်လိုက်ပြီး ပြန်ပိတ်ကာ ဘေးမှာ ချထားခဲ့ပြီး အိမ်ရှေ့ခန်းမှာ လာပြန်ထိုင်နေလိုက်သည်။

အောင်ဘညို(၃) စာဖတ်ပြရတာ ပင်ပန်းသည် ဆိုပြီး ချိုချိုက စီဒီ နှင့် တရားဖွင့်ပေးမည် လုပ် နေလို့ မနည်းပြောယူရသည်။

“ဒေါ်ဒေါ် က သူအခြေအနေ မကောင်းလို့ တရားတွေ ဖွင့်ပြနေတယ် ထင်ပြီး စိတ်လျှော့ နေဦး မယ်၊ ဖတ်ပြရတာက ကိုယ့်အတွက် အပန်းမကြီးပါဘူး၊ ဗဟုသုတတောင်ရသေး တယ်”

“ဒီလို ကျတော့လဲ ဟုတ်တာပဲ နော်”

အကြောင်းပြချက် ခိုင်လုံ နေလို့ ချိုချို လက်ခံသွားသည်။ တရားဖွင့် ဖို့ စက်ဝယ်ရင် ချိုချိုပင် ပိုက်ဆံကုန်ပေဦးမည်။

“ကို ..ရေ၊ ခန ..ခန”

ငိုင်ပြီးတွေးနေမိရာမှ မီးဖိုထဲကနေ ချိုချို ခပ်တိုးတိုးလှမ်းခေါ်သံကြားလိုက်ရ၍ ခပ်မြန်မြန် ပြေးသွားမိသည်။

ကမန်းကတန်း နှင့် အောင်ဘညို(၃) မီးဖိုထဲကို ဆင်းသွားချိန်တွင် ဇလုံကြီးတလုံးကို ကိုင်ပြီး ယိမ်းထိုးနေသော ချိုချို့ကို မြင်လိုက်ရသည်။ ဇလုံထဲတွင် ဒယ်အိုး၊ တလုံးနှင့် တခြားအိုးတွေ ပန်းကန်ခွက်ယောက်တွေ စုပြုံထည့်ထားသည်။ ချိုချို လောဘကြီးပြီး အကုန်လုံးသယ် လာပုံ ရသည်။ အထဲမှာ ပစ္စည်းတွေက ဆပ်ကပ်ထဲမှာ လုပ်ပြကြသလို အထပ်ထပ်နှင့် ပြုတ်မကျ အောင် ချိုချို အလိုက်သင့် ယိမ်းထိုးလှုပ်ရှားနေရသည်။

“ကိုင်ထား၊ ကိုင်ထား၊ မလွတ်စေနဲ့”

ချိုချို့ကို အားပေးလိုက်ပြီးနောက် အပေါ်ဆုံးမှာတွေ့သည့်ဟာတွေ လှမ်းဆွဲယူလိုက်ပြီး အနား က စင်လေးပေါ်တင်လိုက်သည်။ အပေါ်ကို မောက်တက်နေတာတွေကို တော် တော်များများ ဖယ်ပေးလိုက်သည့် အခါ ချိုချို ထိန်းလို့ရသွားသည်။

“ရော့ ဒီဇလုံပါ ယူလိုက်”

လှမ်းပေးသော ဇလုံကို အယူတွင်အောင်ဘညို(၃) လက်အနည်းငယ်တုန်သွားရသည်။ သူ့ လက်က ဇလုံလွတ်သွားသည်နှင့် ချိုချိုက ခါးကထမိန်စကို ဖျပ်ကနဲပြန်ထိန်းလိုက်သော ကြောင့် ဖြစ်သည်။

“အဟီး.. အလောတကြီးနဲ့ အပေါ်ကိုတက်လိုက်တာ ကိုယ့်ထမိန်စ ကိုယ်ပြန်နင်းမိသွား တယ်၊ တော်သေးတယ် ဇလုံနဲ့ ဖိထားလိုက်လို့”

အပြုံးလေးနှင့် ပြောရင်း ငုဝါရောင်ထမိန်လေးကို ပြန်ပြင်ဝတ်နေသည့် မြင်ကွင်းကို မကြည့် သင့်မှန်း သိပါလျက်နှင့် အောင်ဘညို(၃) မျက်တောင် ခတ်ဖို့ မေ့နေသည်။ လက်ထဲ ကိုင် ထားသည့် ဇလုံကိုလည်း စင်ပေါ်တင်ဖို့ မလုပ်မိ။

အနက်ရောင် ထမိန်အထက်ဆင့်ကြောင့် ချိုချို့ ခါးနှင့် ဗိုက်သားတွေကပိုဖြူဝင်းသွားသည်။ မမောက်လွန်း မပြေလွန်းဘဲ အနေတော်ဟု ထင်မိသော ဆီးခုံနေရာ နားဆီမှ မျက်လုံးကို ရုတ်တရက် မလွှဲနိုင်။ ထမိန်ကို တင်းတင်းလေးစည်းလိုက်သည့် အခါ ခါးကပိုသေးသွားပြီး တင်ပါးတွေက ပိုပြီးကြွားဝင့် တက်လာသလိုထင်မိသည်။

ချိုချိုကတော့ အောင်ဘညို(၃)၏ အကြည့်ရိုင်းရိုင်း အပေါ် ဘယ်လိုမှ သဘောထားဟန် မ တူပါ။ ပြုံးစစ မျက်နှာလေး နှင့် အောင်ဘညို(၃) ကိုင်ထားဆဲဖြစ်သော ဇလုံထဲက ပစ္စည်း တွေကို တခုပြီး တခုယူပြီး စင်ပေါ်တင်နေသည်။ ဇလုံထဲမှာ ပြောင်သွားတော့ မှ ချိုချို့ လက်ထဲ ပြန်ထိုးထည့်ပေးလိုက်ရင်း

“ဒေါ်ဒေါ့် ကို သွားကြည့်လိုက်ဦးမယ်နော်”

...................................................

ဆက်နေရင် စိတ်ဖောက်လာမှာ စိုးတာနှင့် အကြောင်းရှာပြီး ပြန်တက်လာခဲ့သည်။ အိမ်ပေါ် ပြန်ရောက်လို့ ချိုချို့ မျက်ကွယ်ကို ရောက်သည်နှင့် မလုံမလဲ စိတ်ကြောင့် ကိုယ့်ပစ္စည်း ကိုယ် ပြန် စမ်းကြည့်မိသည်။ ကျေးဇူးရှင်က ခုလိုကျတော့ ပျော့ခွေကာ တုတ်တုတ်မှ မလှုပ်။ လွန်ခဲ့ တဲ့ သုံးလေးရက်လောက်ကတော့ တခါ ဖေါက်လိုက်သေးသည်။ အဲဒီတုန်း က ချိုချို ရောသူပါ ဒေါ်အေးကြည်နားတွင် ရှိနေချိန်ဖြစ်သည်။ ဟို အကြောင်း ဒီအကြောင်း ရောက်တတ်ရာရာ စကားပြော နေကြရင်း ဗြုန်းဆို စိတ်က ဖောက်လာသည်။ ကိုယ့်အခြေ အနေ ကိုယ်သိတာ ကြောင့် ပိုဆိုးမလာခင် အခန်းထဲက ထွက်ပြီး အိမ်သာပြေးရသည်။ အဲဒီနေ့က မှ တော် တော် နှင့် ကိစ္စက မပြီး လက်မောင်းတွေတောင် အောင့်သည်။ အကြာကြီး ပျောက်သွားလို့ လိုက်ရှာ သည့် ချိုချို က အိမ်သာရှေ့ရောက်လာပြီး မေးသည့် အချိန်မှာ အောင်ဘညို(၃)က အံကြိတ် ပြီး ထု ကောင်းတုန်းရှိသေးသည်။

“ကိုရေ ..ကို ..အိမ်သာထဲမှာလား”

ချိုချို့ အသံကြားလိုက်ရတော့ စိတ်က ပိုထ လာသည်။ အပြင်ထွက်ပြီး တခုခု လုပ်ပစ်လိုက် ချင်စိတ်ပေါ်မလာစေရန် စိတ်ကို လုပ်ငန်းထဲ အတင်းပြန်နှစ်ရသည်။ မထူး ရင် လည်း မဖြစ် သဖြင့် “ဟုတ်တယ်” ဟု ခပ်မြန်မြန် အသံပြန်ပေးပြီး ကိုယ့်အလုပ်ကိုယ် အားသွန်ရ၏။ ကံ ကောင်း ထောက်မစွာပင် သိပ်မကြာခင်ပြီးသွားသည်။

အိမ်ပေါ်ကို ပြန်တက်လာတော့ မီးဖိုခန်း အထွက်မှာ ချိုချို နှင့်ဆုံသည်။

“ဟယ် ...ကိုရယ်၊ ချွေးတွေလဲ ရွှဲလို့၊ ဘယ်လို ဖြစ်တာလဲ”

“အိုက် ..အိုက်လို့”

“အိမ်သာ အတွင်းက လုံတော့ နေ့ခင်းဖက် အိုက်မှာပေါ့၊ ခနလေး”

သူမ၏ အဝတ်လဲခန်းလေးထဲ ပြေးဝင်သွားပြီး မျက်နှာသုတ်ပဝါ တထည်ယူလာကာ မျက် နှာနှင့် လည်ပင်းက ချွေးတွေကို သုတ်ပေးသည်။

“အထဲမှာ ကြာသွားတာကိုး၊ ဝမ်းသွားနေလို့ လား၊ ချိုဆေးသွားဝယ်ပေးမယ်လေ”

“ရ ..ရပါတယ်၊ သက်သာပါပြီ”

ချိုချို့ ပုံက သိပ်ထူးခြားမှု မပြပေမယ့် တခုခုများ သိနေသလားဟု အောင်ဘညို(၃) စိတ်ထဲမှာ မလုံချင်။ ချိုချိုက အရိုင်းမဟုတ် အတွေ့အကြုံရှိသည့် မိန်းကလေး တယောက် ဆိုတာ သိနေ သည့် အတွက် ချိုချို ကြည့်တာကိုတောင် ရင်မဆိုင်ဝံ့သလို ဖြစ်ရသည်။

“ကို ...မေမေ ..အိပ်တုန်းပဲလား”

ဒေါ်အေးကြည်ဘေးမှာ ထိုင်ကာ ဟိုနေ့က ရှက်ခဲ့ရသည့် အကြောင်းပြန်တွေးမိရင်း နောက် နားမှာ ချိုချို ရောက်နေတာကို မသိလိုက်ပါ။ နား နားကပ်ပြီး တိုးတိုးလေး မေးလိုက်တော့မှ သလိုက်ရသည်။ တချိန်ထိမှာပင် ကျောပြင်နှင့် လက်မောင်းကို ထိကပ်လာသည့် အိစက်သော ရင်သားတွေ၏ အထိအတွေ့ကိုပါ ခံစားလိုက်ရသည်။

“ကိုယ်ဝင်လာထဲက အိပ်နေတာပဲ”

ခပ်တိုးတိုးလေး ပြန်ဖြေလိုက်ပြီးသော်လည်း ချိုချိုက ပြန်ခွာမသွားပါ။ ပိုပြီးတိုးကပ်လာသည်။ အောင်ဘညို(၃) လက်မောင်းတဖက်ကို ကိုင်ထားရင်း ပုခုံးပေါ်မေး တင် လိုက်သည်။ သူစိတ် ကျေနပ်စေရန် လက်မောင်းကို ကိုင်လာသည့် လက်ပေါ်တွင် အပေါ်က ထပ်ကိုင်လိုက်ရင်း

“အပြင်သွားမလား”

ဒေါ်အေးကြည် နားမှ အောင်ဘညို(၃) ချိုချို နှင့် ပူးပူးကပ်ကပ် မနေရဲပါ။ မနေပါ နှင့်လို့လည်း မပြောရက်သည့် အတွက် အပြင်ထွက်ဖို့ ပြောလိုက်ရသည်။

“ဘယ် အပြင်လဲ”

“အိမ်ရှေ့ပေါ့”

“သွားလေ”

အောင်ဘညို(၃) ရှေ့ဆောင်ကာ ထွက်ခဲ့တော့ လက်ကိုဆွဲပြီး နောက်ကလိုက်လာသည်။ ဒီ နေရာမှာတော့ ချိုချိုက သဲသဲ နှင့် တူသည်။ သဲသဲ ကလည်း ဒီလိုပဲ ပွတ်သီးပွတ်သပ်နေ ချင် သည်။ ဒါမှ မဟုတ်ရင်လည်း မိန်းကလေးတွေမှာ ဒီလိုမျိုး အကျင့်ရှိကြသည် ထင်သည်။

ချိုချိုက သူချစ်သည့် အကြောင်းဖွင့်ပြောခဲ့ပြီးနောက်ပိုင်း အောင်ဘညို(၃)ကို ချစ်သူရည်းစား လိုပဲ ဆက်ဆံသည်။ ဒေါ်အေးကြည် ရှေ့မှာ မဟုတ်လျှင် “ကို” ဟု ခေါ်သည်။ ဒေါ်အေးကြည် ရှေ့မှာပါ ယောင်ပြီး ခေါ်မိမှာစိုး၍ အောင်ဘညို(၃)က အသည်း ယားနေမိသော်လည်း သူမ ကတော့ အေးအေးဆေးဆေးပင် အမှားအယွင်း မရှိနေနိုင် သည်။ အခုလည်း အိမ်ရှေ့ဖျာမှာ ထိုင်မိသည်နှင့် အောင်ဘညို(၃) ကိုမှီထားသည်။

“ကို”

“ဟင်”

“နေ့တိုင်း ဒီကိုလာနေတာ မပျင်းဘူးလား၊ စိတ်မညစ်ဘူးလား”

“မညစ်ပါဘူး၊ ကိုယ်လဲ အားနေတာပဲ၊ ဘာဖြစ်လို့ မေးတာလဲ”

“မဟုတ်ပါဘူး။ ကို့ မှာ အချိန်တွေကုန်၊ အလုပ်တွေပျက် ဖြစ်ရင်မကောင်းဘူးလေ၊ အားနာလို့ မေးတာ၊ တခြားကြောင့် မဟုတ်ဘူး”

“လာနေတာကြာလှပြီ၊ ဒီနေ့မှ ထူးထူးခြားခြား ပါလား”

“ဒီနေ့မှ တွေးမိတာကိုး၊ အရင်နေ့တွေက မေ့နေတာ.. ဟင်း ..ဟင်း”

ခပ်တိုးတိုးဖွဖွ ရယ်နေသည့် ချိုချို့ မျက်နှာလေးက ချစ်စရာကောင်းသလို သနားစရာလည်း ကောင်းသည်ဟု ထင်မိသည်။

“ကိုယ့် အတွက်က အိမ်မှာနေနေ ဘယ်ကို သွားသွား၊ ဘာမှ မထူးခြားဘူး၊ ချိုတို့ အဆင် ပြေဖို့ပဲလိုတယ်”

“ပြေလွန်းလို့ ခက်နေတာလေ”

မျက်လုံးလေး ထောင့်ကပ်ကြည့်ရင်း ပြောလိုက်သည့် အမူအရာကြောင့် အောင်ဘညို(၃) အ သည်းယားသွားသည်။ ကိုယ်လုံးချင်း ထိကပ်ထားသည့် ချိုချို မသိအောင် သက်ပြင်းတခု ခိုး ချလိုက်ရသည်။

ဒေါ်အေးကြည် က ဆေးသောက်ပြီး ချိန်တွေဆိုရင် အချိန်ကြာကြာအိပ်ပျော် သွားတတ်သည်။ ဒီလို အချိန်မျိုးမှာ အနားမှာ ပွတ်သီးပွတ်သပ်နေရင်း ကြည့်လာတတ် သည့် ချိုချို့ အကြည့် တွေကို မိန်းမတွေနှင့် ပတ်သက်ရင် ငတုံးတ ယောက်လို့ ကိုယ့်ကိုယ်ကို ယူဆထားသည့် အောင်ဘညို(၃) ပင် မှန်ကန်စွာ ဖတ်နိုင်ပါသည်။ ဒီလို အချိန် တွေမှာ မိမိခေါ်ရာကိုလိုက်ပြီး ပြုသမျှ နုပေးမည် ဆိုတာကို သိသော်လည်း ပင်ကိုယ်စိတ်မှာ ချိုချို့ ဆီက ဘယ်လို အခွင့်အ ရေးမျိုးမှ မလိုချင်ပါ။

“ကို ..က..တကယ်ပဲ၊ သူ့ဟာသူ ကျရင်တော့”

အောင်ဘညို(၃) အင်္ကျီက ကြယ်သီးလေးကို လက်နှင့်ကိုင်ကာ ကစားရင်းချိုချို မပွင့်တပွင့် နှင့် ပြောသည်။ အောင်ဘညို(၃)၏ မျက်နှာကို မကြည့်ဘဲ မျက်လွှာချခေါင်း ငုံ့ထားသည်။ ချိုချို့ ဆံပင်တွေက အောင်ဘညို(၃)၏ ပုခုံးနှင့် ပေါင်ပေါ်ကို တင်နေသည်။ သနပ်ခါးနံ့ နှင့် ရေမွှေးနံ့ ရောနေသည့် ရနံ့ခပ်သင်းသင်းတခုကလည်း နှာဝကို လာကြည်စယ်သည်။ အိစက် နွေး ထွေး သော ကိုယ်လုံးလေးကလည်း လုံးဝနီးပါး ရင်ခွင်ထဲကိုရောက်နေသည်။ သို့သော်လည်း အောင် ဘညို(၃) စိတ်ထဲမှာ ရမ္မက်ဆန္ဒ လုံး၀ ပေါ်လာခြင်းမရှိပါ။

“ချိုချို ...အပြင်..သွားစရာ ရှိသေးလား၊ ရှိရင် ..ကိုယ်ရှိတုန်းသွားလေ”

လူမမာ အမေနှင့် နှစ်ယောက်ထဲသာ ရှိသည့် အတွက် အောင်ဘညို(၃) ရောက်လာမှ ချိုချို အပြင်ထွက် ပြီးဈေးလေး ဘာလေးဝယ်လို့ရသည်။ အစား အသောက်ဆိုရင် ဝေးဝေးလံလံ သွား စရာမလိုသော်လည်း ဆေးပစ္စည်းလိုမျိုး ဆိုရင် အချိန်ကြာတတ်သည်။ တခါတလေ မြို့ ထဲအထိ သွားဝယ်ရတတ်သည်။ အောင်ဘညို(၃) သွားပေးပါမည် ဆိုလျှင်လည်း သူ ပိုက်ဆံ စိုက်ပြီး ဝယ်လာပေးမှာ စိုးလို့ ချိုချိုက လက်မခံဘဲ ကိုယ်တိုင်သွားသည်။

“ဘာလဲ ..ကို့ နား အတင်းကပ်နေလို့ နှင်တာလား”

မျက်နှာ ပျက်သွားပြီး လူချင်းခွာလိုက်သည့် အတွက် ကပျာကရာ ပြန်ဆွဲလိုက်ရသည်။ အား နည်းနည်းပါသွားသည့် အတွက် တကိုယ်လုံးပြန်ပြိုကျလာ ပြီး ရင်ချင်းအပ်မိသွားသည်။ ခါးကို သိုင်းဖက်လိုက်တော့ ချိုချို့ ကိုယ်လေး ပျော့သွားသည်။ ကျောပြင်ကို အသာပွတ်ပေးရင်း

“ဘာရယ် မဟုတ်ပါဘူး၊ ဒေါ်ဒေါ် အိပ်ပျော် နေတုန်း လုပ်စရာရှိရင် လုပ်လို့ ရအောင်ပြော တာပါ”

“မနေ့ ကပဲ ဈေးသွားဝယ် လိုက်သေးတယ်လေ ကိုရဲ့”

“ဟုတ်လား ...ကိုယ်မေ့နေတာ”

“ကိုကတော့ တကယ်ပဲ”

သနား စိတ်ဝင်လာတာကြောင့် ဖြူနုသော နဖူးပြင်ကို ခပ်ဖွဖွလေး တချက်နမ်းလိုက်တော့ ချို ချို့ မျက်လုံးတွေ မှေးစင်းသွားကြသည်။ ပြီးတော့ အောင်ဘညို(၃)၏ ပါးပြင်နှင့် လည် ပင်းကို ပြန်ပြီး အနမ်းတွေပေးသည်။ ဘာဆက်လုပ်ရမှန်း မသိသည့် အောင်ဘညို(၃) ကတော့ ချိုချို့ ကို အသာလေးဖက်ထားလိုက်မိသည်။

.......................................

“အကိုရေ ..အဆင်ပြေတယ် မဟုတ်လား”

ခန်းဆီးကြားကနေ ခေါင်းပြူရင်း လှမ်းမေးလိုက်သည့် ချိုချို့ အမေးကို မနည်းအားယူ ဖြေ လိုက်ရသည်။

“ပြေ ...ပြေပါတယ်”

ဒုက္ခရောက်နေချိန် မှာ ချိုချို ပြန်ရောက်လာလို့ အနည်းငယ်တော့ ဝမ်းသာသွားပါသည်။ ဒီနေ့ အောင်ဘညို(၃) ရောက်လာပြီးသည် နှင့် ဒေါ်အေးကြည်ကို အပ်ပြီး ချိုချို အပြင်ထွက် သွား သည်။ ခါတိုင်းလဲ ဒီလိုပဲနေနေကျ ဆိုတော့ စာဖတ် ပြလိုက် စကားစမြည် ပြောလိုက်နှင့် လူနာ စောင့် ပေးနေသည်။ ထမင်းကျွေးတာ၊ ရေပတ်တိုက် သန့်ရှင်းရေး လုပ် တာတွေ ချိုချို အကုန် လုပ်သွားပေးလို့ ထိုင်စောင့် ပေးရတာ အောင် ဘညို(၃) အတွက် ဘာမှ အပန်းမကြီးပါ။

ဒါပေမယ့် ချိုချို သွားပြီးတော်တော်ကြာတော့ စိတ်က ဖောက်ချင်လာသည်။ ပေါင်ကြားထဲက ကောင်ကလည်း ဆတ်ကနဲ ဆတ်ကနဲ တုန်လာသည်။ စာဖတ်ရင်း အသံ မတုန်အောင် ထိန်း နေရခြင်းကြောင့် မျက်နှာမှာလည်း စိတ်ပင်ပန်းမှုဖြင့် ချွေးတွေရွှဲလာ သည်။ ကံကောင်း ထောက် မစွာဖြင့် ချိုချို ပြန်ရောက်လာသည်။

“ဒေါ်ဒေါ် ..ကျွန်တော် အပြင်ခန”

“အော် ..အေး ..သွားလေကွယ်၊ မင်းလဲ ရောက်ကထဲက ထိုင်နေတာ ညောင်းမှာပေါ့၊ ရတယ် နားလိုက်၊ နားလိုက်၊ မိချိုလဲ ပြန်ရောက်ပြီပဲ”

“ဟုတ်..ဟုတ်ကဲ့”

ဒေါ်အေးကြည်က ခေါင်းအုံးဘေးမှာ ချထားသည့် ပုတီးကို ကောက်ကိုင်လိုက်ချိန်တွင် အောင် ဘညို(၃) ဟန် ပင် အဆောင်နိုင်တော့ဘဲ ငေါက်ကနဲထပြီး အခန်းထဲက ထွက်ခဲ့သည်။ အိမ်သာ ဆီသို့ အလျှင်အမြန်ပြေးရန် ကြံရွယ် ထားသည့် ခြေထောက်တွေက အခန်းဝက ထွက် သည် နှင့် တုန့်ကနဲ ရပ်သွားသည်။ တံခါးဝနှင့် ကပ်လျက် အ ခန်းငယ်လေး ထဲမှာ အပြင်က ပြန်လာ သော ချိုချို အဝတ်အစားလဲနေသည်။

သုံးဖက်သာ အကာရှိသည့် အခန်းလေးထဲကို အိမ်ရှေ့က မမြင်နိုင်သော်လည်း အိပ်ခန်းထဲက ထွက်လိုက်လျှင် တော့ ကောင်းကောင်း မြင်နိုင်သည်။ ကျောပေးထား သည့် ချိုချိုက အောင် ဘညို (၃)ကို မမြင်ပါ။ ဆွဲသား အင်္ကျီ အပြာလေးကို ခေါင်းပေါ်က ကျော် ချွတ်လိုက်ချိန်တွင် ကျောဖြူဖြူလေးနှင့် အနက်ရောင် ဘရာစီယာကို မြင် လိုက် ရ သည်။ ဒါပေမယ့် ခေါင်းက အင်္ကျီ ကျွတ်သွားသည်နှင့် ပြုတ်ကျလာသော ဆံပင်ရှည် တွေက မြင်ကွင်းကို ပြန်ကွယ် သွား သော ကြောင့် အောင်ဘညို(၃) မချင့်မရဲ ဖြင့် ရှေ့ ကို အနည်းငယ် တိုးလိုက်မိသည်။

အင်္ကျီပြီးတော့ ထမိန်စကပ်၏ ဇစ်ကိုဘေးကနေဖြုတ်သည်။ ထို့နောက် အောက်ကို တွန်းချ လိုက်သည့် အခါ ဖြူ ဖွေး အိညက်သော တင်ပါးတွေကို ကာထားသည့် အပြာရင့်ရောင် ခါးစည်း ကြိုးပြားတပ် အညိုရောင် ပင်တီလေး ပေါ်လာသည်။ ပေါင်တံတွေက လည်း ဖွေးနုနေ၏။ အောင် ဘညို(၃) ကိုယ့်ရင်ခုန်သံကိုယ်ပြန်ကြားရသည်။ ပါး စပ်ထဲမှာ သွားတွေ အချင်းချင်း ပွတ်တိုက်နေသံကိုလည်းကြားရသည်။ အသက်ရှုရတာလည်း ပင်ပန်းနေ သည်။

မူမမှန်တော့သော အောင်ဘညို(၃) ဆီက အသံတခုခု ကြားလိုက်လို့ထင်သည် ချိုချို လှည့် ကြည့်လိုက်ချိန်တွင် သူက အနားကိုတိုးကပ်သွားမိလေပြီ။

“ကို ...ဘာဖြစ်”

စကားမဆုံးခင်မှာပင် သူမကိုယ်လုံးလေးက အောင်ဘညို(၃) ရင်ခွင်ထဲ ဆွဲသွင်းခံလိုက် ရပြီး နှုတ်ခမ်းတွေ ကို လည်း အငမ်းမရ အနမ်းတွေက ပိတ်ဆို့ပစ်လိုက် သည်။ မွတ်သိပ် ကြမ်းတမ်း သော အနမ်းကို ချိုချိုကလည်း လှိုှုက်လှိုက်လှဲလှဲ တုန့်ပြန်သည်။ အောင်ဘညို(၃)၏ ကျောပြင် နှင့် ခါးကို တင်းနေအောင် ပြန်ဖက်ထားသည်။ ထိုအချိန်မှာ အောင်ဘညို(၃)ကတော့ ချိုချို့ ပင်တီကြားထဲကို လက်ထိုးထည့်ပြီး တင်ပါးတွေကို အားရ ပါးရ ညှစ်နေမိသည်။ ပေါင်ကြားထဲ က မာနေသည့်ဟာကြီး နှင့်လည်း ချိုချို့ ဆီးခုံကို အတင်းဖိကာ ပွတ်နေမိသည်။

နောက်ဆုံး ချိုချို့ ပင်တီလေးကို အောက်ကို အတင်းလျှောချကာ ချွတ်ဖို့ကြိုးစားချိန်တွင်  ချိုချို က ရင်ဘတ်ကို တွန်းပြီး လူချင်းခွာလိုက်သည်။

“ချို ချို ...ချိုချို”

အောင်ဘညို(၃)၏ အသံက အဖျားတက်သလို တုန်နေသည်။ သူ့ရင်ထဲမှာလည်း ချိုချို နှင့် အား ရပါးရ လိင် ဆက်ဆံပစ်လိုက်ဖို့ ကလွဲရင် ဘာမှမရှိတော့။ အတင်းလိုက်ဆွဲနေသည့် လက်တွေကို တွန်းဖယ်ရင်း ချိုချိုက

“ကို ...ကို့ စိတ်တိုင်းကျ ဖြစ်ရမယ် ..ခနလေး၊ ခနလေးပါ ကို ..ရယ်၊ ကို ..အောက်ခန်းလေး က စောင့်လေ၊ ချို အခုပဲလာမှာပါ”

“တ...တကယ်”

“မညာပါဘူး ကိုရယ်၊ တကယ်ပါ”

“တခါထဲ တူတူသွားမယ်”

ချိုချို သက်ပြင်းချလိုက်ရင်း တန်းက ထမိန်တထည်ယူ၍ ရင်လျားလိုက်သည်။ ပြီးတော့ အခန်း ဝကိုသွား ပြီး လိုက်ကာလေး အသာလှပ်ပြီး ထဲကို ချောင်းနေစဉ် စိတ်မထိန်း နိုင်တော့သည့် အောင်ဘညို(၃)က ချိုချို့ တင်ပါး နောက်မှာ သူ့ဟာကြီးနှင့် တေ့ကာပွတ် နေမိသည်။

“ကို ...ကတော့လေ ဖြစ်လိုက်ရင် အသည်း အသန်ပဲ”

ပြောင်စပ်စပ် မျက်နှာပေးနှင့် ပြောပြီး အောင်ဘညို(၃)၏ လက်ကိုဆွဲရင်း မီးဖိုခန်းက နေ ဖြတ် ကာ အောက်ကို ဆင်းလာရင်းနှင့်မှ လမ်းတဝက်တွင်

“အရေးကြီးတာ မေ့တော့မလို့ ခန နော်ကို”

သုတ်ကနဲပြန်တက်ပြေးသွားလို့ လှမ်းဆွဲတာပင် မမှီလိုက် ဒါပေမယ့် ချိုချို ချက်ချင်းလိုလို ပြန်ရောက်လာပါသည်။

“ကို ..ခေါင်း ကို သတိထားနော်”

အိမ်အောက်က သွားချိန်မှာ စိတ်နှင့် လူမကပ်သလိုဖြစ်နေသည့် အောင်ဘညို (၃)ကို ခေါင်း နှင့် ကြမ်းပြင် မ တိုက် မိ စေရန် သတိပေးခေါ်သွားရသည်။ အောင်ဘညို(၃) လည်း တကယ်ကို စိတ်က လွတ်ချင်နေပြီ ဖြစ် သည်။ ချိုချို နှင့် ဆက်ဆံဖို့က လွဲရင် ဘာမှမသိတော့။

အခန်းလေးထဲ ရောက်သည်နှင့် ချိုချို့ ကို နောက်ကနေ တွန်းလိုက်ရာ ကွပ်ပျစ်ကို လက် ထောက် ရင်း ကုန်း ကုန်းလေး ဖြစ်သွားသည်။

“အို”

ထမိန်ကို နောက်ကနေကြမ်းတမ်းစွာ ဆွဲချွတ်လိုက်သော ကြောင့် ချိုချို တောင်လန့် သွား သည်။အောက်မှာက ပင်တီတထပ် ကျန်နေသေးသေးသည်ကို ထပ်တွေ့လိုက်သည့် အခါ အောင်ဘညို(၃) ဒေါသတကြီး နှင့် တောက် ခေါက်လိုက်မိသည်။ အတင်းဆွဲချွတ် လိုက်ချိန် မှာတော့ ချိုချို ပြန်ထလာသည်။

“နေဦးလေ ..ကို.. ချို့ဖာသာ ချို ချွတ်ပါမယ်။ ကို လဲ ချွတ်ရဦးမယ်လေ”

အောင်ဘညို (၃) ပုဆိုးကို ကွင်းလုံးပုံချွတ်ပစ်လိုက်သည်။ အောက်က အတွင်းခံကို တော့ ရှေ့မှာ ဒူးထောက် ထိုင်ချလိုက်သော ချိူချိုက လျှော ချပေးသည်။ ဘောင်းဘီ လျောကျ သွားသည် နှင့် အောက်က ဟာကြီးက လည်း ဗြောင်းကနဲ ကန်ထွက်လာသည်။

“ချိုချို လဲ ချွတ်ရမယ် ...အကုန်ချွတ်”

“ချွတ်မှာပါ ကိုရယ်၊ ကို့ကို အရင်လုပ်ပေးနေတာပါ”

အတွင်းခံ ဘောင်းဘီ အလိပ်လိုက်ကို အောင်ဘညို(၃) ခြေနှင့် ခတ်ထုတ်လိုက်တာကို မြင် သည့် အခါ ချိုချို ခပ်တိုးတိုးရယ်သည်။

“သူ့စိတ်ချည်းပဲ ..”

ပစ်စစ်ပေါ်က ဒုံးပျံလို ကော့ထောင်နေသည့် ဟာကြီးကို ချိုချိုက သုံးလေးချက် ခပ်သွက်သွက် တိုက်လိုက်ပြီး နောက် ဘယ်အချိန်က သူမ လက်ထဲရောက်နေသည် မသိ သည့် ကွန်ဒွန် အ ထုပ်ကို ဖောက်ကာ သပ်သပ်ရပ် ရပ်စွပ်ပေးသည်။ စွပ်ပြီးသည် နှင့် အောင်ဘညို (၃)က သူမ ကို အတင်းဆွဲထူပြီး ကွပ်ပျစ်ပေါ်တင်သည်။

“ကို ကလဲ လောလိုက်တာ၊ မှုတ်ပေး ဦးမယ်လေ၊ ကိုကြိုက်တယ် မဟုတ်လား၊ ဒီမှာ ထိုင် လိုက်”

ပါးကို လက်ကလေးနှင့် ပွတ်ကာချော့ရင်းပြောလိုက်သဖြင့် အောင်ဘညို(၃) လည်း ကွပ် ပျစ်ပေါ်ကနေ ခြေတွဲ လောင်းချရင်း ထိုင်လိုက်ရသည်။ ချိုချိုက ဘရာစီရာကို အရင်ချွတ် နေသဖြင့်

“အကုန်ချွတ်”

“အင်းပါ ကိုရဲ့”

မျက်စောင်း နှင့်ပြောရင်း ပင်တီလေးကိုပါ ချွတ်ချလိုက်သည်။ အသားဖြူလို့ထင်သည် မတို မရှည် အမွှေးတွေက ပိုပြီးနက်မှောင်နေသည်။ သူစိုက်ကြည့်နေမိသော တြိဂံပုံ အမည်း ကွက် ကလေးက ချိုချို ထိုင်ချလိုက်သည့် အ တွက် မြင်ကွင်းကနေ ဖျပ်က နဲ ပျောက်သွားသည်။

ပွဲစတာနှင့် ချိုချိုက ပါးစပ်ထဲကို တချောင်းလုံးထိုးထည့်ပြီး အားရပါးရ စုပ်ပစ်လိုက်ရာ အောင် ဘညို(၃)၏ ကိုယ် လုံးကြီး တဆတ်ဆတ်တုန်သွားရသည်။

“အား ..ချိုချို ...ဟင်း ...ဟင်း”

မနေနိုင်ဘဲ ထုတ်ညည်းလိုက်ရသည် အထိ ချိုချို့ စုပ်ချက်ကပြင်းသည်။ ထို့နောက်မှာ တော့ အောင်ဘညို (၃) လည်း ပေါင်ကြီးဖြဲကာ ခါးကိုအတင်းကော့ကာ ကော့ကာပေး နေမိသည်။ ချိုချို့၏ ကျွမ်းကျင်မှုက ရင်ထဲမှာ တ လှပ်လှပ်ဖြစ်လောက် အောင်ကောင်း သည်။

“ကောင်းလိုက်တာ ....ဟား...ကောင်းလိုက်တာ”

တုန်ရီသော အသံကြီးဖြင့် မချင့်မရဲပြောမိတော့ ချိုချိုကပင် တားယူရသည်။

“ကို ..တိုး ..တိုး..ပြောပါ၊ မေမေ အပေါ်က ကြားသွားမယ်”

“ကောင်းလို့ပါ ..ချိုချိုရယ်”

ချိုချို ပြောတုန်းခန မှာ ဆင်ခြင်လိုက်မိပေမယ့် ချက်ချင်းလိုလိုပြန်မေ့သွားပါသည်။ ဒါပေမယ့် အသံ သိပ်မထွက် တော့ဘဲ ချိုချို့ ခေါင်းကို ပွတ်လိုက် ရင်သားတွေကို လှမ်းလျှို နှိုက်ပြီး အတင်း ညှစ်လိုက် နှင့် ထင်တိုင်း လုပ် နေမိသည်။ ဖြူဖွေးသော အသားပေါ်မှာ လက် ရာကြီးတွေ အထင်းသားထင်အောင်ညှစ်သည်။ နို့သီးခေါင်းတွေကို  အတင်းလိမ်ပြီးညှစ်သည့် အခါ ချိုချို့ ကိုယ်လုံးလေး တွန့်လိမ်သွားသော်လည်း ကြိတ်မှိတ် ခံရှာသည်။ အောင် ဘညို(၃) ကတော့ ညှာတာရကောင်းမှန်း မသိတော့ပါ။ ချိုချို၏ အယုအယ ကိုခံရင်း လုပ်ချင်ရာ လုပ်ခွင့်ရတာကို အကျေနပ်ကြီး ကျေနပ်နေမိသည်။

ပလပ်ပလပ်နှင့် ကြားနေရသည့် အသံကလည်း နားဝင်ချိုလွန်းသည်။ ချိုချို့ နှုတ်ခမ်းလေး တွေ၊ လျှာကလေး နှင့် အထိအတွေ့ အားလုံးက အောင်ဘညို(၃)ကို ဖမ်းစားထားသည်။ သူ့ ဟာကြီး မာသထက်မာ တင်းသထက် တင်း လာတာကိုလည်း သတိထားမိရင်း စိတ်ထဲ မှာ ဘာ ကိုမှန်းမသိ အလွန်ကျေနပ်နေမိသည်။ ထို့နောက်မှာတော့ အောင်ဘညို (၃) စိတ်ထဲမှာ ဘာမှ မရှိတော့သလို ဖြစ်သွားသည်။ ဘာလုပ်လို့ လုပ်မိမှန်း မသိတော့ပါ။

သတိပြန်ဝင်လာချိန်တွင် အနေအထားက ပြောင်းပြန်ဖြစ်နေသည်။ ခုနက ကြမ်းပြင်မှာ ဒူး ထောက်လျက်ကလေး ရှိနေသော ချိုချိုက ကွပ်ပျစ်ကို မှီလျက်အနေ အထားဖြစ်နေပြီး ခေါင်းကလေးက ကွပ်ပျစ်ပေါ် မှာတင်နေသည်။ ကွပ်ပျစ်မှာ ခြေတွဲလောင်းချထိုင်နေသည့် အောင်ဘညို(၃)က ချိုချို့ မျက်နှာပေါ်မှာ ခွလျက်သား ဖြစ်နေပြီး သူ့ဟာကြီးက ချိုချို့ ပါးစပ် ထဲမှာ ...

“ဟာ”

ကိစ္စပြီးသွားပြီဆိုတာကို သတိထားလိုက်မိ၍ အလန့်တကြားပြန်ဆွဲထုတ်ဖို့ ကြိုးစားသော် လည်း ပေါင်နှစ်ဖက်ကို ချိုချိုက သိုင်းဖက်ထား၍ ရုတ်တရက် ထလို့မရပါ။ ပြီးတော့ ချိုချိုက အောက်ကနေ သာသာလေး ဆက်စုပ်ပေး နေသည့် အတွက် ဘယ်လိုကြီးမှန်း မသိသည့် ခံစားမှုနှင့် အတူ အောင်ဘညို(၃) မျက်လုံးတွေ ကို မှိတ်လိုက်မိ သည်။

“ကိုယ် ...ကိုယ် ..ပြီးသွားပြီ”

“အင်း ..သိတယ်”

အောင်ဘညို(၃) ပြန်လွှတ်ပေးလိုက်ပြီး ချိုချိုက နွမ်းလျသည့် အသံလေး နှင့် ခပ်တိုးတိုး ပြန်ဖြေသည်။

“ကိုယ် ...ကိုယ်လေ”

အိမ်ကြမ်းပြင်နှင့် မတိုက်မိအောင် ကုန်းကုန်းကြီးရပ်ရင်း အောင်ဘညို(၃) တောင်းပန်ဖို့ ကြိုး စားမိသည်။ ချိုချိုက တော့ ခေါင်းတောင် ပြန်မကြွသေးဘဲ ဆက်နေရင်း ရီဝေသည့် မျက်လုံး တွေ နှင့် စိုက်ကြည့်နေသည်။ ချိုချို့ ပါး စပ် နှင့် ပါးပြင်မှာ တံတွေးတွေ နှင့် ရွှဲနေ သည်။ မျက် နှာက ကျန်သည့်နေရာတွေ နှင့် လည်တိုင် ပုခုံးတို့တွင် လည်း ချွေးစက်ချွေး ပေါက်တွေ သီး လို့နေသည်။

“ဘာပြော ဦးမလို့လဲ၊ မပြောပါနဲ့ ကိုရယ်”

ခေါင်းလေးကို အသာအယာ ပြန်ကြွရင်း ချိုချိုပြောသည်။ ထို့နောက် ပြန်ပြီးပျော့ခွေစ ပြုနေ သည့် အတံကြီး ပေါ် က အစွပ်ကို ဖြေးဖြေးချင်း ချွတ်ပေးသည်။

“ကိုယ်..ကိုယ် ..တောင်း ...တောင်းပန်”

အလိုမကျသလို သုန်မှုန်သွားပြီး အကြည့်စူးစူး နှင့် ကြည့်ခြင်းခံလိုက်ရ၍ အောင်ဘညို(၃) စ ကားတပိုင်း တစနှင့် ရပ်လိုက်သည်။ အောင်ဘညို(၃)ဖက်ကို လှည့်ထိုင်နေရာမှ ချိုချို ဘေးကို လှည့်လိုက်ပြီး ဒူးလေးပိုက်ကာ ထိုင် လိုက်သည်။

“ကို ..ကို..ဟာလေ...တကယ် ..ကိုခက်တယ်။ ကို ..ဘယ်လိုလူလဲ၊ ကောင်းတယ်၊ ကောင်းတယ်၊ အဲလို စိတ် ဓာတ်ကြောင့်လဲ ချိုချစ်မိတာ။ ချစ်သွားတာ။ ဒါ ..ဒါပေမယ့် ကို ရယ်။ အဲ ဒါကြီးက တစိမ်းဆန်တယ်။ ကို ..အဲဒါကို သဘောပေါက်လား။ ကို ဘာလုပ်လုပ် ချို ကျေ နပ်တယ်။ အဲဒီ တောင်းပန်တာ၊ တစိမ်း ဆန်တာကို မကျေနပ် ဘူး။ ကို ..ကို ..အဲဒါ ကို နား လည်လား”

အောင်ဘညို(၃)ကို မကြည့်ဘဲ ရှေ့တည့်တည့်ကို စိုက်ကြည့်ကာ တတွတ်တွတ်ပြောရင်း မျက် ရည်တွေကျ လာ သည့် အတွက် ချွတ်ချထားသည့် ပုဆိုးကို ပြန်ကောက်ယူရန် လက်လှမ်း ပြီးတော့မှ ပြန်ရုပ်လိုက်ပြီး ချိုချို့ ဘေး မှာ ငုတ်တုတ် ထိုင်ချလိုက်မိသည်။ အရမ်း စိတ်မ ကောင်း ဖြစ်သွားတာက သိသာနေသောကြောင့် တတ်သမျှ မှတ်သမျှ ဖြေသိမ့် ပေးရပေ တော့ မည်။

ချိုချို့ သဘောကိုလည်း အရင်ကထက်ပိုနားလည် သွားသလိုရှိသည်။ ချိုချို လိုချင်တာက သူ့ စိတ်ခံစားချက်ကို နားလည်ပေးဖို့ ဖြစ်သည်။ အားနာတာတွေ ရှက်ရွံ့တာတွေ၊ ထိန်းချုပ် တာ တွေ လူကြီးလူကောင်း ဆန်ပြဖို့တွေ ချိုချို နှင့်သူကြားမှာ ထားနေသရွေ့ ချိုချို စိတ် အနှောက် အယှက်ဖြစ်နေရမည်ပင်။

“ဟို လေ...ကိုယ် ..ကိုယ် ..ဆိုလိုတာက ...ခုန ကိုလုပ်မိတာက ချိုချို ...ဇက်ကျိုးပြီး ဖြစ်ဖြစ်၊ အသက်ရှူကြပ်ပြီး ဖြစ်ဖြစ် သေသွား နိုင်တယ်လေ..အဲ ..အဲဒါ ..ကိုပဲ ကိုယ်က..”

“သေပစေပေါ့၊ သေလဲ အေးတာပဲ”

“ကိုယ် ..လူသတ်မှု ဖြစ်တော့မှာပေါ့၊ တရား ရုံးမှာ ကောင်မလေး ဘယ်လိုသေတာလဲ ..မေး ရင် ..ဘယ်လို ဖြေ ရမလဲ”

“အမှန် အတိုင်းပြောလိုက်ပေ့ါ ...ခစ် ..ခစ်..ကို အဲလိုဆို ဒုက္ခပဲ နော်”

အလျှောက် ကောင်းသလို ဖြစ်သွား၍ ချိုချို့ မျက်နှာ ပြန်ကြည်ပြီး ပြုံးယောင်ယောင်လေး ဖြစ် လာသည်။

“ချိုလဲ သေ၊ ကိုယ်လဲ ထောင်ထဲ ရောက်ဆိုရင် ဒေါ်ဒေါ့်ကို ဘယ်သူ ပြုစုမလဲ”

“ကဲပါ၊ ဟုတ်ပါပြီ၊ ကို လဲ ..ထတော့ ..ဟိုမှာ အောက်ကို တိုက်ပြီး သဲတွေပေကုန်ဦးမယ်”

ချိုချို သတိပေးလိုက်မှ အောင်ဘညို(၃)လည်း ကမန်းကတန်းကုန်းထပြီး လက်နှင့် ခါမိသည်။

“နည်းနည်းပါ ..ဟဲ ..ဟဲ”

ချိုချို့ အပေါ် ရှက်စိတ်မထားတော့ဟု အောင်ဘညို(၃) ဆုံးဖြတ်ချက်ချလိုက်ပါသည်။

“ချိုလဲ ဒီတိုင်းထိုင်နေတာ မပေဘူးလား”

“နည်းနည်းတော့ ပေမှာပေါ့..ဟင်း ..ဟင်း”

ခပ်ပြုံးပြုံးပြောရင်း လက်ကမ်းပေးသဖြင့် အလိုက်တသိဆွဲထူလိုက်ရသည်။ ချိုချို့ ရင်သားမှာ လက်ရာကြီးတွေ ထင်နေတာကို အခုမှ သေချာစွာမြင်ရသည်။ လက်နှင့် မရဲ တရဲလေး တို့ ကြည့် မိရင်း

“ကိုယ် ..ဘာတွေလုပ်မိမှန်းတောင် မသိပါဘူး၊ ချိုချို နာမှာပဲနော်”

ချိုချို့ မျက်နှာတွင် လျှို့ဝှက်သော အပြုံးလေး တခုပေါ်လာသည်။

“နာလဲ ..နာတယ်၊ မနာလဲ မနာဘူး၊ သိပလား”

“မသိဘူး”

“မသိရင် ဒီမှာ ခနထိုင်နေဦး၊ အဝတ်ပြန်မဝတ်နဲ့ ဦးနော်”

ချိုချို ထမိန်ပြန်ဝတ်ပြီး ထွက်သွားသည်။ အခုနေများ အိမ်အောက်ကို တယောက်ယောက် ဝင်လာလျှင် ကိုယ်အောက်ပိုင်း ဗလာကျင်း ကာ ကွပ် ပျစ်ပေါ် တွင် ထိုင်နေသော အောင်ဘညို(၃)ကို မြင်ပြီး ပါးစပ်အဟောင်းသားနှင့် အံ့သြ သွားနိုင်သည်။ သူကိုယ်တိုင် လည်း ဘာဖြစ်လို့ ဒီလိုဆက်ထိုင်နေမိမှန်းမသိပါ။ ချိုချို စိတ် မကောင်း ဖြစ်သွားမှာစိုးလို့ ဖြစ်နိူင်ပါသည်။ သေသေချာချာတော့ မသိပါ။

ချိုချို ပြန်ဝင်လာချိန်မှာတော့ မသိမသာ မျက်နှာလွှဲထားမိသည်။

“ကို..က..လိမ်မာတယ်။ ပြောစကား နားထောင်သားပဲ”

ဟိုတခါတုန်းကအတိုင်းပင် ရှေ့မှာဒူးထောက် ထိုင်ပြီး အောင်ဘညို(၃)၏ ပစ္စည်းကြီးကို ရေစို အဝတ်လေးနှင့် ပွတ်ပြီးသေသေချာချာ သန့်ရှင်းပေးသည်။ မျက်နှာ ပူပူ နှင့်ပင် ဆက် ထိုင် နေ ရ၏။ ပြီးသွားတော့လည်း လက် နှင့်ကိုင်ပြီး ထောင်လိုက် လှဲလိုက် ဆွဲလိုက်နှင့် ကြည့်နေသော ကြောင့်

“ဘာ ...ဘာ...ဖြစ်လို့လဲ”

“အော် ...သွားနဲ့ ထိုးမိပြီး ပေါက်ပြဲကုန်ပြီလားလို့၊ သိပလား”

မျက်စောင်းလေး နှင့် ပြောရင်း ထရပ်လိုက်သည်။

“ပြီးရင် ..မေမေ့ ကို သွားကြည့်ထားပေးဦးနော်။ ချိုကတော့ ရေတခေါက်ပြန်ချိုးမှ ဖြစ်တော့ မယ်”

အောင်ဘညို(၃) ပေါင်ကို ခပ်ဖွဖွလေး ညှစ်ရင်းပြောလိုက်ကာ ကျနေသည့် ဘရာစီယာ နှင့် ပင်တီကို ကောက်ယူ ပြီး ထွက်သွားသဖြင့် အောင်ဘညို(၃) လည်း ယောင်တောင်တောင် နှင့် ပုဆိုး ပြန်ကောက်ဝတ်ပြီး အိမ်ပေါ်ပြန် တက်ခဲ့ရတော့သည်။

.....................................

အနမ်းက ကြာလာသည်နှင့် အမျှ ချိုချို့မျက်လုံးလေးတွေက မှေးစင်းကျလာပြီး နောက်ဆုံး တွင် လုံးဝပိတ်သွား သည်။ အိစက်နွေးထွေးသောကိုယ်လုံးလေးက အောင်ဘညို(၃) နှင့် နံ ရံကြားမှာ အတင်းဖိကပ်ခံထား ရသော် လည်း အောင်ဘညို(၃)ကို မလွတ်တမ်းပြန်ပြီး တင်း တင်း ဖက်ထားသည်။ အသက်ကို မရှုနိုင်လောက်အောင် မောသွားမှ အောင်ဘညို(၃) က အ နမ်းကိုရပ်လိုက်သည့် အခါ ချိုချိုလည်း အသက်ရှုသံ မမှန်တော့ပါ။

ဘယ်ကနေ ဘယ်လိုဒီလို ဖြစ်သွားတာလဲဟု အောင်ဘညို(၃) စဉ်းစားလို့မရပါ။ ခုနက အဖြစ် အပျက်မှာ ရမ္မက် မပါဘူးဆိုတာကိုတော့သေသေချာချာသိသည်။ ချိုချို့ ကိုယ်လုံးလေး နှင့် ဒီလောက်တောင် ထိတွေ့ပွတ်သပ်နေ မိချိန်တွင် ညီတော်မောင်က ယောင်လို့တောင် ခေါင်း ထောင်ထမလာပါ။

ဒီနေ့ ရောက်လာကထဲက ချိုချို လှနေသည်ဟု ထင်မိသည်။ မိုးရွာထားလို့ နည်းနည်းအေး နေ သည်ဆိုပြီး ဝတ် ထား သည့် ဆွယ်တာလက်ရှည်လေးက ချပ်ချပ်ရပ်ရပ် နှင့် အပေါ်ပိုင်း ကောက် ကြောင်းတွေကို ပိုပြီးတိကျစေ သည်။ အနားကို ကပ်သွားတော့ ပါးပြင်က သနပ်ခါး ပါး ကွက်ထူထူ နှစ်ခုဆီက သနပ်ခါးနံ့လေးက သင်းနေသည်။ ဒါကြောင့်လည်း တံခါးလာဖွင့် ပေး သည့် ချိုချို့ကို အကြာကြီးကြည့်မိတာကို ဘယ်လိုသဘောပေါက်သည် မသိ ဒေါ်အေး ကြည် ရှိရာ အခန်းဝဆီမရောက်ခင်မှာ ချိုချိုကလည်း လူချင်း အတင်းကပ်လာသည့် အတွက် စိတ် ကျေနပ်အောင် ပါးတဖက်ကို အသာနမ်းလိုက်ရသည်။

“သနပ်ခါး လိမ်းရကျိုး နပ်သွားပြီ” 

ဟု ခပ်တိုးလေးပြန်ပြောရင်း ချိုချိုက အကြာကြီးပြန်ဖက် ထားသည်။ အောင်ဘ ညို(၃) ပါးကိုလေးဖွဖွလေး အကြာကြီးနမ်းသည်။ အဲဒီတုန်းကတော့ ဒီလောက်ပဲ ဖြစ်သည်။ ဒေါ်အေးကြည်ကို အစားကျွေး ဆေးတိုက်ပြီး အိပ်ပျော်သွားလို့ ပြန် ထွက်လာကြချိန် ကျမှ အောင်ဘညို(၃) ချိုချို့ ကို ဖက်ပြီး နှုတ်ခမ်းတွေကို နမ်းမိ သည်။ ဘာရယ် လို့တော့မဟုတ် ကြင်ကြင်နာနာ ယုယုယယ ဆက်ဆံတာကို ချိုချို သ ဘော ကျမှန်း သိနေလို့ လုပ်လိုက်မိခြင်း ဖြစ်ပါသည်။ ချိုချိုကလည်း လှိုက်လှိုက်လှဲလှဲ ပင်တုန့်ပြန်လာသည့် အ တွက် နမ်းရင်း နမ်းရင်း နံ ရံ ဆီ ကိုရောက်သွားကြခြင်း ဖြစ်သည်။

“ကို”

“ဘာလဲ ချိုချို”

“အောက်ကို သွားချင်လားဟင်”

ရုတ်တရက် အောင်ဘညို(၃) ကြောင်သွားသည်။ နောက်မှ ချိုချို့၏ အရည်လည်နေသော မျက်ဝန်းတွေကို ကြည့်ရင်းသဘောပေါက်သွားသည်။

“အာ ...မသွားပါဘူး၊ ကိုယ်တို့ ဒီနားမှာပဲ ထိုင်ကြတာပေါ့”

“တကယ်လား ..ဆရာကြီးရယ်”

ပြောရင်းနှင့် ချိုချိုက အောင်ဘညို(၃) ခါးကို တင်းတင်းဖက်လိုက်ရာ ဆီးခုံချင်းပိုပြီး ထိကပ် သွားကြသည်။ ထို အိစက်သော အထိအတွေ့က အောင်ဘညို(၃)၏ သွေးခုန်နှုန်း တွေ မြန် မလာစေပါ။ ထူးခြားမှု မရှိတာကို ချိုချို လည်းသဘောပေါက်သွားပုံရသည်။ ပြုံး စိစိ မျက်နှာ ပေးနှင့် ကြည့်ရင်း

“ဒါဆိုလဲ ဒီမှာ ထိုင်ကြတာပေါ့နော်”

အောင်ဘညို(၃)က နံရံကို မှီထိုင်ကာ ချိုချိုက သူ့ရင်ခွင်ကို ကျောမှီရင်း ထိုင်လိုက်ကြသည်. ချို ချိုက  အောင် ဘညို(၃) လက်နှစ်ဖက်ကို ပြီး သူမ၏ ဗိုက် အထက်နားတွင် ယှက်ကာ အ ပေါ် ကနေ ဖိအုပ်ထားသောကြောင့် အောင်ဘညို(၃) လည်း အလိုက်သင့်လေး ဖက် ထား လိုက်ရသည်။

“ကို”

“ဘာလဲ ..ဟင်”

“ချို ..ဝလာတယ် သိလား”

“ထင်လို့ပါ၊ကိုယ်တော့ သတိမထားမိပါဘူး”

“မနက်က ရေချိုးတုန်းက ကြည့်မိတာ ဗိုက်ခေါက်နဲနဲပိုပူလာသလိုပဲ၊ မေမေ ကလည်း ညည်း မျက်နှာဖောင်းလာ တယ်တဲ့”

“ဆေးရုံက ဆင်းခါစ ရက်တွေထက်စာရင်တော့ ဟုတ်ပါတယ်။ အဲဒီတုန်းက မျက် နှာ တော်တော်ချောင် ကျနေ တာ”

“အဲဒီတုန်းကတော့ လူရော စိတ်ရော အရမ်းပင်ပန်းတာကိုး၊ ကို ကလည်း ပစ်သွား သေးတယ် လေ...ဟင်း... ဟင်း”

ဘာကြောင့်ဆိုတာ ဖြေရှင်းစရာ စကားလုံးကလည်း ရှားသည့် အတွက် အောင်ဘညို(၃) နှုတ် ဆိတ် ငြိမ်နေ လိုက်ရသည်။ လက်ကလည်း လုပ်မိလုပ်ရာ ချိုချို့ ဗိုက်ကို ပွတ်ပေးနေမိ သည်။

“ဗိုက်ပူလာတယ် ဆိုလို့စမ်းတာလား”

“အင်း ..”

ပြီးစလွယ်ဖြေလိုက်တာကို ချိုချိုက သဘောကျပြီးရယ်တော့ အောင်ဘညို(၃) သက်ပြင်း မသိ မသာ ခိုးချမိသည်။

“စောစောတုန်းကတော့ ချမ်းစိမ့်စိမ့်နဲ့၊ ခုကျတော့ အိုက်လာပြီ”

တော်တော်ကြီးကြာတော့ အောင်ဘညို(၃)နှင့် သူမ ကြားမှာညပ်နေသော ဆံပင်ရှည်တွေကို ဆွဲ ယူ ကာရှေ့သို့ ပို့ရင်း ချိုချိုပြောသည်။

“ဒါဆိုလဲ အနွေးထည်ချွတ်လိုက်လေ၊ လာ ..ကိုယ်..လုပ်ပေးမယ်”

ပြောပြောဆိုဆို နှင့် အင်္ကျီကို မလိုက်ရာ ခါးဝင်းဝင်းလေး ပေါ်လာသည်။ ဆက်ပြီးမတင်ဖို့ အောင်ဘညို(၃) လက် တွန့် သွားတော့ ချိုချိုက ရယ်ရင်း

“တထပ်ထဲ ..ကိုရဲ့၊ ဆွယ်တာသားက အရမ်းထူလို့ တထပ်ထဲဝတ်ထားတာ”

“အော်”

“ချိုသွားလဲ လိုက်ဦးမယ်”

ချိုချို ထွက်သွားချိန်တွင် အောင်ဘညို(၃) နံရံကို မှီထားရင်း ဘာတွေဖြစ်နေတာလဲဟု ဇေ၀ဇဝါ နှင့် ကျန်ခဲ့သည်။ သူနှင့် ချိုချို တို့၏ ပတ်သက်မှုသည် ဘယ်လိုမျိုးလဲဟု ခုရက် တွေမှာ ဒီလိုပဲ မကြာမကြာတွေးမိတတ်သည်။ ချို ချို့ အနေအထိုင်နှင့် အပြောအဆိုတွေ ကျတော့ သ မီး ရည်းစားတောင်မက လင်မယားလိုမျိုး ဖြစ်နေသည်။ ဒီကို ရောက်နေသည့် အချိန် တွေ ဆို ရင် မျက်စေ့အောက်က အပျောက်မခံဘဲ ဒေါ်အေးကြည် လစ်သည်နှင့် ပွတ် သီး ပွတ် သပ်နှင့် ပူးပူးကပ်ကပ် လိုက်ပြီးနေနေပုံက ညားခါစ လင်မယားနှင့် တူနေသည်။

မိမိဖက်ကရော ဘယ်လိုလဲ။ ချိုချို စိတ်ချမ်းသာအောင် လိုက်လျောနေမိသည်လား။ ဒါမှ မ ဟုတ် မျောပါမိ နေပြီ လား။ အောင်ဘညို(၃) မတွေးတတ်ပါ။ ချိုချို့ကို သနားသည်။ ကူညီ ချင် သည်။ သံယောဇဉ် ဖြစ်မိသည် ဆိုတာ လောက်ကိုပဲ ရေရာစွာ သတ်မှတ်နိုင်ပါသည်။ ကျန်တာ တွေတော့ မသိ။

“ကိုရေ”

အနားကို ချိုချို ပြန်ရောက်လာတော့ မြန်လိုက်တာဟု တွေးမိသည်။ ခုန ချမ်းတယ် ဆိုသော ချို ချိုက အခုကျ ပြန် တော့ ချည်သား ဘလောက်စ် လက်ပြတ်လေးဝတ်လာသည်။ ကြယ်သီး တပ် ရင်းနှင့် အနားကို ရောက် လာခြင်း ဖြစ်လို့ ပန်းနုရောင်ဖျော့ဖျော့ ဘရာစီယာ နှင့် အောက်က ရင် နှစ် မွှာကို မြင်နေရသည်။ ဘရာစီယာ ခွက်နှင့် လွတ်နေ သည့် တချို့နေရာ တွေမှာ နီတီတီ အရာလေးတွေ ကမပျောက်သေး။ အောင်ဘညို(၃) မျက်လုံးက ဘယ် ဆီ ရောက်သွားသည်ကို ချိုချိုလည်း သိသည်။ မျက်စောင်း တချက်ဝင့် လိုက်ရင်း

“အဲဒါ ..ကိုလုပ်တာ”

အောင်ဘညို(၃) မျက်နှာနွေးကနဲ ဖြစ်သွားရသည်။ စိတ်ထနေတုန်း လုပ်မိတာတွေကို ပြီးသွား ရင် အံ့သြမိ မျက်နှာ ပူမိရတတ်သည်။

“နာ ..နာ သေးလား”

“မနာတော့ပါဘူး၊ အရာတွေပဲ ရှိတော့တာပါ၊ နောက် တရက် နှစ်ရက်ဆို ပျောက်သွား မှာပါ”

“အဲဒီတုန်းက တော့နာမှာပေါ့နော်”

ကြယ်သီးတပ်ပြီးသွားသည့် ချိုချိုက အောင်ဘညို(၃) ခါးကို ဖက်လိုက်ပြီး

“အဲလို နာလေ၊ ချိုက ကို့ကို ချစ်လေပဲ”

“ဘယ်..ဘယ်လို”

ချိုချို ဘာကိုဆိုလိုတာလဲ ...အောင်ဘညို(၃) နားမလည်ပါ။

“ကိုရယ်”

ချိုချို့ဖက်တွယ်မှုက ပိုတင်းကြပ်လာသည်။ အောင်ဘညို(၃) ပုခုံးမှာ ခေါင်းတင်ရင်း လေ သံတိုးတိုးလေးနှင့်

“ထိပ်တွေဆိုရင် အရမ်းနာပြီး ကျိန်း နေလို့ အဲဒီညက ဘရာမဝတ်ဘဲ နေလိုက်တယ်။ ကို့ ကို သတိရတော့ ကိုယ့် ဖာသာ လက်နဲ့ပြန်ချေကြည့်တာ ..ကို့ ..ကို့ နားမှာ နေနေရသလိုပါပဲ”

သူချစ်တာ တမျိုးပါလားဟု နားမလည်စွာ တွေးမိသော်လည်း အောင်ဘညို(၃) တင်းတင်း လေး ပြန်ဖက် ထားမိ ပါ သည်။

“ခု ..မနာတော့လို့ ချိုက စိတ်မကောင်း ဖြစ်နေတာ၊ ဒါတောင် ..ချိုနဲ့ ကိုနဲ့ ဟိုလို မနေရသေး ဘူး နော်၊ နေပြီးရင် တော့ ချိုရူးမလား မသိဘူး။ ကိုယ့်စိတ် ကိုယ်မနိုင်လို့ ကို့ ကို ပေး မနေတာ”

ဟိုတနေ့ကလည်း အောင်ဘညို(၃) တောင်းဆိုသေးသော်လည်း ချိုချို ခွင့်မပြုတာကို ရေး တေးတေး မှတ်မိနေ သည်။ သူ့ဟာကြီးကို မလွတ်တမ်းခဲထားသည့် အတွက် ပါးစပ်ထဲကိုပဲ လုပ်ခဲ့ရသည်။ အားလုံးကတော့ ရေရေရာ ရာ မသိတော့ပါ။

“ဒါဆို ..ဒီနေ့ ထပ်ညှစ်ပေးခဲ့ရမလား”

“အမယ်လေး ...စိတ်ပါမှ ပြောပါကိုရယ်၊ ကို့ အရိပ်အကဲကို ချို ကောင်းကောင်းသိနေပါပြီ၊ မျက် လုံးကို ကြည့် တာနဲ့ ခွဲတတ်နေပြီ၊ အမူ အရာကလဲ တခြားစီပဲ”

“အဲဒီလောက် ကွာသလား”

“ကွာတာပေါ့”

ထိုအချိန်တွင် အောင်ဘညို(၃)က ဘာမပြောညာမပြောနှင့် လူချင်းခွာလိုက်၍ ချိုချို မျက်လုံး ဝိုင်းသွားသည်။

“ကို ...ဘာဖြစ်”

ရုတ်တရက်ထပြီး သူမ၏ အင်္ကျီကြယ်သီးတွေကို ဖြုတ်နေသော အောင်ဘညို(၃) လက်တွေ က တုန်နေသည်။

“ကို ... ဘာလုပ်မလို့လဲ”

ရင်တွေခုန်နေသောကြောင့် အောင်ဘညို(၃) ဘာမှပြန်မဖြေနိုင်။ နားလည်ပုံမရသော် လည်း ချိုချို ကူဖြုတ် ပေးသည်။

“အိမ်ရှေ့ကြီးမှာကွယ်၊ ဘယ်လိုဖြစ်ရပြန်တာလဲ”

“ဘယ်သူမှ မမြင်ပါဘူး”

“အင်းပါ...ကို စိတ်ကျေနပ်ရင်ပြီးတာပဲ”

ပန်းနုရောင်ဘရာစီယာ၏ ကြောင့် ရင်သား အပေါ်ခြမ်းမို့မို့ မှာပါ ပန်းရောင်သမ်းနေသလို ထင် ရသည်။ ခွက်ကို အောက်ကိုတွန်းချ တော့ သိပ်မကျချင်။ အပေါ်ကို တွန်းတင်တော့ လည်း တ ခုခုခံနေသလိုမျိုး နှင့် အဆင်မ ပြေပါ။

 “ဘာဖြစ်နေတာလဲ ကိုရယ်” 

ဟု နားမလည်ဟန်နှင့် မေးသော်လည်း နောက်ကျောကို လက် နှိုက် ပြီး ချိတ်ဖြုတ် ပေးသည်။ ဒီတော့မှ လွယ်လွယ်ကူကူ အပေါ်ကို မ တင်လို့ရသွားသည်။ အ ထိန်းလွတ်သွားသည် နှင့် ရင်သား တွေက အောက်ကို နည်းနည်းအိကျသွားသည်။ ကြည့်ရ ဆိုးလောက်အောင် တွဲကျနေတာမျိုးတော့ မဟုတ်ပါ။ နီညိုရောင် ရင့်ရင်း နို့သီး ဝိုင်းလေး၏ ပတ်လည်က အဖုလေးတွေကို အောင်ဘညို(၃) လက်ဖျားလေးနှင့် အသာ အယာ လိုက်တို့ ထိနေမိသည်။ ချိုချိုကတော့ အောင်ဘညို(၃) လုပ်သမျှကို မျက် တောင်မခတ် လိုက်ကြည့် နေ သည်။ ပါးစပ်ကတော့ ဘာမှမပြောပါ။ နို့သီး တဖက်ကို ကုန်း စုပ်လိုက်တော့ အောင်ဘ ညို(၃) ခေါင်းကို ညင်ညင် သာသာလေး ပွေ့ထားသည်။

အောင်ဘညို(၃) ဖွဖွလေး၊ ဖြည်းဖြည်းလေး စုပ်ပေးသည်။ တဖက်ကို စုပ်လို့ တော်လောက် ပြီထင်ရင် နောက် တဖက်ကို ပြောင်းသည်။ အနည်းငယ်လျော့လျဲသော်လည်း နုအိနေသည့် ရင်သားတွေကို လက်နှင့် ဖွဖွနယ်ပွတ် ပေးသည်။

“ကို ..ရယ်..”

အောင်ဘညို(၃) ခေါင်းပေါ်မှာ ပါးအပ်ရင်း ချိုချို တိုးတိုးလေး ညည်းရင်း ဖက်ထား၏။

အဓိက ကတော့ လှုပ်ချင်ရင် ထိန်းမရအောင်လှုပ်ပြီး ငြိမ်ချင်ရင် စွတ်ငြိမ်တတ်သော ကိုယ့် စိတ် ကို စမ်းကြည့်ချင် လို့ ဖြစ်သည်။ ရုတ်တရက်ပေါ်လာသည့် စိတ်ကူးကို အကောင်အ ထည် ဖော်ကြည့်လိုက်ပြီးမှာ ချိုချို နစ်မျောနေ တာကို မြင်ရတော့ အားနာ စိတ်တွေဝင်လာ သည်။ မိန်း ကလေးတယောက်နှင့် ဒီလောက် အနေအထားသို့ ရောက်နေသည့် တိုင်အောင် စိတ်လှုပ် ရှားမှု အနည်းငယ်ဖြစ်သည်မှ အပ ရမ္မက်ဆန္ဒက ပြင်းထန်စွာ ထကြွ လာခြင်းလည်း မရှိသည့် အတွက် ဟိုအရင်နေ့တွေ အတွေ့ အကြုံအရ ပန်းသေနေခြင်း မဟုတ်ဆိုတာကိုတော့ တွေးမိ သည်။

“ကို ..အောက်ကို ..သွားရအောင် ..ကို ရယ်”

ချိုချို့ အသံလေးက တုန်နေသည်။ အောင်ဘညို(၃)ကိုလည်း ပိုပြီး တင်းအောင် ဖက်လာသည်။ ထို့ကြောင့် နို့စို့ နေတာကို ရပ်ပြီး မဟတဟလေးပွင့်နေသော နှုတ်ခမ်းတွေကို နမ်းလိုက် သည့် အခါ ချိုချို ကလည်း အငမ်းမရ တုန့်ပြန်သည်။ အောင်ဘညို(၃) ရပ်လိုက်တာတောင်မှ မရပ်သေးသည့်အတွက် ပြန်မခွာတော့ဘဲ ခပ်ကြမ်းကြမ်း လေး နမ်းပေးလိုက်သည်။ ချိုချို က အောင်ဘညို(၃)ကို လွတ်ထွက်သွား မှာ စိုးသည့် အလား အတင်းဖက်ထား သည်။

ဒါပေမယ့် အောင်ဘညို(၃)၏ ညီတော်မောင်က ခုထက်ထိအေးအေးဆေးဆေး ပင် ရှိနေသည် မှာ ယုံချင်စရာ တောင်မရှိပေ။ ယောင်ယောင်လေး တင်းနေသည်မှအပ ဘယ်လိုမှ ဖြစ်မလာ။

“ကို ... အောက်ကိုသွားမယ်နော်၊ ဒီနားကြီး မကောင်းဘူး”

အောင်ဘညို(၃) ရင်ခွင်မှာ ပါးအပ်ရင်း အသက်ကို မောပန်းစွာ ရှူနေရသည့် ချိုချို က ပြော လိုက်သည်။ ကိုယ့် ဖက်က အဆင်သင့်မဖြစ်သည့် အတွက်ဒီမှာပဲ ရပ်လိုက်ချင်ပါပြီ။ ဒါပေမယ့် ခေါင်းညိတ်ပြလိုက်မိသည်။ ဒယီး ဒယိုင် နှင့် ချိုချို ထရပ် သည်။ ပြေ လျော့နေသည့် ထမိန်ကို ပြင်စည်းလိုက်ရင်း

“ကို ..သွားနှင့် နော်၊ မေမေ့ အခြေအနေကြည့်လိုက်ဦးမယ်”

အင်္ကျီကြယ်သီး ပြန်တပ်ရင်း ချိုချို ထွက်သွားတော့ အောင်ဘညို(၃)လည်း နောက်ဖေးဖက် ကနေပတ်ပြီး ဆင်း လာ ခဲ့သည်။ ချိုချို လည်း မရှေးမနှောင်း ပင်ရောက် လာသည်။ ထုံးစံအ တိုင်း လက်ထဲမှာ ကွန်ဒွန်လေးတခုနှင့်။

“အဲဒါ အသာထားစမ်းပါဦး”

ချိုချို့ကို ကွပ်ပျစ်ပေါ်တွန်းလှဲလိုက်ပြီး အပေါ်ကနေစီးမိုး၍နမ်းသည်။ ချိုချို က လည်း အောင် ဘညို(၃) လည် တိုင် ကို သိုင်းဖက်ပြီး တုန့်ပြန်သည်။ နမ်းလို့ ဝတော့ အင်္ကျီ ကြယ် သီးတွေ ဖြတ်သည်။ ဘရာစီယာကတော့ ချိတ်ပြန်မတပ်ရသေးလို့ အပေါ်ကို တွန်း တင်လိုက်ရုံပင်။ ပြီးတော့ အခုနအတိုင်း နို့တွေကို စို့ပေးချေပေးသည်။ ဒီတခါတော့ ငြင်ငြင် သာသာ မ ဟုတ် တော့ ခပ်ကြမ်းကြမ်းလေး လုပ်သည့်အတွက် ချိုချို့ဆီက ညည်းသံလေး တွေ ထွက်လာသည်။

လက်က ပေါင်ကြားထဲရောက်သွားချိန်မှာတော့ အတင်းတွန်းဖယ် သည်။

“ကို ...ကို ...ဘာလုပ်မလို့လဲ၊ ရွံစရာကိုရယ်”

ထမိန်ပေါ်ကတောင် အစမ်းမခံဘဲ လက်ကလေးနှစ်ဖက်ယှက်ပြီး အတင်းအုပ်ထားသည်။

“ကိုယ့် ကိုကျတော့ ချိုချို မရွံဘူးလား၊ ဘာထူးလဲ”

“ချိုက မိန်းမလေ၊ ကို ဘုန်းနိမ့်လိမ့်မယ်”

“ကြည့်ချင်လို့”

“ဘာရယ်”

“ချိုချို့ တကိုယ်လုံးကို ကြည့်ချင်တာ၊ အပေါ်က မြင်ဖူးပြီးသွားပြီဆိုတော့”

“ဟာကွာ ...ကို ကလဲကွာ”

“ကြည့်ရုံပဲ ကြည့်မှပါ”

“ကိုယ်တကယ်ပြောတာနော်”

“အင်း”

မယုံတဝက်ယုံတဝက် အမူအရာနှင့် ချိုချို ပက်လက်လှန်နေရာက ထထိုင်ပြီး ခါးက ထမိန်ကို ဖြေကာ အောက် ကိုလျှောချလိုက်သည်။ လက်ထဲမှာလည်း ထမိန်စကို ကိုင်ထားသည်။ အောင် ဘညို(၃) တခုခု လုပ်လိုက်ရင် ပြန်ဆွဲတင်ဖို့ ပြင်ထားတာ ဖြစ်ပုံရသည်။

“ဘာကြည့်ချင်စရာ ရှိလို့လဲ ကို ..ရယ်၊ ဟိုနေ့က လဲ ကိုက ချွတ်ဆိုလို့ ချိုအားလုံး ချွတ်ပေး တယ်လေ”

“ဟိုနေ့က သေသေချာချာ မမြင်လိုက်ရလို့”

အောင်ဘညို(၃) ထမိန်ကို အတင်းဆွဲချွတ်သည့် အခါ ချိုချို ပြန်ဆွဲသေးပေမယ့် အားချင်း မမျှ ၍ လွှတ်ပေး လိုက်ရသည်။

“ကို ...ဘာဖြစ်နေတာလဲ၊ တခါတလေ အရမ်းဇွတ်တရွတ်နိုင်တာပဲကွာ၊ ဘယ်လိုမှန်း မသိဘူး”

“ကြည့်ရုံလေးနဲ့ ဘာဖြစ်မှာမို့လို့လဲ”

“ကဲပါ ..သဘော ..သဘော”

အောင်ဘညို(၃)လည်း ဘာကြောင့် ဒီလိုတွေလုပ်မိနေသည်ကို ကိုယ့်ကိုယ်ကို မသိပါ။ ချိုချို့ ၏ အောက်ပိုင်းကို ကြည့်ချင်နေမိတာကတော့ အမှန်ဖြစ်သည်။ ခုချိန်အထိ အောက်က ကောင် က ထောင်မလာသေးသည်ကိုလည်း မချင့်မရဲဖြစ်နေသည်။ ခါတိုင်း အလကား နေရင်း တောင် ဒုက္ခပေးတတ်သည့် ညီတော်မောင် ငြိမ်သက်နေပုံက မခံချင်စရာ ကောင်းလွန်းသည်။

အခန်းလေးထဲမှာ အလင်းရောင်ကမမှိန်သော်လည်း ဝါဖန့်ဖန့် ဖြစ်နေသည်။ အနာက်ဖက် လေ ဝင်ပေါက်တွေ က နေဝင်လာသည့် အလင်းရောင်က ကဒ်ထူပုံးခွံတွေကို ထိရိုက်ပြီး ရောင်ပြန် ထွက် လာလို့ ဖြစ်သည်။ အဝတ်မဲ့ သည့် ချိုချို့ ကိုယ်အောက်ပိုင်းသည်လည်း ဖြူသလိုလို ဝါသ လိုလို ဖြစ်နေ၏။ မကားတကားလေး လုပ်ထားသည့် ပေါင်တံနှစ် ချောင်းဆုံရာက ခပ်မည်း မည်း အကွက်ကလေးဆီကို အောင်ဘညို(၃) စူးစိုက်ကြည့် မိ သည်။

“ကိုကတော့လေ..ဒီနေ့ ...ဘာတွေဖြစ်နေတာလဲ။ တခုခုပဲ”

ပြုံးနေသော်လည်း ချိုချို ရှက်နေတာ သိသာသည်။ ထမိန်စကို ကိုင်ထားသည့် လက်ကလေး တွေ အနည်းငယ် တုန်နေသည်။

“ကြည့်မှာ ဖြင့်မြန်မြန်ကြည့်၊ မေမေ့ကို အကြာကြီး ပစ်ထားလို့ မဖြစ်ဘူး၊ ကဲ ..ဒီလိုကြည့်”

လက်နှစ်ဖက်ကို နောက်ပြန်ထောက်လိုက်ပြီး ပေါင်နှစ်ဖက်ကို ပိုဟ ပေးလိုက် တော့ မြင်ကွင်း ရှင်းသွားသည်။ လက် တဆစ်၏ တဝက်လောက်သာရှိမည့် အမွှေးတွေက အကွဲကြောင်း လေး ကို ဝိုင်းထားသည်။ အရှည်အ တို ကလည်း ညီသည်။ နှုတ် ခမ်းသား လံုံးလုံး လေးနှင့် အကွဲ ကြောင်းက အပေါ်ပိုင်းမှ စိနေပြီး အောက် နားမှာတော့ အနည်းငယ်ပွင့်အာနေသည်။ နှုတ်ခမ်း သားတွေက အညိုဖက်သမ်းပြီး အတွင်း ဖက်မှာတော့ ပန်းရောင် ရင့်ရင့် လို့ထင်မိသည်။

“ကိုရေ ..တော်ပြီလေ၊ တကယ်ပဲကွာ”

ဝါဖန်ဖန် အလင်းအောက်မှာပင် ချိုချို မျက်နှာနီနေတာ သိသာသည်။မျက်လုံးမှာ ဝေ့ နေသည့် မျက်ရည်တွေက တကယ်ရှက်နေတာကို ဖော်ပြနေ၏။ အောင်ဘညို (၃) အ နားမှာ ဝင်ထိုင် လိုက် တော့ လှမ်းဖက်ပြီး

“အကဲပါတယ် မထင်ပါပါနဲ့ ကိုရယ်၊ ကို့ ကိုတော့ ချိုရှက်တယ်၊ တကယ်ပါ”

ဘာမှပြန်မပြောဘဲ နဖူးကို နမ်းလိုက်တော့ ချိုချို အတင်းဖက်သည်။ ပြီးတော့မှ အောင်ဘ ညို (၃) ၏ ပုဆိုးကို ဖြေချလိုက်သည်။

“အမယ်၊ ဒီနေ့တော့ သူက လိမ်မာနေပါလား”

အောင်ဘညို(၃) ၏ ပုဆိုးကို အောက်အထိတွန်းချလိုက်ပြီး အတွင်းခံဘောင်းဘီကို ဖယ် လိုက်သည့်အခါ ဒီနေ့မှ သူတော်ကောင်း လုပ်နေသည့် ညီတော်မောင်က ခေါင်းငိုက်စိုက် နှင့် ပေါ်လာသည်။ ပျော့ခွေနေသည့် ညီလေး ထိပ် ကို ချိုချိုက လက်နှင့် အသာပွတ်လိုက် ရင်း

“သူလဲ စိတ်မပါဘဲနဲ့ ချို့ကို ဘာလို့လာစရတာလဲ”

ဟိုရက်တွေတုန်းကလို သဲကြီးမဲကြီး မဖြစ်ဘဲနဲ့ စိတ်ကူးတည့်ရာလျှောက်လုပ်မိတာ ကို အခုမှ အောင်ဘညို(၃) နောင်တရလာသည်။

“စိတ် ..စိတ်ပါပါတယ်”

“အင်း ...ချို လုပ်ပေးမယ်”

“ဘယ်လိုလုပ်မှာလဲ”

အောင်ဘညို(၃)က တကယ်ပင် ရိုးသားစွာ မေးလိုက်မိခြင်း ဖြစ်ပါသည်။ ဒါကို ချိုချိုက နောက် ပြီး မေးသည်ဟု ထင်သွားပုံရသည်။

“ဒီလို လုပ်မှာလေ”

ညီလေး အရင်းက အမွှေးတွေကို ခပ်သာသာလေး လိမ်ဆွဲလိုက်၍ အောင်ဘညို(၃) တွန့် သွား သည်။

“အား ...နာတယ် ...ချိုချိုရဲ့”

“နာပစေ၊ ချို့ကိုကျတော့ ဘာမှန်းမသိ အတင်းလာကြည့်ပြီးတော့ ..လုပ်မှာပဲ”

နောက်တချက် ထပ်ဆွဲလိုက်၍ အောင်ဘညို(၃) ကလည်း အားကျမခံ ချိုချို့ ပေါင်ကြား ထဲ လက်နှိုက် လိုက် သည်။

“ကို ..ကိုနော်...ညစ်ပတ်ပါတယ်ဆို”

လက်ကို အတင်းလိုက်ဆွဲပေမယ့် ယောက်ျားအားကို မတွန်းလှန်နိုင်ပါ။ ကွဲကြောင်းလေး ထိပ်က လက်နှစ် လုံး လောက် တောအုပ်လေးထဲက အောင်ဘညို(၃)၏ ခြေသလုံးမွှေး လောက် တောင် မရှည်သည့် အမွှေးတွေကို ဆွဲ လိုက်ရာ ချိုချို တော်တော် နာသွားသည်။ အမှတ်တမဲ့ ဆိုတော့ လက်ဆကိုလည်း မထိန်းလိုက်နိုင်။

“အား ..ကို ..နာတယ်၊ မလုပ်ပါနဲ့”

ချိုချို တကယ်နာသွားမှန်း အသံက သိသာလွန်းနေသည့်အတွက် အောင်ဘညို(၃)က လက် နှင့် အသာလေးပြန် ပွတ်ပေးရင်း။

“ဆောရီး၊ ဆောရီး၊ ကိုယ် အမှတ်တမဲ့ ဖြစ်သွားတယ်”

“ကို ...တော်တော့နော်...၊”

“အင်းပါ၊ မလုပ်တော့ပါဘူး”

“အဲဒါ ပြောတာမဟုတ်ဘူး၊ ဟိုဟို ဒီဒီ လျှောက်လုပ်နေမှာစိုးလို့၊ မရွံဘူးလား”

ချိုချိုက လက်ပြန်ရုပ်စေချင်မှန်း သိလို့ တမင် ဆက်ပွတ်ပေးနေလိုက်သည်။ ကိုယ့် ကောင် ကလည်း မထသေး တော့ အချိန်ဖြုန်းချင်တာလဲ ပါပါသည်။

“သိပ်မရှည် ဘူးနော်၊ ညီနေတာပဲ”

“အရင်က မှန်မှန် ရိတ်တာကိုး၊ ခုနောက်ပိုင်းမှ မရိတ်ဖြစ်တော့တာ”

“ဘာဖြစ်လို့ ရိတ်တာလဲ”

အောင်ဘညို(၃) ဝေ့လည်ကြောင်ပတ်တွေ လျှောက်ပြောနေတာ ချိုချို မရိပ်မိရှာပါ။

“သန့် အောင်ပေ့ါ ကိုရယ်၊ ယောက်ျားတွေနဲ့ နေပြီးရင် အမြဲရေဆေးရတော့ ဟိုဟာတွေ နဲ့ ဆို အဆင်မပြေဘူး လေ၊ အပျိုတုန်းကတော့ ဒီတိုင်းပဲ ထားတာပါ”

“နောက်ကို ရိတ်စရာမလိုတော့ပါဘူး၊ ချိုချိုက အခု ကောင်းကောင်းနေတော့မယ် မဟုတ် လား၊ ဟုတ်တယ်နော်”

“အင်းပါ...အင်းပါ....ကဲ ..တော်ပါတော့ကိုရယ်၊ လက်ဖယ်ပါဦး ချိုလုပ်စရာရှိလို့”

အောင်ဘညို(၃) ဖယ်ပေးလိုက်တော့ ချိုချို အောက်ကို ဆင်းပြီး အောင်ဘညို(၃)၏ အောက်ပိုင်းက အဝတ်တွေ ဖယ်ရှားလိုက်ကာ ကြမ်းပြင်မှာ ဒူးထောက်ပြီး လက်နှင့် ဂွင်း တိုက်ပေး သည်။ တော်တော်လေးကြိုးစားလိုက်မှ မာ ချင်သလိုလို ဖြစ်လာ၍ ကွန်ဒွန် အထုပ်ဖောက်ပြီး စွပ်ပေးသည်။ ထို့နောက် အစွပ်ကို အရင်းဖက်မှ ကိုင်တွန်း လိုက်ရာ တင်း ပြောင်တက် လာ သည့် ထိပ်ပိုင်းကို ငုံပြီး ဖြေးဖြေးလေး စုပ်ပေးသည်။

နူးညံ ငြင်သာသော အတွေ့အထိကို ရာဘာအလွှာပါးလေးက ကာဆီးမထားနိုင်ပါ။ နွေး ထွေး မှုလေးတခုက ရင် ကို တလှပ်လှပ်ဖြစ်စေသည်။ ထို့နောက်မှာတော့ တချောင်းလုံး ချိုချို့ ပါးစပ် ထဲရောက်သွားသည်။ တင်းရုံလေး တင်းနေသည့်ဟာကြီးကို မာကျောလာ အောင်ချိုချို အား ကျိုးမာန်တက်လုပ်ပေးနေသည်ကို ကြည့်ရင်း ကိုယ့် ဖက်က ဖြစ်မလာ တာကို အားနာ လာ တာနှင့် ရပ်လိုက်ပါတော့ဟု ပြောချင်သော်လည်း ပြောဖို့ကို ပိုအား နာ တာကြောင့် စိတ်မ သက်မသာနှင့် ကြည့်နေရသည်။

ချိုချို စိတ်ကျေနပ်ပါစေတော့ဟု ခေါင်းကလေးပွတ်ပေးလိုက်၊ ကျောပြင်ကို သပ်ပေးလိုက် နှင့် နှစ်သိမ့်နေစဉ် အိမ်ရှေ့တံခါးဝက အသံပေါ်လာသည်။

“ချိုချို ရေ ..ချိုချို”

ကိုယ့်အာရုံနှင့် ကိုယ်ဖြစ်နေသော ချိုချိုက ရုတ်တရက်မကြားပါ။

“အိမ်ရှေ့က ခေါ်သံကြားတယ်”

အောင်ဘညို(၃) ပြောလိုက်မှ ခေါင်းလေးထောင်ပြီး နားစွင့်နေစဉ် ခေါ်သံထပ်ထွက်လာသည်။

“ချိုချို ..ချိုချို”

“ဟာ ..မ.ငြိမ်းအသံပဲ၊ ဘယ်လို လုပ်မလဲ ..ကို”

“ဧည့်သည်လား”

“ဟုတ်တယ်၊ ခနနော်”

“သွားသွား”

ချိုချို ထမိန်လေးမြန်မြန်ကောက်စွပ်သည်။ အင်္ကျီကြယ်သီးတပ်မည်လုပ်ပြီးမှ အောင်ဘညို(၃) ဖက် ကျော လှည့်လိုက်ပြီး

“ကို ..ချိတ်တပ်ပေးပါ”

အပေါ်ပိုင်း အကုန်ချွတ်မထားလိုက်တာကံကောင်းသွားသည်။ အရေးထဲ အောင်ဘညို(၃) က လည်း လက်တုန် နေ၍ အပြားကြီးကြီး ပလပ်စတစ်ချိတ်ကိုပင် ချက်ချင်းတည့် အောင် မချိတ် နိုင်။ ချိတ်မိသွားသည် နှင့် အင်္ကျီလေး ကပျာကယာဆွဲချပြီး ချိုချို အိမ်နောက်ဖက်သို့ ထွက် ပြေးသည်။

“ကို ..မစောင့်နိုင်ရင် တက်ခဲ့နော်၊ ........လာပြီအမရေ၊ နောက်ကို ရောက်နေလို့”

အောင်ဘညို(၃)ကို ပြောပြီးတော့ အသံမြှင့်ကာ အော်ရင်း ချိုချို ထွက်သွားပြီးနောက် အောင် ဘညို(၃) လည်း ချိုချို ပြန်အလာကို စောင့်မနေချင်တော့တာကြောင့် အဝတ် တွေ ပြန် ဝတ် လိုက်သည်။ ကွန်ဒွန်ကိုလဲ ဆွဲချွတ်ပြီး ကွပ်ပျစ်အောက် ချောင်ထဲကို ပစ်ထည့်လိုက်သည်။

တယောက်ထဲ ငေါင်ကြောင်ကြောင် နှင့် ဆက်ထိုင်နေစဉ် အပေါ်က စကားပြောသံတွေ သဲ့သဲ့ ကြားမိသလိုလို ရှိ သည်။ တက်ချင် တက်လာလို့ ရသည်ဟု ချိုချို ပြောခဲ့သော ကြောင့် အိမ် ပေါ်လိုက်တက်သွားပြီး ခန်းဆီးစ အ သာ ဖယ်ကာ ချောင်းကြည့်လိုက်တော့ ဒေါ်အေးကြည် နိုး နေပြီဖြစ်ပြီး အနားမှာ ချိုချို နှင့်မိန်းမ တယောက် ထိုင် နေသည်။ အောင် ဘညို(၃) ကို မော့ ကြည့် လိုက်ချိန်မှာ မြင်ဖူးသလိုလို ရှိသည်ဟု ထင်မိသည်။ ချိုချို ကတော့ အောင်ဘညို(၃) တခုခု ပြောချင်လို့ လာသည်ဟု ထင်ပုံရ၏။ ထိုင်ရာကနေ ထလာသည်။

“မငြိမ်း ခနလေးနော်”

ပြီးတော့ အခန်းပြင်ထွက်လာကာ အောင်ဘညို(၃)ကို အိမ်ရှေ့ဖက်ဆွဲခေါ်သွားပြီး

“ဘာလဲ ..ကို၊ မပြန်ပါနဲ့ ဦးလားကိုရယ်”

ပြန်တော့မယ် ပြောဖို့ စိတ်ကူးနေသော အောင်ဘညို(၃)မှာ ချိုချိုက ကြိုတားလိုက်၍ အစီ အစဉ် ပျက်သွားရ သည်။

“ကိုယ် ..လဘက်ရည်ဆိုင် ခနသွားထိုင်လိုက်ဦးမယ်၊ ဧည့်သည်ဖို့ တခုခု ဝယ်ခဲ့ရမလား”

“အိမ်က ကော်ဖီပဲ ဖျော်တိုက်လိုက်တော့မယ်၊ ကို ..ပြန်တော့လာဦးနော်”

“အင်းပါ... သိပ်မကြာပါဘူး၊ ဒါနဲ့ အထဲက အမျိုးသမီးကို သိသလိုပဲ”

“ဆေးရုံမှာ တွေ့တဲ့ တယောက်လေ ကိုရဲ့”

“အဲဒါကြောင့် ကိုး”

ခန ပါ လို့ပြောခဲ့ပေမယ့် တနာရီကျော်လောက် လဘက်ရည်ဆိုင်မှာ အချိန်ဖြုန်းလိုက်မိသည်။ ပြန်လာတော့ ဟိုမိန်းမ နှင့် ချိုချို့ကို အိမ်ရှေ့ခန်းမှာ တွတ်ထိုးနေကြ တာကိုတွေ့ရသည်။ ဒေါ် အေးကြည်ကတော့ စကားပြော တာများသွားလို့ အထဲမှာ မှိန်းနေ သည်ဟု ဆို၏။ ချိုချိုက အောင်ဘညို(၃) နှင့် မငြိမ်းကို မိတ်ဆက်ပေးသည်။

မငြိမ်း၏ မျက်လုံးတွေက သူ့ကိုကြည့်ပုံတမျိုးလို့ အောင်ဘညို(၃) ထင်မိသည်။

“အမ ..ဒါ ချို ..ပြောတဲ့ ကိုအောင်ဘညိုလေ။ အကို ..ဒါ ..မငြိမ်းတဲ့။ ချိုနဲ့ အရမ်းခင်တာ”

“ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ”

“ကျမလဲ ဝမ်းသာပါတယ်၊ ချိုချို့ ကို ကူညီပေးလို့ ကျေးဇူးလဲ တင်ပါတယ်။ ကျမတို့က ကူညီ ချင်ပေမယ့် စိတ်ပဲ ရှိတယ်လေ၊ ကိုယ့် အကြောင်းနဲ့ ကိုယ် လူက မရောက်နိုင်ဘူး မဟုတ်လား”

“ကျွန်တော့် အတွက်လဲ အပန်းမကြီးပါဘူး။ အားနေတဲ့ အချိန် ဒေါ်ဒေါ်နဲ့ လာပြီး အဖေါ် လုပ် ပေးတာပါ။”

“ဒါပေမယ့် ယောက်ျားသားတယောက် ကူညီတော့ ကောင်းတာပေါ့ရှင်”

“အဲဒါတော့ ဟုတ်ပါတယ် အကိုရဲ့။ အကို ရှိလို့ အဆင်ပြေနေတာ”

ချိုချိုက ပါ ဝင်ပြောသဖြင့် ငြိမ်နေလိုက်ရသည်။ အောင်ဘညို(၃) အတွက်ကတော့ နည်းနည်း ပင်ပန်းတာဆိုလို့ ဆရာဝန်ပြန်ချိန်းသည့် ရက်တွေမှာ ဒေါ်အေးကြည်ကို ဆေး ရုံလိုက်ပို့ ရ တာ ပဲရှိသည်။ အဲဒါမျိုးဆိုရင် တွဲရ ပွေ့ရ သည့်အခါ ယောက်ျားတယောက်၏ ခွန် အားနှင့် မှ အဆင် ပြေနိုင်သည် မဟုတ်ပါလား။

အပြင်ဖက်ကို လှမ်းကြည့်လိုက် တော့ နေတော်တော် စောင်းနေသည်ကိုတွေ့လိုက်ရသည်။ လ ဘက်ရည်ဆိုင်က ပြန်လာကထဲက ချိုချို့ကို ပြောပြီး ပြန်မည်ဟု ဆုံးဖြတ်ထားပေမယ့် ဧည့် သည် နှင့် မိတ်ဆက်ပေးနေလို့ ဆက်နေ နေရခြင်း ဖြစ်သည်။ ချိုချို နှင့် မငြိမ်းလည်း ပြောစရာ စကားကုန်သွားပြီထင်သည် ငြိမ်နေသည်ကိုတွေ့ရသည်။

“ချိုချို ...ကိုယ်ပြန်လိုက်ဦးမယ်၊ ဘာလုပ်ပေးစရာ ရှိသေးလဲ”

“ပြန်တော့မလို့လား”

“အင်း...လုပ်စရာ မရှိရင်တော့ ပြန်မယ်”

“ဒါဆိုလဲ ပြန်ပေါ့”

အောင်ဘညို(၃) ထရပ်လိုက်ချိန်တွင် မငြိမ်းကပါထလိုက်သည်။

“ချိုချိုရေ ..အမ လည်းပြန်တော့မယ်”

“အမ က ဒီနေ့ ...အင်း ..အင်း ..အမ သဘောပဲ၊ ချိုက ညအိပ်ပါလားလို့ တောင်ပြောမလို့”

“အိမ်မှာပဲ နားတော့ မယ်၊ ရှင်းရလင်းရ မှာလေးတွေလဲ ရှိတယ်လေ”

“ဒါဆိုလဲ အကိုနဲ့ တူတူသွားကြပေါ့၊ ဒီမှတ်တိုင်ကပဲ စီးရမှာ ဆိုတော့၊ အကို ..ချို့ အမ ကို ခေါ်သွားလိုက်နော်”

“ကဲ ..ဒါဆိုလဲ သွားမယ်လေ”

ထိုင်ထားလို့ ကြေနေသည့် ထမိန်ကို လက်နှင့်သပ်ကာ ပြန်ဆန့် ရင်း မငြိမ်းပြောသည်။ ပြီး တော့ တဖန် ထမိန် ပြင်ဝတ်ပြန်သဖြင့် အောင်ဘညို(၃) မျက်နှာလွှဲလိုက်ရသည်။ အိမ် ပေါ်က ဆင်းလာပြီး ခြံဝင်း၀ ရောက်မှ အိမ်၀ကနေ ချိုချို လှမ်းခေါ်သည်။

“အကိုရေ ..ခန..လာပါဦး”

အောင်ဘညို(၃) အိမ်ပေါ်ပြန်တက်လာချိန်မှာ မငြိမ်းက ခြံရှေ့နားလေးမှာ ရပ်စောင့်နေခဲ့ သည်။

“ဘာလဲ ..ချိုချို”

ချိုချိုက အပြုံးနှင့် ခေါင်းခါပြရင်း အောင်ဘညို(၃)နားကို တိုးကပ်၍ ခါးကို ဖက်လိုက်သည်။ ပြီးတော့မှ အသံ တိုးတိုးနှင့်

“မနက်ဖြန် စောစောလာခဲ့၊ ချို အကြွေးပြန်ဆပ်မယ်လို့ ပြောမလို့”

“အကြွေး၊ ဘာအကြွေးလဲ”

“မငြိမ်းလာလို့ ကို ဟပ်ကော့ကြီး ဖြစ်သွားတယ်မဟုတ်လား၊ အဲဒါ ပြန်ပေးမယ်လို့ပြောတာ၊ ဒါလေးတောင် သဘောမပေါက်ဘူးလား”

စိတ်မရှည်သလို အသံလေးနှင့်ပြောပြီး အောင်ဘညို(၃) လည်တိုင်ကို နမ်းလိုက်သဖြင့် စိတ် ကျေနပ်စေရန် ပါး တဖက်ကို ပြန်နမ်းလိုက်ရသည်။ ချိုချို လည်းကျေနပ်သွားပုံရသည်။ ဖက် ထားတာကို လွှတ်ပေးလိုက်ပြီး

“ဟိုမှာ ..မ ငြိမ်းစောင့်နေပြီ သွားတော့၊ တာ့တာ နော်ကို”

အိမ်ပေါ်က ဆင်းလာပြီးနောက် မငြိမ်းနှင့် အတူ မှတ်တိုင်ဖက်ဆီ လျှောက်လာခဲ့ကြသည်။

“ကိုအောင်ဘညို အချိန်နည်းနည်းလောက်ရမလား”

“ရပါတယ်။ ဘာဖြစ်လို့လဲ”

“စကား နည်းနည်းပြောချင်လို့ပါ”

ဘာအကြောင်းပြောချင်မှန်း မသိသော်လည်း အောင်ဘညို(၃) စိတ်ဝင်စားသွားသည်။ မငြိမ်း ၏ ဘဝက သနား စရာ ကောင်းသည်ဟု ချိုချို ပြောဖူးသည် မဟုတ်ပါလား။ ခုမှ သိကြ သည့် သူ တွေ ဆိုတော့ ပိုက်ဆံချေးမလို့ တော့ မဟုတ်လောက်ဟု လည်းတွေးလိုက်မိသည်။

“ဒါဆို ဒီလိုလုပ်ပါလား။ တခုခု စားရင်းပြောကြတာပေါ့။ ကျွန်တော်လည်း နည်းနည်း ဆာ သ လိုလို ဖြစ်နေလို့”

“ကိုအောင်ဘညို အဆင်ပြေရင်ပြီးတာပါပဲ”

မငြိမ်းက လည်းသဘောတူသည့် အတွက် မှတ်တိုင်နားက အစားအသောက် အစုံရောင်း သည့် လဘက်ရည် ဆိုင်ထဲ ဝင်ခဲ့ကြသည်။ အောင်ဘညို(၃)က ဆီချက်တပွဲမှာစားပြီး မငြိမ်း က ခေါက်ဆွဲသုတ်မှာသည်။

မငြိမ်း၏ အကြောင်းကို ချိုချို ပြောဖူးထား၍ သိတန်သလောက်သိနေလို့ အကူအညီတခုခု တောင်းလာရင်လည်း တတ်စွမ်းသလောက်ကူညီပေးဖို့ စိတ်ကူးမိပါသည်။ ထို့ကြောင့် စား စရာတွေ လာချမပေးမီမှာပင် မအောင့်နိုင်ဘဲ မေးမိသည်။

“အမ ... ကျွန်တော့်ကို ဘာပြောစရာ ရှိလို့လဲ၊ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။”

“အော် ...ချိုချို့ ကိစ္စပါ”

“ဟုတ်ကဲ့”

“ချိုချိုက သူ့အကြောင်းတွေ ကိုအောင်ဘညိုကို အကုန်ပြောပြထားတယ်ဆို”

“ဟုတ်ကဲ့ တော်တော်လေးတော့ ပြောပြထားပါတယ်”

အလိုက်အထိုက် ပြန်ပြောနေရပေမယ့် မငြိမ်း ဘာရည်ရွယ်နေသည်ကို တွေးကြည့်လို့ မရပါ။

“ချိုချိုကတော့ အားလုံးလို့ပြောပါတယ်၊ ထားပါလေ၊ ကျမပြောချင်တာက ...ဟိုလေ ... ရှင် ..သူဘာ အလုပ်လုပ် တယ် ဆိုတာသိတယ်နော်”

ဘယ်လိုကြီးလဲလို့ တွေးမိလိုက်ပေမယ့် မညာချင်တာကြောင့် ခေါင်းညိတ်ပြလိုက်မိသည်။

“သူ့ အကြောင်း သိတယ်ဆိုတော့ ကျွန်မ အကြောင်းလဲ သိမှာပေါ့နော်”

“ဟိုလေ...အဲဒါ....ချိုချို...”

သိပါတယ် ဆိုတာပြောလိုက်ဖို့ နှုတ်ကမထွက်ပါ။ ဘယ်လိုပြောရမည် မှန်းလဲ မသိ။ ခေါင်း ကုတ်ရင်း အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေသော အောင်ဘညို(၃)ကို ကြည့်ရင်း မငြိမ်း ဟက် ဟက်ပက်ပက်ရယ်တော့သည်။

“ကဲပါ၊ ကဲပါ ရှင်သိတယ်ဆိုတာ သိပါပြီ။ ထားလိုက်ပါတော့။ကျမပြောချင်တာက ချိုချို့ အ ကြောင်းပါ၊”

“ဟုတ် ..ဟုတ်ကဲ့”

“ချိုချို့ အတွက် ကျွန်မ တကယ်ဝမ်းသာပါတယ်။ ရှင် ရိုးတယ်ဆိုတာ အခုလက်တွေ့ သိ လိုက်ရလို့ ပိုပြီး ဝမ်းသာ ပါတယ်၊ လူရာမဝင်တဲ့ ဘဝကနေ ကယ်ထုတ်ပေးလို့ ကျေးဇူး လဲ တင်ပါတယ်”

“ဒီ ..ဒီလောက်လဲ မဟုတ်ပါဘူး၊ ကျွန်တော် တတ်နိုင်သမျှ စောင့်ရှောက်ပေးတာပါ”

အမှန်ပြောရရင် အောင်ဘညို(၃) စိတ်ထဲမှာ နဝေတိမ်တောင်ဖြစ်နေသည်။ မငြိမ်းစကား တွေ က ရှင်းလင်းပေ မယ့် နားထဲမှာ တမျိုးဖြစ်နေသည်။

“ဘဝပေး မကောင်းလို့ ဒီဘ၀ ရောက်ရပေမယ့် ချိုချို ဟာ မိန်းမကောင်းလေးပါ။ ကျွန်မတို့ တ အိမ်ထဲ တူတူ နေ လာတာ သူ့အကြောင်း ကောင်းကောင်းသိတာပေါ့။ နေတာ ထိုင်တာ လဲ အ ရမ်းသန့်တယ်။ အိန္ဒြေလဲ ရှိတယ်။ သူ့ထက် ဆယ်နှစ်လောက် ကြီးတဲ့ ကျွန်မတောင် ဆံပင် အရောင်ဆိုးတယ်၊ သူက အဲဒါမျိုးတွေ မလုပ်ဘူး။ အင်း ....ကွာတော့ ကွာတာပေါ့ လေ”

“ဘာ ..ဘာကွာတာလဲ”

“အော် ... အရွယ်ပေါ့ရှင်၊ ကျွန်မ တို့ကျတော့ အပြင်အဆင်ကူမှ ရတော့တာကိုး။ သူကျတော့ ငယ်ဂုဏ်လေးလဲ ရှိတော့ ... အင်း ...သူ့ စိတ်ကိုက ... ဒါမျိုးမှ မကြိုက်တာကိုး၊ ကျောင်း ဆရာမ လုပ် လာတဲ့ အဖွားအို ပေါက်စ လေ ...ရှင် ..သိတယ် မဟုတ်လား”

“ဟုတ်ကဲ့ သူဆရာမ လုပ်ဖူးတာသိပါတယ်”

ခေါက်ဆွဲပန်းကန်တွေ ရောက်လာ၍ စကားပြတ်သွားသည်။ အောင်ဘညို(၃)က မငြိမ်း အ တွက် အအေးတပု လင်း ထပ်မှာပေးလိုက်သည်။ ဆီချက်ကို တူနှင့် မွှေနေစဉ် မငြိမ်းက ခေါက် ဆွဲ သုတ် တလုပ်စားပြီး စကားဆက် ပြန်သည်။ တော်တော်လဲ ပြောနိုင်သည့် မိန်း မ ဖြစ်သည်။ ဒေါ်အေးကြည်တောင် သူနှင့် အပြိုင်လိုက်ပြောရင်း ဖလက်ပြသွားတာပဲ ဖြစ်ရ မည်။

“ချိုချို့ ကို အရင်လို ပြန်မလုပ်စေရဘူးလို့ ကျွန်မကို ကတိပေးပါလား”

“ပေးပါတယ်ဗျာ၊ ပေးပါတယ်၊ ကျွန်တော် သူ့ အတွက်ရော သူ့အမေကြီး အတွက်ပါ အတတ် နိုင်ဆုံး ကူညီမှာပါ၊ အဲဒါတော့ စိတ်ချ”

“ဝမ်းသာပါရဲ့ရှင်”

“ဝမ်းသာရင်စားပါဦး အမရယ်၊ အအေးလဲ သောက်လေ”

“ရှင်တော် တော် ဆာနေတယ် ထင်တယ်။ စား ..စား”

စားရင်း နှင့် အောင်ဘညို(၃) မငြိမ်းကို အကဲခတ်နေမိသည်။ ဒီနေ့ တွေ့ချိန်မှာ အပြင်အဆင် အချယ် အသမရှိ၊ ဝတ်ပုံစားပုံကလည်း သာမန်ပဲဆိုတော့ ဆေးရုံမှာတွေ့တုန်းကလို မြင်လိုက် တာ နှင့် ဘာဆိုတာသိနိုင်သည့် အနေ အထားမျိုး မဟုတ်ပါ။ ရိုးရိုး မိန်းမ တယောက်သာ ဖြစ် သည်။ သူ့မှာလည်း အခက်အခဲတွေ တပုံကြီး နှင့် ဆိုတာ ချိုချို ပြော ဖူးတာ ပြန်အမှတ်ရ၏။ မုဆိုးမ လား၊ တခုလပ် လားဆိုတာတောင် ကိုယ့်ကိုယ်ကို မသိ သည့် ဘဝဖြစ်သည်။ ချိုချို လုပ်မစားတော့ ဟု ဆုံးဖြတ်ခြင်းကို ဝမ်းသာလှိုက်လှဲ ထောက် ခံသည် ဆိုတော့ စိတ်ရင်း တော့ ဖြူပုံရသည်ဟု ကောက်ချက်ချမိသည်။ ဒီနွံထဲမှာ ဒီလိုမိန်းမ တွေဘယ်လောက် နစ်မြုပ် နေ ကြ ပြီနည်းဟု လည်း စိတ်မောမိသည်။

အောင်ဘညို(၃)က ငြိမ်နေပေမယ့် စကားပြောချင်ပုံရသည့် မငြိမ်း ကတော့ အသုတ်ကို မြန် မြန် လက်စသတ်ပြီး စလာပြန်သည်။ အလိုက်အထိုက် နားထောင်ပေးရင်း ချိုချို့ အ ကြောင်း တွေ ထပ်သိရသည်။

ချိုချိုက သူ့အခက်အခဲတွေကို ပြောပြလေ့မရှိဟု မငြိမ်းကပြောသည်။ အစပိုင်းမှာ ကပ်စေး နည်း သည်ဟု ထင်မိသော်လည်း မိဘတွေကို ထောက်ပံနေရတာ နောက်ပိုင်းမှသိရသည်။

“အဝတ်အစား အသစ်လဲ ဝယ်တာသိပ်မတွေ့ဘူး။ သူ့မှာရှိပြီးသားတွေကိုပဲ စက်ဆိုင်မှာ သွားပြီး ခေတ်အလိုက် လေး ဖြစ်အောင်ပြင်တာပဲ ရှိတယ်။ သူ့ အမေ ဒီကို ခေါ်ပြီးဆေးကု မယ် ဆိုတော့မှ တော်တော်များများ ကျွန်မ ကိုပြောပြတာ”

အရင်က တနေ့ကို တကြိမ်လောက်သာ ထွက်တတ်သူက နေ့ရော ညပါ ထွက်ရှာနေ၍ မငြိမ်း အံ့သြခဲ့ရသည်။

“အရင်က သူ က ရှော့နဲ့ မလိုက်ဘူး။ နိုက်ပဲ လူသတ်သတ်မှတ်မှတ် နဲ့လိုက်တာ၊ တချို့ဆို သူမှသူ ပဲ။ အဲဒီ အချိန် မှာတော့ ငွေလိုတာကိုး ...နေ့ရော ညရော၊ ခေါ်ရင် ခေါ်သလိုလိုက် တယ်၊ ကြုံသလိုလိုက်တယ်၊ ကျွန်မလဲ အရမ်း အံ့သြနေတာ။ တရက် ... ကိုယ့်ကိုယ်ကို တောင် မဟန်နိုင်ဘဲ ပြန်လာပြီး ကျိတ်ငိုနေတာကို မြင်လို့ အတင်းမေးမှ အကျိုး အကြောင်း သိရတယ်၊ သိပေမယ့် မတတ်နိုင်ဘူးလေ၊ ကိုယ့်မှာလဲ ကိုယ့် အပူနဲ့ ကိုယ် မဟုတ်လား”

“အမ ရော အဆင်ပြေရဲ့လား”

ချိုချို့ အကြောင်းကို ဆက်ပြီး မကြားရက်တာနှင့် အောင်ဘညို(၃) အတင်းစကားဖြတ်မိ သည်။

“အရင် ထက်စာရင် ပြေတယ်ပြောရမှာပေါ့၊ ကလေးတွေ အတွက်ကလည်း သက်သာသွား ပြီလေ”

“ဘယ်လိုလဲ ..အမ”

မငြိမ်း ၏ ယောက်ျားဖက်က ကလေးမရှိသည့် ဆွေမျိုးတယောက်က ကလေး အငယ်ကို မွေး စားပြီး ကျောင်း ထား ပေးမည် ဟုခေါ်သွားပြီး အကြီးကတော့ ဆရာတော်ကြီးတပါး၏  ဘုန်း တော်ကြီးသင် ပညာရေးကျောင်းမှာ ကျောင်းအိပ်ကျောင်းစား လက်ခံလိုက်လို့ အခု တ ယောက် ထဲ ဖြစ်နေသည် ဟုပြောပြနေစဉ်မှာ မငြိမ်း မျက်လုံး မှာ မျက်ရည် အနည်းငယ် ဝေ့ နေသည်။ မတတ်သာလို့ ခွဲထားရပေမယ့် မိခင် ဆိုတော့လဲ ရင်ထဲ ကောင်းမည် မဟုတ်ပေ။

“ဒါဆို ..အမလဲ ..အဲ ..အဲဒါ မလုပ်ပါနဲ့တော့ဗျာ။ ခု ..မလုပ်တော့ဘူး မဟုတ်လား”

“ကလေး တာဝန် နည်းနည်းငြိမ်းသွားပြီဆိုပေမယ့် ..ကိုအောင်ဘညို..ရယ်၊ ကျွန်မ ရပ်တည်ဖို့ ကျတော့”

“ဟို ..တခြား….အလုပ်”

“ကျွန်မ ဘာပညာမှ မတတ်ဘူး၊ ချိုချို့လို ပညာတတ်မိန်းကလေးတောင်မှ လုပ်စားခဲ့ရသေး တာပဲ၊ ဆယ်တန်း ၂ခါ ကျတော့ အိမ်က ဆူတာနဲ့ လင်နောက်လိုက်ပြေးတယ်။ ယောက်ျား လုပ်စာ ထိုင်စားတယ်။ ယောက်ျားလဲ ..မရှိရော ….ကိုယ်က ပညာမတတ်တော့ ဘာလုပ်စား မလဲ။ အ လုပ်ကြမ်းတွေ လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီက ရတဲ့ ပိုက်ဆံက ကလေး နှစ် ယောက်ကို ဘယ်လို ၀ အောင်ကျွေးမလဲ”

အောင်ဘညို(၃) ခေါင်းငိုက်စိုက်ကျသွားသည်။ တွေးကြည့်ရင် မငြိမ်းသည်လည်း ချိုချို့ လိုပဲ ဖြစ်ပါသည်။ ချိုချိုက မိဘ အတွက် ဘဝကို စတေးခဲ့သလို မငြိမ်းကျတော့ ကိုယ့်ရင်သွေး တွေ အတွက် ဒီလမ်းကိုရောက်ခဲ့ရသည်။

“ကျွန်မ နေတတ်နေပါပြီ”

“မဟုတ်ဘူးလေ အမရယ်၊ တနည်းနည်းနဲ့ တော့”

“အော် …ကျွန်မက ချိုချို တို့လို ငယ်ငယ်ချောချောလေး မဟုတ်ဘူး။ အရွယ်ကျနေပြီ။ အတည် တကျ စောင့် ရှောက် ပေးမယ့်သူလဲ ပေါ်လာမှာ မဟုတ်ဘူး။ ကိုယ့် အားကိုယ်ကိုး ရမှာပဲ”

“ကျွန်တော် အမ အတွက် အဆင်ပြေမယ့် အလုပ်တခုလောက် ရှာကြည့်ပါဦးမယ်”

ကိုယ်ကိုယ်တိုင်က ဘာအလုပ်အကိုင်မှ မရှိပေမယ့် သနားစိတ်ကြောင့် အောင်ဘညို(၃) အား တက်သရော ပြောလိုက်သည်။

“နေပါစေတော့ရှင်”

ဘယ်မိန်းမ မှ မလုပ်ချင်သည့် အလုပ်ကို မလုပ်ရအောင် ကူညီပါမည်ဆိုတာတောင် အင်တင်တင် လုပ်နေသည့် မငြိမ်းကို အောင်ဘညို(၃) နားမလည်နိုင်ပါ။ ဘယ်ဆီမှာ မှန်းမသိသည့် အကူအညီကို ပါးစပ်ကလေးနှင့်တောင် အလိုက်အထိုက် ပြန်မပြောဘဲ ငြင်းနေတာ အကြောင်း တခုခုတော့ ရှိရမည် ဟုလည်းတွေးလိုက်မိသည်။  ကြောင် ငေးကြည့်နေသော အောင်ဘညို (၃) ကို တချက်ပြုံးကြည့်လိုက်ရင်း မငြိမ်းက

“ရှင်တော်တော် စိတ်ကောင်းရှိတာပဲ။ ချိုချို ကံကောင်းတယ်”

“အမ ကိုလဲ ကျွန်တော် ကူညီနိုင်သလောက် ကူညီချင်ပါတယ်”

“အောင်မယ်လေး …. ရှင့်မှာလဲ ချိုချို့ တာဝန်ကြီးနဲ့ပါ။ ဒုက္ခမရှာပါနဲ့။ ကံပေးရင်တော့ ကျမလဲ တနေ့တော့ အားကိုးစရာ ရချင်ရမှာပေါ့ရှင်။ ခုနေတော့ ကိုယ့်အား ကိုယ်ကိုးနေတာပဲ ကောင်း ပါတယ်”

“ဒါပေါ့ အမရယ်။ အဓိကက ဖြစ်ချင်စိတ်ရှိဖို့ပဲ။”

“စိတ်ကတော့ မရှိဘဲနေမလား ကိုအောင်ဘညိုရယ်။ ဒါပေမယ့် ရှင်တို့ ယောက်ျားတွေ ဆိုတာ က လဲ…. ထားပါတော့လေ။ ရှင်ကလဲ ယောက်ျားဆိုတော့။ ကဲ..ကဲ ..သွားကြရအောင်၊ ကျွန်မ တို့ဖက်က ကားရှားတယ်”

မငြိမ်းက ဆက်ပြောချင်ပုံမရ၍ အောင်ဘညို(၃) စကားစ ဖြတ်ပြီး ပိုက်ဆံရှင်းလိုက်သည်။ အစ ကထဲက မငြိမ်းက ချိုချို့ ကိစ္စပြောချင်တာပဲ ဖြစ်သည်။ သူ့ကိုယ်ရေး ကိုယ်တာကိုတော့ ပြော ချင် ပုံမရ ဟု နားလည်လိုက်မိသည်။


အပိုင်း ( ၈ ) ဆက်ရန် >>>



Print Friendly and PDF

No comments:

Post a Comment